Showing posts with label ကလေးတို.သဘက်ခါ. Show all posts
Showing posts with label ကလေးတို.သဘက်ခါ. Show all posts

Thursday, December 8, 2011

အို……ကဗျာ 1

ကဗျာဆိုတာဘာပါလဲ။ဒီမြေဒီရေမှာသာမဟုတ်။ သူ.မြေသူ.ရေမှာလည်း ဓားထမ်းငြင်းကြသည်။

အဲ။ငြင်းသူကသာငြင်းနေကြသည်။ ကဗျာကတော့ အဆင့်ဆင့်တိုးတက်ဖြစ်ထွန်းလာခဲ့သည်။ ကဗျာနှင့်ဝေဖန်သူ။ရှိရမည်။ ရှိလည်းရှိသင့်သည်။ ဒါကြိုဆိုရမည့်ကိစ္စ။ ခက်သည်က တစ်ခုထဲကိုကိုင်၍ပြောနေခြင်း။ဒါမှကဗျာ။ကျန်တာကဗျာမဟုတ်။

ရီစရာလည်းကောင်းသည်။စိတ်ပျက်စရာလည်းကောင်းသည်။ ကဗျာဆရာအချင်းချင်းဆို ရန်မဖြစ်ကြပါ။ကဗျာဆရာဆိုသည်က လွတ်လပ်စွာကွဲလွဲခွင့်ကို အသွေးအသားထဲမှယုံပီးသား။ သူတို.ကငြိမ်းချမ်းမှုကိုချစ်ကြသည်။

++++++

သီအိုရီကိစ္စကစပြောရပေမည်။ သီအိုရီသည် နောက်မှလာသည်။ သဘောတရားကအရင်။

ကဗျာကိုအရင်ဖွဲ.ကြသည်။ နောက်မှ လေးလုံးစပ်ရဲ့ပုံစံကဘာ၊ လေးချိုးကဘာ၊ မီတာကဘာ၊ စတန်ဇာကဘာ၊ ဒီလိုသီအိုရီထုတ်သည်။

ပြောလည်းပြောခဲ့ပီးကြပါပြီ။ ထပ်ပြောရမည်လားမသိ။ ညောင်ပင်မြိုသလိုပင်။ နောက်မှကဗျာလက်သင်များ ကဗျာဆရာ (အစစ်ဟုတ်မဟုတ်မသိပါ)ဖြစ်လာတော့ သီအိုရီနှင့်မကိုက်လျင် ကဗျာမဟုတ် ဆိုလာကြသည်။ လေးသုံးနှစ်မပြည့်လျှင်၊အချိုးမကိုက်လျှင်၊စသည်ဖြင့်။

သူ.နွယ်ကိုယ့်နွယ်ခွဲရန်လိုလျှင်လည်းခွဲရပါမည်။ မခွဲလည်းရပါသည်။မသုံးလည်းရပါသည်။ မပြောရုံပေါ့။ ကဗျာဆရာတွေက သိလည်းသိပ်မပြော။တမင်မေ့ထားရပါသည်။ သီအိုရီက အနုပညာဖန်တီးမှုကို လာထောက်တတ်၍ဖြစ်သည်။

လေးလုံးစပ်မှာ ပိုတွေ.ဘူးပါသည်။ ကိုပြောချင်တာကတမျိုး၊ကာရန်ကဆွဲခေါ်တာတမျိုးနှင့် ဒုက္ခကြီးပါသည်။ကာရန်ကိုမေ့လိုက်မှ အဆင်ပြေသွားသည်။ ပြောလိုရင်းက ကဗျာမှာ အသိမလိုပါ။ ပညာမလိုပါ။

အရပ်စကားပဲသုံးသုံး၊ပါဠိပဲသုံးသုံး (မောင်ချောနွယ်ပြောသလို) ရင်ဘတ်ချင်းပလပ်ထိုးမိဖို.က အရေးကြီးပါသည်။
+++++++++++++++


ဒါကကဗျာဆရာ အတွက်ပါ။ ဝေဖန်သူအတွက်ကတော့လိုပါသည်။ သူ.နွယ်လည်းသိရမည်၊ ကိုယ့်နွယ်လည်းသိရမည်။ အရင်းကကိုင်ပြောမိလားအဖျားကကိုင်ပြောမိသလားသိရမည်။ မသိလို.မရဘူးလား မမေးပါနှင့်။ မရပါ။ဝေဖန်ရေးလုပ်ရင်တော့သိရပါမည်။

ဘာလို.လဲ မေးလျင်ရှင်းပါသည်။ သူများကိစ္စကို ကိုယ်ကသွားပြောတာဖြစ်သည်။ ဟာအပျော်ရေးတာပဲ။ဆရာကြီးမှမဟုတ်တာလို.ပြောမရပါ။ ဆရာကြီးမဟုတ်လျှင်လည်း ကိုယ်ကမဝေဖန်ပါနှင့်။

လောကကြီးမှာရေးစရာများပါသည်။ သူများကိုသွားဝေဖန်မှစာရေးလို.ရသည်မဟုတ်ပါ။

ကိုယ်ပိုင်ဖန်တီးမှုလေးတွေနှင့်ပျော်နေသူတွေ အများကြီးရှိပါသည်။

+++++++

ကဗျာမှမဟုတ်ပါ။ အနုပညာရှင်ဆိုသည်က အာရုံခံစားမှုအားကောင်းသည်။ sensitivity မြင့်သည်။

ဒီတော့ တချို.နေရာတွေမှာအလွန်အကျွံဖြစ်ကုန်သည်။ ဗန်ဂိုး၊ ရှယ်လီ၊စသည်ဖြင့် သိကြပါမည်။ မပြောတော့ပါ။ အဲ ခံစားသူတွေကလည်းခွင့်လွတ်သည်။ ပိုအက်တစ်လိုင်စင်ပေးသည်။


ခက်သည်ကဝေဖန်သူများ။ ပလေးတိုကစသည်။ (အကျယ်မပြောလိုပါ။ ညွှန်းပါဆိုလျှင် တက္ကသိုလ်ဘုန်းနိုင်၏ ခပ်သိမ်းကလျာ ရှုဖွယ်သာတည်းကို ဖတ်ပါ)

နောက်တော့ဘာဖြစ်သလဲ။ ဝေဖန်သူများ၊ဝေဖန်နည်းများပြောင်းကုန်သည်။ ကဗျာကတော့ ပန်းပန်လျက်ပဲသာ။

ဥပမာပေးရပါမည်။ ဆာရီယယ်လစ်ဇင်၏ဖခင်များသည် ယခင်ကဒါဒါဝါဒ လှုပ်ရှားသူများဖြစ်သည်။

သူတို.ကပို၍ လွန်သည်။ ရေပန်းဆိုပီးအိမ်သာသုံးကြွေခွက်ကြီး (သူတို.ကိုယ်တိုင်လုပ်မဟုတ်)ကိုပြသည်။ မိုနာလီဆာကို နှုတ်ခမ်းမွှေးတတ်ပြသည်။ ဒါအနုပညာလားဟုမေးစရာ။

(အကျယ်ကိုဇော်ဇော်အောင်ဆောင်းပါးများမှာပါပါသည်။ ပျင်းရင်မဖတ်ပါနှင့်။ ပြောချင်လျှင်ဖတ်ပါ။ မသိပဲပြောတော့ရှင်းနေရတာအချိန်ကုန်ပါသည်။)

သူတို.လှုပ်ရှားမှုကလည်း အဓိပ္ပါယ်မဲ့မဟုတ်။ အနုပညာကို ငွေကြေးစသည်တို.ဖြင့်တန်ဖိုးဖြတ်နေခြင်းကို သရော်ခြင်း။

ဒါဒါပွဲကိုခဲနဲ.ပေါက်သူတွေရှိသည်။ ဒါဒါတွေက ပျော်သွားသည်။ ဒါမှ ဒါဒါဝါဒီအစစ်တဲ့။
++++++

ကောင်းကင်ကိုကရေးဖူးသည်။ပွဲတစ်ပွဲကိုမကြိုက်ရင်ဝေဖန်ခွင့်ရှိတယ်။ခဲနဲ့ပေါက်ခွင့်မရှိတဲ့။

လက်မခံပါ။မကြိုက်ချှင်ဗြောင်ခဲနဲ.ပေါက်ပါ။ မသိပဲမဝေဖန်ပါနှင့်။ မသိသူကအပြောခံရသည်မှာ ခဲနဲ.ပေါက်ခံရသည်ထက်နာပါသည်။

+++++++

အားနာနာနှင်ကဗျာတစ်ပုဒ်ပြပါမည်။


ဟံလင်း၏ မိသားစု -၅ ဖြစ်ပါသည်။ တိုပါသည်။

ကျုပ်အမေကို စပ်ယှက်
ကျုပ် လူဖြစ်ခဲ့ရုံနဲ့
ကျုပ်ကို ခင်ဗျား
သား မခေါ်နဲ့ ။


ဗုဒ္ဓဘာသာဝင်အနေနှင့်ခြောက်ခြားရပါသည်။ သို. သော်ကဗျာအနေနှင့်သူ.ရင်ထဲက ခံစားချက်ကို မြင်ရပါသည်။

ထပ်ပြောပါမည်။ “ကဗျာအနေနှင့်” ခံစားရပါသည်။

++++++

ကဗျာကို တံဆိပ် ကပ်ခြင်းသည် ကဗျာဆရာအလုပ်မဟုတ်ပါ။ ဝေဖန်ရေးဆရာအလုပ်ဖြစ်ပါသည်.။

ကဗျာဆရာကတော့ ဘယ်သူမှမဖတ်လည်း ကဗျာတွေဖွဲ.နေပါလိမ့်မည်။

Monday, November 28, 2011

ကလေးတို. သဘက်ခါ (၃) (စာမသင်တဲ့မူကြို)

ဆရာတစ်ယောက်နဲ.( ဆရာဝန်ပါ ) စကားပြောမိတော့ သူ.သမီးကို မူကြိုထားဖို. စာမသင်တဲ့မူကြိုကို မနည်းရှာတာတောင်မတွေ.ဘူးဆိုပဲ။ ကျွန်တော်တို.ဆိမှာ မူကြိုတွေမှာ စာသင်မှဆိုတဲ့ အစွဲတွေ က ခက်တယ်ပဲပြောရမလားပါပဲ။ ကလေးတွေရဲ. နုနယ်လှတဲ့ လက်ကလေးတွေဟာ ငါးနှစ်မှ မြဲမြံအောင်ကိုင်တွယ်နိုင်လို. စာသင်တဲ့ အရွယ်ကို ငါးနှစ်လို. သတ်မှတ်ထားတာပါ။ သူတို.ရဲ့ လက်ကလေးတွေ ပုံပျက်ကွေ.ကောက်သွားမှာ မစိုးရိမ်ကြဘူးလားမသိ။ ပိုဆိုးတာက သူတို.ရဲ့ စိတ်ကလေးတွေကို ကျောင်းဆိုတာက တုတ်နဲ.အငေါက်ကြီးစိုးသောနေရာအဖြစ်မုန်းသွားလေမှ သူ.ရဲ.နောက် ဆယ်စုနှစ် နှစ်ခုစာလောက်ဟာ နာကျင်ခြင်းနဲ.၊ညီးငွေ.ခြင်းနဲ. ကျောင်းဆိုတာကြီးကို တက်နေရမှဖြင့် ခက်ရချည်ရဲ့။

မိဘတွေရဲ.စေတနာတွေကို သံသယ မ၀င်ပေမယ့် စေတနာရဲ့ လားရာတွေကို ဦးတည်ချက်မှန်ပါရဲ့လား စဉ်းစားမိနေတာကြာပါပြီ။ ကျောင်းတွေမှာ သင်ရိုးညွှန်းတမ်းဟာ အရေးအကြီးဆုံးပါ။ သင်ရိုးညွှန်းတမ်းတွေထဲမှာ မူလတမ်းဟာ အခက်ဆုံးပါ။ အပင်နုနုလေးဆိုတာ ပျက်စီးဖို. အလွယ်ဆုံးပါပဲ။ ဆေးကျောင်းက ဆရာတစ်ယောက်နဲ.ဆုံတော့ သူပြောတာက ကလေးတွေက လက်ချာချိန်မှာထက် ကျူရှင်ချိန်မှာပဲနားထောင်တော့တယ်တဲ့။ ဒီဆရာ ဒီစာချင်းတူတောင် ပိုက်ဆံပေးရတာကိုမှ လေးစားပါသတဲ့။

