Friday, January 15, 2010



ရောဂါ

နာကျင်မှုနဲ. ဖောင်းကားနေတဲ့ အလွမ်းဟာ
ပြည်အောင်းနေတဲ့ အနာပေါ့
အချို.သော ကိစ္စတွေဟာ
အနာခံဖောက်ထုတ်ပစ်မှ သက်သာတယ်
ငါ…………မလုပ်နိုင်ခဲ့ပါဘူး။
ငါ့လက်တွေဟာ
ကြင်နာစွာ ဖေးမဖို.ပါ
ခကထန်ကြမ်းတမ်းဖို.မှမဟုတ်ပဲ
ငါ့ နှုတ်ခမ်းတွေဟာ
ညင်သာစွာ ထိနမ်းဖို.ပါ
နင့်သီး ရိုင်းပြဖို.မှမဟုတ်ပဲ။

ကိုယ့်ကို မြုပ်နှံမဲ့ကျင်းကို ကိုယ်တိုင်တူးရသလိုမျိုး
ကိုယ့်ကို သတ်မယ့်ဓားကို ကိုယ်တိုင်သွေးရသလိုမျိုး
ငါ…………“ ချစ်ခဲ့တယ် ”။

အဇာတသတ် ကိုမွေးမိတဲ့
ဗိမ္မသာရ မင်းလိုပေါ့
မင်းကို ချစ်ရတာလည်း
ရင်နာရလွန်းပါတယ်။ ။

အရူးနဲ.အကန်း

အရူးနဲ.အကန်း
ဘယ်သူကသာသလဲ။

အရူးဟာ အမှန်တရားကို မသိဘူး
လုပ်ချင်တာ လုပ်တယ်
အကန်းဟာ အမှန်တရားကို သိတယ်
ဘာမှလုပ်လို.မရဘူး။

သေချာတာတော့
အရူးက ပျော်နေချိန်မှာ
အကန်းဟာ နာကျင်နေရတယ်
အမှန်တရားရဲ.ခါးသီးမှုဆိုတာ
အဲဒါပဲ။

( မရီကြပါနဲ. )
မရှိတော့တဲ့ လူတစ်ယောက်ကို
အဝေးက တမ်းတနေတာ အရူးပေါ့
မချစ်မှန်းသိတဲ့ လူတစ်ယောက်ကို
မျက်စိမှိတ်ချစ်မိနေတာ အကန်းပေါ့။

( အားလုံး ရီနိုင်ပါပြီ )
ချစ်သူက အရူး
ကျွန်တော်က အကန်း။ ။

သင်းသင်းမာ အပြုံးများ

မိန်းကလေးတစ်ယောက်ရဲ.အပြုံး
(တစ်ခါလာလဲ ဒါပဲမပြောနဲ. )
သူက ကိုးနှစ်သမီး
အောက်မေးရိုးက လျော့ရဲလို.
ခြောက်သွေ.ကွဲလန်နေတဲ့ နှုတ်ခမ်းတွေ ပွင့်ဟ
ဝါကျင်ကျင်သွားတွေက ပေါ်လို.
ဒီကြားထဲ သူပြုံးတယ်
မနေ.က ဖျားတယ်
ဒီနေ. သတိလစ်သွားတယ်
နောက်နှစ်ရက်ကြာတော့ ဆုံးတယ်
ဒီကြားထဲ သူပြုံးခဲ့တယ်
အောက်ဆီဂျင်ပိုက် တန်းလန်း
ဒရစ်ပိုက် တန်းလန်း
ဆီးပိုက် တန်းလန်း
ဒီကြားထဲ သူပြုံးတယ်

ရောဂါရဲ. နှိပ်စက်မှုက ဘယ်လောက်ပြင်းတုန်း
တို.ထိုးပေးတဲ့ဆေး အာနိသင် ဘယ်မှာတုန်း
မရဏဆီ သွားတဲ့ ခရီးအလျှင် ဘယ်လောက်မြန်တုန်း
( ငါ့စိတ်ကူး နဲ. မင်းကိုမေးတုန်း )
ဒီကြားထဲ မင်း ပြုံးတယ်
သင်းသင်းမာ
မင်းအမေ ငိုနေတယ်လေ
မင်းမေ့မျောမှုမှာ
ဘယ်အိပ်မက်က စိတ်ချမ်းမြေ.စေလို.
မင်းပြုံးပါသလဲ
နေ.ကြွက်ဖြူနဲ. ညကြွက်မည်းတို.
တလှည့်ဆီ ကိုက်ဖြတ်နေတဲ့
ကမ်းပါးစွန်း သစ်ပင်ကို တွဲခိုရင်း
သစ်ရွက်ပေါ်က ပျားရည်တစ်စကို
အာသာပြင်းပြင်းနဲ. လျက်နေကြ တဲ့လူ.ဘဝ
မင်းနဲ.မှ
ငါ ဘ၀င်ကျကျ နားလည်ခဲ့ပြီသင်းသင်းမာ။ ။

မြား

ပေါက်လာတဲ့ ပျိုးပင်က
ငါစိုက်တဲ့ မျိုးစေ့မှမဟုတ်ပဲ
ငါရေမလောင်း နိုင်ဘူး ချစ်သူ။

မြစ်တစ်ခုမှာ
ရေနှစ်ခါ ချိုးလို. မရရင်
လူတစ်ယောက်ကို
နှစ်ခါပြန် ချစ်လို.မရတာလဲ
ယုတ္တ ဗေဒ မကျဘူးလား။

မနေ.ကမင်းနဲ.
ဒီနေ.မင်းမှ မတူပဲ
မနေ.က ဂီတကို
ဒီနေ. ငါဆိုလို.မရတာ
ငါ့ကို ခွင့်လွှတ်ပါ။

ကလေးရယ်
“ ထိချက် ”က မလွဲဘူး
“ ပစ်မှတ် ”က လွဲခဲ့တာ။ ။

အမှားအယွင်း

ကိုယ်လိုချင်တာကိုယ်ရတယ်ဆိုပေမယ့်
ကိုယ်ရတာကရော
ကိုယ့်ကို လိုချင်ရဲ.လား။

“ အပြန်အလှန် ”ဆိုတာတွေးရင်
အဲဒီည မိုးလင်းတယ်။

ရေငတ်တဲ့လူကို
ကျောက်သံ ပတ္တမြားပေးလည်း
အပိုပါပဲ။

မိုးရွာမယ် ထင်လို.
တိမ်ကိုစောင့်ခဲ့တာပေါ့
လသာမယ်ထင်လို.
ညကို မအိပ်ခဲ့တာပေါ့
ခုတော့
အပိုပါပဲ။



အပိုပါပဲလေ
တစ်လမ်းမောင်းလမ်းဆိုတာ
မှားဝင်မိရင်
ပြန်ကွေ.လို. မရဘူး။

အခုတော့
အပိုပါပဲ။ ။

အရှုံး

လက်ညှိုးနဲ.ကော်တင်လိုက်တဲ့ သဲတွေထဲက သဲတစ်ပွင့်
သောင်ပြင်ပေါ် လျောကျ ဖိတ်စင်သွားသလိုမျိုး
ငါ့မြို.လေးဆီ ငါပြန်လာခဲ့တာပါ။

မြို.ကြီးပြကြီး သားရဲတွင်းကနေ
ငါ့အဖေလည်း အရှူံးနဲ.ပြန်ပြေးခဲ့ဘူးပြီ
ငါလည်း အရှူံးနဲ. ပြန်လာခဲ့ရတယ်
မြို.တော်ကြီးတွေမှာ
ငါတို. ကြုံးဝါးသံတွေ အရေးနိမ့်ခဲ့ပြီ။

ဖုန်၊သဲ၊သွေးတွေ လူးစိုနေတဲ့ ငါတို.အတောင်ပံတွေ
ရှင်းသန်.သုတ်သင်ပေးမယ့် အမေလည်းမရှိတော့ဘူး
တမာနံ.တွေက မြို.လေးမှာမွှေးမြသစ်လွင်လို.
ဟောဒီ
အလဲလဲ အကွဲကွဲ အိမ်ပြန်ပွဲတော်မှာ
အဖေ့ကို ဘယ်လိုပြောရပါ့။ ။

တိတ်ဆိတ်စွာ

မင်းရင်ထဲမှာ
တစ်ခြားတစ်ယောက်များ ရှိလေမလား
သံသယ ဟာ
မာကျော ကျစ်လစ်ခဲ့ပြီ။
ခွင့်လွှတ်ခြင်းနဲ.အတ္တ
ရင်ဆိုင်တိုက်ခိုက်ရင်
အတ္တကနိုင်တယ်
ငါ့ကိုပဲ ချစ်ရမယ်
ငါ့ ကို ပဲ ချစ် ရ မယ်
ကလေးတစ်ယောက်လို
ငါငိုပြီးတောင်းပန်ပါတယ်။

