ကတတ်လို.လည်း ဂုဏ်မယူပါဘူး
မကတတ်လို.လည်း ဂုဏ်မယူပါဘူး
ပြဿနာက ကတာ မက တာနဲ့ မဆိုင်ဘူး
ပြဿနာအစစ်က ကြိုးမှာရှိနေတာ။
လက်ကြိုးလှုပ်ရင်လက်မြောက်
ခြေကြိုးလှုပ်ရင် ခြေမြောက်
ဘ၀အစစ်က ဘယ်မှာလဲ။
ကိုယ့်စိတ်နဲ့ကို.ကိုယ်သာဆို
ချိုမိုင်မိုင် ဖြစ်ပါစေ
ကပစ်လိုက်မယ်။ ။
Friday, January 7, 2011
သက္ကမိုးညို၏ လက်ရွေးစင် အချစ်ကဗျာတစ်ပုဒ်
အချစ်ဆိုတာ ထင်သလောက်လည်းအရေးမပါပါဘူး
ခင်ဗျားတို.အတွက် ခါးမယ့်ဆေး
သကြားလေးတောင် မအုပ်ပဲကျွေးလိုက်တယ်။
အစကတော့ အချစ်ဆိုတာ မရှိမဖြစ် အရာပဲ
ပိုပြီး အဆင့်မြင့်လိုက်မှ
ဇိမ်ခံပစ္စည်းဖြစ်သွားတယ်။
ဝတ္တုတွေက အချစ်အကြောင်းပါမှ ဖတ်ကောင်းတယ်
ရေမွှေးပုလင်းလည်း ဆိုင်ဆိုင်မဆိုင်ဆိုင် အချစ်နာမည်တတ်တယ်
ဖေဖေါ်ဝါရီ၁၄လည်း အချစ်နာမည်တတ်မှလူစည်တယ်
ဘာမှမဟုတ်ဘူး
လူတွေက အချစ်ကို အရသာခံချင်နေတာ။
ထိခိုက်ဝမ်းနည်းဖွယ်ရာတွေ လူတိုင်းမှာရှိတာပေါ့
ဒါကို တသသ လုပ်နေရင်တော့ ကြီးထွားလာမှာပဲ
ဒီလိုပဲ ဖြတ်သန်းနေကြတာပါပဲ
ငါ့ကျမှဖြစ်ရလေခြင်း လို.တွေးရင်တော့
အဲဒါကိုယ့်ကိုကိုယ် သနားတတ်တဲ့ရောဂါပဲ။
ပေါတောတောရုပ်ရှင်တွေထဲကလို
အိပ်ယာကြီးပေါ်တက်မျက်ရည်ကျနေတာက
ဇိမ်ခံနေတာပဲ
အချစ်ကိုခုတုံးလုပ်ပြီး
လူအသနားခံချင်စိတ်မွေး
ကိုယ့်အပျင်းကိုအားပေးနေတာ။
အစွန်းမရောက်ဖို.ပြောနေတာ
ဦးနှောက်သမားတွေက
အချစ်ကိုလှေကားတစ်စင်းလိုကြည့်တယ်
သူ.ကိုသုံး၊အပေါ်ဘယ်လိုတက်ရမလဲ ရှာတယ်
နှလုံးသား သမားတွေက
အချစ်ကို ဆိုဖာလိုသုံးတယ်
အားအားရှိ အဲဒီပေါ်တက်ခွေနေကြတယ်။
ကဗျာဆရာတစ်ယောက်ပြောဘူးတယ်
အချစ်ဆိုတာ
ဖန်တရာတေအောင် လူတွေပြစ်မှား
အပြောများလွန်းလို.