ကျွန်တော်ကတော့ ရွှေယုန်ရွှေကျားပုံပြင်ကို အမှတ်ရပါတယ်။ ကောက်ကျစ်တဲ့သူအဖြစ်ယုန်ကို ဘာလို.များထားပါလိမ့်။ တကယ်တော့ ကပုံပြင်လေးရဲ့ရည်ရွယ်ချက်မှာ ကောက်ကျစ်သူကို မနှစ်မြို.စေဖို.က ဘွားဘွားပေါ်နေပေမယ့်လည်း မသိသာတဲ့ ရည်ရွယ်ချက်၊တနည်းပေါ့လေ ၊မြှုပ်ထားတဲ့ရည်ရွယ်ချက်က အပြင်ပန်း လှပနူးညံ့ဟန်ရှိတဲ့ ယုန်မှာကောက်ကျစ်မျုတွေရှိနေနိုင်သလို အပြင်ပန်း ရက်စက်ဟန်ကျားမှာလည်း ရိုးအမှုတွေရှိနေနိုင်တယ်ဆိုတာပါ။ Hidden objective လို.ပြောရမယ့် မြှုတ်ဝှက်ထားတဲ့ရည်ရွယ်ချက်ပါ။

++++++++++++++++

ကျွန်တော်တို. ငယ်ငယ်က ဆရာဝင်လာရင် အတန်းထ၊လက်ပိုက် ၊မင်္ဂလာပါဆရာမ ဆိုရတာ၊ ဘုရားရှိခိုးရတာတွေဟာ မြှုတ်ထားတဲ့ ရည်ရွယ်ချက်တွေပါပါတယ်။ ပိုက်ဆံရှိတဲ့သူမိုလို. အမှိုက်သိမ်းစရာမလိုဘူးဆိုတာမရှိပါဘူး။ ဘယ်သူ.သားမိုလို. အိမ်သာသီးသန်.ပေးရမယ်ဆိုတာ မပါပါဘူး။

ဒီနေ. ကျောင်းတက်ရတဲ့ကလေးတွေဟာ ဘာတွေများ မသင်ကြားပဲတတ်မြောက်သွားပါလိမ့်လို.တွေးမိရင် စိတ်မကောင်းစရာတွေပဲတွေးမိရပါတယ်။ သူတို. သင်ကြားတတ်မြောက်သွားတာက (၁) ဆရာဆိုတာ ငွေပေးရင်၊ပညာဆိုတာ ငွေပေးရင်ရတယ်။ (၂) ငွေသာ အစစ ပြီးမြောက်စေတယ်။

ကလေးတွေ အတွက် နာသုံးနာ နဲ.ပြည့်စုံတဲ့ ဆရာတွေ လောကမှာ (အဲ၊ ကျွန်တော်တို.ဆီမှာ) ကျန်ပါသေးရဲ့လား။ ဆရာတွေကို ဘယ်သူဖျက်လည်း မေးရရင်လည်း ရင်နာစရာပါ။ မိဘတွေပါပဲ။ စားဝတ်နေရေးအကြောင်းမပြကြပါနဲ.။ တချို.က စီးပွားဖြစ်ကို လုပ်နေတာပါ။ အစကတော့ အားနာနာပေါ့၊ နောက်တော့ လွယ်လွယ်ကူကူပေါ့။ နောက်တော့ မပေးရင် ကလေးကို နှိပ်မယ်ပေါ့။ စိတ်မှန်းနဲ. ရမ်းပြောနေတာမဟုတ်ပါဘူး။ တကယ့် အဖြစ်တွေပါ။

သားလေးမွေးရင်တော့ စာမသင်တဲ့ မူကြိုရှာရပါလိမ့်မယ်။

(ဆက်ပါမည်)

ကလေးတို. သဘက်ခါ (၂) (ကြီးနိုင်ငယ်ညှင်းဝါဒကို လိုလားသည်)

နည်းနည်းတော့ကို.ရို.ကားယားနိုင်နေမှာပါ၊ ဒါပေမယ့် ကမ္ဘာပေါ်မှာ ဒီနေ.အထိ အမှန်ဆုံးသီဝရီဟာ ဒါဝင်ရဲ့ ဆင့်ကဲဖြစ်စဉ်ပါ။ သဘာဝဘေးဆိုးဒဏ်ဆိုးတွေနဲ. ကြုံတွေ.ရတဲ့အခါ အခြေအနေနဲ. လိုက်လျောည်ီထွေ ဖြစ်အောင် ပြောင်းလဲပေးနိုင်တဲ့မျိုးဆက်တွေကျန်ရစ်ခဲ့ပြီး မပြောင်းလဲနိုင်တဲ့ မျိုးဆက်တွေ မျိုးတုန်းခဲ့ပါတယ်။ ဒိုင်နိုဆောတွေ၊မွှေးရှည်ဆင်တွေ၊ စွယ်ရှည်ကျားတွေဟာ ဒီနေ.မှာမကျန်တော့ပါဘူး။ ဟိုးရှေးရှေးတုန်းက တောထဲမှာ ခုန်ပေါက်ပြေးလွှားနေတဲ့ ခွေးလောက်အကောင်လေးတွေဟာ လွင်ပြင်ကိုထွက်လာ၊ သတ္တ၀ါကြီးတွေ လိုက်တာကို ပြေးနိုင်အောင် ခြေထောက်တွေရှည်လာ၊ ရှည်လာတဲ့ခြေထောက်နဲ. လိုက်လျောညီထွေဖြစ်အောင် မြက်တွေကို ကုန်းငုံ.စားနိုင်ဖို. လည်ပင်းတွေပါရှည်လာ ၊ နောက်ဆုံးမှာ မြင်းရယ်လို.ဖြစ်လာခဲ့ပါတယ်။(ဒေါက်တာသန်းထွန်း၊လူကျော်)

ကျွန်တော်တို. ဒီနေ.ခေတ်မှာလဲ ပြောင်းလဲသွားတဲ့ အခြေအနေကို လိုက်လျောညီထွေတုံ.ပြန်နိုင်မှသာ ရှင်သန်ပေလိမ့်မယ်။

++++++

သူငယ်ချင်းတစ်ယောက်ကပြောပါတယ်။ သူ.ကလေးတွေကို ဘုန်းကြီးကျောင်းမှာထားချင်ပါတယ်တဲ့။ ထားပေါ့ဆိုတော့ ခုခေတ်ဘုန်းကြီးကျောင်းမဟုတ်ပါဘူး။ ဟိုးတုန်းကဘုန်းကြီးကျောင်းပါ။ အဲဒီမှာ ကြီးနိုင်ငယ်ညှင်းဝါဒရှင်သန်ပါသတဲ့။ သူပြောချင်တဲ့ကြီးနိုင်ငယ်ညှင်းဆိုတာ ကျောင်းသားအချင်းချင်း ကိုပြောတာပါ။ ဆရာတော်သွားလျောက်ရင် အတွယ်ခံရမယ့်အတူတူ လုံးသတ်တာကောင်းတယ်ပေါ့၊ ဒီလိုနဲ.နောက်ဆုံးမှာ လူမာကလေးဖြစ်လာမယ်ထင်ပါရဲ့။

သူပြောတာလည်းဟုတ်ပါရဲ.၊ ဘုန်းတော်ကြီးတွေရဲ. အရိပ်အာဝါသအောက်မှာ မင်းသားနဲ. သူဆင်းရဲသားဟာ တန်းတူမဟုတ်တောင်တန်းတူနီးပါး အဆော်ခံရမှာပါ။ လူကြီးသားဆိုပြီး ဆရာတော်တွေလည်း တပွေ.ပွေ.တပိုက်ပိုက် လုပ်မယ်မထင်ပါဘူး၊ ငါ့ကို လာပြီးမလှူလို.ဆိုပြီး အတန်းလည်းချပစ်မယ်၊ အငြိုးအတေးထားရိုက်မယ်ဆိုတာလည်း (ရှိသည့်တိုင်အောင်) အင်မတန်ရှားမယ်ထင်ပါတယ်။

ကျွန်တော်ဘာပြောချင်နေတာလည်းဆိုတော့ ကလေးတွေဟာ သူ.ခွန်အားကို သူ.ဘာသာရှာတွေ.တတ်စေချင်အောင်ပြောနေတာပါ။ အမေ၊ ဆရာမက သူ.ကျူရှင်မတက်လို. သားစာရရဲ.သားနဲ. အမှတ်မပေးဘူးဆိုရင်တော့ ကလေးရဲ့စိတ်ထဲမှာ သူတတ်နိုင်တဲ့အင်အား၊သူကြိုးစားအားထုတ်နိုင်တဲ့ အင်အားထက်ကျော်ပြီးရင်ဆိုင်နေရတာပါ။ ကြီးနိုင်ငယ်ညှင်းဝါဒဟာ အခြေအနေတူမျှမှသာကောင်းပါတယ်။ ကျွန်တော်တို. ကလေးတွေရဲ.စိတ်မှာ ဒီလိုအမှုကိစ္စဟာ သဘာဝပဲလို. ထင်သွားရင် သူကြီးပြင်းလာတဲ့အခါမှာ တရားမှုမတရားမှုကို ဘယ်လိုခွဲတတ်တော့မှာလဲ။

++++++++++++++

ကျွန်တော့် သားသမီးတွေကိုလည်း တူညီတဲ့ အနေအထားတစ်ရပ် ၊သူရုန်းကန်ရှင်သန်နိုင်တဲ့ ပတ်ဝန်းကျင်တစ်ရပ်မှာ အားခွန်တွေ ပြည့်ဝလာစေချင်ပါတယ်။ ကလေးတွေဟာ လို တ ရနေလို. မဖြစ်ပါဘူး။ တစ်နေ.နေ.တစ်ချိန်ချိန် ကိုယ်ဖြည့်ဆည်း မပေးနိုင်တဲ့ အနေအထားမှာ သူတို.တတွေ စိတ်ဓာတ်လူလားမမြောက်တဲ့ အဖြစ်တွေနဲ. လောက အလယ်မှာ ကျန်မနေစေချင်ပါဘူး။

ဒီနေ.ကလေးတွေကြည့်လိုက်တော့ အရာရာဟာ တစ်လုပ်စာဇွန်းလေးတွေနဲ. ဘေးမှာရပ်စောင့်နေတဲ့ ဆရာတွေ၊ ဂိုက်တွေ၊ ဒရိုင်ဘာတွေ၊ ကူဖေါ်လောင်ဘက်တွေကိုယ်စီနဲ.။ ဘယ်မှာလဲ။ ကိုယ့်အားကို ကိုးစိတ်။

တကယ်တော့ ကလေးတွေဟာလည်းစီမံခန်.ခွဲမှုကိုတတ်ရပါမယ်။ ရီစရာပြောနေတာမဟုတ်ပါဘူး။ ဒီနေ.အိမ်စာမပြီးရင် ငါဆော့လို.မဖြစ်ဘူး၊ ဒီနေ. ဆော.လိုက်ပြီး မနက်စောစောထ အိမ်စာလုပ်မလား၊မဆော့ပဲ အိမ်စာလုပ်မလား၊ ဒါဟာသူ.အရွယ်နဲ.တန်တဲ့ မန်းနေ.ခ်ျမန်.ပါ။

မိဘတွေထားရာနေစေရာသွား၊ မနက်ကျူရှင်။ ညကျူရှင်နဲ. ဘ၀လေးတွေ ကိုကြည့်ရတာ၊ မိဘတွေ ရဲ. ဆန္ဒဇောတွေအောက်မှာ ကိုယ်တိုင်လှုပ်ရှားရုန်းကန်ခွင့်မရှိတဲ့ ကလေးတွေကို မြင်ရတာ ရင်နာစရာကိစ္စပါ။ ကျွန်စနစ်ဟာ ကလေးတွေဆီများရောက်နေ သလားထင်ရပါတယ်။ စေတနာတရားဟာ တခါတခါ ဘောင်ချဲ.လွန်းနေလေသလား။

ကျွန်တော်လည်း သားလေးမွေးရင် ဘုန်းကြီးကျောင်းမှာထားချင်ပါတယ်။

+++++++++++++

ကျွန်တော်ကတော့ တူတွေကို တွယ်ပါတယ်၊ ဒါကို လောကဓံနဲ.ပေးတွေ.ခြင်းလို. နာမည်ပေးထားပါတယ်။ ကလေးဟာ အတွယ်မခံချင်ရင် ကြိုးစားရပါလိမ့်မယ်။ မဟုတ်တာလုပ်ရင် ပြစ်ဒဏ်ရှိတယ်ဆိုတာ သိနေရပါမယ်။ လူ.လောက ဆိုတာက ပိုက်ဆံပေးလိုက်လို.၊ ကန်တော့လိုက်လို. သားသားလေးရေ၊ မီးမီးလေးရေ လို. ဖြစ်သွားသူတွေ နဲ.ချည်းကြုံမယ်ဘယ်ပြောနိုင်ပါ့မလဲ။ တနေ.နေ. ဒီကလေးဟာ သူမစွမ်းနိုင်တဲ့။ သူ.မိဘမစွမ်းနိုင်တဲ့ လောကရဲ. နာကျင်မှုနဲ.ကြုံကိုကြုံမှာပါ။ အဲဒီအချိန်မှ နာရင် ပိုဆိုးမှာပါ။

ကလေးတွေ ကိုယ်တိုင်လည်းလှုပ်၇ှားရုန်းကန်ရခြင်းကို ကြိုက်ပါတယ်၊ အဲ၊ ဂိမ်းထဲမှာ ဖြစ်နေတာတစ်ခုပါပဲ။ သူတို.ရဲ့ လွတ်လပ်ခွင့်မရှိတဲ့ထွက်ပေါက်ကို ဂိမ်းထဲကိုဦးလှည့် လိုက်ကြလေရဲ.။