ဓါးနဲ.ခုတ်ဖို. ရွယ်တာနဲ.
ပန်းပွင့်ကို
အဆိပ်ရနံ. ဆွတ်ပြီး လှမ်းပေးတာ
ဘယ်အရာက ပိုပြီးရက်စက်ပါသလဲ။

မင်းအရိပ်အကဲလေးမှာပဲ
တိတ်ဆိတ်စွာ ၀မ်းနည်းတတ်ပြီ ကလေးရေ
ငါ မသိရဲလို. မမေးရဲခဲ့တာ………………

ဧကစာရက်စွဲများ

မင်းမရှိတဲ့ရက်
ငါ့ကို တည်.တည်.၀င်ဆောင့်လို.
နာကျည်းမှုက
မလွမ်းဖို. မလုံလောက်ဘူး။

နောက်တစ်ခါ ပြန်ကြည့်လည်း
ဒီဇာတ်ကားက ဒီဇာတ်သိမ်းပဲ
သစ်ရွက်လှုပ်တာက အစ
ထိထိခိုက်ခိုက် ဖြစ်နေဖို.မကောင်းဘူး
သူ.သဘောသူဆောင်နေတဲ့ လောက
ငါ့သဘော ငါမဆောင်နိုင်တာက ခက်တယ်။

ထိုင်မရ ထမရ သတိရခြင်းမှာ
ထိုင်လိုက် ထလိုက် လုပ်နေမိတော့ ပိုဆိုးတယ်
ဆေးလိပ်နှစ်ဘူးကုန်သွားပြီ
ငါက ဘယ်သွားဆောက်တည်ရမှန်း မသိသေးခဲ့။

တစ်ခုတော့ရှိတယ်
ငါပြန်လာမှ အသက်ရှင်မယ်ဆိုတောင်
ငါ ပြန်မလာတော့ဘူး။ ။

ညီမလေးအတွက်ရေးတဲ့ကဗျာ

အချစ်ဆိုတာဘာလဲ
ငါတကယ် ချစ်မိသွားတဲ့အခါ
ငါတကယ် သိချင်လာခဲ့ပါတယ်။

မနက် မျက်လုံးစဖွင့် ကတည်းက
ညမျက်လုံးမှိတ် အိပ်တဲ့အထိ
အချိန်အားတိုင်း တွေးနေမိတယ်
အဲဒီ ညီမလေး နုဿတိကို
လူတကာလည်း သိခဲ့ပါပြီ။

နေရှိခိုး လရှိခိုးတဲ့
ကမ္ဘာဦး လူရိုင်းရဲ. ယုံကြည်မှုမျိုးနဲ.
ညီမလေးကိုငါ မြတ်နိုးခဲ့တယ်
လောကုတ္တရာမှာ ဗုဒ္ဓကို ကိုးကွယ်ပြီး
လောကီမှာ ညီမလေးကို ကိုးကွယ်ခဲ့တယ်
တကယ်ပါ…………ငါဟာ
“ သာဝက ” ဆန်ဆန် ချစ်တယ်။
နေပဲဟောင်းဟောင်း လပဲဟောင်းဟောင်း
ငါ့အချစ်ကို မပြောင်းတော့ပါဘူး
အကောင်းဆုံးကို ငါတွေ.ခဲ့ပြီပဲ
အလိုချင်ဆုံးဟာ အကောင်းဆုံးဆိုတာလည်း
ငါသိခဲ့ပြီပဲ
နှိုင်းရတရားတွေဟာ
ဒီအချိန်မှာ အသုံးမ၀င်တော့ပါဘူး။

ကဗျာဆရာဟာ
နည်းနည်းတော့ အစွန်းရောက်တယ်
တစ်ဘ၀စာလောက်တော့ မချစ်ချင်ဘူး
နိဗ္ဗန်ကို အတူရောက်ဖို.
ပါရမီတွေ ဇွတ်ဖြည့်ချင်နေမိတာ
ဒါ……ငါ အစစ်ပါပဲ။

ကိုယ့်မေတ္တာကို ကိုယ်ပြန်စစ်ဆေးတယ်
ဘယ်လိုပြောရမှန်း
ဘယ်လောက်ချစ်မှန်းတော့ မသိဘူး
တစ်ခုပဲ
ငါသေမှ သူအသက်ရှင်မယ်ဆို
ငါသေပေးမယ်။

သူသေရင် ငါသေမယ် မပြောချင်ဘူး
ငါသေရင် သူသေပါ မတောင်းဆိုဘူး
ဘယ်တော့မှ စိတ်မပါပဲ စကားမပြောဘူး
ညီမလေးရေ
ကိုယ့်နှုတ်ထွက်စကားနဲ. ကိုယ့်စိတ်ထွက်စကား
အမြဲတမ်း “ အနုရောဓိ ” ဖြစ်ခဲ့ပါတယ်။

ငါ့အကြည့်တွေ ငါ့အပြုံးတွေ
အချစ်နဲ. ကင်းကွာနေတာ ဘယ်မှာရှိလို.လဲ
ငါ့အတွေးတွေ ငါ့အပြောတွေ
ညီမလေး ကောင်းစားဖို.မပါတာ ဘယ်နှစ်ခါရှိခဲ့လဲ
ဘယ်လိုအကြောင်းနဲ.မှ မလွဲဖို.ကို
ငါ့ကိုငါ သစ္စာဆိုခဲ့ပြီးပြီလေ။

အခုဆိုရင်ကိုယ်လေ
( သူများတွေ တူးဖော်မှတွေ.ရမယ့် )
ကျောက်စာတစ်ချပ် မဖြစ်ချင်ဘူး
သစ်တောကြီးတစ်တောစာကို
ကမ္ဘာ တည်သ၍ပေးနိုင်တဲ့
မျိုးစေ့လေးပဲ ဖြစ်ချင်တော့တယ်
အချစ်ဆိုတာ
တိတ်ဆိတ် ခိုင်မာခြင်း မဟုတ်ဘူး
ရှင်သန်ပွားများခြင်းပဲဖြစ်တယ်။

ညီမလေးရေ
နာရီ တစ်ခုထဲက ပင်နီယံ နှစ်ပွင့်လို
တို.အတွေးတွေ စိတ်ကူးတွေတိုင်းဟာ
အံဝင် ဂွင်ကျ လည်ပတ်ခဲ့ပြီ
ဘယ်သူတွေဒီလောက် သွေးတူခဲ့ကြသလဲ
ဘယ်သူတွေဒီလောက် အပေးအယူ မျှခဲ့သလဲ
သံသရာဟာ
နာရီတစ်လုံး ပါပဲ။

သူ.အချစ်ကို ပြန်လိုချင်လို.
ကိုယ့်အချစ်ကို အရင်ပေးရတာ
အရောင်းအ၀ယ် မဆန်လွန်းဘူးလား
ကိုယ်က
ထီးတစ်လက်လို
သူလိုအပ်မှ ဖွင့်မနေစေရဘူး
သစ်ပင်လေးလို
( နေပူထဲမှာ )
အမြဲတမ်း အဆင် “ သင့် ” နေမယ်။

ကိုယ်ဟာ လေတံခွန်ကြိုး ဖြစ်တယ်
သူ လှပစွာ ပျံဝဲဖို.နဲ.
လေလွင့် ပါမသွားအောင် ကူညီမယ်
ငါ့ထိန်းသိမ်းမှုဟာ သူမြင့်မားဖို.ပါပဲ
ချုပ်နှောင်ထားတယ်လို.များ
ညီမလေး အထင်မမှားလိုက်ပါနဲ.။

သူကျေနပ်ဖို.
ကိုယ့်နာကျင်ခြင်းတွေ မြိုသိပ်ပေးမယ်
သူဖြောင့်မှန်ဖို.
အမုန်းခံပြီး ကိုယ်ပြင်ဆင်မယ်
အဲဒီလိုမျိုး
တဇွတ်ထိုးဆန်ဆန်
တယူသန် တဖက်စွန်း ငါချစ်ခဲ့တာ။

ညီမလေး အကြောင်း မကောင်းပြောသူဟာ
ငါ့ရန်သူပဲ
အမှန်တရားကို ငါချစ်ပါတယ်
ဒါပေမယ့်
ညီမလေးကို ငါ ပိုချစ်ပါတယ်
ငါ့ကို ခွင့်လွှတ်လိုက်ကြပါ
သူဟာ ငါ့ရဲ. အမှန်ဆုံးတရားမို.ပါ။

ညီမလေး အတွက်
ငါ့ရုပ်ခန္ဓာဟာ ပေးဆပ်ဖို.ဖြစ်ပြီး
ငါ့စိတ်ဝိဥာဉ်ဟာ မြတ်နိုးဖို.ဖြစ်တယ်
ငါ့ သံယောဇဉ် မှန်သမျှကို
ညီမလေးဆီမှာဇောက်ချချည်နှောင်ခဲ့တယ်။

