အားလုံးကို နှုတ်ဆက်ပါတယ်
အဆိုးရှိလည်းပြေပါ
အငြိုးရှိလည်းကြေပါ။
ခွင့်လွှတ်ကြပါမပြောတော့ဘူး
ငါ့ဘ၀သာ အပျက်ခံမယ်
သူ.ဘ၀ဖျက်ဖို. မကြံခဲ့တာ
အားလုံးသိမှာပါ။
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လည်းမဖြစ်ချင်ပါဘူး
တစ်ခုပဲ
ငါ့ကိုချစ်၍ ငါချစ်သောမိန်းကလေးကိုရှာနေမိတာ
အခုတော့မဖြစ်နိုင်ခဲ့ပြီမို.
ငါ့ကိုချစ်၍ ငါချစ်သင့်သောမိန်းကလေးကိုပဲ
ငါဦးစားပေးခဲ့ပါတယ်။
ဒီကမ္ဘာကြီးမှာ ရွေးချယ်စရာများလွန်းလို.များ
ရွေးချယ်လို.မရခဲ့တာလား
အချစ်ဆိုတာကရော
ရွေးချယ်ရတာလား
နဖူးမှာ တို.မမြင်နိုင်တဲ့နာမည်တွေများရေးထိုးထားသလား
ငါလည်းမသိတော့ပါဘူးကွယ်။
တို.တွေပြန်ဆုံရင်
ငါ့ကိုပြုံးပြကြမှာလား
မျက်နှာတစ်ဘက်လှည့် တံတွေးထွေးမလား
ဘာဖြစ်ဖြစ်ပေါ့လေ
ငါ့မျက်နှာကို မေ့နိုင်ရင်အကောင်းဆုံးပေါ့။
သြော်…..
အဆိုးရှိလည်း ပြေပါစေ
အငြိုးရှိလည်း ကြေပါစေ။ ။
Friday, July 23, 2010
ရည်းစားနှစ်ယောက်ရှိဘူးတယ်-၂
ခွင့်လွှတ်ပါမပြောတော့ပါဘူး
(ခွင့်လွှတ်စရာ ကိစ္စလည်း မဟုတ်ပါဘူး)
တစ်ခုပဲ
နားလည်စွာ မုန်းတီးပေးပါ။
အပြစ်မရှိဘူးလို. မငြင်းခဲ့ပါဘူး
နတ်ရေကန်ထဲချလို. နင့်ဘ၀အသစ်ရရင်
ငါအသက်နဲ.လဲ ပို.ပေးပါတယ်
စိတ်ရင်းအမှန်ပါ။
ငါ့ကြောင့် လက်တစ်ဖက်ပြတ်သူနဲ.
ငါ့ကြောင့် လက်နှစ်ဘက်ပြတ်သူ
ပိုကြီးတဲ့ ဆုံးရှူံးသူကိုငါရွေးပါတယ်
နောက်ဘ၀ ဆိုတာရှိရင်
ငါရဲရဲလာမှာပါ
ငါကြေအောင်ဆပ်မှာပါ။
နှစ်ယောက်စလုံးအတွက်
လာခြင်းမကောင်းတဲ့လူတစ်ယောက်ကို
နှစ်ယောက်စလုံးက
မုန်းခြင်းကောင်းစွာ မုန်းပေးပါလေ။ ။
(ခွင့်လွှတ်စရာ ကိစ္စလည်း မဟုတ်ပါဘူး)
တစ်ခုပဲ
နားလည်စွာ မုန်းတီးပေးပါ။
အပြစ်မရှိဘူးလို. မငြင်းခဲ့ပါဘူး
နတ်ရေကန်ထဲချလို. နင့်ဘ၀အသစ်ရရင်
ငါအသက်နဲ.လဲ ပို.ပေးပါတယ်
စိတ်ရင်းအမှန်ပါ။
ငါ့ကြောင့် လက်တစ်ဖက်ပြတ်သူနဲ.
ငါ့ကြောင့် လက်နှစ်ဘက်ပြတ်သူ
ပိုကြီးတဲ့ ဆုံးရှူံးသူကိုငါရွေးပါတယ်
နောက်ဘ၀ ဆိုတာရှိရင်
ငါရဲရဲလာမှာပါ
ငါကြေအောင်ဆပ်မှာပါ။
နှစ်ယောက်စလုံးအတွက်
လာခြင်းမကောင်းတဲ့လူတစ်ယောက်ကို
နှစ်ယောက်စလုံးက
မုန်းခြင်းကောင်းစွာ မုန်းပေးပါလေ။ ။
ရည်းစားနှစ်ယောက်ရှိဘူးတယ်
တစ်ယောက်က ငါ့ကိုထားခဲ့တယ်
တစ်ယောက်ကို ငါကထားရစ်ခဲ့တယ်။
တစ်ယောက်ပျော်ဖို.ငါနေခဲ့ရတယ်
တစ်ယောက်စိတ်ညစ်ရမှာ သိလို.
ငါထားရစ်ခဲ့ရတယ်
(သူကတော့ မသိရှာပါဘူး)
အခုငါ့ကို မုန်းရောပေါ့။
ကျန်နေရစ်ရတာ စိတ်မချမ်းသာသလို
ချန်ထားရစ်ရတာလည်း မပျော်ပါဘူး။
သူရဲကောင်း ဖြစ်ချင်လွန်းလို.လည်းမဟုတ်ပါဘူး
ရိုးရိုးလေးပါပဲ
ကိုယ့်ကိုကိုယ် အမုန်းခံ
သူတို.နဲ.ကိုယ် သံသရာ အကြွေးမကျန်ဖို.
လူဆိုးစာရင်း အ၀င်ခံခဲ့တယ်။ ။
တစ်ယောက်ကို ငါကထားရစ်ခဲ့တယ်။
တစ်ယောက်ပျော်ဖို.ငါနေခဲ့ရတယ်
တစ်ယောက်စိတ်ညစ်ရမှာ သိလို.
ငါထားရစ်ခဲ့ရတယ်
(သူကတော့ မသိရှာပါဘူး)
အခုငါ့ကို မုန်းရောပေါ့။
ကျန်နေရစ်ရတာ စိတ်မချမ်းသာသလို
ချန်ထားရစ်ရတာလည်း မပျော်ပါဘူး။
သူရဲကောင်း ဖြစ်ချင်လွန်းလို.လည်းမဟုတ်ပါဘူး
ရိုးရိုးလေးပါပဲ
ကိုယ့်ကိုကိုယ် အမုန်းခံ
သူတို.နဲ.ကိုယ် သံသရာ အကြွေးမကျန်ဖို.
