Showing posts with label နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံရေး. Show all posts

Monday, July 23, 2012

အရှေ.က နေ၀န်းထွက်သည့်ပမာ


၁။ လူမပြောင်းလျှင် မူမည်မျှပင်ပြောင်းပြောင်း ကောင်းမလာနိုင်ပါဟု ပြောသံသဲ့သဲ့ ကြားမိပါသည်။ လူလည်း မပြောင်းပါ။ ခေတ်ပြောင်းချင်ပြောင်း၊ စနစ်ကလည်း ပြောင်းမည်မထင်ပါ။ ဤခေတ်၊ ဤစနစ်ကို မကောင်းတွင်တွင်ပြော၍ အမှန်တကယ် ပြောင်းလဲမှုကို လက်ခံရန် မ၀ံ့ရဲသော၊ ပြောင်းလဲမှု အတွက် အသင့်မဖြစ်သော လူများအတွက် ဤစာစုကိုရေးမိပါသည်။

၂။ တိုင်းပြည်တစ်ခုအတွက် အရေးအကြီးဆုံးသည် (ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ) အစိုးရ ယန္တရားပင် ဖြစ်ပါသည်။ အစိုးရယန္တရားတွင် ထိုယန္တရားကို လည်ပတ်စေသော ဌာနများသည် အဓိကဖြစ်ပါသည်။ သို.ရာတွင် ထိုဌာနဆိုင်ရာတို. လည်ပတ်နေသော နည်းစနစ်များသည် (အများစုမှာ) အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးရပြီးကာစ အချိန်ကာလမှ နည်းစနစ်များနှင့် ကွာခြားပါ၏လောဟု သံသယ ပွားရပါသည်။ ပြန်လည်တည်ဆောက်ရေးကာလတွင် မည်သည့်စီမံကိန်းကိုပဲ ရပ်ဆိုင်း၍ မည်သည့်စီမံကိန်းကိုပဲ အသစ်ပြန်စစ၊ ထူးခြားလာမည်မဟုတ်ဟု ဆိုရပါမည်။

၃။ စီမံကိန်းများ မအောင်မြင်သည့်အခါတိုင်း၊ လုပ်ငန်းခွင် တိုးတက်မှုမရ၍ စူးစမ်းမေးမြန်းခံရတိုင်း တောင်းဆိုတတ်သော ကိစ္စသုံးရပ် ရှိပါသည်။ သရီးအမ်မ် (3M) ဟုခေါ်ကြသော လူ၊ငွေ၊ပစ္စည်း (Man, Money, Material) ပင်ဖြစ်ပါသည်။ အခါများစွာပင် ဖွဲ.စည်းပုံပြင်ဆင်ရေးဟူသည် အဆိုပါသုံးရပ် တိုးမြှင့်တောင်းခံရေးဖြစ်သွားတတ်ပါသည်။ ထိုအခါ အုပ်ချုပ်ရေးယန္တရား ပြင်ဆင်ရေးသည် ၀န်ပေါ့သွားရမည့်အစား ပို၍ပင် ၀န်ထုတ်ဝန်ပိုးဖြစ်သွားရပါသည်။

၎။ ဖူကူယားမား၏ နိုင်ငံတည်ဆောက်ရေး စာအုပ်တွင် ဈေးကွက်စနစ်ဖေါ်ဆောင်ရေး၊ ပုဂ္ဂလိကပိုင်ပြုရေးထက် အရေးကြီးလေသော အချက်တစ်ခုကို ထပ်တလဲလဲ ဖေါ်ပြခဲ့ပါသည်။ ယင်းမှာ အဖွဲ.အစည်းများ၏ စွမ်းဆောင်ရည် မြင့်မားရေး ပင်ဖြစ်ပါသည်။ အဖွဲ.အစည်းစွမ်းဆောင်ရည် မြင့်မားရေးကို လူတိုးတောင်းရေး၊ ငွေတိုးတောင်းရေး၊ ပစ္စည်းတိုးတောင်းရေးနှင့် မရောထွေးစေချင်ပါ။

၅။ အချို.က ကြိုးနီစနစ်ဟု ပြောကြသော ရုံးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် (ပြောခဲ့ပြီးသလို) လွတ်လပ်ရေးရကာစခေတ်နှင့် မခြားဖြစ်နေပါသေးသည်။ ထို.အပြင် ဌာနဆိုင်ရာ ဖွဲ.စည်းပုံ များသည် ပြင်ဆင်ပြောင်းလဲဖွဲ.စည်းရန် ခက်သည်ကတစ်ကြောင်း၊ မည်သူမှ ဦးနှောက်ခြောက်ခံ စဉ်းစားမနေသည်ကတစ်ကြောင်းကြောင့် ရှိရင်းစွဲအတိုင်းသာ ရောကြိတ်နေကြပါသည်။ မည်သူကမှ ရှိရင်းစွဲ လုပ်ထုံးလုပ်နည်း ဖြစ်စဉ်ကို ပြန်လည်၍ ပိုမို ကောင်းမွန်သက်သာလွယ်ကူသော နည်းကို စဉ်းစားရန်မကြံစည်ကြပါ။ သူရို.ဆီဝယ် ပြန်လည်ပြင်ဆင်ရေးဟူသည် ငွေကြေး၊ အချိန်၊ လူအင်အားလျော့ချရန်အတွက် ခေတ်မှီနည်းစနစ်များ၊ စီမံခန်.ခွဲမှု ပုံစံများကို အသုံးပြုခြင်းသာဖြစ်ပါသည်။

၆။ ခက်သည်က ပေါ်လစီမိတ်ကာလယ်ဗယ်ဖြစ်သော လူတန်းစားသည် ခေတ်မှီ နည်းပညာကို မသိပါ။ စီမံခန်.ခွဲမှုကို မလေ့လာပါ။ လူမှန်နေရာမှန်ကို (ဖွဲ.စည်းပုံအသေဖြစ်၍လည်း ပါပါသည်) မထားရှိပါ။ ပြောရသည်ကိုတော့ အားနာပါသည်။ တိုးတက်ရေးကိစ္စအတွက် ကိုယ့်ဌာန၏ လုပ်ငန်းဆောင်ရွက်ပုံဖြစ်စဉ်ကို ပြန်လည်သုံးသပ်မှု အင်မတန်အားနည်းပါသည်။ သူရို.ဆီဝယ် Enterprise Architecture, Business Process Reengineering စသောမိုဒယ်များဖြင့် စနစ်တကျပြန်လည်သုံးသပ် တည်ဆောက်အပ်သော ဌာနအဖွဲ.အစည်းများစွာ ပေးထွက်လာခဲ့ပါပြီ။ ထိုသို.သော သုံးသပ်မှုမျိုး မြန်မာနိုင်ငံဝယ် အင်မတန်မအားနည်းပါသည်။ ရှိရင်းစွဲလူများ၏ စွမ်းဆောင်ရည်ကို အပြည့်အ၀ အသုံးချနိုင်ခြင်းလည်းမရှိပါ။

၇။ အဖွဲ.အစည်း စွမ်းဆောင်ရည် မြင့်မားလာစေရန် ဒီဇိုင်းပြန်ဆင်မည့် မူဝါဒရေးဆွဲသူများ မရှိသလို ပေးလာမည့်အကြံဥာဏ်ကို နားလည်လက်ခံမည့်သူ မရှိသလောက်ရှားနေသည်ကို ၀မ်းနည်းဖွယ်တွေ.နေရပါသည်။ အုပ်ချုပ်ရေး ယန္တရား အတွင်း ဒီမိုး ဒီရေ ဒီလူတွေဖြင့် ဒီအတိုင်းသွားနေပါက သိကြားမင်း ဆင်းကယ်သည့်တိုင် တိုးတက်ရေးလမ်းစ မမြင်ပါ။

၈။ အရှေ.က နေ၀န်းထွက်သလို တို.ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ။ ထို.အတူ နောက်နှစ်ပေါင်းမည်မျှမှန်းလည်း မသိပါချေ။

အော်လ်တာနေးတစ် ပေါ်လစီ-၂


၉။ တိုင်းပြည် ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှားယွင်းခြင်း နှင့် တိုင်းပြည်ကျန်းမာရေး စောင့်ရှောက်မှုစနစ် အကောင်အထည်ဖေါ်ရာတွင် မအောင်မြင်ခြင်းသည် ရလာဒ်အကျိုးတရား တူသည်ထားဦး။ ပြန်လည်ပြင်ဆင် ရမည့် အကြောင်းတရား တူမည်မဟုတ်ပါ။ ထို.အတူ ပြည်သူလူထုက အပြစ်တင်သည်ကို ငြင်းဆန်ရန် ရည်ရွယ်ရင်းမရှိသော်လည်း 'အများညီ၍ ဤကို ကျွဲ' ဖတ်ကြပါများလာသောအခါ နိုင်ငံရေးသမားများ၊ မီဒီယာသမားများကပါ သံယောင်လိုက်၍ စနစ်မှားသည် စနစ်မှားသည်ဟု ပြောလာကြပါတော့မည်။ ကျန်းမာရေး နယ်ပယ်မှ ဆရာမကြီး တစ်ဦး ပြောသော စကားကို ပြန်လည်ကိုးကား ဖေါ်ပြလိုပါသည်။ 'တကယ်တော့ ကျန်းမာရေး ၀န်ကြီးဌာနကလည်း WHO (ကမ္ဘာ. ကျန်းမာရေး အဖွဲ.) ဂိုက်လိုင်းအတိုင်း လုပ်နေတာပဲ' ဟူ၍ ဖြစ်ပါသည်။ ဤအကြောင်းများကို အသေး မစိတ်မီ ခေတ္တ ရပ်နားထားပါဦးမည်။

၁၀။ ဆရာဝန်များသည် အင်မတန် အတ္တကြီးသူများဖြစ်ပါသည်။ အပြစ်တင်ခြင်းမဟုတ်သော်လည်း ဤအတိုင်းပင် ခံစားမိပါသည်။ ဆေးတက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ်ဝင်တန်း အမှတ်ဖြင့် ဖြတ်လိုက်သောအခါ 'ထိပ်' ဆိုသောနေရာမှ ကျောင်းသားများ (ထိပ်ဆိုသော နေရာကို ရောက်အောင် နည်းမျိုးစုံ ကြိုးစားလာကြသူများ) ဆေးကျောင်းတက်လာကြပါတော့သည်။ ထိပ်ရောက်အောင် နည်းမျိုးစုံဖြင့် ပို.ချင်ကြသော မိဘများကလည်း (အဆိပ်ပင် ရေလောင်းသည်မပြောရက်သည့်တိုင်) တရားသည်မတရားသည် မတွေးပဲ သားသမီးဖြစ်သူအတွက် နည်းမျိုးစုံ ကြိုးစားအားထုတ်ပေးကြပါသည်။ အားနာနာနှင့်ပင် ပြောရပါမည်။ ဆရာဝန်ဘွဲ. ရပြီးသည့်တိုင် လူမှုရေးရာတွင်၊ လူ.ပတ်ဝန်းကျင် လူ.အသိုင်းအ၀ိုင်းတွင် လူလားမမြောက်သေးသော ဆရာဝန်လေးပေါင်းများစွာ ရှိနေပါသည်။ ငါသာရှေ.ရောက်ဖို.၊ ငါအထူးကုဆရာဝန်ကြီးဖြစ်ဖို.၊ ငါအောင်မြင်ဖို. ဆိုသည့် စိတ်ဓာတ်များခြင့် ပူလောင်နေကြသူများ များနေပါသည်။ အားနာပါသည်။ များနေပါသည်။ များခဲ့ကြပါသည်။

၁၁။ လုပ်ငန်းခွင် ၀င်ရောက်သည့်အခါတွင် သင်ယူလာခဲ့သော ပညာကို ပြည်သူလူထုအတွက် အသုံးချရန်ထက် နောင်တွင် လျှောက်ရလတ္တံ.သော ခရီးလမ်းဖြောင့်ဖြူးရေး အတွက်သာ ဦးစားပေးရွေးချယ်မည့် ဆရာဝန်များ များလာခြင်းသည် ကောင်းသော လက္ခဏာဖြစ်ပါသလား။ စာသင်ကြားရခြင်းကို ၀ါသနာ လုံးဝမပါသော်လည်း မြို.ကြီးပြကြီးများတွင် နေရခြင်း၊ ညဂျူတီမစောင့်ရခြင်း၊ စနေတနင်္ဂနွေ အားလပ်ရက် ရခြင်း စသည်ဖြင့် စာကျက်ချိန်ရသော ဆေးတက္ကသိုလ်များတွင် ဆရာအဖြစ် အလုပ်ဝင်ခြင်းဖြင့် 'အရိပ်ခို' နေချင်ကြသော ဆရာဝန်လေးများစွာရှိခဲ့ပါပြီ။ ထို.အတူ အထက်လမ်း အောက်လမ်းများစွာ သုံး၍ 'မြို.ကြီးပြကြီး' များတွင် ခိုကပ်နေကြရန် ကြိုးစားခဲ့ကြသော ဆရာဝန်များ ယခင်ကလည်း ရှိခဲ့ပါသည်။ ယခုလည်း ရှိကြပါလိမ့်ဦးမည်။