တနယ်တကျေး အလည်ရောက်တုန်းက
ငါ့ ရင်ခွင်ထဲ လာဝပ်တဲ့
ကြောင်ပေါက်စလေးရဲ. အမွှေးပွပွလေးကို
လက်ဖျားလေးနဲ. ပွတ်သပ်နေရတဲ့ နူးညံ့မှုမျိုးနဲ.
ညီမလေးကို………ငါ
ဘာမျော်လင့်ချက်မှ မပါပဲ ချစ်ခဲ့တယ်။

အိုမင်း မစွမ်းမှာစိုက်မိတဲ့
သစ်ပင်ပေါက်ကလေးကို ယုယမိသလိုမျိုး
နောင်ရေးကို မမျော်ကိုးပဲ
ညီမလေးကို ……ငါ……မြတ်နိုးခဲ့
တကယ့်ကို သန်.သန်.စင်စင်လေး။

ညီမလေးရယ်
ပေးဆပ်ခြင်းသက်သက်နဲ. မြတ်နိုးခဲ့သလို
မြတ်နိုးခြင်းသက်သက်နဲ. ပေးဆပ်ခဲ့ပါတယ်
မုသားမပါပဲ ချောမွေ.ခဲ့တဲ့ ကဗျာ
ဒါ………အချစ်ကြောင့်ပါ။
ပိုင်ဆိုင်လိုခြင်း မပါလို.
ကိုယ်……မငြင်းခဲ့ပါညီမလေး
ပေးဆပ်ချင်လို. ပိုင်လိုခဲ့တာ
ကိုယ့်လက်ထဲရှိမှ ကိုယ်ကြင်နာခွင့်ရမှာပေါ့။

ပျိုးပင်လေးတွေ.တဲ့ ဥယျာဉ်မှူးတစ်ယောက်လို
ယုယစွာ စောင့်ရှောက်မြတ်နိုးဖို.
လက်ထဲမှာ ပိုင်ဆိုင်လိုရင်းနဲ.
ငါ့အချစ်ဟာ အတ္တဆန်ခဲ့ပါတယ်
အဲဒီ အတ္တ စစ်စစ်ကပဲ
အနာဂတ်နဲ.ငါ့ကို ဆက်သွယ်လည်ပတ်စေတဲ့
ယန္တရားကြိုးလည်းဖြစ်တယ်
အနုပညာနဲ.ငါ့ကို တောက်မှုန်ဝင်းဖြာစေတဲ့
သုခုမ တောင်ပံ လည်း……ဖြစ်ခဲ့တယ်။

နင့်ကိုလေ
လသား အရွယ်လေး ဖြစ်စေချင်တယ်
ရင်ခွင်ထဲမှာ အမြဲပိုက်ထားလိုက်မယ်
ဘယ်ကိုမှမသွားစေရဘူး
င့ါ စိတ်ပူ စိုးရိမ်သောကဟာ
မင်းထင်တာထက် နှစ်ဆသုံးဆ ရှိတယ်။

မင်းအမေထက် ငါဂရုစိုက်ခဲ့တယ်
မင်းအဖေထက် ငါဂရုစိုက်ခဲ့တယ်
မင်းမနေတတ်လောက်အောင် ငါဂရုစိုက်ခဲ့တယ်
မင်းအမြင်ကတ်လောက်အောင် ငါဂရုစိုက်ခဲ့တယ်
အဲဒီ မြတ်နိုးမှု အလုံးစုံကို
မင်းအသိပါ ညီမလေး။

အမြဲတမ်း အရှုံးပေးနေမယ် မပြောဘူး
အချစ်ဟာ ချိန်သီးတစ်လုံး ဆိုရင်
တစ်ဖက်စွန်းက တွန်းအားဟာ
အကြင်နာနဲ. ကရုဏာ ဖြစ်ပြီး
အခြားအစွန်းက တွန်းအားဟာ
နာကျင်ခြင်းနဲ. ဒေါသ ဖြစ်တယ်
နှစ်ဖက်စလုံးဟာ
ချိန်သီးလေးကို ရှင်သန်လှုပ်ယမ်းစေတယ်။

စိတ်တိုစွာ ချစ်ရချိန်မှာ ငါအော်ဟစ်ပြီး
မြတ်နိုးစွာ ချစ်ရချိန်မှာ ငါနူးညံ့မယ်
ဥပေက္ခာနဲ. အေးစက်သွားတဲ့ ကာလမျိုး
ငါ့မှာ မရှိခဲ့ပါဘူး
ငါစိတ်ဆိုးတိုင်း ငါစိတ်နာတိုင်း
( မှန်ကို သဲနဲ.ပွတ်တိုက်လိုက်သလို )
ငါ့အချစ်ဟာ ပိုမိုသန်.စင် ၀င်းပလာခဲ့တယ်။

ညီမလေးရေ
မင်းရဲ.ကြင်နာခြင်းမှာ
နာကျင်စွာနဲ. ပီတိပွားခဲ့ပြီ
မင်းရဲ.ပေးဆပ်ခြင်းမှာ
နောင်တတွေနဲ. ကျေနပ်တတ်ခဲ့ပြီ
ဟောဒီလို တမြေ့မြေ့နဲ.
ငွေ.ရည်ဖွဲ. သမုဒယ ဟာ
သမုဒ္ဒရာ ရဲ. အစမဟုတ်ဘူးလို.
ဘယ်သူပြောနိုင်သလဲ။

အချစ်ဟာ
ဖွင့်ဆိုချက်တွေ မလိုအပ်ဘူး
ငါ့အတွက်ကတော့
မင်းမျက်ခွံလေး ဒီနေ. ဘာရောင်ဆိုးတယ်ဆိုတာ
သိခွင့်ရနေတာ အချစ်ပေါ့
မင်းနှုတ်ခမ်းနီတွေ စွန်းသွားတဲ့
လက်ဖက်ရည်ခွက်ကို ဆက်သောက်ခွင့်ရနေတာ အချစ်ပေါ့
မင်း စိတ်ဆိုးတဲ့အခါတိုင်း
မျက်နှာငယ်ငယ်နဲ. လိုက်ချော့နေရတာ အချစ်ပေါ့
ဒီလိုနဲ. ………… ငါဟာ
လူဖြစ်ကျိုး နပ်ခဲ့တယ်။

လေးနဲ.မြားလို
ဘိုးတံနဲ. တယောလို
ညီမလေးရယ် ငါရယ်
တာဝန်တစ်ခုထဲကို အတူတူ ထမ်းဆောင်ချင်တယ်
ပင်လယ်ထဲမှာ လှိုင်းတွေခိုအောင်းနေသလို
ညထဲမှာ အမှောင်ခိုအောင်းနေသလို
သူနဲ.ငါ တသားတည်း ဖြစ်ချင်တယ်
နင်………မရယ်လိုက်ပါနဲ.နော်။

ကလေးရယ်
ငါတစ်ယောက်တည်း မကြီးမြတ်ချင်တော့ဘူး
ငါ့အကြောင်းပြောရင် မင်းအကြောင်းတွဲရက်ပါမှ
မင်းရာဇ၀င်ပြောရင် ငါ့ရာဇ၀င်ဖြစ်နေမှ
အဲဒီလို “သမိုင်းဖြည့်ဘက်” အဖြစ်
သံသရာအထိ ချစ်သွားချင်တာ။

ဆုံးသွားတဲ့ ငါ့အမေကို ငါမြတ်နိုးသလိုမျိုး
ဝေးနေတဲ့ မောင်နှမတွေကို ငါကြည်ဖြူသလိုမျိုး
ရှားရှားပါးပါး သူငယ်ချင်းတွေကို ငါနားလည်သလိုမျိုး
သိမ်မွေ.တဲ့ အနုပညာကို ငါ တွယ်တာသလိုမျိုး
ညီမလေးကို အလုံးစုံ အားကိုးခဲ့တယ်
ဒါ……အရိုးဆုံး စကားလည်း ဖြစ်တယ်
အမှန်ဆုံးတရားလည်း ဖြစ်တယ်။

အချစ်ဆိုတာဘာလဲ ညီမလေး
တကယ်တမ်း ချစ်မိသွားတဲ့အခါ
သိစရာ မလိုတော့ပါဘူး။ ။

သတိရခြင်း

သြော်…….အားလုံးလည်း
ပြီးဆုံးခဲ့ပြီကော။

အအိပ်ရဲ့ ဟိုးတစ်ဖက်မှာ
ကျန်ခဲ့တဲ့ အိပ်မက်တွေလို
ငိုချင်ဖွယ်သမုဒယတွေလည်း
ဘာမှ မဟုတ်ပြန်လေဘူး။

ငလျှင်ရဲ့လှိုင်းလိုပဲ
သည်းထန်လွမ်းစိတ်
အိပ်မက်ထဲကျန်ရစ်ပေါ့။

အားလုံး……..အားလုံး…..
ပြီးဆုံးလို.သွားခဲ့ပြီပဲပေါ့။

ကာလရဲ့ဆန်.ထုတ်ခြင်းနဲ.
မင်းနဲ.ငါခြားနားခဲ့ရ
ဖြူလွလွပန်းတွေ
ဘယ်နှစ်ကြိမ် ဝေကြပြီလဲ
ရင်ထဲကကျောင်းတော်ကြီးမှာ
ငါတစ်ယောက်တော့ ရှိသေးတယ်။

