Thursday, December 8, 2011

တဆက်တည်းဖြစ်သော

အေးချမ်းမှုက အမြင့်ဆုံးဖြစ်မှ
အနူးညံ့ဆုံးသောလောင်ကျွမ်းမှုကိုတွေ.ရမယ်
အခူးခံပန်းပွင့်လေး တဟုန်းဟုန်းလောင်နေတာတွေ.မှာလား
နောက်နေ.မနက်မှာ ပြာနဲ.ခြောက်သွေ.နေမှသာ
နောင်တများစွာ နဲ.နောက်ကျခဲ့ကြ
တို.ဘ၀ဖြစ်စဉ်က ပန်းတွေထက်မြန်တယ်
တို.မှာက လောင်ကျွမ်းစရာတွေလည်းများတယ်
လောင်ကျွမ်းနေတာတွေလည်း များတယ်
ဘယ်အချိန်မှာပြာဖြစ်သွားမှာလဲ
မတွေးလိုက်မိစဉ်မှာပဲ ပြာဖြစ်သွား
ပူလောင်မှုတွေကို လက်နဲ.ယက်ပြီး အာသာငန်းငန်းလုယူနေကြ
တိတ်ဆိတ်မှုနဲ.စောင့်ကြည့်နိုင်ရင်
တို.ကိုယ်ပေါ်မှာ မီးတွေ တဟုန်းဟုန်းလောင်နေတယ်
တို.အတွေးတွေမှာ ပြာစတွေလွင့်ပါ
တို.လိုအပ်နေတာ စောင့်ကြည့်နိုင်မှုပဲ
လောင်နေတဲ့ မျက်တောင်တွေကိုပိတ်လိုက်ပါ
လောင်နေတဲ့ အသက်ရှုတာလေးကို နဲနဲချင်းလျော့
လောင်နေတဲ့ လေပူတွေဝင်လာတာကိုတွေ.လား
လောင်နေတဲ့ အတွေးစတွေက လေတိုက်သလိုလွင့်ပါနေတယ်
အားလုံးက ဖြတ်ကနဲဖြတ်ကနဲရွေ.နေတဲ့ အမြန်ပြကွက်
သေချာတာက အေးမြမှုဆိုတာမရှိဘူး
လောင်နေတာတွေကိုသေချာစိုက်ကြည့်လိုက်မှ
လောင်နေတာတွေက ငါနဲ.မဆိုင်ဘူး
ငါတတ်နိုင်တဲ့အပိုင်းကနေကင်းလွတ်နေတယ်
ငါဆိုတာကရော ဘယ်နေရာမှာလဲ
လောင်နေတာကရောငါသေချာလို.လား
လောင်စာက အတိတ်နဲ.အနာဂတ်မှ ဖြစ်စဉ်များသာ
ပစ္စုပ္ပန်ကာလ၏ ခဏငယ်များမှာ စိတ်ကိုစိုက်ချထားချိန်
လောင်ကျွမ်းမှုသည်ပါးလျလာ
လမ်းဘေးမှရပ်ကြည့်သူ၏ခံစားချက်မျိုး
ငါနဲ့မဆိုင်တော့သောပစ္စည်းများဖြစ်နေမည်လား
သေချာအောင်ပို၍စူးစိုက်ကြည့်
အတိတ်သည် အတိတ်သို. ပြန်သွား
အနာဂတ်သည်အနာဂတ်သို. ဆုတ်ခွာသွား
တဖြတ်ဖြတ်လွင့်နေသောမီးတောက်ငယ်သည်
အပြာရောင်လဲ့လဲ့ဖြစ်လာ
အခြားတပါးသောအသိများကို ၀င်မလာနိုင်အောင်ပိတ်ထား
ဝင်လာခဲ့လျှင်လည်း သူ.သဘောအတိုင်းရှိပါစေ
တို.လိုအပ်တာစူးစိုက်ကြည့်နေဖို.တစ်ခုသာ
လောင်စာများမရှိတော့
တဖြတ်ဖြတ်ပြေးလွားနေသော အရာတစ်ခု
ဖမ်းရခက်သော်လည်း ငြိမ်သက်လာ
အေးမြမှုတစ်ခုကိုတွေ.
ငြိမ်းချမ်းသော ပီတိ
လက်များ၏နေရာခြေများ၏နေရာများကို မတွေးချင်တော့
အသက်ရှူမှုသည်ငါ့အသက်ရှူမှုမဟုတ်တော့
သူ.ဘာသာဖြစ်တည်နေသော သဘောလေး
စက္ကန်.များမရှိ၊ နာရီများမရှိ
အလုံးစုံသောအတွေးများဝင်မလာရန် မတားသော်လည်း
တစ်မျိုးတည်းသာစူးစိုက်မိ၍ ပူလောင်သောအရာများမရှိတော့ခြင်း
နားလည်နိုင်သောသဘောတရားများကိုကျော်၍ ခံစားရသောအတွေ.
စိတ်သက်သက်ဖြင့်သာ ထိကပ်မိသေားအေးချမ်းသည့်နေရာ
ငွေ.ငွေ. …………………………………………………….
…………………………………………………………………………
………………………………………………………………………………………………
………………………………………………………………………………………………………

ပျော်လား

ပျော်လားမေးတော့ ပျော်တယ်ပဲဖြေလိုက်တယ်
အဲဒီတော့ဆက်ပြောတယ်
ကိုယ်ပျော်ဖို. သူများကို မစတေးပါနဲ.တဲ့
ပျော်အောင်စတေးခဲ့တာမဟုတ်ဘူး
စတေးခံဘ၀မှာပျော်အောင်နေရတာလို.
ပြန်မပြောခဲ့ပါဘူး။


ငါကပျော်လားလို. တစ်ယောက်ကို မေးချင်ပေမယ့် မမေးခဲ့ဘူး
အခြားတစ်ယောက်ကပျော်လားမေးတော့ ငါမဖြေရဲခဲ့ဘူး
ဘ၀မှာတချို.ကိစ္စတွေက ပျော်ဖို.လုပ်တာမဟုတ်လေဘူး
ခွင့်လွတ်ရခက်တဲ့ကိစ္စမှာ ဇွတ်ခွင့်လွတ်ဖို.မကျိုးစားပါနဲ.။


ငါနဲ.တွေ.သခိုက်လေးမှာ ပျော်အောင်ထားခဲ့တာက
ငါနဲ.ဝေးချိန်မှာ နာကျည်းဖို. အကြောင်းတရားဖြစ်နေပြီလား
တောင်းပန်ထိုက်သောအကြောင်းမရှိရင်တောင်
တောင်းပန်ဖို.၀န်မလေးခဲ့ဘူး
တစ်ခုပဲ
ပျော်လားလို.နောက်ဘယ်တော့မှ မမေးနဲ.။ ။

ကုန်စိမ်းတန်းကဗျာ

ကဗျာမှာရိုးသားပါဆိုတဲ့ကောင်လေး
ငါမရိုးသားတဲ့အကြောင်းကြမ်းကြမ်းလေးပြောပြမယ်
ကုန်စိမ်းတန်းက“လေ”နဲ.ပြောရမယ်
ကဗျာမှာဆဲခွင့်မရှိဘူးလား
ခွေးကောင်လို. ပြောရင် “ရသ”တွေလျော့သွားပီလား
မိမစစ်ဖမစစ်လို.ဆဲရင် ဂုဏ်တွေ မရှိတော့ဘူးလား
“…………..း” ဆိုရင် ဒေါသ ဘယ်နှပိဿာသင့်သွားလဲ
နင်တို.သိထားဖို.ကကဗျာဆရာလည်းလူပဲကွ
အမြင်မတော်တာရှိရင်ဆဲမှာပဲ
လိမ်ချင်လာရင်လိမ်မှာပဲ
ကဗျာထဲကစကားလုံးတွေအလုပ်က
ကိုယ့်ခံစားချက်အတိအကျကို တစ်ဖက်လူရင်ထဲရောက်ဖို.မဟုတ်ဘူးလား
မင်းက ၃၅ကျပ်သားလွမ်းနေတာကို အတိအကျမရေးတတ်ရင်
ကဗျာဖတ်သူမှာ ၁၅ကျပ်သားပဲရမှာပေါ့ဟ
အဲဒီတော့ သာသာထိုးထိုးလေး ၅၀သားလောက်ရေးလိုက်
နင့်ကဗျာထဲက အရိုးအရိစကားလုံးတွေ ဖယ်မှ ၃၅ကျပ်သားကျန်မှာ
ငါကတော့လိမ်မှာပဲ
ငါ့ရင်ထဲက အဓိပ္ပါယ် အတိအကျကို တဖက်လူရဖို.
ငါဆဲချင်ဆဲမှာပဲ
မင်းတို.ပဲတော်ရင် မင်းတို.ပဲတတ်ရင် မင်းတို.ပဲကဗျာရေးကြ
ငါကလမ်းဘေး နံရံမှာ မှုတ်ဆေးနဲ.စာရေးပြီးဆဲမယ်
အဲဒါကဗျာလို.လည်းမပြောပါဘူး
ဒါပေမယ့် ကဗျာရေးမှအလုပ်ဖြစ်တယ်ထင်နေလား
ကဗျာဆရာမလုပ်ရလည်း လမ်းဘေးထိုင်ဆဲနေလိုက်မယ်
ကမ္ဘာ.ကဗျာနေ.မှာ ငါကဗျာမရေးဘူး
စင်ပေါ်တက်ပီးပွဲမင်းသားလိုမလုပ်ဘူး
ငါ့စိတ်ထဲကမပါတဲ့ကဗျာ
ငါဘယ်တော့မှမရေးဘူး
ဒါပေမယ့်
ငါ့ကဗျာမှာ ငါလိမ်တာ ဘာဖြစ်လဲဟေ့ကောင်။ ။

ကံကောင်းခြင်းလက်ဆောင်

ကံကောင်းသူတွေ လျောက်တဲ့လမ်းကနေ
ကံမကောင်းသူတစ်ယောက်ဆင်းခဲ့တယ်။

ကံကောင်းတယ်ဆိုတာ
သူများတပင်တပန်း စိုက်ပျိုးထားတာကို
အရှက်မရှိရိတ်သိမ်းရဲတာကို ခေါ်တာပေါ့။

ကံကောင်းတယ်ဆိုတာ
ကိုယ့် အတွက် အမုန်းနဲ. သူ.အတွက် နာကျင်မှုကို
ကိုယ်မဟုတ်တဲ့လူတစ်ယောက်က ပေါင်းခံစားလိုက်ရတာပေါ့။

မင်းတို. ကံကောင်းကြပါလေ
သူများရဲ့ မျက်ရည်မြေပြင်မှာ လှံစိုက်ပြီးကံကောင်းကြပါ
ခွင့်လွှတ်တယ်ဆိုတာ
ပုပ်နေတဲ့ နာကျည်းမှု အပိုင်းကို လှီးထုတ်ဖို.
ကောင်းနေတဲ့ အပိုင်းကိုပါ အနာခံဖယ်ထုတ်လိုက်ရတာပါ
ငါခွင့်လွှတ်လိုက်ပါတယ်လေ။

ဝဋ်ဆိုတာလယ်တတ်တယ်
မင်းတို.ကံကောင်းခြင်း ကတော့
အရှက်မရောက်သေးသ၍ လယ်မှာမဟုတ်တော့
ရှက်ရွံ.တတ်သူပြန်ခဲ့တယ်။ ။

အို…ကဗျာ (၀.၀၂) 7

မှဲ.သည်မိန်းကလေး၏ မျက်လုံးအောက်မျက်ရည်ခံမှဲဖြစ်သောအခါ အလှပျက်ယွင်းစေသော်လည်း ပါးမို.မို.ပေါ်တွင်ရှိသောအခါ စံပါယ်တင်မှဲ.အဖြစ် အလှတိုးစေသည်။ ကဗျာပါစကားလုံးများသည် ကဗျာရသကို အနှောက်အယှက်ပြုလျှင် ဒေါသ သင့်စေပြီး ကဗျာရသကို တိုးတက်စေလျှင် ဂုဏ်မြောက် လေသည်။

ရှေးကပညာရှိတို.၏ အဆိုဖြစ်သည်။ ရှေးလူတို.သည် ပြောင်းလွယ်ပြင်လွယ် မြင်ကွင်းကျယ်သူများသာဖြစ်သည်။ ကဗျာဇောစေတနာ အရ ဆဲသော်လည်း ကဗျာရသကို အနှောက်အယှက်မပြုပဲ တိုးတက်စေလျှင် ………..

အချုပ်တန်းဆရာဖေ၏ တေးထပ်ကိုပြန်ညွန်းရပါမည်။ ယခုခေတ်ကဗျာတွင် ညစ်ညမ်းအသုံးများ၊ဆဲဆိုစာများပါသည်ကို မဝေဖန်လိုပါ။ သို.သော် ချိန်စက်ရန်တော့လိုပါသည်။ လိုအပ်၍ ထည့်သူများရှိသလို မလို အပ်ပဲ ထည့်သူများရှိပါမည်။အားမပေးသလို မကန်.ကွက်ပါ။ သို.သော် မိမိရေးသားသောစာ၏ ရသကို ၊ဇောစေတနာကို အထောက်အကူပြုမပြု စဉ်းစားကြစေလိုပါသည်။

++++++++


အချို.ကဗျာ တို.သည် ခေတ်အဆက်ဆက် တင်ကျန်ခဲ့ကြပြီး အချို.ကဗျာတို.သည် ခနတွင်းပျောက်ပျက်ကြလေသည်။ ကဗျာကောင်းတို.၏ သဘောသည် ဘာပါနည်း။ အဘယ်ကဗျာစာဆိုသည် ထိုကဗျာမျိုးကို ဖွဲ.နိုင်ပါသနည်း။

ဓားတစ်ချက်ထစ်ထားပါမည်။ ကန်.သတ်အမြင်ရှိစာဆိုနှင့် ကန်.သတ်မဲ့အမြင်ရှိစာဆိုဖြစ်ပါသည်။ limited Vision နှင့် absolute Vision ဖြစ်ပါသည်။ (ဆရာဘုန်းနိုင်ဘာသာပြန်မှုကို ယူပါသည်။) အချိန်ကာလ၊ဒေသ တို.ကိုလွန်သောစာဆို သည် ပို၍မွန်သော ကဗျာတို.ကိုဖွဲ.နိုင်ပါမည်။ ယခု ဤမျှသာ ဆိုပါမည်။

ယခု ကဗျာကောင်းတို.၌ တွေ.ရသော အမြင့်ဂုဏ် သဘောကို ဆွေးနွေးပါမည်။

+++++++

တရားစခန်းမှပြန်လာသူအချို. ပြန်လာစတွင် အေးချမ်းနေသည်ကိုတွေ.ဖူးပါမည်။ တရားတော်ကောင်းကောင်းနာပြီးခါစတွင် သံဝေဂရသည်ကိုကြုံဖူးပါမည်။ သာမာန်အားဖြင့် မရောက်နိုင်သောအမြင့်ကို တရားအကူဖြင့် ရောက်သွားခြင်းဖြစ်သည်။


အချို.ကဗျာများသည်လည်း ဤသို. အမြင့်သို. အာရုံညွှန်.တက်စေသော သဘောရှိပါသည်။ တရားမှမဟုတ်ပါ။ ကြီးကျယ်ခမ်းနားသောခံစားမှု၊ တည်ငြိမ်စေသော သန္တိသုခစသည်ဖြင့် များစွာရှိပါမည်။

အနန္ဒသူရိယ အမတ်ကြီး၏ မျက်ဖြေလင်္ကာကို ပြန်ညွှန်းပါမည်။ သာမာန်အားဖြင့် စိတ်အင်အား လျော့နည်းသူတို. ဤလင်္ကာကိုဖတ်ပြီးချိန်ဝယ် တည်ငြိမ်သော စိတ်အင်အားကို ရနိုင်ပါသည်။ သူတော်ကောင်းတို.၏ သဘောကို (မသိစိတ်နှင့်ဖြစ်စေ၊သိစိတ်နှင့်ဖြစ်စေ) ရလိုက်ပါသည်။ ထိုသို.မဟုတ်လျှင် ထိုလင်္ကာသည် ခေတ်အဆက်ဆက် ကျန်နေမည်မဟုတ်ပါ။

+++++++

အတန်ငယ်ချဲ.၍ ဆိုပါမည်။ ထိုလင်္ကာသည် ပုဂ္ဂလိကသဘောကိုပြောသော်လည်း ယေဘုယျအကြောင်းဖြစ်နေပါသည်။ ယေဘုယျ အကြောင်းဟုဆိုသော်လည်း ပုဂ္ဂလိက တိုင်းအတွက် ဖြစ်နေပါသည်။

ခေတ်အဆက်ဆက် အနစ်နာခံရသူတိုင်း “သူတည်းတစ်ယောက်၊ကောင်းဖို.ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း”ဟု ရွတ်ဖူးကြပါလိမ့်မည်။

