Thursday, January 21, 2010

ရေမြေ

နှုတ်ဖျားက မထွက်လေတိုင်း
မပြောဘူးမမှတ်ပါနဲ.
ငါ့မျက်လုံးက အဓိပ္ပါယ်ထောင်သောင်း
မင်းစာလုံးလေးပေါင်းကြည့်စမ်းပါ
အဲဒါ “မြတ်နိုးတယ်” တဲ့။

သစ်ရွက်လေးကြွေတာက အစ
ငါ နမိတ်ကောက် နာကျင်တတ်လေတော့
မင်းမာနက သံမဏိဓားသွား
ငါ့နှလုံးသားက နူးညံ့လွန်းပါတယ်
မင်းတစ်ရက်လောက်
အချိန်ယူစဉ်းစားပါ။

မလွဲပါရစေနဲ.
ဒီတစ်ခါ မမြဲခဲ့ရင်
တစ်သက်လုံးခွဲရတော့မှာ။



မင်းနာမည်ကို
လက်ဖ၀ါးထဲမှာရေးပြီး
လက်သီးလေး ဆုတ်ထားလိုက်တယ်
လွတ်ထွက်သွားလေမလားပေါ့။

တစ်သက်စာ ရည်ရွယ်မှုကို
ငေးငိုင်စွာ ပြန်စဉ်းစား
ဒီတစ်ပင်ထဲစိုက်ကာမှ
ဘာလို.ရေခံမြေခံ မကောင်းတာလဲ။ ။

ကဗျာ

ကျွမ်းကျင်စွာ ပစ်လိုက်တဲ့မြားလို
ငါ့ရင်ဘတ်ကိုမှ
စူးဝင်နာကျင်စေခဲ့သော “ ကဗျာ ”။

အရှုံးဟာ
မြင်နေပါရဲ.
တည့်တည့်မတ်မတ်
ငါရွေးချယ်ယူခဲ့သောအရာ။

သူ.ကိုတွေ.ရင်ပြောလိုက်ပါ
အချစ်မှာ
အရာအားလုံး ဖြစ်နိုင်တယ်ဆိုတာ။ ။

အဒွိတ္တမေတ္တာ




မုန်းသူက မပြုံးဘူး
ချစ်သူက ပြုံးရတယ်
မတွေ.ချင်သူက မလာဘူး
တွေ.ချင်သူက လာရတယ်
ဒီမျိုးဆက်
ငါ့အတွက် မတိမ်ကောခဲ့ချေ။

လူတစ်ယောက်ဟာ
ကံကြမ္မာကို ရွေးချယ်ခွင့်ရှိရင်တောင်
အချစ်ကိုတော့ ရွေးချယ်ခွင့်မရှိဘူး
သူက
ဟိုး………အတွင်းထဲက လာတယ်
မင်းသိလား
ဝဋ်ကြွေးလို.ခေါ်တယ်။


ငါ့ကို ချစ်တဲ့သူကို ငါကမချစ်ဘူး
ငါက ချစ်တဲ့သူက ငါ့ကိုမချစ်ဘူး
အဲဒီလို တစ်ဘ၀စာ
အံဝင်ခွင်ကျ လွဲချော်မှုကို
ဝဋ်ကြွေးလို.ခေါ်တယ်။

ကိုယ့်အရှုံးကိုယ် ပြုစုမွေးမြူနေရတာ
အဆိုးဝါးဆုံး ၀ဋ်ကြွေးပဲဖြစ်မယ်
အားကောင်းမောင်းသန် ရှုံးဘူးလို.
အားကောင်းမောင်းသန် နိုင်ချင်တာ
ချစ်သူ
င့ါမေတ္တာကို အရင်းအတိုင်းပြန်ပေးပါ။








ပဒုမ မင်းသားလည်း
ချောက်ထဲကျမှသိတယ်
ဆဒ္ဒန်ဆင်မင်းလည်း
မြားမှန်မှသိတယ်
သိဝီရ်ဘုရင်လည်း
အရူးတစ်ပိုင်းဖြစ်မှသိတယ်
တကယ်တမ်းကျ
နောက်ကျောဆီကို သပ်သပ်ရပ်ရပ် ၀င်လာတဲ့ ဓားချက် မှန်သမျှ
မတော်တဆ ဆိုတာ မရှိဘူး။

အမြစ်နဲ.အပွင့်လိုမျိုး
တသွေးထဲတသားထဲ ဝေးရတာ ဘာအရေးလဲ
ကိုယ့်မျက်စိနဲ. ကိုယ့်နားရွက်ကိုလိုက်ကြည့်သလို
ငါ့ကို ပတ်ချာ မလှည့်ခိုင်းပါနဲ.
အချစ်ဟာ အားလုံးပြီးမြောက်စေတယ်လို.
ဘယ်သူပြောလဲ။





လွမ်းမောဖွယ်ကောင်းတဲ့ တို.အချစ်ကို
နာမည်တပ်ရင်
အတိတ်လို. ခေါ်ရလိမ့်မယ်
ကလေးရယ်
မင်းမပေးနိုင်တော့ဘူး
ငါလည်း မယူနိုင်တော့ဘူး
အရင်လို ဖြူစင်မှုမှမပါပဲ။

ပေတစ်သီး ကျီးတစ်သားယုံကြည်မှုကို
မင်း ထန်းလည်ဆစ်လို ချိုးခဲ့ပြီ
အချစ်၊ သစ္စာ၊ နားလည်မှု
ဒီဒေါက်သုံးခုနဲ. ဆောက်ရမယ်.ဘ၀ဟာ
တိုင်တစ်တိုင်ပြိုကျခဲ့ပါပြီ။

အရိယာရဲ. ဘယ်အဆင့်မှာမှ
ဒေါသ ကိုပယ်သတ်ပါသလဲ
ဒီမှာ
ငါ ဖဲ့ထုတ်ပေးနေရတဲ့ အတ္တတွေဟာ
ငါ့ရဲ.ပါရမီ အသွေးအသားတွေပါ
မင်း တစ်ခါလောက်မှ
နားလည် မကြည့်ဘူးဖူးလား။
မမြင့်မြတ်နိုင်ပဲ မြင့်မြတ်နေရတာ
“ ကုလားမခြေထောက် ” စီးထားရသလိုပဲ
အရုပ်ဆိုး အခြေမခိုင်နဲ.
ငါ့ဂီတမှာ ဒီလိုသွေးမျိုး ဝေးချင်တယ်။

သစ္စာဖောက်ရတာ
အခြေအနေအရဖြစ်နိုင်တယ်
လှည့်စားခြင်းမှာတော့
ကြိုတင်ကြံစည်မှု ပါတယ်
အစကတည်းက
မပေးခဲ့တဲ့ ချစ်ခြင်း
မင်းပြန်တောင်း မနေပါနဲ.တော့။

မင်းဘယ်လက်ဖ၀ါး နဲ. ညာလက်ဖ၀ါးတောင်
အရေးအကြောင်းချင်းမတူဘူး
တစ်ပင်တည်းက သစ်ရွက်ချင်းတောင်
ထပ်တူထပ်မျှ မကျနိုင်ဘူး
မင်းနဲ.ငါ့ရဲ. မတူတဲ့ အတွေးအခေါ်ကို
အပြစ်စုံ ပုံမချပါနဲ.
အချစ်ဟာ ထပ်တူညီခြင်း မဟုတ်ဘူး
မတူညီမှုကို နားလည်ခြင်းပဲ ဖြစ်တယ်။
ပိုင်ဆိုင်ခွင့် ရှိတဲ့အခါ
ပိုင်ဆိုင်ခြင်းတန်ဖိုးကို မသိဘူး
ဆုံးရှူံးတဲ့ အခါမှ
ဒီတန်ဖိုး
သိပ်လွမ်းမောစရာကောင်းတယ်။

ခြောက်သွေ.မှုကို
စိုပြေအောင် ရေလောင်းခဲ့ပြီးမှ
စိုပြေမှုကို
နာလန်မထူအောင် မီးမြိုက်ခဲ့ပြန်တယ်
လွမ်းစရာသိပ်မကောင်းလှတဲ့
ဇာတ်လမ်း ဆိုရင်တောင်မှ
ရင်က နာရ လေတယ်။

နာကျည်းမှု၊ မြတ်နိုးမှု
အချစ် ၊ အမုန်း
ငါ့ရင်ထဲမှာ အကန်.လိုက်ရှိနေတော့
ဘယ်အခန်းမှာ ဘယ်မျက်နှာဖုံးနဲ.ထွက်ရမှာလဲ
မင်းပဲသင်ပေးပါ
ငါ့ဒဏ်ရာဟာ င့ါကိုစိမ်ခေါ်မှုပါပဲ။

ဘယ်လောက် ဖြောင့်တဲ့မြားဖြစ်ဖြစ်
မျက်လုံးနှစ်ဖက် ဖွင့်ချိန်ရင်
ပစ်မှတ်ကို မမှန်နိုင်ဘူး
မင်းရပ်တည်မှုကို
မင်းပြန်မသုံးသပ်မချင်း
မင်း မြင်နိုင်မှာမဟုတ်ဘူး
မင်းအနားက
စုန်းတောက်တဲ့ မြူတွေကို
ငါ မုန်းတယ်။