၁၂။ တစ်ခုတည်းသော အကြောင်းတရား မဟုတ်သည့်တိုင် ဤသို.သော အကြောင်းများဖြင့် နယ်သို. သွားချင်သော ဆရာဝန်များ နည်းပါးပါသည်။ ဆရာဝန် လူဦးရေအချိုးသည် မြို.ပေါ်နှင့် ကျေးလက် မတူညီသလို ရန်ကုန်တိုင်းနှင့် ချင်းပြည်နယ် တူမည်မဟုတ်ပါ။ ဆရာဝန်များ နယ်သို.မသွားချင်ခြင်းကို အပြစ်တင်နေသည်မဟုတ်ပါ။ 'ကုသိုလ်၊ ပညာ၊ ဥစ္စာရရန် သင့်ရာဒေသ' အမြဲနေလိုချင်ကြသူများကို အပြစ်တင်သင့်သည်ဟုလည်း မခံယူပါ။ တိုင်းပြည်အတွက်၊ လူထုအတွက် ဟူသည် ဆိုရှယ်လစ်ခေတ်တွင်သာ ပြော၍ ကောင်းပါသည်။

၁၃။ အခြားသော (ဆရာဝန် မဟုတ်သည့်) ၀န်ထမ်းများ အတွက် နေရာကောင်းခြင်းသည် မြို.ပေါ်နယ်ပေါ်နှင့် မဆိုင်ပဲ 'ခွင်' ကောင်းမကောင်းပေါ်တွင်သာ မူတည်ပါသည်။ အပြင် 'ဂျီပီ' ဖွင့်ရသော ဆရာဝန်များ အနေနှင့် ၀င်ငွေအနည်းအများသည် ခွင်ပေါ်တွင် မူတည်နေခြင်း မဟုတ်ပဲ ကိုယ်ပင်ပန်းမှ ကိုယ်စားရသော ကိစ္စသာဖြစ်သဖြင့် နယ်မသွားလိုခြင်းကို အပြစ်တင်ရန် အကြောင်းမရှိပေ။ ဆေးရုံများတွင် နေ.ဂျူတီ၊ညဂျူတီများဖြင့် ပင်ပန်းရသော ဆရာဝန်သည် မြို.ပေါ်၊နယ် မခြားနားပါ။ (နယ်မှာပင် ပိုပင်ပန်းဖို.များပါသည်)

၁၄။ ကျန်းမာရေး ပေါ်လစီ ကောင်းမကောင်း 'ရောင်ပြန်'ဟပ်သော အရေးကြီးသည့် တစ်ခုတည်းသော ညွှန်းကိန်းမှာ 'ကျန်းမာရေးစွမ်းအားစုများကို လုံလောက်စွာ နေရာချထားခြင်း' allocation of adequate resources ဖြစ်ပါသည်။  စွမ်းအားစုများ မလုံလောက်သည့်အခါ၊ နေရာချထားမှုများ လိုအပ်ချက်ရှိလာသည့်အခါ ကျန်းမာရေး ပေါ်လစီကို မေးခွန်းထုတ်ရတော့မည်ဖြစ်ပါသည်။ မသွားချင်သောသူကို သွားစေရန်အတွက် ဥုံခံသော မန္တန်တော့ ရှိမည်မထင်ပါ။ မတူသော အနေအထား၊ မတူသော ပင်ပန်းဆင်းရဲမှုအတွက် တူညီသော လခဖြင့် စေလွှတ်ခြင်းသည် ပေါ်လစီကောင်းတစ်ခုပင်လား။ စဉ်းစားဖွယ်တော့ ရှိနေပါပြီ။

ဆက်ပါမည်။


အော်လ်တာနေးတစ် ပေါ်လစီ-၁

၁။ သူရဲတစ္ဆေကြောင်းပြောသည့်အခါ မရည်ရွယ်သော်လည်း မုသာဝါဒ ဖြစ်သွားတတ်သည်ဟု ဆိုကြပါသည်။ ထို.အတူ ကျန်းမာရေးကြောင်း ပြောသည့်အချိန်တွင် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ နိုင်ငံရေးအကြောင်းများဝင်လာတတ်ပါသည်။ နိုင်ငံရေးသမားတို.ကလည်း နိုင်ငံတစ်နိုင်ငံ တိုးတက်မှု ဆုတ်ယုတ်မှုတို. အတွက် မက်လုံး ပေးရာတွင် ကျန်းမာရေးနှင့် ပညာရေးကို ချိန်ရွယ် ပစ်ခတ်လေ့ရှိကြသည်။ ကျန်းမာရေးအကြောင်းသည် ပြောရလွယ်သလို ငြင်းရလည်းလွယ်ပါသည်။ သိသလိုလို နှင့် မသိသည်များလည်း တပုံကြီး ရှိနေနိုင်သလို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အာပေါင်အာရင်းသန်ရန်လည်း လွယ်ပါသည်။ သိ၍ တတ်၍ မဟုတ်သော်လည်း ကြားဘူးနားဝ အချို.ကို ပြောပြချင်လာသည်။ ကျန်းမာရေးကြောင်းပါ။ နိုင်ငံရေးကြောင်း မဟုတ်ပါ။

၂။ နိုင်ငံ တစ်နိုင်ငံ တိုးတက်မှု၊ ဆုတ်ယုတ်မှု အကြောင်းကို ပြောသည့်အခါ ဆုံးဆုံးဖြတ်ဖြတ် ဆုံးဖြတ်ချက်ချရန်ခဲယဉ်းပါသည်။ နှိုင်းရတရားဖြင့် ပြောရမည်လား၊ တိုင်းပြည်ဝင်ငွေ ဟုန်းကနည်း တက်သည်ဖြင့် ပြောရမည်လား၊ သဘာဝ သယံဇာတ ကြွယ်ဝမှုဖြင့်ပြောမည်လား၊ ပြည်သူပြည်သားတို. ဘေးကင်းလုံခြုံ ပျော်ရွှင်မှုဖြင့် ပြောမည်လား။ တိုင်းတာ တွက်ချက်ရန် ခက်ခဲသော အခြေအနေ၊ အနေအထားတစ်ရပ်ကို ပြောလိုသည့်အခါ ညွှန်းကိန်း indicators များဖြင့် ပြောကြပါသည်။ သို.သော် ထိုညွှန်းကိန်းများသည် အခြေအနေတစ်ရပ်ကို တိတိပပပြောပြခြင်းဟု မဆိုနိုင်ပဲ အခြေအနေတစ်ရပ်၏ ရောင်ပြန် reflection သာ ဖြစ်သည်ဟူသော အချက်ကို မမေ့ကြရန်လည်း လိုပါသည်။ ထိုညွှန်းကိန်းများသည် အပြောင်းလဲကို ပြညွှန်ပါသည်။ အပြောင်းအလဲ၏ မြန်နှုန်းကို သိနိုင်ပါသည်။

၃။ နိုင်ငံတိုးတက်မှုအပြောင်းအလဲကို ညွှန်ပြကြရာဝယ် တိုက်ရိုက်သိနိုင်သော တိုင်းပြည်ဝင်ငွေ၊ ဂျီဒီပီ၊ ဂျီအန်ပီ စသည်တို.သာမက ကျန်းမာရေးနှင့် ပတ်သက်သော ညွှန်းကိန်းများသည်လည်း အရေးတကြီးပါဝင်လာပါသည်။ အထူးသဖြင့် တိုးတက်မှုသာမအက ဖွံ.ဖြိုးမှုကိုပါ တောင်းဆိုလာသောအချိန်တွင် ကျန်းမာရေးညွှန်းကိန်းများကို စေ့စေ့စပ်စပ် ကြည့်ရပါတော့မည်။ အကျယ်ပြောရန်မရှိပါ။ ထောင်စုနှစ် ဖွံ.ဖြိုးရေး ပန်းတိုင်များ (MDGs) တွင် ကျန်းမာရေးနှင့် ဆက်စပ်သော ညွှန်းကိန်းများ မည်မျှပါသည်ကိုသာ ပြန်လည် လေ့လာစေချင်ပါသည်။

၎။ ထိုသို.ကျန်းမာရေး ညွှန်းကိန်းများ၏ အရေးပါမှုကို သိလာကြသောအခါ ကျန်းမာရေး ဘက်ကို ဦးလှည့်လာကြပါသည်။ စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကျန်းမာရေးးးးးးးးးးးးးး  ဆိုသော စကားကို တဖွတရ ပြောလာကြပါသည်။ မသိသူကလည်း ကျန်းမာရေး၊ သိသူကလည်း ကျန်းမာရေး၊ ပြည်သူကလည်းကျန်းမာရေး၊ နိုင်ငံရေးသမားကလည်း ကျန်းမာရေး။ ထိုသို.ကျန်းမာရေးလာကြသောအခါ ကျန်းမာရေးဟူသော အဓိပ္ပါယ်သည် လူတကာအပြောများလွန်း၍ အပေါစားဖြစ်သွားသော စကားတစ်လုံးဟု မှတ်ယူရပေတော့မလို ဖြစ်နေပါသည်။

၅။ သိတော်မူကြသည့် အတိုင်း နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ ညွှန်းကိန်းများကလည်း (ကျန်းမာရေး အခြေအနေဟု မပြောပါ) အားရဖွယ် အနေအထားကို မရှိသည့်အခါ လွယ်လင့်တကူ ထိုးချင်သော လက်ညိုးများသည် ကျန်းမာရေး=ဆရာဝန်ဟု ကောက်ချက်ချကြပါတော့သည်။ ထို.အတူ မအောင်မြင်သော စရိတ်မျှပေး ကျန်းမာရေး အစီအစဉ်၊ (အစစ အလကားရခဲ့သော ဆိုရှယ်လစ်စနစ်မှ ဆာလာအိတ်နှင့် ငွေထည့်လာရသော အခြေအနေသို. ကူးပြောင်းနေသော) ပုဂ္ဂလိက ဆေးရုံဆေးခန်း၊ ပညာရပ်သဘောတရားကို မသိပဲ လူနာဆုံးပါးသည်ကို ဆရာဝန်ဖြစ်စေ၊ မြန်မာနိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကိုဖြစ်စေ ပုံချလိုသော ဂျာနယ်အချို.၊ စသည်တို.သည် အခြေအနေကို ဆိုးသည်ထက်ဆိုးအောင် ဖန်တီးနေကြသည်။ ဆရာဝန်သည်သာ ဖြစ်သမျှ အခြေအနေ၏ တရားခံ။

၆။ သို.ရာတွင် ပို၍ ဆိုးသော အချို. 'ဆရာသမား' များ ရှိပါသေးသည်။ မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ညံ့ဖျင်းနေ၍ ညွှန်းကိန်းများ တက်မလာခြင်းသာဖြစ်သည်၊ ချာတူးလန်နေသော ကျန်းမာရေး ပေါ်လစီင်္ကြောင့် ပြည်သူလူထု နစ်နာနေရသည်။ အရည်အသွေးညံ့ဖျင်းသော ဆရာဝန်များကို မွေးထုတ်နေ၍ တိုင်းပြည် ဖွံ.ဖြိုးရေး နောက်ကျနေပါသည်။ စသည်၊ စသည်ဖြင့် မှန်သည်မှားသည် ပြောရခက်သော အကြောင်းအရာများကို အာသန်သန်၊လျှာသန်သန်ဖြင့် ပြောကြပါသည်။ မှန်သည်လည်းရှိ၊ မှားသည်လည်းရှိသော အကြောင်းအရာများ၊ အမှန်အမှား အဖြေမထွက်သေးသော ကိစ္စရပ်များကို ရမ်းတုတ်သောအခါ အဟုတ်ထင်သော သူတို.ကထင်ကြပါသည်။ အကောင်းထက် အဆိုးကသာ များမည်ဟု လေးအနက်ဆိုပါသည်။ ထိုရောအခါ လွယ်လွယ်ပေါ့ပေါ့လေး ပြောကြသူများကို ဆိုစရာ စကားများကရှိလာသည်။ အထူးသဖြင့် 'ကိုယ့်လူများ' (ဆရာဝန်များ) ထဲကပင် ထိုသို. လွယ်လင့်တကူ 'အပြစ်တင်ဝေဖန်သမှု'
ပြုလာကြသောအခါ အခြားသော မျက်နှာစာများ ရှိနေပါကြောင်း သတိပေးလိုပါသည်။

၇။ ထိုသို.သောသူများကို အလေးအနက်ဆိုလိုသည်မှာ ကျန်းမာရေးသည် 'ရှုကြည့်စရာ' မှန်ကူကွက်ပေါင်းများစွာ Multidimensional ရှိနေပါသည်။ ထို မှန်ကူကွက်တို.တွင်လည်း များစွာသော နောက်ခံ အကြောင်းချင်းရာတို. ရှိနေပါသည်။ ထိုအကြောင်းချင်းရာတို.ကို အချို.သိရှိပြီး ဖြစ်သော်လည်း အချို.မှာ သိရှိရန် လိုအပ်ဆဲဖြစ်ပါသည်။ ကျန်းမာရေး အကြောင်းကိစ္စရပ်သည် ပရိုဖက်ရှင်နယ်များအတွက်ပင် တိုင်းတာ တွက်ချက်ရန် ရှုပ်ထွေးနေပါသေးသည်ဟု ဆိုကြပါသည်။ ညွှန်းကိန်း အမျိုးအစားတစ်ရပ်ထဲဖြင့် ဖေါ်ပြဆုံးဖြတ်ရန် မဖြစ်နိုင်ကြောင်း သိစေလိုပါသည်။

