Friday, January 7, 2011

အဆုံးအရှုံး

တစ်ယောက်ကိုရွေးချယ်လိုက်တာ
တစ်ယောက်ကို ရှုံးတယ်လို.ပြောလိုက်တာမဟုတ်ပါဘူး။

အချစ်ရေးကိစ္စမှာ
အကောင်းအဆိုး အကျိုးအပြစ်ကိုချင့်ချိန်ရတာလည်း
အန္တရာယ်များလွန်းလှပါတယ်။

အချစ်နဲ.ဘဝ
မျှမျှတတဖြစ်အောင် ငါမရောစပ်တတ်တဲ့အခါ
မင်းမုန်းတာမဆန်းဘူးလို.ပြောရုံကလွဲပြီး
ငါဘာများတတ်နိုင်ဦးမှာလဲ။

မိုးကောင်းကင်တစ်ခုထဲအောက်မှာ
မင်းတစ်ယောက်ရှိနေသေးတာတွေးပြီး
တိတ်တိတ်လေး ကြေကွဲနေရုံကလွဲပြီး
ငါဘာများပြောခွင့်ရှိမှာလဲ။

ပြောပါလေ
အမှားတွေနဲ.လူတစ်ယောက်က
ဘာများအယူခံခွင့်ရှိမှာလဲ။ ။

ချစ်သူများကိုနှုတ်ဆက်ခြင်း-၂

လှည့်စားခဲ့တာမဟုတ်ပါဘူး
ဆုံးဖြတ်ချက်တွေ ပြင်ခဲ့ရတာပါ။

အရမ်းနောက်ကျမှပြင်ဆင်မယ်ဆိုရင်
ဒဏ်ရာတွေက ပိုကြီးတော့မယ်
စိတ်နာစရာတွေပိုများတော့မယ်
ငါ့ကိုသာ အပြစ်တင်ပါလေ။

အဝေးကြီးမှာနေပေမယ့်လည်း
ချစ်နေလို.ရတာပါပဲ
အားလုံး ဆုံးရှုံးခဲ့ရပေမယ့်
အောက်မေ့ခွင့်ရှိတာပါပဲ
မင်းဘက်မှာ ပိုတာက
ဖြူစင်ခွင့်ရှိနေသေးတာပါပဲ။

အပြစ်တင်မှုများရဲ့အလည်မှာ
ရင်နာမှုများကိုသိုဝှက်ခဲ့တယ်
ဘယ်သူမှားတယ် ဘယ်သူမှန်တယ်
သမိုင်းကပြောပြလိမ့်မယ်
နာကျင်မှုအကြောင်းတော့ပါမှာမဟုတ်ဘူး။ ။

သုံးဆယ်ကျော်အလွမ်း

မြစ်တစ်စင်းလိုစီးဆင်းတာဆိုရင်
တမံဆောက်ပြီးပိတ်ပစ်လို.ရသေးတယ်
ကျောက်ခက်ကျောက်လက်ကြားကနေ
စိမ့်စမ်းရေတွေ တစ်စက်ချင်း စိမ့်လာသလိုမျိုး
ငါ့အလွမ်းက အရင်းအမြစ်လည်းရှာမရဘူး
တားဆီးလို.လည်းမရဘူး။

ရောက်ဘူးတဲ့နေရာတွေက မပြောင်းလဲဘူး
မင်းနဲ့ငါတော့ အတူတူမရောက်နိုင်တော့ဘူး
အောက်မေ့တသ ခြင်းက
မီးခလုပ်လို အဖွင့်အပိတ်လုပ်လို.ရရင်လည်းအကောင်းသား။

ပိတ်လို.ရလည်း မပိတ်ဖြစ်လောက်ပါဘူး
မင်းနဲ.ပတ်သက်တာမှန်သမျှ
နာကျင်ခြင်းကိုတောင် သိမ်းထားတာဆိုတော့
အလွမ်းလောက်ကတော့ လိုလိုချင်ချင်ပါပဲ။

အသက်သုံးဆယ်ကျော်မှ
အချစ်ကို ကိုးကွယ်တယ်ဆိုပြီးမဟားကြပါနဲ့
အချစ်ကို ကိုးကွယ်တာမဟုတ်ဘူး
ဦးနှောက်ကို အချစ်က အာဏာသိမ်းသွားတာ။ ။