လူဆိုးစာရင်း အ၀င်ခံခဲ့တယ်။ ။
အမေ့ခံ သူရဲကောင်း-၂
ဓားကတော့ ထက်မြနေဆဲပဲ
ဒီလက်တွေက အားအင်မဲ့ခဲ့ပြီ။
ဂုဏ်ပြုပွဲတော်တွေနဲ. ဝေးရာမှာ
ငါတစ်ဦးထဲ စဉ်းစားနေခဲ့မိတယ်
သွေးနဲ.ရှင်းတဲ့ တိုက်ပွဲဟာ
သွေးနဲ.ရင်းရတာပါ
သွေးတဲ.ရေးတဲ့ သိက္ခာဟာ
သွေးနဲ.ပဲဆေးရတာပါ
ဘာအတွက် ငါ တိုက်ခိုက်ခဲ့တာလဲ။
အောင်မြင်မှုနောက် လိုက်နေကြတဲ့
အသစ်သော အသစ်သော သူရဲငယ်တွေ
သိက္ခာကို ဓားနဲ. ရှာဖွေနေကြတဲ့
နုပျိုသော ထက်မြက်သော လူငယ်တွေ
တကယ်ရော ရမှာလား
ရရင်ရော မြဲမှာလား
ဆို.နင့်စွာ ပြုံးမိတယ်။
ဘ၀ရဲ. အမွန်အမြတ်ဟာ
ဘယ်လို အောင်နိုင်ခြင်းမျိုးပါလဲ
ဒူးအစုံကိုညွတ်ချ
ချိနဲ.သော လက်အစုံကို
ပဒုမာကြာလို ပူးကပ်လိုက်ချိန်
ငါ့ရင်ထဲမှာသူရဲကောင်းတစ်ပါး
နုပျိုစွာ ဖွားမြင်လာခဲ့တယ်။ ။
ဒီလက်တွေက အားအင်မဲ့ခဲ့ပြီ။
ဂုဏ်ပြုပွဲတော်တွေနဲ. ဝေးရာမှာ
ငါတစ်ဦးထဲ စဉ်းစားနေခဲ့မိတယ်
သွေးနဲ.ရှင်းတဲ့ တိုက်ပွဲဟာ
သွေးနဲ.ရင်းရတာပါ
သွေးတဲ.ရေးတဲ့ သိက္ခာဟာ
သွေးနဲ.ပဲဆေးရတာပါ
ဘာအတွက် ငါ တိုက်ခိုက်ခဲ့တာလဲ။
အောင်မြင်မှုနောက် လိုက်နေကြတဲ့
အသစ်သော အသစ်သော သူရဲငယ်တွေ
သိက္ခာကို ဓားနဲ. ရှာဖွေနေကြတဲ့
နုပျိုသော ထက်မြက်သော လူငယ်တွေ
တကယ်ရော ရမှာလား
ရရင်ရော မြဲမှာလား
ဆို.နင့်စွာ ပြုံးမိတယ်။
ဘ၀ရဲ. အမွန်အမြတ်ဟာ
ဘယ်လို အောင်နိုင်ခြင်းမျိုးပါလဲ
ဒူးအစုံကိုညွတ်ချ
ချိနဲ.သော လက်အစုံကို
ပဒုမာကြာလို ပူးကပ်လိုက်ချိန်
ငါ့ရင်ထဲမှာသူရဲကောင်းတစ်ပါး
နုပျိုစွာ ဖွားမြင်လာခဲ့တယ်။ ။
Thursday, May 27, 2010
တောင်ပံလေးနဲ.ခရီးနှင်
(၁)
ခြေကုတ်မမြဲလို.
အကြိမ်ကြိမ်လဲကျဘူးခဲ့တယ်။
လေယမ်းဝှေ.တိုး
သစ်ရွက်မိုးနဲ.တော့မစိုချင်ဘူး
ကောင်းကင်ရဲ.လက်ဆောင်ကိုတောင်
လက်ဝေခံယူနေရရင်မလိုချင်ဘူး
အဲဒီမာနကလည်း
အမေ့ဇာတိပြတယ်။
ဒါပေမယ့်အမေ့သားက
မှားတဲ့နေရာမှာပိုပါတယ်
မမြဲလို.တော့မဟုတ်ဘူး
တစ်ယောက်သူမျက်ရည်ဝဲလို.
ဆွဲထားတဲ့လက်ကိုလွှတ်ပေးခဲ့ဘူးပါတယ်။
ကံကြမ္မာခင်းပေးတဲ့ လမ်းကိုမလျောက်ဘူး
အနုပညာကိုပဲ လိုက်ကောက်ချင်ခဲ့သူ
ငါဖောက်ထွင်းခဲ့တဲ့ ၀င်္ကဘာက
ဆူးကွန်ခြာ အလွှာလိုက် ထပ်နေတော့
ခြေထောက်တွေ စုတ်ပြတ်ခဲ့ပါပြီ။
(၂)
မြေပြင်က ကြမ်းတမ်းရုံပဲဆို
ဘယ်လိုဖြစ်ဖြစ် လျောက်ရဲပါတယ်
အခုတော့လည်း
လမ်းစတွေက စိတ်မွှာ
ဘယ်နေရာ ဘယ်အကွေ.မှာ
ဘာတွေ.မှာလဲ မသိတော့
လျောက်မိတဲ့ ခြေထောက်တွေက
နှလုံးသားကို သစ္စာဖောက်ပြီလား
တွေးမိရင် ရင်နာရပြန်တယ်။
ဒီလမ်းကိုပဲမှားလျောက်တော့
ဒီဆူးကပဲ ခြေကို ထပ်ဖောက်တာပေါ့
ပြုံးရတာလည်း ရှက်ဖို.ကောင်းပြီထင်တယ်
ကျောက်သင်ပုန်းပေါ်က “ကကြီး ခခွေး” လို
လက်လေးနဲ.ဖျက်လို.တော့ ဘယ်ရပါ့မလဲ။
(၃)
ဆူးဝင်္ကဘာမှာမောပန်းလည်း
ဝမ်းမနည်းခဲ့ပါဘူး
ဘယ်လက်မှာတွဲစရာမရှိပေမယ့်
ညာဘက်လက်တကြောလုံး
အနုပညာကသွေးတိုးနေတယ်
အချိန်တန်ရင် ပန်းတွေပွင့်လာမှာပါ။
အားပေးဖော်ဆိုတာက
အားငယ်တတ်သူတွေအတွက်ပေါ့
ငါလိုအပ်တာက
ပေးဆပ်သူမဟုတ်ဘူး
မျှဝေတတ်သူပဲဖြစ်တယ်။
(၄)
စံပယ်ကိုရှာရင်းနဲ.
နှင်းဆီဆူးနဲ.လည်း ငြိဘူးပြီ
အမှောင်ထဲကနှစ်ယောက်
တစ်ယောက်ကို တစ်ယောက် ၀င်တိုက်မိတာ
ရေစက်မဟုတ်ပါဘူး
ဝဍ္ဍ်ကြွေးကျေသွားတာပါ။
ပိုင်ရှင်ရှိတဲ့ သစ်ပင်ရိပ်လေးကို
ပိုင်ရှင်လာတော့ ဖယ်ပေးရသလို
ကိုယ်ပိုင်တဲ့ သစ်ပင်လေးကိုလည်း
အားကြီးသူလာတော့ ထပြေးခဲ့ရတာပါပဲ
ဒီကမ္ဘာကြီးကို နားလည်ရတာလည်း
ရင်ကွဲပက်လက်နိုင်လွန်းပါတယ်။
ကိုယ့်ဘ၀ရဲ့ မှတ်စုများမှာ
ခြေထောက်ဆိုတာက
ထွက်ပြေးဖို.နဲ. လမ်းမှားဖို.မျှသာ
အမေ့ကို အားနာမိသော
ထို ခဏငယ်များစွာမှသည်……
………………………………..
……………………………………
(၅)
မုန်တိုင်းကြမ်းကြမ်းပြီးတဲ့နောက်
လမ်းပျောက်တာလဲအကောင်းသား
စမ်းတ၀ါးဝါးသွားရင်း
မြရွက်ရည်သစ်နွယ်ကြားက
ပန်းသီးတစ်လုံးကိုစားမိတယ်။
ပြီး
အိပ်ပျော်သွားလိုက်တာ
နိုးလာတော့
ကမ္ဘာဟာတစ်ခုခုတော့မှားနေပြီ။
ဘယ်ဘက်ရင်ခွင်က
ပြည့်လျှမ်းလာတဲ့တစ်စုံတစ်ရာဟာ
ပခုံးသားတစ်လျောက်
တင်းရင်းနွေးမြသွားလို.
ခေါင်းငဲ့ကြည့်မိတော့
အို……………………………
…………………………………
…………………………………
မျက်လုံးထဲမှာငွေဖြူရောင်လက်သွားတယ်
လမင်းရဲ.ကြည်သန်.မှုနဲ.