အပေါစားဖြစ်သွားတဲ့စကားတစ်လုံးတဲ့
ကဲ….စဉ်းစားမိတဲ့ အဖျားဖြတ်ဆေး
ခင်ဗျားတို.ကို လက်ဆင့်ကမ်းပေးလိုက်တယ်။ ။
ခင်ဗျားတို.အတွက် ခါးမယ့်ဆေး
သကြားလေးတောင် မအုပ်ပဲကျွေးလိုက်တယ်။
အစကတော့ အချစ်ဆိုတာ မရှိမဖြစ် အရာပဲ
ပိုပြီး အဆင့်မြင့်လိုက်မှ
ဇိမ်ခံပစ္စည်းဖြစ်သွားတယ်။
ဝတ္တုတွေက အချစ်အကြောင်းပါမှ ဖတ်ကောင်းတယ်
ရေမွှေးပုလင်းလည်း ဆိုင်ဆိုင်မဆိုင်ဆိုင် အချစ်နာမည်တတ်တယ်
ဖေဖေါ်ဝါရီ၁၄လည်း အချစ်နာမည်တတ်မှလူစည်တယ်
ဘာမှမဟုတ်ဘူး
လူတွေက အချစ်ကို အရသာခံချင်နေတာ။
ထိခိုက်ဝမ်းနည်းဖွယ်ရာတွေ လူတိုင်းမှာရှိတာပေါ့
ဒါကို တသသ လုပ်နေရင်တော့ ကြီးထွားလာမှာပဲ
ဒီလိုပဲ ဖြတ်သန်းနေကြတာပါပဲ
ငါ့ကျမှဖြစ်ရလေခြင်း လို.တွေးရင်တော့
အဲဒါကိုယ့်ကိုကိုယ် သနားတတ်တဲ့ရောဂါပဲ။
ပေါတောတောရုပ်ရှင်တွေထဲကလို
အိပ်ယာကြီးပေါ်တက်မျက်ရည်ကျနေတာက
ဇိမ်ခံနေတာပဲ
အချစ်ကိုခုတုံးလုပ်ပြီး
လူအသနားခံချင်စိတ်မွေး
ကိုယ့်အပျင်းကိုအားပေးနေတာ။
အစွန်းမရောက်ဖို.ပြောနေတာ
ဦးနှောက်သမားတွေက
အချစ်ကိုလှေကားတစ်စင်းလိုကြည့်တယ်
သူ.ကိုသုံး၊အပေါ်ဘယ်လိုတက်ရမလဲ ရှာတယ်
နှလုံးသား သမားတွေက
အချစ်ကို ဆိုဖာလိုသုံးတယ်
အားအားရှိ အဲဒီပေါ်တက်ခွေနေကြတယ်။
ကဗျာဆရာတစ်ယောက်ပြောဘူးတယ်
အချစ်ဆိုတာ
ဖန်တရာတေအောင် လူတွေပြစ်မှား
အပြောများလွန်းလို.
အပေါစားဖြစ်သွားတဲ့စကားတစ်လုံးတဲ့
ကဲ….စဉ်းစားမိတဲ့ အဖျားဖြတ်ဆေး
ခင်ဗျားတို.ကို လက်ဆင့်ကမ်းပေးလိုက်တယ်။ ။
ရည်းစားများတဲ့ကောင်
ကိုယ်ကြိုက်တာကိုယ် မမှာခင်
မီနူးလေးတော့ကြည့်ခွင့်ရှိတယ်မဟုတ်လား
ငါ့ကို နည်းနည်းလေး နားလည်ပေး။
တစ်သက်လုံးပေါင်းရမယ်သူဆိုတော့
မြင်းတစ်ပြေးအလှတင်မဟုတ်ဘူး
ကွမ်းတစ်ကမ်းအလှမှန်းသေချာအောင်
အနီးကပ် သေးစိတ်လေ့လာမိတာ
နည်းနည်းလေး သည်းခံပေး။
ယောကျားကောင်းမောင်းမတစ်ထောင်တဲ့
ရှေးထုံးလည်းမပယ်နဲ.ဆိုတော့
ငါမပယ်ရဲလို.ပါဟာ
နည်းနည်းလေး ခွင့်လွှတ်ပေး။
ခွင့်လွှတ်တာတွေ၊နားလည်တာတွေ
သည်းခံတာတွေ မကျန်တော့တဲ့အခါ
ဒီကောင့်လက်ကလွတ်ချင်ရင်
ငါ့ကိုနောက်တစ်ယောက်နဲ့ မိတ်ဆက်ပေး။ ။ (ဟိဟိ)
မီနူးလေးတော့ကြည့်ခွင့်ရှိတယ်မဟုတ်လား
ငါ့ကို နည်းနည်းလေး နားလည်ပေး။
တစ်သက်လုံးပေါင်းရမယ်သူဆိုတော့
မြင်းတစ်ပြေးအလှတင်မဟုတ်ဘူး
ကွမ်းတစ်ကမ်းအလှမှန်းသေချာအောင်
အနီးကပ် သေးစိတ်လေ့လာမိတာ
နည်းနည်းလေး သည်းခံပေး။