ကွယ်…….တကယ်တော့
ဖြူဖျော့တော့လာတဲ့
အခါခါ အမှတ်ရဖြစ်ခြင်းဟာ
သစ်လွင်မှုကို မပေးပြန်ဘူး။

အစားထိုးမရလို.
လှစ်ဟထားခဲ့ရတဲ့
နှလုံးသားရဲ.တစ်နေရာ
လစ်ဟာခြင်းတွေပြည့်သိပ်
တိတ်ဆိတ် ……အေးစက်……နေပြီကော။

သြော်…..တကယ်ပဲကွယ်
ဘယ်သူကမှ
သတိရစွာ
လာသတင်းမပေးကြတော့ဘူး။

တစ်နှစ်မှတစ်ခါနှစ်ခါ
ဝင်လာတဲ့တမ်းတခြင်းမှာ
ညှင်းညံ့သိမ်မွေ.
အတိတ်ရဲ.တစ်နေ.ကလို
ခါးရှခြင်းတွေမရှိပြီ။

ပစ္စုပ္ပန်ဘ၀မှာ
အရင်ကလို
ချိုမြပူနွေးခြင်းများ
ခံစားလို.မရပြီလား။

ဟောဒီလိုပြီဆုံးခြင်းမှာ
တစ်ခါက
ဘာမှမဖြစ်ခဲ့သလိုပဲ
အေးခဲစွာငြိမ်သက်
အတိမ်အနက်မဲ့ဘ၀လို
ဖြစ်ရပြီလား။

ပြဇာတ်တစ်ပုဒ်ပမာ
ကန်.လန်.ကာအချ
ပြခဲ့တဲ့ဇာတ်
ဇာတ်ဆောင်ရော ပရိသတ်ပါ
မေ့တတ်နေပြီလား။

နန်းကျဘုရင်တစ်ပါးလို
ဘုရင်သစ်ဆီသွားတဲ့လမ်းဘေးက
ဟိုနန်းတော်ကိုတွေးတွေးပြီး
ငေးနေရပြီလား။

နုပျိုခြင်းသက်သက်ကိုသာ
ရက်စက်စွာဖြိုချ
ငါကျခဲ့တဲ့ချောက်ကမ်းပါးမှာ
အမှတ်ထားစရာ ဘာကျန်ပါလိမ့်။

အဲဒီလို
အဓိပ္ပါယ်မဲ့ဖြစ်ပျက်ခြင်းလို.
မင်းနဲ.ငါတွေးတတ်ခဲ့ရင်
ဖြစ်စဉ်ကိုတွန်းလှန်
ကံကြမ္မာကို ငြင်းကြမိမယ်ပေါ့။

အကုန်လုံး
ပြီးဆုံးလို.
ပြောင်းလဲသွားပြီကော။

အခုတော့
ဘယ်သင်းကမှ ငါ့ကို
ပူနွေးလှိုက်ဖိုအောင်
မစွမ်းဆောင်နိုင်တော့ဘူး။

ဥပေက္ခာတော့
မဟုတ်ပါလေဘူး။

ရူးမတတ်ကြောက်တတ်ပေမယ့်
ပါးချပ်တတ်ပါများတဲ့မြင်းလို
ခံတွင်းမှာ အသားမာတက်
အေးစက်ခဲ့ပြီလေ။

နွေဦးမြင်ခိုက်မှာ
လှိုက်မောတတ်တဲ့အရွယ်ကနေ
နွေပြင်းပြင်းမှာ
ခရီးပြင်းနှင်ခဲ့ရတဲ့
ကန္တာရကုန်သည်ပါ
ငါပဲပေါ့။

ပူပြင်းခြင်းရဲ.တစ်နေရာ
အေးငြိမ်းရာရှိမှာပါ
ဒါပေမယ့်
လိုက်ရှာလိုက်ရင်
ငါသွားမယ့်အရပ်
မျက်ချည်ပြတ်ရမှာပဲ။
ကံကြမ္မာရဲ.လက်ကို
ငါ့ဇက်ကြိုးပုံပေးလိုက်ပါတယ်
တကယ်တန်းမှာ
မာနဆိုတာကလည်း
နည်းနည်းမှ အသုံးမကျပါဘူး။

ဘယ်သူ
မြတ်နိုးစွာရိုကျိုးဘူးပါသလဲ
ငါတို.နဲ. ငါတို.ကြားမှာ
မာနတွေခြားခဲ့ပြီပေါ့။

မင်းတစ်ယောက်
ဘယ်ဝန်ကိုထမ်းပြီး
ဘယ်လမ်းကိုလျောက်နေပြီလဲ
သိလည်းမသိချင်တော့ပါဘူး။

ရှိပါစေတော့ကွယ်
ငယ်ငယ်ကကျောင်းတော်ကြီးရဲ.အ၀မှာ
ဖြူလွလွပန်းတွေ
ဝေနေကြဦးမှာပါ။

ဒီတော့
ပွင့်တဲ့ပန်းတွေလည်းပွင့်ပါစေ
ကြွေတဲ့ပန်းတွေလည်းကြွေပါစေ
ဝေခြင်းကြွေခြင်းဟာ
ငါတို.နဲ.မဆိုင်တော့ပါဘူး။

မြေပုံတွင်းနက်နက်မှာ
ငြိမ်သက်ရမယ့်ကာလတွေမှာ
ငါတို.နဲ.မသက်ဆိုင်တဲ့ပန်းတွေ
သူ.လမ်းမှာသူပွင့်ပါစေတော့။

သက်ဆိုင်တယ်လို.ထင်တဲ့
ကာလတွေကိုလည်း
ရင်ထဲမှာမပျက်မစီး
အထီးကျန်ကျန်ရှိစေတော့။

မြင်ရတဲ့အရာ မမြင်ရတဲ့အရာ
ငါတို.ယုံကြည်ခြင်းတွေ
စီးမျောရင်းသာ
လှိုက်ဖိုမောခဲ့တာ ကြာပါပြီလေ။

သူတို.ကိုလည်း
ငါလွှတ်လိုက်ပါပြီ
သွားပါစေ………….
သွား ပါ စေ
သွား ပါ စေ တော့။ ။

Thursday, January 14, 2010



ပုံပြင်-၂

(ပုံပြောပါဆိုလို. ပြောရတဲ့ပုံပြင်)


ဟိုးရှေးရှေးတုန်းက
နတ်သမီးလေးတစ်ပါး
လယ်လယ်သွားတယ်ဆိုကြပါစို.။

တောအုပ်ကပန်းတွေချည်းပွင့်တယ်
နတ်သမီးဆိုတာကလည်း
ပန်းကလေးလိုပါပဲ
ရွှေအဆင်းရုပ်ထုလေးပဲပေါ့
တစ်ခုတော့ရှိတယ်
သူကပျော်တတ်စတတ်တယ်
လိပ်ပြာလေးတွေကို
သူ.တန်ခိုးနဲ.ပန်းပွင့်တွေဝှက်ထားတာမျိုး
ကြယ်လေးတွေကို
ခရေပွင့်အဖြစ်ပြောင်းတာမျိုး
အဲသလိုမျိုး
ရိုးသားတဲ့စနောက်မှုလေးတွေနဲ.လေ။

နတ်သမီးလေးလေ
တောထဲမှာ
နှင်းဆီပင်ကို
ဆူးတွေဖြုတ်ပစ်ဖို.သင့်မသင့်
စဉ်းစားနေတုန်း
ခါးကုန်းကြီးတစ်ယောက်ကိုတွေ.ရောတဲ့။

ဒါနဲ.ပဲ
သနားတတ်တဲ့နတ်သမီးလေးက
ခါးကုန်းကြီးကိုပျော်အောင်လုပ်ပေးဖို.စဉ်းစားပြီး
ခါးကုန်းမကြီးယောင်ဆောင်လိုက်ပါလေရော။

ပြီးတော့
ခါးကုန်းကြီးဆီသွား
တူတူပုန်းတန်းဆော့မယ်တဲ့
အဖေါ်မဲ့ခါးကုန်းကြီးပျော်သွားတယ်
ဆော့မယ်ပေါ့
တစ်ယောက်တစ်လှည့်ပုန်းဖို.မဲချတော့
ခါးကုန်းမကြီးမဲကျတယ်
ခါးကုန်းမကြီးက
ခေါင်းလောင်းပန်းပင်လေးထဲဝင်ပုန်းတုန်း
တစ်ခုသောခေါင်းလောင်းပန်းလေးကို
ခလုတ်တိုက်မိလိုက်တော့
ဂီတသံလေးနဲ.အတူ
ပန်းပွင့်နတ်သားလေးပေါ်လာတယ်။