(ဆက်ပါမည်)

ကလေးတို. သဘက်ခါ (၁) (မင်းတို. စောက်လက်တွေ)

ဆရာမောင်သစ်မင်းက ကလေးတို. မနက်ဖြန် ဆိုပြီး စာအုပ်တစ်အုပ်ထွက်ဘူးပါတယ်။ လူငယ်တွေကို ကြည့်လိုက်တော့ လူတစ်လုံးသူတစ်လုံးဖြစ်လာဖို. မနက်ဖြန်ဟာလုံလောက်ပါ့မလား။ ကျွန်တော်တို. တွေးကြည့်ဖို.လိုနေပြီလို. (ရိုးရိုးသားသား) ခံစားမိတာနဲ.ပဲ ကလေးတို. သဘက်ခါကို ရေးဖို.ဆုံးဖြတ်လိုက်ပါတယ်။ ပြောနေကျရှိတဲ့အတိုင်း အယူအဆဆိုတာ တူခဲပါတယ်။ လွတ်လပ်စွာကွဲလွဲခွင့်နဲ. ပြောလာတဲ့ဆွေးနွေးချက်တွေကို လေးစားစွာလက်ခံပါတယ်။ ငါ့စကားနွားရပြောလာရင်တော့ ရမ်းချင်သလိုရမ်းဖို. ၀ါးလုံးတစ်ချောင်းသာဝယ်ထားပါလို.ပဲ ကြိုတင်ပြောထားပါတယ်။

+++++++

ဖေ့စ်ဘုတ်မှာ တင်ထားတဲ့စာသားတစ်ခုကို အူထဲကယားလာတာကစရမှာပါ။ ဘာတဲ့။ မင်းတို.စောက်လက်တွေ tag မလုပ်ပဲမနေနိုင်တော့ဘူးလားတဲ့။ ပြုံးရမှာလား ၊ ငိုရမှာလားတောင်မသိတော့ပါဘူး။ လူ.အသိုင်းအ၀ိုင်းမှာ ဟင်းကောင်းတစ်ခွက်ချက်ရင် အိမ်နီးချင်း ခင်မင်တဲ့သူတွေကို ဝေငှကြတဲ့ဓလေ့လေး ၊ စာအုပ်ကောင်းလေးတွေ.ရင် ၀ါသနာတူတွေကို လက်ဆင့်ကမ်းတတ်တဲ့ ဓလေ့လေး ဟာ ဒီစကားတစ်ခွန်းအောက်မှာ ခေါင်းငုံ. ခံသွားရပါပြီ။

ကျွန်တော်တို.ဟာ ရိုင်းစိုင်းမှုတွေ နှုတ်ကြမ်းမှုတွေကို လက်သင့်ခံထားကြတဲ့ လူအဖွဲ.အစည်းလား။ ကျွန်တော်တို. ယဉ်ကျေးမှုက ဒီလိုမျိုးလား။ ခင်စရာကောင်းတဲ့၊ သဘောမနောကောင်းတဲ့ ကောင်မလေး တစ်ယောက် တွေ.ဘူးပါတယ်။ ဒါပေမယ့် သူ.ရဲ.ဂျီတော့ မတ်ဆေ့ခ်ျမှာ တင်ထားတာတော့ေ-ာက်ချင်း မိုးမွန်နေပါတယ်။ ဒီလိုကြမ်းတမ်းတဲ့စကားသုံးတာဒီခေတ်ရဲ. ယဉ်ကျေးမှုပုံစံတစ်မျိုးလား။

အဲလိုဆဲမှသင့်တော်မယ့်သူတွေလည်းလောကမှာရှိနေမှာပါ။ ဒါပေမယ့် အခြားသော လေးစားအပ်သော ပုဂ္ဂိုလ်များ ရှိနေခဲ့မယ်ဆိုရင် သူ.ကိုဘယ်လိုမိန်းကလေးလို.သတ်မှတ်မှာလဲ။ မဆဲပေမယ့် ယုတ်ညံ့သောသဘောရှိတဲ့သူတွေလောကမှာ ပုံလို.လို. အကြောင်းပြချက်ပေးနိုင်ပါတယ်။ ဒါပေမယ့် သူ.ရဲ့အတွင်းစိတ်မှာ ဒီလိုဆဲလိုက်ရတာ၊ဒီလိုကြမ်းလိုက်ရတာကို မကောင်းပါလားလို. သိမနေခဲ့ရင်၊ သာမန်ပြောရိုးပြောစဉ်လို. ထင်နေခဲ့ရင် ၊ ဒီလို သုံးတတ်တဲ့ကလေးတွေများလာခဲ့ရင်၊ …………….


+++++++++

ယဉ်ကျေးမှု အရာမှာတော့ အရှေ.ဟာ အနောက်ရဲ့ လက်ဝေခံမဟုတ်ပါဘူး။ အရှေ.တိုင်းမှာသူ.နှုန်းစံတွေ ၊သူ.တန်ဖိုးတွေ၊ သူ.ကျင့်ဝတ်တွေနဲ. ဖြည့်ထားပြီးသားပါ။ ဒါပေမယ့် အဲဒီကျင့်ဝတ်တွေကို လိုက်နာရမယ်လို. မျက်စေ့မှိတ်မအော်ရဲပါဘူး။ ယဉ်ကျေးမှုဟာ သူ.သဘောသူဆောင်တာပါ။ ကိုယ်ကလုပ်ယူလို. ရသည့်တိုင်ရလာဒ်က မှန်းထားသလိုဖြစ်ချင်မှ ဖြစ်တာပါ။ ဘာလို.လဲဆိုတော့သူက နှစ်လမ်းမောင်းပါ၊နှစ်လမ်းသွားပါ။ ကိုယ်ကသူများဆီက ယူသလို သူများက ကိုယ့်ဆီက ရသွားနိုင်ပါတယ်။ (နောက်ပိုင်းမှာ ဆက်ရှင်းပါ့မယ်)

လူ.အသိုင်းအ၀ိုင်းတည်ဆောက်ရမှာ ကော်လိုပါတယ်။ အဲဒါကတော့ ကျင့်ဝတ်ပါ။ အရင်က ရုပ်ပိုင်းဆိုင်ရာသန်မာမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ သန်မာမှုတွေကို အာသာငမ်းငမ်းရှာခဲ့ကြတဲ့ အနောက်ကမ္ဘာဟာ အခုတော့ အက်သစ်၊အက်သစ်၊အက်သစ်နဲ. တဖွဖွအော်သံတွေကျယ်လာပါပြီ။ အနောက်က လူတွေ အခုမှသိလာတဲ့ ကျင့်ဝတ်သိက္ခာဟာ အရှေ.မှာ မဆန်းတော့တဲ့ ဘာသာရေး ထုံးတန်းတွေ အနေနဲ. အမြုတေလို အောင်းနေတာပါ။

ဥပမာပေးရရင် ကျွန်တော်တို.ဆီက သံဃာ့ အဖွဲ. အစည်းကိုပဲပြရမှာပါ။ အဖွဲ. အစည်းတစ်ရပ် ခိုင်မြဲဖို.ဆိုရင် အမြင်တူဖို.နဲ. အကျင့်တူဖို.ကအရင်ပါ။ သူတို.ဆီမှာ အဲဒါတွေ အတွက် ဗီးရှင်းတွေ၊မစ်ရှင်တွေ ထားပြီးဆောင်ရွက်နေရတာပါ။ ကျွန်တော်တို. သံဃာ့ အဖွဲ.အစည်းမှာ အကျင့်၊ အမြင်တွေတူလို. သာသနာ နှစ်ထောင့်ငါးရာကျော်လာသည့်တိုင် ကျစ်လစ်သော အဖွဲ. အစည်း အဖြစ်ရှိနေတာပါ။

ပြောချင်တာက သူတို.ဆီမှာ အခုမှသိလာတဲ့ကျင့်ဝတ်ကို ကျွန်တော်တို. လူ.အဖွဲ.အစည်းက ဘေးကိုပို.ဖို.များစဉ်းစားနေပြီလား၊ ဘေးကိုများပို.ထားလိုက်ပြီလားလို. ယူကျုံးမရဖြစ်မိတာပါ။
+++++++

စောစောက ယဉ်ကျေးမှုဟာ နှစ်လမ်းသွားလို. ပြောထားပါတယ်။ ကျွန်တော်တို.ဆီကို အနောက်က ယဉ်ကျေးမှုတွေ ၀င်လာတဲ့ အခါ ဇွတ်တံခါးပိတ်ထားလို.မရပါဘူး။ ကျွန်တော်ငယ်ငယ်ကကြားဘူးသလို (နယ်မှာပါ) သမီးကို သင်္ကြန်မှာ ဘောင်းဘီမ၀တ်ရလို. တားထားတော့ သမီးလုပ်သူက သူငယ်ချင်းအိမ်ရောက်မှ ဘောင်းဘီရှည်လဲဝတ်ရင် ခက်ရချည်ရဲ.။

ကျွန်တော်တို. တံခါးပိတ်မရတဲ့ အခါ ဘာလုပ်ရမလဲ။ သိနေအောင်လုပ်ပေးရပါမယ်။ အကြောင်းအကျိုး၊အကောင်းအဆိုး ခွဲခြားသိနိုင်တဲ့ ပညာကို ကလေးတွေကို ပေးပါ။ ကိုယ့်ရဲ. ယဉ်ကျေးမှုကျင့်ဝတ်တွေကို ကလေးတွေမှာ အားကောင်းမောင်းသန်ဖွံ.ဖြိုးပါစေ။မြ၀တီမင်းကြီးက ပတ်ပျိုး၊ယိုးဒယားတွေဖွဲ.သွားတာ သူ.ယဉ်ကျေးမှုကို ကိုယ့် သဘာဝမှာ အဆင်ပြေအောင်သွတ်သွင်းသွားတာပါ။ ကိုယ်က ကိုယ်ခံအားကောင်းမှ ဒီလိုလုပ်လို.ရပါမယ်။

ကလေးဆိုတာက သဘောကျရင်ယူတတ်ပါတယ်။ ကျွန်တော်တို. ငယ်ငယ်က လူရာသွင်းမခံရတဲ့ စတီရီယိုတေးတွေက ဒီနေ.မှာ နေရာရနေပါပြီ။ ကျွန်တော်တို. လူရာမသွင်းချင်တဲ့ ဟစ်ဟော့ ကို လူငယ်တွေ အသည်းစွဲနေမှာအမှန်ပါ။ ဒါပေမယ့် ဆဲနေတဲ့ ဟစ်ဟော့တွေကျတော့ရော။

သူရို.ဂီတမှာဆဲတာက သူတို.နစ်ဂါတွေ( နီဂရိုးတွေ)ရဲ. ဖွင့်ထုတ်ပေါက်ကွဲမှုပါ။ ငွေဝယ်ကျွန်တွေ၊ လူမည်းလူဖြူလက်မထပ်ရဥပဒေတွေ၊ ခိုးဝှက်ရောင်းရတဲ့ဆေးဝါးတွေ ကြားထဲက ဂီတဟာ ဒီလိုပဲ ထွက်လာရမှာပါ။ ကျွန်တော်တို. ဆီကျတော့ရော………

ကျွန်တော် သားလေးမွေးလာခဲ့ရင် မအေ -ိုးေ-ာက် အဖေ လို.တော့ အဆဲ မခံချင်ကြောင်းပါ။

Friday, November 25, 2011

ကလေးတို. သဘက်ခါ (၉)( ဆတော်ကြီးကိုလျောက်မယ်)

တကယ်တော့ ဘုန်းတော်ကြီးတွေဆိုတာ မြန်မာလူမှုရေး အသိုင်းအ၀ိုင်းမှာ ဆစ်ပိုင်းချန်ထားလို.မရအောင် ပါခဲ့တာပါ။ ကိစ္စတစ်ခုခုရှိရင် ဆတော်ကြီးကိုလျောက်ရတာပါ။ ပွဲလမ်းသဘင်၊ရပ်ရေးရွာရေးကစ သူကြီးမနိုင်တဲ့ကိစ္စတွေအဆုံး ဘုန်းတော်ကြီးတွေက ဆုံးဖြတ်ခဲ့ရတာပါ။ ဆုံးဖြတ်ပေမပေါ့။ ခုသူကြီး၊ကာလသား၊ လူမိုက် အကုန်လုံး သူ.ကျောင်းထွက်၊သူ.ကြိမ်ဒဏ်ခံဖူးတဲ့သူတွေ။

ခုနောက်ပိုင်းမှာတော့ ဘုန်းတော်ကြီးတွေ တရွေ.ရွေ.ဆုတ်ခွာခဲ့ရတာပါ။ ဘုရားပွဲမှာ ၀ါးရင်းတုတ်ကိုင်စောင့်တဲ့ ဘုန်းတော်ကြီးတွေနေရာမှာ တခြားအစားထိုးလာပါပြီ။ ဆန်တပြည်၊ ငွေတစ်မတ်နဲ. ဘုန်းတော်ကြီးကျောင်းကို မအပ်ပဲ အတန်းကျောင်းတွေကိုပို.လာပါပြီ။