ယောကျားကောင်းမောင်းမတစ်ထောင်တဲ့
ရှေးထုံးလည်းမပယ်နဲ.ဆိုတော့
ငါမပယ်ရဲလို.ပါဟာ
နည်းနည်းလေး ခွင့်လွှတ်ပေး။
ခွင့်လွှတ်တာတွေ၊နားလည်တာတွေ
သည်းခံတာတွေ မကျန်တော့တဲ့အခါ
ဒီကောင့်လက်ကလွတ်ချင်ရင်
ငါ့ကိုနောက်တစ်ယောက်နဲ့ မိတ်ဆက်ပေး။ ။ (ဟိဟိ)
သုံးဆယ်ကျော်အလွမ်း
မြစ်တစ်စင်းလိုစီးဆင်းတာဆိုရင်
တမံဆောက်ပြီးပိတ်ပစ်လို.ရသေးတယ်
ကျောက်ခက်ကျောက်လက်ကြားကနေ
စိမ့်စမ်းရေတွေ တစ်စက်ချင်း စိမ့်လာသလိုမျိုး
ငါ့အလွမ်းက အရင်းအမြစ်လည်းရှာမရဘူး
တားဆီးလို.လည်းမရဘူး။
ရောက်ဘူးတဲ့နေရာတွေက မပြောင်းလဲဘူး
မင်းနဲ့ငါတော့ အတူတူမရောက်နိုင်တော့ဘူး
အောက်မေ့တသ ခြင်းက
မီးခလုပ်လို အဖွင့်အပိတ်လုပ်လို.ရရင်လည်းအကောင်းသား။
ပိတ်လို.ရလည်း မပိတ်ဖြစ်လောက်ပါဘူး
မင်းနဲ.ပတ်သက်တာမှန်သမျှ
နာကျင်ခြင်းကိုတောင် သိမ်းထားတာဆိုတော့
အလွမ်းလောက်ကတော့ လိုလိုချင်ချင်ပါပဲ။
အသက်သုံးဆယ်ကျော်မှ
အချစ်ကို ကိုးကွယ်တယ်ဆိုပြီးမဟားကြပါနဲ့
အချစ်ကို ကိုးကွယ်တာမဟုတ်ဘူး
ဦးနှောက်ကို အချစ်က အာဏာသိမ်းသွားတာ။ ။
တမံဆောက်ပြီးပိတ်ပစ်လို.ရသေးတယ်
ကျောက်ခက်ကျောက်လက်ကြားကနေ
စိမ့်စမ်းရေတွေ တစ်စက်ချင်း စိမ့်လာသလိုမျိုး
ငါ့အလွမ်းက အရင်းအမြစ်လည်းရှာမရဘူး
တားဆီးလို.လည်းမရဘူး။
ရောက်ဘူးတဲ့နေရာတွေက မပြောင်းလဲဘူး
မင်းနဲ့ငါတော့ အတူတူမရောက်နိုင်တော့ဘူး
အောက်မေ့တသ ခြင်းက
မီးခလုပ်လို အဖွင့်အပိတ်လုပ်လို.ရရင်လည်းအကောင်းသား။
ပိတ်လို.ရလည်း မပိတ်ဖြစ်လောက်ပါဘူး
မင်းနဲ.ပတ်သက်တာမှန်သမျှ
နာကျင်ခြင်းကိုတောင် သိမ်းထားတာဆိုတော့
အလွမ်းလောက်ကတော့ လိုလိုချင်ချင်ပါပဲ။
အသက်သုံးဆယ်ကျော်မှ
အချစ်ကို ကိုးကွယ်တယ်ဆိုပြီးမဟားကြပါနဲ့
အချစ်ကို ကိုးကွယ်တာမဟုတ်ဘူး
ဦးနှောက်ကို အချစ်က အာဏာသိမ်းသွားတာ။ ။
စကားနဲရန်စဲ
မကျေနပ်တာတွေ ပြောမနေပါနဲ့တော့
နာကျည်းမှု တွေက အဓိကမှမဟုတ်တာ
တို.ရည်ရွယ်တာက တစ်မျိုးလေ။
ပြေးလမ်းပေါ်မှာ ခလုပ်တိုက်မိတာနဲ့
အဲဒီခလုပ်ကို ထိုင်ဆဲနေရင်
ပန်းတိုင်နဲ့လွဲသွားမယ်။
မြွေတွေက တွင်းထဲ ၀င်မိရင်
ပြန်ကွေ.ထွက်လို.မှမရတာ
ထွက်ပေါက်လေးတစ်ခုလောက်တော့ ပေးလိုက်ကြပါ။
ဖြစ်သင့်တာလေးတွေ ပြောနေတာ
အမုန်းမပါရင်ပိုကောင်းမလားလို.ပါ။ ။
နာကျည်းမှု တွေက အဓိကမှမဟုတ်တာ
တို.ရည်ရွယ်တာက တစ်မျိုးလေ။
ပြေးလမ်းပေါ်မှာ ခလုပ်တိုက်မိတာနဲ့
အဲဒီခလုပ်ကို ထိုင်ဆဲနေရင်