တို.နှစ်ဦးထဲ လှနေတဲ့ဇာတ်မှာ
ဘာလို. တတိယလူ ပေါ်လာရသလဲ
ဒါ…………ရာမာယဏ မဟုတ်ဘူး
လေးတင်ပွဲ မဟုတ်ဘူး
သရဖူ ကာကွယ်ပွဲ။






မျက်ရည်ဆိုတာ
နှလုံးသား ထဲမှာ
သွေးကို ထည့်မီးမြိုက်လို.
ရ လာတဲ့ ပေါင်းခံရည်ပဲ
ဟောဒီ အပြုံးဟာ
နာကျင်မှုကို ဆေးသိပ်နေတာဖြစ်တယ်
ဆေးမြီးတိုပေါ့။

အရှေ.ကို ရောက်ဖို.
အနောက်ကို ရွက်လွှင့်ခဲ့သူ
ကိုလန်ဘတ်စ်
ခင်ဗျား သိပ်တော်တယ်
သူခိုးကို ရွှေတိုက်စိုး ခန်.တာလည်း
အတွေးအခေါ်ဆိုင်ရာ
စွန်.စားခြင်းတစ်မျိုးပဲ မဟုတ်လား။

ခွင့်လွှတ်တယ် ဆိုတာ
ကိုယ်ကိုတိုင် ပင်ပန်းတကြီး တည်ဆောက်ထားရတဲ့
နာကျည်းမှုကို
ကိုယ်ကိုတိုင် ပင်ပန်းတကြီး
ဖြိုဖျက်ပစ်လိုက်ရတာပဲဖြစ်တယ်။
ချစ်သူ
ရာဇ၀င်ကို ကုလားဖန် ထိုးလို.မရဘူး
နွားခြေရာနောက်ကနေ
လှည်းဘီးရာ ထပ်ကြပ်လိုက်သလို
အတိတ်ကို ခွာချလို.မရဘူး
အချို.သောဆေးမြီးတိုဟာ
ရောဂါကိုပိုဆိုးစေတယ်
ငါ့ကို တစ်ပွဲတိုးမနှစ်သိမ့်ပါနဲ.။

တူရိယာ တစ်ခုစီ အတွက် မရည်ရွယ်ပါနဲ.
တေးသွားတစ်ခုလုံးအတွက်ရည်ရွယ်ပါ
စုတ်ချက် တစ်ခုတည်းအတွက် မရည်ရွယ်ပါနဲ.
ပန်းချီတစ်ကားလုံးအတွက် ရည်ရွယ်ပါ
တစ်နေရာတည်းမှာ အတူတကွရပ်မှ
တစ်မျိုးတည်းသော အမြင်ကိုမြင်ရမယ်
မင်းဘက် ငါ့ဘက် မရွေးပါနဲ.
( ငါ့ကို ချစ်ခဲ့ရင် )
အချစ်ဆိုတဲ့ ဘက်ကနေ စဉ်းစားပေးပါ။



ငါဟာ
မင်းသားလား လူကြမ်းလား
မင်းပဲဆုံးဖြတ်ပေးပါ
ငါ့ ဇာတ်ရုပ်ငါ ပီပြင်ချင်လို.
နောက်ထပ် သံသယ မကျန်အောင်
ငါ့ကိုချစ်ကြောင်း ပြောပြပါ
ဒါမှမဟုတ်
နောက်ထပ် သံယောဇဉ် မကျန်အောင်
ငါ့ကို မုန်းကြောင်းပြောပြပါ။

အရေအတွက်အရ လူနှစ်ယောက်ရှိပေမယ့်
အရည်အချင်းအရ တစ်ဘ၀ တည်းပဲ
နှစ်ခုမပြား
တစ်သားတည်း မြတ်နိုးကြရင်
“ အဒွိတ္တ မေတ္တာ ”လို.ခေါ်ရမယ်
အဲဒီနေရာမှာ ငါတို.ဆုံချင်ရင်
သစ္စာ တစ်ခုတည်းနဲ.
ပြန်လာနိုင်ပါတယ်ချစ်သူ။ ။

ပျောက်ဆုံးသွားသောဂုဏ်ရောင်ပြောင်မှု

(၁)
မှန်နံရံကိုဖြတ်၍ မြင်ရသောမြင်ကွင်းဝယ် သံမဏိရောင်ကွန်ဒိုမီယမ်များသည် ထိုးထိုးထောင်ထောင်။ တံလှပ်များ တရှိန်ရှိန်ထနေသော မြေပြင်ကြောင့် အေးစိမ့်နေသောမှန်လုံခန်းသည် အဓိပ္ပါယ်မရှိသလိုခံစားနေရ သည်။
အချိန်ကား ခရစ်သက္ကရာဇ် ၂၅၉၁ ခုနှစ်။
ကမ္ဘာရွာမြှင့်တင်ရေးအကြီးအကဲသည် သက်ပြင်းတစ်ချက်ကို ခိုးဝှက်ရှိုက်လိုက်သည်။ မကြာမီအထူးအ ရေးပေါ်အစည်းအဝေးကစတင်တော့မည်။ဤအရေးကိုသူဖြေရှင်းနိုင်ပါမည်လား။
အစည်းအဝေးခန်းမတံခါးသည်ညင်သာစွာပွင့်သွားသည်။အခန်းအနားမှူးဇိုးဇိုးဇွိဆွေခေါင်းဆောင်သောအဖွဲ.၀င်များ ၀င်လာနေရာယူကြပြီ။ ထုံးစံအတိုင်းပင်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာအစည်းအဝေးများတွင် ကမ္ဘာ. အလှဆုံးမင်းသမီးသည်အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ရလေသည်။
“အလှအပသည်အာရုံစူးစိုက်မှုအတွက်အကောင်းဆုံးသောဗဟိုချက်ဖြစ်သည်”ဟူသောနှစ်ဆယ့်နှစ်ရာစုတွေးခေါ်ရှင်ကြီးကြိုကျိရှောင်၏အဆိုအတိုင်းအစည်းအဝေးများကိုထိန်းသိမ်းရန်လှပသူများကိုရွေးချယ်ခဲ့သည်မှာရာစုနှစ်အတော်ပင်များခဲ့လေပြီ။
ယနေ.အခမ်းအနားမှူးဇိုးဇိုးဇွိဆွေသည်တော်ရုံလှပသူမဟုတ်ချေ။ဆယ့်ကိုးရာစုအလှဆုံးမင်းသမီးမာရီလင်မွန်ရိုး၊နှစ်ဆယ်ရာစုအလှဆုံးမင်းသမီးဆိုဖီရာလောရင်း၊နှစ်ဆယ့်တစ်ရာစုအလှဆုံးမင်းသမီးထွန်.လူးစိန်ပုတို.၏ဒီအန်အေ(DNA) များမှအလှဆုံးမျိုးဗီဇများကို ဂျနက်တစ်အင်ဂျင်နီယာရင်း(Genetic engineering) ဖြင့်ကလုန်းနီး(cloning)လုပ်ကာဖွားမြင်သော တော်ဝင်မင်းသမီး ဖြစ်လေသည်။
ထုံးစံအတိုင်းဇိုးဇိုးဇွိဆွေသည် စားပွဲတစ်လုံးပေါ်တက်ရပ်ကာ သူမ၏ ကိုယ်လုံးလှလှလေးကို တစ်ပတ် လှည့်ပြလိုက်သည်။ အခန်းအနားစတင်ပြီဖြစ်ကြောင်း အမူအယာပြဘာသာစကား(Sign Language)ဖြင့် ကြေငြာလိုက်ခြင်းပင်။အလှအပသည်အကောင်းဆုံးသောဗဟိုချက်ဆိုသောအဆိုအမိန်.မှန်လေစွ။အားလုံးသောမျက်လုံးများသည် ဇိုးဇိုးဇွိဆွေထံရောက်ရှိငြိမ်သက်သွားသည်။ အကြီးအကဲကမူ သက်ပြင်းကို ဒုတိယအကြိမ် ရှိုက်မိပြန်သည်။သူပြောရပေတော့မည်။