ငါ့မှာ
တောင်ပံတစ်စုံနဲ.
တောင်ပံတစ်စုံနဲ.
တောင်ပံတွေတစ်စုံနဲ.။
(၆)
ပန်းပွင့်လေးတွေက
ကောင်းကင်ကိုပဲမော့ကြည့်တယ်
မီးခိုးမွမွတွေက
အပေါ်ကိုပဲလွင့်တက်တယ်
အထက်တစ်နေရာမှာ
တို.မသိတဲ့မြင့်မြတ်မှုတစ်ခုခု
ရှိနေမှာအသေအချာပေါ့…………
ပျံသန်းခြင်းဟာ
ဘုရားသခင်ရဲ.လက်ဆောင်မွန်ဆိုရင်
တောင်ပံတွေဟာ
လူသားနဲ.ဒေ၀တာကိုဆက်သွယ်တဲ့
တစ်ခုတည်းသောကြိုးဖြစ်တယ်။
ခြေထောက်ဆိုတာက
လမ်းရှိမှလှမ်းလို.ရတယ်
အကန်.အသတ်မဲ့လွတ်လပ်ခြင်းကိုတော့
တောင်ပံတွေကပေးတယ်
မြေပြင်ကရက်စက်တတ်တယ်
ကောင်းကင်ကသိမ်မွေ.တယ်
တို.ဘ၀တွေက
ရွေးချယ်ခွင့်နည်းလွန်းခဲ့တယ်။
တောမီးတွေလောင်ချိန်
ခြင်္သေ့တွေကျားတွေလည်စင်းခံရတယ်
ငှက်တွေကတော့
လေကိုဆန်ပီးနေရာသစ်ရှာတယ်
လောကဟာ
အဓိပ္ပါယ်တစ်ခုခုရှိနေတာပဲ။
(၇)
အိပ်မက်ဆိုရင်လည်း
ကျေနပ်ပါတယ်
အမေပေးတဲ့ခြေထောက်တွေက
တာဝန်ကျေအောင် ထမ်းခဲ့ပီးပါပြီ
ခုအချိန်မှာတော့
တောင်ပံလေးနဲ. ခရီးဆက်ပါရစေဦး။
သော့လေးတစ်ချောင်းထဲမှာ
အခန်းကြီးတစ်ခုသိမ်းထားသလိုမျိုး
တောင်ပံလေးထဲမှာ
င့ါအနာဂတ်တစ်ခုလုံးဝှက်ထားလိုက်မယ်
ခက်ခဲဘူးတဲ့တောင်ထိပ်တွေ
ဝေးလွန်းတဲ့ပန်းတိုင်တွေ
မရောက်ဘူးတဲ့စားကျက်တွေအတွက်
မြေပုံလေးပဲဆိုကြပါစို.။
လမ်းတွေကငါ့ခြေထောက်တွေကိုခေါ်ယူတော့
ငါဟာလမ်းရဲ.အစေအပါးပဲဖြစ်ရတယ်
တောင်ပံလေးနဲ.ကျ ငါဟာ
ရှုခင်းတွေကိုငါ့ဆီခေါ်ယူနိုင်တဲ့
နတ်တမန်တစ်ပါးလိုခံစားရပြန်လေတယ်။
လမ်းမရှိလည်းဘာအရေးလဲ
ကောင်းကင်ဟာငါ့လမ်းဖြစ်တယ်
ခက်ခဲခဲ့ဘူးသောအနာဂတ်ရေ
အရှူံးကနေ ငါပြန်အနိုင်ယူဖို.
တောင်ပံလေးနဲ.ငါပျံလာခဲ့မယ်။
ကောင်းကင်မှာဝင်္ကဘာမရှိဘူး
တောင်ပံလေးကလမ်းညွှန်အလံလေးပဲ
မြေပြင်ကရှုပ်ထွေးမည်းနက်တယ်
ကောင်းကင်ကရှင်းလင်းတောက်ပတယ်
တောင်ပံလေးနဲ.ခရီးနှင်မယ်။
(၈)
ငါ့တောင်ပံလေးရေ
လောက ကိုပြန်လည်ဖန်ဆင်းဖို.
ငါ့ဆီကို မင်းရောက်လာခဲ့တယ်
ဘ၀ကိုပြန်လည် ဦးသစ်ရွှန်းမြဖို.
မင်းနဲ.ငါခရီးနှင်ကြပါစို.ကွယ်။
စံပယ်များပွင့်ရာဆီ
သစ္စာတရား ထွန်းကားရာဆီ
အမုန်းတရားများဝေးရာဆီ
အသစ်ဖြစ်သော အရာရာဆီ
တောင်ပံလေးနဲ.
တောင်ပံလေးနဲ. ခရီးနှင်။ ။
ခြေကုတ်မမြဲလို.
အကြိမ်ကြိမ်လဲကျဘူးခဲ့တယ်။
လေယမ်းဝှေ.တိုး
သစ်ရွက်မိုးနဲ.တော့မစိုချင်ဘူး
ကောင်းကင်ရဲ.လက်ဆောင်ကိုတောင်
လက်ဝေခံယူနေရရင်မလိုချင်ဘူး
အဲဒီမာနကလည်း
အမေ့ဇာတိပြတယ်။
ဒါပေမယ့်အမေ့သားက
မှားတဲ့နေရာမှာပိုပါတယ်
မမြဲလို.တော့မဟုတ်ဘူး
တစ်ယောက်သူမျက်ရည်ဝဲလို.
ဆွဲထားတဲ့လက်ကိုလွှတ်ပေးခဲ့ဘူးပါတယ်။
ကံကြမ္မာခင်းပေးတဲ့ လမ်းကိုမလျောက်ဘူး
အနုပညာကိုပဲ လိုက်ကောက်ချင်ခဲ့သူ
ငါဖောက်ထွင်းခဲ့တဲ့ ၀င်္ကဘာက
ဆူးကွန်ခြာ အလွှာလိုက် ထပ်နေတော့
ခြေထောက်တွေ စုတ်ပြတ်ခဲ့ပါပြီ။
(၂)
မြေပြင်က ကြမ်းတမ်းရုံပဲဆို
ဘယ်လိုဖြစ်ဖြစ် လျောက်ရဲပါတယ်
အခုတော့လည်း
လမ်းစတွေက စိတ်မွှာ
ဘယ်နေရာ ဘယ်အကွေ.မှာ
ဘာတွေ.မှာလဲ မသိတော့
လျောက်မိတဲ့ ခြေထောက်တွေက
နှလုံးသားကို သစ္စာဖောက်ပြီလား
တွေးမိရင် ရင်နာရပြန်တယ်။
ဒီလမ်းကိုပဲမှားလျောက်တော့
ဒီဆူးကပဲ ခြေကို ထပ်ဖောက်တာပေါ့
ပြုံးရတာလည်း ရှက်ဖို.ကောင်းပြီထင်တယ်
ကျောက်သင်ပုန်းပေါ်က “ကကြီး ခခွေး” လို
လက်လေးနဲ.ဖျက်လို.တော့ ဘယ်ရပါ့မလဲ။
(၃)
ဆူးဝင်္ကဘာမှာမောပန်းလည်း
ဝမ်းမနည်းခဲ့ပါဘူး
ဘယ်လက်မှာတွဲစရာမရှိပေမယ့်
ညာဘက်လက်တကြောလုံး
အနုပညာကသွေးတိုးနေတယ်
အချိန်တန်ရင် ပန်းတွေပွင့်လာမှာပါ။
အားပေးဖော်ဆိုတာက
အားငယ်တတ်သူတွေအတွက်ပေါ့
ငါလိုအပ်တာက
ပေးဆပ်သူမဟုတ်ဘူး
မျှဝေတတ်သူပဲဖြစ်တယ်။
(၄)
စံပယ်ကိုရှာရင်းနဲ.
