Showing posts with label အချစ်. Show all posts
Showing posts with label အချစ်. Show all posts

Thursday, December 8, 2011

အချစ်အကြောင်း

သံတုံးကို သံလိုက်နဲ.နာနာပွတ်တိုက်ရင်
သူလည်းသံလိုက်ဖြစ်သွားတာပဲ။

ငါ့အသက်ဆယ့်ငါးမှာ
ကျောင်းသွားဖော်လေးကို ချစ်ခဲ့တယ်
နောက်ဆယ်နှစ်ကြာတော့ မန္တလေးသူကိုချစ်မိတယ်
နောက်ဆယ်နှစ်ကြာတော့ရန်ကုန်သူနဲ.လက်ထပ်တယ်
မတွေ.မမြင်ဘူးသူကို ချစ်လို.ရမှာလားဆိုတော့
အဖြေကခက်လှတယ်။

နောက်ငါးနှစ်လောက်မှာ
မင်းတကယ်ချစ်မိပါပြီဆိုတဲ့တစ်ယောက်
အနာဂတ်မှာစောင့်နေနိုင်တာပဲလေ။

အချစ်ဆိုတာ ထိတွေ.မှုကြောင့်ပါဆိုရင်
ငါ့ကို ငြင်းကြပါလိမ့်မယ်
မမြင်ဘူးသူတစ်ယောက်ကို ချစ်မှာလားဆိုရင်
စကားကတ်ကြလိမ့်မယ်
အချစ်ဟာ အပြန်အလှန်စီးကူးမှုဖြစ်တယ်။

အချိန်ကြာကြာထိတွေ.တာတောင်
သံတုံးတစ်တုံးဟာ သံလိုက်ဖြစ်မလာရင်
အဲဒီသံတုံးရဲ. အပြစ်မဟုတ်ဘူး
သင့်သံလိုက်မှာ အားနည်းချက်ရှိနေပြီ။ ။

မေတ္တာကျောက်ခေတ်

နည်းနည်းလေးပေးပြီး အများကြီးယူသွားသူကို
အများကြီးပေးပြီး နည်းနည်းမှမရခဲ့သူက
ဂုဏ်ပြုလိုက်ပါတယ်
ကံမကောင်းသူဆိုတာ
အပြစ်တင်ခြင်းပါ ခံရတတ်ပါတယ်
ငါ့အပြစ်ပါပဲလေ။

မင်းကို အပြစ်မတင်ရက်ခဲ့တော့
ငါ့ကို အပြစ်တင်ကြပြီ
ညိတတ်တဲ့ဆူးမှာ အပြစ်မဲ့ပါတယ်
ညိတတ်မှန်းသိရဲ. အနားသွားသူက အပြစ်ရှိပါတယ်
မြေပေါ်ကလူ တိမ်နဲ.ညိခဲ့တာတော့
အခံရခက်တယ်။

အိပ်မက် မက်မက်နေရင် မသိစိတ်မှာရှိနေသေးတာလား
အကြောင်းတိုက်ဆိုင်လို.သတိရရင် ချစ်နေသေးတာလား
ငါမဖြေရဲတဲ့မေးခွန်းတွေဟာ
မင်းမမေးရဲတဲ့မေးခွန်းတွေပဲဖြစ်မှာပါ
မင်းက လိပ်ပြာလုံချင်သူလေ
ငါခွင့်လွှတ်ရင် မင်းမနာကျင်တော့တာသေချာလား။

တို.ဝေးကြပါစို.ဆိုတာ မင်းစပြောတာလေ
နှလုံးသားပေါ်ကစာကို ဖျက်ချင်တော့
နှလုံးသားကိုချေမွတာ မင်းတရားပါတယ်
မလုပ်ပါနဲ. တောင်းပန်မိတဲ့ငါက မတရားခဲ့တာ
မင်းတို.ချစ်ခြင်းကိုခွဲဖို.
ငါ့ချစ်ခြင်းကို ပြပြီး အသနားခံခဲ့တဲ့ငါ မတရားခဲ့တာ
ခုတော့ကျေနပ်ပါလေ။