(၂)
“အားလုံးသိကြတဲ့အတိုင်း ဒီအစည်းအဝေးဟာ အရေးပေါ်အစည်းအဝေးပါ။ အစကနေပြန်ပြောရင်လာ မယ့်ဒီဇင်ဘာဆယ့်ငါးရက်နေ.မှာကမ္ဘာတစ်ဝှမ်းကကံထူးရှင်ကလေးငယ်တစ်ရာ.ငါးဆယ်ကိုစာအုပ်တို.ထိပွဲလုပ်ဖို.ရွေးချယ်ထားခဲ့ပါတယ်”
စာအုပ်တို.ထိပွဲ။ ကမ္ဘာပေါ်ရှိ နောက်ဆုံးကျန်သော စာအုပ်ကိုးဆယ့်နှစ်အုပ်ကို ကလေးများအား တို.ထိစေမည့်အခွင့်အရေးထူး။ နှစ်ဆယ်.သုံးရာစုဝယ်လူသားတို.သည် အတွေးအခေါ်ဆိုင်ရာ အမှားကြီးကို ကျူးလွန်ခဲ့ကြသည်။ အွန်လိုင်း(Online)ခေတ်ဝယ် စာအုပ်များသည် ခေတ်ဟောင်း၏ ကပ်ပါးပိုးများဖြစ်သည်ဟူ သောအယူအဆထွန်းကားလာပြီးကမ္ဘာအနှံ.စာအုပ်မီးရှို.ပွဲများကျင်းပခဲ့ကြသည်။စာအုပ်ကင်းသောကမ္ဘာသည်လွတ်လပ်သောကမ္ဘာဖြစ်သည်ဟုကြွေးကြော်ခဲ့ကြသည်။
သို.သော် နှစ်ဆယ့်လေးရာစုဝယ် တီတီမြိန်ဒဿနဆုရ အတွေးအခေါ်ပညာရှင်ကြီး သက္ကမိုးညို က “ပြင်မရသောအမှားများ”ဒဿနကြေညာချက်ဝယ်စာအုပ်များဖျက်စီးခြင်းသည်ကြီးစွာသောအမှားဖြစ်ကြောင်းအကိုးအကားများဖြင့်တင်ပြခဲ့ရာမှလူသားတို.သည်နောင်တကြီးစွာဖြင့်စာအုပ်များကိုပြန်လည်ရှာဖွေခဲ့ကြသည်။သို.သော်လွန်ခဲ့လေပြီ။ စာအုပ်ပေါင်းရှစ်ဆယ့်ခုနှစ်အုပ်မှတပါး ကမ္ဘာပေါ်ဝယ်အခြားစာအုပ်မရှိတော့။
အကြီးအကဲသည်သက်ပြင်းချမိပြန်သည်။
“ဒါပေမယ့်စာအုပ်တို.ထိပွဲမတိုင်ခင်မှာထူးခြားဆိုးရွားတဲ့အဖြစ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒါကတော့စာအုပ်ပေါင်းကိုးဆယ့်နှစ်အုပ်ထဲကမှ နှစ်ဆယ့်တစ်ရာစုရဲ. ဂုဏ်ရောင်အပြောင်ဆုံး ကဗျာဆရာကြီးမော်နီရဲ.လက်ရေး ကဗျာစာအုပ်ငါးအုပ်ကိုခိုးယူခြင်းခံလိုက်ရပါတယ်”
ခန်းမသည်တဝေါဝေါဆူညံသွားသည်။ မော်နီ။ နှစ်ဆယ့်တစ်ရာစု၏ ဂုဏ်ရောင်အပြောင်ဆုံးကဗျာဆရာ ကြီး။ သူ၏လက်ရေးစာအုပ်များကို ရန်ကုန်မြို.၏မြေတိုက်တစ်နေရာမှ ရှာဖွေတွေ.ခဲ့သည်မှာ မကြာသေး။ ရှာဖွေ တွေ.ရှိသူမြေအောက်အလုပ်သမားလေးသည်ပင်ဝိုင်းဝန်းချီးမြှောက်ကြသဖြင့်ဘီလျှံနာဖြစ်သွားလေသည်။သက်တမ်းအရင့်ဆုံးတိုင်းမ်စ်မဂ္ဂဇင်းကြီးကလည်းသုံးလတိုင်တိုင်အခန်းဆက်ဆောင်းပါးရှည်ဖြင့်အွန်လိုင်းပေါ်မှဂုဏ်ပြုခဲ့သည်။
ယခုတော့…………………
ကဗျာဆရာကြီးမော်နီ၏ ကဗျာစာအုပ်များခိုးယူခြင်းခံရသည်ဆိုပါလား။


(၃)
အကြီးအကဲကစကားဆက်သည်။
“အခုဆိုရင်စာအုပ်တို.ထိပွဲကလည်းတစ်လပဲလိုပါတော့တယ်။အဲဒါကိုဝိုင်းဝန်းဆွေးနွေးကြဖို.အစည်းအဝေးခေါ်ရတာပါ။”
ကမ္ဘာ.အွန်လိုင်းဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဒေးလီက တွေးတွေးဆဆ၀င်ပြောသည်။
“တခြားစာအုပ်တွေနဲ.ပဲကလေးတွေကို တို.ထိခိုင်းလို.မရဘူးလား”
အကြီးအကဲက ခေါင်းယမ်းရန်ပြင်စဉ်မှာပင် အပြည်ပြည်ဆိုင်ရာ ကလေးများတာဝန်ခံ “ကလိုဘေး” ဘွဲ.ရသဇိုင်ခင်ခင်က ကန်.ကွက်သည်။
“ဘယ်ဖြစ်မလဲရှင့်။ ကျွန်မတို.ကလေးတွေကို ဟင်းပေါင်းစုံချက်နည်းတို.၊ လေထိုးကျွတ်ဖာပျော်စရာ စတဲ့အဖိုးမတန်တဲ့ စာအုပ်တွေနဲ.ပဲ မတို.ထိစေချင်ပါဘူး။ ကြီးမြတ်တဲ့ဝိဥာဉ် ကိန်းအောင်းနေတဲ့ ဆရာကြီးမော်နီရဲ. စာအုပ်တွေနဲ.တို.ထိရမှဖြစ်မယ်။သူတို.ကလည်းဒါပဲအားခဲထားတာ”
“မရှိမှမရှိတော့တာဗျ”
တစ်ယောက်ကပြောလေသည်။
“မရှိလို.မရဘူးလေ။ ဆရာကြီးမော်နီရဲ.စာအုပ်တွေ မပါမှန်းသာသိကုန်ရင် ဘယ်ကလေးမှလာမှာ မဟုတ်ဘူး”
အစည်းအဝေးက ဆူဆူညံညံဖြစ်လာသည်။ ဇိုးဇိုးဇွိဆွေကစားပွဲပေါ်ဝယ် တစ်ပတ်လှည့်ရပြန်သည်။ အေးအေးဆေးဆေးဆွေးနွေးကြပါ ဟူသည့်သဘော။
“စာအုပ်တွေကို အတုလုပ်ရင်ရော”
တစ်ယောက်ကမေးသည်။အကြီးအကဲကဖြေရသည်။
“စာအုပ်တွေကိုလွန်ခဲ့တဲ့နှစ်ငါးရာလောက်က၀ါးဆိုတဲ့အပင်ကနေထုတ်လုပ်တာပါ။ဖန်လုံအိမ်ပြဿနာကိုဖြေရှင်းပြီးနောက်နေရာပြဿနာဖြေရှင်းဖို.အတွက်လွန်ခဲ့တဲ့နှစ်သုံးရာကပဲသစ်ပင်တွေကိုမျိုးဗီဇပါမကျန်ဖျက်စီးခဲ့ပါပြီ။နောက်ပြီး အစစ်ထက်ပိုကောင်းသော အတုသည် မည်သည့်အခါမှ အစစ်ကိုမမှီဆိုတဲ့ စကားအရ ကလေး တွေကိုမလှည့်စားချင်ပါဘူး။ ပေါက်ကြားရင် ဆူဆူပူပူဖြစ်လာနိုင်ပါတယ်”
အားလုံး ငေးငိုင်နေကြလေသည်။
ထိုစဉ်မှာပင်………………………….