တကယ်တော့ ဘုန်းတော်ကြီးတွေရဲ. သြဇာကျဆင်းနေတာကြာပါပြီ။ ဒါဟာ ကောင်းတဲ့လက္ခဏာလို. သတ်မှတ်လို.မရပါဘူး။

+++++++

အလုပ်သမားတွေ၊ပညာတတ်တွေ အာရုံကျခဲ့တဲ့ ၀ါဒကြီးခေတ်စားစဉ်ကတော့ ဘာသာရေးကို မှိုင်းလို. ထင်ခဲ့ကြတာပါ။ အခုတော့ ဘာသာတရားဟာ ကျင့်ဝတ်တွေ၊ နှုန်းစံတွေကို ထည့်ပေးတဲ့ မရှိမဖြစ်အရာပါ။ ဥပဒေနဲ. ကွပ်ဆုံးမတာထက် ဘာသာနဲ.ကြိုတားမြစ်လို. မလုပ်ဖြစ်ကြတဲ့ မကောင်းမှုတွေဆိုတာ သက်သေပြလို.မရပေမယ့် အများကြီးဆိုတာမှန်းလို.ရပါတယ်။

ဒီနေ.ကလေးတွေဟာ စူးစမ်းချင်ပါတယ်။ ဘာသာတရားဟာ သူတို.နဲ. အဝေးကြီးမှာ မဟုတ်ပဲ အနီးလေးမှာ ဆိုတာ သိကြပါစေ။

++++++++

အနောက်နိုင်ငံမှာ ဂရိနတ်တွေ အိုလံပတ်တောင်ကို ဆုတ်ခွာခဲ့ရပါတယ်။ နောက်တစ်ခါလည်း ဘုရားသခင်ရဲ့ သြဇာကျဆင်းပြီး သိပ္ပံပညာရဲ.သြဇာ တက်လာခဲ့ပါတယ်။

တိုးတက်မှုတိုင်းမှာ ကောင်းတဲ့ လက္ခဏာရပ်တွေ ရှိပေမယ့် ဘေးထွက်ဆိုးကျိုးတွေရှိစမြဲပါ။ သေနတ်တစ်လက်နဲ. အထက်တန်းကျောင်းထဲကို ၀င်ပစ်တာတွေ၊ အလုပ်ပြုတ်လို.ကိုယ့်ကိုကိုယ်ရော မိသားစုရောပစ်သတ်တာတွေဟာ ရုပ်ပိုင်းတိုးတက်မှုကိုပဲသင်ကြားပေးပြီး စိတ်ဓာတ်ရေးရာ ခိုင်မာမှုကို မေ့ခဲ့ကြလို.ပါ။

ယုံကြည်မှုကလည်း စိတ်ခွန်အားကို ပေးပါတယ်။ ဖြေသိမ့်စရာကိုပေးပါတယ်။

+++++++++

ဘုန်းတော်ကြီးတွေရဲ.နေရာဟာ အစားထိုးလို. မလွယ်ကူတဲ့နေရာပါ။ ဒါပေမယ့် ခေတ်နောက်ပြန်ဆွဲချင်တာလား မေးရင်မဟုတ်ပါဘူး။ ဟိုခေတ်က အားသာချက်တွေကို ဒီဘက်မှာ ဘယ်လို အသုံးချမလဲမေးချင်တာပါ။ စီမံခန်.ခွဲမှုမှာ လောင်ဇူးရဲ. သေဒင်္ဂဗျူဟာတွေ ထည့်လာတာမျိုးပေါ့လေ။

ဘုန်ေးတ်ာကြီးသင်ပညာရေး ကိုပြောတာမျိုးမဟုတ်ပဲ တနိုင်ငံလုံးပြုပြင်ရေးကိုပြောနေတာပါ။ တကျောင်းထဲသင်နေတာမျိုးကို ထည့်သွင်းမတွက်ချက်ချင်ပါဘူး။

(ဆက်ပါမည်)

ကလေးတို. သဘက်ခါ (၇) (ချစ်ပဲချစ်တတ်တဲ့ အလကားလင်မယား)

ကလေးလို. အဓိပ္ပါယ်သတ်မှတ်ချက်တွေက သူရို.နိုင်ငံတွေမှာ အသက်အရွယ်အပိုင်းအခြားခွဲပါတယ်။ ဘယ်အရွယ်ကဖြင့် နို.စို.၊ ဘယ်အရွယ်ကတော့ တောက်တောက်ပြေး၊ ဘယ်အရွယ်ကတော့ ကလေး၊ ဘယ်အရွယ်ကတော့ ဆယ်ကျော်သက် စသည်ဖြင့်ပေါ့။

ကျွန်တော်ကတော့ဖြင့် ဒီစာစုအစဉ်အတွက် သူရို.သတ်မှတ်ချက်တွေကို မသုံးပါဘူး။ ကျွန်တော်ကလေးလို.ရည်ရွယ်ရေးနေတာတွေဟာ ဘွဲ.မရခင်စပ်ကြားလူငယ်တွေအထိပါပါတယ်။ ဘာလို.လဲပြောရင် ကာလ်ချာ သဘောသဘာဝကြောင့်လို.ပဲ ခေါင်းမာစွာဖြေပါတယ်။ ကျွန်တော်တို.ဆီမှာ မိဘနဲ.ခွဲတာရှားပါတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တာ နယ်မြေခြားမှသာ ဆုံးဖြတ်လေ့ရှိပါတယ်။ ရှေးဦးဆုံး ကလေးတို.သဘက်ခါ စာစု အစဉ်အတွက် ကျွန်တော့သတ်မှတ်ချက်ကို ဖေါ်ပြပါတယ်။

++++++

ကလေးကြောင်းပြောရင် ပညာရေးကြောင်းပြောရပါမယ်။ ပညာရေးမှာ လှိုက်စားနေတဲ့ ပိုးထိုးပေါက်ကြီးပြပါဆိုရင် ကျူရှင်ပါ။

ကျွန်တော်တို. ငယ်ငယ်က ကျူရှင်ဆိုရင် အားနည်းတဲ့ဘာသာအတွက်ပဲယူကြပါတယ်။ ကျွန်တော်တို. ကတော့ စပ်ကူးမတ်ကူးကာလပေါ့လေ။ ကျွန်တော်တို. နောက် အတန်းတွေက စလို. ကျူရှင်ဆိုတာ ပညာရေးအတွက် မရှိမဖြစ်လို. ဘယ်သူသတ်မှတ်လိုက်လဲမသိပါဘူး။ မူကြိုကစလို. ကျူရှင်ယူပွဲကြီး ခြိမ့်ခြိမ့်သဲ ၀ှဲချီးကျင်းပတော့တာပါပဲ။

ကျူရှင်ကို သုံးမျိုးပုံပါ့မယ်။ တစ်ပုံကတော့ ကျောင်းက ဆရာများဆွဲခေါ်နေတဲ့ ကျူရှင်ပါ။ မသေချာပေမယ့် ဟိုးအရင် ကိုးဆယ့်ရှစ်ကိုးဆယ့်ကိုထင်ပါတယ်။ ကျောင်းက ဆရာတွေကို လစာနည်းလို. အချိန်ပိုအနေနဲ. ကျောင်းမှာ အခကြေးငွေနည်းနည်းနဲ. စာသင်ခွင့်ပြုလိုက်ပါတယ်။ ဦးတည်ချက်ကတော့ ကျူရှင်ကိုတိုက်ဖျက်ဖို.ပါ။ မှန်တာပြောရင်ပိုဆိုးသွားပါတယ်။ တရားဝင်ခွင့်ပြုချက်ရသလိုဖြစ်သွားတာပါ။ ကလေး စာမေးပွဲအောင်ရေး၊ အဆင့်တက်ရေးမှာပါတဲ့ ဆရာတွေ ကျူရှင်ပေးတာဟာ အန္တရာယ် ကြီးလွန်းပါတယ်။ အမှတ်တွေကလည်းငယ်ငယ်က မကြားဘူးတဲ့ ကြောက်ခမန်းလိလိအမှတ်တွေပါ။ ငါးဘာသာရှိတဲ့နေရာမှာ ၄၉၇မှတ်ကောင်လေးက အဆင့် ၂၇ တို.ဘာတို.ရကုန်ပါတယ်။ ပိုဆိုးတာရှိသေး။ ဘာသာစုံအမှတ်ပြည့်သမားက အဆင့်၇။ ဆရာမဆီကျူရှင်မယူလို. လက်ရေးတို.ဘာတို.နဲ.ဖြုတ်ချခဲ့တာ။

စဉ်ဆက်မပြတ်စောင့်ကြည့် အတန်းတင်စနစ်ဟာ တန်းပိုင်ဆရာတွေကို လုပ်ပိုင်ခွင့်ပေးလိုက်တာဖြစ်သလို. လာဘ်စားဖို. ဖွင့်ပေးလိုက်တဲ့ တံခါးတစ်ချပ်လည်းဖြစ်နေပါတယ်။ ကိုယ့် ကလေး စာတော်ရဲ့သားနဲ. အဆင့်နိမ့်မှာ ကြည့်မနေရက်တဲ့မိဘတွေကတော့ အမှားကို အမှန်ရောက်အောင် နည်းလမ်းရှာပါတယ်။ လွယ်လွယ်ပဲတွေ.ပါတယ်။ ညနေမှာ ဆရာမအိမ် အထုတ်လေးပိုက်ပြီး သွားလိုက်တာပါ။

တကယ်တော့ အဆိပ်ပင်ရေလောင်းလိုက်တာပါ။ ကလေးတွေရဲ. စိတ်ထဲကို ဆရာဆိုတာ ငွေနဲ.ပေးဝယ်လို.ရတယ် လို. ထင်သွားမှာပါ။ အရာရာမှာ ငွေဆိုတဲ့ အတွေးမှားကြီးကို နာကျင်စွာလက်ခံလိုက်ရတာပါ။

+++++

နောက် အပြင်မှာသင်တဲ့ကျူရှင်တွေကလည်း ဘာထူးလဲဆိုတော့ ထူးမခြားနားပါ။ ကလေးပျော်အောင် ဟာသတွေပြော၊ လုပ်ချင်ရာလုပ်ခွင့်ပေးထား။ ပိုဆိုးတာဘော်ဒါတွေပါ။ အရမ်းတင်းကျပ်တဲ့ဘော်ဒါတွေက ကလေးတွေကိ နှိပ်စက်ရာဌာနဖြစ်ပြီး အောင်ချက်ကို ကလေးထက်ဦးစားပေးနေကြတာပါ။ နည်းနည်း အောင်ချက်နည်းတဲ့ဘော်ဒါတွေကတော့ ကလေးပျော်အောင်လုပ်ချင်ရာလုပ်ဆိုပြီး ခွင့်ပြုထားပါတယ်။ ဒါစာ တကယ့် အရှိတရားပါ။ မိတွေဂုဏ်ယူတာက ငါ့သားငါ့သမီး ပိုက်ဆံဘယ်လောက်ကုန်တဲ့ ဘော်ဒါမှာ ထားတာ။ ကလေးအတွက် အကျိုးရှိမရှိဆိုတာ သူတို. မတွေးပါဘူး။ ဘော်ဒါတွေကလည်း မေးခါန်းပါခိုးပေးတယ်ဆိုတဲ့ ဂုဏ်လေးတွေနဲ.ပေါ့။ နာမည်ဆိုးလို. ပြင်ပြောရရင် တိုးတယ်ပေါ့လေ။

++++

နောက်ဆုံးတမျိုးကတော့ ဂိုက်ပေါ့လေ။ ဗီစီဒီကြည့်တဲ့ကလေးဆိုရင်တော့ ဂိုက်ဆရာကိုခိုးချစ်နေတဲ့ ကလေးမလေးတွေရိုက်ထားတာတပုံကြီးကို အမှတ်ရပြီးရင်ခုန်စရာ။ အဟင်း။

ဂိုက်ဆိုတာ အရင်ကတော့ တကယ်ထူးချွန်တဲ့ကျောင်းသားဆယ်တန်းအောင်တွေ ကျောင်းစရိတ်ရှာတာပါ။ နောက် ငွေရလမ်းလွယ်မှန်းလည်းသိရော (အားတော့နာပါတယ်) ချောင်ချိုချောင်ကြားက ဆယ်တန်းဘယ်လို အောင်လာမှန်းမသိတဲ့ကောင်တွေလည်းဂိုက်ဖြစ်၊ ဂိုက်ဆရာမနဲ. ကျောင်းသား၊ဂိုက်ဆရာနဲ. ကျောင်းသူဇာတ်လမ်းတွေလည်း မကြားချင်အဆုံး။ အပြင်မှာ ဆကယ်ဖြစ်နေတာတွေကိုရေးနေတာပါ။ စိတ်ကူးယဉ်နေတာမဟုတ်ပါဘူး။ ကျွန်တော်လည်း ဆယ်နှစ်ကျော်ဂိုက်လုပ်ဘူးပါတယ်။ အဲဒီတုန်းက လူပျိုပါ။ ကိုယ့် ကိုကိုယ်ထိန်းကျောင်းတဲ့ အက်သစ်သာမရှိရင် စိတ်ကူးယဉ်တဲ့ ဆယ်ကျော်သက်လေးတွေဆိုတာ ပုံလို.ပါ။ ညစဉ်ညတိုင်း။ လူရှိတယ်ဆိုပေမယ့် လှမ်းမကြည့်နိုင်တဲ့နေရာ။