ခေတ်တိုင်း၏ အဖြစ်အပျက်များသည် ဤကဗျာအတွင်းသို.ကျုံ.၀င်သွားကြပါသည်။ အရှေ.တိုင်း၊ အနောက်တိုင်း၊ ဒေသအဆက်ဆက်မှ အဖြစ်အပျက်များကိုကြည့်ပါ။ “သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ခဏတက်သည့်၊ ရေပွက်ပမာ” မင်းများကို တွေ.ရပါမည်။


အချိန်ကိုလွန်သော၊ဒေသကိုလွန်သော ကန်.သတ်မဲ့အမြင်ရှိသည့် ကဗျာစာဆိုဖြစ်ပါသည်။သူတို.ဆီမှာလည်း ထိုသို.စာဆိုမျိုး မများဟုသိရပါသည်။ ရှိတ်စပီးယားနှင့် ဒန်းတီကို ညွှန်းကြပါသည်။

+++++++++++

အတန်ငယ်မြှင့်ပါရစေ။ ကဗျာ.အမြင့်ဂုဏ် ဖြစ်တည်လာစရာ အကြောင်းရင်းငါးချက်ရှိသည်ဟုဆိုပါသည်။

(၁) ခမ်းနားကြီးကျယ် မြင့်မြတ်သော အသိအမြင်ကိုဖြစ်ပေါ်စေသော စွမ်းရည်

(၂)အင်အားကြီးမားသောဇောစေတနာ

(၃)အလင်္ကာ ၌ နိုင်နင်းမှု

(၄)စကားရွေးချယ်တတ်မှု

(၅) ခမ်းနားသောအရေးအသား

သူတို.သတ်မှတ်ချက်ဖြစ်ပါသည်။သိထားရန်ဖြစ်ပါသည်။ လက်ခံရန် မဟုတ်ပါ။ သို.သော် ရှေ.နှစ်ချက်သည် ကဗျာဆရာ၏ပါရမီကိုပြောနေခြင်းလားဟု တွေးဆရပါသည်။

အို……ကဗျာ (၀.၀၀၂) 6

ရှေ.ကိုအနည်းငယ်ပြန်တိုးပါမည်။

ကဗျာဆရာနှင့် ကဗျာဖတ်သူကြား ဖြစ်ပွားသည့် ကိစ္စသုံးရပ်ရှိသည်။ ကဗျာဆရာက ခံစားချက်ကို ထုတ်ဖေါ်( express ) သည်။ ကဗျာဖတ်သူက ဖတ်(communicate) သည်။ထို.နောက် ဖတ်သူလည်း ကူးစက်ခံစား( Infect )သည်။

အောက်ပါအတိုင်းဖြစ်သည်။

ထုတ်ဖေါ်=ဆက်သွယ်=ကူးစက်

ကဗျာဆရာ၏ အလုပ်မှာ ကဗျာတွင်ခံစားချက်ကိုထုတ်ဖေါ်ရန်သာဖြစ်သည်။ သူ.စိတ်ထဲမှ အစိုင်အခဲကို ဖေါက်ချခြင်းသာ။ပြီးလျှင်သူ.ကိစ္စပြီးသည်။ လူကြိုက်များစေရန်ရေးသူတို.ရှိပါလိမ့်မည်။ စာရင်းထဲမထည့်ပါ။ ကဗျာဆရာသည် ရေးနေရလျှင်ကျေနပ်သူများဖြစ်ပါသည်။ ဘယ်သူ.မှမပြပဲကဗျာရေးနေသူတို. အပုံပင်ရှိပါသည်။ ကဗျာဆရာအဖြစ်မှ တပြားမှမလျော့ပါ။

ကဗျာဖတ်သူကဖတ်မှ ဆက်သွယ်ခြင်းကိစ္စ စတင်ပါသည်။ communication ကို ဆက်သွယ်မှုဟုပြန်ပါသည်။ မကြိုက်ပါ။ အခြားစကားလည်းရှာမရပါ။ ယင်းဆက်သွယ်မှုကို ချဲ.သင့်ကချဲ.ရပါမည်။ ယခု ဓားထစ်မှတ်ခဲ့ပါ။

+++++++++

ထို.နောက် ဖတ်သူထံသို. ခံစားမှုကူးစက်သွားသည်။ ဤတွင်အကျယ်ချဲ.ရပါမည်။ ဖတ်သူ၏ ခံစားမှုသည် ကဗျာဆရာ၏ ခံစားမှု (အတိအကျ) ဟုတ်ပါရဲ.လား။ မသေချာပါ။ အရိုးဆုံးပြောရလျှင် (ဥပမာပေးခြင်းပါ၊မည်သူ.မှမနှိမ့်ချပါ) လမ်းလေးဈေးသည်၏ အသိနှင့် တက္ကသိုလ်ဆရာ၏ အသိမတူနိုင်ပါ။ အကြိုက်မတူနိုင်ပါ။ ခံစားပုံမတူနိုင်ပါ။

စာဖတ်နာသူတစ်ယောက်၏ ခံစားမှုနှင့် ခုမှဖတ်သူ၏ ခံစားမှုမတူနိုင်ပါ။ ထိုအခါ ခံစားမှုကူးပြောင်းခြင်းသည် အတိအကျပြောင်းခြင်းမဟုတ်နိုင်တော့ပါ။ ကဗျာကောင်းမကောင်းမှတ်ချက်များမတူနိုင်ပါ။ ဖတ်သူကွာ၍ကွာရခြင်းဖြစ်သော်လည်း ကဗျာ့ကိစ္စပြီးမပြီး တွေးစရာဖြစ်လာပါသည်။

ပြန်စဉ်းစားလျှင် ကဗျာဆရာသည် ဖတ်သူကို ကဗျာမှတစ်ဆင့်ဆက်သွယ်ပါသည်။ ဖတ်သူခံယူမှုမတူ၍ ခံစားချက်မတူနိုင်လျှင် ကဗျာသည် ခံစားချက်ကူးပြောင်းမှု ဟုတ်မဟုတ်စဉ်းစားရန်ဖြစ်ပါသည်။

++++++++

ဖတ်သူများအဆင့်တူသော်လည်း ( ဤသို. ခေတ္တစဉ်းစားခြင်းဖြစ်သည်) ကဗျာဆရာ၏ ခံစားချက်အတိအကျ ဖတ်သူထံမရောက်နိုင်ပါ။ အဘယ်ကြောင့်နည်း။ ဆက်သွယ်မှု ကြားခံ (မီဒီယာ)၏ အားနည်းချက်ဖြစ်သည်။

ဆက်သွယ်မှုဖြစ်စဉ်ကိုပြောမှရပါမည်။ မဖတ်လိုကကျော်သွားပါ။

ဆက်သွယ်မှုသည်

Message=Encoding=Transmitting=Decoding=Action

ကိုပြောလိုသော Message(ခံစားချက်) ကို အသွင်ပြောင်းပေး( encode) ရသည်။ ပြီးလျှင် ကဗျာဖတ်သူထံ transmit ထုတ်လွှင့်သည်။ ဖတ်သူက ကဗျာစာသားများထဲမှ နားလည်မှု (တိုက်ရိုက်နားလည်ဟု မဆိုလိုပါ) ကိုရရှိ decode သည်။ ပြီးလျှင်ခံစား Actionသည်။

ကဗျာဆရာက လွမ်းသော်လည်း ငါလွမ်းသည်ဟုရေးရုံနှင့် ဖတ်သူလွမ်းမလာနိုင်ပါ။ ဖတ်သူ၏ အလွမ်းကို နှိုးဆွမည့် ဘာသာစကားကို encode လုပ်ပေးရသည်။ သို.သော် ဖတ်သူမှာမရှိသော အတွေ.အကြုံဆိုလျှင် နားလည်နိုင်မှု၊ကူးပြောင်းနိုင်မှု decoding ၌ အခက်အခဲရှိလာမည်သာဖြစ်သည်။ အကန်းကို အလင်းအကြောင်းပြော၍မရပါ။

++++++++

ပြောခဲ့သမျှသည် ကဗျာဆရာမှကဗျာဖတ်သူထံ ခံစားချက်ကူးပြောင်းမှု သည် အားနည်းချက်များ၊ဟာကွက်များရှိကြောင်းဖြစ်သည်။ နာမည်မတပ်ခဲ့ပါ။သို.သော် ခံစားမှုသီအိုရီကိုပြောနေခြင်းဖြစ်ပါသည်။

နောက်သီအိုရီတစ်ခုမှာ ရသသီအိုရီဖြစ်သည်။ ရသသည်နှစ်သက်ခြင်းသဘော။ ကဗျာဆရာဖွဲ.သည်(ဥပမာအလွမ်း) ကို ဖတ်သူကမရသော်လည်း နှစ်သက်မှု ရလိုက်သည်။

တကယ်တော့ မိဘဆုံး၍ငိုသည်နှင့် ရုပ်ရှင်ကြည့်၍ ငိုသည်မတူကြောင်းပြောခဲ့ပါသည်။ ရုပ်ရှင်ကြည့်၍ငိုရသည်က ရသကိုခံစားနေခြင်းဖြစ်သည်။ ငိုရသည်ကိုသာယာနေသည်။ ဦးရွှေအောင်၏ ရသစာပေ၏ရသ ကို အကျယ်ဖတ်ရန်ညွှန်းပါသည်။

အို……ကဗျာ (၀.၀၀၁) 5

သိပ်ကျေးဇူးတင်တယ် ကိုမော်နီရေ …

ကျနော် ပြောချင်တာတွေ အချိန်မရတာနဲ့ မပြောနိုင်ဖြစ်နေတာ …. ဒီဘက်တောင် သိပ်မလှည့်ဖြစ်ပါဘူး၊ အခု ဒီအထဲမှာ အတော်များများတွေ့လိုက်ရလို့ အရမ်းကို ဝမ်းသာပါသဗျာ …

အသေအချာ စိတ်ဝင်တစားဖတ်ထားပါတယ် …. အချိန်ရရင်တော့ ဆွေးနွေးပေးချင်ပါသေးတယ် …

မြင်တာလေးတခုတော့ ကမန်းကတန်းပြောလိုက်ပါရစေ

“ပြောလိုရင်းက ကဗျာမှာ အသိမလိုပါ။ ပညာမလိုပါ။” ဆိုတာရယ် “ကဗျာဆရာသည် နှလုံးအိမ်အတွင်းမှ အသိပညာနှင့်သာ ကဗျာဖွဲ.ပါသည်။ ” ဆိုတာနှစ်ခုက တခုနဲ့တခု ဝိရောဓိ ဖြစ်နေတယ်လို့ ထင်ပါတယ်ဗျာ … စကားလုံးတွေ တူနေတာကြောင့်ပါ …


ကျနော် ဆိုလိုတာက ကဗျာမှာ အသိမလိုပါ။ ပညာမလိုပါ ဆိုတာ စည်းမျဉ်းကန့်သတ်ချက်ဘောင်တွေ မလိုဘူးလို့ ဆိုလိုတယ်လို့ သဘောပေါက်ပါတယ် …

“အသိများပညာများသည်တခါတခါ ကဗျာဖွဲ.ရေးဖွဲ.ရာတွင် အကန်.အသတ် ဖြစ်နေတတ်သည်။ ကဗျာနှင့်ပတ်သက်သော အသိများ၊ပညာများကို မေ့ထားသည်ကကောင်းပါသည်။” ဆိုပြီး ဆက်ရေးထားတဲ့ စကားကြောင့်ပါ ….

နှလုံးအိမ်အတွင်းမှ အသိပညာနှင့်သာ ကဗျာဖွဲ.ပါသည် ဆိုတာကတော့ ခံစားချက်ကို စည်းမျဉ်းဘောင်တွေနဲ့ အကန့်အသတ်မခံဘဲ လွတ်လွတ်လပ်လပ်ဖော်ထုတ်ဖွဲ့ဆိုခြင်းကို ဆိုလိုတယ်လို့ သဘောပေါက်ပါတယ်။ ကိုမော်နီ ဖော်ပြထားတဲ့ လေးလုံးစပ် ဥပမာ ဟာ ပေါ်လွင်ပါတယ် … အဲဒီမှာတော့ ကာရန်မနိုင်ခြင်းကလည်း အကြောင်းတချက်ဖြစ်ပါတယ် … ဒါကတော့ ပါရမီနဲ့ဆိုင်ပါလိမ့်မယ် …

နောက်တော့ အချိန်ရရင် ဆက်ဆွေးနွေးပါဦးမယ်ဗျာ …

ခင်မင်လျက်
ဟယ်ရီ


မြန်မာမိသားစုဖိုရမ်မှကိုဟယ်ရီ၏မှတ်ချက်ဖြစ်ပါသည်။ ကဗျာတွင်အသိမလိုပါ။ ပညာမလိုပါဟုပြောခဲ့မိပါသည်။ ထိုစကားသည် တာဝန်ယူရမည့်စကားဖြစ်ပါသည်။ အထူးသဖြင့် ကိုဟယ်ရီတို.လို မြန်မာ ကာရန်ကဗျာဘက်ရော၊ မော်ဒန်ကဗျာဘက်ရော မွှေနှောက်ထားသူအတွက် ရှင်းသင့်ပါသည်။သို.သော်စာရေးသူဘက်မှ စကားကိုမချဲ.ခဲ့မိသည့်အတွက် နားလည်မှုလွဲကုန်နိုင်ပါသည်။

အသိမလို၊ပညာမလိုဟု ပြောခဲ့ပါသည်။ပြောလိုရင်းသည်ကိုဟယ်ရီပြောသလို ကဗျာဘောင်(အများသိထားသလို ကာရန်၊နဘေ ၊စသည်တို. )ထောက်မနေစေရန်ဖြစ်ပါသည်။ သိထားလျှင်ကောင်းပါသည်။ ကဗျာဖွဲ.ချိန်တွင် ထိုအသိ၊ထိုပညာတို.ကကန်.သန်.လိုက်လျှင် ကဗျာ“အ”သွားနိုင်ပါသည်။

ပန်းပု ဆရာပြောသလိုပြောရပါမည်။ ပန်းပုဆရာသည် သစ်သားတုံးအတွင်းမှယမင်းရုပ်လေးကိုကြိုမြင်နေပါသည်။ ပီးမှမလိုသည့် အစများကိုဖဲ့ချပါသည်။ဆောက်ချက်မှား၍ဖြစ်စေ၊ ပဲ့သွား၍ဖြစ်စေ။ ယမင်းရုပ်၊မပေါ်လာလျှင် ပြန်၍ဆက်ကောင်းဆက်မည်၊ ရင်ဘတ်ဟောင်းလောင်းဖြစ်နေသောမော်ဒန် အရုပ်ဆက်ထုချင်ထုပါမည်။

ကဗျာဆရာသည်လည်း စကားလုံးအပုံကြီးမှလိုအပ်သည်ကို ဆွဲ၍ ပန်းပုထုပါသည်။တခါတခါ အတွေးစကခေါ်၍ ကြိုတွေးထားသောကဗျာမဟုတ်ပဲ တခြားကဗျာရချင်ရလာပါသည်။ သို.သော်ကြိုတွေးမှုကရှိနေပါသည်။စကားလုံးအစကိုဆွဲခေါ်ရင်းကာရန်ကဆွဲခေါ်သွားနိုင်ပါသည်၊ စကားအဆက်အစပ်ကဆွဲခေါ်ပါမည်၊နိမိတ်ပုံအသစ်ဖြတ်ကနဲတွေ.ချင်တွေ.ပါမည်။

ဆောက်ချက်တစ်ချက်တစ်ချက်ကြား အန္တရာယ်ရှိနေသလို စကားလုံးတစ်လုံးတစ်လုံးအခေါ်ဝယ်အန္တရာယ်ရှိနေပါသည်။

+++++

ပန်းပုဆရာသည် မီဒီယမ်အဖြစ်သစ်သားကိုသုံးပါသည်။ သစ်သားသည် သူအချိန်အတော်ကြာမှ လေ့လာရသောသဘောရှိပါသည်။ ကဗျာဆရာသည် မွေးကတည်းကဘာသာစကားကိုသုံးစွဲလာပါသည်။ ဘာသာစကားကို ထူး၍လေ့လာလျှင်လည်းရပါသည်။လေ့ကျင့်လျှင်လည်းရပါသည်။သို.သော်လေ့ကျင့်တိုင်း ကဗျာဖွဲ.ချိန်တွင်(ဆီလျော်သော၊အကောင်းဆုံးဖြစ်သော်)စကားလုံးတို.ထွက်လာချင်မှလာပါမည်။

ထိုအခါ ကဗျာ စကားလုံးထက် ၊ ကဗျာဇောစေတနာက ပို၍ အရေးကြီးသည်ဟုထင်မိပါသည်။(စာရေးသူ၏ အယူဖြစ်ပါသည်။ကြိုက်ရင်ယူပါ၊မကြိုက်ရင်ပယ်ပါ)

ကဗျာတွင်ပြောလိုရင်း အကြောင်း၊ပို.လိုရင်းခံစားချက်မပီပြင်ပဲကဗျာဖွဲ.လျှင် သစ်သားကိုရည်ရွယ်ချက်မရှိဆောက်ရိုက်နေသောပန်းပုဆရာဖြစ်ပါမည်။ ကဗျာဇောစေတနာက အားကြီးချှင်ထိုဇောစေတနာကကဗျာ ကိုဖေါ်ဆောင်သွားမည်ဖြစ်ပါသည်။