နတ်သမီးလေးဟာ
နတ်သားလေးကိုမြင်မြင်ချင်းချစ်သွားတော့
မူလနတ်သမီးလေးလိုပြန်ပြောင်းလိုက်တယ်
နတ်သားလေးလည်း
သိပ်လှတဲ့နတ်သမီးလေးကိုချစ်သွားတယ်
နှစ်ယောက်သားလျောက်လယ်ကြဖို.တိုင်ပင်တယ်။

နတ်သမီးလေးက
ခါးကုန်းကြီးကိုမမေ့ပါဘူး
သူရှာနေတဲ့ဆီသွားပြီး
သူပြန်တော့မှာမို. ဆက်မရှာဖို.ပြောခဲ့တယ်။

ခါးကုန်းကြီးက
နတ်သမီးလေးကိုပြုံးပြပါတယ်
ဘာမှတော့မပြောဘူး
နတ်သမီးလေးထွက်သွားမှ
ဆက်ကာဆက်ကာသူရှာတယ်
ဟုတ်တယ်လေ
သူရှာနေတာနတ်သမီးလေးမဟုတ်ပါဘူး
ခါးကုန်းမကြီးပါ။

ဒီနေ.ထိလည်း
တောထဲမှာ
ခါးကုန်းကြီးတစ်ယောက်
ခါးကုန်းမကြီးကိုရှာနေတုန်းပါ
မရှာနဲ.တော့လို.များ
မပြောလိုက်ပါနဲ.
ကမ္ဘာပေါ်မှာ သူပိုင်ဆိုင်တာက
မျှော်လင့်ချက်တစ်ခုတည်းပါ။

ပုံပြင်ဆုံးရင်
သင်ခန်းစာပေးရတယ်
ကလေးတို.ရေ
လောကကြီးမှာ
အထီးကျန်ခါးကုန်းကြီးကိုသနားရင်
ခါးကုန်းမကြီးလိုများ
အယောင်မဆောင်ကြပါနဲ.နော်။

ခါးကုန်းကြီးဟာ
နတ်သမီးလေးကိုမတောင်းဆိုခဲ့ပါဘူး
သူနဲ.တန်ရာတန်ရာ
ခါးကုန်းမကြီးကိုတောင်သူမရခဲ့ဘူး
ဒီတော့
လူတစ်ယောက်ကိုသနားလို.ကူညီချင်ရင်
ဒီပုံပြင်လေးကိုသတိရပါ။

ပုံပြင်လေးကတော့ဒါပါပဲကွယ်။ ။

ပုံပြင်

(၁)
အွန်လိုင်းစောင့်အဘိုးအို၏ရှုံ.တွနေသောပါးပြင်အရေပြားတွန်.လိပ်သွားသည်အထိပြုံးလိုက်သည်။ဝတ်မှုန်နတ်သမီးလေး ၀င်ရောက်လာပြီ။ နတ်သမီးလေး၏ ကိုယ်သင်းနံ.ဖွဖွရှရှသည် ကမ္ဘာတစ်ဖက်စွန်းရှိ သူစောင့် ကြပ်နေသော မော်နီတာကိုဖြတ်၍ ၀င်လာသည်။ နတ်သမီးလေး၏အစောင့်ကို သူလှမ်းမေးလိုက်သည်။
“သူဘာလုပ်ချင်နေတာလဲဟေ့”
အစောင့်ကသူ.ကိုနှာခေါင်းရှုံ.ပြသည်။
“ဂိမ်းလည်းမဆော့ချင်ဘူး။ စာလည်းမဖတ်ချင်ဘူးတဲ့။ တစ်ယောက်ယောက်နဲ. ချက်တင်းထိုင်မလို.တဲ့”
အဘိုးအို၏ လက်ချောင်းပိန်ပိန်များ ကီးဘုတ်ပေါ်ဝယ် တဖျတ်ဖျတ်ပြေးသွားသည်။ နတ်သမီးလေးနှင့် သင့်တော်သောနတ်လုလင်တစ်ဦးတစ်လေ ရှိလေမည်လား ရှာကြည့်မိသည်။ မတွေ.။ ကဝေမလေးသုံးယောက် လောက်နှင့်ချက်တင်းဝင်နေသော ဂျီသရဲလေးနှစ်ကောင်၊ မလိမ်မိုးမလိမ်မာအီးမှင်စာလေးများ၊ နတ်သမီးများကို စိတ်မ၀င်စားသော အွန်လိုင်းယောဂီကြီးများသာ တွေ.နေရသည်။
အဘိုးအို သက်ပြင်းချလိုက်သည်။
“ငါပဲဝင်မှဖြစ်မှာပါကွာ။ဒီကလေးမလေး၊ အွန်လိုင်းဝင်္ဂဘာတောက နက်ပါသဘိနဲ.။တော်ကြာ ဟက်ကာ သရဲကြီးတွေ၊ တော့ခ်စုန်းတွေနဲ. တွေ.လို. အဖမ်းစားခံနေရပါဦးမယ်”
သူ.လက်ချောင်းများကီးဘုတ်ပေါ်တွင်လှုပ်ရှားသွားပြန်သည်။မကြာမီ နတ်သမီးလေး၏ မော်နီတာဝယ် မီးစိမ်းလေးလင်းလာသည်။ တိုးတိတ်သော နှုတ်ဆက်သံကိုသူမကြားပါလိမ့်မည်။
“ဟိုင်း”
(၂)
နတ်သမီးလေး ၀က်ဘ်ဆိုက်ပန်းရုံများအလည် ပျော်မြူးနေသည်ကို သူကြည့်ရင်း ကြည်ကြည်နူးနူးပြုံး လိုက်သည်။ဒီလိုအခါမျိုးဝယ်သူတိတ်တိတ်လေးနေပါသည်။သူမ၏ဖြူသွယ်သောလက်ချောင်းကလေးများကီးဘုတ်ပေါ်မှာပြေးလွှားနေသည်ကိုသူမနှောင့်ယှက်ဘူးခဲ့။သူမပျင်းရိသည့်အခါမျိုးတွင်လည်းသူစကားပြောပေးဖို.၀န်မလေးဘူးခဲ့ပါ။
“သူအသက်ဘယ်လောက်ရှိပြီလဲဟင်”
သူကြေကွဲစွာပြုံးလိုက်သည်။
“အဲဒါလိုလို.လားကွယ်”
မော်နီတာဝယ် အပြုံးသင်္ကေတလေး လက်လာသည်။သူမ၏အပြုံးရနံ.ကို ကြားလိုက်ရသည်။
“ဟုတ်ပါတယ်။ မလိုပါဘူး။ ဒါပေမယ့် သမီးက မလေးမစားလုပ်မိမှာ စိုးလို.ပါ”
“မလုပ်ပါဘူး။မင်းက သိပ်…….သိပ်လိမ္မာပါတယ်”
ရယ်သံအပြာရောင်လေးကိုမြင်ရသည်။
“ပျင်းတယ်။ ပုံပြောပြ”
“ရယ်စရာဂိမ်း ပို.ပေးရမလား”
“ဟင့်အင် ၊ ပုံပဲနားထောင်ချင်တယ်”
သူအားယူလိုက်သည်။ သူမလေးပျော်ဖို.ပါ။
“တစ်ခါက အွန်လိုင်းခါးကုန်းကြီးတစ်ယောက် ရှိသတဲ့။အဲဒီခါးကုန်းကြီးဟာ တစ်နေ.တော့ တောထဲမှာ မျက်စိလည်နေတဲ့ယုန်မလေးတစ်ကောင်ကိုတွေ.သတဲ့။ခါးကုန်းကြီးက ယုန်လေးကို သမီး၊ အဘလမ်းပြမယ်လို. ပြောလိုက်တယ်။ဒါပေမယ့်နဂိုကတည်းကတောထဲမှာထိတ်လန်.နေတဲ့ ယုန်လေးဟာ အရုပ်ဆိုးဆိုး။ အသံကွဲကွဲ ခါးကုန်းကြီးကိုတွေ.တာနဲ.လန်.ပြီး သတိလစ်သွားပါလေရော”
ရယ်သံလွင်လွင်ကို မြင်ရပြန်လေသည်။
“သူကတော့ ရုပ်ဆိုးဆိုးအဘိုးကြီး မဟုတ်လောက်ပါဘူးနော်”
သူထိတ်လန်.တကြားမော့ကြည့်မိသည်။နတ်သမီးလေး၏အစောင့်ကခေါင်းယမ်းပြသည်။ဟုတ်တာပေါ့၊သိပ်ဟုတ်တာပေါ့ကွယ်။ပြောလိုက်သည့်စကားသည်ရင်ထဲမှာပင် ပျောက်သွားသည်။သူမ၏ ပျော်ရွှင်မှုလေးကို မပျောက်ကွယ်စေချင်ပါ။အခွင့်အရေးယူဖို.မဟုတ်ပါဘူးကွယ်။
ကီးဘုတ်ပေါ်ရှိ “ပီ” ဟူသော ခလုပ်ဝယ် စိန်ပွင့်တစ်ပွင့်။သူဘယ်အချိန်က ကျပါသနည်း။
(၃)
အတုံ.အပြန်မလိုသော သံယောဇဉ်ကို အဘယ်သူနားလည်ပါမည်နည်း။ကိုယ်ခူးပေးသော ပန်းပွင့်လေး ဖြင့် သူပျော်နေသည်ကိုသာ မြင်လိုခဲ့သည်။သူမကိုပန်းလိုခူးဖို. စိတ်ကူးပင်မကူးခဲ့ဘူးပါ။သူမပို.ပေးသော ပုံလေး များကို မှော်ကြိမ်လုံးအကူအညီနှင့် ပန်းပွင့်လေးတွေ သီကုံးပန်ပေးခဲ့ဘူးပါသည်။သူမ၏ ဒေ၀တာရယ်မောသံ ကို အိပ်မက်ထဲအထိ မက်နေခဲ့ဘူးပါသည်။ သို.သော်……….
အို……ဘယ့်၊ပန်းပွင့်ငယ်၊ မြောက်ပြန်လေတကြော၌ မောပန်းနေသူ တစ်ယောက်ကို ရနံ.ဖြင့်သက်သာ စေသည့်အတွက်ငါကျေးဇူးဆိုပါသည်။သင့်ပါးပြင်မို.မို.၌သာအလံဖြူလွှင့်တင်လိုပါသည်။အရှုံးထက်ကြောက်ဖို.ကောင်းသောအရာမှာမိုက်မဲမှုသာဖြစ်သည်ကို ငါကောင်းစွာသိပါသည်။ထို.ကြောင့်ငါအရှုံးကို ရွေးချယ်ပါသည်။
လူတစ်ယောက်၏အကျိုးကိုလိုလားသဖြင့် လိမ်လည်သော်လည်း တရားကိုယ်အားဖြင့် လိမ်လည်သည် သာတည်း။ထိုဝဍ္ဍ်မှကျွတ်လွတ်ခဲ့သူမရှိခဲ့ဖူးပါ။ငါလည်းတစ်နေ.ခံရမည်ကိုသိပါသည်။သို.သော်နောက်တစ်ကြိမ်အခွင့်အရေးလည်းရမည်၊ သင်လည်းပျော်ရွှင်မည်ဆိုပါက ငါထပ်မံလိမ်လည်ပါဦးမည်။
ငါ့အားခွင့်လွှတ်မှုကို မတောင်းဆိုပါ။ သူပျော်ရွှင်အောင် ဖန်တည်းပေးခွင့်သာ ငါတောင်းဆိုပါသည်။
ထို.ကြောင့်သာတည်း။
အို………ဘယ့်၊ကလေးငယ်။ ငါသည်………………………
(၄)
“ခင်ဗျားသူ.ကိုလိမ်ထားတယ်”
နတ်လုလင်၏ စကားကိုသူမဖြေပဲပြန်မေးလိုက်သည်။
“မင်းကဘယ်သူလဲ”
“ကျုပ်သူ.ရဲ.ပိုင်ရှင်ပဲ”
ဖြစ်လာနိုင်သည်ဟု ကြိုတွေးထားပါရက်နှင့် သြော် ဟုဝမ်းနည်းသွားမိသေးသည်။
“ခင်ဗျားဘာလို.သူကိုလိမ်တာလဲ”
အဖြေခက်သောမေးခွန်းကို ထပ်မေးပြန်သည်။
“ကျုပ်မှာသဘောဆိုးမရှိပါဘူး”
တိုးတိတ်စွာ၊ ဖျော့တော့စွာ ဖြေရသည်။
“ကျုပ်မယုံဘူး၊ သူ.ကို ပြောပြရမယ်”
“ဟင့်အင်း၊ မပြောရဘူး”
ခြောက်ခြားစွာ အော်ဟစ်လိုက်မိသည်။
“ကျုပ်…….ကျုပ်ကိုမုန်းတာက ကိစ္စမရှိဘူး။ သူအွန်လိုင်းမှာ မပျော်ပဲဖြစ်သွားလိမ်.မယ်”
“ကောင်းပြီလေ”
အေးစက်သော စကားကိုကြားရပြန်သည်။
“မပြောစေချင်ရင် ကျုပ်ခိုင်းတာလုပ်ရမယ်”
“ဘာလုပ်ရမလဲ”
“ခင်ဗျားအွန်လိုင်းမှာ ဘယ်တော့မှ မ၀င်နဲ.တော့”
အို…….ဘ၀စာသားများတွန်.လိပ်ကွေ.ကောက်၊ ခြောက်ခြားကြေမွ၊ ခါးသည်၊ခါးသည်၊ခါးသည်။
“မ……..ဖြစ်…..ဘူး……..ဒါ…ဒါ………ကျုပ်ဘ၀”
“ရတယ်လေ၊ခင်ဗျာညာထားတာ သူ.ကိုပြောလိုက်မယ်။ဒါဆိုသူခင်ဗျားကို ဘလော့ခ်ကျိန်စာတိုက်မှာပဲ။ စောင့်ကြည့်လေ”
ဘလော့ခ်ကျိန်စာ။ဝတ်မှုန်နတ်သမီး၏အမုန်းအတိပြီးသောကျိန်စာလက်နက်။လက်ဖျားတွေအေးစက်လာသည်။ဘ၀၀ယ်မြူခါးတွေဆိုင်းညို.လာသလို ခံစားလိုက်ရသည်။
“ကျုပ်…….ကျုပ်………သွားပါ့မယ်”
ကိုယ့်စကားကိုယ်ခါးသည်။နှုတ်ဆက်ခဲ့ပါတယ်။ကံမကောင်းသူတို.ဟာတစ်ယောက်တည်းနားထောင်သူမရှိနှုတ်ဆက်ရတတ်ပါတယ်။ ကြားမှာတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့်…………..
နှုတ်ဆက်ခဲ့ပါတယ်ကွယ်။