နှင်းဆီဆူးနဲ.လည်း ငြိဘူးပြီ
အမှောင်ထဲကနှစ်ယောက်
တစ်ယောက်ကို တစ်ယောက် ၀င်တိုက်မိတာ
ရေစက်မဟုတ်ပါဘူး
ဝဍ္ဍ်ကြွေးကျေသွားတာပါ။
ပိုင်ရှင်ရှိတဲ့ သစ်ပင်ရိပ်လေးကို
ပိုင်ရှင်လာတော့ ဖယ်ပေးရသလို
ကိုယ်ပိုင်တဲ့ သစ်ပင်လေးကိုလည်း
အားကြီးသူလာတော့ ထပြေးခဲ့ရတာပါပဲ
ဒီကမ္ဘာကြီးကို နားလည်ရတာလည်း
ရင်ကွဲပက်လက်နိုင်လွန်းပါတယ်။
ကိုယ့်ဘ၀ရဲ့ မှတ်စုများမှာ
ခြေထောက်ဆိုတာက
ထွက်ပြေးဖို.နဲ. လမ်းမှားဖို.မျှသာ
အမေ့ကို အားနာမိသော
ထို ခဏငယ်များစွာမှသည်……
………………………………..
……………………………………
(၅)
မုန်တိုင်းကြမ်းကြမ်းပြီးတဲ့နောက်
လမ်းပျောက်တာလဲအကောင်းသား
စမ်းတ၀ါးဝါးသွားရင်း
မြရွက်ရည်သစ်နွယ်ကြားက
ပန်းသီးတစ်လုံးကိုစားမိတယ်။
ပြီး
အိပ်ပျော်သွားလိုက်တာ
နိုးလာတော့
ကမ္ဘာဟာတစ်ခုခုတော့မှားနေပြီ။
ဘယ်ဘက်ရင်ခွင်က
ပြည့်လျှမ်းလာတဲ့တစ်စုံတစ်ရာဟာ
ပခုံးသားတစ်လျောက်
တင်းရင်းနွေးမြသွားလို.
ခေါင်းငဲ့ကြည့်မိတော့
အို……………………………
…………………………………
…………………………………
မျက်လုံးထဲမှာငွေဖြူရောင်လက်သွားတယ်
လမင်းရဲ.ကြည်သန်.မှုနဲ.
ငါ့မှာ
တောင်ပံတစ်စုံနဲ.
တောင်ပံတစ်စုံနဲ.
တောင်ပံတွေတစ်စုံနဲ.။
(၆)
ပန်းပွင့်လေးတွေက
ကောင်းကင်ကိုပဲမော့ကြည့်တယ်
မီးခိုးမွမွတွေက
အပေါ်ကိုပဲလွင့်တက်တယ်
အထက်တစ်နေရာမှာ
တို.မသိတဲ့မြင့်မြတ်မှုတစ်ခုခု
ရှိနေမှာအသေအချာပေါ့…………
ပျံသန်းခြင်းဟာ
ဘုရားသခင်ရဲ.လက်ဆောင်မွန်ဆိုရင်
တောင်ပံတွေဟာ
လူသားနဲ.ဒေ၀တာကိုဆက်သွယ်တဲ့
တစ်ခုတည်းသောကြိုးဖြစ်တယ်။
ခြေထောက်ဆိုတာက
လမ်းရှိမှလှမ်းလို.ရတယ်
အကန်.အသတ်မဲ့လွတ်လပ်ခြင်းကိုတော့
တောင်ပံတွေကပေးတယ်
မြေပြင်ကရက်စက်တတ်တယ်
ကောင်းကင်ကသိမ်မွေ.တယ်
တို.ဘ၀တွေက
ရွေးချယ်ခွင့်နည်းလွန်းခဲ့တယ်။
တောမီးတွေလောင်ချိန်
ခြင်္သေ့တွေကျားတွေလည်စင်းခံရတယ်
ငှက်တွေကတော့
လေကိုဆန်ပီးနေရာသစ်ရှာတယ်
လောကဟာ
အဓိပ္ပါယ်တစ်ခုခုရှိနေတာပဲ။
(၇)
အိပ်မက်ဆိုရင်လည်း
ကျေနပ်ပါတယ်
အမေပေးတဲ့ခြေထောက်တွေက
တာဝန်ကျေအောင် ထမ်းခဲ့ပီးပါပြီ
ခုအချိန်မှာတော့
တောင်ပံလေးနဲ. ခရီးဆက်ပါရစေဦး။
သော့လေးတစ်ချောင်းထဲမှာ
အခန်းကြီးတစ်ခုသိမ်းထားသလိုမျိုး
တောင်ပံလေးထဲမှာ
င့ါအနာဂတ်တစ်ခုလုံးဝှက်ထားလိုက်မယ်
ခက်ခဲဘူးတဲ့တောင်ထိပ်တွေ
ဝေးလွန်းတဲ့ပန်းတိုင်တွေ
မရောက်ဘူးတဲ့စားကျက်တွေအတွက်
မြေပုံလေးပဲဆိုကြပါစို.။
လမ်းတွေကငါ့ခြေထောက်တွေကိုခေါ်ယူတော့
ငါဟာလမ်းရဲ.အစေအပါးပဲဖြစ်ရတယ်
တောင်ပံလေးနဲ.ကျ ငါဟာ
ရှုခင်းတွေကိုငါ့ဆီခေါ်ယူနိုင်တဲ့
နတ်တမန်တစ်ပါးလိုခံစားရပြန်လေတယ်။
လမ်းမရှိလည်းဘာအရေးလဲ
ကောင်းကင်ဟာငါ့လမ်းဖြစ်တယ်
ခက်ခဲခဲ့ဘူးသောအနာဂတ်ရေ
အရှူံးကနေ ငါပြန်အနိုင်ယူဖို.
တောင်ပံလေးနဲ.ငါပျံလာခဲ့မယ်။
ကောင်းကင်မှာဝင်္ကဘာမရှိဘူး
တောင်ပံလေးကလမ်းညွှန်အလံလေးပဲ
မြေပြင်ကရှုပ်ထွေးမည်းနက်တယ်
ကောင်းကင်ကရှင်းလင်းတောက်ပတယ်
တောင်ပံလေးနဲ.ခရီးနှင်မယ်။
(၈)
ငါ့တောင်ပံလေးရေ
လောက ကိုပြန်လည်ဖန်ဆင်းဖို.
ငါ့ဆီကို မင်းရောက်လာခဲ့တယ်
ဘ၀ကိုပြန်လည် ဦးသစ်ရွှန်းမြဖို.
မင်းနဲ.ငါခရီးနှင်ကြပါစို.ကွယ်။
စံပယ်များပွင့်ရာဆီ
သစ္စာတရား ထွန်းကားရာဆီ
အမုန်းတရားများဝေးရာဆီ
အသစ်ဖြစ်သော အရာရာဆီ
တောင်ပံလေးနဲ.
တောင်ပံလေးနဲ. ခရီးနှင်။ ။
Tuesday, May 18, 2010
နင့်လူနဲ. ငါ တွေ.ချင်တယ်
နင့်လူနဲ. ငါ တွေ.ချင်တယ်
နင်တို.ကို မနှောက်ယှက်ပါဘူး
ငါပြောစရာလေးတွေရှိလို. ……..
နင့်လူနဲ. ငါ တွေ.ချင်တယ်
နင် ကန်စွန်းရွက်ကြော် ကြိုက်တာ ပြောပြဖို.
နင်စိတ်ကောက်ရင်
ချော့တာထက် ဘေးမှာငြိမ်ငြိမ်လေးနေတာ
ပိုထိရောက်ကြောင်း ပြောပြဖို.။
နင့်လူနဲ. ငါ တွေ.ချင်တယ်
ဆောင်းတွင်းရောက်ရင်
နင့် လက်ဖ၀ါးလေးတွေ ယားတတ်တာဂရုစိုက်ပေးဖို.