ရွတ်တွကြီး၊ သက်ကြားအို၊လင်းတငှက်၊ပိန်ခြောက်ခြောက် ဟူသောစကားလုံးများလူတိုင်းသုံးပါသည်။ သို.သော်ထိုစကားလုံးများ နေရာတကျစီစဉ်၍ ပျဉ်းမငုတ်တိုကဗျာပေါ်ပေါက်လာခြင်းသည် ကဗျာဇောစေတနာကြောင့်ဖြစ်သည်။

++++++

ဘာသာစကားကိုမီဒီယမ်အဖြစ်သုံးရ၍ အသိပညာမလိုဟုပြောခဲ့ပါသည်။ အမှန်တရားရောက်ရန်အတွက် ပြန်ပြင်ရပါမည်။ စာရေးသူမှားခြင်းဟုလည်းဝန်ခံပါသည်။

ကဗျာတွင် အသိပညာထက် ဇောစေတနာက ပို၍ ကဗျာကိုပုံဖေါ်နိုင်ပါသည်။

++++++++++

ကဗျာဆရာ၏ ခံစားမှုကိုဖေါ်ထုတ်ခြင်း၊ထိုခံစားမှုကိုမည်သို.မည်ပုံဖေါ်ထုတ်သည်ဆိုသည်ကို လည်းကောင်း၊ထိုဖေါ်ထုတ်မှု အတတ်ပညာကို လည်းကောင်း ဆက်၍ရှင်းရန်ခက်ပါသည်။

စမိလျှင်တော့ ရှင်းရပါလိမ့်မည်။ အလွန်အန္တရာယ်ကြီးပါသည်။ ပလေးတိုး မှစထားသော ပြဿနာဖြစ်ပါသည်။ စာရေးသူလိုပါမွှားကြက်သီးထပါသည်။

ကဗျာဆရာဖြစ်မှုသည်ပါရမီလော၊ အတတ်ပညာလော၊အလေ့အကျင့်လော။

ရာစုအဆက်ဆက်ရှင်းရခက်သော အစထောင်နေခြင်းဖြစ်ပါသည်။

ဆက်ပါမည်။

အို…….ကဗျာ (၀.၀၁)4

ဆရာကကဗျာကို ခုခံကာကွယ်လွန်းနေပြီဟု ဆရာတစ်ယောက်က feedback ပေးပါသည်။ ကဗျာအတွက်ခုခံပေးနေစရာမလိုပါ။ သူ.အသီးနှင့်အပွင့်နှင့်၊သူ.ဝေဆာမှုနှင့်။ တိုက်ခိုက်သူရှိ၍ရေးနေခြင်းလည်းမဟုတ်ပါ။ကဗျာရေးချင်တယ် ၊မရေးတတ်လို.ဟုပြောသူများ ရေးရဲရန်သာဖြစ်ပါသည်။

ထပ်၍ဆိုပါမည်။ကဗျာအတွက်တိုက်ခိုက်သူများ၊ကာကွယ်သူများ၊ သမိုင်းတိုက်စားမှုနောက် ပါသွားကုန်ပါပြီ။ကဗျာသာပန်းပန်ကျန်ရစ်ပါသည်။ ကိုယ်ကခုခံကာကွယ်ပေးရန်မလိုပါ။

++++++

ဖေ့စ်ဘုတ်မှ ကွန်မန်.ဖြစ်ပါသည်။ သဘောတူသည်များရှိပါသည်။ မတူသည်များရှိပါသည်။ဖတ်ကြည့်စေလိုပါသည်။

“Pyei Phyo

ကဗျာသည် ကဗျာသာ ဖြစ်ပါသည်။ ကြိုက်သလိုပြော ကဗျာသည် ကဗျာသာ ဖြစ်သည်။ ထို့ကြောင့် ကဗျာလိုသာ ရေးရပါမည်။ ဘယ်လိုပုံစံရေးရေး.. ကဗျာ ဟုနံမည်တပ်တိုင်းတော့ ကဗျာ မဖြစ်ပါ…။ ကဗျာလို ရေးမှ ကဗျာ ဖြစ်ပါသည်။ ကဗျာလိုရေးဖို့ ကဗျာ့ဘောင်တွေ လိုလာပါသည်။ ဘောင်ကို… ချဲ့သည်။ ရွဲ့သည်။ လိမ်သည်။ ခွေသည်။ ကြိုက်သလိုလုပ်ပါ။ ရံခါမှာတော့ ကိုယ်ချပြတာ ကဗျာဖြစ်ဖို့ တိုက်ဆိုင်ပြသည်။ မတူတာတွေချပြသည်။ သဒ္ဒါကို ငှားသုံးသည်။ တူတာတွေ ယှဉ်ပြသည်။ လုပ်ပါ။ ကိုယ်လုပ်တာ ကဗျာလို့ နံမည်တပ်နိုင်ဖို့ ကြိုက်သလောက်ပြော… ကျသလောက်ရှင်း…။ ထပ်ပြောစရာကတော့ ကဗျာသည် ကဗျာသာဖြစ်သည်။ စကားပြေကို အပိုဒ်ခွဲပြီး စည်းကမ်းနည်းလမ်း တူရာစုပြီး ကဗျာလို့ ခေါ်လဲ ဖြစ်သည်။ ဂန္တဝင် နရီတွေ အစီလိုက် ပိုင်းပြလည်း ကဗျာလို့ နံမည်တပ်ရိုးအတိုင်း ကဗျာလို့ ခေါ်ပါ။ အခေါ်သက်သက် ဖြစ်သည့်အတွက် စာလုံးတွေကို ကဗျာခေါ်လဲ ဖြစ်ပါသည်။ တစ်ချို့ကြတော့ ပန်းကန်ပြားမှာ ကိုင်းတပ်ပြီး ပန်းကန်လုံးကိုမှောက်တင်ထားတာ ကဗျာဟုခေါ်သည်။ ဝေးသွားရင် နီးစပ်တာလေးပြောကြည့်မယ်။ ငှက်ကလေးတွေ တေးသီတာကို ကဗျာဆန်တယ်တဲ့..။ ဒါဆို ကဗျာဆိုတာ ဘာလဲ အရေးကြီးလို့လား… မေးစရာတွေနော်… ဒါကြောင့်ထပ်ပြောမယ်.. ထပ်ပြောပါရစေ…။ ကဗျာသည် ကဗျာသာ ဖြစ်သည်။ ဘာများ အရေးကြီးလို့တုန်း.. နော.. ခုလည်း ကဗျာလို့ ခေါ်ချင်ခေါ်ပေါ့.. ဝေဖန်ရေးလို့ ခေါ်ချင်လည်းခေါ်.. ငြင်းချက်လို့ ခေါ်ချင်လည်းေ ခ်ါလိုက်ပါဦး.. ဒါမှမဟုတ် ပလီစိချောက်ချက်လို့ ပြောမလား.. ရသေးတယ်။ ဒါပေမယ့်.. ဓနုဖြူကျော်သိန်း ဆိုတဲ့ ပလီစိချောက်ချက် ဆရာကြီးကတော့ လုံးဝဝင်မတွတ်ခဲ့ဘူး…။”


အခုလိုပြန်ရှင်းခဲ့ပါသည်။

“သဘောတူပါသည်။ကဗျာရေးသူက ကဗျာဟုနာမည်တတ်ရေးလျှင်ရေးပါစေ။

မဟုတ်ဟုဝင်မပြောရန်ပြောနေခြင်းပါ။ ကဗျာ ဟုမတတ်လည်းရပါသည်။ သူလုပ်ချင်ရာလုပ်နေခြင်းဖြစ်ပါသည်။ မလုပ်နဲ့တားမရပါ။ ကဗျာဆရာသည် တားမြစ်မှုကိုလက်မခံပါ။ ဖတ်သူဖတ်မှလုပ်စရာနှစ်ခုပါရှိပါသည်။ကြိုက်ရင်ဖတ်ပါ။မကြိုက်…ရင်မဖတ်ပါနဲ.။သို.သော်ဒါကဗျာမဟုတ်ဟု မပြောပါနှင့်။ ပြောလျှင်လည်းရပါသည်။ ပြဿနာမရှိပါ။ တခြားသူကို မဖတ်ကြနှင့်မပြောစေလိုပါ။ သူများရွေးချယ်ခွင့်နှင့်ပါ။ အနုပညာရှင်၏လွတ်လပ်ခွင့်ကို ပိတ်ပင်၍မရစကောင်းခဲ့ကြောင်းကို ပြောသမျှ၏ အချုပ်အဖြစ်ဆိုပါသည်။

အဓိကပြဿနာမှာကဗျာ့ဘောင်သည်ဘာလဲ။ဘာပါလဲ။ သမားစဉ်ရှင်းမရခဲ့သောပြဿနာပါ။ကာရန်လား၊နိမိတ်ပုံလား၊ နရီလား။ မသိပါ။”


ဒါကဗျာပါဟု နံမည်တပ်နိုင်ဖို.ကဗျာ့ဘောင်ကိုရှာကြသည်။ ကာရန်ဟုပြောသူများပါသည်။ ဟုတ်သည်ဟုယူလိုကယူပါ။ကာရန်မပါသောကဗျာများကရယ်မောပါလိမ့်မည်။ကာရန်မပါသော်လည်း ကဗျာ့အသက်ရှိသောကဗျာများအပုံဖြစ်ကြောင်း ပြောမနေတော့ပါ။ သူတို.ကာရန်နှင့်သူတို.ပျော်ပါစေ။

ပြန်မေးပါမည်။ ဦးပုည၏ ထီပေါက်တွက်ကိန်း၊နူနာပျောက်နည်းတေးထပ်များသည်ကဗျာလား။ခက်တော့လည်းခက်ပါသည်။

+++++++

ရစ်သမ်ဟုလည်းပြောကြပါသည်။ ကိုယ့်အစွဲနှင့်ကိုပါ။ ရစ်သမ်ဟူသည်ရှိပါလိမ့်မည်။ ပေတံနှင့်တိုင်းတာပြ၍မရပါ။ ဆရာမြဇင်တို.၊မောင်သာနိုးတို.စာအုပ်တွေရှိပါသည်။ ဖတ်လိုကဖတ်ပါ။ပိုရှုပ်သွားပါမည်။တာရာမင်းဝေအင်တာဗျူး တွင်ပါဘူးပါသည်။ ရှာဖတ်ရန်လွယ်ပါသည်။ ယခုမှကဗျာစရေးသူများဖတ်ရန်မလိုပါ။ ကဗျာဆရာများဖတ်ရန်မလိုပါ။ ပပ၀တီကို ဘယ်အရာကလှသလဲသိအောင် မျက်လုံးကော်ထုတ်၊နှားခေါင်းဖြတ်၍ လေ့လာသည်နှင့်တူပါမည်။

အလွယ်ဆုံးကတော့ကဗျာဖတ်ရန်သာဖြစ်ပါမည်။ ဟင်း၏အရသာသည် ဟင်းကိုစားမှသိပါမည်။ ဆားမှာမရှိပါ၊ငရုတ်သီးမှာမရှိပါ။ယင်းအရာများမပါလည်းမဖြစ်ပါ။ကဗျာများများဖတ်ပါ ဟုသာညွှန်းပါသည်။
+++++

ကဗျာအတွက်လျောက်လဲချက်ပေးရန်မလိုပါ။ကဗျာသည်ကဗျာသာဖြစ်ပါသည်။ကိုးကွယ်ရန်လည်းမလိုပါ။နှိမ့်ချရန်လည်းမလိုပါ။ ရေးချင်၍ရေးနေသူတွေ၏လက်ကိုတော့ တုတ်နှင့်လာမရိုက်စေလိုပါ။

ဖတ်လိုလျှင်ဖတ်ပါ။မဖတ်လိုလျှင်မဖတ်ပါနှင့်။ရေးလိုလျှင်ရေးပါ၊ မရေးလိုလျှင်မရေးပါနှင့်။ပြောခဲ့သမျှသည် ယခုလို ကလေးပြောပြောရန်သာ ဖြစ်ပါသည်။

အို…….ကဗျာ (၀.၁) 3

နောက်ကိုပဲ ပြန်ဆုတ်ရပါလိမ့်မည်။ ကဗျာဆိုတာပညာရှိပစ္စည်းဆိုသည်ကိုတော့ မရှင်းတော့ပါ။ မဟုတ်မှန်းလူတိုင်းသိပါသည်။ ပညာရှိပစ္စည်း မဟုတ်သော်လည်း စကားစတစ်ခုတော့ချန်ခဲ့ပါမည်။ ကဗျာ၌ မွေ.လျော်ခြင်းသည် အဆင့်အတန်းမြင့်သော ပျော်ရွှင်မှု ဖြစ်သည်ဟူ၍။

++++++++

ကဗျာဆရာ၏အလုပ်မှာ ကိုယ့်ခံစားမှုကို ဖေါ်ထုတ်ရန်ဟု (အလွန်ယေဘုယျကျစွာ) မှတ်ထားစေလိုပါသည်။ အနုပညာမှန်သမျှ၏ တရားကိုယ်ဖြစ်ပါသည်။ အသုံးပြုသောမီဒီယာ လိုက်၍ ကွဲပြားခြင်းများရှိပါမည်။ ပန်းချီဆရာက ဆေး၊ အဆိုတော်က အသံ၊စသည်ဖြင့်။ (ဆန်.ကျင်ဘက်သီအိုရီများရှိပါသည်။ မကြိုက်၍ မသုံးပါ)

ဖေါ်ထုတ်ရန်ကို ပေးပို.ရန်အထိ သတ်မှတ်လျှင် ပြဿနာများဝင်လာပါသည်။ အနုပညာသည် communication ဟု ( အလွန်ယေဘုယျကျစွာ) ဆရာဘုန်းနိုင်က ပြောဘူးပါသည်။ ဆရာတာရာမင်းဝေက သက်ရောက်မှုကို လွှင့်ထုတ်နေတာဟု ပြိုင်မြင်းတို.ခွာသံတွင်ရေးပါသည်။

ထို.ကြောင့်ဖေါ်ထုတ်ရန်အထိပဲ ခေတ္တထားပါရစေ။ ကဗျာဆရာဖေါ်ထုတ်ထားသည်ကို ကဗျာဖတ်သူက ဖတ်သည်။ နောက်ရသခံစားသည်။

သေချာအောင်ထပ်ပြောပါမည်။ ရသခံစားခြင်းဖြစ်သည်။ ခံစားချက်ကူးပြောင်းခြင်း (လုံးဝ) မဟုတ်ပါ။အကျယ်ရှင်းရပါမည်။

+++++++

ရုပ်ရှင်ဝယ် ၀မ်းနည်းဖွယ်ရာ ပြကွက်ပြသည်။ ကြည့်သူများငိုကြသည်။ ထိုအငိုနှင့် ဆွေမျိုးသားခြင်း ဆုံးပါး၍ ငိုသောအငိုမတူပါ။ ရုပ်ရှင်ကြည့်၍ ငိုသော အငိုဝယ် အရသာ ပါနေသည်။ တနည်းပြောရလျှင် ရသပါနေသည်။

ကဗျာဆရာက ခြောက်ခြားဖွယ် ကိုဖွဲ.သည်။ ဖတ်သူကခြောက်ခြားခြင်း ရသကိုခံစားသည်။ကဗျာက ဟာသကိုဖွဲ.သည်။ ဖတ်သူက ဟာသရသကိုခံစားသည်။

ရှေ.ဆက်ပါမည်။ အချုပ်တန်းဆရာဖေ၏ ကဗျာပါ။ နာမည်ကြီးပါသည်။


မြန်မာတွေစည်းကမ်းဖေါက်လို့၊
ထီးနန်းပျောက်ဖြစ်ပြီ၊
မှီးကွန်းထောက် အသစ်မှီတယ်၊
ညစ်ပလီ လူမျိုး၊
မိပစ်လို့ ဖ ရှောင်သွေသည်၊
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။
မြန်မာများကြွားချင်၊
ဓားပြသွင် လူဆိုး၊
ကုလားမြင် သူ့အမေရိုးတော့မလို၊
ခုမြေလျှိုးပုန်းရှောင်၊
မိုက်ပနော် ပြုမဟေးတို့က၊
သူ့ပထွေးတော့ ခွေးသို့မဟောင်။
ပြောရောဟဲ့ရာဇဝင်ပြောင်အောင်၊
စာဇင်တောင် ဦးချလို့၊
ပလူးရ ပြေးကြို့ခါခါ၊
ခွေးသို့ပမာ၊
တွေးမိတိုင်း အရိုးနာသည်၊
အမျိုးပါ ဆဲချင်ပေါ့လေး။ ။

ဆဲထားပါသည်။ ဒေါသမဖြစ်ပါ။ လက်ခုပ်ပင်တီးချင်ပါသည်။ ဘာကြောင့်နည်း။ ကဗျာမှုမြောက်မမြောက်ထက် အရေးကြီးသော အချက်ကို ပြောရပါမည်။