(၅)
ဒါပါပဲချစ်သူ။
အွန်လိုင်းပေါ်ကရုတ်တရက်ပျောက်သွားသူတစ်ယောက်အကြောင်းစဉ်းစားမိရင်ဒီပုံပြင်လေးကိုသတိရပါ။ကိုယ်ကတော့မော်နီတာနဲ.ကီးဘုတ်တို.ရဲ.ဝေးရာမှာတစ္ဆေတစ်ကောင်လိုအထီးကျန်နာကျင်စွာနေနေရဆဲပါ ချစ်သူ။ ။

နှင်းဆီ

ပန်းအိုးထဲက
ရောင်စုံ ပလတ်စတစ်များနှင့်
အ၀တ်စများ
သူ.ကိုလည်းနှင်းဆီလို. ခေါ်ကြလေတယ်။

ပုံသဏ္ဌာန်အားဖြင့် တုပ
တကယ်က အလှကြည့်ရန်သက်သက်။

သူ.သူငယ်ချင်းများ
ငါ့သူငယ်ချင်းများ
ငါ့ကို
“ သူ.ချစ်သူ ”ဟု ခေါ်ဝေါ် သုံးစွဲတိုင်း
ငါ သိမ်ငယ်စွာပြုံးပြရပြန်တယ်။

ငါသည်
ထိုသို.သော နှင်းဆီ တစ်ပွင့်မျှသာ။ ။

လမ်းညွှန်မြေပုံ








အိပ်ယာကထပြီဆို
ကိုယ့်ကိုကိုယ်ပြန်ရှာနေရတာ
အကျင့်ဖြစ်နေပြီ
အဖေနဲ.အမေ
အသေအချာစာလုံးပေါင်းမပေးလိုက်တဲ့နာမည်
ငါဖြစ်ခဲ့ပြီ။

ကဗျာဆရာငါ
ဆရာဝန်ငါ
လူလိမ္မာငါ
လူယုတ်မာငါ
ဘယ်သူဟာငါလဲ
ငါ့ဘ၀ ရဲ.ထောင့်တိုင်းမှာ
မျက်မမြင်ပုဏ္ဏားများစွာ…………
သိက္ခာကို ထမင်းနဲ.လဲရတိုင်း
ငါ့မျက်ရည်ဟာငါ့သွေးဖြစ်လို.
ငါ့သွားဟာ
လမ်းကြိတ်စက်ဖြစ်လို.
ငါ့စိတ်ဟာ
ချုံထဲမှာချိုသွေးလို.
ငါ့ဝိဥာဉ်တော့
မညှိုးစေခဲ့ဘူး
ဘာကြောင့်လဲသိလား
ငါ့နှလုံးသားဟာ
ခြင်္သေ့အောင်းတဲ့ဂူ။

ငါ့အမာရွတ်တွေဟာ
ငါ့သံချပ်ကာအင်္ကျီပဲ
ပင်လယ်လို
ငါ့တည်ငြိမ်မှုက အနက်ရှိုင်းဆုံးမှာ
တိမ်တွေလို
ငါ့ခံနိုင်ရည်က စိတ်မွှာမှုမှာ။