သတိရခြင်း-၂

နာကျင်ခြင်း ၈၀ ကြည်နူးခြင်း၂၀ ပါတဲ့သတိရခြင်းကို
ဘယ်သူကလိုချင်မှာတဲ့လဲ
ဒါပေမယ့်လည်းမတတ်နိုင်ဘူး
ဒီအတိုင်း ဖြတ်သန်းနေရတာပဲ။

ဆပ်ပြာပူပေါင်းလေးကို ဖမ်းဆုတ်ရသလိုပဲ
ပိုင်ဆိုင်ခြင်းနဲ့ ဆုံးရှုံးခြင်း ကတစ်ပြိုင်ထဲရောက်လာတာ
အချစ်က ပြေးပွဲ မဟုတ်တော့
ဦးဆုံးပြေးတာနဲ. မဆိုင်ခဲ့ဘူး။

အပြစ်မတင်ပါဘူး
မင်းပြန်မချစ်တာ အမှားမှမဟုတ်တာ
မင်းကိုချစ်မိတာပဲမှားသွားတာ။

မင်းနဲ.ဝေးခဲ့တာ သုံးနှစ်
ရက်စွဲတွေကိုရေတွက်လို.ရတယ်
ကြေကွဲမှုကိုရေတွက်လို.မရဘူး။ ။

သူချစ်

သစ္စာဖောက်သူတစ်ယောက်ကို လွမ်းနေတော့
သစ္စာရှိသူတစ်ယောက်ကိုမေ့နေခဲ့တယ်။

လမ်းခွဲသူတစ်ယောက်က နှုတ်ဆက်မျက်ရည်ကျခဲ့တယ်
အနားမှာရှိသူက သူ.မျက်ရည်ကိုသိုဝှက်ခဲ့တယ်
ထွက်ခွာသွားတဲ့ သဘောင်္ကိုလက်ယမ်းပြနေတော့
ကိုယ့်ကိုတင်ဖို.စောင့်နေတဲ့ ကုတို.လှေလေးကို အားမနာခဲ့ဘူး။

မျက်ရည်ကျစေသူကို သတိရနေပြီး
မျက်ရည်သုတ်ပေးတဲ့လက်ကိုတော့ ပုတ်ထုတ်ခဲ့မိတယ်
တစိမ့်စိမ့်ပြန်တွေးတော့လည်း ဒီဖြစ်ရပ်က သူ.အရိပ်ဆိုး
ငါမရပ်တည်နိုင်ခင် ဒီလက်ကို အားကိုးတကြီးဆွဲခဲ့ပြီး
ငါရပ်တည်နိုင်ချိန်မှာ အားနာသမှုနဲ.ဆွဲတယ်လို.ပြောမိတယ်။

သူချစ်ကိုရှာဖို.ပြောသူတွေကိုခေါင်းငြိမ့်ခဲ့ပြီးမှ
သူ.ကိုထိခိုက်စေအောင်ပြောခဲ့တာတွေစဉ်းစား
ငါငြိမ့်ခဲ့တဲ့ခေါင်းကို ပြန်ခါမိတယ်
သူချစ်ကိုရှာခဲ့တာမဟုတ်ဘူး
သူချစ်ရဲ့စွမ်းအားကြောင့်ငါပါချစ်မိသွားတာ။ ။

ရင်ကွဲမျက်ရည် အပြုံး

နှုတ်ခမ်းနဲ့မျက်လုံး
ဆက်မှမဆက်စပ်တာ
နှုတ်ခမ်းကပြုံးပီး
မျက်လုံးကငိုခွင့်ရှိမှာပါ။

ငြင်းချင်ရင်ငြင်းခွင့်ရှိပါတယ်
အပြန်အလှန်ဆိုတာမှမပါခဲ့တာ
မင်းကိုပြုံးပြဖို.
ငါဘယ်တုန်းကတွန့်ဆုတ်ဘူးလို.လဲ။

နှုတ်ခမ်းဆိုတာလိမ်ညာဖို.နေရာဖြစ်ပီး
မျက်လုံးဆိုတာက ၀န်ခံဖို.နေရာလေ
ငါ့နှုတ်ခမ်းကပြုံးနေတာတွေ.ရင်
ငါ့မျက်လုံးကိုဆက်မကြည့်ပါနဲ့။ ။

မယူခံ

ဝန်ခံရဲပါတယ်
ကို.ဖက်ကိုယ်ကြည့် ဆုံးဖြတ်ခဲ့တာပါ
ဒါမှားမှန်းတော့သိတယ်
မပြင်ချင်တော့တာ။