ကဗျာဇောစေတနာဖြစ်ပါသည်။ အလကားသက်သက်ဆဲခြင်းမဟုတ်ပါ။ အမျိုးသားများအတွက်ရင်ထုမနာဆဲခြင်းဖြစ်ပါသည်။ ဒေါသဖြစ်လို.ကဗျာတွင်ဆဲလိုကဆဲပါ။ ဇောစေတနာကွာ လျှင် ငပေါသာဖြစ်ပါမည်။

ဆဲထားသောကဗျားများစွာ မြန်မာ့သမိုင်းမှာရှိပါသည်။ ဦးကျောက်လုံးဆဲသော ကဗျာထက် ဆရာဖေဆဲသောကဗျာက ပို၍ နာမည်ကြီးပါသည်။ ဦးကျောက်လုံး၏ ကဗျာစေ့တနာက ဆရာဖေ၏ ကဗျာစေတနာလောက် မခမ်းနားပါဟု အကြောင်းရင်းတစ်ချက်ပြလျှင်ရပါသည်။

+++++++++

ကဗျာ ဆရာသည် ဓမ္မကထိကမဟုတ်ပါ။ သူ.ခံစားချက်ကို ပွင့်လင်းစွာဖေါ်ထုတ်ပါသည်။ ၀ိနည်းတော်မလိုပါ။ သူ.ကိုယ်သူ အကန်.သတ်မခံပါ။


အသိများပညာများသည်တခါတခါ ကဗျာဖွဲ.ရေးဖွဲ.ရာတွင် အကန်.အသတ် ဖြစ်နေတတ်သည်။ ကဗျာနှင့်ပတ်သက်သော အသိများ၊ပညာများကို မေ့ထားသည်ကကောင်းပါသည်။



ထပ်ပြောပါမည်။ ကဗျာသည် ဘာသာစကားကိုမီဒီယမ်အဖြစ်သုံးရ၍ဖြစ်ပါသည်။ ပန်းချီတွင်မပြောရဲပါ။ ကဗျာမီဒီယမ်သည် လူတိုင်းပါးစပ်မှမွေးကတည်းက သုံးလာသောမီဒီယမ်ဖြစ်ပါသည်။

ကဗျာဆရာသည် အကန်.အသတ်ဖြင့်ကဗျာမဖွဲ.ပါ။ မော်ဒန်ဖြစ်အောင်ဟူ၍ ဇွတ်မဖွဲ.ပါ။ဖွဲ.သူများရှိပါမည်။ မဝေဖန်လိုပါ။

သို.သာ် ကဗျာတွင် ကဗျာအသိ၊ကဗျာပညာ သည် လုပ်ယူ၍ မရကြောင်းကိုပြောလိုပါသည်။ အသုံးပြုပါများ၍ ပါရမီဖြစ်လာလျှင်တော့ သုံးစွဲကောင်းပါသည်။ အစတစ်ခုထုတ်လိုက်ခြင်းလည်းဖြစ်နိုင်ပါသည်။ ပို၍ရှုပ်ထွေးသောအစဖြစ်ပါသည်။ တက္ကသိုလ်ဘုန်းနိုင်၏ “အမြင့်သို.အာရုံ ညွန်.တက်ခြင်း(သို.မဟုတ်)ကဗျာ”ကို ပြန်ညွှန်းပါမည်။


အသိ ပညာ ဟူသည် ပေတံနှင့်တိုင်းတာ၍မရပါ။ ကဗျာဆရာသည် နှလုံးအိမ်အတွင်းမှ အသိပညာနှင့်သာ ကဗျာဖွဲ.ပါသည်။

အို……..ကဗျာ (၀) 2

ကဗျာဆရာက ကဗျာပဲဖွဲ.ချင်ပါသည်။ ဝေဖန်သူတွေကဝေဖန်မည်။သူ.ဘာသာလှနေသော အကြောင်းတရားဖြစ်သည်။ မဝေဖန်နဲ.ပြော၍မရပါ။

သို.သော် မျက်စိမှိတ်ပြီးပေတံတိုတိုလေးနှင့် မပြောစေချင်၍ ပြောမိသည်။ ဒဿနိကပညာရှင်များ ရှင်း၍မရသော အစကိုဆွဲထုတ်မိသလိုဖြစ်သွားသည်။ အနုပညာဆိုတာဘာလဲ။ ဘာကြောင့်ဖွဲ.ကြ၊ဆွဲကြလဲ။ ကာလကြာမြင့်စွာကရှင်းမရခဲ့သောပြဿနာ။

ရှင်းဖို.ရန်လည်းမရည်ရွယ်ပါ၊ပြောရန်အထိတတ်ကျွမ်းသူလည်းမဟုတ်ပါ။ သို.သော် ဖတ်ထားသည်များမှ ကိုယ်သဘောတူရာများကိုပြန်လည်မျှဝေခြင်းပါ။

လွတ်လပ်စွာကွဲလွဲခွင့်ရှိပါသည်။ကြိုက်ရင်ယူပါ။မကြိုက်ရင်ပယ်ပါ။
++++++++

ကိစ္စတစ်ခုကိုရှင်းရာတွင် နောက်သို.ဆက်၍ရှင်းသွားရန်ထက်ရှေ.က တရားကိုယ်များကို နားမလည် တော့ ဟိုးရှေ.အထိပြန်လှန်နေရသည်။တစ်ပြီးရင် နှစ်ကိုပြောရမည့်အစား သုညပါပြန်ပြောရသည်။ ပညာရှင်များရီမောကြပါလေ။ လေ့လာလိုသူများအတွက်ပါ။

ထပ်ပြောပါမည်။ဆရာကြီးလုပ်ခြင်းမဟုတ်ပါ။မဖတ်လိုလျှင်ယခုကတည်းကမဖတ်၍ရပါသည်။
+++++++++
အနုပညာတန်ဖိုးကစရပါမည်။ အနုပညာသည် အသုံးချတန်ဖိုးမရှိပါ။ ငတ်နေသူကိုသစ်သီးတစ်လုံးပေးက အာဟာရဖြစ်ပါမည်။ ကဗျာတစ်ပုဒ်ပေးကဘာမှလုပ်မရပါ။

သို.သော် အနုပညာသည် သူ.တန်ဖိုးနှင့်သူ၊ သူ.နှုန်းစံနှင့်သူ။ အရှေ.တိုင်းကျမ်းများအလိုဆိုလျှင်လောကလွန်သဘော။ အကျိုးများ မလျောက်နိုင်သော်လည်း လမ်းကတော့ရှိနေပါမည်။နားတော့ခါးပါလိမ့်မည်။ အမှန်တရားဖြစ်ပါသည်။

တန်ဖိုးမရှိပဲနှင့် အနုပညာသည် ပန်းပန်နေမည်မဟုတ်ပါ။ဝေဆာဖွံ.ဖြိုးလာမည်မဟုတ်ပါ။ တန်ဖိုးထားသူများရှိနေ၍သာ အနုပညာများ ဤမြေတလွှား ရှိနေခြင်းဖြစ်ပါသည်။

တန်ဖိုးထားသူများရှိနေသည့်အခါ တန်ဖိုးဖြတ်သူများလည်းရှိလာရပါသည်။
+++++
တန်ဖိုးထားသူသည် စားသုံးသူဖြစ်သည်။ အနုပညာလက်ရာများကို ခံစားသည်။ ကြိုက်လျှင်ကောင်းသည်ပြောမည်။ မကြိုက်လျှင်မကောင်းပြောမည်။ပြောခွင့်ရှိသည်။

တန်ဖိုးဖြတ်သူ ကတော့ သူ.အတွက်မဟုတ်။ သူများတွေခံစားတတ်အောင် ရှင်းပြတာဖြစ်ချင်ဖြစ်မည်။ အနုပညာနဲ့ပတ်သက်၍တွေးဆတာဖြစ်ချင်ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် သူ.အလုပ်သည် ကောင်းသည်မကောင်းဘူး လွယ်လွယ်ပြော၍မရတော့။

သူကိုင်စွဲသောပေတံရှိရမည်။ ဟိုတုန်းကစာတွေနှင့် မတူလို.မကောင်းဘူးဟေ့လို.လုပ်လို.မရ။ ဟိုတုန်းကစာတွေကောင်း သည်ဆိုလျှင်လည်း ဘာကြောင့်ကောင်းသည်။ ဘာကြောင့်ညံ့သည်။ ခွဲခြမ်းစိတ်ဖြာနိုင်ရမည်။

သည်မှာ ပေတံ ပြဿနာဝင်လာသည်။
++++++
သရက်သီးတစ်လုံး ကောင်းလျှင်ဘာကြောင့်ကောင်းသည်ကို အခြား သရက်သီးများနှင့် ယှဉ်ပြောမှရမည်။ ငှက်ပျောသီးနှင့် မတူလို.မကောင်းဆိုလျှင်မသင့်တော်။

ထိုကိစ္စများနှင့်ပင် အစ်ဇမ်တွေ ခွဲရသည်။ မော်ဒန်နစ်ဇမ်၊ဘာအစ်ဇမ်၊ညာအစ်ဇမ်။ အသေအချာပြောပါမည်။ ဝေဖန်ရေးဆရာများထွင်ထားသော စကားလုံးများဖြစ်ပါသည်။ ကဗျာဆရာ(အနုပညာရှင်)ကမူ ထိုသို.ကန်.သတ်မထားပါ။

ပီကာဆိုသည် ကျူဗစ်ဇမ်ဆွဲလိုက်မဟဲ့လို. မရည်ရွယ်ပါ။ စေဇန်းသည် အင်ပရက်ရှင်နစ်ဇမ်လိုက်မယ်ကွာ လို.မပြောပါ။
အနုပညာရှင်ကို ဘာလုပ်ပါညာလုပ်ပါပြောမရပါ။ သူတို.ကို လွတ်လပ်ခွင့်ပေး၍ရော၊ချုပ်နှောင်၍ရောမရပါ။

ကဗျာဆရာသည် ကိုယ့်လွတ်လပ်ခွင့်ကို ကိုယ့်ဘာသာ တည်ဆောက်ကြသူများဖြစ်ပါသည်။
++++++
နောက်ဆက်ရှင်းရမည် တို.ကို ဓားထစ်ထားပါရစေ။ ဖေါ်အဲဗားနှင့် ဖေ့စ်ဘုတ်မှ မှတ်ချက်များဖြစ်ပါသည်။
Pyei Phyo ဗမာမှာလည်း ရှိဖူးသည်။ မကြာသေးသော ကာလများဆီက ကဗျာရွတ်ကြသည်။ အိမ်ရှင် အရက်ဖိုးကုန်သည်။ ပါတ်ဝန်းကျင်နားညည်းသည်။ ကဗျာဆရာကတော့ ရွတ်ချင်လို့ ရွတ်သည်။ နားထောင်သူမရှိသောအခါ ရွတ်ခြင်း အဆုံးသတ်သွားသည်။ ကဗျာဆိုတာ ဖတ်ဖို့ဖွဲ့တာပါ။ ဖတ်သူမရှိလျှင် ကဗျာ မရှိပါ။ ဖွဲ့သူရှိလို့ ရှိသော ကဗျာ ဖတ်သူမရှိသောအခါ ပျောက်ပါသည်။ ထို့ကြောင့် ကဗျာသည် ဖတ်ဖို့ဖြစ်သည်။ မိုနာလီဆာကို နှုတ်ခမ်းမွေးတပ်တော့ နှုတ်ခမ်းမွေး မိုနာလီဆာ သာ ဖြစ်သည်။ ဒါကို ဝါဒ (ဝါ) အစ်ဇင် လို့ နံမည်တပ်တော့ ဝါဒ ကျန်ရစ်သည်။ ဖျက်ဆီးမှုကို အနုပညာဟုနံမည်တပ်လျှင် ပြောင်းလဲမှုကို မနုတနုပညာဟု နံမည်တပ်သင့်သည်။

Thet Ka Moenyo
ကဗျာမှာ အနည်းဆုံးဖတ်သူတစ်၇ှိပါတယ်၊ကဗျာဆရာပါ၊ကဗျာဆရာကကဗျာပျောက်တာကို အမှုမထားပါဘူး.
နောက်ဒါဒါဝါဒကိုမှန်တယ်မပြောပါဘူး၊ဒါပေမယ့် အထင်ကရကျန်ခဲ့တာပါ။
ဇော်ဇော်အောင်က ပို.စ်မော်ဒန်နဲ. ပတ်သက်ရင်စာများစွာ(သုတေသနလုပ်ပီး) ရေးဘူးပါတယ်၊ပြောရေးဆိုခွင့်ရှိသ…ူဆိုတာထင်ရှားပါတယ်ဆရာ

Pyei Phyo
၁ နံပါတ် တီဗီတစ်လုံးကို မလုပ်တတ်လို့ ဝယ်သွင်းသလိုမျိုး ကဗျာ့ ဝါဒတွေ ဝယ်သွင်းလာတာမျိုး ဖြစ်သင့်ပါသလား..။ (၂) နံပါတ် ဂျပန်ကားဟောင်းကို မော်ဒယ်သစ်ဆိုပြီး ညာရောင်းသလို၊ သူများဆီက စမ်းသပ်ဆဲဆေးတွေကို လူနာတွေအတွက် ပွဲတွေ့ဆေးကြီးဆိုပြီး လူတိုင်းကို…ပေးသလို၊ ကာလ၊ဒေသ၊ပယောဂ ညီညီညွတ်ညွတ် စုစည်းမှု တွေကို ဒါတွေဒီလိုရှိတယ် ဆိုချပြတိုင်း အနုပညာဘောင်ခတ်လိုက်တိုင်း.. အနုပညာလို့ လက်ခံဖို့ မဖြစ်နိုင်ပါ။ (၃) တန်ဖိုးဆိုတာနဲ့ ပါတ်သက်လို့ ရေးသူ က ကိုယ့်ကဗျာကိုယ်ပြန်ဖတ်တာ ကိုယ်ရုပ်ကိုယ်မှန်ကြည့်သလိုပါပဲ။ မဆန်းပါဘူး..။ သို့သော် တစ်သိန်းဖတ်ပြီး တစ်ယောက်မှ မလေးစားတဲ့ကဗျာနဲ့.. တစ်ယောက် (ကိုယ်မဟုတ်သော) ဖတ်ပြီး heart ထိသွားတာနဲ့ တန်ဖိုးမတူပါဘူး။ ဒါကြောင့် ကိုယ်မဟုတ်သော ပရိသတ်တစ်ယောက်လိုပါတယ်။ အနုပညာဆိုတာ ပရိသတ်မရှိရင် စမ်းသပ်ချက် အဆင့်မှာပဲရှိပါတယ်။ သိပ္ပံသာသာပါပဲ။ (၄) ကဗျာဆရာဟာ ကဗျာပျောက်တာကို အမှုထားကိုထားရပါမယ်။ သူ့ကဗျာကို သူမှ တန်ဖိုးမထားရင် သူများတန်ဖိုးထားဖို့ မျှော်လင့်စရာ မရှိပါဘူး။ ထပ်ပြောချင်တာကတော့ အနုပညာဆိုတာ ပရိသတ်လိုကိုလိုပါတယ်။ ပရိသတ်မရှိတဲ့ အနုပညာဟာ သေနေတဲ့ အနုပညာ (ဝါ) ဘာတန်ဖိုးမှ မရှိတဲ့ အနုပညာ ဖြစ်ပါတယ်။ လက်ခံသူမရှိတဲ့ အနုပညာလို့ လွယ်လွယ်ပြောလို့ရပါတယ်။ (၅) အနုပညာကို သိပ္ပံပညာလို အကန့်ခွဲ ဘောင်ချပြ လို့ ခေတ်မီချင်မီသွားပါလိမ့်မယ်..။ အနုပညာသမား ဖြစ်မသွားပါဘူး။ အနုပညာသမားစစ်စစ်က တော့ လုပ်ချင်လို့လုပ်လိုက်တာပါပဲ။ အကြောင်းတွေ သိပ်မပြပါနဲ့ဆရာရယ်… အကြောင်းပြတာ သိပ္ပံပညာအလုပ်ပါ.. အနုပညာအလုပ်တွေမှာ ဘာအကြောင်းမှ မရှိပါဘူး။ ဘာကြောင့်တို့.. ညာကြောင့်တို့ ဆိုရင် တန်ဖိုးကျသွားပါတယ်ဆရာရယ်…

