Showing posts with label လူပျိုကြီး. Show all posts
Showing posts with label လူပျိုကြီး. Show all posts

Friday, January 14, 2011

လူပျိုကြီး-၂

လူပျိုကြီးပါ
လူပိုကြီးမဟုတ်ပါဘူး
မင်းနှလုံးသားရဲ့ လစ်လပ်နေရာ
ငါ့လျောက်လွှာလေး တင်ချင်လို.ပါ။

မင်းရဲ့လှောင်ပြောင်တဲ့အင်တာဗျူးတွေ
ဝမ်းနည်းစွာ ငါဖြေပါတယ်
“ဘာလို.နဖူးပြောင်နေတာလဲ”
မင်းအကြောင်းနှလုံးသားမှာရေးထားတာ
နေရာမဆန်.မှာစိုးလို.
ငါသေရင်ဆက်ရေးဖို.နေရာပါ
“ဆံပင်ပေါက်ချင်တာလား
ရည်းစားလိုချင်တာလား”
မင်းကိုရည်းစားအဖြစ်တွဲသွားတဲ့အခါ
မင်းရှက်မှာစိုးလို.ဆံပင်ပေါက်ချင်တာ

မင်းပြုံးဖို.ဖြေရတဲ့အဖြေတွေမှာ
အမှန်တရား တ၀က်ပါပါတယ်
အရှက်တရားတစ်ဝက်ပါ ပါတယ်
ငါဟာလှောင်စရာဖြစ်နေချိန်မှာ
ငါ့မေတ္တာကိုပါ လှောင်စရာဖြစ်လာတော့
ဝမ်းနည်းစွာငါပြန်ရတော့မှာ။

ငါပြင်မရတဲ့ သဘာဝတရား
ငါ့အားနည်းချက်ပဲလား
ရုပ်ရှင်ထဲတွေထဲမှာ
လူဝကြီးတွေကရယ်စရာလား
လူပုလေးတွေက ရယ်စရာလား
ခံစားချက်နှုန်းစံတွေ လွဲမှားလွန်းနေတဲ့ကမ္ဘာ။

ဘာပဲပြောပြောလေ
မေတ္တာတရားဟာ
နဖူးနဲ.မဆိုင်တာ မင်းနားလည်လာတဲ့နေ.
အချစ်ဆိုတာ
အသက်နဲ.မဆိုင်တာမင်းနားလည်လာတဲ့နေ.
တိတ်တိတ်လေး ငါ ဆုတောင်းနေရတော့မှာ
တိတ်တိတ်လေး ငါ ဆုတောင်းနေရတော့မှာ
တိတ်တိတ်လေး ငါ ဆုတောင်းနေရတော့မှာ

Thursday, September 23, 2010

လူပျိုကြီး-၂

လူပျိုကြီးပါ
လူပိုကြီးမဟုတ်ပါဘူး
မင်းနှလုံးသားရဲ့ လစ်လပ်နေရာ
ငါ့လျောက်လွှာလေး တင်ချင်လို.ပါ။

မင်းရဲ့လှောင်ပြောင်တဲ့အင်တာဗျူးတွေ
ဝမ်းနည်းစွာ ငါဖြေပါတယ်
“ဘာလို.နဖူးပြောင်နေတာလဲ”
မင်းအကြောင်းနှလုံးသားမှာရေးထားတာ
နေရာမဆန်.မှာစိုးလို.
ငါသေရင်ဆက်ရေးဖို.နေရာပါ
“ဆံပင်ပေါက်ချင်တာလား
ရည်းစားလိုချင်တာလား”
မင်းကိုရည်းစားအဖြစ်တွဲသွားတဲ့အခါ
မင်းရှက်မှာစိုးလို.ဆံပင်ပေါက်ချင်တာ

မင်းပြုံးဖို.ဖြေရတဲ့အဖြေတွေမှာ
အမှန်တရား တ၀က်ပါပါတယ်
အရှက်တရားတစ်ဝက်ပါ ပါတယ်
ငါဟာလှောင်စရာဖြစ်နေချိန်မှာ
ငါ့မေတ္တာကိုပါ လှောင်စရာဖြစ်လာတော့
ဝမ်းနည်းစွာငါပြန်ရတော့မှာ။