နင့်နားပေါက်တွေက
သံထည်တွေပန်ရင် ယောင်တတ်တာပြောပြဖို.။
နင့်လူနဲ. ငါ တွေ.ချင်တယ်
အချိန်ရရင်
နင့်ဆံပင်ကြမ်းတွေ ရွေးနှုတ်ပေးဖို.
(နင်သွားကိုက်တတ်တာတော. မပြောတော့ဘူး
သူကုတတ်မှာပါ :p )
နင့်လူနဲ. ငါ တွေ.ချင်တယ်
နင်ဆိုင်ကယ် အမြန်မောင်းတာ သတိပေးခိုင်းဖို.
အစာမှားရင်
နင်ဗိုက်နာတတ်တာ သိထားဖို.။
နင့်လူနဲ. ငါ တွေ.ချင်တယ်
ညည နင်နဲ.အတူ
ကြယ်တွေကို ထိုင်ကြည့်ပေးပါ ပြောမလို.
မေမြို.တက်ရင်
(ပိုက်ဆံကုန်သွားလို. တို.မ၀င်ခဲ့ရတဲ့)
ရုက္ခဗေဒ ဥယျာဉ်
ပို.ဖြစ်အောင်ပို.ဖို. မှာချင်လို.။
နင့်လူနဲ. ငါ တွေ.ချင်တယ်
နင့်လူနဲ. ငါ တွေ.ချင်တယ်
နင့်လူနဲ. ငါ တွေ.ချင်တယ်
……………………………………
……………………………………
……………………………………
နင်တို.ကို မနှောက်ယှက်ပါဘူး
ငါပြောစရာလေးတွေရှိလို. ……..
နင့်လူနဲ. ငါ တွေ.ချင်တယ်
နင် ကန်စွန်းရွက်ကြော် ကြိုက်တာ ပြောပြဖို.
နင်စိတ်ကောက်ရင်
ချော့တာထက် ဘေးမှာငြိမ်ငြိမ်လေးနေတာ
ပိုထိရောက်ကြောင်း ပြောပြဖို.။
နင့်လူနဲ. ငါ တွေ.ချင်တယ်
ဆောင်းတွင်းရောက်ရင်
နင့် လက်ဖ၀ါးလေးတွေ ယားတတ်တာဂရုစိုက်ပေးဖို.
နင့်နားပေါက်တွေက
သံထည်တွေပန်ရင် ယောင်တတ်တာပြောပြဖို.။
နင့်လူနဲ. ငါ တွေ.ချင်တယ်
အချိန်ရရင်
နင့်ဆံပင်ကြမ်းတွေ ရွေးနှုတ်ပေးဖို.
(နင်သွားကိုက်တတ်တာတော. မပြောတော့ဘူး
သူကုတတ်မှာပါ :p )
နင့်လူနဲ. ငါ တွေ.ချင်တယ်
နင်ဆိုင်ကယ် အမြန်မောင်းတာ သတိပေးခိုင်းဖို.
အစာမှားရင်
နင်ဗိုက်နာတတ်တာ သိထားဖို.။
နင့်လူနဲ. ငါ တွေ.ချင်တယ်
ညည နင်နဲ.အတူ
ကြယ်တွေကို ထိုင်ကြည့်ပေးပါ ပြောမလို.
မေမြို.တက်ရင်
(ပိုက်ဆံကုန်သွားလို. တို.မ၀င်ခဲ့ရတဲ့)
ရုက္ခဗေဒ ဥယျာဉ်
ပို.ဖြစ်အောင်ပို.ဖို. မှာချင်လို.။
နင့်လူနဲ. ငါ တွေ.ချင်တယ်
နင့်လူနဲ. ငါ တွေ.ချင်တယ်
နင့်လူနဲ. ငါ တွေ.ချင်တယ်
……………………………………
……………………………………
……………………………………
Monday, May 17, 2010
သက်တံ့
သက်တံ့ ဆိုတာက
အပေါ်စွန်းထုတ်ပြတဲ့
စက်ဝိုင်းတစ်ခု မျှသာ…..
ကျန်ရှိတဲ့ စက်ဝန်းပြတ်
ကမ္ဘာမြေရဲ. ရင်ဘတ်ထဲမှာရှိတယ်
ကွယ်ဝှက်တတ်တဲ့ သဘောက
လောကရဲ. သဘာဝ ဆိုပါတော့ကွယ်။
မေတ္တာဆိုတဲ့ သက်တံ့ရဲ.
ထိန်ချန်တဲ့ စက်ဝန်းတစ်ပိုင်း
ငါ့ရင်ထဲမှာ သူ.အတိုင်း ကျန်သေးတယ်
ဖယ်ရှားပေါင်းထည့်ခြင်း မလုပ်မိအောင်
အရှိအတိုင်း ထားလိုက်ချင်ပေမင့်
နင် မြင်သင့်သလား တွေးမိလို.ပါ။
မီးကျိုးမောင်းပျက် စိတ်ကူးနဲ.
သံယောဇဉ်ကို ခူးချင်တဲ့စိတ်
အရိပ်တကြည့်ကြည့် ဆပ်ပြာပူပေါင်းလေးကို
ပုဆိန်နဲ. ခုတ်ပစ်တယ်ဆိုမလား
ငါ့အမှားပဲထားပါလေ ။
မသိစိတ်က လှုပ်နှိုး
မေးခွန်းမျက်ဝန်းလေး လှမ်းအခိုးမှာ
ငါ….ရိုရိုကျိုးကျိုးလေး မြတ်နိုးသွားခဲ့မိတာ
ကာလတစ်ခုပြီးတစ်ခု ပြုစား
ငါ့ရဲ.မှော်နတ်ဖုရားမလေးရေ
ကြယ်မှုန်မှုန် အတွေးတွေတိုင်းမှာ
သက်တံ့တစ်ပိုင်းလို ကိုင်းညွတ်အုပ်မိုး
ငါဖြူစင်အောင် နင်ပျိုးခဲ့ဘူးတယ်။
နင်တန်ဖိုးထားထား မထားထား
ငါ့ ကမ္ဘာဦး မေတ္တာတရားက
အငြင်းပွားဖွယ် မဲ့ တည်ခဲ့တယ်
ဘယ်မှော်ရုံ ၀င်္ကဘာကမှ
ငါ့ လားရာကို မဖျက်နိုင်ခဲ့ဘူး။
ပိုင်ဆိုင်ဖို.ထက် မြတ်နိုးဖို.ကို
ငါ ပိုလို. အလေးထားရင်း
ကိုးကွယ်ခြင်းနဲ. တပိုင်းသေနေတဲ့
ကောင်လေးတစ်ယောက်ရဲ. အိပ်မက်ရှည်တွေလေ
နင့်ကြောင့် အရွက်အခက်ဝေခဲ့တယ်။
အဲဒီလို
ရိုးရိုးသားသား အံကိုကြိတ်
ကောင်းကင်ကို တိတ်တဆိတ်မော့ကြည့်
တိမ်တွေကို စကားပြောမိခဲ့
လူရှင်းတဲ့လမ်းတွေပေါ်မှာ
နာမည်လေးတစ်ခုကို တိုးတိုးခေါ်ရင်း
သက်ပြင်းတွေ ချဘူးခဲ့ပြီ။
အတည်အတံ့ ငါ့ရင်ခွင်ဟာ
နင်မြင်တာထက် ပိုသိပ်သည်းခဲ့တယ်
မြိုသိပ်တဲ့ အနက်အရှိုင်းကို