၈။ ပြောသမျှ၏ အချုပ်သည် နိုင်ငံတော် ကျန်းမာရေး စောင့်ရှောက်မှု စနစ်အကြောင်း လွယ်လွယ်ပေါ့ပေါ့ အပြစ်တင်မစော ရန်သာဖြစ်ပါသည်။ ( ဆန္ဒ မစောစေလိုပါ၊ အပြစ်တင်ထိုက်သော ကိစ္စများကို အပြစ်တင်ပေးပါမည်၊)
ဆက်ပါမည်။

ဖေ့ဘုတ်ပေါ်က သူရဲကောင်း


အဖေနေမကောင်းတဲ့ကြား၊ အစည်းအဝေးခန်းထဲ မ၀င်ခင်ကြား တက်သုတ်ရိုက်ရေးရပါတယ်၊ (အစည်းအဝေးဆိုလို. အထင်မကြီးပါနဲ.၊ အခိုင်းခံရဖို.၀င်တာပါဗျ)

ခုတလောကြားကြားနေရတဲ့ ဖေ့ဘုတ်ပေါ်က သူရဲကောင်းများဆိုပြီး သွေးကြွနေကြတယ်၊ သမ္မတကြီးက ပိုနားလည်တယ်၊ ဘယ်သူက ပိုနားလည်တယ်နဲ. ဖေ့ဘုတ်စကားဖေ့ဘုတ်နားမှာ ခါးအောင်ဆိုနေကြတော့ အူထဲက ကလိကလိဖြစ်လာလို. ရေးမိပါတယ်။

တကယ်တော့ ဖေ့ဘုတ်မှာ အသားလွတ်အော်ဆဲတတ်တဲ့ မိမနိုင်ဖမနိုင်လေးတွေလည်း တပုံကြီးဆိုတာ သိနေသလို ပညာရပ်သဘောကို ထဲထဲဝင်ဝင်သိပြီး သိသလောက်ဖြန်.ဖြူးနေကြတဲ့ ပညာသုတေသီတွေလည်းရှိနေပါတယ်။ ခက်ပုံက (ကိုယ့်အတွေ.အကြုံအရဆိုရင်) ပညာရပ်ဆိုင်ရာမှာ သိစေချင်လို. အင်အားစိုက်ထုတ်ပြီး ရေးထားတဲ့စာဆိုရင် ပြန်လည်ဖြန်.ဖြူးသူနည်းနည်း၊ လိုက် (like) လုပ်သူနည်းနည်းပဲရှိသလောက် ဆဲဆိုကြုံးဝါးမိတာဆိုရင် တို.လည်းဆဲမယ်ချန်မထားနဲ.တွေက တပုံကြီးလေ။

အွန်လိုင်းမီဒီယာ ဆိုတာမျိုးက ပရင့်မီဒီယာလို တာဝန်ခံတည်းဖြတ်ပေးမယ့် အယ်ဒီတာမရှိတော့ ကိုယ့်ဘာသာပဲ ကိုတားဂတ်ထားတဲ့ လူအုပ်စုလောက်ကို မှန်းရေးနေရတာပါ။ မသိမသာလေး မြှင့်ပေးလည်းပေးရပါတယ်။ (နင့်ကိုယ်နင် အထင်ပြီးလှချည်လားဆိုလည်း မတတ်နိုင်ပါ၊ ရောယောင်ပြီး ဘုရားဟော ကူးချပြီး ဆရာကြီးလုပ်သူတွေနဲ.စာရင် ကိုယ့်ကိုကိုယ်လေး လက်တစ်ဆစ်လောက်အထင်ကြီးထားမိပါသဗျ)

ကိုးကားရလွန်းလို. ကာလာမသုတ်လည်း တော်တော် နွမ်းနေလောက်ပါပြီ။ တတ်နိုင်ဘူးလေ၊ သူရို.က ဖေ့ဘုတ်မှာ ဆဲနေတဲ့သူတွေ နဲ. တတန်းထဲထားပြီး နိုင်ငံကောင်းဖို. သိသလောက်ပြောမိနေသူတွေကို ၀ါးလုံးချေးသုတ်ယမ်းနေတာကိုး။ တကယ်တော့ လူဆိုတာ တဦးချင်းကိစ္စပါ။ ဖေ့ဘုတ်မှာဆဲသူတွေ ပေါတာနဲ.ပဲ ဖေ့ဘုတ်ပေါ်ကသူရဲကောင်းတို.၊ လွတ်ရာကသွေးကြွနေတယ်တို.၊ သမ္မတလောက်သူရို.ကတတ်သလားလို. ဂလိုဂလို မျက်စလေးပစ်ပြတော့ ဒီထက်တတ်သေးလို.ပြောရရင်လည်းမကောင်း၊ သူရို.က အတတ်လွန်နေတာလို. ရွဲ.ပြောလည်း သိကြပါ့မလားမသိ။ တကယ်တော့ နိုင်ငံရေးဆိုတာ ကိုယ်မမြင်ရတဲ့ နောက်ကွယ်က အကြောင်းအချက်တွေနဲ.ဆိုတာ လူတိုင်းသိပေမယ့် အချိန်တန်တော့လည်း ကိုယ့်ပေတံလေးတွေပဲဆွဲဆွဲလာတတ်လွန်းလို. သတိပေးနေရတာပါ။

သူရို.တတွေ ဘာပေးဘာယူထားလည်း ကိုယ်မသိပေမယ့် သူရို.အပေးအယူကို စိတ်မ၀င်စားပေမယ့် တိုင်းပြည်လူမျိုးများနစ်နာဖို.ရှိလာရင် တစ်ထောင့်တစ်နေရာက (ဖေ့ဘုတ်ကပဲဖြစ်ဖြစ်) အော်ပေးရမှာပေါ့။

သမ္မတကြီးက ကိုယ့်ထက်နားလည်လို. မြစ်ဆုံမှာ လက်မှတ်ထိုးခဲ့တာပေါ့ဆိုရင်၊ ကိုယ့်ထက်နားလည်လို. လျှပ်စစ်မီးတွေ ရောင်းစားခဲ့တာပေါ့ဆိုရင် ရွဲ.တယ်ထင်မှာလားဗျ။

နိုင်ငံအရေးမှာ လက်နက်ကိုင်တိုက်ခိုက်မှ သူရဲကောင်းထင်နေတဲ့ငတုံးတွေကြောင့်ခက်ရတာပါ။ မင်းသုဝဏ် သပြေညိုကဗျာရေးတာက နယ်ချဲ.ကိုတော်လှန်ခဲ့တာ ဆိုတာ သိကြပါရဲ.လား၊ ဇော်ဂျီရဲ. တခုသော သင်္ကြန်အခါကဗျာက နယ်ချဲ.ဆန်.ကျင်ရေး လုပ်ခဲ့တာဆိုတာ သိကြပါသလား၊ အဲလိုလေးမှတွေးဖေါ်မရပဲ ဇာတိမာန်က အွန်လိုင်းတက်မှကြွတာဆို.ဘာတို.ပြောတဲ့အခါ သူရို.လို မသိပဲပြောသူတွေကြောင့် သိသူတွေ နှုတ်ပိတ်သွားရင် သမိုင်းမှာ တရားခံဖြစ်မှန်းမသိဖြစ်နေပါမယ်လို.လည်း သတိပေးချင်ပါတယ်။

တကယ်ဆို ဖေ့ဘုတ်မှာ ကိုယ့်စာလာဖတ်တာ ဘယ်သူတွေလည်း၊ ကိုယ့်စာကိုလာရှယ်တာ ဘယ်သူတွေလည်းကြည့်ရုံနဲ. မှန်းလို.ရပါတယ်။ ၀ါးလုံးချေးသုတ်ယမ်းနေရုံတော့ မရပါဘူး။ ကိုယ်လက်ခုပ်သံများများလိုချင်ဆဲပေါ့။ တစ်ခုတော့ရှိတယ်၊ ပညာရှင်၊တတ်သိနားလည်သူ တစ်ယောက်တီးတဲ့လက်ခုပ်နဲ. ငမြှောက်ငချောက်အယောက်တစ်ရာ တီးတဲ့လက်ခုပ်ကွာတယ်လို. လက်ခံရင် စကားကို အရမ်းမပြောပါနဲ.လို.ပဲ ဆိုချင်ပါရဲ.။

ကျွန်တော်ကတော့ တစ်ပြားမှမလျော့ဘူး။ ကျွန်တော်။ ဖေ့ဘုတ်ပေါ်က သူရဲကောင်း။ေိေိ။

ရီလည်း ဖောင်း၏ မဖောင်း၏


၁။ အစစအရာရာ အပြောင်းအလဲ အတွက် ပြင်ဆင်နေကြသော ဤအချိန်တွင် ပြဿနာ ဖြစ်လာနိုင်သော နယ်ပယ်သည် အစိုးရအဖွဲ.အစည်း၏ ဌာနများ ဖြစ်လာလိမ့်မည်ဟု အကြိမ်ကြိမ် ပြောခဲ့ပါသည်။ ဖူကူယားမားကလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အရေးအကြီးဆုံးသည် အဖွဲ.အစည်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးဖြစ်ကြောင်း သူ၏ နိုင်ငံတည်ဆောက်ရေးစာအုပ်တွင် အထပ်ထပ် ဆိုထားခဲ့သည်။ ယနေ. ဖြစ်ပျက်နေကြသော ပြဿနာ အရပ်ရပ်တွင် ဖြစ်ပေါ်လာသော ပြဿနာ အတိမ်အနက်ထက် တာဝန်ရှိသူ အသီးသီး၏ အပြောမတတ်မှုများကြောင့် ရှိရင်းစွဲ ပြဿနာလေးများ ပိုမိုကြီးထွားလာသည်ကို စိတ်မကောင်းစွာ တွေ.နေရသောအခါ ပြောပြချင်သည်တို.ရှိလာသည်။

၂။ ခရိုနီများဟုလည်းကောင်း၊ ကြိုးနီစနစ်ဟု လည်းကောင်း အချို.က ဆိုကြပါသည်။ ထို.အပြင် အထက်ကပြောင်းနေပြီ၊ အောက်က လိုက်မပြောင်းဟု စကားသံလည်းထွက်လာပါသည်။ Reform ဟူသော အသံကိုလည်း တွင်တွင်ကျယ်ကျယ် ကြားလာရသည်။ ဆိုလိုသည်မှာ လက်ရှိအနေအထားအတိုင်း မဖြစ်တော့သည်ကို သိသူများလာပါသည်။ မည်သို. ပြင်ရမှန်း၊ မည်သည့် နေရာကို ပြင်ရမှန်း သိသူကတော့ နည်းမည်ထင်ပါသည်။

၃။ အမှန်တော့ ကြိုးနီစနစ်ဟူသည် ယခင် အင်္ဂလိပ်လက်ထက်ကတည်းက ဌာနအသီးသီးရှိဖွဲ.စည်းပုံ၊ အုပ်ချုပ်ပုံကို ယူထားခြင်းဖြစ်ပြီး ထိုအခြေခံအပေါ်တွင် အထွတ်အဆင့်ဆင့် တင်တင်လာခဲ့ခြင်းဖြစ်ပါသည်။ ဌာနဆိုင်ရာများ၏ တိကျသေချာစေရန် တစ်ဦးတစ်ယောက်မရှိရုံနှင့် လုပ်ငန်းခွင် မပျက်စေရန် တည်ဆောက်ထားသော ထို အထက်အောက် ဖွဲ.စည်းပုံသည် (ယနေ. အိုင်တီနည်းပညာနယ်ပယ်နှင့် မကိုက်ညီတော့သော်လည်း) အလုပ်ဖြစ် တိကျ သပ်ရပ်သောကြောင့် အစဉ်အဆက် လက်မလွှတ်နိုင်ခဲ့ခြင်း ဖြစ်သလို ဌာနဆိုင်ရာ ဖွဲ.စည်းပုံ ပြင်ဆင်ရေးသည် အလွန်ခက်ခဲသောကိစ္စတစ်ရပ် ဖြစ်သောကြောင့်လည်း နှစ်ပေါင်းများစွာကြာသည့်တိုင် မပြင်မဆင် မပြောင်းမလဲ ရှိနေခဲ့ခြင်းလည်း ဖြစ်ဟန်တူပါသည်။

၎။ ယနေ. ရီဖောင်းဟု ပြောကြသောအခါ အချို. လူကြီးများက လူထပ်တိုးတောင်းရန် ပြင်ကြပါလိမ့်မည်။ အချို. ပညာတတ်တို.က လူလျော့ပစ်ရန် အကြံပြုပါလိမ့်မည်။ အချို.က လူ.စွမ်းအားအရင်းအမြစ်ထောင့်မှကြည့်ပြီး အချို.က သင်တန်းများ၊ ၀ပ်ရှော့များဖြင့် အရည်အချင်း မြှင့်တင်ရန် ရည်ရွယ်ကြသည်။ အမှန်စင်စစ် ရသမျှ လုပ်အားကို ညှစ်ထုတ်ယူနေကြသော အပြင်အဖွဲ.အစည်းများနှင့် လုပ်အားပြုန်းတီးမှု များလွန်းနေသော အစိုးရအဖွဲ.အစည်းများသည် နိုင်ငံအတွက် အကောင်းဟု ပြောရန် ခက်ပါသည်။ ပြင်တော့ ပြင်ကြရပေမည်။