Thet Ka Moenyo
ဝါဒတွေ မတင်သွင်းပါဘူး၊ဟိုမှာဖြစ်ခဲ့တဲ့လူမှုရေးရိုက်ချက်တွေက အခုမှဒီမှာ ဖြစ်လာလို.တူသွားတာကိုပြောတာပါ။အနုပညာဟာ ဒီလောက်ဒီလောက်လို.တန်ဖိုးဖြတ်စရာမလိုတဲ့အတွက်(အသုံးချတန်ဖိုးမရှိတဲ့အတွက်) တန်ဖိုးတွက်ခြင်းကိုထည့်မစဉ်းစားပါ။ ဆရာနဲ.ကျွန်တော်ဟာ ကြောင်းတူသံကွဲတွေပြောနေကြသာဖြစ်ပါတယ်၊အဓိကက မျိုးတူစုခွဲပုံမတူတာပါ။ရှုထောင့်မတူတာပါ။ကဗျာဆရာကကဗျာကိုဖွားမြင်ပီးရင်ကျေနပ်ပါတယ်။ဖတ်တာမဖတ်တာက သူ.လက်ထဲမှာမရှိပါ။ မဖတ်လဲသု.ရင်ထဲကအောင်းနေတာကိုဖောက်ခွဲပီးပါပီကျေနပ်ပီးပါပီ။ကိုမဟုတ်သောပရိသတ်ဟာသူနဲ့မဆိုင်ပါဘူး။ကဗျာမှာကျေနပ်သူများကိုသာဆိုလိုပါတယ်။ကဗျာကို ဆရာဖြစ်အောင်လုပ်နေသူများကိုမပြောပါ။

ရုပ်ဆိုး
လေးလုံးစပ်မှာ ပိုတွေ.ဘူးပါသည်။ ကိုပြောချင်တာကတမျိုး၊ကာရန်ကဆွဲခေါ်တာတမျိုးနှင့် ဒုက္ခကြီးပါသည်။ကာရန်ကိုမေ့လိုက်မှ အဆင်ပြေသွားသည်။ ပြောလိုရင်းက ကဗျာမှာ အသိမလိုပါ။ ပညာမလိုပါ။

အရပ်စကားပဲသုံးသုံး၊ပါဠိပဲသုံးသုံး (မောင်ချောနွယ်ပြောသလို) ရင်ဘတ်ချင်းပလပ်ထိုးမိဖို.က အရေးကြီးပါသည်။

ဗဟုသုတအနေနဲ့ဖတ်သွားပါတယ်ဗျာ …. ကဗျာ ဆိုတာ ဘာလဲ လို့ကျွန်တော်လည်းသေချာမပြောတက်ပါဘူး ။ ဝေဖန်ရေးသမားမဟုတ်သလို ကဗျာ ဆရာလည်းမဟုတ်ပါဘူး။ မျက်စိစုံမှိတ်လည်းငြင်းခြင်းမဟုတ်ပါ ။ ဒါပေမဲ့ အပေါ်ကစာသားကိုတော့သိပ် သဘောမကျဘူးဗျာ ။ ကဗျာမှာအသိမလိုပါ ပညာမလိုပါ ဆိုတာကိုပေါ့ ။ ကျတော် သိဖူးတာကတော့ ကဗျာဆိုသည် စာရေးဆရာပညာရှိတို့၏ပစ္စည်းဥစ္စာ ။ ကဗျာလင်္ကာဆိုသည် လူများ နေ့စဉ်ပြောဆိုသုံးစွဲနေသော သာမာန်စကားများကို တေးဂီတပမာ ပြေပြစ်ချောမောစွာနှင့် ချိုသာငြိမ့်ငြောင်းအောင် ရေးဖွဲ့သီကုံးထားသော စာဖြစ်ပါသည်။ လို့ ကျွန်တော် မှတ်သားဖူးပါတယ် ။ ဥပမာတစ်ခုပေါ့ဗျာ

အားလုံးေ=ာက်ရူးပဲ .. လို့ ကျွန်တော်ရေးလိုက်တယ်ဆိုပါတော့ ။ ကျွန်တော်စိတ်ဆိုးစွာ ရေးလိုက်တဲ့စာကို ဖတ်တဲ့လူကလည်း ဖတ်ပီး ဒေါသဖြစ်သွားမှာပါပဲ ။ ဒါကို ကဗျာလို့ ခေါ်ပါသလား ။

ကျေးဇူးတင်ပါသည်။ ဆက်ရပါဦးမည်။

အို……ကဗျာ 1

ကဗျာဆိုတာဘာပါလဲ။ဒီမြေဒီရေမှာသာမဟုတ်။ သူ.မြေသူ.ရေမှာလည်း ဓားထမ်းငြင်းကြသည်။

အဲ။ငြင်းသူကသာငြင်းနေကြသည်။ ကဗျာကတော့ အဆင့်ဆင့်တိုးတက်ဖြစ်ထွန်းလာခဲ့သည်။ ကဗျာနှင့်ဝေဖန်သူ။ရှိရမည်။ ရှိလည်းရှိသင့်သည်။ ဒါကြိုဆိုရမည့်ကိစ္စ။ ခက်သည်က တစ်ခုထဲကိုကိုင်၍ပြောနေခြင်း။ဒါမှကဗျာ။ကျန်တာကဗျာမဟုတ်။

ရီစရာလည်းကောင်းသည်။စိတ်ပျက်စရာလည်းကောင်းသည်။ ကဗျာဆရာအချင်းချင်းဆို ရန်မဖြစ်ကြပါ။ကဗျာဆရာဆိုသည်က လွတ်လပ်စွာကွဲလွဲခွင့်ကို အသွေးအသားထဲမှယုံပီးသား။ သူတို.ကငြိမ်းချမ်းမှုကိုချစ်ကြသည်။

++++++

သီအိုရီကိစ္စကစပြောရပေမည်။ သီအိုရီသည် နောက်မှလာသည်။ သဘောတရားကအရင်။

ကဗျာကိုအရင်ဖွဲ.ကြသည်။ နောက်မှ လေးလုံးစပ်ရဲ့ပုံစံကဘာ၊ လေးချိုးကဘာ၊ မီတာကဘာ၊ စတန်ဇာကဘာ၊ ဒီလိုသီအိုရီထုတ်သည်။

ပြောလည်းပြောခဲ့ပီးကြပါပြီ။ ထပ်ပြောရမည်လားမသိ။ ညောင်ပင်မြိုသလိုပင်။ နောက်မှကဗျာလက်သင်များ ကဗျာဆရာ (အစစ်ဟုတ်မဟုတ်မသိပါ)ဖြစ်လာတော့ သီအိုရီနှင့်မကိုက်လျင် ကဗျာမဟုတ် ဆိုလာကြသည်။ လေးသုံးနှစ်မပြည့်လျှင်၊အချိုးမကိုက်လျှင်၊စသည်ဖြင့်။

သူ.နွယ်ကိုယ့်နွယ်ခွဲရန်လိုလျှင်လည်းခွဲရပါမည်။ မခွဲလည်းရပါသည်။မသုံးလည်းရပါသည်။ မပြောရုံပေါ့။ ကဗျာဆရာတွေက သိလည်းသိပ်မပြော။တမင်မေ့ထားရပါသည်။ သီအိုရီက အနုပညာဖန်တီးမှုကို လာထောက်တတ်၍ဖြစ်သည်။

လေးလုံးစပ်မှာ ပိုတွေ.ဘူးပါသည်။ ကိုပြောချင်တာကတမျိုး၊ကာရန်ကဆွဲခေါ်တာတမျိုးနှင့် ဒုက္ခကြီးပါသည်။ကာရန်ကိုမေ့လိုက်မှ အဆင်ပြေသွားသည်။ ပြောလိုရင်းက ကဗျာမှာ အသိမလိုပါ။ ပညာမလိုပါ။

အရပ်စကားပဲသုံးသုံး၊ပါဠိပဲသုံးသုံး (မောင်ချောနွယ်ပြောသလို) ရင်ဘတ်ချင်းပလပ်ထိုးမိဖို.က အရေးကြီးပါသည်။
+++++++++++++++


ဒါကကဗျာဆရာ အတွက်ပါ။ ဝေဖန်သူအတွက်ကတော့လိုပါသည်။ သူ.နွယ်လည်းသိရမည်၊ ကိုယ့်နွယ်လည်းသိရမည်။ အရင်းကကိုင်ပြောမိလားအဖျားကကိုင်ပြောမိသလားသိရမည်။ မသိလို.မရဘူးလား မမေးပါနှင့်။ မရပါ။ဝေဖန်ရေးလုပ်ရင်တော့သိရပါမည်။

ဘာလို.လဲ မေးလျင်ရှင်းပါသည်။ သူများကိစ္စကို ကိုယ်ကသွားပြောတာဖြစ်သည်။ ဟာအပျော်ရေးတာပဲ။ဆရာကြီးမှမဟုတ်တာလို.ပြောမရပါ။ ဆရာကြီးမဟုတ်လျှင်လည်း ကိုယ်ကမဝေဖန်ပါနှင့်။

လောကကြီးမှာရေးစရာများပါသည်။ သူများကိုသွားဝေဖန်မှစာရေးလို.ရသည်မဟုတ်ပါ။

ကိုယ်ပိုင်ဖန်တီးမှုလေးတွေနှင့်ပျော်နေသူတွေ အများကြီးရှိပါသည်။

+++++++

ကဗျာမှမဟုတ်ပါ။ အနုပညာရှင်ဆိုသည်က အာရုံခံစားမှုအားကောင်းသည်။ sensitivity မြင့်သည်။

ဒီတော့ တချို.နေရာတွေမှာအလွန်အကျွံဖြစ်ကုန်သည်။ ဗန်ဂိုး၊ ရှယ်လီ၊စသည်ဖြင့် သိကြပါမည်။ မပြောတော့ပါ။ အဲ ခံစားသူတွေကလည်းခွင့်လွတ်သည်။ ပိုအက်တစ်လိုင်စင်ပေးသည်။


ခက်သည်ကဝေဖန်သူများ။ ပလေးတိုကစသည်။ (အကျယ်မပြောလိုပါ။ ညွှန်းပါဆိုလျှင် တက္ကသိုလ်ဘုန်းနိုင်၏ ခပ်သိမ်းကလျာ ရှုဖွယ်သာတည်းကို ဖတ်ပါ)

နောက်တော့ဘာဖြစ်သလဲ။ ဝေဖန်သူများ၊ဝေဖန်နည်းများပြောင်းကုန်သည်။ ကဗျာကတော့ ပန်းပန်လျက်ပဲသာ။

ဥပမာပေးရပါမည်။ ဆာရီယယ်လစ်ဇင်၏ဖခင်များသည် ယခင်ကဒါဒါဝါဒ လှုပ်ရှားသူများဖြစ်သည်။

သူတို.ကပို၍ လွန်သည်။ ရေပန်းဆိုပီးအိမ်သာသုံးကြွေခွက်ကြီး (သူတို.ကိုယ်တိုင်လုပ်မဟုတ်)ကိုပြသည်။ မိုနာလီဆာကို နှုတ်ခမ်းမွှေးတတ်ပြသည်။ ဒါအနုပညာလားဟုမေးစရာ။

(အကျယ်ကိုဇော်ဇော်အောင်ဆောင်းပါးများမှာပါပါသည်။ ပျင်းရင်မဖတ်ပါနှင့်။ ပြောချင်လျှင်ဖတ်ပါ။ မသိပဲပြောတော့ရှင်းနေရတာအချိန်ကုန်ပါသည်။)

သူတို.လှုပ်ရှားမှုကလည်း အဓိပ္ပါယ်မဲ့မဟုတ်။ အနုပညာကို ငွေကြေးစသည်တို.ဖြင့်တန်ဖိုးဖြတ်နေခြင်းကို သရော်ခြင်း။

ဒါဒါပွဲကိုခဲနဲ.ပေါက်သူတွေရှိသည်။ ဒါဒါတွေက ပျော်သွားသည်။ ဒါမှ ဒါဒါဝါဒီအစစ်တဲ့။
++++++

ကောင်းကင်ကိုကရေးဖူးသည်။ပွဲတစ်ပွဲကိုမကြိုက်ရင်ဝေဖန်ခွင့်ရှိတယ်။ခဲနဲ့ပေါက်ခွင့်မရှိတဲ့။

လက်မခံပါ။မကြိုက်ချှင်ဗြောင်ခဲနဲ.ပေါက်ပါ။ မသိပဲမဝေဖန်ပါနှင့်။ မသိသူကအပြောခံရသည်မှာ ခဲနဲ.ပေါက်ခံရသည်ထက်နာပါသည်။

+++++++

အားနာနာနှင်ကဗျာတစ်ပုဒ်ပြပါမည်။


ဟံလင်း၏ မိသားစု -၅ ဖြစ်ပါသည်။ တိုပါသည်။

ကျုပ်အမေကို စပ်ယှက်
ကျုပ် လူဖြစ်ခဲ့ရုံနဲ့
ကျုပ်ကို ခင်ဗျား
သား မခေါ်နဲ့ ။


ဗုဒ္ဓဘာသာဝင်အနေနှင့်ခြောက်ခြားရပါသည်။ သို. သော်ကဗျာအနေနှင့်သူ.ရင်ထဲက ခံစားချက်ကို မြင်ရပါသည်။

ထပ်ပြောပါမည်။ “ကဗျာအနေနှင့်” ခံစားရပါသည်။

++++++

ကဗျာကို တံဆိပ် ကပ်ခြင်းသည် ကဗျာဆရာအလုပ်မဟုတ်ပါ။ ဝေဖန်ရေးဆရာအလုပ်ဖြစ်ပါသည်.။

ကဗျာဆရာကတော့ ဘယ်သူမှမဖတ်လည်း ကဗျာတွေဖွဲ.နေပါလိမ့်မည်။

မတော်တဆ

နိုင်လွန်ကြိုးရယ်
ထုတ်တန်းရယ်
တံခါးကိုဖွင့်ထွက်သွားဖို.ကလွယ်တယ်။

အင်္ကျီလက်တိုရယ်
ဘလိတ်ဓားရယ်
ပြီးပြည့်စုံခြင်းအတွက် မလွယ်ဘူးလား။

ယောကျားလေးတွေက ချစ်မိသူကို ကောင်းကောင်းသိတယ်
မိန်းကလေးတွေက ချစ်သင့်သူကို ကောင်းကောင်းသိတယ်
အဲဒီမှာပဲ အနိုင်အရှုံးကဖြစ်လာတော့တယ်။

အရှုံးအနိုင်က ပြဿနာမရှိဘူး
အနိုင်လိုစိတ်က ပြဿနာရှိတယ်။

အရှုံးပေးလိုက်ရတာ ချစ်မိသူတွေဖြစ်ပြီး
အနိုင်ယူသွားတာ ရွေးချယ်သူတွေ ဖြစ်တဲ့အခါ
ဝါယာကြိုးရယ် ၊ မီးပလပ်ခေါင်းရယ်က
အသုံးဝင်လာတယ်။

ရွေးချယ်သူကြီးကို သေသေချာချာမှာခဲ့တယ်
နောင်တမရနဲ.
ရွေးချယ်မှုဆိုတာ မတော်တဆ ကိစ္စတစ်ခုပါ။ ။

တာဝန်ယူတတ်သူ

ကေသီပန်သုံးထုပ်နဲ. အဆင်မပြေလို.
ငါးထောင်တန်ခြောက်ရွက်နဲ. ရွာလေးတစ်ရွာ
နဲနဲစောရင်အဆင်ပြေတယ်တဲ့
အုန်းသီးတွေရင့်တော့လည်း မကြွေလွယ်တော့ဘူး
အဖေလည်းရှက်တတ်တယ်
အမေလည်းရှက်တတ်တယ်
မရှက်တတ်သူတစ်ယောက်ကို
လွန်မှရှက်တတ်သူ တစ်ယောက်နဲ. အပြစ်မရှိသူတစ်ယောက်
နှစ်ယောက်ပေါင်းနှုတ်ဆက်ခဲ့တယ်
ဖြတ်လမ်းက ပိုက်ဆံမကုန်ဘူး
နောက်ဆံမငင်ဘူး။ ။

မော်နီ ၊မင်းတို.ရှေ.မှာ ရောက်နေပြီ

ငါ့ကဗျာ မင်းတို.ရှေ.ရောက်ချိန်
လက်တွေလေထဲလည်းမမြှောက်ပါနဲ.
ရုပ်ရှင်က အနုပညာဟုတ်မဟုတ်မသေချာဘူးဆိုတဲ့
ကမ္ဘာကျော်ဒါရိုက်တာကြီးစကား
ငါဖျားသွားဘူးတယ်
ကော်ပီဖြစ်ဖြစ် ကိုယ်ပိုင်ဖြစ်ဖြစ် အားထုတ်မှုက အရေးကြီးတာတဲ့
လေးဖြူကလည်းရဲဝံ့လွန်းတယ်
လိုအပ်ရင်နားရွက်ဖျားလေးက အသံထွက်အောင်ဆိုမတဲ့လားကိုငှက်ရေ
ကဗျာနဲ.တေး ဘယ်အချိန်မှာလမ်းခွဲခဲ့သလဲ
ခင်ဗျားတို.နဲ.ဆိုရင်တော့ပြန်လည်ပေါင်းစည်းချင်တယ်
လူတိုင်းလက်ခုပ်တီးရုံနဲ.တော့ ငါလိုက်မတီးနိုင်ဘူး
လက်ခုပ်သံကတောင်းယူလို.ရမရငါမသိဘူး
ငါသိတာ အနုပညာကို အနုပညာလို သဘောထားတတ်သူတွေကိုငါချစ်တယ်
အဆင်ပြေလား
အဆင်ပြေရင် လက်ခုပ်သံတွေ မကြားချင်ဘူး။ ။