နင်သိအောင် သမိုင်းမတင်ခဲ့တာဟာ
တိမ်လွှာပေါ်က သဏ္ဌာန်ရုပ်ကို
နင် သက်သေလုပ်မယ် မထင်လို.ပါ။
အကြည့်ထက်မပိုတဲ့ မေတ္တာတရား
နင်ဘယ်လို နားလည်မှာလဲ
တောကြီးမျက်မည်းထဲက သစ်ရွက်တစ်စ
တစ်တောလုံးရဲ့ သဘာဝ မဟုတ်ဘူး
ရည်စူးသမျှတွေ ခင်းကျင်း
ငါ့ တစ်ဘ၀လုံးလင်းခဲ့တာတောင်
နင်သိအောင်မပြခဲ့ဘူးလေ။
ယုံကြည်ခြင်းတရား ဆိုတာက
မြင်နိုင်တဲ့ အကြောင်းဆက်တွေကို သက်သေပြ
တစ်ခုခြင်း ရေတွက်သွားရတယ်
တကယ်တော့လည်း
ငါ့အဖြစ်က ရေခဲကျွန်းလို
မဖြစ်စလောက်ပဲ သောင်ထွန်းခွင့်ရ
ခမ်းနားကြောင်း ဘယ်လိုပြမှာလဲ။
သြော်…..အရှိကနေ ဆင့်ပွားတွေးရတဲ့အသိ
မြင်တတ်အောင် ဘယ်လိုကြည့်ရပါ့
နင်မြင်နိုင်သမျှက အပေါ်ယံကြောပါ
နက်ရှိုင်းတဲ့ အတွင်းသဘောကို
ထုတ်ခြင်းခတ် မြင်အောင်ပြောချင်သေးတယ်။
နင်မကြည့်တဲ့ မြင်ကွင်းအောက်ကိုမှ
ယောက်ျားဆန်ဆန် ဒူးထောက်ပြခဲ့သူ
နောက်ကျတတ်တဲ့ စကားလုံးတွေကြောင့်
ယောက်ျားဆန်ဆန် ရှုံးနေရတယ်။
စိတ်တူကိုယ်တူ ဝေးခဲ့တာမဟုတ်တော့
အတွေးတွေ ဖြန်.ကာအုပ်မိုးတဲ့ညတိုင်း
အရူးတစ်ပိုင်း အိပ်မက်တွေနဲ.လန်.နိုး
သူစိမ်းဆန်တာ ဆိုးတယ်ကွယ်။
ငါ့ရဲ. ရာဇ၀င် စံပါယ်ဦးလေးရယ်
ဥပေက္ခာ အစိမ်းတွေ ရင်မှာစူးလောက်အောင်
ဘယ်အမှားအယွင်းကိုမှ မခူးမိပါလားကွယ်။
နင်မယုံကြည်နိုင်တဲ့ မေတ္တာ
ငါမဖေါ်ပြသာတဲ့ သံယောဇဉ်
နင်မမြင်နိုင်ခဲ့တဲ့ နာမဓာတ်တွေနဲ.
နင့်ကိုနင် ကန်.သတ်ထားပါ
နင်စည်းခြားလိုက်တဲ့ တံခါးက
နင့်ပစ္စည်း ယူမသွားအောင်တားနိုင်သလို
နင့်ကို ပေးချင်တဲ့ပစ္စည်းကိုလည်း
နင့်လက်ထဲ မထည့်အောင် တားသွားတာပါပဲ။
ခေါင်းငုံ. အံကြိတ်
ကိုယ့်ဒဏ္ဏာရီကိုယ် ပြန်ပိတ်ခဲ့ရ
တစ်ဘ၀စာမိုးသည်း
ယုံကြည်ခြင်းတွေ အိမ်ယာအပြောင်းမှာ
ကောင်းကင်နဲ. ငါ့တောင်ပံ လွဲခဲ့ပြီ။
နတ်ဆိုးတွေ ကျိန်စာဖတ်တဲ့ အရပ်တောင်မှ
ငါခြေဦးမချဘူးပါပဲနဲ.
စိမ်ပြေနပြေ အထင်တော်လွဲခဲ့တာ
အသည်းဆို.အောင်နာတယ်။
မျော်လင့်ခြင်းတွေ တန်းလန်းနဲ.
လက်ပန်းကျနေသူ တစ်ယောက်
ရေကြည်တစ်ပေါက် မပေးရင်နေပါ
ခြေနဲ. မကန်ကျောက်သင့်ပါဘူး။
အကြည့်တွေ တနွယ်ငင်ငင် စိမ်းလဲ့ကြ
ဘာ့ကြောင့်များ ယုံကြည်မပေးသလဲ
ရင်ထဲမှာ နင့်နင့်သက်သက်
ပတ်ဝန်းကျင် ချည်တဲ့ကြိုးက
မိုးမလင်းခင် ပွဲဖျက်တယ်။
တစ်လမ်းမောင်း ပန်းပွင့်လေးကိုမှ
ခဏခဏမှိုင်းတိုက်
ငါက…..
သူရဲကောင်းဆန်ဆန် မမိုက်ရဲလို.
တိုက်ပွဲမှာ ကျသူပါ။
အထီးကျန် ရထားလေးက
ဥသြသံ ဖြူလျော်လျော်တောင် မပေးပဲ
အဝေးကို အပြေးတပိုင်း ထွက်ခွာ
နာကျင်ခြင်း ကုန်အပြည့် တင်ဆောင်
ငါနင့်ကို ရှောင်ပါ့မယ်။
သူ.ကို သိပ်ချစ်လို.
တစ်ဘ၀လုံး ပြန်“သစ်”ချင်ပေမယ့်
ဘယ်ဖြစ်နိုင်ပါ့မလဲကွယ်
ကိုယ့်ရင်ထဲ ကိုယ်ပြန်ပုန်းပြီး
မျက်ရည်အ၀ါနဲ.
ငါ……ရှုံးမယ်……..
ချစ်မိသူ ဆိုတာ မနာရက်ဘူးကွယ့်
တွေးတဲ့အခါတိုင်း အသစ်ဖြစ်
ငါ့မှာ အရင်ထက် ပိုချစ်မိ
နင် သိရင် ရယ်ဦးမှာ…….
ယုံကြည်မှုကို ပေးအပ်ဖို.က
ခြေတစ်လှမ်းမက နောက်ကျခဲ့ပြီ
ဒီရေပြာပြာ အိပ်မက်တွေက
အတိတ်လပြည့်ည တိုင်း တက်တယ်။
တမြတ်တနိုးလေးရေ
ဝေးကွာခြင်းတွေ တနံတလျားနဲ.
ကာလများ အလွှာလွှာ အထပ်ထပ်မှာ
တယိုင်တရွဲ. ရပ်တည်ခဲ့ရတယ်
ခဏငယ်တိုင်းမှာ ပျံ.ဆွတ်
မျော်လင့်ခြင်းပန်းခိုင်က
မနိုင့်တနိုင် ယိုင်ညွှတ်တယ်။
ကံနည်းသူတွေ လျှောက်တဲ့လမ်းပေါ်
မျော်လင့်ခွင့်ကို ဆုတ်ကိုင်
ဘယ်အချိန်မှာ ပြန်တိုက်ဆိုင်မလဲ
မရဲတရဲ ပင်လယ်သစ်လေးမှာ
“ကျွန်း” ဖြစ်လာပါကွယ်။
သူသူကိုယ်ကိုယ် လွမ်းခဲ့ကြဘူး
ငါ့ကျမှ ပိုထူးသလား
တနေ.တခြား တိုးတိုးသတိရ
ကျားကုတ်ကျားခဲ ချစ်မိသူမှာ
ဆွတ်ဖြူစွာ သတိရနေရဲ.။
တစ်ခါတစ်ခါကျ
အောက်ကျ နောက်ကျ ခြေထောက်တွေနဲ.