၅။ လူတိုးခြင်း၊ လူလျော့ခြင်းတို.သည် အမှန်စင်စစ် ဖြစ်စဉ်တစ်ရပ်ကို ပုံဖေါ်နေခြင်းသာဖြစ်သည်။ အဘယ်ဖြစ်စဉ်နည်းဟု မေးလာလျှင် လုပ်ငန်းခွင်တစ်ရပ်၏ အကောင်းဆုံးရလာဒ်ကို အနည်းဆုံးသော လူအင်အား၊ အနည်းဆုံးသော ကုန်ကျစရိတ်ဖြင့် အတိုတောင်းဆုံးသော အချိန်တွင် ရရှိစေရန် ပြုပြင်ပြောင်းလဲရမည့်ဖြစ်စဉ်ဟုပင် ဖြေရပါမည်။ လွယ်လှသည်တော့မဟုတ်ပါ။ ထိုဖြစ်စဉ် ဖြစ်လာစေရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားကြသည်။ အချို.က အီးအေ (Enterprise Architecture) ကိုသုံးသည်။ အချို.က ဘီပီအာ (Business Process Reengineering) ကို အသုံးပြုသည်။ နာမည် မည်သို.တတ်ပါစေ။ ယခုပြောနေကြသော ရီဖောင်းကို ဆောင်ရွက်ခြင်းပင်ဖြစ်သည်။

၆။ မည်သည့် နည်းကို သုံးသည်ဖြစ်စေ၊ ရှေးဦးအာရုံစိုက်ရမည့် အရာသည် အဖွဲ.အစည်း၏ ပန်းတိုင် Mission and Vision(ဘာသာမပြန်တတ်၍ ပန်းတိုင်ဟု ခေတ္တ သုံးထားပါသည်၊ အားမရပါ) ပင် ဖြစ်ပါသည်။ ထို မစ်ရှင်ဗီးရှင်းကို လက်ရှိမည်သို. ချီတက်နေသည်ကို သေချာ ပြန်လည် စစ်ဆေးရပါမည်။ လက်ရှိ အလုပ်ဖြစ်စဉ် (Business Process) များ၊ ဒေတာစီးဆင်းမှုများ၊ နည်းဗျူဟာများကို ပုံပေါ်အောင်ကြည့်ရပါသည်။ လက်ရှိလုပ်ဆောင်နေသော မိုဒယ် (As Is Model ဟု ပြောကြပါသည်) အတွင်းရှိ ဖြစ်စဉ်ဖြစ်ရပ်များကို 'စက်စင်အောင်' လက်ကုန်ထုတ် သုံးသပ်လေ့လာရပါသည်။

၇။ ထိုသို. သုံးသပ်ပြီးလျှင် ဖြစ်လိုသော မိုဒယ် (To Be Model) ကို ရေးဆွဲရပါသည်။ သေချာသည်မှာ လက်ရှိ အလုပ်ဖြစ်စဉ်ကို သေချာ မလေ့လာခဲ့ပါက မည်သည့်နေရာကို တိုးမည်၊ မည်သည့်နေရာကို ဒေတာဗေ့စ် အဖြစ်ပြောင်းမည်၊မည်သည့်နေရာကို ကွန်ပျူတာ အကူအညီသုံး computerize လုပ်မည် စသည်ကို အခက်အခဲ တွေ.ရမည်သာဖြစ်သည်။ ထိုမိုဒယ်ရေးဆွဲခြင်းသည်လည်း ရှိရင်းစွဲ မိုဒယ်ကို အနည်းငယ်ပြုပြင်ရုံနှင့် အကောင်းဆုံး အလုပ်စီးဆင်းမှုဖြစ်စဉ်ရအောင် ကြံဆရပါသည်။ အဖွဲ.အစည်း၏ မစ်ရှင်ဗီးရှင်း ကို မလွတ်အောင်လည်း အာရုံစိုက်ရပါသည်။ မဖြစ်နိုင်သော မိုဒယ်ကို စကားလုံးအလှများသုံး၍ ပုံမဖေါ်မိစေရန်လည်း အာရုံထားရပါသည်။

၈။ Reform အတွက် အကျဉ်းမျှပြောမိသောအခါ အင်မတန်လွယ်ပါလားဟု ထင်စရာဖြစ်ပါသည်။ ထင်သလောက်မလွယ်ပါ၊ အင်မတန် ခက်ခဲသော 'ပညာရပ်' ဖြစ်ပါသည်။ တကယ်လုပ်ရသည် မဟုတ်ပဲ စက္ကူပေါ်တွင်ပင် လုပ်ငန်းတစ်ရပ်ကို ခွဲခြမ်း စိတ်ဖြာ ကြည့်ရသည်မှာပင် 'ခက်'နေလျှင် တကယ်လုပ်ချိန်၊ လူများကို စီမံခန်.ခွဲချိန်၊ ဖြစ်စဉ်ကို အကောင်အထည်ဖေါ်ချိန်တွင် အင်မတန်ခက်ပါသည်။ (ဥပမာတစ်ရပ်ပဲ ပြောပါမည်။ လူကိစ္စမဟုတ်ပါ။ လုပ်ငန်းခွင် အချို.နေရာများကို computerize လုပ်မည်ဆိုလျှင် ပြင်ပမှာငှား outsourcing သုံးမည်လား၊ open source သုံးမည်လား၊ အင်မတန် စဉ်းစားရခက်ပါသည်။ ကွန်ပျူတာ သမားများ နားလည်ပါသည်) အပြောင်းအလဲကို လက်ခံချင်သူ၊လက်မခံချင်သူ၊ အစီအစဉ်ဟောင်းတွင် အလုပ်ဖြစ်နေသူ၊ အစီအစဉ်သစ်တွင် အံမ၀င်သူ၊ ဘယ်လိုမှသုံးစားမရသူ၊ စသည်စသည်သော အမျိုးမျိုးဖြစ်သည့် လူများ၊ ဖြစ်စဉ်များကို နေရာချထားရခြင်းသည် အင်မတန်ခက်ပါသည်။

၉။ ထို.ကြောင့်လည်း ရီဖောင်းနာမည်တတ်၍ လူတိုးတောင်းရန်စဉ်းစားကြခြင်းသာ ဖြစ်ပါမည်။ နဂိုလေးလံသော ၀န်ထုတ်ဝန်ပိုးဝယ် ပို၍လေးရန် ထပ်ဆင့်ခြင်းသည် ရီဖောင်းမဟုတ်ပါ။ အသုံးမ၀င်ဟု ထင်ရသော လူတို.ကို ဖယ်ရှားခြင်းသည်လည်း ရီဖောင်းမဟုတ်ပါ။ အထူးသဖြင့် အပြောင်းအလဲကို ဗန်းပြ၍ ကိုယ်ကျိုးထုတ်ရန် စဉ်းစားနေသော အထက်ပိုင်းများရှိနေလျှင် တိုင်းပြည် 'နာ' ပါသည်။ သင်းတို.ခန်.ထားတာမဟုတ်ဘူး၊ ငါ့ကို သင်းတို.ထုတ်လို.မရဘူးဆိုကာ အလုပ်မလုပ်ပဲ နေသော အငယ်ဝန်ထမ်းများရှိလျှင် လုပ်အား'နာ'ပါသည်။ တာဝန်ယူမှု၊တာဝန်ခံမှု၊ ကိုယ်ကျင့်တရား စသည်ဖြင့် မထွန်းကားပဲ ရီဖောင်းကိုသာ စွတ်လုပ်လျှင်လည်း အဆင်မပြေနိုင်ပါ။

၁၀။ ပြောခဲ့သမျှသည် ခက်ခဲသော အလုပ်ကို လွယ်လင့်တကူ မပြောမိ မလုပ်မိစေရန်သာဖြစ်ကြောင်း၊ ခက်ခဲသည်ဟု မလုပ်ပဲနေလျှင်လည်း အဆင်ပြေမည်မဟုတ်ကြောင်းနှင့် 'မင်းတို.ပရိယာယ်၊ ငတင့်တယ်၊ နားဝယ်မလည်ရာ' ဖြစ်၍သာ ပြောမိပါကြောင်း၊ ထို.ထက်ပို၍ ဆိုရန်မရှိပါကြောင်း။

အတ္တများနှင့် ဆရာဝန် -၁


၁။ အသိတစ်ယောက် ရေးသော မှတ်ချက်ကို သဘောကျ၍ စပြောရပါမည်။ 'ဒီစကားပြောလို. အခြားသူများနှင့် အခင်မင်ပျက်ရလည်း ၀မ်းမနည်းပါ' ဟု ဆိုပါသည်။ ဆက်ပြောမည့် အကြောင်းအရာများကိုလည်း 'ထိုသို.ပင်' သဘောထားစေချင်ပါသည်။

၂။ ကျန်းမာရေး ကိစ္စများနှင့် ပတ်သက်၍ ပြောကြဆိုကြသည့်အခါ မည်သူမှ စနစ်တကျ သုတေသန ပြုထားသော ရလာဒ်ကို ပြောကြသည် မဟုတ်ပဲ စိတ်မှန်းနှင့် 'ရမ်းတုတ်' နေကြသည်သာ များပါသည်။ (ကိုယ်ကိုယ်တိုင်လည်း ရမ်းတုတ်ခဲ့ရပါသည်) ရမ်းတုတ်ကြသည်အတူတူ ဖြစ်သော်လည်း ဖြစ်နိုင်သမျှ ထောင့်ပေါင်းစုံမှ အနီးစပ်ဆုံး တွေးစေချင်ပါသည်။ ဥပမာ ဆိုပါမည်။ နောက်ပေါက် ဆရာဝန်လေးများ အရည်အသွေးကျဆင်း လာသည်ဟု ဆိုကြပါသည်။ ကျောင်းသားများစွာကို ဆရာအင်အား မလောက်မငပဲ ရရှိသော အချိန်နည်းနည်းကလေးဝယ် အလျှင်အမြန်မွေးထုတ်ရသဖြင့်ဟုလည်း ဆိုကြပါသည်။ အမှန်စင်စစ်မူ အရည်အသွေးကျဆင်းလာသည်ဆိုသည်ကလည်း စနစ်တကျ တိုင်းတာထားခြင်းမျိုးမဟုတ်။ (ညံ့ဖျင်းသူများ အတွေ.များလာသည် ဆိုသော်လည်း ယခင်ဆရာများလည်း အစဉ်အဆက် ထိုသို.ပြောသံကြားခဲ့ဘူးပါသည်) ဆရာအင်အားကြောင့်၊ အချိန်နည်းနည်းကြောင့် ဘာကြောင့်ညာကြောင့်များသည်လည်း စနစ်တကျ တိုင်းတာတွက်ချက်ထားသည်မဟုတ်ပဲ ဖြစ်နိုင်ချေရှိသော အကြောင်းရင်းများကို အတွေ.အကြုံအရသာ မှန်းဆ၍ထားသော အကြောင်းများ ဖြစ်ပါသည်။ ထိုသို. မှန်းချက်နှင့် ရှာထားသော အကြောင်းရင်းများကို 'အတည်အဖြစ်' ယူဆလိုက်သောအခါ ဆရာဝန်မွေးထုတ်များ၏ အရည်အသွေး ပြည့်ဝစေရန် ပြင်ဆင်မည်ဆိုသောအခါ 'မှန်းဆအကြောင်းရင်းများကို အမှန်အဖြစ် ပြင်ဆင်ရန် အားထုတ်ခြင်း' သည် မှန်ကန်သော အားထုတ်ခြင်း ဖြစ်ပါ၏လော ဆင်ခြင်စေချင်ပါသည်။ သို.သော် မလုပ်သည်ထက် လုပ်သည်က တော်သေးသည်ဟုပဲ ချီးကျူးရပါမည်။

၃။ ယခု ဆက်ပြောမည့် အရာများသည်လည်း စနစ်တကျ သုတေသန ပြုထားသည်မဟုတ်ပဲ 'ထင်လုံး' များသာ ဖြစ်ကြောင်း ၀န်ခံလိုပါသည်။ သူတပါး၏ ထင်လုံးများကို ချေပရန် ထင်လုံးများကို ပြန်လည် အသုံးပြုခြင်းသည် သင့်လျော်လျောက်ပတ်သော အပြုအမူ မဟုတ်ဟု ယူလိုက ယူနိုင်ပါသည်။ သို.ရာတွင် လူ.သဘောသဘာဝကို အခြေခံ၍ ထောင့်စုံနိုင်သမျှ စုံအောင်တွေးတောနိုင်စေရန် အားထုတ်ထားပါသည်။ အထူးသဖြင့် ကိုယ့်ဘက်တစ်ဘက်တည်းကိုသာကြည့်၍ ထင်လုံးများကို အဟုတ်လုပ်၍ 'ငိုတတ်တဲ့ ကလေး မုန်.စားရ' စေရန် အော်နေသော ငရမန်ဆရာဝန်များအတွက် 'ဖြစ်နိုင်ချေ ရှိသော ထင်လုံးများကို အမှန်တကယ်လက်ရှိအနေအထားပေါ် ထင်ဟပ်၍' ပြောပြလိုသည်များ ရှိလာပါသည်။