ကိုယ်မင်းဘက်မှာမှားခဲ့ပါတယ်
တခြားတစ်ယောက်အတွက် မှန်စေဖို.
(အခြား သိမ်ငယ်သူတစ်ယောက်အတွက်ပါ)
သူ.ဘက်မှာတော့ကိုယ် မှန်ပေးခဲ့ပါတယ်။

နိမ့်သူကိုပဲလက်ကမ်းချင်ခဲ့တဲ့
ငါ့ကိုသာ အပြစ်တင်ပါလေ
ငါစိတ်မကောင်းဖြစ်ပေမယ့်
နောင်တတော့မရခဲ့ပါဘူး
နောက်တခါဒီလို ကြုံလည်း
ငါဒီလိုပဲဆုံးဖြတ်မှာဆိုတော့
နောက်ဘ၀အတွက်ပါကြိုမုန်းလိုက်ပါချစ်သူ။ ။

အတိတ်

ဆုံးဖြတ်ရတာမခက်ပါဘူး
ဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်တော့မှ
တမြေ့မြေ့ နာလာတာ။

ထားခဲ့ရသူကတောင် ဒီလောက်နာကျင်ရရင်
အထားခံခဲ့ရသူကိုယ်စား
မတွေးရဲခဲ့ပါဘူးကွယ်။

ပြင်မရတော့တဲ့ ဆုံးဖြတ်ချက်များစွာ
အမုန်းနဲ့သတိရနေတာက
အလွမ်းနဲ့အောက်မေ့တာလောက်မဆိုးဝါးလို.
တောင်းပန်စကားတောင်မပြောခဲ့ရဘူး။

ငါ့ကိုမုန်းပါလေ………..

မီးပုံပွဲ-၂

တစ်ယောက်ကငါ့ကို သစ္စာပျက်တယ်
တစ်ယောက်ကို ငါက သစ္စာဖျက်ရတယ်
နှစ်ပွဲလုံး ငါပဲနာတယ်။

ကယ်တင်ရှင်ဖြစ်ချင်လို.လည်း မဟုတ်ဘူး
လူစွမ်းကောင်းလုပ်ချင်လို.လည်း မဟုတ်ဘူး
ကိုယ်ကတဲ့ ဇာတ် ကိုယ်မနိုင်ခဲ့တာ
မင်းကနာရုံနာတာပါ
ငါက လိပ်ပြာပါမသန်.တော့တာ။

တစ်ယောက်ရှုံးပြီးမှရတဲ့ အနိုင်က
အောင်ပွဲခံပျော်ရွှင်မနေသင့်ပါဘူး
တကယ်တော့ အရှုံးအနိုင်ပွဲလည်းမဟုတ်ပါဘူး
နွယ်ပင်လေး မှီတွယ်ရာမရလို.
သစ်ကိုင်းခြောက်လေးကိုခိုပြီးတက်ခဲ့တာ
သစ်ခြောက်ခက်လေးကို ကျိုးစေချင်တဲ့စေတနာမရှိခဲ့ပါ။

နှစ်ယောက်လုံးကိုမှာချင်တာပါ
ငါ့စာ၊ငါ့ကဗျာ၊ငါ့ဓာတ်ပုံတွေ မီးရှို.ပစ်တဲ့အခါ
တို.နှစ်ယောက်အတိတ်ကိုပါထည့်ရှို.ပေးပါ။ ။

ဝတ်ရုံမည်းနဲ့ ရွှေသရဖူ

ဝတ်ရုံမည်းနဲ့ ရွှေသရဖူ
စနိုးဝှိုက်ပုံပြင်မှတ်မိလား
အမှန်တရားကို ဇွတ်ပြင်ဆင်ချင်ခဲ့တဲ့ စုန်းမကြီးအကြောင်း
ပန်းသီးမှာအဆိပ်ခပ်ခဲ့
ရွှေသရဖူဆိုတာ သြဇာအာဏာရဲ့ အထိမ်းအမှတ်
ဝတ်ရုံအမည်းက မကောင်းမှုဝိဥာဉ်
အာဏာနဲ.မကောင်းစိတ်ပေါင်းရင်
ပန်းသီးမှာအဆိပ်ခပ်ခဲ့

စနိုးဝှိုက်ကို အဆိပ်ခပ်ခဲ့
တနေ.နေ.
သူ.မကောင်းမှုကသူ.ကိုပဲခြောက်လှန်.တော့မှာသူမသိဘူး။