(၄)
နံရံပေါ်ရှိမီးနီကလင်းချီမှိန်ချီဖြစ်လာသည်။အထူးအရေးပေါ်ကိစ္စများမှတပါးဝင်ရောက်ခွင့်မရှိသောလိုင်း။အသံတိုးတိုးထွက်လာသည်။သတင်းပို.သူသည် ရုပ်ကိုမပို.ပဲ အသံချည်းသက်သက် ပေးပို.နေခြင်းဖြစ်သည်။
“စာအုပ်တို.ထိပွဲကျင်းပရေးအဖွဲ.၀င်များခင်ဗျား။ကျွန်တော်ကတော့ ဆရာကြီးမော်နီရဲ. လက်ရေးစာအုပ် များကို ခိုးယူသွားခဲ့သူ ဖြစ်ပါတယ်”
အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ အကြီးအကဲက နံရံရှိရုပ်သံပုံဖေါ်စက်ကို ပြေးဖွင့်သည်။ အသံ တုန်ခါနှုန်း၊လှိုင်းအလျား၊လေယူလေသိမ်းတို.ကိုတွက်ချက်ကာပေးပို.သူ၏ရုပ်ရည်ကိုအနီးစပ်ဆုံးပုံဖေါ်ပေးမည် ဖြစ်သည်။
“အားလုံးကို ကျွန်တော်ရှင်းပြပါ့မယ်”
“မကြာခင်အချိန်က ကျွန်တော်ဟာ ဆေးရုံတစ်ရုံမှာ ကွန်ပျူတာသက်တမ်းခန်.မှန်းချက် ရရှိခဲ့ရာမှာကျွန် တော်ဟာ နောက်ထပ်တစ်လလောက်ပဲ အသက်ရှင်တော့မှာဖြစ်ကြောင်း သိခဲ့ရပါတယ်။ ဒီတော့ ကျွန်တော်ဟာ မသေခင်မှာကိုယ်အလုပ်ချစ်ဆုံးအရာတွေ ပြီးအောင်လုပ်သွားဖို. စဉ်းစားမိပါတယ်”
“အဲဒီအခါမှာ ကျွန်တော်ဟာဖတ်ဖူးတဲ့သတင်းတစ်ပုဒ်ကို အမှတ်ရမိပါတယ်။လွန်ခဲ့တဲနှစ်ပေါင်းငါးရာက မြန်မာနိုင်ငံမှာလူတွေဟာရေအိမ်ဝင်ရင်စာအုပ်တစ်အုပ်နဲ.၀င်လေ.ရှိကြောင်း။ကိစ္စပြီးတဲ့အခါဖတ်နေတဲ့စာအုပ်ကိုပဲကိုယ်လက်သန်.စင်ရာမှာသုံးခဲ့တဲ့အကြောင်း“ထူးဆန်းထွေလာဓလေ့ကမ္ဘာ”ကဏ္ဋမှာဖတ်ဖူးပါတယ်”
“တကယ်တော့ ကျွန်တော်ဟာငယ်ငယ်ကစာအုပ်တို.ထိပွဲကိုအရူးအမူးဖြစ်ခဲ့ပေမယ့် ကံထူးသူမဟုတ်ခဲ့ ပါဘူး။ဒါပေမယ့် မကြာခင်မှာ ဘ၀ကိုစွန်.ခွာရမယ်လူတစ်ယောက်အနေနဲ.ဒီဓလေ့ထုံးစံလေးကို စမ်းသတ်ကြည့် ချင်တဲ့အတွက် ကျွန်တော်အကြိုက်ဆုံး ကဗျာဆရာကြီးမော်နီရဲ. စာအုပ်တွေကို ခိုးယူခဲ့တာပါ”
အားလုံးရင်ထဲဝယ်တုန်ခါသွားသည်။အရူးတစ်ယောက်၏လက်ချက်နှင့်ကြီးမြတ်သောကဗျာဆရာကြီး၏လက်ရေးမူများဆုံးရှူံးရတော့မည်။
“ကျွန်တော်စမ်းကြည့်တဲ့အခါအလွန်ပဲထူးခြားပါတယ်ခင်ဗျား။လက်ထဲမှာစာအုပ်လေးကိုင်ပြီးရေအိမ်ဝင်ရတာဟာဘယ်အရသာနဲ.မှမလဲနိုင်ပါဘူး။ကွန်ပျူတာမော်နီတာပေါ်ကရွေ.လျားနေတဲ့စာအုပ်တွေအစားစာအုပ်အစစ်လေးကို ကိုယ်တိုင်ကိုင်တွယ်ဖတ်ရှု၊ပြီးတာနဲ. ကိုယ်လက်သန်.စင်ရာမှာသုံး၊ သိပ်ကောင်းပါတယ်ခင်ဗျား။ လူကြီးမင်းတို.ကိုယ်တိုင်စမ်းသပ်ကြည့်ဖို.တိုက်တွန်းပါတယ်”
“ဒါပေမယ့်ကျွန်တော့်အနေနဲ.လူ.ဘ၀မှာနေရမယ့်ရက်ဟာတစ်လလောက်ပဲရှိပါတော့တယ်။ဒါကြောင့်တစ်လစာအနေနဲ. ဆရာကြီးမော်နီရဲ.စာအုပ်တွေထဲက ကျွန်တော်အကြိုက်ဆုံး “ညီမလေးမဖတ်ရ” ဆိုတဲ့ကဗျာ စာအုပ်ကိုပဲယူထားပြီးကျန်တဲ့စာအုပ်လေးအုပ်ကိုရွေ.လျားစီးပတ်လမ်းကနေတဆင့်ပြန်လည်ပေးပို.လိုက်ပါပြီ။ကျွန်တော့်လုပ်ရပ်အတွက်လည်းခွင့်လွှတ်ကြဖို.တောင်းပန်ပါတယ်”
အခန်းသည်ခေတ္တမျှတိတ်ဆိတ်သွားသည်။ လူတိုင်းရင်ထဲဝယ်စာအုပ်များပြန်ရသည်ကို မယုံနိုင်အောင် ဖြစ်နေသည်။စာအုပ်တို.ထိပွဲကိုကျင်းပနိုင်ပါပြီ။
သို.သော်နှစ်ဆယ်ရာစု၏အကြီးမြတ်ဆုံးသောကဗျာဆရာကြီးမော်နီ၏အကောင်းဆုံးလက်ရာစာအုပ်ကိုတော့ဆုံးရှုံးခဲ့ရလေပြီတကား။
ခန်းမသည် မျက်ရည်ငွေ.များဖြင့် တဒင်္ဂမျှ မှုန်ဝါးသွားလေသည်။ ။

ပြီးပါပြီ

(မှတ်ချက်။ ။နောက်နှစ်ပေါင်းငါးရာလောက်မှာ တကယ်ဖြစ်လာမယ့် ဟောဒီဇာတ်လမ်း ထဲက ဆရာကြီး မော်နီရဲ.ပျောက်ဆုံးသွားတဲ့ကဗျာစာအုပ်“ညီမလေးမဖတ်ရ”ကိုe book အနေနဲ.ကျွန်တော့်ဆီမှာ ရှိပါတယ် ။ ဖတ်လိုသူများ 501.thuya@gmail.com ကိုဆက်သွယ်မှာကြားနိုင်ပါတယ်၊အဟိ)