ပန်းတိုင်နဲ့လွဲသွားမယ်။
မြွေတွေက တွင်းထဲ ၀င်မိရင်
ပြန်ကွေ.ထွက်လို.မှမရတာ
ထွက်ပေါက်လေးတစ်ခုလောက်တော့ ပေးလိုက်ကြပါ။
ဖြစ်သင့်တာလေးတွေ ပြောနေတာ
အမုန်းမပါရင်ပိုကောင်းမလားလို.ပါ။ ။
အို……..သစ္စာ-၃
အိပ်မက်ဆိုတာကလည်း
မခေါ်ပဲလာတတ်တာမျိုး။
ခွဲမသွားဖို. ခြောက်ခြားစွာတားမြစ်ခဲ့လည်း
ထားသွားခဲ့ချိန်က ခံစားမှုမျိုး
ဒီအိပ်မက်မှာသစ်လွင်လတ်ဆတ်ဆဲ
နာကျင်မှုနဲ.ကြေကွဲမှုဟာ
လစ်ဟာခြင်းမှာ နေရာယူကြတယ်။
ငါလည်းအကုန်ပေးခဲ့တယ်
နင်လည်းတစ်ခုမှရမသွားဘူး
သဲထဲရေသွန်မေတ္တာများ။
မေ့နေခဲ့သော မဟုတ်တောင်
မေ့ဟန်ဆောင်၍ အောင်မြင်လုနီးနီးအတိတ်ဟာ
အခုတရေးနိုး နှိပ်စက်ခဲ့ပြီ။
ကြေကွဲစွာမျက်ရည်ဝဲရန်စတင်ခိုက်
ကိုယ့်ဘေးမှာနှစ်ခြိုက်စွာ အိပ်ပျော်နေသူ
ယောင်ယမ်းပြုံးရယ် ကိုယ့်ရင်ခွင်ထဲတိုးဝင်လာချိန်
သစ္စာမမဲ့ချင်သူရဲ့ မျက်ရည်တစ်စက်
ဇနီးသည် အတွက်ကျလာခဲ့။ ။
မခေါ်ပဲလာတတ်တာမျိုး။
ခွဲမသွားဖို. ခြောက်ခြားစွာတားမြစ်ခဲ့လည်း
ထားသွားခဲ့ချိန်က ခံစားမှုမျိုး
ဒီအိပ်မက်မှာသစ်လွင်လတ်ဆတ်ဆဲ
နာကျင်မှုနဲ.ကြေကွဲမှုဟာ
လစ်ဟာခြင်းမှာ နေရာယူကြတယ်။
ငါလည်းအကုန်ပေးခဲ့တယ်
နင်လည်းတစ်ခုမှရမသွားဘူး
သဲထဲရေသွန်မေတ္တာများ။
မေ့နေခဲ့သော မဟုတ်တောင်
မေ့ဟန်ဆောင်၍ အောင်မြင်လုနီးနီးအတိတ်ဟာ
အခုတရေးနိုး နှိပ်စက်ခဲ့ပြီ။
ကြေကွဲစွာမျက်ရည်ဝဲရန်စတင်ခိုက်
ကိုယ့်ဘေးမှာနှစ်ခြိုက်စွာ အိပ်ပျော်နေသူ
ယောင်ယမ်းပြုံးရယ် ကိုယ့်ရင်ခွင်ထဲတိုးဝင်လာချိန်
သစ္စာမမဲ့ချင်သူရဲ့ မျက်ရည်တစ်စက်
ဇနီးသည် အတွက်ကျလာခဲ့။ ။
Monday, October 11, 2010
အနော်မာ ခရီးသည်
ညကမှောင်တာမဟုတ်ဘူး
လောက ကမှောင်နေတာ
မြစ်ရေပြင်က လဲ့လဲ့လေးလင်းနေတယ်
မြစ်ကလင်းတာတော့မဟုတ်ဘူးပေါ့လေ
ဟိုးအမြင့်တစ်နေရာက
လင်းလက်မှုတစ်ခုခုရဲ.ရောင်ပြန်ပေါ့။
တလက်လက်လင်းနေတဲ့ကြယ်လေးတွေဆီကလား
ညနက်နက်ဆီက ရောင်နီဦးသန်းတာလား
ရင်တွင်းကပဲလင်းနေတာလား
မသိမှုတစ်ခုခုဆိုပေမယ့်
အလင်းတော့ရှိနေတာ သေချာပါတယ်။
ခရီးသည်တစ်ယောက်လာနေတယ်အနော်မာ
ဟိုး……..တစ်ဖက်ကမ်းကိုကူးဖို.ပေါ့
သူမသိတာ တစ်ခုခုရှာဖို.ပေါ့။
တိတ်ဆိတ်ခြင်းက
မြစ်တစ်ဖက်မှာဖြာကျနေတယ်
နောက်ကျောမှာ ပူလောင်သောဆီမီးတွေ
ပူလောင်သော သံယောဇဉ်တွေ
ကျန်ခဲ့ပြီ။
ထွက်ခွာသူ ဟာပြန်လာမှာပါ
အမှန်တရားတစ်ခုကိုပိုက်လို. ပြန်လာမှာ
အေးချမ်းမှုတစ်ခုကိုမျှဝေမှာပါ