နောက် ဂိုက်ဆိုတာ စာကျက်တုန်းထိုင်နေရုံနဲ.မရပါဘူး။ စာမကျက်ရင်တွယ်မယ်ဆိုတာလည်းမဟုတ်ပါဘူး။ ကျောင်းသားကို motivate လုပ်ပေးပြီး သူ.ရဲ. လေ့လာမှု အစဉ်မှာ တစ်ပါတည်းကပ်နေရတာပါ။ ပိုက်ဆံရအောင်ညာနေရုံပဲဆို ကလေးကို (အထူးသဖြင့် ဂုဏ်ထူးသမားကို) ဆွဲနှစ်လိုက်သလိုပါပဲ။

ဒါတွေ အားလုံးရဲ့ အချုပ်ကတော့ ကလေးကို ချစ်ပဲချစ်တတ်ပြီး ဘယ်လိုချစ်ရမှန်းမသိတဲ့ မိဘတစ်စုံကြောင့်ပါပဲ။

(ဆက်ပါမည်)

ကလေးတို. သဘက်ခါ (၈) (နည်းနည်းလေးတော့ကြောက်ကြပါ)

ကလေးတွေကို ကြောက်စိတ် မ၀င်အောင်၊ ရဲရင့်အောင်လုပ်ရမယ် ဆိုတဲ့ အယူအဆကို ဆရာမောင်သစ်မင်းရေးဘူးပါတယ်။ ခြွင်းချက်နဲ.ပဲ လက်ခံပါတယ်။ ကလေးတွေအတွက် ကြောက်စိတ်ဟာ လုံးလုံးမကောင်းဘူးတော့မဟုတ်ပေဘူး။

တကယ်တော့ ရဲတာနဲ.ရိုင်းတာလည်း ခွဲထားဖို.လိုပါမယ်။ မှန်တာကို (မှန်တယ်ထင်တာကို) ပြောရဲဆိုရဲတာလက်ခံပေမယ့် မှားမှားမှန်မှန် ပြန်ခံပြောတာတော့ လက်မခံနိုင်ပါ။ အထူးသဖြင့် အမှန်ကိုသိအောင် လမ်းပြတာကို လက်မခံတာကပိုဆိုးပါမယ်။

+++++++

သူတို. လက်မခံရင် ဇွတ်ပုံသွင်းတာကတော့ ဆရာတွေ ၊ မိဘတွေ အမှားပဲဖြစ်ပါလိမ့်မယ်။ ကလေးတွေဟာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိပါတယ်။ တမင်ဆန်.ကျင်တာ၊ ကလန်ကဆန်လုပ်တာကို သူတို.ရဲ့ ရဲစွမ်းသတ္တိအဖြစ် အယူမှားနေတာလေးလည်းရှိနိုင်ပါတယ်။ သူတို.ရဲ့ အခြေခံ မကျေနပ်စိတ်လေးတွေကို တတ်နိုင်တဲ့နည်းနဲ.ပြတာလို.နားလည်ပြီး ပြဿနာအရင်းအမြစ်ကိုချဉ်းကပ်နိုင်ရင် လွယ်ကူသွားမှာပါ။

+++++++

တကယ်တော့ လောကမှာ အကြောက်တရားဟာလည်းအသုံးဝင်ပါတယ်။ သူ.ရှေ.မှာ မကောင်းမှုဆိုတာလေးထည့်ပေးလိုက်ပါ။ မကောင်းမှုကိုကြောက်ရလိမ့်မယ်။ ရှက်ရလိမ့်မယ်။ မကောင်းမှုဆိုတာကလည်း ဘောင်ကိုချဲ.ကြည့်ရင် မိဘဆရာကို စော်ကားတဲ့သဘောသက်ဝင်တဲ့အပြုအမူပါတယ်ဆိုတာသူတို. အခြေခံကျကျ သိပြီးသားပါ။

တကယ်တော့ အကြောက်နဲ. အရဲထက် အရေးကြီးတာရှိပါတယ်။ ဘာလဲဆိုတော့ အကောင်းအဆိုးခွဲခြားနိုင်တဲ့ ပညာပါ။ အဲဒီပညာရပြီဆိုရင် ကြောက်သင့်တာ ရဲသင့်တာကို အလိုလိုခွဲသိသွားမှာပါ။

ကလေးတွေကိုရဲရင့်ပါစေဆိုတာ အနောက်တိုင်းအတွေးအခေါ်ဆန်လွန်းပါတယ်။ ဆင်ခြင်တုံတရားမပါတဲ့ ရဲရင့်မှုဟာ မိုက်မဲမှုပါပဲ။ အတွေးအခေါ်ဆိုင်ရာရဲရင့်မှုမပါပဲ အကြောက်တရားကိုထည့်သွင်းပေးနေတာဆန်.ကျင်ရမှာဖြစ်သလို အမှားတရားကို မကြောက်ပဲ ရဲရင့်မှုကို ထည့်သွင်းပေးနေတာကိုလည်း ဆန်.ကျင်ရမှာဖြစ်ကြောင်းပါ။

++++++++

နောက်တစ်ပုဒ်မှာတော့ ဘာသာရေးနဲ. ကလေးတွေ ဝေးကွာလာတာကို ဆွေးနွေးဖို. စဉ်းစားထားကြောင်းပါခင်ဗျား။

(ဆက်ပါမည်)

ကလေးတို. သဘက်ခါ (၆) (ရဲဘော် သုံးကျိတ် အလိုရှိသည်)

မနေ.ညက သူငယ်ချင်းဆရာတွေ( သူငယ်ချင်းပြောပေမယ့် အတန်းကြီးကပါ )နဲ. လက်ဘက်ရည်ဆိုင်ထိုင်ကြတော့ ကျောင်းတုန်းက အကြောင်းတွေ ပြန်ပြောလို. ရီနေကြမိပါတယ်။ သူတို.ပြောတာတွေထဲက သူတို. ဆရာတွေ အကြောင်း ပြန်ကြားရပါတယ်။ မန္တလေးဆေးကျောင်းကဌာနမှူးတစ်ယောက်က သူ.ဘာသာမှာ အညံ့ဆုံးကျောင်းသားတွေ ရွေးလိုက်တော့ ငပေငတေ အယောက်သုံးဆယ် ထွက်လာပါသတဲ့။ အဲဒီကောင်တွေကို သူက ရဲဘော်သုံးကျိတ်လို. နာမည်ပေးပြီး သူ.ဘာသာမှာ မကျအောင်ကြိုးစားပါတယ်။

ပထမဆုံးသူက မနက် အစောကြီး စာသင်ပေးဖို. ကျောင်းကို ခေါ်ပါတယ်။ (ကျောင်းကိုပါ၊ကျူရှင်ကို မဟုတ်ပါဘူး) ဟိုကောင်သုံးဆယ်ကလည်း ( အခုတော့ဟိုကောင်လို.သုံးလို.မရတော့ဘူးပေါ့လေ၊ ဆရာဝန် ကြီးတွေ ဖြစ်နေရောပေါ့) အိပ်ရာကကိုမထပါဘူး။

သူကစောင့်နေလို.မှ မလာတဲ့အခါ စက်ဘီးလေးနဲ. အောင်ဆန်းဆောင် ကိုလိုက်လာပါတယ်။ ဆူမလို.မဟုတ်ပါဘူး။ စာလိုက်သင်တာပါ။ တစ်ခန်းချင်းတံခါးခေါက်၊ ဟိုကောင်တွေကလည်း (အိပ်နေရာက ဘယ်သူမှန်းမသိတော့) ဘယ်ကောင်လဲကွ၊ ဘာညာနဲ.ဆဲတဲ့ကောင်ကရှိသေး။ ပြီးမှ ငါကွဆိုတော့မှ ဟာ ဆရာကြီး၊ ကန်တော့ပေါ့။

လူစုံမှ ဘုရားခန်းကိုချော့ခေါ် ၊ အဲဒီမှာ စာချက်ချင်း မသင်သေးပါဘူး။ ဒီကောင်တွေ အိပ်ချင်ပြေအောင်ဟိုပြောဒီပြော ဟေးဝါးလုပ်ပေးရပါသေးတယ်။ ပြီးမှ စာတစ်ပူဒ်လောက်ချော့သင်။ ကြားရတာ မင်္ဂလာရှိလိုက်တာ။

+++++++

နောက်ဆရာ တစ်ယောက်ကျတော့ သူ.ဘာသာမှာ ဘယ်လိုမှ စာမရတဲ့ ကောင်တစ်ယောက်ရှိပါတယ်။ ဗိုင်ဗာ မှာ (နှုတ်မေးမှာပေါ့) မဖြေနိုင်ရင် ဒီဘာသာကိုပဲနောက်တစ်နှစ်ထပ်နေရတာ့မှာပါ။ ကျောင်းသားအတွက် အရမ်းနစ်နာနိုင်တော့ သူက မင်း အချိုမှုန်.ရဲ့ ဓာတုနာမည်ပဲကျက် (မိုနို ဆိုဒီယမ် ဂလူတားမိတ်) ။ ဆိုပြီး သင်ထားပါတယ်။

တခြားကျောင်းက စာစစ်သူတွေ(external examiner) လည်းရှိတော့ ဒီကောင်လည်းဝင်လာရော မင်းထိုင်၊ဟုတ်ကဲ့ ။ မင်း အချိုမှုန်.သိလား၊ ဟုတ်ကဲ့ ၊ အေး အချိုမှုန်.ရဲ့ chemical name ပြောစမ်း။ မိုနိုဆိုဒီယမ် ဂလူတားမိတ်ပါဆရာ။ ဟာ မှန်တာပေါ့၊ (ဘေးက ဆရာတွေကို) တွေ.လား။ဒီကောင် အချိုမှုန်.တောင်သိရင် ကျန်တာတွေ မေးမနေနဲ.တော့ သိမှာပဲ။ သွားသွား၊ သွားတော့။

ကျောင်းသားတစ်ယောက်ကို မနစ်နာစေချင်တဲ့ စေတနာကို လေးစားရကြောင်းပါ။

++++++

တကယ်တော့ ဒါတွေဟာ မဝေးတဲ့ ကာလ ကအဖြစ်အပျက်တွေပါ။ ဒီနေ. ဆရာတွေမှာ ဒီလိုစိတ်တွေ ရှိတဲ့ ဆရာမှာ ရှိနေပါဦးမယ်။ အခြေအနေအရ ကေသရာဇာ ခြင်္သေ့မင်း မြက်စားရကိန်း ကြုံကောင်းကြုံ နေပါလိမ့်မယ်။ ဆရာအောင်သင်းပြောသလိုပါပဲ။ စားပါ။ ဒါပေမယ့် ငိုပြီးတော့စားပါ။ ငိုရမယ့် ကိစ္စလို.သိပါ။ ကေသရာဇာ ခြင်္သေ့မင်းဟာ မြက်စားရိုးမရှိပဲ စားနေရတာ ငိုရမယ့် ကိစ္စပါ။ အားရပါးရ အရသာခံပြီး စားရမယ့် ကိစ္စမဟုတ်ဘူးဆိုတာသိပါ။

အရင်တုန်းက ကလေးတွေမှာ ကိုးကွယ်ဆရာ သူရဲကောင်းရုပ်ထုတွေနဲ.ပါ။ ဖခင်ဖြစ်ချင်ဖြစ်မယ်၊ ဆရာဖြစ်ချင်ဖြစ်မယ်။ သူတို.ကို စံပြုပုဂ္ဂိုလ် အနေနဲ. သူတို.လုပ်တာလိုက်လုပ်မယ်။ တခါတခါ အရပ်ထဲက အကိုကြီးကို အတုယူရင်ယူမယ်။ ဒါက သူ.စိတ်ထဲက ဖြစ်လာတဲ့ ကိစ္စလေ။ ရှပ်ရှင်မင်းသားကို role model ထားချင်လဲထားမှာပေါ့။

ကိုယ့် ဆရာကို စံပြသဘောကျနေတဲ့ ကလေးတစ်ယောက်ယောက်များရှိနေရင်……

မြက်စားတာလည်းစားပါ။ ရဲဘော်သုံးကျိတ်ကိုလည်း တံခါးခေါက်နှိုးပေးပါ။

(ဆက်ပါမည်)

ကလေးတို. သဘက်ခါ (၅) (ပန်းခြံထဲမှာ သားရေပင်ဝါးရင်းပြေးကြ)