ပြန်လည်ဒူးထောက်မယ် စိတ်ကူးမိ
ရှိစုမဲ့စု မာနလေးက
ပြန်သွားခွင့် မပေးဘူးကွယ်။
မိန်းကလေးတို. အဖြစ်
အချစ်နဲ. အယုံအကြည်
တစ်ပိုင်းစီ ကန်.ထားသလို
ယောက်ျားတို.ရဲ.ဘဝ
အချစ်နဲ. မာန
အခိုင်အမာ ခွဲထားကြတယ်။
တရှိုင်းနင့်နင့် ငါ့ချစ်ခြင်း
အကြွင်းမဲ့ တည်ရှိပေမယ့်
ရှိသင့်တဲ့ သိက္ခာတရား
ထားနိုင်အောင် ငါထားမယ်။
အမှတ်မဲ. ပြန်ဆုံတဲ့အခါ
နင့်မျက်နှာ ကွယ်အ၀ှက်ကို
မက်မက်သက်သက် အငေးမှတပါး
အခြားသော သံယောဇဉ်
နင်မမြင်အောင် “တား”မယ်။
အဲဒီ တစ်နေ.လုံး
အရင့်နက်ဆုံး အပြုံးနဲ.
တစ်ယောက်ထဲ ရိုးရဲပြုံးရင်း
အလင်းဖွဖွ ကောင်းကင်မှာ
သက်တံ့ ရှိမရှိ ရှာကြည့်မယ်။
ဒါပါပဲ
သက်တံ့ရဲ. ကွယ်ဝှက်တဲ့စက်ဝန်းပြတ်
သံယောဇဉ်မဲ.မမြင်အပ်ဘူး
မြင်တတ်အောင် ကြည့်ဦးတော့
အဆုံးအရှုံး ကောင်းကင်မှာ
မိုးသားတွေ ကင်းစင်ပြီပဲ
ဘာထူးမှာလဲ
ဘာ
ထူး
တော့
မှာ
လဲ
ကွယ်…….။ ။
အပေါ်စွန်းထုတ်ပြတဲ့
စက်ဝိုင်းတစ်ခု မျှသာ…..
ကျန်ရှိတဲ့ စက်ဝန်းပြတ်
ကမ္ဘာမြေရဲ. ရင်ဘတ်ထဲမှာရှိတယ်
ကွယ်ဝှက်တတ်တဲ့ သဘောက
လောကရဲ. သဘာဝ ဆိုပါတော့ကွယ်။
မေတ္တာဆိုတဲ့ သက်တံ့ရဲ.
ထိန်ချန်တဲ့ စက်ဝန်းတစ်ပိုင်း
ငါ့ရင်ထဲမှာ သူ.အတိုင်း ကျန်သေးတယ်
ဖယ်ရှားပေါင်းထည့်ခြင်း မလုပ်မိအောင်
အရှိအတိုင်း ထားလိုက်ချင်ပေမင့်
နင် မြင်သင့်သလား တွေးမိလို.ပါ။
မီးကျိုးမောင်းပျက် စိတ်ကူးနဲ.
သံယောဇဉ်ကို ခူးချင်တဲ့စိတ်
အရိပ်တကြည့်ကြည့် ဆပ်ပြာပူပေါင်းလေးကို
ပုဆိန်နဲ. ခုတ်ပစ်တယ်ဆိုမလား
ငါ့အမှားပဲထားပါလေ ။
မသိစိတ်က လှုပ်နှိုး
မေးခွန်းမျက်ဝန်းလေး လှမ်းအခိုးမှာ
ငါ….ရိုရိုကျိုးကျိုးလေး မြတ်နိုးသွားခဲ့မိတာ
ကာလတစ်ခုပြီးတစ်ခု ပြုစား
ငါ့ရဲ.မှော်နတ်ဖုရားမလေးရေ
ကြယ်မှုန်မှုန် အတွေးတွေတိုင်းမှာ
သက်တံ့တစ်ပိုင်းလို ကိုင်းညွတ်အုပ်မိုး
ငါဖြူစင်အောင် နင်ပျိုးခဲ့ဘူးတယ်။
နင်တန်ဖိုးထားထား မထားထား
ငါ့ ကမ္ဘာဦး မေတ္တာတရားက
အငြင်းပွားဖွယ် မဲ့ တည်ခဲ့တယ်
ဘယ်မှော်ရုံ ၀င်္ကဘာကမှ
ငါ့ လားရာကို မဖျက်နိုင်ခဲ့ဘူး။
ပိုင်ဆိုင်ဖို.ထက် မြတ်နိုးဖို.ကို
ငါ ပိုလို. အလေးထားရင်း
ကိုးကွယ်ခြင်းနဲ. တပိုင်းသေနေတဲ့
ကောင်လေးတစ်ယောက်ရဲ. အိပ်မက်ရှည်တွေလေ
နင့်ကြောင့် အရွက်အခက်ဝေခဲ့တယ်။
အဲဒီလို
ရိုးရိုးသားသား အံကိုကြိတ်
ကောင်းကင်ကို တိတ်တဆိတ်မော့ကြည့်
တိမ်တွေကို စကားပြောမိခဲ့
လူရှင်းတဲ့လမ်းတွေပေါ်မှာ
နာမည်လေးတစ်ခုကို တိုးတိုးခေါ်ရင်း
သက်ပြင်းတွေ ချဘူးခဲ့ပြီ။
အတည်အတံ့ ငါ့ရင်ခွင်ဟာ
နင်မြင်တာထက် ပိုသိပ်သည်းခဲ့တယ်
မြိုသိပ်တဲ့ အနက်အရှိုင်းကို
နင်သိအောင် သမိုင်းမတင်ခဲ့တာဟာ
တိမ်လွှာပေါ်က သဏ္ဌာန်ရုပ်ကို
နင် သက်သေလုပ်မယ် မထင်လို.ပါ။
အကြည့်ထက်မပိုတဲ့ မေတ္တာတရား
နင်ဘယ်လို နားလည်မှာလဲ
တောကြီးမျက်မည်းထဲက သစ်ရွက်တစ်စ
တစ်တောလုံးရဲ့ သဘာဝ မဟုတ်ဘူး
ရည်စူးသမျှတွေ ခင်းကျင်း
ငါ့ တစ်ဘ၀လုံးလင်းခဲ့တာတောင်
နင်သိအောင်မပြခဲ့ဘူးလေ။
ယုံကြည်ခြင်းတရား ဆိုတာက
မြင်နိုင်တဲ့ အကြောင်းဆက်တွေကို သက်သေပြ
တစ်ခုခြင်း ရေတွက်သွားရတယ်
တကယ်တော့လည်း
ငါ့အဖြစ်က ရေခဲကျွန်းလို
မဖြစ်စလောက်ပဲ သောင်ထွန်းခွင့်ရ
ခမ်းနားကြောင်း ဘယ်လိုပြမှာလဲ။
သြော်…..အရှိကနေ ဆင့်ပွားတွေးရတဲ့အသိ
မြင်တတ်အောင် ဘယ်လိုကြည့်ရပါ့
နင်မြင်နိုင်သမျှက အပေါ်ယံကြောပါ
နက်ရှိုင်းတဲ့ အတွင်းသဘောကို
ထုတ်ခြင်းခတ် မြင်အောင်ပြောချင်သေးတယ်။
နင်မကြည့်တဲ့ မြင်ကွင်းအောက်ကိုမှ
ယောက်ျားဆန်ဆန် ဒူးထောက်ပြခဲ့သူ
နောက်ကျတတ်တဲ့ စကားလုံးတွေကြောင့်
ယောက်ျားဆန်ဆန် ရှုံးနေရတယ်။
စိတ်တူကိုယ်တူ ဝေးခဲ့တာမဟုတ်တော့
အတွေးတွေ ဖြန်.ကာအုပ်မိုးတဲ့ညတိုင်း
အရူးတစ်ပိုင်း အိပ်မက်တွေနဲ.လန်.နိုး
သူစိမ်းဆန်တာ ဆိုးတယ်ကွယ်။
ငါ့ရဲ. ရာဇ၀င် စံပါယ်ဦးလေးရယ်
ဥပေက္ခာ အစိမ်းတွေ ရင်မှာစူးလောက်အောင်
ဘယ်အမှားအယွင်းကိုမှ မခူးမိပါလားကွယ်။
နင်မယုံကြည်နိုင်တဲ့ မေတ္တာ
ငါမဖေါ်ပြသာတဲ့ သံယောဇဉ်
နင်မမြင်နိုင်ခဲ့တဲ့ နာမဓာတ်တွေနဲ.