တစ်ယောက်ယောက်ထက်
လောကကိုချစ်တာက ပိုမြင့်မြတ်တယ်မဟုတ်လား။
သောကဆင်းရဲဟာ တို.ကိုယ်တွင်းမှာဖန်ဆင်းတာ
အလှအပဟာတို.ကိုယ်တွင်းမှာဖန်ဆင်းတာ
တပ်မက်ခြင်းဟာလည်း တို.ကိုယ်တွင်းမှာဖန်ဆင်းတာ
အမှန်တရားကတော့ တို.ဖန်ဆင်းတာမဟုတ်ဘူး
တို.ကိုယ်တွင်းမှာရှိနေတာ။
ကြေကွဲခြင်းရဲ့ အစဟာ
ပျော်ရွှင်ခြင်းများဖြစ်နေခဲ့မလား
ဆုံးရှုံးခဲ့ရတာဟာ
ရယူမိခဲ့လို.များဖြစ်နေမလား
အဆုံးတစ်ခုဟာ
အစတစ်ခုကြောင့်ဆိုရင်
အဘယ်သို.သော အစကြောင့်
တို.ဘ၀တွေ ကြေကွဲရတာလဲ
အဘယ်သို.သော အစကြောင့်
တို.ဘ၀တွေ ပျော်ရွှင်ရတာလဲ
မင်းသိရင်ဖြေပါအနော်မာ။
ဘယ်လိုတရားတွေကြောင့်
တို.တတွေ သေဆုံးနေရတာလဲ
ဘယ်လိုတရားတွေကြောင့်
တို.တတွေ နာကျင်နေရတာလဲ
ဘယ်လိုတရားတွေကြောင့်
တို.တတွေ အိုမင်းကြရတာလဲ
ကြေကွဲဖွယ်အဆုံးသတ်တွေအတွက်
ပျော်ရွှင်မှုတွေစတင်ခဲ့ရတယ်ဆိုရင်
ဒီဘ၀ဒီဇာတ်လမ်းကိုမ“စ”ချင်တော့ဘူး။
ပန်းပွင့်လေးရဲ့ လှပမှုမှာ
ပျက်သုဉ်းခြင်းခိုအောင်းနေတယ်
ညနက်နက်မှာ မဖြူနိုင်တော့တဲ့တိမ်တွေ
အရိပ်အရောင်တွေကြောင့် ဖြစ်နေတဲ့လောက
တိမ်တွေနဲ.ဘာများကွာခြားပါသလဲ
ပြိုကွဲရမယ် ၊လေနှင်ရာရွေ.ရမယ်
ရွာကျရမယ်၊စုဖွဲ.ရမယ်
ဘ၀ဟာဒီလိုပဲ ဖြစ်နေရမှာလား။
ဆုံးရှုံးမှုတွေအတွက် ငိုကြွေးရခြင်းများ
မျက်ရည်တွေ သမုဒ္ဒရာထက်များနေမလား
မကြုံချင်လို.ရောရခဲ့ကြပါသလား
မျက်ရည်သုတ်သောလက်ထက်
မျက်ရည်မကျစေသောစိတ်ကိုပေးနိုင်သောသူဖြစ်လိုတယ်။
ငါတို.ရဲ့ အရိုးအကြောတွေတိုင်းဟာ
စက္ကန်.နဲ.အမျှပြိုကျနေတယ်
ဒုက္ခကို တို.မရွေးချယ်ခဲ့ကြပါဘူး
ဒုက္ခက တို.ကိုရွေးချယ်ခဲ့တယ်
အလုံးစုံသောတရားတွေ
ချစ်ခြင်းမုန်းခြင်းတွေ၊ လှပအကျည်းတန်ခြင်းတွေ
အောင်မြင်မှုဆုံးရှုံးမှုတွေ
အားလုံးအားလုံးကို
ပြိုကျပျက်စီးမှုလှိုင်းတွေက တိုက်ချသွားမှာပါ။
ဒါတွေကိုသိရဲ့နဲ.
တည်ဆောက်နေကြတဲ့မာန်မာနတွေ
တစ်ခဏသာယာမှုအတွက် တစ်ဘ၀လုံးနာကျင်ရခြင်းတွေ
တို.ရွေးချယ်ခဲ့တာမှန်ပါရဲ့လား။
စစ်သည်ဗိုလ်ပါတွေနဲ.စစ်ခင်းလို.မနိုင်တဲ့မင်းတစ်ပါး
လျှို.၀ှက်စွာစောင့်စားနေတယ်
အဝေးဆီကမျောက်မင်းအူသံသဲ့သဲ့ကြားလား
တို.အချိန်သတ်မှတ်လို.မရတဲ့တိုက်ပွဲမှာ
ရှုံးမှာလည်းသေချာတယ်
တို.ရဲ့ ပျော်ရွှင်ခြင်းတွေကိုသူကျိတ်ပြုံးနေခဲ့တယ်။
တို.ကိုယ်တွင်းမှာစောင့်နေတဲ့တရားမင်းဟာ
ဘယ်အချိန်မှာတိုက်ခိုက်လာမှာလဲ