အိပ်ယာဝင်ပုံပြင်နားထောင်ပြီးတိုင်းအဖေ့ကိုမေး
စနှိုးဝှိုက်လေးကမင်းသားလေးနမ်းရုံနဲ.ဘာကြောင့်နိုးလာတာလဲ
အဖေကရီပြီးဖြေဖူးတယ်
နမ်းလိုက်လို. မဟုတ်ဘူး
မေတ္တာဓာတ်ကြောင့် အဆိပ်ပြယ်သွားတာတဲ့။

အဖေပြောတာ ငယ်ငယ်ကနားမလည်ပါဘူး
ကြီးတော့မှ တဖြေးဖြေးသဘောပေါက်လာ
ဝတ်ရုံမည်းနဲ. ရွှေသရဖူကိုမကြောက်တော့ဘူး
တို.မေတ္တာတရားတွေပေါင်းရင်
မင်းသမီးလေးအဆိပ်ပြယ်သွားမယ်။

ဆုံးဖြတ်ချက်များ

တချို.အနိုင်တွေက တစ်ရက်ပဲပျော်ရတယ်
တချို.အရှုံးတွေက တစ်သက်စာ ကြေကွဲရတယ်
ဒါကိုသိရဲ.နဲ. တည့်လဲလှယ်ယူခဲ့တာ
အချစ်ကလွဲရင် ဘာအကြောင်းကြောင့် ဖြစ်မှာလဲ။

အနိုင်အရှုံးတောင် မတွေးခဲ့ပါဘူးလေ
မင်းဆန္ဒလေးကို အလိုလိုက်ခဲ့တာ
ငါ့နာကျင်မှုတွေကို မသိလို.မှမဟုတ်ပဲ
သိသိနဲ.မိုက်လိုက်တာလို.
ဘာမှမဆုံးဖြတ်ရခင်
ဘယ်သူမှမပြောခင်
ငါ့ကိုငါ အရင်ပြောပြီးသား။

သုံးနှစ်ကျော်ခဲ့ပြီ
ငါမကျေနပ်နိုင်သေးတာ
နင်ပျော်ရဲ့လားလို. မမေးရသေးလို.။

ကမ္ဘာကြီးကို ပြားခဲ့ကြသူများ

သမိုင်းတင်ကာစ အချိန်က
ကမ္ဘာကြီးဟာအပြားလို. ထင်ခဲ့ကြတယ်
တစ်နေ.မှာတော့ အဘိုးအိုတစ်ဦးဟာ
သူ.တစ်ဘ၀လုံးလေ့လာခဲ့သမျှတွေ သွန်ချထုတ်ဖေါ်လိုက်တယ်
ကမ္ဘာကြီးဟာ လုံးနေတယ်။

ကျောင်းတော်ကအာဏာပိုင်တွေ ခြောက်ခြား
ကျမ်းစာနဲ.မှမညီညွတ်ပဲ
အဘိုးအိုကို ထောင်သွင်းအကျဉ်းချ
ကမ္ဘာပြားကြောင်း နှိပ်စက်ပြီး ပြောခိုင်းကြတယ်။

စာရွက်ပေါ်မှာ လက်မှတ်ထိုးပါ
ကမ္ဘာဟာပြားနေပါတယ်
အမှန်တရားဟာ စာရွက်ပေါ်က လက်မှတ်တစ်ခုမှမဟုတ်ပဲ
သူတို.ရသွားတာ စာရွက်ပေါ်က လက်မှတ်ပါ
ဒါကိုသူတို.က ကမ္ဘာ အပြားကြီးရပြီဆိုပြီး ကျေနပ်ခဲ့ကြတယ်။

အမှန်တရားပေါ်လျှောက်တဲ့ လမ်းဟာ နဲနဲတော့ကြာတယ်
ဒါပေမယ့် တစ်ခါ ရောက်ပြီးရင်ပြီးသွားပြီ
တစ်နေ.နေမှာ ကမ္ဘာကြီး လုံးနေကြောင်း
သူတို.၀န်ခံရမှာကို မသိကြဘူး။

ရုပ်သေးရုပ်

ကတတ်လို.လည်း ဂုဏ်မယူပါဘူး
မကတတ်လို.လည်း ဂုဏ်မယူပါဘူး
ပြဿနာက ကတာ မက တာနဲ့ မဆိုင်ဘူး
ပြဿနာအစစ်က ကြိုးမှာရှိနေတာ။

