Tuesday, January 26, 2010

ပွဲသိမ်း

ရှူံးတော့သာကြေကွဲရတာပါ
နိုင်တော့လည်း မပျော်နိုင်ပါဘူး။

ရန်သူတွေကပေးတဲ့ ဒဏ်ရာထက်
ချစ်သူတွေကပေးတဲ့ဒဏ်ရာက ပိုနက်ရှိုင်းပါတယ်။

ဘာကိုယုံကြည်ရဦးမလဲ
ဘယ်သူ.ကိုယုံကြည်ရဦးမလဲ
မင်သက်ပြီးရပ်နေမိခဲ့
အယုံရဆုံးသူဟာ
အရက်စက်ဆုံးဖြစ်တတ်တယ်။

ရုပ်ရှင်တွေထဲမှာမြင်ဘူးလား
ရှူံးနေတဲ့သူကို မသတ်ရက်လို.လှည့်အထွက်
နောက်ကျောကို ဓားသွားကလျှပ်တပြက်ဝင်လာ
ငါ့အဖြစ်လည်း
ဒီအတိုင်းအတိအကျ။ ။