၎။ ယခင်က ဆရာဝန်မွေးထုတ်မှန်သမျှကို တိုင်းပြည်၏ လိုအပ်သော နေရာတွင် ခန်.ထားရန်နိုင်အတွက် အလုပ်ဝင်မှ ဆေးကုသခွင့် လက်မှတ် 'ဆမ' ထုတ်ပေးခဲ့ပါသည်။ ယခု မွေးသမျှ မခန်.နိုင်တော့ပါ။ ထိုအခါ ဆမအတွက် သင်တန်းတစ်ခုဖြင့် ဆောင်ရွက်ပေးရပါသည်။ ထိုကိစ္စများတွင် မှန်သည်မှားသည် ပြောရန်မရှိပါ။ သို.ရာတွင် အလုပ်လက်မဲ့ဆရာဝန် ဟုပြောကြတိုင်း 'အူထဲကယား' ပါသည်။ ဟိုးရှေးယခင်ကျောင်းသားကြီးများသည် တတိယနှစ်ပြီးသည့်အခါ (ဆရာဝန်များ အလွန်လိုအပ်သော ကာလက ဖြစ်ခဲ့သောကြောင့် တရားဝင်သည် မ၀င်သည်အပထား) ပြင်ပ ဂျီပီ ဖွင့်နိုင်ခဲ့သည်ဟု ပြောသံကြားဘူးပါသည်။ ယခု ဘွဲ.လက်မှတ်၊ ဟောက်စ်ဆာဂျင် ကွန်ပလိရှင်း၊ ဆမ စသည်ဖြင့် လက်နက်ကြီးငယ် အပြည့်အစုံတပ်ဆင်ပေးထားသည့်တိုင် 'နို.သက်ခံ စို. ' ချင်နေသကဲ့သို. အလုပ်လက်မဲ့ဖြစ်ရပါသည်ပြောသောအခါ နားလည်ရန်အတော်ခက်ရပါသည်။ ဆရာဝန်မွေးထုတ်သမျှ အစိုးရက ခန်.အပ်နိုင်သော နိုင်ငံရှိလျှင်ပြောပြစေချင်ပါသည်။ တစ်နိုင်ငံလောက်ကို ရှာလာပြီး လာပြောမည်စိုး၍ ကမ္ဘာပေါ်ရှိ နိုင်ငံမည်မျှ ဆိုသည်ကိုပါ ရှာလာစေချင်ပါသည်။ ကမ္ဘာ. စံနှုန်း တစ်ခုတလေကို ဆွဲဆွဲထုတ်လာပြီး အော်အော်နေသည့်အခါလည်း စိတ်ညစ်ရသော်လည်း ဤကိစ္စကို ခေတ္တချထားခဲ့ပါမည်။

၅။ ယခင်ကိုပဲ ပြန်သွားရပါမည်။ ယခင်ခေတ်က မွေးထုတ်သောဆရာဝန်များသည် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရမည်မှာ အသေအချာဖြစ်၍ အလုပ်မ၀င်လျှင် 'ဆမ' ထုတ်မပေးရေးမူချခဲ့သည်ကို အပြစ်ပြောခဲ့ကြသော်လည်း 'အလကားမတ်တင်း' နှင့် အဆင့်မြင့် ပညာများကို သင်ကြားပေးခဲ့ကြသည်ကိုတော့ 'ရူးချင်ယောင်ဆောင်' နေသကဲ့သို. ယနေ.အထိ အမွေပါလာသည်ကိုလည်း မေ့ချင်ယောင်ဆောင်ကာ ဘောင်းထိုးခဲ့ရသည်ကိုပဲ ထပ်ပြန်တလဲလဲ 'အော်ကြဟစ်ကြ အရေးဆိုကြ' ပါသည်။ ဘောင်းကိစ္စသည် 'မထိုးမဖြစ် အကျပ်ကိုင်၍ ထိုးခဲ့ရသယောင်' ပြောကြပါသည်။ တကယ်တော့ မကျေနပ်လျှင် ဘောင်းမထိုးရုံသာဟု ပြောလျှင် ရွဲ.ပြောသည် ထင်ကြပါမည်။ အကျပ်ကိုင်သည် ဆိုကြပါမည်။ တကယ်တော့ တိုင်းပြည်က အလကားနီးပါး သင်ကြားပေးနေသော ဆရာဝန်ပညာရေးသည် (ယခုအထိ တစ်လရှစ်ရာမျှသာရှိပါသည်) တိုင်းပြည်အတွက် အရှုံးခံ၍ မွေးထုတ်နေရခြင်းသာဖြစ်ပါသည်။ ဆရာဝန်သစ်လွင်တစ်ဦး မွေးထုတ်ရန်မှာ တိုင်းပြည်အတွက် ၁၅သိန်းခန်. ကုန်ကျ၍ လျှော်ကြေးတောင်းလျှင် ၁၀သိန်းသာ ဖြစ်သည်ကို 'ဈေးတွက် တွက်လိုသော အီကောနောမစ် ဆရာဝန်လေးများ' အားပြောလိုပါသည်။ ဘောင်းထိုးစဉ်က 'ပြီးပြီးရော ဖတ်၍ပင်မကြည့်ပဲ' ထိုးခဲ့ကြ၍ လွယ်လင့်တကူပင်မေ့လိုက်ကြပါသည်။ ထိုဘောင်း အသက်ဝင်ချိန် ရောက်လာသောအခါ မတရားပါဟု အော်ကြပါသည်။

၆။ တိုင်းပြည်ကို ချစ်လွန်းလို.ဟု အော်နေရန် အချိန်အခါ မဟုတ်တော့သည်ကို နားလည်ပါသည်။ တိုင်းပြည်အကြောင်း၊ စနစ်အကြောင်း ဆဲနေကြသည်ကို နားစိုက်ကြည့်လျှင် ကိုယ့်ဘက်မှ ရှုထောင့်တစ်ခုတည်းကိုသာ အာရုံစိုက်၍ အခြားသော ဘက်မှ 'ရှုကြည့်' နိုင်ရန် အားထုတ်ကြသည်ကို မတွေ.မိသလောက်ပင်ဖြစ်ပါသည်။ အပေးအယူ ကိစ္စဟု ယူဆလျှင်လည်း 'ကိုယ်ယူခဲ့သည်ကိုတော့' မမေ့ကြစေချင်ပါ။ စနစ်တွင်အားနည်းချက်များ၊ ခေတ်နှင့် မကိုက်ညီသည်များ ရှိသည်ကို ၀န်ခံပါသည်။ အရာရာတိုင်းကို ခေတ်စနစ်အား 'ပုံချ' ရန်တော့ မဖြစ်နိုင်ပါ။ လူတိုင်း၏ လိုအင်နှင့် ကိုက်ညီသော စနစ်ဆိုသည်ဖြင့် မရှိနိုင်ပါ။ အတ္တကို အခြေပြုစဉ်းစားသော ဆရာဝန်အချို.အတွက် ဆရာဝန်အားလုံးကို ၀ါးလုံးရှည်ဖြင့် ယမ်းသလိုဖြစ်မိပါက တောင်းပန်ရပါမည်။ မသက်ဆိုင်သူများကို တောင်းပန်ခြင်း ဖြစ်သော်လည်း သက်ဆိုင်သူများကိုမူ အခင်မင် ပျက်ရလည်း ၀မ်းမနည်းပါဟု ထပ်မံ၍ ဆိုပါမည်။

(ဆက်ပါမည်)

မင်းက ငြိမ်းချမ်းရေး မြတ်နိုးသူ


မင်းအိမ်ကို မီးရှို.မခံရခင်က
မင်းဟာ ငြိမ်းချမ်းရေး မြတ်နိုးသူပဲ
မင်းနှမကို မုဒိမ်းကျင့် မခံရခင်က
မင်းဟာ ရွှေပြည်အေးသမားပဲ
မင်းရပ်ကွက်ကို ဓားတွေနဲ.လာမ၀ိုင်းခင်က
မင်းဟာ တရားသမားပဲ၊
မင်းနေချင်သလို နေခွင့်ရှိတဲ့ကာလဆိုတာ
မင်းငြိမ်းချမ်းနေတဲ့ကာလပါ။
အခုတော့
မင်းမြတ်နိုးတဲ့ငြိမ်းချမ်းရေးကို လည်လှီးလိုက်ကြပြီ
ငြိမ်းချမ်းစွာနေဖို.
မငြိမ်းချမ်းမှုကို တိုက်ဖျက်ရမယ်ဆိုတဲ့အကြောင်း
မီးရှို.ခံ မင်းအိမ်ကသက်သေပြတယ်
မတရားကျင့်ခံ မင်းညီမက သက်သေပြတယ်
နှိပ်စက်ခံ မင်းရပ်ကွက်က သက်သေပြတယ်။
ဘုရားရှင်က
နေပူကြဲကြဲမှာထိုင်ပြီး
ဆွေရိပ်မျိုးရိပ်က အေးမြတယ်လို.ဆိုခဲ့တယ်၊
ဆွေတော်မျိုးတော်တွေကို ကာကွယ်ခဲ့တယ်။
တို.ရပ်ကွက်မှာ
ကြိုက်တဲ့သူနေလို.ရတယ်
ရပ်ကွက်ဖျက်မယ့်သူတော့
နေလို.မရစေရဘူး။  ။

အာဏာလွှမ်းမိုး၊ ဆင့်ကာကြိုးလျှင်


'သင်းတို. အကြံက သိသာလွန်းသကွယ်'

ဓည၀တီမြို.၀န် မဟာမင်းကြီးကျော်စွာ၏ မျက်နှာသည် မှုန်ရီတင်းမာနေသည်။ ကွပ်ပျစ် အောက်မြေပြင်ဝယ် ဒူးတုတ်ခစားနေသော ဗိုလ်မောင်အေးနှင့် မောင်တောတို. ခေါင်းပို၍ လျှိုးသွားသည်။ ဗိုလ်မောင်အေးမှ မရဲတရဲဖြင့်

'မင်းကြီး၊ ကျွန်တော်မျိုး……'

စကားမဆုံးမှီ မင်းကြီးမှ လက်ကာပြသည်။

'ငါသိတယ်။ မောင်မင်းတို.မှာအပြစ်မရှိ။ မင်းတို.ကို ရှင်မဖြူကျွန်း အစောင့်အဖြစ်ငါချထားခဲ့တယ်၊ ညအချိန်မှာ ကပ်လာတဲ့ စပါးလှေကို မင်းတို. သုံးကြိမ် အော်မေးခဲ့တယ်၊ မဖြေပဲ ဆက်ချဉ်းကပ်လာလို. သေနတ်ပစ်ဖောက်ဟန်.တားခဲ့တယ်။ သင်းတို. ခုခံလို. ဆားပြင်ရွာသား ဂေါင်ဆောက်ကေသေတယ်။ ဒီကိစ္စမှာ မင်းတို.အလွန်မရှိ။ ခက်တာက သင်းတို.က ကုလားဖြူတွေကို သွားရောက်တိုင်ခဲ့တယ်။ ကျန်တာ ရှင်းအောင် မောင်မင်းဆက်တင်။ မောင်အေး…'

'မှန်ပါ။ ကုလားဖြူတပ်မှူး ရောဘတ်ဆန်ညွှန်ကြားချက်နဲ. ရှင်မဖြူကျွန်းကို လာရောက်သိမ်းပိုက်ဖို.အကြံနဲ. လာခဲ့တဲ့ ဆူပရာမာဒိုဝီရဲ.တပ်ခွဲနဲ. ကျွန်တော်မျိုးတို. ကျွန်းစောင့်တပ်တို. တိုက်ပွဲဖြစ်ခဲ့ပါတယ်မင်းကြီး။ ကျွန်တော်မျိုးတို. အမှု တော်ကို ရွပ်ရွပ်ချွံချွံ ထမ်းရွက်ခဲ့လို. မျက်နှာဖြူကုလားတွေဘက်က ဂျမဒါ ဟာရီဆင်းအပါအ၀င် သုံ.လူ ဆယ်ယောက်ကို မင်းကြီးဆီကို ပို.အပ်ခဲ့ပါတယ်'

မဟာမင်းကြီးကျော်စွာ ကွပ်ပျစ်ကို ဖြန်းကနဲ ပုတ်ခတ်သည်။

'အဲသဟာ ပြောတာပ မောင်အေးငယ်။ သင်းတို.က အခု ရှင်မဖြူကျွန်းဟာ ရခိုင်ဘုရင်ကို တို.များ ယခင် ဗဒုံမင်းတြား လက်ထက်ကတည်းက သူရို.ကို ပေးခဲ့ပြီးသားပြောနေတယ်။ တကယ်တော့ လည်ဆယ်လှည့်ဖျားနေတာမှန်း အသိသာချည်းပ'

ဗိုလ်မောင်အေး အံကြိတ်သည်။

' ဗဒုံမင်းတြား ရခိုင်ဒေသကို သိမ်းပိုက်ကတည်းက ရှင်မဖြူကျွန်းဟာ ကျွန်တော်မျိုးတို. အပိုင်ဖြစ်ခဲ့တာပါမင်းကြီး၊ သင်းတို.က အကြံတူ နောက်လူ သာစမြဲလုပ်နေတာပ၊ မင်းကြီး အမိန်.တော်သာ ချလိုက်ပါ။ ကျွန်တော်မျိုးတို. …….'

မင်းကြီးခေါင်းကို လေးပင်စွာ ခါယမ်းသည်။ မျက်နှာသည် တည်ငြိမ်သော်လည်း ညှိုးလျော်သည်။

'သင်းတို.ရည်ရွယ်ချက်က သည်ကျွန်းတင်မကဘူး ငါ့လူတို.၊ ရည်ရွယ်ရင်းက ရန်စရုံသာဖြစ်တယ်။ တို.များမှာ ဆုတ်လည်းစူး၊စားလည်းရူး ဖြစ်နေရတယ်။ တို.တတွေ ငြိမ်နေတာ လူရေးညံ့လို.မဟုတ်။ နိုင်ငံနှစ်နိုင်ငံကြားက စစ်ပွဲစတင်တဲ့ တရားခံအဖြစ် မဖြစ်လိုဘူးကွယ်။ သို.ပေမယ့်……'

မင်းကြီးမျက်လုံးများအဝေးဆီ ငေးသည်။ မျက်လုံးများသည် ဓည၀တီမြို.ကိုကျော်၍ ရတနာပူရနေပြည်တော်ဆီသို. လှမ်း၍ တိုင်တည်နေဟန်။

'ရှင်မဖြူကျွန်းဟာ မြန်မာပိုင်ဖြစ်ကြောင်းကြေညာရမယ်။ စစ်တကောင်းကို အရာရှိတစ်ယောက် စေလွှတ်ပြီး အတည်ပြုစေရမယ်။ ရမယ်မထင်ပေမယ့်……..'