ငါပြင်မရတဲ့ သဘာဝတရား
ငါ့အားနည်းချက်ပဲလား
ရုပ်ရှင်ထဲတွေထဲမှာ
လူဝကြီးတွေကရယ်စရာလား
လူပုလေးတွေက ရယ်စရာလား
ခံစားချက်နှုန်းစံတွေ လွဲမှားလွန်းနေတဲ့ကမ္ဘာ။

ဘာပဲပြောပြောလေ
မေတ္တာတရားဟာ
နဖူးနဲ.မဆိုင်တာ မင်းနားလည်လာတဲ့နေ.
အချစ်ဆိုတာ
အသက်နဲ.မဆိုင်တာမင်းနားလည်လာတဲ့နေ.
တိတ်တိတ်လေး ငါ ဆုတောင်းနေရတော့မှာ
တိတ်တိတ်လေး ငါ ဆုတောင်းနေရတော့မှာ
တိတ်တိတ်လေး ငါ ဆုတောင်းနေရတော့မှာ

Wednesday, September 22, 2010

လူပျိုကြီး-၃

အမေကတော့ မှာတယ်
“သား….ယောက်ျားလေး ဆိုတာ
ကြာလေ ဈေးတက်လေပဲ” တဲ့။

အတင်းမပြောချင်လို.
မိန်းကလေးဆိုတာ
ကြာလေဈေးကျလေလို. မပြောတော့ဘူး
သူတို.က
ကြာလေနွမ်းလေ ပန်းလေးတွေကိုး
တို.ကတော့
ထုလေမာလေ ငါးဖယ်မျိုးကိုး။ ysmiley

မိန်းမ တစ်ယောက်ရဲ့တာဝန်က
မြန်နိုင်သမျှ မြန်အောင်ယောက်ျားယူဖို.
ယောက်ျားတစ်ယောက်ရဲ့တာဝန်က
ကြာနိုင်သမျှကြာအောင် မိန်းမမယူပဲနေဖို.။

ကိုယ့်တာဝန်ကိုယ် ကြေပွန်အောင်ထမ်းနေတာ
ကျဆုံးလေသော ယောက်ျားတွေက
ငါ့ကိုမနာလိုဖြစ်ကြပြီး
တာဝန်ယူစိတ် မရှိသော ယောက်ျားတွေက
ငါ့ကိုလူညံ့ကြီးလို.ပြောကြတယ်။

အမှန်စင်စစ်တော့
အပျိုလေးတွေအတွက်တော့ ငါဟာ
လက်တည့်စမ်းချင်စရာ ပစ်ကွင်းတစ်ခုဖြစ်ပြီး
အပျိုကြီးတွေအတွက်တော့ ငါဟာ
ရေနစ်သူအတွက် နောက်ဆုံးကောက်ရိုးတစ်မျှင်ဖြစ်နေတယ်။

ဘာပဲပြောပြော
ဒီတိုက်ပွဲက ဆက်နွှဲနေရမှာပဲ
ရဲဘော်တို.
ငါ့နောက်မှာ တန်းစီကြ။ ။
(ဒီကဗျာရေးရတာ အရသာရှိလိုက်တာ။ ဟိဟိ)

Tuesday, April 6, 2010

လူပြိုကြီး

ကုန်သွားတဲ့အချိန်ရယ်
ယောက်ျားရသွားတဲ့ချစ်သူရယ်ဆို
စိတ်ကိုဒုံးဒုံးချလို.ရပါသေးတယ်။

မိန်းမဘာလို.မယူတာလဲမေးလာလို.
“မရတာမဟုတ်ဘူး
မလိုချင်တာ” လို.ဖြေတော့လူတွေကလှောင်ပြုံးတယ်
“အသေရရ အရှင်ရရ
မသေမရှင်ရရ လိုချင်တာ……
မရလို.” ဖြေတော့လည်း လူတွေကရယ်တယ်
ငါဘာဖြေရမှာလဲကွယ်။

ပါးသွားတဲ့ ဆံပင်ရယ်
ကြိုက်မိတဲ့ ကောင်မလေးရယ်က
ရောက်လာနိးနိုး စောင့်နေရတာ
မစောင့်လို.လဲ မဖြစ်ဘူး
စောင့်တော့လဲ ဘာမှထူးမလာဘူး။

လူပျိုကြီးပါဖြေတော့
ရရစ်နဲ. ပြိုတာလားတဲ့
ဟုတ်ပါတယ်
ရင်ဘတ်ထဲမှာ ပြိုကျပျက်စီးနေတဲ့
“လူပြိုကြီး” တစ်ယောက်ပါပဲကွယ်။ ။