ဖွဲမီး

ပျံကျမိုးလို အပြုံးလေးကို
ကောက်ရိုးတစ်မျှင်လို အားကိုးတကြီးဆွဲကိုင်ခဲ့ဘူးတယ်
အပိုပါပဲလေ
ညတာရှည်တော့အိပ်မက်များတာပေါ့။

ငါနည်းနည်းဈေးကျသွားတဲ့ ဧပရယ်ဖူးလ်နေ.ကကိစ္စ
ဒီနေ.အထိ အဖတ်ဆည်မရသေးဘူး
မင်းမျက်နှာကိုဖြတ်မရိုက်ခဲ့မိတာ
သုံးနှစ်လောက် နောင်တရနေတယ်။

ပြန်ပြောရင်ဒေါသထွက်တာမဟုတ်ဘူး
ဒေါသထွက်ထွက်လာလို. ပြန်ပြောပြောနေရတာ
ကိုယ့်အပူနဲ.ကိုယ်၊ ကိုယ့်ဒုက္ခကိုယ်ရှာတာပေမယ့်လည်း
ပြန်တွေ.ရင် လက်မနှေးအောင်လို.
နာကျည်းမှုကိုကျောသပ်မွေးနေတယ်။ ။

ဘုစုခရုများနှင့် ကဗျာရေးခြင်း

လေထဲမှာလွှင့်၊နာရေးတဲ့ကဗျာဆိုတာ ငါရေးတဲ့ကဗျာလို.ကလေးဂျကားမပီသလိုပြောတာ။ဆရာကြီးများလက်ခုပ်တီးပါ၊ အဆင်မပြေဘူး၊ဒါပေမယ့်လက်ခုပ်သံကြားချင်တယ်၊ပန်းကလေးများပွင့်တော့မည်၊ကလေးလိုဆိုချင်ရင် ကလေးစိတ်မွေးရုံနဲ့ရတယ်၊နီတို.ရေးမှကဗျာ၊ဟုတ်တယ်၊ကိုဟံလင်းရဲ့မိသားစုကြိုက်တယ်၊နီရေးရင်လည်းကဗျာ၊နာရေးရင် အပေါကြီး၊ကာရန်ပါရင်အပေါကြီး၊မင်းသုဝဏ်ကြောင်းပြောမိတာအပေါကြီး၊ ကလေးတွေလာကြ၊ကလေးကဗျာလေးတွေရေးကြစို.၊ သူတို.ဘာသာနေပါစေ၊ဗော်လတဲယားတဲ့၊ဂျွိုက်စ်တဲ့၊နီတို.မတိဘူးလား၊ခုခေတ်က အဲဒါတွေရေးမှကဗျာဆရာ၊ပိုင်းစစိတ်မွှာခြင်းသိလား၊ ဗဟိုချက်များစွာရှိခြင်း၊ဗဟိုချက်ပျောက်နေခြင်း၊ ဟိုကလေးငြိမ်ငြိမ်ထိုင်လေ၊ဖရက်ဂမန်တေးရှင်းသိလား၊ ကျူဗစ်ဇင်း၊ဟင်၊နီဘာလို.ကဗျာရေးသေးလည်း၊ကဗျာဆိုတာဘာလို.ပြောမိတာငပေါလား၊ ငါးတန်းကလေးလည်းသူ.အသိနဲ.သူဒုက္ခသစ္စာကိုသိမှာပဲ၊နဲနဲခွင့်လွှတ်မပေးချင်ဘူးလား၊ တောင်းပန်နေတာပါ၊ဟိဟိ။ပြောရတာ အရသာမရှိဘူး ၊ကလေးကဗျာလေးတွေနဲ.သူတို.ကစတင်တာမဟုတ်ဘူး။ သူတို.ကိုဘုရားသခင်ကကဗျာရေးဖို.လွှတ်လိုက်တာ၊တို.က အပေါကြီး။ တို.ဘာသာတို. ကလေးကဗျာရွတ်ရအောင်၊အားလုံးလိုက်ဆို၊ပန်းကလေးများပွင့်တော့မည်။ ။

တိတ်ဆိတ်သူ

အလှမ်းခက်သူမို.
မနမ်းရက် မျက်လွှာလေးကို
လွမ်းရက်ကဝေ။

အဆင်သင့်ရင်တောင်
ကြင်ခွင့်ကို မယူရက်လို.
ချွေဖျက်သူ ကိုယ်မဟုတ်ပါဘူး
နှုတ်ဆိတ်သူလေ။

တွေ.ရင်တောင် အကြည့်သိမ်းလို.
ယိမ်းနွဲ.သူ ခြေလှမ်းခက်အောင်
မလုပ်ရက်သူပါမေ
ဣနြေ္ဒရှင်ယုံပါလား။

စိုးထိတ်သူက
တိုးတိတ်စွာ နေခဲ့ချင်လည်း
ပဲ့တင်သံ ရင်ခုန်နှုန်းက
ပုန်းရခက်သား။ ။

လိပ်ပြာလုံလမ်းခွဲ

အကန်းတွေ မြင်နိုင်တာကပိုများတယ်
မြတ်နိုးမိသောအရာဆိုတာ
ဈေးတက်သွားတတ်တယ်
သိမ်းထားမိသော မျက်တောင်ကော့အကြည့်လေး
မှတ်မှတ်ရရပြန်ပေးလိုက်ပါပြီ။

ဒီအပြုံးကိုမှ သေလောက်အောင်လိုချင်မိတော့လည်း
ကလေးလိုငိုကြွေးပြလို.ရလည်း အကောင်းသား
သိက္ခာတွေစွန်.လွှတ် တောင်းပန်ခဲ့တာတွေ
ဂရုဏာဆိုတာ ပြန်လာတယ်လို.ပြောတာမဟုတ်ဘူး
လိုလိုချင်ချင်မဟုတ်ပေမယ့် ဖြေလျော့ပေးခဲ့ပါတယ်
ဒါတောင်ဘာလို.ဆွဲလုရတာပါလဲတစ်ယောက်သူ။

ဒီလမ်းကို အတူလျှောက်ဖို.ကျ နှစ်ယောက်သဘောတူရတယ်
ဒီလမ်းက ခွဲသွားဖို.ကျ တစ်ယောက်ထဲသဘောနဲ. ဖြစ်တယ်
ဘယ်လို ဆွဲဆောင်မှုမျိုးက ငါ့အချစ်ထက် ကျော်လွန်ခဲ့ပြီလဲ
အံ့သြတကြီး မင်သက်မိချိန်မှာ နင်အဝေးရောက်သွားခဲ့ပြီ။

နင့်အချစ်ကို စုံလုံးကန်းယုံကြည်မှုတွေနဲ.
ငါဆောက်နေတဲ့ အနာဂတ်ရဲတိုက်က ဘုရင်မကပဲ
အုတ်မြစ်ကစပြီး မြူတစ်မှုန်မကျန် ချေမွသွားတော့
နာကျင်ချိန်မရအောင်နာကျင်ရလွန်းပါတယ်
ဒီလမ်းခွဲက တစ်ဖက်သတ်ဆန်ခဲ့တယ်
ဒီလမ်းထဲမှာ တစ်ဖက်သတ်ကျန်ခဲ့တယ်
ဒီအခန်းထဲက တစ်ဖက်သတ်မဟုတ်တဲ့ အနမ်းတွေ တော့
မင်း……. ချန်…ခဲ့…….တယ်။

+++++++++++

လမ်းခွဲချိန်ဆိုတာက
ဘယ်ထောင့်မှာရပ်စောင့်နေမှန်းမသိပေမယ့်
လျှောက်ရတဲ့ လမ်းတိုင်းမှာ ရှိနေတာပဲ
နောက်ကနေ တိတ်တဆိတ် ကပ်လိုက်နေတာပဲ
ကြုံဘူးသောကိစ္စ၊ ကြုံလေ့ရှိသောအရာဆိုပေမယ့်
နာကျင်မှုက အသစ်အတိုင်းပါပဲ။

လမ်းခွဲချိန်နာကျင်ရတာကခဏတာပါ
အမှတ်တရများစွာကိုရင်ထဲထည့်
ပြန်လည်ထုတ်ကြည့်မိခဲ့တိုင်း ခံစားရမှုများက
ဓားသွားကို ကိုယ့် အသားမှာသွေးနေသလိုပါပဲ
လမ်းခွဲတာကို မနာပါဘူးလေ
လမ်းခွဲခွင့် ပြုခဲ့တဲ့ ကိုယ့်ကိုယ်ကို နာနေတာ။

အကြောင်းများစွာကြောင့်
မဖျက်ချင်ပဲဖျက်လိုက်ရတဲ့ သစ္စာတွေက
သနားဖွယ် သစ္စာတရားဖြစ်ပြီး
လိုလိုချင်ချင် ဖျက်စီးလိုက်တဲ့ သစ္စာကတော့
ယုတ်ညံ့သော သစ္စာပဲဖြစ်လိမ့်မယ်
မင်းလမ်းမင်းရွေးတဲ့ ကိစ္စ
မင်းနဲ. မင်းလိပ်ပြာပဲ သိမှာပါ။

ချိုးဖျက်ဖို. အကြောင်းဖန်လာတာတောင်
မချိုးဖျက်တဲ့ကတိ ကိုပဲ သစ္စာလို.ခေါ်ရမယ်
ချိုးဖျက်ဖို. မဖန်လို. မကျိုးပျက်တဲ့ ကတိတွေက
မက်လုံးတွေ လို.ပဲ ငါနာမည်ပေးမယ်။

++++++

ကမ်းစပ်ကရပ်ကြည့်နေသူတွေ
လှိုင်းတွေ ကမ်းဆီကိုပြေးလားတာမြင်ရမယ်
ကမ်းခြေမှာလှိုင်းတွေ ပြိုကွဲသွားတာတော့ မမြင်ကြဘူး
တခါတလေ ကိုယ်ကိုတိုင် ရက်စက်သော မြေမှာ ရပ်မိနေကြောင်း
သတိထားမိကြပါစ။

ပြန်တွေ.ချိန်မှာ ဘယ်လိုနှုတ်ဆက်ကြရမှာလဲ
ထုတ်ချင်းခတ် အကြည့်တွေ အပြုံးတွေ
အရင်လို မဟုတ်ရင် ရင်နာရဦးမည်
အရင်လို ဆိုရင်လည်းရင်နာရဦးမယ်
မတွေ.ကြတာ ကောင်းမယ်မထင်ဘူးလား။

နှစ်ဦးသဘောတူလမ်းခွဲတာက ရွေးချယ်မှုပါ
နှစ်ဦးသဘောမတူပဲ လမ်းခွဲရတာကတော့ ကံကြမ္မာဖြစ်ပြီး
တစ်ဦးသဘောနဲ. လမ်းခွဲတာကတော့ ရက်စက်ခြင်းပဲဖြစ်လိမ့်မယ်
နင်ရက်စက်လိုက်တာလို. မပြောခဲ့ပါဘူး
နင်လည်းသိနေတာပဲလေ
နင်လည်းတောင်းပန်ခဲ့တာပဲလေ။

လမ်းခွဲတိုင်းဟာ နာကျင်ရလားမေးချင်ပါတယ်
မငိုမယို
တကိုယ်တည်းသွားရသော လမ်းများလည်း
ဘ၀မှာ ရှိ…….ဦး……….မယ်…………
ရှိဦးမယ်လို. ထင်ရသည်လေ
အချိန်ကြာလို. တိတ်သွားတာပဲလား
အစကတည်းက မကျခဲ့တာပဲလား
အရေးကြီးသော မေးခွန်းကို
အချိန်လွန်မှမေးမိသည်။

++++++++

မွေးဖွားခဲ့ရာ အသိုက်ဟောင်းလေးကို ပြန်ငဲ့ကြည့်တော့လည်း
အဖေက အစ်ကိုအိမ်မှာ
အမေ့မီးဖိုလေးမှာ ကြွက်တွေ မနေတော့ဘူး
အစ်မ အိပ်ယာလေးမှာ ဖုန်တွေ သောနေလောက်ပြီ
အစ်ကိုတို.ရေ ငါငိုနေပြီ။

ချစ်သောသူများနှင့်ကွေကွင်းရခြင်းဆင်းရဲမှာ
နာကျင် လှပါပြီ
မိသားစုဘ၀က တိုတောင်းလွန်း
တစ်ကိုယ်ရေ လမ်းက ရှည်လျားလွန်း
ဘ၀က မတရားလွန်း ခဲ့ပါလား။

သေကွဲကွဲရသူတွေ ရှင်ကွဲခွဲရသူတွေ
ငါ့ဆီကို ၀င်လာသူတွေ ငါ့ဆီကထွက်သွားသူတွေ
ငါဝင်ရောက်သွားခဲ့ရသူတွေ ငါထွက်ခွာခဲ့ရသူတွေ
အံကြိတ်သံ တောက်ခတ်သံ ရှိုက်သံငိုသံရယ်သံမောသံ
အားလုံး၏ ဆိတ်ငြိမ်ရာ လမ်းခွဲတစ်ခုခု
ချမ်းမြေ့စွာလျောက်လမ်းရသော လမ်းခွဲတစ်ခုခု
တစ်နေရာရာမှာတော့ ရှိနေမယ်။

ငိုကြွေးဖွယ်ရာအကြောင်းရှိရင်
ငိုကြွေးမှုတိတ်ရာ အကြောင်းလည်းရှိရမှာပေါ့
ပူလောင်စေသော အရာရှိရင်
ပူလောင်မှုငြိမ်းစေသောအရာလည်းရှိရမှာပေါ့
တိုက်ခတ်နေတဲ့လေထဲမှာ မျက်ရည်တွေ လွင့်ပါသွားတယ်
ပါးပြင်ဟာ ခြောက်သွေ.ကျန်ခဲ့တယ်။

++++++

ကိုယ့်ကိုကိုယ် သနားဖွယ်တွေးပြီး
မပြီးသေးတဲ့ အတိတ်လို. ထင်နေသေးတာပါ
အတိတ်ဆိုတာ ခဏငယ်လေးမှာ သေဆုံးသွားပါပြီ
ကျန်နေခဲ့သည်က တုန်ခါလှိုင်းမျှသာ
သူ.ဘာသာ တိုးတိတ်သွားတာတောင်မှ ပြန်နားစွင့် ကြေကွဲချင်နေသေးသူ။

သေကွဲရှင်ကွဲ
တချိန်ချိန်မှာရောက်လာမှာသိရက်နဲ.
သူ.ဘက်က အမှန်တရားကိုသိရဲ့နဲ.
ကိုယ့်ဘက်က အမှန်တရားကိုပုံကြီးချဲ.
အလွမ်းကို ဇာဖွဲ.နေတဲ့ငါ
အခု ကိုယ့်ကိုကိုယ် လမ်းခွဲခဲ့ပါတယ်
လိပ်ပြာလုံစွာ…………
………………………………….
……………………………………………………………………..