လက်ကြိုးလှုပ်ရင်လက်မြောက်
ခြေကြိုးလှုပ်ရင် ခြေမြောက်
ဘ၀အစစ်က ဘယ်မှာလဲ။

ကိုယ့်စိတ်နဲ့ကို.ကိုယ်သာဆို
ချိုမိုင်မိုင် ဖြစ်ပါစေ
ကပစ်လိုက်မယ်။ ။

သက္ကမိုးညို၏ လက်ရွေးစင် အချစ်ကဗျာတစ်ပုဒ်

အချစ်ဆိုတာ ထင်သလောက်လည်းအရေးမပါပါဘူး
ခင်ဗျားတို.အတွက် ခါးမယ့်ဆေး
သကြားလေးတောင် မအုပ်ပဲကျွေးလိုက်တယ်။

အစကတော့ အချစ်ဆိုတာ မရှိမဖြစ် အရာပဲ
ပိုပြီး အဆင့်မြင့်လိုက်မှ
ဇိမ်ခံပစ္စည်းဖြစ်သွားတယ်။

ဝတ္တုတွေက အချစ်အကြောင်းပါမှ ဖတ်ကောင်းတယ်
ရေမွှေးပုလင်းလည်း ဆိုင်ဆိုင်မဆိုင်ဆိုင် အချစ်နာမည်တတ်တယ်
ဖေဖေါ်ဝါရီ၁၄လည်း အချစ်နာမည်တတ်မှလူစည်တယ်
ဘာမှမဟုတ်ဘူး
လူတွေက အချစ်ကို အရသာခံချင်နေတာ။

ထိခိုက်ဝမ်းနည်းဖွယ်ရာတွေ လူတိုင်းမှာရှိတာပေါ့
ဒါကို တသသ လုပ်နေရင်တော့ ကြီးထွားလာမှာပဲ
ဒီလိုပဲ ဖြတ်သန်းနေကြတာပါပဲ
ငါ့ကျမှဖြစ်ရလေခြင်း လို.တွေးရင်တော့
အဲဒါကိုယ့်ကိုကိုယ် သနားတတ်တဲ့ရောဂါပဲ။

ပေါတောတောရုပ်ရှင်တွေထဲကလို
အိပ်ယာကြီးပေါ်တက်မျက်ရည်ကျနေတာက
ဇိမ်ခံနေတာပဲ
အချစ်ကိုခုတုံးလုပ်ပြီး
လူအသနားခံချင်စိတ်မွေး
ကိုယ့်အပျင်းကိုအားပေးနေတာ။

အစွန်းမရောက်ဖို.ပြောနေတာ
ဦးနှောက်သမားတွေက
အချစ်ကိုလှေကားတစ်စင်းလိုကြည့်တယ်
သူ.ကိုသုံး၊အပေါ်ဘယ်လိုတက်ရမလဲ ရှာတယ်
နှလုံးသား သမားတွေက
အချစ်ကို ဆိုဖာလိုသုံးတယ်
အားအားရှိ အဲဒီပေါ်တက်ခွေနေကြတယ်။

ကဗျာဆရာတစ်ယောက်ပြောဘူးတယ်
အချစ်ဆိုတာ
ဖန်တရာတေအောင် လူတွေပြစ်မှား
အပြောများလွန်းလို.
အပေါစားဖြစ်သွားတဲ့စကားတစ်လုံးတဲ့
ကဲ….စဉ်းစားမိတဲ့ အဖျားဖြတ်ဆေး
ခင်ဗျားတို.ကို လက်ဆင့်ကမ်းပေးလိုက်တယ်။ ။

ရည်းစားများတဲ့ကောင်

ကိုယ်ကြိုက်တာကိုယ် မမှာခင်
မီနူးလေးတော့ကြည့်ခွင့်ရှိတယ်မဟုတ်လား
ငါ့ကို နည်းနည်းလေး နားလည်ပေး။

တစ်သက်လုံးပေါင်းရမယ်သူဆိုတော့
မြင်းတစ်ပြေးအလှတင်မဟုတ်ဘူး
ကွမ်းတစ်ကမ်းအလှမှန်းသေချာအောင်
အနီးကပ် သေးစိတ်လေ့လာမိတာ
နည်းနည်းလေး သည်းခံပေး။

ယောကျားကောင်းမောင်းမတစ်ထောင်တဲ့
ရှေးထုံးလည်းမပယ်နဲ.ဆိုတော့
ငါမပယ်ရဲလို.ပါဟာ
နည်းနည်းလေး ခွင့်လွှတ်ပေး။