သုံးနှစ်ကျော်လို. မေ့ဖို.ကောင်းပြီလို. မင်းပြောလိုက်ပါ
တစ်သက်လုံးလို. ငါပြောခဲ့တာ မယုံခဲ့တာ မင်းလေ
မနက်ဖြန်ကစတဲ့ မင်းဘ၀ကို မသိချင်ပေမယ့်
လွန်ခဲ့သောကာလများက ငါ့ဘ၀ထဲ ပါခဲ့တဲ့မင်းအကြောင်းကို
မမေ့တာက ငါ့စွဲလမ်းမှုပါ
ဖြတ်လို.ရရင် ဆစ်ပိုင်းထားခဲ့လို.ရရင်
ထားခဲ့တာကြာရောပေါ့
နာကျင်မှုတွဲပါနေတဲ့ သတိရခြင်းကို ဘယ်သူလိုချင်မှာလဲ။

အလိုလိုဖြစ်မလာတဲ့ ခွဲခွာခြင်းကို
အလိုလိုဖြစ်လာတဲ့ နာကျင်ခြင်းနဲ. လက်ဖွဲ.လိုက်ပါတယ်
ဆုံးရှူံးမှုဆိုတာ ကြိုတွေးထားတာထက်နာတယ်
မေ့နိုင်မှု ဆိုတာကလည်း
ကြိုတွေးထားတာထက်ကြာတယ်
သဘာဝက မမျှတလေဘူး။

ဘ၀ကို လှောင်ရီတတ်ဖို. သင်ယူနေဆဲပါ
နာကျင်မှုကို သဘာဝကျကျ ရင်ဆိုင်နည်းက
ဒီတစ်နည်းပဲရှိတယ်ဆိုရင်
ငါ ကြိုးစားအားထုတ်မှုညံ့တယ်
မဲ့ပြုံးမှာတောင်မှ မင်း ကွယ်ရာမှပြုံးရဲခဲ့တာပဲ
ငါ့ အချစ်က ဆိတ်ကွယ်ရာမှ လက်ပန်းပေါက်ခတ်တယ်
ကဲ…… မင်းပဲ မဲ့ပြုံး ပြုံးတော်မူ။

အတွေ.အထိ၊ အကြားအကြည့်တိုင်းမှာ
အသိလေး အတိုင်းထားနိုင်လို.လား
သတိလေးတစ်ချက်ကပ်နိုင်လို.လား
အနီးကပ်တောင်မဟုတ်ဘူး
ဟိုး…..ကာလအဝေးကြီးက တုန်ခါမှုက
အခုအထိ ဆတ်ဆတ်ခါစေတာကတော့
တုန်ခါနှုန်းပြင်းလွန်းတာထက်
ခံယူသူကိုက အခြေမခိုင်တာနေမှာပါ။

မင်းနဲ.မှ ပါရမီမြောက် နာကျင်တတ်တာ
သံသရာ တစ်ကြောလုံး ငါရက်စက်ခဲ့မိလို.
ဒီဘ၀မှာ လက်စားချေတာလား
နောက်ဘ၀မှာဆက်ယူပါလေ
ကျေနပ်သည်အထိ ယူတော်မူပါလေ။

အတူဆုံဖို.ဆုတောင်းပြီးမှ
ပြန်မဆုံဖို.ဆုတောင်းရတာ
ရှင်တော်ကို အားနာဖို.တော့ကောင်းပါတယ်
မင်းဆန္ဒကို ပြည့်စေဖို.က ခက်လွန်းတယ်
ငါ့ဆန္ဒကို အလိုမလိုက်ဖို.ကလည်းခက်လွန်းတယ်
အလွယ်လိုက်ပြီး လွမ်းနေလိုက်ရအောင်ကလည်း
ခက်လွန်းတယ်။

မင်းနဲ.ပတ်သက်ရင် ခက်နေကျဆိုတော့လည်း
အိပ်မက်မက်ဖို. ခက်လိုက်ပါ့လား
သတိရဖို.ခက်လိုက်ပါ့လား
အဲလိုလည်းမဟုတ်ပြန်ဘူးဆိုတော့
ငါကိုက ဘာမှန်း မသိတာပါကွယ်
မင်းထားခဲ့တာ မှန်နေပါတယ်။