က=ဗျာ

ဘာ=သာ=စ=ကား။ငါ့ဘာသာစကားဆို။
ငါ့ဘာသာ စ(ပုဒ်ဖြတ်၊သို.မဟုတ် ခေတ္တ/ခဏ ရပ်)ကား၊ စကား၊
ကစား။ကစားမလားနားမလား။(ပုဒ်ထီးချရန် ၊ပုဒ်မချရန်ဝေခွဲမရ)
ကလေးတွေရေးသလိုပဲရေးလိုက်ပါ။ စကားတွေကုလားဖန်ထိုးတဲ့ကဗျာ။ကုလားတွေစကားဖန်ထိုးတဲ့ကဗျာ။
ကဗျာတွေ ကဗျာဖန်ထိုးတဲ့ကဗျာ။ခင်ဗျားတင်မဟုတ်ဘူး။လူတိုင်းသွေးကြောင်ဘူးတယ်။
ကန်.လန်.ကာ။ကန်.လန်.ကန်.လန်.ကာနေတာလား၊ အကန်.အကန်.မို.လန်.လန်.နဲ.ကာနေတာလား။
ကဲ။ခေါင်ရှုပ်အောင်တမင်လုပ်တဲ့ကဗျာ။ခေါင်းရှင်းအောင်တမင်မရေးတဲ့ကဗျာ။

ထမင်းမကျွေးတဲ့ကဗျာ၊မင်းမရေးတဲ့ကဗျာ။မင်းဘာသာမင်းပဲကဗျာ။မင်းဘာသာမင်းပဲ က=ဗျာ။ဗျာ။ဗျာ။ အောင်ကျော်ခေါ်မှထူးမယ့်ဗျာ။ မောင်မောင်ခေါ်ရင်ထီးရိုးရှည်မယ့်ကဗျာ။
ခင်ဗျားကြိုက်တဲ့ကာရန်တွေနဲ. ဆုံးထားသတဲ့ဗျာ။ဗျာ။ဗျာ။
ဗျာ။ဗျာ။ဗျာ။……………………………..ဗျာ။
ခွင့်လွှတ်ပါ။နားမလည်ကြတဲ့အခါ။(ခွင့်လွှတ်ပါဗျာ။နားမလည်ကြတဲ့အခါဗျာ။)
ကဲ။နည်းနဲ ပေါ့ပေါ့ပါးပါးဖြစ်မသွားဘေဘူးလား။
ကဗျာမှာအသံဆို။ခင်ဗျားတို.ဘဲရေးတတ်တာပါ။ကျုပ်မပါဘရစေနဲ.။တော်ဘာဒယ်၊တတ်ပါဒယ်။
ဿည်(၁)တစ်ခါတော့ခွင့်လွှတ်ပါ။(မှတ်ချက်(၁)။ ။အသံထွက်အမှန်ကိုမသိ၍ သနှစ်လုံးထပ်သကြီးဖြင့်ရေးသည်။ အဲ၊ယောင်လို.၊ ရေဿးည်)
ဒီကဗျာအဆုံးသတ်မရဘူး။ဇီဝိနြေ္ဒ မပါတဲ့ကဗျာဆိုတော့။
ဘယ်သူမှတော့သိမှာမဟုတ်လို. (း) )
ဒီအတိုင်းပဲ အဆုံးသတ်လိုက်ပါတယ်။လေး=စား=ပါ=တယ်။

သူငယ်ချင်းလေးသို. -၃

အမှန်ပြောရရင်
မိန်းမတွေဟာ ငါ့ရဲ့ထာဝရရန်သူပဲ။

အကြိမ်များစွာ မရိုးသားခဲ့ပေမယ့်
အကြိမ်များစွာလည်း ရိုးသားခဲ့ပါတယ်
ငါ့စိတ်နဲ.ပဲ ဆိုင်တဲ့ကိစ္စမှာ
နင်ကဘာကို ဘ၀င်မကျတာလဲကွယ်။

နောက်ဆုံးတော့လည်း
ရိုးသားခြင်းဆိုတဲ့ စကားလုံးကိုပဲ
တုတ်နှောင် ရိုက်နှက်စစ်ဆေးရတော့မယ်
တကယ်ဆို ရိုးသားခြင်းကဘာလဲ
မရိုးသားခြင်းကဘာလဲ
မင်း တကယ်ပဲ အမှန်ကိုသိပါသလား။

ပြောင်းလဲသွားတဲ့သဘောကို ဖုံးထားခြင်းက ရိုးသားခြင်းလား
အမှန်တရားအတိုင်းနေထိုင်ခြင်းကရိုးသားခြင်းလား
မင်းနည်းနည်းလေးတော့ ခွဲခြားတွေးပါ
ခဏတာတို.ရဲ့ အစိတ်အပိုင်းတွေမှာ
ပြောင်းလဲမှုများစွာက
တရိပ်ရိပ်တဖြတ်ဖြတ်
တရစပ် တုန်ခါနေကြတယ်။

ပြောင်းလဲမှုအရှိတရားကို
မျက်ကွယ်အောင်ဇွတ်ပြုထားလို.
ငါရိုးသားပါတယ်လို. နင့်ကိုပြောရမှာလား
အမှန်တရားတစ်ခုဟာ
နင်သတိမပြုမိရင်တောင်မှ
သူ.သဘာဝအတိုင်း
အရိုင်းဆန်ဆန် ရုန်းကန်လှပနေမှာပဲလေ။

နင်ကိုတမြေ.မြေ.ငေးနေတဲ့ အချိန်
သူငယ်ချင်းနှလုံးအိမ်မှာ ဘယ်ရိုးသားမှုက ဘယ်ရာနှုန်း
ဘယ်မရိုးသားမှုက ဘယ်ရာနှုန်းဆိုတာမျိုး
ငါအချိုးချမကြည့်ဖူးပါဘူး
နင်ကလည်း ရိုးသားတဲ့ငါ မရိုးသားတဲ့ငါ
ဘယ်ငါနဲ.စကားဆိုတယ်ဆိုတာမျိုး
(ရိုးရိုးသားသားဖြေရင်)
စိတ်ထဲမှာ မြင်ခဲ့ဘူးလို.လား။

လူတစ်ယောက်မှာ အပိုင်းများစွာရှိလိမ့်မယ်
စိတ်တစ်ခုမှာ အစများစွာ ရှိနေမယ်
အလျားလိုက်ခဏတာများစွာမှာ
ဒေါင်လိုက် အတွေးစများစွာမှာ
ဘ၀ရဲ့ အကန်.များစွာမှာ
ခဏရဲ့ အတန်.များစွာမှာ
မတူတဲ့ သဘောတရားတွေပြည့်လျှံနေတယ်
သူငယ်ချင်းလေးသိပါသလား။

သူငယ်ချင်းအကြည့် သူငယ်ချင်းအပြုံးမှာ
ရှက်ရွ.ံခြင်းလေးဖုံးနေတာက
ငါ့ကိုယ်ငါ ဆုံးမရခက်အောင်လှလိုက်တာ
ဘ၀မှာ တခါလောက် မရိုးသားခြင်းရဲ့ အရသာ
မင်းကြုံဘူးစေချင်လိုက်တာလေ။

ငါတို.ဟာသူငယ်ချင်းတွေလေ
ငါတို.ဟာမောင်နှမတွေ လို.နင်ပြောပြောနေတော့
နင့်ကိုငါမရိုးသားဘူးလို. မစွတ်စွဲမိပါလား
မိုးကြိုးပစ်ရာကိုလက်ဖ၀ါးနဲ.ကာတာမဟုတ်ဘူး
မိုးကြိုးမပစ်ပဲနဲ. နင့်လက်ဖ၀ါးလေးကာတော့
နင့်ရင်ထဲကမိုးခြိမ်းသံကို ငါကြားရတယ်
နင်တကယ်ရိုးသားပါသလား။

သက်တံ့ကကောင်းကင်မှာရှိနေတာမဟုတ်ဘူးလေ
အခိုက်အတန်.ခဏလေးမှာ
မိုးလေးကလည်းရွာမှ
နေခြည်လေးလည်းဖြာမှ
ငါ့ရင်ထဲမှာ ကဗျာတွေရွာနေတာကို
နင့်မျက်ဝန်းလေးလင်းဖြာကြည့်မှ
သက်တံ့ရောင်စုံ “တစ်စုံတရာ” ကိုနင်တွေ.ရမှာ။

အခုတော့ နင်က တစ်ဘက်သတ်ပိတ်ပင်ကြည့်တွေနဲ.
ငါ့အသိကို ချုပ်ထိန်းနေတော့
ငါကိုငါပြန်စိမ်းပြီး
မပြောဖြစ်တဲ့စကားတွေပြန်သိမ်းနေရတာ
ငါ့ကိုယ်ငါ မုန်းလှပါပြီ။

ဒီအရပ်မှာဒီဇာတ်ပဲကနေကျလား
နင့် အပြုံးကို နဲနဲလေးရိုးသားပေးပါ
တကယ်တမ်းမရိုးသားတာဘယ်သူပါလဲ
အမှန်တရားနဲ. ခံစားချက်အတိုင်းနေထိုင်ခြင်း“စံ”နဲ.ဆိုရင်
နင်နည်းနည်းလေးမြင်စမ်းပါ။

သူငယ်ချင်းဘ၀ကို သေစာရှင်စာလေးပဲတတ်တာပါ
ပါမောက္ခချုပ်လောက်ကျွမ်းကျင်သူကို
စကားနာမထိုးထိုက်ပါဘူး
စကားနာကလည်း ရင်နာတာလောက်မဆိုးပါဘူး
နည်းနည်းလေးတော့ရူးတတ်တယ်
ဒါပေမယ့်
ရူးနေမှန်းလည်းသိတယ်။

အမှန်ပြောရရင်
မိန်းမတွေဟာ ငါ့ရဲ့ထာဝရရန်သူပဲ
ပြီးတော့ ခုထက်ထိလည်း
ရန်သူကို ငါချစ်နေတုန်းပဲ။ ။

ဧည့်သည်

(ငါသည် အိမ်ရှင်မဖြစ်နိုင်ပြီဆိုလျှင်
ဧည့်သည်ဖြစ်ပါရစေ
ရှေ.သို. ခြေတစ်လှမ်းပင်
မတက်ဝံ့ပြီဆိုလျှင်
ခြေတစ်လှမ်း ဆုတ်ပါရစေ)

စကားဆိုခက်
ကြားလိုလျက်နှင့်
သိုဝှက်မေးခွန်း
အစွန်းရောက်စိတ်
အမှောင်ရိပ်၌
စိတ်မိုက်မှားသောလူဖြစ်မည်။

ပန်းတွေပွင့်ဖူး
ရင်ခွင်ဦးတွင်
ကြည်နူးခဲ့ခြင်း
မှားယွင်းအတိတ်
တံခါးပိတ်၍
တိတ်ဆိတ်ရှောင်ပုန်းရဦးမည်။

မပီဝိုးဝါး
မျက်လုံးများငို
လှုပ်ရှားရင်ခွင်
ပြန်မမြင်လို
ရင်ခွင်အိုမှာ
မြိုလက်စနှင့်မြိုသိပ်မည်။

မြူတွေရစ်သန်း
အမှောင်လွှမ်းသည့်
တောင်တန်းဟိုဘက်
မှုန်ရီပြာသော
ကမ္ဘာပျက်သို.
နှုတ်ဆက်ထွက်ခွာသွားတော့မည်။
ပြန်ဆုံခွင့်လျှင်မရှိပြီ။
နှလုံးသားမဲ့ ခရီးသည်။ ။

နှောင်းကြွင်းမိုး

လျှပ်စီးသိမ်းရုတ်
မျက်တောင်ပုတ်လျက်
နှုတ်ဆက်ခက်သူ
အိပ်မက်လိုပင်
မယုံချင်နိုင်………

မိုးလိုညို၍
စိုသောမျက်ဝန်း
ချော်ရည်စွန်းထင်
နာလွန်းသောစိတ်
မမြိုသိပ်နိုင်……….

ကျောခိုင်းသူကို
သစ်ညိုပင်အောက်
နောက်မှငေးရင်း
ရိုင်းလေပြင်းနဲ.
နှောင်းကြွင်းမိုးလည်း သည်းပြန်၏။ ။

နာကျင်ခြင်းတရားတော်

ဆူးကိုထွင်ရင်တော့
နာကျင်ရမှာပေါ့
မထွင်ရင်လည်း တစစ်စစ်ဖြစ်နေမယ်။

နာကျင်ဖွယ်အမှန်တရားကိုရင်မဆိုင်ရဲလို.
လက်ရှိအနေအထားလေးမှာ မျှောလိုက်နေသူတို.ရေ
လောကရဲ. စရိုက်ဆန်းမှာ
ရောလိုက်ပြီးတော့လည်း မစမ်းနဲ.
အရွဲ.တိုက်ပြီးတော့လည်း မကြမ်းနဲ.
အမှန်ကို မြင်စေတဲ့စခန်းက
ဖြတ်လမ်းမရှိဘူးလေ။

တည့်တည့်လေးကြည့်
တချိန်တည်းမှာသိလိုက်
ထိခိုက်မှု မှန်သမျှက “နာ”ပါတယ်
(လက်ခံပါတယ်)
ဒါပေမယ့်
တုန်ခါမှုကြောင့် ပို နာနေကြတာ ဘာ့ကြောင့်လဲ။

နာကျင်မှုကိုပဲ တယုတယမွေး
တသသကျောသပ်ပေးနေတော့မှာလား
ပါရမီမြောက်ဒုက္ခသည်ကြီးရေ
နည်းနည်းလေးစိတ်လျော့လိုက်ပါ။

ပြည်အောင်းနေတဲ့ ဒဏ်ရာ
အနာခံဖောက်ထုတ်မှ သက်သာမယ်
နာကျင်မှုကို သွေးလိုလှူလိုက်
ငါတို.က ဖေးကူလို.မရဘူး။ ။

အချစ်အကြောင်း

သံတုံးကို သံလိုက်နဲ.နာနာပွတ်တိုက်ရင်
သူလည်းသံလိုက်ဖြစ်သွားတာပဲ။

ငါ့အသက်ဆယ့်ငါးမှာ
ကျောင်းသွားဖော်လေးကို ချစ်ခဲ့တယ်
နောက်ဆယ်နှစ်ကြာတော့ မန္တလေးသူကိုချစ်မိတယ်
နောက်ဆယ်နှစ်ကြာတော့ရန်ကုန်သူနဲ.လက်ထပ်တယ်
မတွေ.မမြင်ဘူးသူကို ချစ်လို.ရမှာလားဆိုတော့
အဖြေကခက်လှတယ်။

နောက်ငါးနှစ်လောက်မှာ
မင်းတကယ်ချစ်မိပါပြီဆိုတဲ့တစ်ယောက်
အနာဂတ်မှာစောင့်နေနိုင်တာပဲလေ။

အချစ်ဆိုတာ ထိတွေ.မှုကြောင့်ပါဆိုရင်
ငါ့ကို ငြင်းကြပါလိမ့်မယ်
မမြင်ဘူးသူတစ်ယောက်ကို ချစ်မှာလားဆိုရင်
စကားကတ်ကြလိမ့်မယ်
အချစ်ဟာ အပြန်အလှန်စီးကူးမှုဖြစ်တယ်။

အချိန်ကြာကြာထိတွေ.တာတောင်
သံတုံးတစ်တုံးဟာ သံလိုက်ဖြစ်မလာရင်
အဲဒီသံတုံးရဲ. အပြစ်မဟုတ်ဘူး
သင့်သံလိုက်မှာ အားနည်းချက်ရှိနေပြီ။ ။

အောင်လက်မှတ်

ကြောက်ရင်ရှူံးတယ်ဆိုလို.
ငါလည်းရဲရင့်လိုက်ပါတယ်
ထပ်ရှူံးတယ်။

မွေးကတည်းကငိုမွေးလာကြတာ
ဘယ်သူမှရယ်မောမွေးမလာဘူး
နာကျင်မှုက သင်ယူစရာမလိုဘူး
ကြည်နူးမှုကိုတော့ သင်ယူရတယ်ညီမရယ်။

ဥပဒေမှာက
တန်ဖိုးသတ်မှတ်ရတာတွေကိုပဲ အလျော်ပေးတယ်
လက်တစ်ဖက်ကို လက်တစ်ဖက်နဲ.လျော်ဆိုတော့
အပြေးသမားလက်အတွက်
စန္ဒယားဆရာလက်ကို လျော်ခိုင်းရတာအားနာဖို.ကောင်းတယ်။

မွေးကတည်းက
လက်ဖ၀ါးမှာ အောင်လက်မှတ်ပါမလာခဲ့သူနှစ်ယောက်
နင်နဲ.ငါ နှစ်ယောက်အပြုံးမှာ
စာလုံးပေါင်းသတ်ပုံမစစ်လည်းရပါတယ်။

စိုက်ပျိုးနည်းကိုတော့ မသင်ချင်ဘူး
ရိတ်သိမ်းနည်းကို လိုလိုချင်ချင်သင်ယူချင်သူတွေထဲမှာ
နင်နဲ.ငါ မပါခဲ့တာ
ဂုဏ်ယူကြရအောင်ပါဝေမှူးချို။ ။

(ဝေမှူးချို ၏ကဗျာများကို ပြန်လည်အင်စပီရေးရှင်းယူထားပါသည်။)

မေတ္တာကျောက်ခေတ်

နည်းနည်းလေးပေးပြီး အများကြီးယူသွားသူကို
အများကြီးပေးပြီး နည်းနည်းမှမရခဲ့သူက
ဂုဏ်ပြုလိုက်ပါတယ်
ကံမကောင်းသူဆိုတာ
အပြစ်တင်ခြင်းပါ ခံရတတ်ပါတယ်
ငါ့အပြစ်ပါပဲလေ။

မင်းကို အပြစ်မတင်ရက်ခဲ့တော့
ငါ့ကို အပြစ်တင်ကြပြီ
ညိတတ်တဲ့ဆူးမှာ အပြစ်မဲ့ပါတယ်
ညိတတ်မှန်းသိရဲ. အနားသွားသူက အပြစ်ရှိပါတယ်
မြေပေါ်ကလူ တိမ်နဲ.ညိခဲ့တာတော့
အခံရခက်တယ်။

အိပ်မက် မက်မက်နေရင် မသိစိတ်မှာရှိနေသေးတာလား
အကြောင်းတိုက်ဆိုင်လို.သတိရရင် ချစ်နေသေးတာလား
ငါမဖြေရဲတဲ့မေးခွန်းတွေဟာ
မင်းမမေးရဲတဲ့မေးခွန်းတွေပဲဖြစ်မှာပါ
မင်းက လိပ်ပြာလုံချင်သူလေ
ငါခွင့်လွှတ်ရင် မင်းမနာကျင်တော့တာသေချာလား။

တို.ဝေးကြပါစို.ဆိုတာ မင်းစပြောတာလေ
နှလုံးသားပေါ်ကစာကို ဖျက်ချင်တော့
နှလုံးသားကိုချေမွတာ မင်းတရားပါတယ်
မလုပ်ပါနဲ. တောင်းပန်မိတဲ့ငါက မတရားခဲ့တာ
မင်းတို.ချစ်ခြင်းကိုခွဲဖို.
ငါ့ချစ်ခြင်းကို ပြပြီး အသနားခံခဲ့တဲ့ငါ မတရားခဲ့တာ
ခုတော့ကျေနပ်ပါလေ။