အဝေးဆီမှ စစ်ပွဲစည်သံကြားလာရသလို ထင်ရလေသည်။

+++++++++++++++++++++

စစ်သည်စာဆိုမင်းကြီး၏ မျက်နှာတော်ဝယ် ယခုတစ်ကြိမ်တွင်မူ စစ်သည်တော်စိတ်က လွှမ်းမိုးနေဟန်ရှိသည်။ ဓည၀တီမြို.၀န်စံအိမ် ခန်းမကျယ်သို. ရောက်မဆိုက်ဝယ် အစည်းအဝေးခေါ်သည်။ နေပြည်တော်မှ ပင်ပန်းတကြီး လာခဲ့ရသော်လည်း အမှုတော်ကိုသာ အာရုံစိုက်နေဟန်ရှိသည်။ စစ်ကဲစစ်မှူးများရှေ.၀ယ် ဓည၀တီမြို.၀န်ကို ပြစ်တင်မောင်းမဲသည်။ သို.သော် မောင်းမဲနေဟန်ထက် ကြေကွဲဝမ်းနည်းနေဟန်သာ ပိုနေသည်။

'ဖမ်းထားတဲ့ သူရို.လူတွေ ချက်ချဉ်းလွှတ်ပေးလိုက်၊ သည်အရေးက မောင်မင်းအရေးမဟုတ်ဘူး'

မြ၀တီမင်းကြီး၏ မျက်နှာကို ဓည၀တီမြို.၀န် နားမလည်နိုင်စွာကြည့်မိသည်။ အခြေအနေအရပ်ရပ်ကို နေပြည်တော်သို. အလုံးစုံ အစီရင်ခဲ့ခဲ့သည်။ တမင်သက်သက် ရန်စစော်ကားလာသော ကုလားဖြူများအား အညံ့ခံရတော့မည်လော။

'မင်းကြီး၊ ကျွန်တော်မျိုး လျှောက်တင်ပါရစေ'

မြို.၀န်အသံသည် မခံချင်စိတ်ဖြင့်တုန်ခါနေသည်။ မြ၀တီမင်းကြီး ခေါင်းခါသည်။

'မောင်မင်း အရေးမဟုတ်ဘူးလို. ကျုပ်ပြောနေတယ်…'

တည်ငြိမ်လွန်းသော စာဆိုစစ်ကဲကြီး၏ မျက်နှာဝယ် ပြုံးရိပ်မဆိုစလောက်သမ်းသွားသည်။ ပြီးမှ တစ်လုံးချင်း ပြောသည်။

'မင်းကြီး မဟာဗန္ဓုလ မကြာခင် လိုက်လာလိမ့်မယ်'

++++++++++++++

ညသည် အေးစက်နေသည်။ ကမ်းခြေဆီသို. တလိမ့်လိမ့်ပြေးဝင်သွားသော လှိုင်းတို.၏ ရိုက်ပုတ်သံကို လှေလျှင်များဆီမှ သဲ့သဲ့ကြားရသည်။ မှုန်မှုန်သက်သက် ကျလာသော မိုးဖွဲများသည် စစ်သည်တော်တို.၏ တင်းမာနေသော မျက်နှာပေါ်သို. ကျလာနေသည်။

လှေတို. တရိပ်ရိပ်ဖြင့် ရှင်မဖြူကျွန်း၏ လှေဆိပ်ဆီသို. ကပ်လာသည်။ အားလုံးသော စစ်သည်တော်တို.သည် ကျွန်းခံတပ်ထိပ်ဆီသို. အံကြိတ်ရင်း မော့ကြည့်နေကြသည်။ အလံရှိနေသည်။ ကုလားဖြူအလံ၊ တိုင်းတပါးအလံ၊ ကိုယ့်မြေပေါ်တွင် မအပ်မရာရှိနေသော တိုင်းတပါးသားကုလားဖြူတို.၏ အလံ။ သွေးတို. ပွက်ပွက်ထလာကြပေပြီ။

အမှုတော်မအောင်လျှင် ပြန်မလာကြနဲ.ဟု မင်းကြီးက မှာလိုက်သည်။ ရာသီဥတု ဆိုးဝါးသဖြင့် ရှင်မဖြူကျွန်းမှ ဆုတ်ခွာခဲ့ကြသည်။ သင်းတို.ကိုကြောက်၍ မဟုတ်ကြောင်း ယခုမကြာ သင်းတို. သိစေရမည်။

တို.မြေပေါ်မှာ ကုလားဖြူတွေရောက်နေသည်။ ကုလားဖြူကျွန်တွေရောက်နေသည်။ သင်းတို.သည်သူတပါးမြေကို မတရားလိုချင်နေကြသည်။ သင်းတို. ပိုင်ဆိုင်ရမည်မှာ သေမင်းမှတပါး အခြားမရှိကြောင်းသိစေရမည်။

ဓားရိုးများကို ကျစ်ကျစ်ပါအောင်ဆုတ်၊ တိတ်ဆိတ်သောခြေလှမ်းများသည် သင်းတို.ခံတပ်ကို ၀ိုင်းမိကြလေသည်။ ညသည် ခြောက်ခြားဖွယ်ရာတိတ်ဆိတ်နေသည်။ တပ်မှူးသည် အနီးတစ်ဝိုက်ရှိတပ်သားများကို လှည့်၍ အကဲခတ်လိုက်သည်။ တလက်လက်တောက်ပြောင်နေသော မျက်လုံးများဝယ် အကြောက်တရားကိုမတွေ.ရ၊ အာရုံစူးစိုက်ဇောဖြင့် ၀င်းလက်နေသည်ကိုသာတွေ.ရသည်။

တပ်မှူးသည် ကျေနပ်တင်းမာစွာပြုံးလိုက်ရင်း ဓားလွတ်ကို လေထဲသို.မြှောက်လိုက်သည်။ ကြယ်ရောင်၊တိမ်ရောမှိန်မှိန်၏ အောက်ဝယ် လက်ကနဲဖြစ်သွားသည်။ ဓားလွတ်ကို ပြန်အချ၊ ၀မ်းခေါင်းသံကြီးဖြင့် ကြုံးဝါးသံ၊

ညသည် သွေးပွက်ပွက်ဝေပြီတည်း။

++++++++++++

၁၈၂၄ မတ်လ ၁၉ရက်နေ.တွင် ရှင်မဖြူကျွန်း တွင် မြန်မာဒေါင်းအလံ ပြန်လည်လွှင့်ထူနိုင်ခဲ့သည်။ မေ ၁၆တွင် ပန်းဝါတိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ၁၈၂၅ ဧပြီလ ၁ ရက်နေ.တွင် ဓနုဖြူတွင် မင်းကြီး မဟာ ဗန္ဓုလ ကျဆုံးခဲ့သည်။ ၁၈၂၆ ဖေဖေါ်ဝါရီ ၂၄ တွင် ရန္တပိုရွာတွင် စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆိုကာ တိုင်းပြည်တစ်ဝက် အင်္ဂလိပ်လက်အောက်သို. ရောက်ရှိခဲ့ရလေသည်။

+++++++++

ဓည၀တီမြို.၀န်သည် အံကြိတ်လိုက်သည်။ မင်းကြီးမဟာဗန္ဓုလ မရှိပြီ၊ တိုင်းပြည်တစ်ဝက်လည်း ကုလားဖြူလက်အောက် ရောက်ခဲ့ရပြီ။ ညောင်ပင်မှညောင်စေ့သည် အရွယ်ငယ်သည်ဟူ၍ ပေါက်ကာစ၀ယ် မရှင်းလင်း မဖယ်ရှားမိသည် ဖြစ်အံ့။ ညောင်မြစ်တစ်စ ကုတ်တွယ်မိရုံနှင့် အဆောက်အဦး တစ်ခုလုံး ပျက်စီးယိုယွင်းစေတတ်မှန်း မိမိတို. မသိ၍ မဟုတ်။ မိမိတို. မြေပေါ်ဝယ် တစ်စထက်တစ်စ ခြေချဖို. အကြံကိုလည်း မသိ၍ မဟုတ်။

နန်းတွင်းဝယ် ကိုယ့် အုပ်စုဖြင့်ကိုယ် နေရာယူရေးကြိုးပမ်းနေမှုများကိုလည်း ကြားသိရ၏။ နွားကွဲလျှင်ကျားဆွဲတတ်၏ ဟူသော သဘောကို ယခုမှပြောလျှင်လည်း မှီတော့မည်မဟုတ်။

ယခုတော့ တိုင်းပြည်တစ်ဝက် တစ်ပါးလက်ရောက်ခဲ့ပြီ။ ထိုကဲ့သို. နန်းတွင်းနေရာလုပွဲများ ထပ်မံ ဖြစ်နေလျှင်လည်း တိုင်းပြည်လုံးလုံးဆုံးရှုံးဖို.ရန် မဝေးတော့ကြောင်း မဟာမင်းကြီးကျော်စွာ တွေးနေမိသည်။ ယခုတော့ ရွှေနန်းတော်မှ လူတစ်စုထံ သူလှမ်းပြောချင်နေသော စကားတစ်ခွန်း ရှိနေလေသည်။

တိုင်းပြည်သူတပါးလက်အောက်ရောက်သွားလျှင် သူတို.တမ်းတမ်းစွဲ မက်မောနေသော အာဏာသည် ဘာအဓိပ္ပါယ်များ ရှိပါဦးမည်နည်း။ အော်……..ဘာအဓိပ္ပါယ်ဆိုသည်များ ရှိနေပါလိမ့်ဦးတော့မည်တည်း။

------------သက္ကမိုးညို (၁၁.၆. ၂၀၁၂)---------------

ရခိုင်သာစွ သာစွလေ


အိုကြီးအိုမကျမှ
ဓားကိုင်ပြီး ခြံစပ်က ရပ်စောင့်နေတာ
မင်းအဖွားဆိုတာရော သိလား။

စကားလုံးကြီးတွေနဲ.
မျိုးချစ်ကြောင်းမပြောတတ်ပေမယ့်
မင်းညီ အထွေးဆုံးလောက်ကလေးလေးတွေ
သွေးအလူးလူးကာကွယ်နေတာ
ငါတို.အတွက်ဆိုတာ သိရဲ.လား။

ကလေးလေးတွေက
နောင်လာနောက်သားအတွက်
အသက်နဲ.စိုက်တဲ့သရက်ပင်
ပွင့်ချိန်သီးချိန်မှ မင်းမြင်မှာလား။

သွေးတစ်စက်က
စကားလုံးတစ်သိန်းနဲ.ညီမျှတယ်
တို.အတွက် သွေးမြေကျသူတွေက
တို.အမျိုးတွေ တို.သွေးသားတွေ။

တစ်ရက်ပိုကြာရင် တစ်ရက်ပိုနာမယ်
တစ်ခွန်းပဲပြောမယ်
တရားမျှတမှုအတွက် တိုက်တဲ့စစ်ကို
ဘုရားအလောင်းတောင် မရှောင်ခဲ့ဘူး။

ငြိမ်သက်သော ဇူလိုင်



ဥသြတွေ မဆွဲလည်းရပါတယ်
ဒီအချိန်မှာ ငြိမ်ငြိမ်လေးပဲနေပေးပါ
ငြိမ်ငြိမ်လေးပဲတွေးပေးပါ
လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ မျှတရေးအတွက်
သူတို.မှအစချီတဲ့ သွေးအစက်စက်
ဤမြေထက်မှာ မရေတွက်နိုင်တော့ဘူးဆိုတာ။

ဒီအချိန်မှာ ငြိမ်ငြိမ်လေးပဲနေပေးပါ
တိတ်ဆိတ်မှုနဲ.သူ.ကို ကတိပေးလိုက်ကြပါ
သူမြတ်နိုးတဲ့အရာနဲ. တို.မြတ်နိုးတဲ့အရာ
တစ်ထပ်တည်းပဲ ဆိုတာ။

ငြိမ်ငြိမ်လေး စဉ်းစားကြပါ
ဆိတ်ငြိမ်မှုနောက်မှာ ခွန်အားတွေစုထားတယ်
သားကောင်မဖမ်းခင် ခြင်္သေ့ဟာငြိမ်သွားတယ်
ငြိမ်သက်တဲ့ ပင်လယ်ဟာပိုနက်ရှိုင်းတတ်တယ်
ဘုရားရှင်က ငြိမ်သက်မှုကိုလိုလားတယ်
ဟွန်းတီးပြီး သတိပေးမှ သတိရကြမှာလား
ဥသြဆွဲမှ ခြေစုံရပ်လိုက်ကြမှာလား
တကယ်တော့ ဒီအချိန်ရောက်လာရင်
သွေးကြောထဲကအစ ကျောက်ဖြစ်သွားရမှာ။