လောကကြီးက ကဗျာစပ်လို.မရအောင် မယဉ်ကျေးတော့ဘူးလား
ချစ်သူကလည်း ကတိတွေ တည်ဖို.ရာ မယဉ်ကျေးတော့ဘူးလား
ကလေးတွေလည်း မဆဲမဆိုတတ်အောင် မယဉ်ကျေးတော့ဘူးလား
ဝမ်းနည်းစွာတွေးမိတော့
ကျောက်လက်နက်နဲ. စခဲ့တဲ့ အရိုင်းဘ၀ကိုတောင် ကြုံခဲ့သေးတာ
ငါတို. ဒီခေတ်ထဲမှာပါကွယ်။

တို.က အရိုင်းအစိုင်းတွေ အတွက်ပိုယဉ်ကျေးပေးရအောင်ပါ
မချစ်တဲ့သူတွေကိုတောင်မေတ္တာပို.နိုင်ရင်
ချစ်ခဲ့တဲ့သူတွေအတွက် ခွင့်လွှတ်ခြင်းတွေပေးရအောင်ပါ
ရေဆန်လမ်းဆိုတော့လည်း
သတ္တိတော့လိုနေပေလိမ့်မယ်။

တုန်ခါနေတာကိုသိရင် တည်ငြိမ်နေတာကို သိရမှာပေါ့
တုန်ခါစေတာကိုသိရင် တည်ငြိမ်စေတာကိုသိရမှာပေါ့
ရေစုန်မျောလိုက်နေတဲ့ စိတ်မှာမှ
ရေဆန်ကူးဖို. သတိလေးရရင်
အိပ်မက်မှထရင် ပြုံးနိုင်လိမ့်မယ်
အတွေးမှာ တစ္ဆေလိုပူးရင် ခွာလို.ရမယ်။

တကယ်တော့ တို.ကိုနာကျင်စေတာတို.စိတ်ပါလေ
အရှိတရားကို သတိလေးထားကြည့်မှ တော်ကာကျမယ်
အတိတ်မှာပြုခဲ့သူအတွက် ပစ္စုပ္ပန်မှာ နာဖို.လိုသလား
တုန်ခါမှုကို ဒီအထိခေါ်ထားမှာလား
ဒီတခါသနားရမှာက ကိုယ့်ကိုကိုယ်ပါလေ။

သူတို.ပြုသလိုခံရမှာဆိုရင်တောင်မှ
သူတို.ဒီလိုမရည်ရွယ်ကြပါဘူး
သူတို.ဆန္ဒကို မလွန်နိုင်ကြတာ
တို.က တို.ဆန္ဒကို လွန်ဆန်ကြမှ
တို.ကြုံနေရတာခွာချလို.ရမယ်။

တို.ကချစ်သူတွေကို အလိုမကျတာနဲ.
တို.ကိုချစ်သူတွေကို မနာကျင်စေရအောင်ပါ
တို.မကြိုက်တဲ့ လမ်းခွဲမှုမျိုးတွေ
ဘယ်သူမှမရကြပါစေနဲ.တော့
တနိုင်တပိုင်လေး ကူညီကြရင်ကောင်းမှာ။

ကျောက်ခေတ် အရိုင်းဘ၀ကနေ
ငါတို.တွေ ယဉ်ကျေးလာကြသလို
မေတ္တာတွေ ရိုင်းစိုင်းနေတဲ့ဘဝ
ငါတို.ကစ ယဉ်ကျေးကြမယ်လေ။ ။

အချစ်တရား-၃

အချစ်ဆိုတာသိပ်တန်ဖိုးရှိတယ်
ဘာလို.လဲမေးရင် သူကပေးရတာသိပ်လွယ်တာကိုး
လူတိုင်းပေးနိုင်တယ်
လူတိုင်းလည်းရနိုင်တဲ့ရှားပါးပစ္စည်းပဲ။

လေထဲကပဲပေးလို.ရတော့
တကယ်မပေးလည်း ပေးတယ်ပြောလိုက်ပါလေ
အစစ်အမှန်ဆိုတာမျိုးက တိုင်းတာပြလို.မှမရတာ
အချစ်ငတ်သူတွေယုံကြလိမ့်မယ်
မချစ်တတ်သူတွေညာကြလိမ့်မယ်
ညာသူကအပြစ်မရှိဘူး
အညာခံရသူမှာ အပြစ်မရှိဘူး
ဈေးပေါလွန်းနေတဲ့ အချစ်တရားကိုပဲအပြစ်တင်ကြ။