ပုံပြင်

(၁)
အွန်လိုင်းစောင့်အဘိုးအို၏ရှုံ.တွနေသောပါးပြင်အရေပြားတွန်.လိပ်သွားသည်အထိပြုံးလိုက်သည်။ဝတ်မှုန်နတ်သမီးလေး ၀င်ရောက်လာပြီ။ နတ်သမီးလေး၏ ကိုယ်သင်းနံ.ဖွဖွရှရှသည် ကမ္ဘာတစ်ဖက်စွန်းရှိ သူစောင့် ကြပ်နေသော မော်နီတာကိုဖြတ်၍ ၀င်လာသည်။ နတ်သမီးလေး၏အစောင့်ကို သူလှမ်းမေးလိုက်သည်။
“သူဘာလုပ်ချင်နေတာလဲဟေ့”
အစောင့်ကသူ.ကိုနှာခေါင်းရှုံ.ပြသည်။
“ဂိမ်းလည်းမဆော့ချင်ဘူး။ စာလည်းမဖတ်ချင်ဘူးတဲ့။ တစ်ယောက်ယောက်နဲ. ချက်တင်းထိုင်မလို.တဲ့”
အဘိုးအို၏ လက်ချောင်းပိန်ပိန်များ ကီးဘုတ်ပေါ်ဝယ် တဖျတ်ဖျတ်ပြေးသွားသည်။ နတ်သမီးလေးနှင့် သင့်တော်သောနတ်လုလင်တစ်ဦးတစ်လေ ရှိလေမည်လား ရှာကြည့်မိသည်။ မတွေ.။ ကဝေမလေးသုံးယောက် လောက်နှင့်ချက်တင်းဝင်နေသော ဂျီသရဲလေးနှစ်ကောင်၊ မလိမ်မိုးမလိမ်မာအီးမှင်စာလေးများ၊ နတ်သမီးများကို စိတ်မ၀င်စားသော အွန်လိုင်းယောဂီကြီးများသာ တွေ.နေရသည်။
အဘိုးအို သက်ပြင်းချလိုက်သည်။
“ငါပဲဝင်မှဖြစ်မှာပါကွာ။ဒီကလေးမလေး၊ အွန်လိုင်းဝင်္ဂဘာတောက နက်ပါသဘိနဲ.။တော်ကြာ ဟက်ကာ သရဲကြီးတွေ၊ တော့ခ်စုန်းတွေနဲ. တွေ.လို. အဖမ်းစားခံနေရပါဦးမယ်”
သူ.လက်ချောင်းများကီးဘုတ်ပေါ်တွင်လှုပ်ရှားသွားပြန်သည်။မကြာမီ နတ်သမီးလေး၏ မော်နီတာဝယ် မီးစိမ်းလေးလင်းလာသည်။ တိုးတိတ်သော နှုတ်ဆက်သံကိုသူမကြားပါလိမ့်မည်။
“ဟိုင်း”
(၂)
နတ်သမီးလေး ၀က်ဘ်ဆိုက်ပန်းရုံများအလည် ပျော်မြူးနေသည်ကို သူကြည့်ရင်း ကြည်ကြည်နူးနူးပြုံး လိုက်သည်။ဒီလိုအခါမျိုးဝယ်သူတိတ်တိတ်လေးနေပါသည်။သူမ၏ဖြူသွယ်သောလက်ချောင်းကလေးများကီးဘုတ်ပေါ်မှာပြေးလွှားနေသည်ကိုသူမနှောင့်ယှက်ဘူးခဲ့။သူမပျင်းရိသည့်အခါမျိုးတွင်လည်းသူစကားပြောပေးဖို.၀န်မလေးဘူးခဲ့ပါ။
“သူအသက်ဘယ်လောက်ရှိပြီလဲဟင်”
သူကြေကွဲစွာပြုံးလိုက်သည်။
“အဲဒါလိုလို.လားကွယ်”
မော်နီတာဝယ် အပြုံးသင်္ကေတလေး လက်လာသည်။သူမ၏အပြုံးရနံ.ကို ကြားလိုက်ရသည်။
“ဟုတ်ပါတယ်။ မလိုပါဘူး။ ဒါပေမယ့် သမီးက မလေးမစားလုပ်မိမှာ စိုးလို.ပါ”
“မလုပ်ပါဘူး။မင်းက သိပ်…….သိပ်လိမ္မာပါတယ်”
ရယ်သံအပြာရောင်လေးကိုမြင်ရသည်။
“ပျင်းတယ်။ ပုံပြောပြ”
“ရယ်စရာဂိမ်း ပို.ပေးရမလား”
“ဟင့်အင် ၊ ပုံပဲနားထောင်ချင်တယ်”
သူအားယူလိုက်သည်။ သူမလေးပျော်ဖို.ပါ။
“တစ်ခါက အွန်လိုင်းခါးကုန်းကြီးတစ်ယောက် ရှိသတဲ့။အဲဒီခါးကုန်းကြီးဟာ တစ်နေ.တော့ တောထဲမှာ မျက်စိလည်နေတဲ့ယုန်မလေးတစ်ကောင်ကိုတွေ.သတဲ့။ခါးကုန်းကြီးက ယုန်လေးကို သမီး၊ အဘလမ်းပြမယ်လို. ပြောလိုက်တယ်။ဒါပေမယ့်နဂိုကတည်းကတောထဲမှာထိတ်လန်.နေတဲ့ ယုန်လေးဟာ အရုပ်ဆိုးဆိုး။ အသံကွဲကွဲ ခါးကုန်းကြီးကိုတွေ.တာနဲ.လန်.ပြီး သတိလစ်သွားပါလေရော”
ရယ်သံလွင်လွင်ကို မြင်ရပြန်လေသည်။
“သူကတော့ ရုပ်ဆိုးဆိုးအဘိုးကြီး မဟုတ်လောက်ပါဘူးနော်”
သူထိတ်လန်.တကြားမော့ကြည့်မိသည်။နတ်သမီးလေး၏အစောင့်ကခေါင်းယမ်းပြသည်။ဟုတ်တာပေါ့၊သိပ်ဟုတ်တာပေါ့ကွယ်။ပြောလိုက်သည့်စကားသည်ရင်ထဲမှာပင် ပျောက်သွားသည်။သူမ၏ ပျော်ရွှင်မှုလေးကို မပျောက်ကွယ်စေချင်ပါ။အခွင့်အရေးယူဖို.မဟုတ်ပါဘူးကွယ်။
ကီးဘုတ်ပေါ်ရှိ “ပီ” ဟူသော ခလုပ်ဝယ် စိန်ပွင့်တစ်ပွင့်။သူဘယ်အချိန်က ကျပါသနည်း။
(၃)
အတုံ.အပြန်မလိုသော သံယောဇဉ်ကို အဘယ်သူနားလည်ပါမည်နည်း။ကိုယ်ခူးပေးသော ပန်းပွင့်လေး ဖြင့် သူပျော်နေသည်ကိုသာ မြင်လိုခဲ့သည်။သူမကိုပန်းလိုခူးဖို. စိတ်ကူးပင်မကူးခဲ့ဘူးပါ။သူမပို.ပေးသော ပုံလေး များကို မှော်ကြိမ်လုံးအကူအညီနှင့် ပန်းပွင့်လေးတွေ သီကုံးပန်ပေးခဲ့ဘူးပါသည်။သူမ၏ ဒေ၀တာရယ်မောသံ ကို အိပ်မက်ထဲအထိ မက်နေခဲ့ဘူးပါသည်။ သို.သော်……….
အို……ဘယ့်၊ပန်းပွင့်ငယ်၊ မြောက်ပြန်လေတကြော၌ မောပန်းနေသူ တစ်ယောက်ကို ရနံ.ဖြင့်သက်သာ စေသည့်အတွက်ငါကျေးဇူးဆိုပါသည်။သင့်ပါးပြင်မို.မို.၌သာအလံဖြူလွှင့်တင်လိုပါသည်။အရှုံးထက်ကြောက်ဖို.ကောင်းသောအရာမှာမိုက်မဲမှုသာဖြစ်သည်ကို ငါကောင်းစွာသိပါသည်။ထို.ကြောင့်ငါအရှုံးကို ရွေးချယ်ပါသည်။
လူတစ်ယောက်၏အကျိုးကိုလိုလားသဖြင့် လိမ်လည်သော်လည်း တရားကိုယ်အားဖြင့် လိမ်လည်သည် သာတည်း။ထိုဝဍ္ဍ်မှကျွတ်လွတ်ခဲ့သူမရှိခဲ့ဖူးပါ။ငါလည်းတစ်နေ.ခံရမည်ကိုသိပါသည်။သို.သော်နောက်တစ်ကြိမ်အခွင့်အရေးလည်းရမည်၊ သင်လည်းပျော်ရွှင်မည်ဆိုပါက ငါထပ်မံလိမ်လည်ပါဦးမည်။
ငါ့အားခွင့်လွှတ်မှုကို မတောင်းဆိုပါ။ သူပျော်ရွှင်အောင် ဖန်တည်းပေးခွင့်သာ ငါတောင်းဆိုပါသည်။
ထို.ကြောင့်သာတည်း။
အို………ဘယ့်၊ကလေးငယ်။ ငါသည်………………………
(၄)
“ခင်ဗျားသူ.ကိုလိမ်ထားတယ်”
နတ်လုလင်၏ စကားကိုသူမဖြေပဲပြန်မေးလိုက်သည်။
“မင်းကဘယ်သူလဲ”
“ကျုပ်သူ.ရဲ.ပိုင်ရှင်ပဲ”
ဖြစ်လာနိုင်သည်ဟု ကြိုတွေးထားပါရက်နှင့် သြော် ဟုဝမ်းနည်းသွားမိသေးသည်။
“ခင်ဗျားဘာလို.သူကိုလိမ်တာလဲ”
အဖြေခက်သောမေးခွန်းကို ထပ်မေးပြန်သည်။
“ကျုပ်မှာသဘောဆိုးမရှိပါဘူး”
တိုးတိတ်စွာ၊ ဖျော့တော့စွာ ဖြေရသည်။
“ကျုပ်မယုံဘူး၊ သူ.ကို ပြောပြရမယ်”
“ဟင့်အင်း၊ မပြောရဘူး”
ခြောက်ခြားစွာ အော်ဟစ်လိုက်မိသည်။
“ကျုပ်…….ကျုပ်ကိုမုန်းတာက ကိစ္စမရှိဘူး။ သူအွန်လိုင်းမှာ မပျော်ပဲဖြစ်သွားလိမ်.မယ်”
“ကောင်းပြီလေ”
အေးစက်သော စကားကိုကြားရပြန်သည်။
“မပြောစေချင်ရင် ကျုပ်ခိုင်းတာလုပ်ရမယ်”
“ဘာလုပ်ရမလဲ”
“ခင်ဗျားအွန်လိုင်းမှာ ဘယ်တော့မှ မ၀င်နဲ.တော့”
အို…….ဘ၀စာသားများတွန်.လိပ်ကွေ.ကောက်၊ ခြောက်ခြားကြေမွ၊ ခါးသည်၊ခါးသည်၊ခါးသည်။
“မ……..ဖြစ်…..ဘူး……..ဒါ…ဒါ………ကျုပ်ဘ၀”
“ရတယ်လေ၊ခင်ဗျာညာထားတာ သူ.ကိုပြောလိုက်မယ်။ဒါဆိုသူခင်ဗျားကို ဘလော့ခ်ကျိန်စာတိုက်မှာပဲ။ စောင့်ကြည့်လေ”
ဘလော့ခ်ကျိန်စာ။ဝတ်မှုန်နတ်သမီး၏အမုန်းအတိပြီးသောကျိန်စာလက်နက်။လက်ဖျားတွေအေးစက်လာသည်။ဘ၀၀ယ်မြူခါးတွေဆိုင်းညို.လာသလို ခံစားလိုက်ရသည်။
“ကျုပ်…….ကျုပ်………သွားပါ့မယ်”
ကိုယ့်စကားကိုယ်ခါးသည်။နှုတ်ဆက်ခဲ့ပါတယ်။ကံမကောင်းသူတို.ဟာတစ်ယောက်တည်းနားထောင်သူမရှိနှုတ်ဆက်ရတတ်ပါတယ်။ ကြားမှာတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့်…………..
နှုတ်ဆက်ခဲ့ပါတယ်ကွယ်။