ဘာမှမလုပ်ကြရင်တောင်
ဘာမှလုပ်မရရင်တောင်
ဆန်း၏ပညာ၊ဆန်း၏ သမာဓိ
ဆန်း၏ သတ္တိ တွေကိုတွေးပြီး
တိတ်ဆိတ်စွာ ဦးညွတ်လိုက်ကြပါ။

ဒေါ်အောင်ဆန်းစုကြည်

၁-၁။ ဤစာစုကို ခေါင်းစဉ်တပ်ရန် စဉ်းစားသောအခါ အခြားသူများတပ်သကဲ့ ဒေါ်အောင်ဆန်းစုကြည် (သို.မဟုတ်) လွတ်မြောက်ခြင်း၏ ကိုယ်စားလှယ်၊ မြန်မာပြည်၏ ကယ်တင်ရှင်၊ စသည်ဖြင့် တပ်ရန် စဉ်းစားပါသေးသည်။ သို.သော်လည်း မြန်မာနိုင်ငံသားတို.၏ နှလုံးအိမ်အတွင်းရှိ မေ့နိုင်ဖွယ်မရှိသော ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏မိခင်၊ဇနီးတို.၏ နာမည်များ ပါဝင်နေသော 'ထိုအမည်ကိုယ်တိုင်ကပင်' ထူးခြားနေပြီဖြစ်ရာ အခြားသော ၀ိသေသျများ မလိုတော့ဟု ခံစားမိသည်ကတစ်ကြောင်း၊ အခြားသူများကဲ့သို. မှန်လှပါပြီ၊ကောင်းလှပါပြီ၊ မင်းလောင်းပေါ်ပြီ စသည်ဖြင့် 'အလွန်အကျွန်သူရဲကောင်းကိုးကွယ်ရေးဝါဒကို ရှေ.တန်းတင်မည်မဟုတ်သည်ကတစ်ကြောင်း' တို.ကြောင့် အခြားမည်သည့် နာမ၀ိသေသနမှ မတပ်ပဲ ဤစာစုကို ခေါင်းစဉ် တပ်ပါသည်။

၁-၂။ ရေးခဲ့ဘူးသော စာများတွင် အမည်နာမ တပ်၍ ရေးသားခြင်းရှားပါးလှသလို ရေးမိသောအခါတွင်လည်း 'ခေါင်'ကိုမှ ရေးခြင်းဖြစ်ရာ 'ငါ ဘာ့ကြောင့် ရေးလိုပါသနည်း' ဟူသည့် ဇောစေတနာကို သေချာစဉ်းစားရပါသည်။ အပြစ်တင်လိုခြင်း၊ ချီးကျူးလိုခြင်းထက် မြန်မာနိုင်ငံ၏တိုးတက်ရေးအတွက် 'ဇောင်းပေးလိုသော' စေတနာဖြင့်သာ ဦးစားပေးဖေါ်ထုတ်ရန် ဆုံးဖြတ်ပါသဖြင့် ဆိုလိုရင်းကို ရောက်မရောက် မသေချာသော်လည်း အပြစ်တင်လျှင်မူ ခံယူရန်အသင့်ရှိကြောင်း ပြောပါသည်။ မြန်မာပြည်သားတို. လူ.အခွင့်အရေးရရှိရေးကို တစိုက်မတ်မတ် အားထုတ်ခဲ့သော သူမ၏ဆန္ဒကို သိရန်မကြိုးစားပဲ အနည်းငယ်ဝေဖန်မိလျှင်ပင် မင်းက ဘယ်လောက်သိလို.လဲ၊ မင်းထက်သိလို. နိုင်ငံရေးလုပ်နေတာကွ စသည်ဖြင့်လည်းကောင်း၊ စသည်ထက်ပိုသော ဆဲဆိုကြမ်းတမ်းသော စကားတို.ဖြင့်လည်းကောင်း လာရောက်ပြောသူတို.အား စကားထဲပင် ထည့်ပြောရန်မရှိပါ။ မိမိ၏ ခံယူချက်၊ ဆန္ဒ၊ သဘောထား တို.ကို လွတ်လပ်စွာ ထုတ်ဖေါ်ပြောကြားရေးသည် လူ.အခွင့်အရေး၏ အင်မတန်အရေးကြီးသော အစိတ်အပိုင်းဟုသာ ပြောလိုပါသည်။

၁-၃။ သူမအကြောင်းပြောသောအခါ တစ်နွယ်ငင်တစ်စင်ပါ သူမ၏ ပါတီ 'အမျိုးသား ဒီမိုကရေစီ အဖွဲ.ချုပ်' အကြောင်းသည်လည်း ပါဝင်လာရပါမည်။ ကောင်းမကောင်း၊ ညံ့မညံ့ အဆုံးအဖြတ်ပေးခြင်းထက် အပြုသဘောဆောင်သော (မိမိ ဥာဏ်မီသမျှသော) သုံးသပ်ဝေဖန်မှုများကို အားနာပါးနာပေးရပါတော့မည်။နိုင်ငံအတွက် သင့်သည်ထင်လျှင်ယူပါ၊ မသင့်သော ပယ်ပါ ဟုသာ ပြောရပါမည်။ လက်ခံနိုင်ခြင်း မရှိပါက 'အန်အယ်ဒီအတွက်မေတ္တာစာ' ဟုသာ သတ်မှတ်ပေးပါရန် တောင်းပန်ရပေမည်။

၂-၁။ သူမဘ၀ကို ပြန်ကြည့်လျှင် လေးပိုင်းခွဲလိုပါသည်။ (မိမိ ပြောမည့် အပေါ်မူတည်၍ ခွဲခြင်းဖြစ်ပါသည်) ပထမပိုင်းသည် မြန်မာနိုင်ငံသို. ပြန်မလာမှီ ဘ၀၊ ဒုတိယပိုင်းသည် မြန်မာနိုင်ငံအတွင်း နိုင်ငံရေး စတင်လုပ်ဆောင်သော ဘ၀၊ တတိယပိုင်းသည် အကျယ်ချုပ်ခံဘ၀ နှင့် စတုတ္တပိုင်းသည် အကျယ်ချုပ်ခံဘ၀မှ လွတ်မြောက်သော လက်ရှိဘ၀တို.ဖြစ်ပါသည်။ ထိုအပိုင်းတို.သည် လက်ရှိကမ္ဘာကပိုင်ဆိုင်သော 'မဟာလူသား' (ဤစကားကို ယနေ.မြန်မာနိုင်ငံသား အများစု ခံယူနေကြသော သူရဲကောင်းကိုးကွယ်ဝါဒဖြင့် သုံးခြင်းမဟုတ်ပါ) တစ်ဦး ပေါ်ထွက်လာစေရန် အကြောင်း အထောက်အပံ့ ဖြစ်ခဲ့ကြောင်း လက်ခံရပေမည်။

၂-၂။ မြန်မာနိုင်ငံသို. ပြန်မလာမှီကာလသည် အပြုခံဘ၀သာဖြစ်၍ ကန်ရေထဲသို. ပစ်ချခြင်းခံရသော ခဲလုံးတစ်လုံးသည် ရေထဲရှိငါး၊လိပ်၊မိကျောင်းတို.ဖြင့်သာ အဖေါ်ပြုရမည်ဖြစ်သကဲ့သို. နိုင်ငံရပ်ခြားသို. အပို.ခံထားရသူတစ်ဦးအနေဖြင့် အခြားရွေးချယ်ဖွယ်လမ်းမရှိပဲ နိုင်ငံခြားသားတစ်ဦးဖြင့်သာ အိမ်ထောင်ပြုရခြင်းသည် အပြစ်ပြောဖွယ်ရာမရှိပေ။ သို.သော် ဖခင်၏ မျိုးရိုးဗီဇများ အပြည့်ပါနေသောသူမအား အောက်စဖို.ကဲ့သို.သော နိုင်ငံရပ်ခြားတက္ကသိုလ်တစ်ခုအား စေလွှတ်ပညာသင်စေခြင်းသည် 'မြင်းကို ဂျိုတပ်ပေးလိုက်သကဲ့သို.' ဖြစ်သွားစေသဖြင့် မြန်မာနိုင်ငံမှ ဝေးစေရန်အကြံဖြင့် ပို.ထားသူများ၏ မဟာအမှားသာဖြစ်ပေမည်။ ယခု ကမ္ဘာ.ခေါင်းဆောင် အ၀န်းအ၀ိုင်းတွင်ဖြစ်စေ၊ ပညာတတ် အ၀န်းအ၀ိုင်းတွင်ဖြစ်စေ 'ခေါင်းမလျှိုး' ပဲ ၀ံ့ဝံ့စားစား မိန်.ခွန်းပြောနေသော သူမကို ကြည့်ရင်း မြန်မာနိုင်ငံအတွင်း တက္ကသိုလ်တစ်ခုခုတွင်သာ ပညာသင်ခဲ့ပါက ဤသို.ခေါင်းဆောင်တစ်ယောက်ကို ရရှိနိုင်မည်မဟုတ်ဟု တွေးမိပါသည်။ အနောက်ဆန်လွန်းသည် ပြောကြနိုင်သော်လည်း ဤကဲ့သို. အနောက်ဆန်ခြင်းသည်ပင်လျှင် ကောင်းသော အချက်ဖြစ်ပါသည်ဟု 'အနောက်ဆန်ခြင်းနှင့် အနောက်မျှော်ခြင်း ခွဲမသိသူ' အချို.အား ပြောလိုပါသည်။

၂-၃။ နိုင်ငံရပ်ခြားတွင် ပညာသင်ခြင်းကို 'မြင်းကို ဂျိုတပ်ခြင်း'ဟု ပြောပါက မြန်မာနိုင်ငံအတွင်း ရှစ်လေးလုံးကာလတွင် မိခင်ကျန်းမာရေးအတွက် မြန်မာနိုင်ငံသို. ပြန်လာခြင်းကို 'ကျားသေကို အသက်သွင်းခြင်း'ဟု ပြောရပါမည်။ လွတ်လပ်ရေးဖခင်၏ သမီးဖြစ်ခြင်း၊ နိုင်ငံအတွင်းမှ ဖိနှိပ်မှုများကို မျက်ဝါးထင်ထင် မြင်ရခြင်းတို.သည် သူမအားနိုင်ငံရေးလမ်းကြောင်းပေါ်သို. ဆွဲတင်လိုက်နိုင်သော်လည်း 'ယနေ. ခေါင်းဆောင်ပီသလှသော ဒေါ်အောင်ဆန်းစုကြည်ဘ၀သို. ' နေ.ချင်းညချင်း တွန်းပို.နိုင်ခဲ့ခြင်း မရှိပါ။ နိုင်ငံရေးပါးဝနေသော ၀ါရင့်နိုင်ငံရေးသမားကြီးများအလည်၊ ကောက်ကျစ်လှသော ထိုစဉ်ကပြိုင်ဘက်အချို.၏ ကစားကွက်အလည်တွင် အမှားအချို.ပင် လုပ်ခဲ့မိသေးပါသည်ဟု ပြောလျှင်ပင် ရပါသည်။ (၀ိုင်းဆဲလည်းမတတ်နိုင်ပါ) သို.သော် ထိုအမှားမျိုးကို ယနေ.ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မည်သို.မှ ထပ်မံဆောင်ရွက်ပြောဆိုသည်ကို မတွေ.ရသဖြင့် 'အင်မတန် တန်ဖိုးကြီးလှသော အမှားများ' ဟုသာ ဆိုသင့်ပါသည်။ မိမိရင်ဆိုင်နေရသူ ဘယ်လိုလူများဖြစ်သည်ဆိုသည်ကို ကောင်းကောင်း သဘောပေါက်သွားခဲ့သည်ဟုပဲ ဆိုရပါမည်။

၂-၄။ နေအိမ်တွင် အကျယ်ချုပ်ဘ၀နှင့် ၀င်လိုက်ထွက်လိုက်လုပ်နေရသော ကာလသည် အဖြစ်အပျက်အနေနှင့် (အလွန်အရေးကြီးသော တစ်ခုနှစ်ခုမှတပါး) ရှားပါးလှသော်လည်း အင်မတန်စိတ်ဝင်စားစရာကောင်းသော အပြောင်းအလဲကာလအဖြစ် သတ်မှတ်လိုပါသည်။ ဥာဏ်ပညာကြီးမားသူတစ်ဦးကို တစ်ဦးတည်း သီးခြားထားလိုက်သောအခါ အဖြစ်အပျက် အခြေအနေ အကြောင်းချင်းရာများကို 'စနစ်တကျ အပြန်ပြန်အလှန်လှန် ဝေဖန်သုံးသပ်ခွင့်' တည်းဟူသော အင်မတန်အကျိုးကျေးဇူးကြီးလှသော အလုပ်ကို လုပ်ခွင့်ရသွားဟန်တူပါသည်။ နောက်ပိုင်း သူမ၏ အရေးကြီးလှသော မိန်.ခွန်းများတွင်လည်း ဤအချက်ကို တစွန်းတစ မြင်နိုင်ကြပါမည်။ နိုင်ငံအတွက် အင်မတန်အရေးကြီးလှသော အပြောင်းအလဲသည်လည်း ထိုအချိန်မှ စလာဟန်တူပါသည်။ ထိုအပြောင်းအလဲသည် သူမ၏ 'စိတ်ဓာတ်ဆိုင်ရာအပြောင်းအလဲ' ပင်ဖြစ်ပါမည်။ သူမအတွက် အသက်ကိုပင် စွန်.နိုင်ကြသူများ၊ သူမကဲ့သို.ပင် ဖိနှိပ်ချုပ်ချယ်ခံနေကြရသူများအတွက် (သည်လေဒီ ဇာတ်ကားထဲကလို ကြမ်းပြင်ပေါ် တုံးလုံးလှဲ၍ ငိုနေမည်ဟု လုံးဝမယုံကြည်ပါ) ပို၍ မြင့်မြတ်သောလမ်းကို ရွေးချယ်လိုက်သည်ဟုပင်ဆိုနိုင်ပါည်။ (နိုင်ငံအရေးမှ လူသားအရေးကို ပြောင်းလဲလာခြင်းကို ဆိုလိုပါသည်။) အစပိုင်းတွင်မူ ခေါင်းမာခြင်းသက်သက်သာဖြစ်သည်။ နောက်ပိုင်းတွင် ယုံကြည်ချက်အတွက်ခေါင်းမာမှုဖြစ်ပါမည်။ နောက်ဆုံးတွင်မူ လူ.လွတ်လပ်ခွင့်အတွက် ခေါင်းမာမှုကိုပင် ဖယ်ရှား၍ မိမိအား နှိပ်စက်ကလူပြုခဲ့သူတို.ကိုပင် မိတ်ဆွေအဖြစ် သဘောထားနိုင်သော စိတ်အဖြစ်ပြောင်းလဲလာခြင်းပင်ဖြစ်ပါသည်။ ဖခင်၏ စိတ်ဓာတ်အမွေကို ထိုအချိန်တွင် 'တင်းပြည့်ကျပ်ပြည့်' ရရှိသွားသည်ဟု သတ်မှတ်လိုပါသည်။