သုံးနှစ်ကျော်လို. မေ့ဖို.ကောင်းပြီလို. မင်းပြောလိုက်ပါ
တစ်သက်လုံးလို. ငါပြောခဲ့တာ မယုံခဲ့တာ မင်းလေ
မနက်ဖြန်ကစတဲ့ မင်းဘ၀ကို မသိချင်ပေမယ့်
လွန်ခဲ့သောကာလများက ငါ့ဘ၀ထဲ ပါခဲ့တဲ့မင်းအကြောင်းကို
မမေ့တာက ငါ့စွဲလမ်းမှုပါ
ဖြတ်လို.ရရင် ဆစ်ပိုင်းထားခဲ့လို.ရရင်
ထားခဲ့တာကြာရောပေါ့
နာကျင်မှုတွဲပါနေတဲ့ သတိရခြင်းကို ဘယ်သူလိုချင်မှာလဲ။

အလိုလိုဖြစ်မလာတဲ့ ခွဲခွာခြင်းကို
အလိုလိုဖြစ်လာတဲ့ နာကျင်ခြင်းနဲ. လက်ဖွဲ.လိုက်ပါတယ်
ဆုံးရှူံးမှုဆိုတာ ကြိုတွေးထားတာထက်နာတယ်
မေ့နိုင်မှု ဆိုတာကလည်း
ကြိုတွေးထားတာထက်ကြာတယ်
သဘာဝက မမျှတလေဘူး။

ဘ၀ကို လှောင်ရီတတ်ဖို. သင်ယူနေဆဲပါ
နာကျင်မှုကို သဘာဝကျကျ ရင်ဆိုင်နည်းက
ဒီတစ်နည်းပဲရှိတယ်ဆိုရင်
ငါ ကြိုးစားအားထုတ်မှုညံ့တယ်
မဲ့ပြုံးမှာတောင်မှ မင်း ကွယ်ရာမှပြုံးရဲခဲ့တာပဲ
ငါ့ အချစ်က ဆိတ်ကွယ်ရာမှ လက်ပန်းပေါက်ခတ်တယ်
ကဲ…… မင်းပဲ မဲ့ပြုံး ပြုံးတော်မူ။

အတွေ.အထိ၊ အကြားအကြည့်တိုင်းမှာ
အသိလေး အတိုင်းထားနိုင်လို.လား
သတိလေးတစ်ချက်ကပ်နိုင်လို.လား
အနီးကပ်တောင်မဟုတ်ဘူး
ဟိုး…..ကာလအဝေးကြီးက တုန်ခါမှုက
အခုအထိ ဆတ်ဆတ်ခါစေတာကတော့
တုန်ခါနှုန်းပြင်းလွန်းတာထက်
ခံယူသူကိုက အခြေမခိုင်တာနေမှာပါ။

မင်းနဲ.မှ ပါရမီမြောက် နာကျင်တတ်တာ
သံသရာ တစ်ကြောလုံး ငါရက်စက်ခဲ့မိလို.
ဒီဘ၀မှာ လက်စားချေတာလား
နောက်ဘ၀မှာဆက်ယူပါလေ
ကျေနပ်သည်အထိ ယူတော်မူပါလေ။

အတူဆုံဖို.ဆုတောင်းပြီးမှ
ပြန်မဆုံဖို.ဆုတောင်းရတာ
ရှင်တော်ကို အားနာဖို.တော့ကောင်းပါတယ်
မင်းဆန္ဒကို ပြည့်စေဖို.က ခက်လွန်းတယ်
ငါ့ဆန္ဒကို အလိုမလိုက်ဖို.ကလည်းခက်လွန်းတယ်
အလွယ်လိုက်ပြီး လွမ်းနေလိုက်ရအောင်ကလည်း
ခက်လွန်းတယ်။

မင်းနဲ.ပတ်သက်ရင် ခက်နေကျဆိုတော့လည်း
အိပ်မက်မက်ဖို. ခက်လိုက်ပါ့လား
သတိရဖို.ခက်လိုက်ပါ့လား
အဲလိုလည်းမဟုတ်ပြန်ဘူးဆိုတော့
ငါကိုက ဘာမှန်း မသိတာပါကွယ်
မင်းထားခဲ့တာ မှန်နေပါတယ်။

လောကကြီးက ကဗျာစပ်လို.မရအောင် မယဉ်ကျေးတော့ဘူးလား
ချစ်သူကလည်း ကတိတွေ တည်ဖို.ရာ မယဉ်ကျေးတော့ဘူးလား
ကလေးတွေလည်း မဆဲမဆိုတတ်အောင် မယဉ်ကျေးတော့ဘူးလား
ဝမ်းနည်းစွာတွေးမိတော့
ကျောက်လက်နက်နဲ. စခဲ့တဲ့ အရိုင်းဘ၀ကိုတောင် ကြုံခဲ့သေးတာ
ငါတို. ဒီခေတ်ထဲမှာပါကွယ်။

တို.က အရိုင်းအစိုင်းတွေ အတွက်ပိုယဉ်ကျေးပေးရအောင်ပါ
မချစ်တဲ့သူတွေကိုတောင်မေတ္တာပို.နိုင်ရင်
ချစ်ခဲ့တဲ့သူတွေအတွက် ခွင့်လွှတ်ခြင်းတွေပေးရအောင်ပါ
ရေဆန်လမ်းဆိုတော့လည်း
သတ္တိတော့လိုနေပေလိမ့်မယ်။

တုန်ခါနေတာကိုသိရင် တည်ငြိမ်နေတာကို သိရမှာပေါ့
တုန်ခါစေတာကိုသိရင် တည်ငြိမ်စေတာကိုသိရမှာပေါ့
ရေစုန်မျောလိုက်နေတဲ့ စိတ်မှာမှ
ရေဆန်ကူးဖို. သတိလေးရရင်
အိပ်မက်မှထရင် ပြုံးနိုင်လိမ့်မယ်
အတွေးမှာ တစ္ဆေလိုပူးရင် ခွာလို.ရမယ်။

တကယ်တော့ တို.ကိုနာကျင်စေတာတို.စိတ်ပါလေ
အရှိတရားကို သတိလေးထားကြည့်မှ တော်ကာကျမယ်
အတိတ်မှာပြုခဲ့သူအတွက် ပစ္စုပ္ပန်မှာ နာဖို.လိုသလား
တုန်ခါမှုကို ဒီအထိခေါ်ထားမှာလား
ဒီတခါသနားရမှာက ကိုယ့်ကိုကိုယ်ပါလေ။

သူတို.ပြုသလိုခံရမှာဆိုရင်တောင်မှ
သူတို.ဒီလိုမရည်ရွယ်ကြပါဘူး
သူတို.ဆန္ဒကို မလွန်နိုင်ကြတာ
တို.က တို.ဆန္ဒကို လွန်ဆန်ကြမှ
တို.ကြုံနေရတာခွာချလို.ရမယ်။

တို.ကချစ်သူတွေကို အလိုမကျတာနဲ.
တို.ကိုချစ်သူတွေကို မနာကျင်စေရအောင်ပါ
တို.မကြိုက်တဲ့ လမ်းခွဲမှုမျိုးတွေ
ဘယ်သူမှမရကြပါစေနဲ.တော့
တနိုင်တပိုင်လေး ကူညီကြရင်ကောင်းမှာ။

ကျောက်ခေတ် အရိုင်းဘ၀ကနေ
ငါတို.တွေ ယဉ်ကျေးလာကြသလို
မေတ္တာတွေ ရိုင်းစိုင်းနေတဲ့ဘဝ
ငါတို.ကစ ယဉ်ကျေးကြမယ်လေ။ ။

လူရိုင်း

အလိုတူအလိုပါ အပြုံးလေးကို
မင်းမျက်လုံးမှာသေဆုံးသွားစေဖို.
၁၀၀ဒီဂရီ အနမ်းကို
မင်းနှုတ်ခမ်းမှာ ထိုးစိုက်ပစ်လိုက်မယ်။

အသက်၃၅တစ်ယောက်က
ဆယ်ကျော်သက်လေးလို ရင်မခုန်ဘူး
ရင်ခုန်ချင်ရင် မင်းပဲခုန်။

ငါ့မျက်လုံးတွေက
လက်ချောင်းတွေလို
မင်းရဲ. တင်းတင်းမို.မို.တွေမှာ တွားသွား
နှုတ်ခမ်းတွေ အက်ကွဲတဲ့ အထိခြောက်သွေ.လာ
ရေငတ်သလို ဆန္ဒထဲမှာ ငါပြာဖြစ်လုပြီ။

ကျားသစ်တစ်ကောင်လို
ပုခုံးတွေကိုကြုံ.ပစ်လိုက်မိ
ကျောရိုးတွေ တင်းတောင့်ခုံးထလာ
၁၅မိနစ်ကိစ္စဟာ
ငါ့သွေးမှာ တလှိုက်လှိုက်လောင်နေတာ သုံးနှစ်။

မြေခွေးမလေး

ကြာခဲ့ပြီတစ်နေ.
ငါ့ရှေ.မှာ မျက်လုံးဝိုင်းဝိုင်းနဲ. အစာရှာသလို မော့ကြည့်လာ
သနားပါတယ်
နှလုံးသားကို နည်းနည်းလေးလှီးပြီးချကျွေးလိုက်တယ်
အားရ၀မ်းသာထိုးဟပ်
ပြီး နှုတ်ခမ်းကို လျာလေးနဲ.တစ်ချက်နှစ်ချက်သပ်
မတင်းတိမ်သလိုမော့ကြည့်ပြီးနောက်က လိုက်လာ
ဒီလိုနဲ. နောက်ထက်နည်းနည်းချကျွေး
ငါသွားရာမှာသူပျော်မွေ.ခဲ့ပြီ
နှလုံးသားကို နည်းနည်းချင်းလှီးကျွေးပြီး သူ.ကိုငါပိုင်ဆိုင်ခဲ့
နှလုံးသားကို နည်းနည်းချင်းလှီးကျွေးပြီး မေမြို.ကိုတက်လည်တယ်
နှလုံးသားကို နည်းနည်းချင်းလှီးကျွေးပြီး ကျုံးဘေးမှာထိုင်တယ်
နှလုံးသားကို နည်းနည်းချင်းလှီးကျွေးပြီး နှစ်ယောက်တဲလေးတွေရှာတယ်
နှလုံးသားကို နည်းနည်းချင်းလှီးကျွေးပြီး သူ.ဘ၀ကို အနိုင်ယူခဲ့
ကြာတော့လည်းသနားလာခဲ့တယ်
နှလုံးသားကို နည်းနည်းချင်းလှီးကျွေးထားရုံနဲ. သူကဘ၀ပါပေးရတာ
အဲဒီလိုနဲ.တစ်နေ.
ငါ့ရင်ခွင်ကိုသူ.ခေါင်းနဲ.တိုးဝှေ.
သူ.ကိုလုံးလှလှလေးကို ဆတ်ကနဲခါချ
နောက်ကိုတစ်လှမ်းဆုတ်
နှုတ်ဆက်သလိုမော့ကြည့်ပြီး သူထွက်သွားတယ်
အဲဒါနဲ. ကဗျာကရာရင်ဘတ်အပေါက်ထဲ လက်ထိုးထည့်ပြီးထုံးစံအတိုင်း
လှိုက်ဟာသွားအောင်အံ့အားတသင့် ကြောင်အနေမိတာက ငါ့နှလုံးသားမရှိတော့ဘူး
သူ.ကိုကျွေးရင်း ကုန်ဆုံးသွားခဲ့
သူကတော့ လေထဲကို မျက်နှာလေးမော့ပြီး နှလုံးသားအနံ. တနေရာရာမှာ ရှိသလိုမျိုး
နောက်ကို မကြည့်စတမ်း အမှောင်ထဲကို တိုးဝင်သွားခဲ့
သူပြောလိုက်တာလား ကိုယ်ပြောလိုက်တာလားမသေချာတဲ့ အသံတော့ကြားတယ်
အပေးအယူမှန်သမျှ အမြတ်ရယ်လို. ပြစရာ နှစ်ဘက်စလုံးမှာမရှိဘူး။ ။

အသုတ်စုံ

အစ်မရေ ကဗျာတစ်ပွဲလောက်
ချဉ်ငံစပ်လေး
ဘလက်မောင်တိန်ရယ်၊ လန်းဂေ့ရှ်ရယ် ရောသုတ်လိုက်
အလွမ်းလေးရွှဲရွှဲဆမ်းပေး
ရမယ် မောင်လေး
ကာရန်ရောထည့်ဦးမလား
ဟုတ်၊ ဘီလူးရယ်လေးနဲနဲခြေထည့်ပေးပါ
သိင်္ဂါရရောကြိုက်တယ်နော်
မထည့်နဲ.အစ်မ၊
သြော်၊ ဘယာနကလေးတော့ဖြူးပေးအစ်မ
ဟင်းရည်ကရော ဘာဟင်းရည်သောက်မှာလဲမောင်လေး
အိတ်ဇစ်ကြိုက်လား၊ဒါဒါကြိုက်လား၊
အင်ပရက်ရှင်ရမလားအစ်မ
အင်ပရက်ရှင်ကုန်နေတယ်မောင်လေး
အိတ်ဇစ်လေးသောက်ကြည့်ပါလား
မမတို.ဆိုင်က အိတ်ဇစ်ကနာမည်ကြီးလေ
တော်ပြီအစ်မ
ဒါဒါဟင်းရည်ပဲပေးတော့
ရော့၊မောင်လေး
အစပ်အဟပ်လိုရင်ပြောနော်
ကဗျာဆိုတာ လက်ကောင်းမှစားကောင်းတာကွဲ.၊ ဟင်းဟင်း။ ။

အချစ်တရား-၃

အချစ်ဆိုတာသိပ်တန်ဖိုးရှိတယ်
ဘာလို.လဲမေးရင် သူကပေးရတာသိပ်လွယ်တာကိုး
လူတိုင်းပေးနိုင်တယ်
လူတိုင်းလည်းရနိုင်တဲ့ရှားပါးပစ္စည်းပဲ။

လေထဲကပဲပေးလို.ရတော့
တကယ်မပေးလည်း ပေးတယ်ပြောလိုက်ပါလေ
အစစ်အမှန်ဆိုတာမျိုးက တိုင်းတာပြလို.မှမရတာ
အချစ်ငတ်သူတွေယုံကြလိမ့်မယ်
မချစ်တတ်သူတွေညာကြလိမ့်မယ်
ညာသူကအပြစ်မရှိဘူး
အညာခံရသူမှာ အပြစ်မရှိဘူး
ဈေးပေါလွန်းနေတဲ့ အချစ်တရားကိုပဲအပြစ်တင်ကြ။

လွယ်လွယ်လေးပေးပြီး
(လေထဲမှာပဲပေးပြီး)
ဈေးကြီးတာတွေ ပြန်ရနိုင်တဲ့အချစ်
ပိုက်ဆံနဲ.၀ယ်မရနိုင်တာတွေ အလွယ်ပြန်ရနိုင်တဲ့အချစ်
အောင်မယ်လေးလေး
ငါလည်းချစ်တတ်ပါတယ်ကွဲ.။

ချစ်တယ်လို.ပြောလိုက်ကြစမ်းပါ
ကမ္ဘာမှာ အချစ်လိုနေတဲ့သူတွေ တောင်လိုပုံလို.
ကမ္ဘာမှာ အချစ်ခံချင်တဲ့မိန်းကလေးတွေရိုက်သတ်မကုန်ဘူး
အဲ……ကမ္ဘာမှာ အညာခံချင်တဲ့မိန်းကလေးတွေ မရေနိုင်ဘူး
ချစ်တယ်ချစ်တယ်ချစ်တယ်……..
ကဲ အဖြေပေးလိုက်ကြစမ်း။

အချစ်ဟာတကယ်တော့ တန်ဖိုးရှာစရာမလိုပါဘူးလေ
အဓိက ချစ်တယ်လို. ပြောလာသူရဲ့ တန်ဖိုးပါ
ယုံကြည်ထိုက်သူကပြောလာတဲ့ အချစ်ကိုပဲယူပါရစေ
လေထဲမှာပေးတဲ့အချစ်ကို
မျက်ရည်ဝဲလောက်အောင်တန်ဖိုးထားမိတာဘာကြောင့်လဲ
သူ.ကိုတန်ဖိုးထားလို.ပေါ့။

ယုံကြည်အပ်သူရဲ့အချစ်ကိုသာယုံကြည်ပါ
ဘယ်လောက်သန်.စင်တဲ့ရေဖြစ်စေ
နောက်ဖေးသုံးတဲ့ခွက်နဲ.ခပ်လာရင်
ငါမသောက်သုံးနိုင်ပါ
ထိုသို.ပင် အချစ်ကိုတန်ဖိုးထားလိုပါ၏။ ။