ငါ့ယဉ်ကျေးမှုကိုငါမောင်းတင်လိုက်တော့
သံချေးသံကြားတယ်
ပျက်စီးပါစေ
ငါ့လည်တိုင်ကိုကျောက်သားနဲ.ထုဆစ်ထားတယ်
ကျိုးပဲ့ချင်ကျိုးပဲ့မယ်
မညွတ်ကြေး။

ငါလွန်မိသူများကို
ငါဒူးထောက်ဖို.၀န်မလေးဘူး
ငါကိုလွန်ခဲ့သူများကို
ငါခွင့်လွှတ်ဖို.၀န်မလေးဘူး
ကိုယ့်ကိုကိုယ် နေရာမချတတ်သူများကိုတော့
ခြေမနဲ.တောင် ခေါင်းငြိမ့်မပြချင်ဘူး။

ငါ့ညာလက်ဖျံမှာ
ကဗျာကိုဓားထစ်မှတ်ခဲ့တယ်
ငါ့ဒဏ်ရာတွေပေါ်မှာ
ချစ်သူနူးညံ့ခဲ့တယ်
သူ.ယုံကြည်မှုသစ်ပင်မှာ
ငါ့အသက်ဓာတ်ကိုချိတ်ခဲ့တယ်။

ချစ်သူ………..လာ
နင့်လက်မောင်းကိုငါဖောက်
ငါ့လက်မောင်းကိုနင်ဖောက်
စိမ့်ထွက်လာတဲ့အနုပညာ
ငါတို.အတူသောက်ရအောင်။

ငါ့ခံနိုင်ရည်ဟာ သံထည်ပဲ
ငါ့အနုပညာဟာပေပဲ
တူတွေကိုငါပြုံးကြည့်လိုက်တယ်
ငါ့မျက်လုံးမှာ
ဓားရောင်တလက်လက်။

ငါ့လည်ချောင်းတွေပတ်ကြားအက်ပါစေ
မိုးခါးရေငါမမြိုတော့ဘူး
မဲ့မဲ့ကြီးပြုံးကြသူတွေခြေရင်းက
ခင်းထားတဲ့ကတ္တီပါစပေါ်
ငါခြေချော်မလျှောက်တော့ဘူး
ဟောဒီအရူးဟာမိုက်မဲတယ်
ဒါပေမယ့်
လွတ်လပ်တယ်။

နွံထဲကကြာ နွံမတင်သလိုမျိုး
င့ါဘ၀ထဲကအနုပညာ
အင်အားသုံးပြီး ငါစင်ကြယ်ခဲ့
ကဗျာကို သားသမီးအရင်းလိုချစ်ခဲ့
ငါ့ဆိုးမွေကိုကဗျာမှာ မစွန်းထင်စေခဲ့
ချစ်သူ
ငါ့ကိုအနမ်းနဲ.ဂုဏ်ပြုပါ။

ဘ၀ရဲ.အကိုင်းအခက်များမှာ
အနုပညာကို သားတင် ခဲ့ပြီ
မစိုက်ပဲ ရိတ်သိမ်းချင်သူတို.ရေ
ပဒေသာပင်မှာတောင်မှ
ဆူး ပါသင့်ကြောင်း
ငါကောင်းကောင်းသင်ကြားသိခဲ့ပြီ။

မလေးစားအပ်သောမိတ်ဆွေများကြောင်.
လေးစားအပ်သော ရန်သူများကို
ငါဦးညွှတ်ခဲ့
လွတ်လပ်စွာကွဲလွဲခွင့်နဲ.
ငါ့ခံတပ်ငါဆောက်ခဲ့
ခံတပ်ရဲ.နောက်ကျောကိုတော့အဆများစွာပိုထူထဲခဲ့။

အဆင်ပြေမှုတွေကို
တမျိုးကြီးထင်ရလောက်အောင်
အဆင်မပြေမှုအစုံအညီကို
အသားသေခဲ့ပြီ
ငါ့အရိုးအကြောတိုင်းမှာ
အနုပညာဟာ
ပြည်အောင်း ခဲ့ပြီ
လက်ညှိုးပေါင်းများစွာကိုလည်း
အင်္ဂုလိမာလအကြည့်နဲ.
ငါကြည့်တတ်ခဲ့ပြီ။

ငါ့ဥယျာဉ်တော်မှာ
သခွတ်ပင်တွေချည်း စိုက်မယ်
ပွင့်ကြစမ်း
မျက်လုံးမှာဖျင်းကနဲသွေးဆောင့်တိုးခဲ့
အမွမ်းအမံအတိပြီးတဲ့လူတွေကို
အမွမ်းအမံ ကင်းတဲ့တောင်ပေါ်ကနေ
တချိန်ချိန်မှာ
ငါ ဟားတိုက်ရယ်မယ်။

ဆုံးသွားတဲ့
အမေလည်း ခွင့်လွှတ်ပါ
လမ်းခွဲသွားတဲ့
ချစ်သူလည်းခွင့်လွှတ်ပါ
ငါ့နာမည်ကို
အနုပညာ မှာပဲလိုက်ရှာပါ
ဒီပုဏ္ဏားဟာ
လက်ညှိုးတစ်ချောင်းပဲထောင်တတ်သူဖြစ်ပါသည်။ ။

အရှုံးချစ်သူ၏စကားများ

အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့်ပဲ
အမျိုးမျိုးသော အမျိုးတွေ ဖြစ်ခဲ့တယ်
ဘယ်တတ်နိုင်ပါ့မလဲလေ။

ချစ်ခြင်းမေတ္တာဟာလည်း
အနိစ္စတရားမှာ အလုံးအရင်းပါတာပဲ
ဟောဒီလှိုင်းတွေက
တစ်ချိန်မှာ ငြိမ်သက်ရဦးမယ်
အခုတော့
ငါကိုက်မိတဲ့ ငါ့နှုတ်ခမ်းဟာ
သွေးစို.နေဆဲပါ။

မေးပါရစေ
ချစ်သူက အထင်သေးတာလောက်
ရင်နာစရာကောင်းတာ
လောကမှာ ဘာရှိပါသလဲ
မင်းခိုင်းသလို ခေါင်းမဖြီးတတ်တာနဲ.ပဲ
လူညံ့ဘ၀မှာ
ငါ…………ခြောက်လကြာခဲ့ပေါ့။

မေတ္တာတရားဟာ ချိန်ခွင်ပါပဲ
နှစ်ဖက်အလေးချိန်တူဖို.လိုတယ်
တစ်ယောက်ယောက်က လိုရင်ဖြစ်ဖြစ်
တစ်ယောက်ယောက်က ပိုရင်ဖြစ်ဖြစ်
တစ်ဖက်စောင်းနင်းဝေးကွာမှုဟာ
နှစ်ဆ တက်လာလိမ့်မယ်။

ငါနာကျင်ဖူးသလို မင်းနာကျင်ဖူးမယ်
မင်းနာကျင်ဖူးသလို ငါနာကျင်ဖူးမယ်
မင်းနာကျင်မှုကိုပဲ တွက်ပြီး
ငါ့ဘက်ကို မစဉ်းစားရင်
ချစ်သူတို.ယဉ်ကျေးမှုဟာ
ဟန်ချက်ပျက်သွား နိုင်တယ်။
ဟိုး……တစ်ချိန်ကိုပြန်ကြည့်လိုက်တော့
ငါစောင့်စည်းခဲ့တယ်
ငါထိန်းသိမ်းခဲ့တယ်
ငါ့အပေါ်ကျ
မစောင့်စည်းကြပါတကား
မထိန်းသိမ်းကြပါတကား
ပျက်ကွက်ခြဲ့ကပါတကား
ဘယ်သူချခဲ့မှန်း မသိတဲ့ ကျိန်စာက
ငါ့အပေါ်ရှိတုန်းပါပဲလား
ရင်နာစရာပါပဲလေ။

ငါပေးဆပ်ခဲ့တဲ့ နည်းနည်းပါးပါးလေးတွေထဲမှာ
ချစ်ခြင်းတရားနဲ. မတို.ထိတာ ပါဝင်ခဲ့ဘူးသလား
အစုန်အဆန်စဉ်းစားကြည့်ပါ
င့ါ သိက္ခာတရားတို.ကို
င့ါကိုယ်ငါ လျော့စေမယ်လို.
မင်း……….
ထင်ရက်ပါသလား။

ယူသလောက်ပြန်ပေးရမယ်လို. ငါမပြောလို.များ
ပေးသလောက် မေတ္တာကို မတင်းတိမ်တာလား
ငါလည်း ဒီတစ်ယောက်ကျမှ
ရှိစုမဲ့စု “ ပုံအော ” ခဲ့မိတယ်
ဒါအကုန်ပဲလို.
ငါဘယ်လိုပြောရမှာလဲ။

ငါ့ထက်မြက်မှုကိုမှ
မင်းကချောမွေ.စေချင်ခဲ့တော့
င့ါငြိမ်းအေးရာဇရပ်ကိုမှ
မင်းက တိုက်ယူချင်ခဲ့တော့
မင်းတစ်ခွန်း ငါတစ်ခွန်းမှာပဲ
ငါတို.ကျောချင်းကပ် လွဲခဲ့တယ်။