၂-၅။ အကျယ်ချုပ်ဘ၀မှ လွတ်မြောက်သော အချိန်ဝယ် သူမသည် အစစအရာရာ အသင့်ဖြစ်နေခဲ့ပြီ ဖြစ်ပါသည်။ ပြည်သူလူထု၏ မကြုံစဖူး ထောက်ခံအားပေးမှု၊ သူမ ခေါင်းဆောင်ပီသသော ဆုံးဖြတ်ချက်တို.သည် မြန်မာတွင်သာမက ကမ္ဘာပေါ်တွင်ရှားပါးသော 'မဟာလူသားတစ်ဦး' ကို မွေးထုတ်ပေးလိုက်ခြင်းဖြစ်ပြီး ကမ္ဘာစီးပွားရေးဖိုရမ် ကဲ့သို.သော အခမ်းအနားများသည်ပင် သူမကြောင့် ဂုဏ်တက်လာရသော အနေအထားသို.ရောက်လာခဲ့သည်။ အစဉ်အလာကြီးလှသော အောက်စဖို.တက္ကသိုလ်၏ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ.၊ ကိန်းကြီးခန်းကြီးနိုင်လှသော ဗြိတိသျှတို.၏ခန်းမတွင် မိန်.ခွန်းပြောကြားခွင့်တို.သည် မြန်မာကို ကမ္ဘာက သိစေရုံမက မြန်မာတို.အတွက် ဂုဏ်ယူဖွယ်အကြောင်းများပင်ဖြစ်သည်။ (မဟာလူသားဟု နှစ်ကြိမ်တိုင်သုံးနှုန်းခြင်းသည် သည်းခံခြင်း၊ခွင့်လွှတ်ခြင်းစသော လူသား၏ 'အမြင့်ဂုဏ် သတ္တိ' ကို ထွန်းလင်းပြနေသောကြောင့် သုံးခြင်းဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုဖြင့် သုံးခြင်းမဟုတ်ပါ။) နိုင်ငံတကာ အလည်တွင် အရည်အသွေး၊အဆင့်အတန်း၊အတွေးအခေါ် တင်းပြည့်ကျပ်ပြည့် ရှိကြောင်းကို ရိုဟင်ဂျာအရေးကဲ့သို.သောကိစ္စများတွင် နိုင်ငံတကာလက်ခံနိုင်သော၊ ပြည်သူလက်ခံနိုင်သော 'ပညာသားပါသည့် တစ်ကွက်ကျောမှတ်ချက'် ပြုခြင်းမျိုးတွင် တွေ.နိုင်ပါသည်။

၃-၁။ သို.ရာတွင် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်တစ်ဦး ဖြစ်သွားသည့်အတွက် အားနည်းသွားနိုင်သော နေရာများလည်း ရှိနေပါသည်။ အားနည်းသွားနိုင်သောဟူသည် အားနည်းသွားသော ဟူသည့် 'တစ်ထစ်ချ ကောက်ချက်ဆွဲသောစကား' မဟုတ်မှန်း သိစေချင်သလို စေတနာဖြင့် ပြောသော စကားမှန်းလည်း သိစေချင်ပါသည်။ မှားနိုင်ပါသည်ဟုလည်း ကြိုတင်ဆိုပါသည်။

၃-၂။ ပထမဆုံးအနေနှင့် အလွန်အကျွံ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုများကြောင့် လူထုနှင့် ကင်းကွာသွားနိုင်ခြင်းပင် ဖြစ်ပါသည်။ လူထုခေါင်းဆောင်တစ်ယောက်သည် လူထုအထက်သို.တက်သွားရမည်လား၊ လူထုကြားထဲ တရွေ.ရွေ. တိုးဝင်သွားရမည်လား မသေချာသော်လည်း တစ်မတ်တန်းမှ ရုပ်ရှင်ကြည့်ခဲ့သော၊ ရဲဘော်များအကြားတွင်တိုးဝှေ.၍ ထမင်းစားခဲ့သော၊ အင်္ကျီဘောင်းဘီ နှစ်စုံသာရှိသော သူမဖခင်၏ပုံရိပ်သည် မြန်မာလူထုအကြားဝယ် တမြေ့မြေ့ တမ်းတစရာအဖြစ်ရှိနေဆဲပင် ဖြစ်သည်။ ဖခင်၏ ပုံစံအတိုင်း လိုက်လုပ်ရန်ပြောခြင်း မဟုတ်သော်လည်း ပြည်သူလူထုနှင့် 'နီးရက်နှင့် ဝေးနေသော ခေါင်းဆောင်မျိုး' မဖြစ်စေချင်သည်ကတော့ အမှန်ပင်။

၃-၃။ နောက်ထပ်ကင်းကွာ သွားနိုင်သည်ကတော့ သူမ၏ ပါတီနှင့်ပင်ဖြစ်သည်။ သူမ၏ အရှိန်အ၀ါအား ကြီးလွန်းသောအခါ ဆုံးဖြတ်ချက်မှန်သမျှသည် ရှုထောင့်ပေါင်းစုံမှ အကြေအလည်ဆွေးနွေး၍ ရလာခြင်းမျိုးမဟုတ်ပဲ တစ်ချက်လွှတ်ကိစ္စ ဖြစ်သွားမည်စိုးရပါသည်။ အာဏာရှင်စနစ်ကို တိုက်ဖျက်သူများကိုပင် အာဏာရှင်အဖြစ် မသိမသာပြောင်းသွားစေသော လူတို.၏ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု ကို ကြိုတင် မစဉ်းစား၍ မဖြစ်ပါ။ တစ်ဆက်တည်း ပြောလိုသည်မှာ အတိုက်အခံများနှင့်လည်း ကင်းကွာသွားနိုင်ခြင်းဖြစ်သည်။ အမှန်စင်စစ် အတိုက်အခံများနှင့် အရမ်းကွာခြားမှုမရှိမှသာ နိုင်ငံတည်ဆောက်ရေးတွင် အပြိုင်အဆိုင် ပြောဆိုဆွေးနွေးရမည်ဖြစ်သည်။ တစ်ဖက်မှ အရမ်းမြင့်ပြီး တစ်ဖက်မှ ပုံမှန်ရှိနေသည့်အခါ ပါဝါချိန်ခွင်တစ်ဖက်စောင်းနင်း ဖြစ်နေနိုင်သလို 'ဘောလုံးပညာမယှဉ်နိုင်လျှင် လူချတတ်သော ကိစ္စ' ဖြစ်မလာနိုင်ဟုလည်း မပြော၍မရပါ။

၎-၁။ ယနေ. ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ရှေ.တန်းသို.ရောက်နေသော်လည်း နောက်တန်းမှ ထောက်ကူပံ့ပိုးနေကြသူများအနေနှင့် ကျန်နေခဲ့ဟန်တူပါသည်။ လိုအပ်သော သတင်းထုတ်ပြန်မှုများ၊ အချက်အလက်ပံ့ပိုးမှုများ၊ လုံခြုံရေး အစီအမံများကို အချိန်နှင့် တပြေးညီပံ့ပိုးပေးရန် လိုအပ်ပါသည်။ (ယခုစာကိုရေးရန် သူမ၏ မိန်.ခွန်းများကို ပြန်လည်ရှာဖွေရာ တစုတစည်းထဲ မတွေ.ရပါ၊ အင်မတန် ရှက်စရာကောင်းပါသည်) ယခုတစ်ထိုင်တည်း စဉ်းစားမိသမျှ ပြောကြည့်ပါမည်။

၎-၂။ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် Official Website တစ်ခုရှိရပါတော့မည်။ သူမ၏ မိန်.ခွန်းများ၊မှတ်တမ်းများ၊ ခရီးစဉ်များ အား ပြည်သူအား အချိန်နှင့်တပြေးညီထုတ်ပြန်ပေးရန်လိုပါသည်။ မလိုလားအပ်သော ကောလဟာလများအား တားဆီးရန်ဖြစ်သလို ပြည်သူနှင့် ဆက်ဆံရေးတိုးမြှင့် လိုက်သောတံခါးပေါက်လည်း ဖြစ်ရပါမည်။ ဘားရက်အိုဘားမား ဖေ့စ်ဘုတ်သုံးခြင်းကဲ့သို.သော ပြည်သူနှင့် အဆက်အဆံပြုရေးသည် အလွန်အရေးကြီးသော အရာဖြစ်သကဲ့သို. မှတ်တမ်းမှတ်ရာအဖြစ်ရှိရေး၊ ထရန်စ်ပဲရန်စီဖြစ်ရေး တို.အတွက်လည်း အရေးကြီးသည်ဟု ဆိုပါမည်။ လိုအပ်လျှင်ကိုးကားနိုင်ရန် မိန်.ခွန်းပေါင်းချုပ်မျိုးကိုလည်း စီစဉ်သင့်နေပါပြီ။

၎-၃။ နောက်တစ်ချက် အရေးကြီးသော ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အတွင်းရေးမှူးတစ်ယောက် ထားရှိရေးဖြစ်ပါသည်။ 'မည်ကာမတ္တ' အတွင်းရေးမှူးမျိုးကိုပြောသည်မဟုတ်ပဲ အနာဂတ်တွင် လက်လွှဲပေးရမည့် ဆက်ခံသူတစ်ယောက်ကို အနီးကပ်သင်ကြားပေးခြင်းမျိုးကို ဆိုလိုပါသည်။ အင်မတန်အရေးကြီးသော နေရာဖြစ်သည့်အလျှောက် ယုံကြည်စိတ်ချရခြင်းမျိုးသာမက အသက်အရွယ်နုပျိုခြင်း၊ နိုင်ငံရေးခံယူချက်မြင့်မားခြင်း၊ ဥာဏ်ပညာ အမျော်အမြင်နှင့်ပြည့်စုံခြင်း စသည်တို.နှင့် ပြည့်စုံရမည်ဖြစ်ပြီး နိုင်ငံရေးခါးဆက်ပြတ်ခြင်းကို ကာကွယ်နိုင်ရန်ဖြစ်ပါသည်။ ထိုသို.သော အတွင်းရေးမှူးတစ်ယောက်ကို ရှာဖွေမွေးမြူသင့်ပြီဟု ဆိုပါမည်။

၎-၄။ နောက်တစ်ခုသည် လုံခြုံရေးကိစ္စဖြစ်ပါသည်။ ကြည့်လိုက်လျှင် လုံခြုံရေး အင်မတန်အားနည်းပါသည်။ လူဆိုသည်မှာ ချစ်သူမည်မျှပင်ပေါပေါ မုန်းသူရှိနေတတ်ပါသည်။ ထိုမျှသာ ဆိုပါမည်။

၅-၁။ ပြောခဲ့သမျှသည် စေတနာဖြင့် ပြောသောစကားများသာ ဖြစ်ပါသည်။ ရှားရှားပါးပါး အဆင့်ဆင့် မီးအထပ်ထပ်ခတ်ပြီးမှ ရရှိလာသော ကြေးသွန်းရုပ်ထုကဲ့သို. ခေါင်းဆောင်တစ်ဦးကို ဘာမဟုတ်သော အဖြစ်များဖြင့် အထင်မြင်သေးမခံစေချင်ပါ။ ထို.အပြင် အချိန်ကလည်း အင်မတန်ရှားပါးနေပါသည်။ ထို.အတူ အားရဖွယ်မျိုးဆက်လည်း မမြင်မိသေးပါ။ ပြောလိုက်မိလျှင် ၀ိုင်းဆဲကြသော ကိစ္စကလည်း ရှိသေးသည်။ ဂုဏ်ယူထိုက်သူတစ်ဦးကို ဂုဏ်ယူတတ်စေရန်လည်းကောင်း၊ တိုင်းပြည်တိုးတက်ရန် လိုအပ်သော အကြောင်းအထောက်အပံ့အဖြစ် ကူညီနိုင်ကြစေရန်လည်းကောင်း ရေးသားရပါသည်။

၅-၂။ ထို.ထက်ပို၍ ဆိုရန်မရှိပါ။