အကြည်တော်ဝတ္တုတို တစ်ပုဒ်ထဲမှာ ဗီစီဒီရိုက်တော့ မင်းသားနဲ.မင်းသမီး ပန်းခြံထဲမှာ ပါးစပ်တလှုပ်လှုပ်နဲ.ပြေးနေတာဘာလို.လဲတဲ့။ ပါးစပ်လှုပ်တာ သီချင်းဆိုနေတာနဲ.တူအောင် သားရေပင်ပေးဝါးထားတာ ဆိုပဲ။

ဟုတ်မှာပါပဲ။ သီချင်းစာသားနဲ.မကိုက်၊အကြောင်းအရာမကိုက် ဗီစီဒီတွေ ကြည့်နေရတာ ကလေးတွေကိုယ်စားရင်လေးပါ့။

ပိုဆိုးတာကတော့ မြန်မာဇာတ်ကားတွေပါပဲ။

++++++++++++++

နိုင်ငံခြားကား (တရုပ်၊ကိုရီးယား မပါ)တွေမှာ ဘယ်လောက် အပစ်အခတ်ကားပဲဖြစ်ဖြစ် သူတို.မှာ ပညာပေးတဲ့ သီးမ် (theme) လေးတွေပါပါတယ်။ မတ်ဆေ့ခ်ျတွေပါပါတယ်။ ကလေးကားလို.ပြောရမယ့် ကာတွန်းကားလေးတွေတောင်မှာမှ ပါနေတာတွေ.ရမှာပါ။

မြန်မာကားတွေကြည့်လိုက်တော့ ကာရိုက်တာကမမှန်၊ ပေးချင်တဲ့ မတ်ဆေ့ခ်ျက ဘာမှမရှိ၊ လူငါးယောက်နဲ. တစ်ဇာတ်လုံးပြီး၊ အဲ၊ အဲဒီလောက်ဆိုသည်းခံနိုင်ပါတယ်။ တရုပ်သိုင်းဝတ္တုဖတ်သလိုပေါ့။ ဇာတ်လမ်းဆုံးရင် ဘာမှမကျန်ပေမယ့် ဖတ်ပျော်တယ်၊အပျင်းပြေတယ်။

ပိုဆိုးနေတာက ကာရိုက်တာအမှားတွေကို အတုယူတတ်အောင် ပြနေတာတွေ။ မိဘတွေကိုဗီလိမ်နေရာထားတာတွေ၊ သူ.ဘာသာချစ်သူရွေးထားပြီးကာမှ တကယ်ချစ်တဲ့သူပေါ်လာလို. ဟိုကောင်ကငပေါကြီး ဖြစ်သွားတာမျိုးတွေ၊ အဓိပ္ပါယ်မဲ့မာနပြိုင်ပြတာမျိုးတွေ၊ ဒါတွေက ကလေးတွေ အတွက် ဘာကျန်သလဲ။ မေးချင်တာပါ။ မြန်မာဓလေ့ ၊မြန်မာစရိုက်ဆိုတာ ဒီလိုမျိုးလား။ သူများကိုချောက်ချတာတွေက ဟာသကွက်လား။ ၀နေတာ၊နဖူးပြောင်နေတာ စတဲ့ ပင်ကိုအားနည်းချက်တွေက ဟာသကွက်တွေလား။ မြန်မာကားတွေ ခက်နေပါပြီ။

+++++

သူတို.ဆီမှာလည်း ဆယ်ကျော်သက် အတွက် ဖန်စီကားလေးတွေရှိပါတယ်။ အဲဒါလေးတွေမှာ မိဘနဲ.သားသမီးပြဿနာလေးတွေ၊ လူပျိုပေါက်အပျိုပေါက် ဘ၀မှာ တွေ.ရတဲ့ အရိုင်းဆန်မှုလေးတွေ ကိုရိုက်ပြပါတယ်။ ပြီးရင် နောက်ဆုံးမှာ ပြေလည်မှုလေးတွေပြခြင်းအားဖြင့် နမူနာကောင်းပေးပါတယ်။

ကျွန်တော်တို.ဆီက ဖန်စီကားကျရော။ ကမ်းခြေမှာ မင်းသားအဖွဲ.နဲ. မင်းသမီးအဖွဲ.ဘောက်ကျ။ အနိုင်မခံအရှုံးမပေးပေါကြ။ တကယ်ကို အပေါပြိုင်နေသလိုပါပဲ။ ဇာတ်ရံကလည်း မင်းသားမင်းသမီးမျက်နှာကို အဖေအမေမျက်နှာ ကြည့်သလိုကြည်.ပြီးဖေါ်လိုလိုက်၊ အပြင်မှာ ဘယ်လိုမှမဖြစ်နိုင်တာတွေပြ။

နောက်ဆုံးမှာတော့ ဒီက လူငယ်တွေဟာ ရုပ်ရှင်တွေထဲကလို ပေါကြောင်ကြောင် ဘုဘောက်ဇာတ်လမ်းတွေ ဖန်တီးလာကြတော့မှာပါ။ မိဘတွေ စေတနာကို ပြန်အော်ဟစ်ဖို. တတ်လာကြတော့မှာပါ။

လောလောဆည်တော့ ပန်းခြံထဲမှာ သားရေပင်ဝါး ပြေးကြလေဦးပေါ့လေ။

(ဆက်ပါမည်)

ကလေးတို. သဘက်ခါ (၄) (လက်ကလေးတွေမေးမှာကျဉ်အောင်ထောက်)

ငယ်ငယ်တုန်းက အရပ်ထဲက အစ်ကိုကြီးတွေ မိန်းကလေးကြောင်းပြောတာတွေ ၊ဟိုအတွေ.အကြုံ ဒီအတွေ.အကြုံ ပြောတာတွေကို သိပ်နားထောင်ကောင်းတာပါ။ လက်ကလေးကိုမေးမှာထောက်ပြီး နားထောင်လိုက်ရတာ။ လက်ကျဉ်မှန်းတောင်မသိပါဘူး။ ခုများတော့ ကလေးတွေက သူတို.ကပိုသိ၊ ပိုတတ်။ တကယ်တတ်လားမေးရင်တော့ မထင်လို.ပဲပြောရမယ်။

ကလေးတွေ အတွက်သင်ယူစရာပတ်ဝန်းကျင်ကိုစဉ်းစားလိုက်တော့ (ကျွန်တော့်အလိုအရ) သုံးမျိုးတွေ.ပါတယ်။ ပထမက မိဘဖန်တီးပေးသောပတ်ဝန်းကျင်၊ ဒုတိယက ဆရာဖန်တီးပေးသောဝန်းကျင်၊ နောက်ဆုံးက သူတို.ပျော်ရွှင်စွာရွေးချယ်ယူသောဝန်းကျင်ပေါ့။

+++++++++

ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်ချက်ဟာ ကလေးတွေကို သက်ရောက်တယ်ဆိုတာ ငြင်းပယ်လို.မရပါဘူး။ ကွှန်တော်တို.ကို ငယ်ငယ်က အရပ်ထဲက ကာလသားတွေနဲ.ပေါင်းရင် လူကြီးတွေက မကြိုက်ဘူး။ ပျက်စီးမှာစိုးလို.တဲ့။ ခုများတော့ပိုဆိုးတဲ့ ပတ်ဝန်းကျင်ကို ကလေးတွေ ရွေးချယ်ယူ နေကြပါပြီ။

ဒီနေ.ကလေးတွေ အင်တာနက်သုံးတာ၊ဂိမ်းဆော့တာတွေဟာ တိုးတက်ဖို.ထက်ဆုတ်ယုတ်ဖို.ပိုများနေမှာလား၊ ကျွန်တော်ဒီလိုမေးရင် ကွန်ဆာဗေးတစ်လိ. အမည်တပ်မှာလားတော့မသိ။

ဒါပေမယ့် တကယ့်တကယ်တော့ ကျွန်တော်ပြောတာမလွန်ပါဘူး။ ဂိမ်းတွေမှာ လိင်ကိစ္စ မပါရင်တောင်မှ သူရို.ဆီမှာ ၁၈နှစ် အထက်သတ်မှတ်ရတာတွေရှိပါတယ်။ သွေးထွက်သံယိုတွေ၊ ကြမ်းတမ်းရက်စက်မှုတွေ တပုံကြိးပါနေနိုင်ပါတယ်။ ကွှန်တော်တို.မိဘတွေ ကလေးတွေ အပြင်မထွက်ပြီးရောထားနေရင် ကြမ်းကြုတ်တဲ့ စိတ်ရှိတဲ့ကလေးတွေများ ဖြစ်လာလေမလား။

နောက် ကလေးဆိုတာက စမ်းသပ်ချင်ပါတယ်။ (ကလေးလို.ပြောနေတာက ဆယ်ကျော်သက် အပါအ၀င်လို.နားလည်ပေးပါ) ကလစ်နှိပ်ရုံနဲ. ဘာအတားအဆီးမှမရှိပဲသိချင်တာတွေ မြင်ချင်တာတွေ မြင်သွားနိုင်တဲ့နေရာက အင်တာနက်ပါ။ စွဲလမ်းစေသော အရာများစွာရှိပါတယ်။ လူကြီးသူမကများ သူတို.ကို ရွေးချယ်တတ်စေသောပညာ၊ အကောင်းအဆိုးခွဲခြားသိစေသောပညာပေးမထားရင် သူတို.ဟာ မကောင်းတဲ့ဘက်ကိုပဲသွားမှာပါ။

++++++++++++

ငယ်စဉ်က ကာလသားတွေနဲ.ပေါင်းတဲ့အခါ သူတို.ဆီက လူမှုဆက်ဆံရေးပညာတွေ အားကျရင်းနဲ.ရလာနိုင်ပါသေးတယ်။ သူတို.ပြောရာဆိုတာ အထာညက်တာလေးတွေနဲ. လူပီသနိုင်လာပါသေးတယ်။

ဂိမ်းပဲဆော့နေရင်တော့ လေးလုံးဖက်တီး၊ လူတောမတိုးလေးတွေဖြစ်လာမယ်ထင်ပါရဲ့။

မိဘတွေက ကလေးတွေကို ပတ်ဝန်းကျင်ဖန်တီးပေးရပါမယ်။ဆရာတွေကဖန်တီးပေးရပါမယ်။ ရုပ်နဲ.စိတ် မျှတသော၊ သူတို.ပျော်ရွှင်မွေ.လျော်ဖွယ်ဖြစ်သော ပညာမရရင်တောင် social skill မြင့်စေသောနေရာမှာ လွတ်လပ်စွာကြီးပြင်းရှင်သန်ခွင့်ပေးရပါမယ်။

ဘာအနှစ်သာရမှမရှိတဲ့ မြန်မာဗီစီဒီတွေကို မေးထောက်ငေးနေတဲ့ မိဘတွေရဲ့ ကလေးဖြစ်ရမှာတော့ သေမတတ်ကြောက်မိကြောင်းပါ။

(ဆက်ပါမည်)

ကလေးတို. သဘက်ခါ (၁၁)(ဆေးဝယ်ရင် ဒီဆူဇာမှာ စိတ်ချရတယ်)

ကျွန်တော်တို. ဘယ်သွားချင်သလဲ။ သွားချင်တဲ့နေရာကိုရောက်ဖို. ကျွန်တော်တို. ဘယ်နေရာကို ရောက်နေသလဲ သိကိုသိရပါ့မယ်။ တခြားနိုင်ငံတွေ တိုးတက်တာ တွေ.တယ်။ ကိုယ်က ရောက်ချင်တယ်။ ကိုယ် ဘယ်နေရာ ဘယ်အဆင့်ကိုရောက်နေသလဲ။ သိရပါ့မယ်။

ဒီနေရာမှာ ဘယ်သူကြောင့် ဘယ်ဝါကြောင့် အပြစ်ပုံချနေတာဟာ အပြုခံစိတ်ဓာတ်ပါ။ ကိုယ်ကိုတိုင်က ဘာမှ မကြိုးစားပဲနဲ. သူတပါးကိုလက်ညိုးထိုးနေရတာမကောင်းပါဘူး။