လွယ်လွယ်လေးပေးပြီး
(လေထဲမှာပဲပေးပြီး)
ဈေးကြီးတာတွေ ပြန်ရနိုင်တဲ့အချစ်
ပိုက်ဆံနဲ.၀ယ်မရနိုင်တာတွေ အလွယ်ပြန်ရနိုင်တဲ့အချစ်
အောင်မယ်လေးလေး
ငါလည်းချစ်တတ်ပါတယ်ကွဲ.။

ချစ်တယ်လို.ပြောလိုက်ကြစမ်းပါ
ကမ္ဘာမှာ အချစ်လိုနေတဲ့သူတွေ တောင်လိုပုံလို.
ကမ္ဘာမှာ အချစ်ခံချင်တဲ့မိန်းကလေးတွေရိုက်သတ်မကုန်ဘူး
အဲ……ကမ္ဘာမှာ အညာခံချင်တဲ့မိန်းကလေးတွေ မရေနိုင်ဘူး
ချစ်တယ်ချစ်တယ်ချစ်တယ်……..
ကဲ အဖြေပေးလိုက်ကြစမ်း။

အချစ်ဟာတကယ်တော့ တန်ဖိုးရှာစရာမလိုပါဘူးလေ
အဓိက ချစ်တယ်လို. ပြောလာသူရဲ့ တန်ဖိုးပါ
ယုံကြည်ထိုက်သူကပြောလာတဲ့ အချစ်ကိုပဲယူပါရစေ
လေထဲမှာပေးတဲ့အချစ်ကို
မျက်ရည်ဝဲလောက်အောင်တန်ဖိုးထားမိတာဘာကြောင့်လဲ
သူ.ကိုတန်ဖိုးထားလို.ပေါ့။

ယုံကြည်အပ်သူရဲ့အချစ်ကိုသာယုံကြည်ပါ
ဘယ်လောက်သန်.စင်တဲ့ရေဖြစ်စေ
နောက်ဖေးသုံးတဲ့ခွက်နဲ.ခပ်လာရင်
ငါမသောက်သုံးနိုင်ပါ
ထိုသို.ပင် အချစ်ကိုတန်ဖိုးထားလိုပါ၏။ ။

Thursday, November 24, 2011

အချစ်တရား-၂

အချစ်ဆိုတာသိပ်တန်ဖိုးရှိတယ်
ဘာလို.လဲမေးရင် သူကပေးရတာသိပ်လွယ်တာကိုး
လူတိုင်းပေးနိုင်တယ်
လူတိုင်းလည်းရနိုင်တဲ့ရှားပါးပစ္စည်းပဲ။

လေထဲကပဲပေးလို.ရတော့
တကယ်မပေးလည်း ပေးတယ်ပြောလိုက်ပါလေ
အစစ်အမှန်ဆိုတာမျိုးက တိုင်းတာပြလို.မှမရတာ
အချစ်ငတ်သူတွေယုံကြလိမ့်မယ်
မချစ်တတ်သူတွေညာကြလိမ့်မယ်
ညာသူကအပြစ်မရှိဘူး
အညာခံရသူမှာ အပြစ်မရှိဘူး
ဈေးပေါလွန်းနေတဲ့ အချစ်တရားကိုပဲအပြစ်တင်ကြ။

လွယ်လွယ်လေးပေးပြီး
(လေထဲမှာပဲပေးပြီး)
ဈေးကြီးတာတွေ ပြန်ရနိုင်တဲ့အချစ်
ပိုက်ဆံနဲ.၀ယ်မရနိုင်တာတွေ အလွယ်ပြန်ရနိုင်တဲ့အချစ်
အောင်မယ်လေးလေး
ငါလည်းချစ်တတ်ပါတယ်ကွဲ.။

ချစ်တယ်လို.ပြောလိုက်ကြစမ်းပါ
ကမ္ဘာမှာ အချစ်လိုနေတဲ့သူတွေ တောင်လိုပုံလို.
ကမ္ဘာမှာ အချစ်ခံချင်တဲ့မိန်းကလေးတွေရိုက်သတ်မကုန်ဘူး
အဲ……ကမ္ဘာမှာ အညာခံချင်တဲ့မိန်းကလေးတွေ မရေနိုင်ဘူး
ချစ်တယ်ချစ်တယ်ချစ်တယ်……..
ကဲ အဖြေပေးလိုက်ကြစမ်း။