ငါတို.အားကောင်းလေ သူ.ရက်စက်မှုကပြင်းထန်လေပါ
တို.ကိုချည်ထားတဲ့သံယောဇဉ်တွေ
တို.မွေးမြူထားတဲ့ အတ္တစစ်သည်တွေအတွက်
သူကပိုပြီးတော့ တုံ.ပြန်တတ်တယ်။
“ရှင်သေမင်း
လူချင်းငယ်တဲ့မတူပါ”
ကြားလိုက်ပါစ
အဝေးဆီကညည်းညူသံတွေ
ခြောက်ခြားဖွယ် ငိုကြွေးသံတွေ
သွေးပျက်ဖွယ်ကာလအတွက်
ငါတို.ဘာသာ
အထပ်ထပ်စုထားခဲ့တဲ့နှောင်တွယ်ခြင်းတွေပါလား
ဒီမရဏတေးကိုထပ်မကြားချင်လည်းကြားနေရမှာပဲ။
တို.ကလည်းတို.ပါ
သေခြင်းကိုကြောက်တတ်တယ်
အချိန်မရွေးသေတတ်တာကိုမမြင်ကြဘူး
နာခြင်းကိုကြောက်တတ်တယ်
အမြဲနာကျင်နေရတဲ့ဘ၀ကိုမမြင်ကြဘူး
ခွဲခွာခြင်းကိုတားချင်တယ်
တားဆီးမရတာကိုမှလွန်ဆန်ချင်ကြတယ်
မိုးကြိုးကိုလက်ဖ၀ါးနဲ.ကာမိသလိုပါလား။
တို.လုပ်ရမှာက
သစ်သားတွေကိုမီးရှို.ဖို.မဟုတ်ပါဘူး
အိမ်ဆောက်တဲ့လက်သမားဆရာကို ရှာဖွေဖို.ပါ
ပျိုးပင်တွေကိုမြေလှန်ဖို.မလိုပါဘူး
စိုက်ပျိုးသူလယ်သမားကိုရှာဖို.ပါ
ဒီအိမ်ဒီလယ်ကိုမတွယ်တာမှပဲ
ဒီနေရာကငိုကြွေးခြင်းကိုလွန်နိုင်လိမ့်မယ်။
ကြောက်ရွံ.မှုတွေအဆုံးမှာ
ကြောက်ရွံ.ဖွယ်မရှိသောတစ်နေရာရှိရမယ်
ငိုကြွေးမှုတွေ နောက်မှာ
ငိုကြွေးခြင်းမှ လွန်မြောက်ရာရှိရမယ်
တုန်လှုပ်မှုတွေ အပြီးမှာ
တုန်လှုပ်ခြင်း ကင်းသောအရာကိုတွေ.ရမယ်
လူတစ်ယောက်
အရောက်လာနေပါပြီ အနော်မာ။
လေးနက်သော ညဟာလေးနက်သောအတွေးကိုပေးတယ်
အေးမြသောလေညှင်းဟာအေးမြသောစိတ်ကိုပေးတယ်
ခဏဆိုပေမယ့် တစ်ဘ၀ခြေလှမ်းတွေအတွက်အားဆေးဖြစ်တယ်
တွေ.ရှိမှုဟာရှာဖွေမှုရှိမှသာရောက်လာမယ်
ခလုပ်တိုက်မိတာဟာကျောက်တုံးပဲ
ပတ္တမြားကတော့ နက်ရှိုင်းစွာတူးဖေါ်မှရမယ်။
ကိုယ်တိုင်မျက်ရည်သိမ်းဖို.တင်မကဘူး
သူများမျက်ရည်သိမ်းဖယ်ပေးနိုင်သောကိုယ်ဖြစ်လိုတယ်
ကယ်တင်ခြင်းစစ်စစ်ဟာ နှစ်သိမ့်မှုတင်မကဘူး
ဟိုး အရင်းအမြစ်ကစပြီး အေးချမ်းစေနိုင်သူဖြစ်လိုတယ်။
ပူလောင်မှုများမှခွဲခွာ
ငြိမ်းအေးမှုများ၏ အစကိုရှာဖွေဖို.ရာ
လူတစ်ယောက် လာနေပြီအနော်မာ
ဟိုး……တစ်ဖက်ကမ်းကိုကူးတော့မယ်
အလင်းရှိရာ………………….
…………………………………………..
…………………………………………………….
………………………………………………………………..
(၂၄.၉.၂၀၁၀တွင်ကွယ်လွန်သွားသော အစ်မ ဒေါ်ချိုချိုသိန်းအားရည်စူးရေးဖွဲ.ပါသည်။)
လောက ကမှောင်နေတာ
မြစ်ရေပြင်က လဲ့လဲ့လေးလင်းနေတယ်
မြစ်ကလင်းတာတော့မဟုတ်ဘူးပေါ့လေ
ဟိုးအမြင့်တစ်နေရာက
လင်းလက်မှုတစ်ခုခုရဲ.ရောင်ပြန်ပေါ့။