ခွင့်လွှတ်တာတွေ၊နားလည်တာတွေ
သည်းခံတာတွေ မကျန်တော့တဲ့အခါ
ဒီကောင့်လက်ကလွတ်ချင်ရင်
ငါ့ကိုနောက်တစ်ယောက်နဲ့ မိတ်ဆက်ပေး။ ။ (ဟိဟိ)

သုံးဆယ်ကျော်အလွမ်း

မြစ်တစ်စင်းလိုစီးဆင်းတာဆိုရင်
တမံဆောက်ပြီးပိတ်ပစ်လို.ရသေးတယ်
ကျောက်ခက်ကျောက်လက်ကြားကနေ
စိမ့်စမ်းရေတွေ တစ်စက်ချင်း စိမ့်လာသလိုမျိုး
ငါ့အလွမ်းက အရင်းအမြစ်လည်းရှာမရဘူး
တားဆီးလို.လည်းမရဘူး။

ရောက်ဘူးတဲ့နေရာတွေက မပြောင်းလဲဘူး
မင်းနဲ့ငါတော့ အတူတူမရောက်နိုင်တော့ဘူး
အောက်မေ့တသ ခြင်းက
မီးခလုပ်လို အဖွင့်အပိတ်လုပ်လို.ရရင်လည်းအကောင်းသား။

ပိတ်လို.ရလည်း မပိတ်ဖြစ်လောက်ပါဘူး
မင်းနဲ.ပတ်သက်တာမှန်သမျှ
နာကျင်ခြင်းကိုတောင် သိမ်းထားတာဆိုတော့
အလွမ်းလောက်ကတော့ လိုလိုချင်ချင်ပါပဲ။

အသက်သုံးဆယ်ကျော်မှ
အချစ်ကို ကိုးကွယ်တယ်ဆိုပြီးမဟားကြပါနဲ့
အချစ်ကို ကိုးကွယ်တာမဟုတ်ဘူး
ဦးနှောက်ကို အချစ်က အာဏာသိမ်းသွားတာ။ ။

စကားနဲရန်စဲ

မကျေနပ်တာတွေ ပြောမနေပါနဲ့တော့
နာကျည်းမှု တွေက အဓိကမှမဟုတ်တာ
တို.ရည်ရွယ်တာက တစ်မျိုးလေ။

ပြေးလမ်းပေါ်မှာ ခလုပ်တိုက်မိတာနဲ့
အဲဒီခလုပ်ကို ထိုင်ဆဲနေရင်
ပန်းတိုင်နဲ့လွဲသွားမယ်။

မြွေတွေက တွင်းထဲ ၀င်မိရင်
ပြန်ကွေ.ထွက်လို.မှမရတာ
ထွက်ပေါက်လေးတစ်ခုလောက်တော့ ပေးလိုက်ကြပါ။

ဖြစ်သင့်တာလေးတွေ ပြောနေတာ
အမုန်းမပါရင်ပိုကောင်းမလားလို.ပါ။ ။

အို……..သစ္စာ-၃

အိပ်မက်ဆိုတာကလည်း
မခေါ်ပဲလာတတ်တာမျိုး။

ခွဲမသွားဖို. ခြောက်ခြားစွာတားမြစ်ခဲ့လည်း
ထားသွားခဲ့ချိန်က ခံစားမှုမျိုး
ဒီအိပ်မက်မှာသစ်လွင်လတ်ဆတ်ဆဲ
နာကျင်မှုနဲ.ကြေကွဲမှုဟာ
လစ်ဟာခြင်းမှာ နေရာယူကြတယ်။

ငါလည်းအကုန်ပေးခဲ့တယ်
နင်လည်းတစ်ခုမှရမသွားဘူး
သဲထဲရေသွန်မေတ္တာများ။

မေ့နေခဲ့သော မဟုတ်တောင်
မေ့ဟန်ဆောင်၍ အောင်မြင်လုနီးနီးအတိတ်ဟာ
အခုတရေးနိုး နှိပ်စက်ခဲ့ပြီ။

ကြေကွဲစွာမျက်ရည်ဝဲရန်စတင်ခိုက်
ကိုယ့်ဘေးမှာနှစ်ခြိုက်စွာ အိပ်ပျော်နေသူ
ယောင်ယမ်းပြုံးရယ် ကိုယ့်ရင်ခွင်ထဲတိုးဝင်လာချိန်
သစ္စာမမဲ့ချင်သူရဲ့ မျက်ရည်တစ်စက်
ဇနီးသည် အတွက်ကျလာခဲ့။ ။