အချစ်ဟာတကယ်တော့ တန်ဖိုးရှာစရာမလိုပါဘူးလေ
အဓိက ချစ်တယ်လို. ပြောလာသူရဲ့ တန်ဖိုးပါ
ယုံကြည်ထိုက်သူကပြောလာတဲ့ အချစ်ကိုပဲယူပါရစေ
လေထဲမှာပေးတဲ့အချစ်ကို
မျက်ရည်ဝဲလောက်အောင်တန်ဖိုးထားမိတာဘာကြောင့်လဲ
သူ.ကိုတန်ဖိုးထားလို.ပေါ့။

ယုံကြည်အပ်သူရဲ့အချစ်ကိုသာယုံကြည်ပါ
ဘယ်လောက်သန်.စင်တဲ့ရေဖြစ်စေ
နောက်ဖေးသုံးတဲ့ခွက်နဲ.ခပ်လာရင်
ငါမသောက်သုံးနိုင်ပါ
ထိုသို.ပင် အချစ်ကိုတန်ဖိုးထားလိုပါ၏။ ။

Friday, January 15, 2010

ညီမလေးအတွက်ရေးတဲ့ကဗျာ

အချစ်ဆိုတာဘာလဲ
ငါတကယ် ချစ်မိသွားတဲ့အခါ
ငါတကယ် သိချင်လာခဲ့ပါတယ်။

မနက် မျက်လုံးစဖွင့် ကတည်းက
ညမျက်လုံးမှိတ် အိပ်တဲ့အထိ
အချိန်အားတိုင်း တွေးနေမိတယ်
အဲဒီ ညီမလေး နုဿတိကို
လူတကာလည်း သိခဲ့ပါပြီ။

နေရှိခိုး လရှိခိုးတဲ့
ကမ္ဘာဦး လူရိုင်းရဲ. ယုံကြည်မှုမျိုးနဲ.
ညီမလေးကိုငါ မြတ်နိုးခဲ့တယ်
လောကုတ္တရာမှာ ဗုဒ္ဓကို ကိုးကွယ်ပြီး
လောကီမှာ ညီမလေးကို ကိုးကွယ်ခဲ့တယ်
တကယ်ပါ…………ငါဟာ
“ သာဝက ” ဆန်ဆန် ချစ်တယ်။
နေပဲဟောင်းဟောင်း လပဲဟောင်းဟောင်း
ငါ့အချစ်ကို မပြောင်းတော့ပါဘူး
အကောင်းဆုံးကို ငါတွေ.ခဲ့ပြီပဲ
အလိုချင်ဆုံးဟာ အကောင်းဆုံးဆိုတာလည်း
ငါသိခဲ့ပြီပဲ
နှိုင်းရတရားတွေဟာ
ဒီအချိန်မှာ အသုံးမ၀င်တော့ပါဘူး။

ကဗျာဆရာဟာ
နည်းနည်းတော့ အစွန်းရောက်တယ်
တစ်ဘ၀စာလောက်တော့ မချစ်ချင်ဘူး
နိဗ္ဗန်ကို အတူရောက်ဖို.
ပါရမီတွေ ဇွတ်ဖြည့်ချင်နေမိတာ
ဒါ……ငါ အစစ်ပါပဲ။

ကိုယ့်မေတ္တာကို ကိုယ်ပြန်စစ်ဆေးတယ်
ဘယ်လိုပြောရမှန်း
ဘယ်လောက်ချစ်မှန်းတော့ မသိဘူး
တစ်ခုပဲ
ငါသေမှ သူအသက်ရှင်မယ်ဆို
ငါသေပေးမယ်။

သူသေရင် ငါသေမယ် မပြောချင်ဘူး
ငါသေရင် သူသေပါ မတောင်းဆိုဘူး
ဘယ်တော့မှ စိတ်မပါပဲ စကားမပြောဘူး
ညီမလေးရေ
ကိုယ့်နှုတ်ထွက်စကားနဲ. ကိုယ့်စိတ်ထွက်စကား
အမြဲတမ်း “ အနုရောဓိ ” ဖြစ်ခဲ့ပါတယ်။