(၅)
ဒါပါပဲချစ်သူ။
အွန်လိုင်းပေါ်ကရုတ်တရက်ပျောက်သွားသူတစ်ယောက်အကြောင်းစဉ်းစားမိရင်ဒီပုံပြင်လေးကိုသတိရပါ။ကိုယ်ကတော့မော်နီတာနဲ.ကီးဘုတ်တို.ရဲ.ဝေးရာမှာတစ္ဆေတစ်ကောင်လိုအထီးကျန်နာကျင်စွာနေနေရဆဲပါ ချစ်သူ။ ။

Wednesday, January 20, 2010

လွမ်းတတ်သူ

အလွမ်းသန်သူဆိုတော့
အပြုံးကတောင် “ အလွမ်းဆန် ”နေလိမ့်မယ်။

ညာလက်နဲ.
မင်းလက်ဖ၀ါးလေးကို ကိုင်ထားရင်တောင်
ဘယ်လက်က မင်းကိုလွမ်းနေသေးတာ
“ တို.ဝေးခဲ့ရင် ”
ဒီအတွေးလေးအတွက်
ခဏ လွှဲလမ်းက မောင်းရအောင်ပါ။

တကယ်တော့လည်း
အလွမ်းဆိုတာ
ကြည်နူးမှုလေး နည်းနည်းပါတဲ့
“ နာကျင်ခြင်း ” ပါပဲ။

ဒီတော့ နင်က
ငါ့နှုတ်ခမ်းက အပြုံးကိုပဲကြည့်လေ
ငါ့မျက်လုံးမှာတော့
ဟိုးအဝေးဆုံး အနာဂတ်အတွက် အလွမ်းတွေ။ ။

သက်ရှိငရဲ

ဘယ်ပြန်ညာပြန်
အံကြိတ်လို.မရအောင်
ဟောဒီ
ကျွန်တော်ဝဋ်လည်နေပုံကတစစ်စစ်။

ပြုမိခဲ့သော အမှုကြီးငယ်
ပြောမိခဲ့သောခွန်းကြီးခွန်းငယ်
လွန်မိခဲ့သော အမှားများ
ကျွံမိခဲ့သော စကားများ
ဆုတ်ရခက်
နှုတ်ရခက်။

အဲဒီ မျက်ရည်ပေါက်ကြီးငယ်နဲ.ပဲ
ကျွန်တော် “ငရဲ” ရောက်ရတယ်။

ဖြစ်နိုင်ရင်
ရိုက်ပါအမေ
မျက်ရည်တော့ မကျပါနဲ.။ ။

တစ်ခြမ်းပဲ့တနင်္လာ

တနင်္လာရဲ.ခြေဆုံးခေါင်းဖျား
အရာရာတိုင်းမှာ
တစ်ခုခုလိုခဲ့သလို…………………

ညို.တိမ်တွေ
ငြိမ်သက်လွန်း
ရွက်အိုတွေ
တိတ်ဆိတ်လွန်း
ဘာမှမဆိုင်တဲ့
ရာသီဥတုကို ထိုင်ဆဲနေလိုက်တယ်။

မှတ်ဥာဏ်ကို
နှလုံးသားပေါ် ဖြန်.ချလိုက်တော့
ဘယ်ရက်စွဲမှာမှ
ကွက်လပ်မဖြစ်ခဲ့ ပုံရိပ်
ဒီနေ.တော့ လစ်ဟာခဲ့ပြီ။

သူလိုငါလိုလည်း
အချိန်က မကုန်လွယ်ဘူး
ကလေးရယ်
တနင်္လာကို ကိုယ်ဆွဲဖယ်နေရပုံက
ပင်ပန်းလွန်းလှချည့်။ ။

ဆုတောင်း

မာရ်နတ်က
မင်းသူငယ်ချင်းတွေပါကွယ်။

သူ.ပါးပြင်လေး
ရှက်ရမ်းရမ်းခဲ့တာ
မနှစ်တုန်းဆီကပါ
ငါ့နှင်းဆီလေးကျကွဲခဲ့ပါတယ်။

ကျေးဇူးတော်ကြောင့်
ငါပြန်လည်ရွတ်ဆိုချင်တဲ့
မော်ဖူးခွင့်လေး
(တစ်ဆိတ်)
အနားမှာဘယ်သူမှမရှိကြပါနဲ.။ ။

အတိတ်

ရုပ်ဆိုးမှုတွေကိုမကြိုက်ရင်
အမာရွတ်တွေထပ်နေတဲ့နှလုံးသားကို
လက်ကလေးနဲ.လာမစမ်းနဲ.ပေါ့။

အထပ်ထပ်ထုထားတဲ့သံကမှ
မာကျောတဲ့ဓားတစ်လက်ရမယ်
ကျီးပေါင်းတက်သစ်ခေါက်မှ
ထူထဲတဲ့အကာအကွယ်ပေးနိုင်တယ်
မင်းလိုချင်တာ
အလှအပလားအကာအကွယ်လား။

ငါပြင်မရတော့သောအတိတ်များကို
ခဏခဏတူးဆွနေတာ
ဘယ်သူ.ကိုနာကျင်စေချင်လို.လဲ
ပြောစရာမကျန်အောင်ငါပြောခဲ့ပီးပီပဲ
ကျေနပ်ပါ။

ရုပ်ဆိုးတဲ့နှလုံးသားတိုင်း
အားနည်းတဲ့နှလုံးသားမဟုတ်ပါဘူး
မင်းကိုချစ်ဖို.မင်းကိုကြင်နာဖို.
ငါ့အတိတ်ဖြစ်ခဲ့ရတယ်လို.
နည်းနည်းလေးတွေးမပေးနိုင်ဘူးလား။

လှပနူးညံ့တဲ့ပင်ပျိုလေးလိုချင်ရင်
အယုယခံ ဥယျာဉ်ဆီသွားပါ
အရိပ်ခိုသစ်ပင်လိုရင်တော့
မုန်တိုင်းခံဒီအပင်ဆီလာပါလေ။ ။

Monday, January 18, 2010

သူငယ်ချင်းလေးသို.






သူငယ်ချင်းလေးရေ
သစ္စာတို.ဟာ
သိပ်ကိုခါးသီးပါတယ်
အထူးသဖြင့်
တဖက်သတ်သစ္စာမျိုးပေါ့။

ရိုးသားစွာပြောပြတတ်ဖို.
စည်းသတ်ထားတဲ့ဆန္ဒကို
ဖွင့်ချမှဖြစ်မှာပါ
ငါ သိခဲ့တယ်။

ငါသိတယ်သူငယ်ချင်းရယ်
တွယ်နှောင်တဲ့ အရာမှန်သမျှ
သောကကိုပါ ပူးချည်တတ်ရဲ.
တို.ရဲ. တဒင်္ဂများရော
ခြားနားခဲ့ပါသလား။

ငါပြောနိုင်သမျှကိုသာပြောမှာပါ
မာနတို.ရဲ.အစွန်းမြင့်မြင့်မှာ
နင့်ကိုငါ မရှိစေချင်ဘူး။

ဒီလိုပဲ
သည်းထန်တဲ့သမုဒယကြောင့်
အရာရာကိုလျော့ချဖို.လည်းမလိုဘူး
ရူးမိုက်တဲ့တရားတွေကို
မင်း……….နားလည်စေချင်တယ်။

တို.ကြားမှာနှောင်တဲ့ကြိုးကို
တိုးလို.လည်းမချည်နဲ.
လျော့လို.လည်းမဖြည်နဲ.
ရှိတဲ့အတိုင်း ရှိပါစေပေါ့။

တိမ်တွေလှတာကိုမြင်တဲ့အခါ
တိမ်ကိုနေရာပေးရတဲ့
ပြာရင့်ရင့်ကောင်းကင်
မမြင်နိုင်ဖြစ်တတ်တယ်။


ငါ့ရဲ.သူငယ်ချင်းလေးရေ
တဒင်္ဂတိမ်လှဖို.
လှစ်ဟပေးရတဲ့အဖြစ်ဟာ
နေရာသက်သက်အတွက်မဟုတ်ဘူး။

လစ်ဟာတဲ့နေရာဟာ
ထာဝရဖြစ်တယ်
ဖြစ်ပွားတဲ့အလှတရားဟာ
ပျောက်သွားမှာဖြစ်တယ်။

မကွယ်ပျောက်မဲ့ဗလာသက်သက်ဟာ
ခဏသာတည်မယ့်တရားတွေကို
နေရာပေးတတ်တယ်
နားလည်ပါလားကွယ်။

သူငယ်ချင်း
မင်းရင်ထဲမှာ ဘာရှိနေနေပေါ့
တချိန်ချိန်မှာတော့
ဗလာသက်သက်ပဲ ကျန်ပါစေ။


တဒင်္ဂများစွာကို ချုပ်ငြိမ်းသွားဖို.
တို. မျှော်လင့်စရာလည်းမရှိဘူး
မရောက်လာသေးတာကို
ငါတို.မျှော်လင့်ပြီး
သက်ပြင်းရင့်ရင့်ချဖို.လည်းမလိုဘူး။