နင့်အလင်းနဲ. ငါ့ကမ္ဘာကြား
ဘယ်လို အရာဝတ္ထုတွေ ၀င်ရောက်ခြားနားလို.
အရိပ်မည်း အရိပ်ကွက်တွေနဲ.
နင် “ နေကြတ် ” သွားခဲ့ပါလိမ့်
နင်နှစ်သိမ့်မှာ ကို လိုချင်တာလည်း
စိတ်ကူးယဉ်မှုတစ်ခုပါပဲဆိုတာ
အခုအချိန်မှာ ……… ငါ
အလူးအလိမ့် နားလည်ခဲ့ပါပြီ။

ဘယ်လို ကာလမျိုးအထိ
ငါ့မှာနာနာကျင်ကျင် ရှိနေရမှာလဲ
မင်းစကားကို ငါ
ခေါင်းငုံ. နာခံခဲ့တယ်
ငါ့စကားကိုတော့နင်
အရွဲ.တိုက် ဆန်.ကျင်ခဲ့တယ်
ငါတောင်းဆိုတဲ့ တစ်ခွန်းနှစ်ခွန်းကိုတောင်
မင်းက ခြွင်းချက်တွေလိုချင်နေမှတော့
ငါ………ဘာများပြောရဦးမှာလဲ။

အချစ်မှာ သံသယလေးလိုတယ်
မင်း ကျင့်သုံးဖူးရဲ.နဲ.များ
အချစ်မှာ သ၀န်တိုမှုလေးလိုတယ်
မင်း စိတ်ညစ် ဖူးရဲ.နဲ.များ
အချစ်မှာ အနိုင်ယူမှုလေးလိုတယ်
မင်း တစ်ချက်တည်း ပိုင်းဖူးရဲ.နဲ.များ
ငါ့ဘက်ကိုကျတော့
မင်း တစ်ပြားမှခွာမပေး ခဲ့ပါတကား။

ငါ့ အုပ်မိုးစောင့်ရှောက်မှုကိုမှ
လောင်းရိပ်လို. မင်းထင်ရက်ရင်
ဒီထက် ပိုချင်တဲ့မြတ်နိုးခြင်းကို
မင်း………
အကျဉ်းထောင်လို. ထင်တော့မှာပေါ့။

အပြန်အလှန်ရယ် ဖြစ်လာရင်
အနည်းအများဆိုတာ ဖြစ်လာမှာပဲ
ဒီလိုသာ တွက်ချက်နေကြရင်
မေတ္တာဟာ ဈေးကွက်ဆန်သွားလိမ့်မယ်။

နင်နာကျင်နေရင်
( အောင်မြင်တာ မအောင်မြင်တာ ခဏထားလို. )
နှစ်သိမ့်ဖို. ငါကြိုးစားခဲ့တယ်
ငါ နာကျင်နေရင်
မြင်တတ်အောင် နင်မကြည့်ဘူး
ငါတော့
ထုတ်ချင်းခတ် ဆူး…………စူးခဲ့ပြီ။

ငါ မင်းကို မခွဲနိုင်မှန်းသိတော့
မင်းငါ့ကို လက်ဖျားလေးပေါ် တင်လှည့်တော့မယ်
ပေါ့ပေါ့ဆဆ နှစ်သိမ့်မှုတွေဟာ
ငါ့ကို ပိုစိတ်နာစေတယ်
ဒါပေမယ့် ငါကျေနပ်ရမှာပါ
ငါက ချစ်မိသူကိုး။

“ ဒီလို မပြောပါနဲ. ” လို. မင်းပြောလိမ့်မယ်
တကယ်တော့
ငါ့စကားကို နာကျင်လို.မဟုတ်ဘူး
နင်………နားငြီးလို.ပဲဖြစ်မှာပါ။

ကလေးဆန်ဆန် နင်ပြုံးလိုက်ရင်
နင့်ကို အပြစ်တင်ချင်တဲ့ စကားတွေ
ငါ့ကိုယ်ငါ ပြောမိသွားခဲ့
ငါထင်ထားတဲ့ နင့်အမှားတွေဟာ
ငါ့ အမှားတွေ လုံးလုံးဖြစ်ခဲ့
အပြစ်တင်ရင်း အပြစ်တင်ရင်း
နင့်ကိုငါ တောင်းပန်မိရက်သား ဖြစ်ခဲ့
ချစ်မိတဲ့သူ ဆိုတာမျိုးက
နှစ်ထပ်တိုးနဲ. ရှုံးတယ်။

မင်း တားမြစ်ထားတဲ့ ကွမ်းယာ
မင်းမသိအောင် ငါစားခဲ့ပါပြီ
နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ဖိဝါးလိုက်တာ
အဲဒါ………တိုးတိုးလေး အံကြိတ်လိုက်တာပေါ့
ငါလေ…………
မင်းကို သိပ်ချစ်တာနဲ.ပဲ
ကွမ်းယာထဲမှာပဲ ဒေါသကို ဖောက်ခွဲနိုင်ခဲ့တယ်။

“ ငါ သူ.ကို မေ့နိုင်ပါ့မလား ”
စိတ်ကူးလေးနဲ. ခဏခဏ တွေးကြည့်တယ်
အဲဒါကိုက သတိရဖို.ဖြစ်ခဲ့ပြီ
ငဲ့ကွက်စရာတွေကို မငဲ့ကွက်ရင်တောင်မှ
နင့်ကိုငါ မေ့လို.မရတော့ပါဘူး။

မင်းစိတ်ချမ်းသာဖို.အတွက်
မဲ့ရမယ့် အချိန်မှာ ငါပြုံးခဲ့တယ်
စိတ်ဆိုးရမယ့် အချိန်မှာ ငါကြင်နာခဲ့တယ်
မာနတင်းရမယ့်အချိန်မှာ ငါ အလံ“ဖြူ” ခဲ့တယ်
သြော်………ငါဟာ
လူပေါလူကြောင် ဖြစ်ခဲ့ပြီပေါ့လေ
အခုတော့ ဒါတွေအားလုံးဟာ
င့ါအခန်းဝှက်လေးထဲမှာ
ယမ်းတွေလို အောင်းနေတယ်။

မင်းရဲ.တစ်ဖက်သတ် မဲ့ပြုံးကို
သေလောက်အောင် စိတ်နာတယ်
ငါ့အလုံးစုံ မြတ်နိုးမှုဟာ
မင်းအတွက်မလုံလောက်ရင်တောင်
စော်ကားစရာ အကြောင်းမရှိဘူး။
ငါက
မင်းပေးတဲ့ အမာရွတ်တွေကို အလှဆင်ခဲ့
မင်းက
ငါပေးတဲ့ မြတ်နိုးခြင်းတွေကို
ခြေသုတ်ခဲ့
မင်းရဲ.
ပစ်ပစ်ခါခါ အကြည့်မှာ
ငါ့ငယ်ထိပ်ကို မြွေပေါက်ခဲ့
နည်းနည်းတော့ ငဲ့ကွက်သင့်ပါတယ်။

လဆန်းရက်မို.လို.
လဆုတ်ကို ထည့်မတွက်တာလား
တောင်တက်ခရီးမို.လို.
တောင်ဆင်းကို မစဉ်းစားတာလား
ရောက်ချင်ရောက်လာနိုင်တဲ့ တချိန်ချိန်ကို
ငါ့လိုများ
မင်း……..ကြိုမမောခဲ့ဘူးလား။

ငါပဲသိတဲ့ ငါ့အရှုံးကို
( နှစ်ချို.ပြီး )
စံပယ်လို သီကုံးခဲ့ပြီ
မင်းအပြုံး တစ်ဝက်မှာပဲ
ငါ့မာနတွေ ပြိုလဲခဲ့ပြီ။

တစ်ကွက်ချန် မင်းအချစ်ကြောင့်
ပစ်ရမှာလည်း ခက်ခဲ့ပြီ
ငါ့စိတ်ရဲ. အခြားသောဘက်က အတွင်းကြေဒဏ်ရာ
ငါ့ဘာသာ ကြိတ်ကုစားတော့မယ်
ငါ ကွယ်ဝှက်ထားတာ နာကျင်မှု
နင် ကွယ်ဝှက်ထားတာ ဘာလဲ
မင်းမပြောပဲ ငါမသိချင်ဘူး
မ……သိ……ချင်……တော့…….ပါ…….ဘူး။

အကြောင်းကြောင်းသော အကြောင်းကြောင်းတွေမှာပဲ
အမျိုးမျိုးသော အမျိုးမျိုးတွေ ဖြစ်ခဲ့တယ်
ဘယ်………တတ်နိုင်ပါ့မလဲ
ကံကြမ္မာရယ်
ငါပြင်ဆင်ထားခဲ့တာ ကြာပါပြီ။ ။