ငါ့အကြည့်တွေ ငါ့အပြုံးတွေ
အချစ်နဲ. ကင်းကွာနေတာ ဘယ်မှာရှိလို.လဲ
ငါ့အတွေးတွေ ငါ့အပြောတွေ
ညီမလေး ကောင်းစားဖို.မပါတာ ဘယ်နှစ်ခါရှိခဲ့လဲ
ဘယ်လိုအကြောင်းနဲ.မှ မလွဲဖို.ကို
ငါ့ကိုငါ သစ္စာဆိုခဲ့ပြီးပြီလေ။

အခုဆိုရင်ကိုယ်လေ
( သူများတွေ တူးဖော်မှတွေ.ရမယ့် )
ကျောက်စာတစ်ချပ် မဖြစ်ချင်ဘူး
သစ်တောကြီးတစ်တောစာကို
ကမ္ဘာ တည်သ၍ပေးနိုင်တဲ့
မျိုးစေ့လေးပဲ ဖြစ်ချင်တော့တယ်
အချစ်ဆိုတာ
တိတ်ဆိတ် ခိုင်မာခြင်း မဟုတ်ဘူး
ရှင်သန်ပွားများခြင်းပဲဖြစ်တယ်။

ညီမလေးရေ
နာရီ တစ်ခုထဲက ပင်နီယံ နှစ်ပွင့်လို
တို.အတွေးတွေ စိတ်ကူးတွေတိုင်းဟာ
အံဝင် ဂွင်ကျ လည်ပတ်ခဲ့ပြီ
ဘယ်သူတွေဒီလောက် သွေးတူခဲ့ကြသလဲ
ဘယ်သူတွေဒီလောက် အပေးအယူ မျှခဲ့သလဲ
သံသရာဟာ
နာရီတစ်လုံး ပါပဲ။

သူ.အချစ်ကို ပြန်လိုချင်လို.
ကိုယ့်အချစ်ကို အရင်ပေးရတာ
အရောင်းအ၀ယ် မဆန်လွန်းဘူးလား
ကိုယ်က
ထီးတစ်လက်လို
သူလိုအပ်မှ ဖွင့်မနေစေရဘူး
သစ်ပင်လေးလို
( နေပူထဲမှာ )
အမြဲတမ်း အဆင် “ သင့် ” နေမယ်။

ကိုယ်ဟာ လေတံခွန်ကြိုး ဖြစ်တယ်
သူ လှပစွာ ပျံဝဲဖို.နဲ.
လေလွင့် ပါမသွားအောင် ကူညီမယ်
ငါ့ထိန်းသိမ်းမှုဟာ သူမြင့်မားဖို.ပါပဲ
ချုပ်နှောင်ထားတယ်လို.များ
ညီမလေး အထင်မမှားလိုက်ပါနဲ.။

သူကျေနပ်ဖို.
ကိုယ့်နာကျင်ခြင်းတွေ မြိုသိပ်ပေးမယ်
သူဖြောင့်မှန်ဖို.
အမုန်းခံပြီး ကိုယ်ပြင်ဆင်မယ်
အဲဒီလိုမျိုး
တဇွတ်ထိုးဆန်ဆန်
တယူသန် တဖက်စွန်း ငါချစ်ခဲ့တာ။

ညီမလေး အကြောင်း မကောင်းပြောသူဟာ
ငါ့ရန်သူပဲ
အမှန်တရားကို ငါချစ်ပါတယ်
ဒါပေမယ့်
ညီမလေးကို ငါ ပိုချစ်ပါတယ်
ငါ့ကို ခွင့်လွှတ်လိုက်ကြပါ
သူဟာ ငါ့ရဲ. အမှန်ဆုံးတရားမို.ပါ။

ညီမလေး အတွက်
ငါ့ရုပ်ခန္ဓာဟာ ပေးဆပ်ဖို.ဖြစ်ပြီး
ငါ့စိတ်ဝိဥာဉ်ဟာ မြတ်နိုးဖို.ဖြစ်တယ်
ငါ့ သံယောဇဉ် မှန်သမျှကို
ညီမလေးဆီမှာဇောက်ချချည်နှောင်ခဲ့တယ်။