ဘယ်သူတွေရိုးသားခဲ့ကြသလဲ
ဘယ်သူတွေပျက်ပြားခဲ့ကြသလဲ
တို.ရေးထားတဲ့ရာဇ၀င်ကို
ဘယ်လိုမြင်စေချင်ကြသလဲ
ဖြေရဲတဲ့သတ္တိ
အခုအထိ
မင်းမှာလည်းရှိတယ်
ငါ့မှာလည်းရှိတယ်။

တကယ်လို. ……….ဆိုတဲ့အကြောင်းတရားကို
မေ့မထားခဲ့ရင်
မြင်ရတဲ့တံလျှပ်တွေရဲ.
တဖျတ်ဖျတ်ဖမ်းစားခြင်းကို
မင်းနဲ.ငါခံရမယ်။

သက်တံ့ကိုမြင်လို.မှ
ပျော်ရွှင်လို.မရတဲ့ဘ၀မျိုး
ရိုးသားစွာငြင်းပယ်ဖို.
ငါတို.ရဲ.သတိတရားကို
ဓါးသွားလိုသွေးပါ။

တလင်းလက်လက်နဲ.
ဝင်းပြက်တဲ့အရာမှန်သမျှ
ပူရှစေတဲ့အစွမ်းရှိတယ်
ပန်းတစ်ပွင့်လို
မွှေးသင့်တဲ့သိမ်မွေ.ခြင်းကိုတော့
ငြင်းပယ်မှုအလှမှာတွေ.ရမယ်။

သူငယ်ချင်းရေ
မင်းကိုပြောသမျှတွေဟာ
ဆန္ဒကိုမေ့ထားလို.
ဓါးသွားလက်အရှိတရားကို
အေးခဲစွာပြောကြားနေတာပါ။



မင်း…….ငြင်းချင်ငြင်းအားမယ်
ကွယ်ချင်ကွယ်ထားမယ်
ဒါပေမယ့်
မဖယ်ရှားလိုက်ပါနဲ.။

ဟောဒီဟောဒီလိုပြောကြားဖို.
ငါတို.ရဲ.အမှားအယွင်းကိုရင်းနှီး
မီးတရှရှပင်လယ်မှာ
ကမ်းခြေလည်းကွယ်ဘူးတယ်။

အေးခဲတဲ့ညပြင်မှာ
နာကျင်စွာထိုင်ဘူးပါသလား
စကားတွေမြိုချလို.
ဘာမှမသိအောင်ဖြစ်ဘူးပါသလား
စကားလုံးအတိမ်အနက်ကို
တွက်ချက်ပြီးမငြင်းပါနဲ.
မင်း………သိလိုက်စမ်းပါ။




တခါတရံတို.ရဲ. ထိခိုက်ခြင်း
မင်းမှာရှိသလို
င့ါမှာလည်းရှိပါရဲ.
ဒါပေမယ့်
ဒါပေမယ့်ပေါ့လေ……………

ဖြေသိမ့်တဲ့တရားကို
ငါ………မတွေးမိဘူး
ဆန္ဒရဲ.အောက်ဖက်
အနက်ရှိုင်းဆုံးထိလှိုက်ကြည့်မိတယ်
တကယ်တော့လည်း
ရင်ထဲကထိခတ်မှုဟာ
ဘာမှ မဟုတ်ပါလားကွယ်။

တဒင်္ဂပါ………ခဏပါ
ဒါပေမယ့်
တို.ရဲပီတိ
အရှိတရားထက်ပိုထားမိတဲ့မှတ်သားမှုက
အဲဒီတဒင်္ဂကို ပွားများစေခဲ့ရဲ.။


အကြိမ်ကြိမ်ရိုက်ခတ်စေခဲ့တဲ့သဥာနဲ.
ငါတို.ရဲ.ဇောအလျှင်ဟာ
ငြင်သာစွာမှားယွင်းခဲ့ရ
လက်ငင်းရတဲ့နှစ်ထပ်တိုး
ရိုးသားစွာ ချေးငှားမိတယ်။

ဒီလိုနဲ.ကွယ်
ဘယ်အချိန်မှဆပ်ရမလဲ
ငါလည်းမသိတဲ့ဝေဒနာ
သာယာစွာတိုးပွားရင်း
မှားယွင်းမိကြတယ်။

တကယ်ဆို
တို.ပိုင်ဆိုင်သမျှဟာ
တဒင်္ဂရဲ.ခဏအသိတွေ
ထိခတ်တဲ့သဥာတွေ
ဒါတွေကိုငြင်းရမယ်လို.
ငါပြောဖို.မ၀ံ့ပါဘူး။



ဒါဟာ…….ဘ၀တိုင်းမှာရှိတဲ့
သိမှုတို.ရဲ.ဖြစ်စဉ်ပါ
တို.ပြင်ဆင်လို.မရပါဘူး။

တို.ငြင်းရမှာက
ဆန္ဒကိုထိန်းချုပ်ရင်း
တင်းကြပ်တဲ့အသိတရားနဲ.
သတိထားမှုတစ်ခုပါကွယ်။

သူငယ်ချင်းလေးရယ်
မင်းကွယ်ထားတဲ့စကားတွေကိုလည်း
မပြောကြားလိုက်ပါနဲ.
ဆောင်းနှင်းတို.ရဲ.မှုန်ဝေခြင်း
အလင်းတို.ရဲ.မပီပြင်မှု
သူ.အတိုင်း ရှိပါစေတော့ကွယ်။

ငါသိထားတဲ့
ဝိုးတ၀ါးတို.ရဲ.အလှ
မှုန်ပျပျဖွဲ.သီခြင်း
မင်းမှာရှိပါ။

နာကျင်စွာမျှင်းချရတဲ့
ခပ်ဖွဖွသက်ပြင်းတွေကို
မင်း………မေ့လိုက်စမ်းပါ
ငါမေ့ထားသလိုပေါ့။

ပြီးတော့ ပြောပါ
ပေါ့ပေါ့ပါးပါး အကြောင်းလေးတွေ
တွေးမိတဲ့ဒဿနတွေ
သိနေရဲ.လား
ဒါတွေဟာ
တို.တတွေရဲ.ချိုမြိန်ခြင်းတွေလေ
သူငယ်ချင်းစစ်စစ်ရဲ.ဘ၀လေကွယ်
ဘယ်အရာနဲ.မှမလဲနဲ.။

တို.ရဲ.ခင်မင်ခြင်းကို
တင်းကြပ်စွာတိုးယှက်လို.
အနေခက်မယ့်တရားကို
တို.များ…….ငြင်းရမယ်။



တို.ဖြစ်စဉ်ဟာ
မှန်မှာလာပေါ်တဲ့ပုံယောင်လို
မှန်ရင်ခွင်ကို ခဏ၀င်ရုံပါ
ရုပ်ပုံရှင်စစ်စစ်ဟာ
အပြင်မှာရှိတယ်
မှန်နဲ.ပုံရိပ်ယောင်ဘ၀ဟာ
ငါတို.ပါ။

အခန်.သင့်ချိန်ဆုံတဲ့တဒင်္ဂမျိုး
မြတ်နိုးစွာခုံမင်ပါတယ်
တကယ်ဆိုနင်လည်း
ဒီလိုပဲသိရမယ်။

ပုံရိပ်စစ်ကွယ်တဲ့အခါ
မှန်ဟာဗလာဖြစ်ကျန်သလိုပဲ
တို.ရင်ထဲမှာဗလာဘဝ
ဝေးတဲ့အခါရှိမှ
ခပ်ဖွဖွရီနိုင်မယ်။



တကယ့်တကယ်လို.များ
မှန်လိုသဘောမထားပဲ
ပန်းချီတစ်ကားလိုဆွဲထားမိရင်
ဖျက်ချင်တဲ့ကာလမှာ
ခြစ်ရာစင်းရာတွေပရပွနဲ.
ရှတနာကျင်ရမှာပေါ့။

ရောက်လာတော့မယ့်ကာလများမှာ
ခြားနားစွာနေရင်းနဲ.
မင်းတို.ငါတို.ရဲ.အတိတ်ထဲကို
ရဲ.၀ံ့စွာသတိရနိုင်ဖို.
ငါတို.နေတတ်ဖူးရမယ်။

ဝေးကွာခြင်းတွေထပ်ဆင့်
မြင့်တက်လာတဲ့လဖြူဖြူတွေကို
အပူအပင်မဲ့ငေးမောချင်ရင်
မင်းနဲ.ငါအရှိတရားကို
ရိုးသားစွာမြင်ကြစို.။