တလက်လက်လင်းနေတဲ့ကြယ်လေးတွေဆီကလား
ညနက်နက်ဆီက ရောင်နီဦးသန်းတာလား
ရင်တွင်းကပဲလင်းနေတာလား
မသိမှုတစ်ခုခုဆိုပေမယ့်
အလင်းတော့ရှိနေတာ သေချာပါတယ်။
ခရီးသည်တစ်ယောက်လာနေတယ်အနော်မာ
ဟိုး……..တစ်ဖက်ကမ်းကိုကူးဖို.ပေါ့
သူမသိတာ တစ်ခုခုရှာဖို.ပေါ့။
တိတ်ဆိတ်ခြင်းက
မြစ်တစ်ဖက်မှာဖြာကျနေတယ်
နောက်ကျောမှာ ပူလောင်သောဆီမီးတွေ
ပူလောင်သော သံယောဇဉ်တွေ
ကျန်ခဲ့ပြီ။
ထွက်ခွာသူ ဟာပြန်လာမှာပါ
အမှန်တရားတစ်ခုကိုပိုက်လို. ပြန်လာမှာ
အေးချမ်းမှုတစ်ခုကိုမျှဝေမှာပါ
တစ်ယောက်ယောက်ထက်
လောကကိုချစ်တာက ပိုမြင့်မြတ်တယ်မဟုတ်လား။
သောကဆင်းရဲဟာ တို.ကိုယ်တွင်းမှာဖန်ဆင်းတာ
အလှအပဟာတို.ကိုယ်တွင်းမှာဖန်ဆင်းတာ
တပ်မက်ခြင်းဟာလည်း တို.ကိုယ်တွင်းမှာဖန်ဆင်းတာ
အမှန်တရားကတော့ တို.ဖန်ဆင်းတာမဟုတ်ဘူး
တို.ကိုယ်တွင်းမှာရှိနေတာ။
ကြေကွဲခြင်းရဲ့ အစဟာ
ပျော်ရွှင်ခြင်းများဖြစ်နေခဲ့မလား
ဆုံးရှုံးခဲ့ရတာဟာ
ရယူမိခဲ့လို.များဖြစ်နေမလား
အဆုံးတစ်ခုဟာ
အစတစ်ခုကြောင့်ဆိုရင်
အဘယ်သို.သော အစကြောင့်
တို.ဘ၀တွေ ကြေကွဲရတာလဲ
အဘယ်သို.သော အစကြောင့်
တို.ဘ၀တွေ ပျော်ရွှင်ရတာလဲ
မင်းသိရင်ဖြေပါအနော်မာ။
ဘယ်လိုတရားတွေကြောင့်
တို.တတွေ သေဆုံးနေရတာလဲ
ဘယ်လိုတရားတွေကြောင့်
တို.တတွေ နာကျင်နေရတာလဲ
ဘယ်လိုတရားတွေကြောင့်
တို.တတွေ အိုမင်းကြရတာလဲ
ကြေကွဲဖွယ်အဆုံးသတ်တွေအတွက်
ပျော်ရွှင်မှုတွေစတင်ခဲ့ရတယ်ဆိုရင်
ဒီဘ၀ဒီဇာတ်လမ်းကိုမ“စ”ချင်တော့ဘူး။
ပန်းပွင့်လေးရဲ့ လှပမှုမှာ
ပျက်သုဉ်းခြင်းခိုအောင်းနေတယ်
ညနက်နက်မှာ မဖြူနိုင်တော့တဲ့တိမ်တွေ
အရိပ်အရောင်တွေကြောင့် ဖြစ်နေတဲ့လောက
တိမ်တွေနဲ.ဘာများကွာခြားပါသလဲ
ပြိုကွဲရမယ် ၊လေနှင်ရာရွေ.ရမယ်
ရွာကျရမယ်၊စုဖွဲ.ရမယ်
ဘ၀ဟာဒီလိုပဲ ဖြစ်နေရမှာလား။
ဆုံးရှုံးမှုတွေအတွက် ငိုကြွေးရခြင်းများ
မျက်ရည်တွေ သမုဒ္ဒရာထက်များနေမလား
မကြုံချင်လို.ရောရခဲ့ကြပါသလား
မျက်ရည်သုတ်သောလက်ထက်
မျက်ရည်မကျစေသောစိတ်ကိုပေးနိုင်သောသူဖြစ်လိုတယ်။
ငါတို.ရဲ့ အရိုးအကြောတွေတိုင်းဟာ
စက္ကန်.နဲ.အမျှပြိုကျနေတယ်
ဒုက္ခကို တို.မရွေးချယ်ခဲ့ကြပါဘူး
ဒုက္ခက တို.ကိုရွေးချယ်ခဲ့တယ်
အလုံးစုံသောတရားတွေ
ချစ်ခြင်းမုန်းခြင်းတွေ၊ လှပအကျည်းတန်ခြင်းတွေ
အောင်မြင်မှုဆုံးရှုံးမှုတွေ
အားလုံးအားလုံးကို
ပြိုကျပျက်စီးမှုလှိုင်းတွေက တိုက်ချသွားမှာပါ။
ဒါတွေကိုသိရဲ့နဲ.