တနယ်တကျေး အလည်ရောက်တုန်းက
ငါ့ ရင်ခွင်ထဲ လာဝပ်တဲ့
ကြောင်ပေါက်စလေးရဲ. အမွှေးပွပွလေးကို
လက်ဖျားလေးနဲ. ပွတ်သပ်နေရတဲ့ နူးညံ့မှုမျိုးနဲ.
ညီမလေးကို………ငါ
ဘာမျော်လင့်ချက်မှ မပါပဲ ချစ်ခဲ့တယ်။

အိုမင်း မစွမ်းမှာစိုက်မိတဲ့
သစ်ပင်ပေါက်ကလေးကို ယုယမိသလိုမျိုး
နောင်ရေးကို မမျော်ကိုးပဲ
ညီမလေးကို ……ငါ……မြတ်နိုးခဲ့
တကယ့်ကို သန်.သန်.စင်စင်လေး။

ညီမလေးရယ်
ပေးဆပ်ခြင်းသက်သက်နဲ. မြတ်နိုးခဲ့သလို
မြတ်နိုးခြင်းသက်သက်နဲ. ပေးဆပ်ခဲ့ပါတယ်
မုသားမပါပဲ ချောမွေ.ခဲ့တဲ့ ကဗျာ
ဒါ………အချစ်ကြောင့်ပါ။
ပိုင်ဆိုင်လိုခြင်း မပါလို.
ကိုယ်……မငြင်းခဲ့ပါညီမလေး
ပေးဆပ်ချင်လို. ပိုင်လိုခဲ့တာ
ကိုယ့်လက်ထဲရှိမှ ကိုယ်ကြင်နာခွင့်ရမှာပေါ့။

ပျိုးပင်လေးတွေ.တဲ့ ဥယျာဉ်မှူးတစ်ယောက်လို
ယုယစွာ စောင့်ရှောက်မြတ်နိုးဖို.
လက်ထဲမှာ ပိုင်ဆိုင်လိုရင်းနဲ.
ငါ့အချစ်ဟာ အတ္တဆန်ခဲ့ပါတယ်
အဲဒီ အတ္တ စစ်စစ်ကပဲ
အနာဂတ်နဲ.ငါ့ကို ဆက်သွယ်လည်ပတ်စေတဲ့
ယန္တရားကြိုးလည်းဖြစ်တယ်
အနုပညာနဲ.ငါ့ကို တောက်မှုန်ဝင်းဖြာစေတဲ့
သုခုမ တောင်ပံ လည်း……ဖြစ်ခဲ့တယ်။

နင့်ကိုလေ
လသား အရွယ်လေး ဖြစ်စေချင်တယ်
ရင်ခွင်ထဲမှာ အမြဲပိုက်ထားလိုက်မယ်
ဘယ်ကိုမှမသွားစေရဘူး
င့ါ စိတ်ပူ စိုးရိမ်သောကဟာ
မင်းထင်တာထက် နှစ်ဆသုံးဆ ရှိတယ်။

မင်းအမေထက် ငါဂရုစိုက်ခဲ့တယ်
မင်းအဖေထက် ငါဂရုစိုက်ခဲ့တယ်
မင်းမနေတတ်လောက်အောင် ငါဂရုစိုက်ခဲ့တယ်
မင်းအမြင်ကတ်လောက်အောင် ငါဂရုစိုက်ခဲ့တယ်
အဲဒီ မြတ်နိုးမှု အလုံးစုံကို
မင်းအသိပါ ညီမလေး။

အမြဲတမ်း အရှုံးပေးနေမယ် မပြောဘူး
အချစ်ဟာ ချိန်သီးတစ်လုံး ဆိုရင်
တစ်ဖက်စွန်းက တွန်းအားဟာ
အကြင်နာနဲ. ကရုဏာ ဖြစ်ပြီး
အခြားအစွန်းက တွန်းအားဟာ
နာကျင်ခြင်းနဲ. ဒေါသ ဖြစ်တယ်
နှစ်ဖက်စလုံးဟာ
ချိန်သီးလေးကို ရှင်သန်လှုပ်ယမ်းစေတယ်။