နင့်ကိုနင် ကန်.သတ်ထားပါ
နင်စည်းခြားလိုက်တဲ့ တံခါးက
နင့်ပစ္စည်း ယူမသွားအောင်တားနိုင်သလို
နင့်ကို ပေးချင်တဲ့ပစ္စည်းကိုလည်း
နင့်လက်ထဲ မထည့်အောင် တားသွားတာပါပဲ။
ခေါင်းငုံ. အံကြိတ်
ကိုယ့်ဒဏ္ဏာရီကိုယ် ပြန်ပိတ်ခဲ့ရ
တစ်ဘ၀စာမိုးသည်း
ယုံကြည်ခြင်းတွေ အိမ်ယာအပြောင်းမှာ
ကောင်းကင်နဲ. ငါ့တောင်ပံ လွဲခဲ့ပြီ။
နတ်ဆိုးတွေ ကျိန်စာဖတ်တဲ့ အရပ်တောင်မှ
ငါခြေဦးမချဘူးပါပဲနဲ.
စိမ်ပြေနပြေ အထင်တော်လွဲခဲ့တာ
အသည်းဆို.အောင်နာတယ်။
မျော်လင့်ခြင်းတွေ တန်းလန်းနဲ.
လက်ပန်းကျနေသူ တစ်ယောက်
ရေကြည်တစ်ပေါက် မပေးရင်နေပါ
ခြေနဲ. မကန်ကျောက်သင့်ပါဘူး။
အကြည့်တွေ တနွယ်ငင်ငင် စိမ်းလဲ့ကြ
ဘာ့ကြောင့်များ ယုံကြည်မပေးသလဲ
ရင်ထဲမှာ နင့်နင့်သက်သက်
ပတ်ဝန်းကျင် ချည်တဲ့ကြိုးက
မိုးမလင်းခင် ပွဲဖျက်တယ်။
တစ်လမ်းမောင်း ပန်းပွင့်လေးကိုမှ
ခဏခဏမှိုင်းတိုက်
ငါက…..
သူရဲကောင်းဆန်ဆန် မမိုက်ရဲလို.
တိုက်ပွဲမှာ ကျသူပါ။
အထီးကျန် ရထားလေးက
ဥသြသံ ဖြူလျော်လျော်တောင် မပေးပဲ
အဝေးကို အပြေးတပိုင်း ထွက်ခွာ
နာကျင်ခြင်း ကုန်အပြည့် တင်ဆောင်
ငါနင့်ကို ရှောင်ပါ့မယ်။
သူ.ကို သိပ်ချစ်လို.
တစ်ဘ၀လုံး ပြန်“သစ်”ချင်ပေမယ့်
ဘယ်ဖြစ်နိုင်ပါ့မလဲကွယ်
ကိုယ့်ရင်ထဲ ကိုယ်ပြန်ပုန်းပြီး
မျက်ရည်အ၀ါနဲ.
ငါ……ရှုံးမယ်……..
ချစ်မိသူ ဆိုတာ မနာရက်ဘူးကွယ့်
တွေးတဲ့အခါတိုင်း အသစ်ဖြစ်
ငါ့မှာ အရင်ထက် ပိုချစ်မိ
နင် သိရင် ရယ်ဦးမှာ…….
ယုံကြည်မှုကို ပေးအပ်ဖို.က
ခြေတစ်လှမ်းမက နောက်ကျခဲ့ပြီ
ဒီရေပြာပြာ အိပ်မက်တွေက
အတိတ်လပြည့်ည တိုင်း တက်တယ်။
တမြတ်တနိုးလေးရေ
ဝေးကွာခြင်းတွေ တနံတလျားနဲ.
ကာလများ အလွှာလွှာ အထပ်ထပ်မှာ
တယိုင်တရွဲ. ရပ်တည်ခဲ့ရတယ်
ခဏငယ်တိုင်းမှာ ပျံ.ဆွတ်
မျော်လင့်ခြင်းပန်းခိုင်က
မနိုင့်တနိုင် ယိုင်ညွှတ်တယ်။
ကံနည်းသူတွေ လျှောက်တဲ့လမ်းပေါ်
မျော်လင့်ခွင့်ကို ဆုတ်ကိုင်
ဘယ်အချိန်မှာ ပြန်တိုက်ဆိုင်မလဲ
မရဲတရဲ ပင်လယ်သစ်လေးမှာ
“ကျွန်း” ဖြစ်လာပါကွယ်။
သူသူကိုယ်ကိုယ် လွမ်းခဲ့ကြဘူး
ငါ့ကျမှ ပိုထူးသလား
တနေ.တခြား တိုးတိုးသတိရ
ကျားကုတ်ကျားခဲ ချစ်မိသူမှာ
ဆွတ်ဖြူစွာ သတိရနေရဲ.။
တစ်ခါတစ်ခါကျ
အောက်ကျ နောက်ကျ ခြေထောက်တွေနဲ.
ပြန်လည်ဒူးထောက်မယ် စိတ်ကူးမိ
ရှိစုမဲ့စု မာနလေးက
ပြန်သွားခွင့် မပေးဘူးကွယ်။
မိန်းကလေးတို. အဖြစ်
အချစ်နဲ. အယုံအကြည်
တစ်ပိုင်းစီ ကန်.ထားသလို
ယောက်ျားတို.ရဲ.ဘဝ
အချစ်နဲ. မာန
အခိုင်အမာ ခွဲထားကြတယ်။
တရှိုင်းနင့်နင့် ငါ့ချစ်ခြင်း
အကြွင်းမဲ့ တည်ရှိပေမယ့်
ရှိသင့်တဲ့ သိက္ခာတရား
ထားနိုင်အောင် ငါထားမယ်။
အမှတ်မဲ. ပြန်ဆုံတဲ့အခါ
နင့်မျက်နှာ ကွယ်အ၀ှက်ကို
မက်မက်သက်သက် အငေးမှတပါး
အခြားသော သံယောဇဉ်
နင်မမြင်အောင် “တား”မယ်။
အဲဒီ တစ်နေ.လုံး
အရင့်နက်ဆုံး အပြုံးနဲ.
တစ်ယောက်ထဲ ရိုးရဲပြုံးရင်း
အလင်းဖွဖွ ကောင်းကင်မှာ
သက်တံ့ ရှိမရှိ ရှာကြည့်မယ်။
ဒါပါပဲ
သက်တံ့ရဲ. ကွယ်ဝှက်တဲ့စက်ဝန်းပြတ်
သံယောဇဉ်မဲ.မမြင်အပ်ဘူး
မြင်တတ်အောင် ကြည့်ဦးတော့
အဆုံးအရှုံး ကောင်းကင်မှာ
မိုးသားတွေ ကင်းစင်ပြီပဲ
ဘာထူးမှာလဲ
ဘာ
ထူး
တော့
မှာ
လဲ
ကွယ်…….။ ။
Subscribe to:
Posts (Atom)