တည်ဆောက်နေကြတဲ့မာန်မာနတွေ
တစ်ခဏသာယာမှုအတွက် တစ်ဘ၀လုံးနာကျင်ရခြင်းတွေ
တို.ရွေးချယ်ခဲ့တာမှန်ပါရဲ့လား။
စစ်သည်ဗိုလ်ပါတွေနဲ.စစ်ခင်းလို.မနိုင်တဲ့မင်းတစ်ပါး
လျှို.၀ှက်စွာစောင့်စားနေတယ်
အဝေးဆီကမျောက်မင်းအူသံသဲ့သဲ့ကြားလား
တို.အချိန်သတ်မှတ်လို.မရတဲ့တိုက်ပွဲမှာ
ရှုံးမှာလည်းသေချာတယ်
တို.ရဲ့ ပျော်ရွှင်ခြင်းတွေကိုသူကျိတ်ပြုံးနေခဲ့တယ်။
တို.ကိုယ်တွင်းမှာစောင့်နေတဲ့တရားမင်းဟာ
ဘယ်အချိန်မှာတိုက်ခိုက်လာမှာလဲ
ငါတို.အားကောင်းလေ သူ.ရက်စက်မှုကပြင်းထန်လေပါ
တို.ကိုချည်ထားတဲ့သံယောဇဉ်တွေ
တို.မွေးမြူထားတဲ့ အတ္တစစ်သည်တွေအတွက်
သူကပိုပြီးတော့ တုံ.ပြန်တတ်တယ်။
“ရှင်သေမင်း
လူချင်းငယ်တဲ့မတူပါ”
ကြားလိုက်ပါစ
အဝေးဆီကညည်းညူသံတွေ
ခြောက်ခြားဖွယ် ငိုကြွေးသံတွေ
သွေးပျက်ဖွယ်ကာလအတွက်
ငါတို.ဘာသာ
အထပ်ထပ်စုထားခဲ့တဲ့နှောင်တွယ်ခြင်းတွေပါလား
ဒီမရဏတေးကိုထပ်မကြားချင်လည်းကြားနေရမှာပဲ။
တို.ကလည်းတို.ပါ
သေခြင်းကိုကြောက်တတ်တယ်
အချိန်မရွေးသေတတ်တာကိုမမြင်ကြဘူး
နာခြင်းကိုကြောက်တတ်တယ်
အမြဲနာကျင်နေရတဲ့ဘ၀ကိုမမြင်ကြဘူး
ခွဲခွာခြင်းကိုတားချင်တယ်
တားဆီးမရတာကိုမှလွန်ဆန်ချင်ကြတယ်
မိုးကြိုးကိုလက်ဖ၀ါးနဲ.ကာမိသလိုပါလား။
တို.လုပ်ရမှာက
သစ်သားတွေကိုမီးရှို.ဖို.မဟုတ်ပါဘူး
အိမ်ဆောက်တဲ့လက်သမားဆရာကို ရှာဖွေဖို.ပါ
ပျိုးပင်တွေကိုမြေလှန်ဖို.မလိုပါဘူး
စိုက်ပျိုးသူလယ်သမားကိုရှာဖို.ပါ
ဒီအိမ်ဒီလယ်ကိုမတွယ်တာမှပဲ
ဒီနေရာကငိုကြွေးခြင်းကိုလွန်နိုင်လိမ့်မယ်။
ကြောက်ရွံ.မှုတွေအဆုံးမှာ
ကြောက်ရွံ.ဖွယ်မရှိသောတစ်နေရာရှိရမယ်
ငိုကြွေးမှုတွေ နောက်မှာ
ငိုကြွေးခြင်းမှ လွန်မြောက်ရာရှိရမယ်
တုန်လှုပ်မှုတွေ အပြီးမှာ
တုန်လှုပ်ခြင်း ကင်းသောအရာကိုတွေ.ရမယ်
လူတစ်ယောက်
အရောက်လာနေပါပြီ အနော်မာ။
လေးနက်သော ညဟာလေးနက်သောအတွေးကိုပေးတယ်
အေးမြသောလေညှင်းဟာအေးမြသောစိတ်ကိုပေးတယ်
ခဏဆိုပေမယ့် တစ်ဘ၀ခြေလှမ်းတွေအတွက်အားဆေးဖြစ်တယ်
တွေ.ရှိမှုဟာရှာဖွေမှုရှိမှသာရောက်လာမယ်
ခလုပ်တိုက်မိတာဟာကျောက်တုံးပဲ
ပတ္တမြားကတော့ နက်ရှိုင်းစွာတူးဖေါ်မှရမယ်။
ကိုယ်တိုင်မျက်ရည်သိမ်းဖို.တင်မကဘူး
သူများမျက်ရည်သိမ်းဖယ်ပေးနိုင်သောကိုယ်ဖြစ်လိုတယ်
ကယ်တင်ခြင်းစစ်စစ်ဟာ နှစ်သိမ့်မှုတင်မကဘူး
ဟိုး အရင်းအမြစ်ကစပြီး အေးချမ်းစေနိုင်သူဖြစ်လိုတယ်။
ပူလောင်မှုများမှခွဲခွာ
ငြိမ်းအေးမှုများ၏ အစကိုရှာဖွေဖို.ရာ
လူတစ်ယောက် လာနေပြီအနော်မာ
ဟိုး……တစ်ဖက်ကမ်းကိုကူးတော့မယ်
အလင်းရှိရာ………………….
…………………………………………..
…………………………………………………….
………………………………………………………………..
(၂၄.၉.၂၀၁၀တွင်ကွယ်လွန်သွားသော အစ်မ ဒေါ်ချိုချိုသိန်းအားရည်စူးရေးဖွဲ.ပါသည်။)
Subscribe to:
Posts (Atom)