စိတ်တိုစွာ ချစ်ရချိန်မှာ ငါအော်ဟစ်ပြီး
မြတ်နိုးစွာ ချစ်ရချိန်မှာ ငါနူးညံ့မယ်
ဥပေက္ခာနဲ. အေးစက်သွားတဲ့ ကာလမျိုး
ငါ့မှာ မရှိခဲ့ပါဘူး
ငါစိတ်ဆိုးတိုင်း ငါစိတ်နာတိုင်း
( မှန်ကို သဲနဲ.ပွတ်တိုက်လိုက်သလို )
ငါ့အချစ်ဟာ ပိုမိုသန်.စင် ၀င်းပလာခဲ့တယ်။

ညီမလေးရေ
မင်းရဲ.ကြင်နာခြင်းမှာ
နာကျင်စွာနဲ. ပီတိပွားခဲ့ပြီ
မင်းရဲ.ပေးဆပ်ခြင်းမှာ
နောင်တတွေနဲ. ကျေနပ်တတ်ခဲ့ပြီ
ဟောဒီလို တမြေ့မြေ့နဲ.
ငွေ.ရည်ဖွဲ. သမုဒယ ဟာ
သမုဒ္ဒရာ ရဲ. အစမဟုတ်ဘူးလို.
ဘယ်သူပြောနိုင်သလဲ။

အချစ်ဟာ
ဖွင့်ဆိုချက်တွေ မလိုအပ်ဘူး
ငါ့အတွက်ကတော့
မင်းမျက်ခွံလေး ဒီနေ. ဘာရောင်ဆိုးတယ်ဆိုတာ
သိခွင့်ရနေတာ အချစ်ပေါ့
မင်းနှုတ်ခမ်းနီတွေ စွန်းသွားတဲ့
လက်ဖက်ရည်ခွက်ကို ဆက်သောက်ခွင့်ရနေတာ အချစ်ပေါ့
မင်း စိတ်ဆိုးတဲ့အခါတိုင်း
မျက်နှာငယ်ငယ်နဲ. လိုက်ချော့နေရတာ အချစ်ပေါ့
ဒီလိုနဲ. ………… ငါဟာ
လူဖြစ်ကျိုး နပ်ခဲ့တယ်။

လေးနဲ.မြားလို
ဘိုးတံနဲ. တယောလို
ညီမလေးရယ် ငါရယ်
တာဝန်တစ်ခုထဲကို အတူတူ ထမ်းဆောင်ချင်တယ်
ပင်လယ်ထဲမှာ လှိုင်းတွေခိုအောင်းနေသလို
ညထဲမှာ အမှောင်ခိုအောင်းနေသလို
သူနဲ.ငါ တသားတည်း ဖြစ်ချင်တယ်
နင်………မရယ်လိုက်ပါနဲ.နော်။

ကလေးရယ်
ငါတစ်ယောက်တည်း မကြီးမြတ်ချင်တော့ဘူး
ငါ့အကြောင်းပြောရင် မင်းအကြောင်းတွဲရက်ပါမှ
မင်းရာဇ၀င်ပြောရင် ငါ့ရာဇ၀င်ဖြစ်နေမှ
အဲဒီလို “သမိုင်းဖြည့်ဘက်” အဖြစ်
သံသရာအထိ ချစ်သွားချင်တာ။

ဆုံးသွားတဲ့ ငါ့အမေကို ငါမြတ်နိုးသလိုမျိုး
ဝေးနေတဲ့ မောင်နှမတွေကို ငါကြည်ဖြူသလိုမျိုး
ရှားရှားပါးပါး သူငယ်ချင်းတွေကို ငါနားလည်သလိုမျိုး
သိမ်မွေ.တဲ့ အနုပညာကို ငါ တွယ်တာသလိုမျိုး
ညီမလေးကို အလုံးစုံ အားကိုးခဲ့တယ်
ဒါ……အရိုးဆုံး စကားလည်း ဖြစ်တယ်
အမှန်ဆုံးတရားလည်း ဖြစ်တယ်။

အချစ်ဆိုတာဘာလဲ ညီမလေး
တကယ်တမ်း ချစ်မိသွားတဲ့အခါ
သိစရာ မလိုတော့ပါဘူး။ ။