အနာဂတ်ဟာ ဒီနေ. ကလေးတွေလက်ထဲမှာပါ။ ဒီနေ. ကလေးတွေရဲ့ အနေအထားကိုကြည့်တော့ မနက်ဖန်တိုင်းဟာ ကြေကွဲစရာပါ။ ဘယ်သူကြောင့်ဘယ်ဝါကြောင့် ပြောနေရတာဟာ အပြစ်တင်ဖို.ထက် ဒီလူတွေ အသိရှိလာစေဖို.ပဲရည်ရွယ်ပါတယ်။ ပညာရေးစနစ်မကောင်းဘူးဆိုပြီး အပြစ်တင်မနေပါနဲ.။ တကယ်က စနစ်ထက် လူပါ။ လူဆိုတာက အဝေးကလူတွေထက် အနီးက ဆရာမိဘတွေက ပိုတန်ဖိုးရှိပါတယ်။ ဒီမိုးဒီရေက ကိုယ်ပိုင်တဲ့ အရာမဟုတ်ပါဘူး။ ဒီလူတွေကတော့ ကိုယ်ကစပြုပြင်ရမှာပါ။ ဒီမိုးဒီရေ ဒီလူတွေနဲ. ဒီတိုင်းပြည်ကို တိုးတက်အောင်လုပ်ရမှာပါ။ ဒီထဲမှာ ရှိတဲ့ ဒိလူတွေဟာ အရှိတရားပါ။ ဒီလူတွေထဲမှာ ခင်ဗျားလည်းပါပါတယ်။ မကောင်းတာကို နည်းနည်းမှ မလုပ်ဘူးဘူးလား။ နည်းနည်းမှ မဟုတ်တာ မလုပ်ခဲ့ဘူး။ ငါတို.က အနေသာကြီးဆိုရင် ကလေးတို. မနက်ဖြန်ကို ဆက်ဖတ်မနေပါနဲ.တော့။

++++++

မနက်ဖြန်ဟာ အချိန်မမှီတော့ပါဘူး။ ကလေးတွေ အတွက် ကြေကွဲစရာတွေနဲ. အပြည့်ပါ။ ဒါပေမယ့် မနက်ဖြန်ပြီးရင် သဘက်ခါ ကျန်နေပါသေးတယ်။ သဘက်ခါတော့ အချိန်မှီကောင်းပါရဲ့ ဆိုတဲ့ အတွေးနဲ. ကလေးတို. သဘက်ခါကိုရေးနေပါတယ်။

++++++++++

ဆရာကြီး ဒေါက်တာသန်းထွန်းက ဆေးဝယ်ရင်ဒီဆူဇာမှာ စိတ်ချရတယ်ဆိုတဲ့ ကြော်ငြာကို သိပ်ကြိုက်ပါတယ်တဲ့။ ဘယ်သူလာလာလှီးမှာပဲလို. ပြောင်ပြောင်ပြောနေလို.ဆိုပဲ။

ဒီလိုပါပဲ။ နားမှာ နားကွင်းတစ်ဘက်ထဲဝတ်ထားတဲ့ ကောင်လေးတွေ.ရင် သိပ်သဘောကျပါတယ်။ ငါ က ငတုံးဆိုတာ ပြောနေသလိုပါပဲ။ နားမှာ ၀တ်တာ ဘာဖြစ်လဲမေးရင်ဘာမှမဖြစ်ပါဘူး။ ဟိုတုန်းက မူးကြီးမတ်ရာတွေ နားတောင်းတွေ ၀တ်ခဲ့ကြတာပါ။ မြန်မာ့ယဉ်ကျေးမှုလို.တောင်ပြောလို.ရပါသေးတယ်။ အဟင်း။

အ၀တ် အစားဟာ ကိုယ်ဘာလဲ ဆိုတာ ပုံဖေါ်နေတယ်ဆိုတာမသိသေးရင် ဒီကလေးတွေဟာ ဖက်ရှင်ကို ပြင်မှာ မဟုတ်ပါဘူး။ ဆေးကျောင်းတွေမှာ ကလေးတွေ အ၀တ်ဝတ်ချင်သလိုဝတ်နေပါတယ်။ ဂျင်းဘောင်းဘီအပြဲ။ တီရှပ်နဲ. ဆေးကျောင်းသားတွေကို မြင်ရတာ ရင်ထဲကြေကွဲစရာပါ။ ကျွန်တော်တို. ကျောင်းတက်ခါစက ဆေးကျောင်းသားတွေကို လူထုကချစ်ကြပါတယ်။ သူတို.ကိုကြည့်ရင်လည်း နဖူးမှာ စာကပ်ထားသလိုပါပဲ ။ အရပ်သားလို ၀တ်ထားရင်တောင် အရမ်းသိသာပါတယ်။ ကျွန်တော်တို.ကျောင်းတက်တုန်းက ဆေးကျောင်းသား၊စက်မှုကျောင်းသား၊ တက္ကသိုလ်ကျောင်းသားပုံစံတွေက သီးခြားပုံစံလေးတွေနဲ.ပါ။

အရပ်သားနဲ.ဆေးကျောင်းသားခွဲခြားနေတာလားဆိုရင် တန်ဖိုးခွဲနေတာမဟုတ်ပေမယ့် ခွဲရပါ့မယ်။ သဘောသဘာဝခြင်းမတူတဲ့ အလုပ်( လူ.အသက်ကယ်တဲ့ အလုပ်ပေါ့လေ) ကိုလုပ်တဲ့နေရာမှာ အ၀တ်ကအစ သေသေချာချာဝတ်ရမယ်ဆိုတဲ့ အသိကို သူတို.ကိုရှိစေချင်ပါတယ်။ မင်းတို. တီရှပ်ဝတ်လာရင် အပြစ်ပေးမယ်ဆိုတာလည်းလုပ်ပါ။ သူတို.ရဲ့ အသိထဲကိုငါတို.ဟာ တန်ဖိုးရှိတဲ့လူ၊ တန်ဖိုးနဲ.လိုက်အောင်ဝတ်ရမယ်ဆိုတဲ့ အသိလည်း ထည့်ပေးရမှာပါ။

ဆေးကျောင်းသူ မိန်းကလေးတွေ လူနာစမ်းရင် ဆံပင်ဖားလျားနဲ.စမ်းရင် သူတို. ဆံပင်ကြီးတွေက လူနာ မျက်နှာပေါ် ၀ဲနေရင် ၊ ခွဲပြီးစ အနာပေါ် ၀ဲနေရင်။

အသိလေးတော့ရှိနေရမှာပေါ့။

++++++++

ဆေးကျောင်းသားအမှတ်အသားဟာ အပြောအဆို အမူအယာပေါ်မှာရှိတာပါ။ ဂျူတီကုတ်ဝတ်ပြီး ဈေးချိုထဲလျှောက်သွားနေတဲ့ ရယ်စရာဆေးကျောင်းသားထဲမှာ ခင်ဗျားတို. ပါဘူးပါသလား။

(ဆက်ပါမည်)

ကလေးတို. သဘက်ခါ (၁၀) (ဆွမ်းအုပ်နီနီ အမေရွက်လို. နက်ဖြန်နံနက် ကျောင်းထွက်မယ်)

ကလေးတွေကို ကျောင်းတက်စေချင်တဲ့ အကြောင်းရင်းတစ်ချက်ထုတ်ပြပါဆိုရင် ပညာတတ်ကြီး ဖြစ်စေချင်လို.ဆိုတဲ့ အကြောင်းပြချက်ပဲပေးကြမှာပါ။ တကယ်တော့ လုံးပြောတာပါ။ ဘာပညာလဲမေးရင် ပိုက်ဆံရှာတဲ့ ပညာဆိုရင်သွားရော။

ပညာဆိုတာ ဘာလဲလို. မေးလာရင်ခက်ပါတယ်။ ပညာဘာလဲလို. မမေးကြရင် အကောင်းသား။ မေးမိတော့ ပြဿနာတွေ တက်ပါရော။ ပညာဆိုတာ ဘာလဲဆိုတာ ခဏထားပြီး ကလေးတွေ ကျောင်းတက်စေချင်တဲ့ အကြောင်း ခဏထားပြီး ကျောင်းမှာ သင်နေတာ ပညာလားဆိုတာပဲမေးကြည့်ချင်လို.ပါ။

+++++++++

ကျွန်တော့် သဘောကတော့ တက္ကသိုလ် မရောက်ခင်အထိ ကျောင်းမှာ သင်သမျှကို ပညာရှာရန် လက်နက်များလို.ပဲ သတ်မှတ်ပါတယ်။ ပညာရှာဖို. အတွက် အခြေခံသိသင့်သိထိုက်သော အကြောင်းအရာများသာ ဖြစ်ပါတယ်။ နိုင်ငံသားတစ်ယောက်ဟာ ဒီလောက် အထိတော့ သိရမယ်ဟေ့ဆိုပြီး သင်ပေးလိုက်တာပါ။

နောက်ပိုင်း ကလေးအနေနဲ. ဆက်လက်လေ့လာ သင်ယူမယ်ဆိုရင် အခက်အခဲ မရှိအောင် သင်ကြားပးလိုက်တဲ့ အခြေခံ အသိများသာဖြစ်ပါတယ်။ ဒီ အချက်အထိ သဘော တူပြီ ဆိုရင် ကလေးတွေ ဒီ အခြေခံ လက်နက်တွေ ပြီးစီးအောင် တပ်ဆင် ပြီးသွားပါသလားဆိုတာ တွေးရမှာပါ။

တက္ကသိုလ်ဝင်တန်းအောင်ပြီးတဲ့ ကလေးတစ်ယောက်ဟာ ပညာကို ဘယ်လိုရှာရမယ်ဆိုတာသိပါပြီလား။ သူ.ဘ၀၊သူ.စရိုက်နဲ. ကိုက်ညီတဲ့ သူရှာရမယ့် ပညာဆိုတာ ဘာလဲ သေသေချာချာ ဆုံးဖြတ်နိုင်ပါပြီလား။ လောက အလယ်မှာ အကြောင်းအကျိုး အကောင်းအဆိုးခွဲခြားနိုင်ပါပြီလား။

++++++

မြန်မာ ဓမ္မသတ်မှာ ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်တဲ့ အရွယ်ဟာ ယောက်ျားလေးဆို ၁၆နှစ် မိန်းကလေးဆို ၁၅ နှစ်ဆိုပါတယ်။( ဒေါက်တာသန်းထွန်း၊ သမိုင်းနဲ. စကားပြောခြင်း) ဒါဟာ ဆယ်တန်းအောင်တဲ့ အရွယ်ပါပဲ။ ကလေးတွေကို ၀ါသနာနဲ.ကိုက်တဲ့ အသက်မွေးဝမ်းကြောင်းရှာဖွေဖို. ကျောင်းတွေက အသိလေးသွင်းပေးလိုက်နိုင်ပါပြီလား။ မိဘတွေက သူ.ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို လေးစားစွာ လက်ခံနိုင်ပါပြီလား။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို.ရော လုံလောက်တဲ့ အသိပညာပေးပြီးပါပြီလား။

အတန်းအောင်ဖို. အောင်ဖို. ပထမ ရဖို.ရဖို. ပဲ တွန်းအားပေးနေတဲ့ မိဘတွေကို မေးချင်နေတဲ့ စကားတွေပါ။ မေးလည်း မမေးချင်တော့ပါဘူး။ သူတို.ကိုယ်တိုင်က ဒီလို တွန်းအားပေးခံခဲ့ရတာနေမှာပါ။ မျိုးဆက်တွေ ကြာခဲ့ပြီကော။

ပြန်လည်ပြုပြင်ဖို. ဆိုရင်တော့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်တာက စရမှာပါ။

ကလေးတွေကို ဘာလို. ကျောင်းတက်စေချင်တာလဲ။ မညာတမ်း ဖြေကြည့်ကြပါလေ။

(ဆက်ပါမည်)

Thursday, November 24, 2011

ကလေးတို. သဘက်ခါ (၁၂) (သာပါလိမ့်မယ် ရွှေကျီးညို)

ကျီးကန်းဆိုတဲ့ အမျိုးကလည်း တစ်ကောင်ထိရင် ၀ိုင်းအာတတ်ကြတာကလား။

+++++++

အစွမ်းထက်တဲ့ လက်နက် တစ်ခုကို အသိပညာရှိသူရဲ့လက်ထဲမရောက်ရင်တောင် အသိဥာဏ်မဲ့သူတွေရဲ့ လက်ထဲမရောက်ပါစေနဲ.။ လောကကို အကျိုးမရှိရင်နေပါစေ။ အကျိုးတော့ မယုတ်ပါစေနဲ.။ တခါတခါ စကားလုံးအလှတွေက ဖုံးထားတော့ အမှားကလည်း အမှန်လိုလိုလှပနေတတ်ပါရော။

မီဒီယာကြောင်းပြောချင်လို.ပါလေ။ ဆရာဝန်ကြီးတစ်ယောက်မှားသွားတယ်။ ကလေးမလေးတစ်ယောက်ဆုံးသွားတယ်။ မီဒီယာတွေက ၀ိုင်းဝန်း တိုက်ခိုက်တယ်။(တိုက်ခိုက်ဆိုတဲ့ စကားကို တမင်သုံးပါတယ်) ကလေးမလေးကိုလည်းကိုယ်ချင်းမစာလို.မဟုတ်ပါဘူး။ ဇာတ်က နာစရာပေကိုး။ ဒါပေမယ့် လူ. အသက်ဟာ တန်ဖိုးအတူတူပဲလို. တွေးရင် တောကျေးရွာ တွေမှာ ရမ်းကုတွေ ရမ်းကုလို.ဆုံးသွားသူတွေ အပုံပါလေ။ ဒါမျိုးနောက်မဖြစ်အောင်ဆိုတဲ့ လှပတဲ့စကားလေးအဆုံးမှာတော့ ဆရာဝန်ကြီးတွေဟာ သူတို. တတ်ကျွမ်းတဲ့ ပညာအရ ဒီရောဂါဆိုတာသေချာနေတာတောင်မှ ဓာတ်မှန်ရိုက်၊ သွေးစစ်ဆိုတဲ့ စစ်ဆေးမှုတွေ အားလုံးလုပ်ကြပါတော့တယ်။သူတို. ဘက်က ဆေ့ဖ်ဆိုက်(save side) ယူပါတော့တယ်။ တကယ်တော့ လူနာရှင်တွေ အပိုကုန်ကျမှုတွေပဲပိုလာတာပါ။ ဆေးကုသစရိတ်တွေမြင့်လာတာပါ။

မင်းသမီးလေးကို မမေးသင့်တဲ့ စကားလုံးသွားမေး။ဟိုက မခံနိုင်တော့ ကိုယ်ထိလက်ရောက် တုံ.ပြန်တော့ ၀ိုင်းအာကြ။ ပရိတ်သတ်ကို ကိုယ်စားပြုတယ်ဆိုတဲ့ စကားလုံးကို မသုံးပါနဲ.။ ကွန်မြူနတီခေါ်တဲ့ လူထုကို အသိပညာဆီကို မီဒီယာက ဆွဲခေါ်ရမှာပါ။ ပရိသတ်ကို အ၀ါရောင်သတင်းတွေ ပေးတာက မီဒီယာသမားအလုပ်မဟုတ်ပါဘူး။


အင်ဖေါ်မေးရှင်း၊ အက်ကျူကေးရှင်း၊ အင်တာတိန်းမန်.ဆိုတဲ့ သတင်း၊ပညာ၊ဖျော်ဖြေ သုံးခုမှာ အချိုးပေါင်းစပ်မှုသာကွာရင်ကွာရပါမယ်။ ဒီသုံးမျိုးကိုလုပ်ရပါမယ်။ ခုတော့ အကျိုးရှိတာ ဘာများလုပ်ပြီးပါပြီလဲ။ မေးချင်တာပါ။

+++++++++++++

နိုင်ငံမှာ အားတွေလိုနေပါတယ်။ အမှန်တရားဆီကို ရောက်ဖို.က နိုင်ငံနဲ.ချီပြီးစဉ်းစားရမှာပါ။ ဆန်စင်ရာ ကျည်ပွေ.လိုက်နေတာ မီဒီယာ အလုပ်မဟုတ်ပါဘူး။ ဆရာဝန်တစ်ယောက် ဆေးကုတာမှားတာက လူ.အသက်တစ်ခုပါ။ လူ.ဘ၀တွေများစွာ ကိုကယ်တင်ဖို.၊မျိုးဆက်တွေကို လမ်းမှန်တင်ပေးဖို. မီဒီယာတွေလိုနေပါတယ်။ လုပ်နေကြပါပြီလား။

အဲ၊ မေးခွန်းမှားလို.ပါ။ တွေးကြည့်ကြပါပြီလား။တွေးကြည့် ပြီးကြပါပြီလား။

ရွှေကျီးညိုလေးတွေ သာစေချင်ပါသေးတယ်။

(ဆက်ပါမည်)

ကလေးတို. သဘက်ခါ (၁၃) (ငါ့သမီးနဲ.ပေးစားမယ်)

ကလေးတို.သဘက်ခါ အတွေးစာစုတွေကဟာ တကယ်တော့ ကျင့်ဝတ်သီလပိုင်းကို ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံက တို.ထိကြည့်နေတယ်လို.ပြောလို.ရပါတယ်။ လူ.လောကကြီးကို အမှန်တကယ်ငြိမ်းချမ်းစေတာဟာ ကျင့်ဝတ်သီလလို. ယုံကြည်လို.ပါ။ အတတ်ပညာနဲ. ကျင့်ဝတ်ကို ယှဉ်ကြည့်ရင် ကျင့်ဝတ်ကိုပဲရွေးပါမယ်။ ဟစ်တလာခေတ်က ဂျူးတွေကို နည်းမျိုးစုံ ရက်ရက်စက်စက် စမ်းသပ်ခဲ့တဲ့ ဆရာဝန်ကြီးတစ်ယောက်ကို သတိရကြပါလေ၊( သူ.နာမည်က မန်းဂလိထင်ပါတယ်။ မသေချာပါ)

++++++++++++

လူငယ်တွေ ကျင့်ဝတ်ပိုင်းအားနည်းလာကြတာက အသုံးမလိုဘူးထင်လို.ပါ။ ရှင်းရှင်းလေးပါ။ အလုပ်တစ်ခုရဖို. ဘွဲ.လက်မှတ်တစ်ခုလိုပါမယ်။ ဒီလက်မှတ်ကို ဘယ်လိုရလာသလဲမမေးပါဘူး။ အစဉ်စဉ် အဆက်ဆက်ခိုးချပြီး အောင်လာသူတစ်ယောက်မှာလည်း ဒီလက်မှတ်ရှိမှာပါပဲ။ ကျောင်းသားတစ်ယောက် ဒီနှစ်မှာ ဒီအတန်းအောင်ဖို. လိုတယ်ထင်ရင် မိဘတွေကလည်း တရားသည်ဖြစ်စေ ၊မတရားသည်ဖြစ်စေ လုပ်ကြတော့ပါတယ်။ ရလာဒ်က ဘွဲ.လက်မှတ်တစ်ခုပဲမြင်ကြတာကိုး။ ကလေးရဲ့ အသိစိတ်ဓာတ် ဆုံးရှုးံသွားတာကိုမှမမြင်ပဲ။

အချို.သောနေရာတွေမှာတော့ ကျင့်ဝတ်အတွက် အင်တာဗျူးတွေထည့်ပေးပြီးမေးတတ်ကြပါတယ်။ အက်တီကျု ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေး လို.ပဲဝေေ၀၀ါးဝါး နာမည်တတ်ထားတာပါပဲ။ ဒါပေမယ့် ကျင့်ဝတ်ကို အဓိကထားပြီး မေးတာကတော့ မရှိသလောက်ပါပဲ။ (အင်မတန်တော်တဲ့ စီအီးအိုတွေကတော့ မေးချင်မေးမှာပေါ့လေ)

++++++++++

ဒါတွေကလည်း လူ.အသိုင်းအ၀ိုင်းမှာ အောင်မြင်တယ်ဆိုတာကိုရှုမြင်သုံးသပ်ပုံ လွဲလာတာကစတာပါပဲလေ။ ပိုက်ဆံရှိတာ အောင်မြင်တာလား။ လှူနိုင်တန်းနိုင်တာ အောင်မြင်တာလား။ အရာရှိကြီးဖြစ်တာ အောင်မြင်တာလား။ လမ်းကြောင်းကို မစဉ်းစားပဲ ရလာဒ်ကိုပဲစဉ်းစားနေသ၍ ဒီလိုပဲဖြစ်နေဦးမှာပါ။

ဟိုး အရင်တုန်းကတော့ ဒိဿာပါမောက္ခဆရာကြီးဆီမှာ သင်ကြတဲ့ တပည့်တွေထဲက အရိုးသားဆုံး၊ ဥာဏ်ရည်အထက်ဆုံး၊ ကိုယ်ကျင့် အကောင်းဆုံး တပည့်တစ်ယောက်ကိုရွေးပြီး ငါ့သမီးနဲ.ပေးစားမယ်၊ ဆရာစားမချန်သင်ပေးမယ် ။ အဲဒီလို လုပ်ရတာပါ။ ကျင့်ဝတ်ရှိသူကို သုံးလေးနှစ်စောင့်ကြည့်ပြီးမှ ပညာကုန်ပေးတာပါ။ မဟုတ်တဲ့သူလက်ထဲ အတတ်ပညာမရောက်အောင် သေချာစိစစ်ရပါတယ်။

အခုတော့စဉ်းစားကြည့်ပါလေ။ ဆရာကြီးသမီးနဲ. ပေးစားဖို. ငါက သင့်တော်ပါရဲ.လား။



(ဆက်ပါမည်)

ကလေးတို. သဘက်ခါ (၁၄) (၀ယ်မပေးလို.ကျေးဇူးတင်)

ငယ်ငယ်တုန်းက အဖေအမေက အဆင့်တစ်ရရင် ဘာဝယ်ပေးမယ် ညာဝယ်ပေးမယ်မရှိခဲ့ပါဘူး။ ယုတ်စွအဆုံး သားတော်တယ်လို.တောင်မပြောပါဘူး။ ကျေနပ်ရတာက သူတို.အသိနဲ.တွေ.ရင် ဒီကောင်မဆိုးဘူးကွ။ အပြင်စာတွေဖတ်နေပြီ။ ဒီလောက်ပါပဲ။

သူများသားသမီးတွေ ကတော့ အဆင့် ဘယ်လောက်ရရင် ၀ယ်ပေးမယ့် ပစ္စည်းလေးတွေနဲ.ပေါ့။ အခုမှစဉ်းစားမိတာက ၀ယ်ပေးတာက မိဘနဲ.သားသမီးအကြား အပေးအယူ ဆန်လွန်းနေမလားဆိုတာပါပဲ။

+++++++

ပညာရေး ကိစ္စတွေမှာ ၊ခေါင်းဆောင်မှုကိစ္စတွေမှာ စိတ်အင်အားကို နှိုးဆွခြင်း (Motivation) ဆိုတာရှိပါတယ်။ (ဘာသာပြန်ပုံ နေရာမကျ ပေမယ့် အခြားစကားလုံးရှာမတွေ.လို.ပါ) မိုတီဗိတ်လုပ်ရာမှာ မက်လုံး (Positive Motivation) နဲ. ခြောက်လုံး (Negative Motivation) ဆိုပြီးရှိပါတယ်။ အဆင့်တစ်ရရင် စက်ဘီးဝယ်ပေးမယ် ဆိုတာနဲ. အဆင့်တစ်မရရင် တိုင်မှာ ကြိုးတုတ်ရိုက်မယ် ဆိုတာမျိုးပေါ့။

ခြောက်လုံးကို မသုံးတာကောင်းတယ်ဆိုကြပါတယ်။ သုံးရင်လည်းသတိနဲ.သုံးရမှာပါ။ထားပါ။ ပြောချင်တာက မက်လုံးကိစ္စ။

ကလေးတစ်ယောက် လုပ်ချင်ကိုင်ချင်ကြိုးစားချင်တဲ့ စိတ်ရှိလာအောင် မက်လုံးပေးရာမှာ ချိးကျူးစကားလည်းပါပါတယ်။ တစ်ခါချီုးကျူးမိရင် နောက်တစ်ခါ ဒီလိုမျိုးကြိုးစားအားထုတ်မှုတွေ.ရင် နဲနဲပို ချီးကျူးပေးရပါမယ်။ ဒါမှ ကလေးက တဆင့်ပြီးတဆင့်တိုးကြိုးစားမှာပါ။

ပစ္စည်းပေးတာက အန္တရာယ်ရှိပါတယ်။ စက်ဘီးဝယ်ပေးမယ်ပြောပြီး ပိုက်ဆံ အဆင်မပြေလို. သေနတ်လေးဝယ်ပေးတာက ပြောင်းပြန်ရလာဒ်တွေထွက်လာနိုင်ပါတယ်။ နောက်ထပ်တခါဝယ်မပေးနိုင်ခဲ့ရင်ရော။ ဘယ်လိုလုပ်ကြမှာလဲ။ဒါထက်ပိုဆိုးတာက လောကကြီးက အပေးအယူလောကကြီး လို. ကလေးစိတ်ထဲစွဲသွားမှာကိုပါပဲ။

လောကနေရာတော်တော်များများမှာ အပေးအယူကိစ္စတွေရှင်သန်နေတာ ကောင်းတယ်လို.ပြောလို.မရပါဘူး။ ကလေးမလေးတွေ စပွန်ဆာ ရှာလာတာကောင်းပါသလား။ လုပ်ငန်းခွင်မှာ ကိုယ့် ၀တ္တရားအရလုပ်ပေးစရာကိုလုပ်ပေးတာကို လက်ဆောင်ပေးတာကောင်းသလား။ မိတ်ဆွေအချင်းချင်း ကားလေးနဲ. သွားစရာရှိတဲ့နေရာကို လိုက်ပို.တာကို အအေးဇွတ်တိုက်တာကောင်းသလား။ ဆန်ပေးမှဆီရတယ်ဆိုတာက မိတ်ဆွေကျင့်ဝတ်ထဲမှာစည်းခြားလွန်းပါတယ်။

လောကကျင့်ဝတ်ကိုဆောင်ရွက်ရတဲ့နေရာမှာ အကျိုးကိုမျော်ကိုးတတ်တဲ့ စိတ်တွေ၊ အကျိုးမရှိရင် စေတနာမပါတော့တဲ့ စိတ်တွေ၊ အကျိုးအမြတ်မရရအောင် လုပ်ချင်တဲ့စိတ်တွေကို ကလေးတွေကိုထည့်သွင်းမပေးပဲ နေကြရအောင်လား။

(ဆက်ပါမည်)