ပြန်ဆုံတဲ့အခါ
ငါတို.ရဲ.အဖေါ်တွေကို
ပျော်ရွှင်စွာမိတ်ဆက်ပေးဖို.
ငါတို.မှာတာဝန်ရှိတယ်။

တိတ်ဆိတ်စွာငေးမော
သောကနဲ.ရှောင်ပုန်းဖို.
ငါတို. မလိုချင်ရင်
ဟောဒီ တဒင်္ဂတွေကို
မြင့်မြတ်စွာ ကြိုဆိုရမှာပေါ့။

ငါ့ရဲ. သူငယ်ချင်းလေးရေ………
တို.တတွေရဲ.နှစ်သိမ့်မှု
ဘယ်သူ.မှာရဖူးသလဲ
ရင်ထဲမှာရိုးသားခြင်းတွေ
မင်းဆက်ဆက် စိုက်စမ်းပါ။





ကာလသုံးပါးထက်
အခြားတစ်ပါးသောကာလ
လောကမှာမရှိပါဘူး
ငါတို.ရဲ.ပစ္စုပ္ပန်အထိ
ဖျက်မိချင်တဲ့စာတစ်ကြောင်း
ဘယ်လိုမှ…စာလုံးမပေါင်းမိဘူး။

သြော်………သူငယ်ချင်းလေးရယ်
နားလည်ပေးပါ
ငါဘယ်သူ.ကိုများမှ
လှည့်စားဖို. မကြံစည်ခဲ့ပါဘူး။

ဘယ်ရင်ခွင်ဦးကိုမှ
မရူးသွပ်စေချင်ခဲ့ပါ
နားလည်ပါကွယ်…………






ဖြူစင်တာထက်
ဖြူစင်စေချင်မိတာ
မင်းသိဖို.လိုသလား
အမှန်တရားရဲ.ရှတခြင်း
မင်းနဲ.ဆိုင်သလား
ဓားသွားတို.ရဲ.စူးနက်ခြင်း
မင်းကိုပေးမလား
ခါးသီးမှုရဲ.နာကျင်ခြင်း
မင်းနဲ.တန်သလား
ငါခြားပေးထားတဲ့စည်းဟာ
လုံခြုံပါကွယ်။

စည်းအပြင်ဘက်မှာ
ငါလဲကျနေပါစေ
ခြေတစ်ဖက်ဖက်မှ
အပြင်မထွက်ပါနဲ.
ငါ့ရဲ.တောင်းဆိုသမျှဟာ
ဒါပါပဲ။



တစ်ခုခုကြောင့်
နာကျင်မှုဖြစ်ခဲ့ရင်တောင်မှ
မာနတွေနဲ.မီးတိုက်ပြီး
နာကျည်းလိုက်ပေါ့လေ။

နာကျင်လှိုက်မောခြင်းကို
မင်း……ဖယ်ရှားပါ
ဒါဟာ
ငါနဲ.သာထိုက်တဲ့ဆု
တစ်ခုခုကြောင့်
တစ်ခုခုဖြစ်ခဲ့သူဟာ
ငါသာဖြစ်သင့်ရဲ.။

အမှားအယွင်းကို
ငြင်းပယ်မိတဲ့ကြားက
မှားယွင်းတဲ့စကား
ယောင်မှားလို.ပြောမိရင်
နင်…………မေ့ပါ
ငါ……………မေ့မယ်။


မသိစိတ်တို.ရဲ.နှောင်ဖွဲ.ခြင်း
မင်းမှာရှိမယ်
ငါ့မှာ……..ရှိတယ်
တကယ်တော့ ငါတို.ဟာ
သာမာန်ထက်မပိုတဲ့
သာမာန်တွေပါ
ငါတို.ကို စာနာကြမှာပါ။

ကိုယ့်အံကို တင်းအောင်ကြိတ်ပြီး
သက်ပြင်းတိတ်တိတ် ချခဲ့ရတဲ့ညတွေ
ရှည်လျားမောသက်တဲ့
လင်းလက်မှုန်ကြယ်စင်ဦးတွေ
မထူးခြားမှန်းသိရဲ.နဲ.
ပြောမိတဲ့စကားတွေ
ရှိတဲ့အခါ ရှိပါစေလေ။

ရုန်းဖယ်ဖို.ကြိုးစားရင်း
တင်းကြပ်လာတဲ့ပင့်ကူမျှင်မျိုး
ရိုးသားစွာကြုံဖူးကြရင်
ခွင့်လွှတ်ချင်ကြမှာပါ။

ငါ့စိတ်ကိုငါနဲ.နှိုင်းပြီး
ခပ်ရိုင်းရိုင်းပြောမိတာတွေ
နားလည်မှာပါ။

နင့်မှာက
ဘာမှမထူးခြားတဲ့ဖြူစင်ခြင်းတွေ
လင်းလက်စွာရှိသေးရင်
သူငယ်ချင်းတရားများ
ရိုးသားစွာရှိသေးရင်
နင် ငါ့ကိုသည်းခံပါ။

နင့်ရဲ.အဖြူရောင်နှလုံးသားကို
စော်ကားဖို.သက်သက်
ငါပြောရက်တယ်မထင်ပါနဲ.
ငါ့ရဲ.သူငယ်ချင်းလေးရေ……….






သြော်……ငါ့ရဲ.သူငယ်ချင်းလေးရေ……
တကယ်ဆိုရှိတယ်
မသိဘူးပေါ့
တကယ်ဆိုသိတယ်
မရှိဘူးပေါ့
ရှိခြင်းတွေမရှိခြင်းတွေ
သိခြင်းတွေမသိခြင်းတွေ
မင်း……မေ့လိုက်တော့
နင်နဲ.ငါထာဝရရင်းမယ့်
သူငယ်ချင်းပေါ့။ ။





ချစ်သောညီမလေးသို.







ဘယ်တစ်ဖက် ညာတစ်ဖက်
တွယ်ရာမဲ့ခဲ့တယ်။

နှလုံးသားက
ရိုးသားစွာ အားငယ်မိပါတယ်
ညီမလေး တစ်ပွင့်ကလွဲရင်
ဘယ်သူ.ကိုမှမော့မကြည့်ရဲခဲ့ဘူး။

ကဗျာဆရာ ကိုးကွယ်တဲ့
မိန်းမနှစ်ယောက်ရှိတယ်
တစ်ယောက်က အမေ
တစ်ယောက်က ချစ်သူ။




ညီမလေးမသိတဲ့ ရိုသေသမှုနဲ.
ညီလေးကိုငါ ကိုးကွယ်ပါတယ်
သူ.ရှေ.မှာ ငါ
ဒူးနှစ်ဘက် စင်းစင်းညွတ်ထောက်ပေးခဲ့တယ်။

ချာတိတ်ရေ
ငှက်ကလေး လာနားဖို.
လက်ဝါးဖြန်.ပေးထားသူလိုမျိုး
ငါလေ
ချောက်ချောက်ခြားခြား သိမ်မွေ.မိနေတယ်။

သိုဝှက်ထားတဲ့အချစ်ဟာ
ထုံမကူးရသေးတဲ့ ၀တ်မှုံပေါ့
အထဲမှာ ဥယျာဉ်တစ်ခုရှိနေတယ်။

မင်းရှေ.မှာဆို ကလေးရယ်
တစ်ခွန်းထဲသောစာတစ်ကြောင်း
မျက်လုံးလေးနဲ.တောင် စာလုံးမပေါင်းရဲဘူး
နေရာဦးဖို.ဆိုတာ
ပွဲလန်.တုန်းမပြောနဲ.
ပွဲရှင်းတုန်းတောင် ဖျာမခင်းရဲခဲ့ပါ။

စိတ်ကူးလိုက်ရင်တောင်မှ
လူကညွှတ်ကျ အားငယ်သွားတတ်တော့
မင်းရှေ.မှာ လက်သီးဆုတ်လေးဖြေချ
ငါ့တိမ်တိုက်လေးကို ဘယ်မှာဖြန်.ပြရဲပါ့မလဲ
ငါ့ မုတ်သုန်လေးလည်း
ရွာသွန်းခွင့်နဲ.လွဲနေတယ်။

မြေဆွဲအားကိုကြောက်တဲ့ သစ်သီးလေးလို
ညှာတံကို အားကိုးတကြီး ချိတ်တွယ်ထားမိတယ်
ကြွေကျဖို. ၀င်းပြည့်ရွှန်းမှည့်ခဲ့တာ မဟုတ်ဘူး
မသိလိုက်မသိဘာသာ ဥယျာဉ်မှူးလေးရေ
မင်း………ငါ့ကို ခူးလှည့်ပါ။

အုံ.ပုန်းကောင်းကင်ဆိုမှတော့
ဒီပန်းတွေက ခိုးဝှက်မွှေးမြခဲ့ရပေါ့
အတွေးသက်သက်နဲ.ပဲ
ငါ့နားရွက်ဖျားလေးတွေပူနွေးလာအောင် ချစ်မိတယ်။



ဒီပင်လယ်ဟာ ညီမလေးရှိတဲ့နေရာဆိုရင်
ကျောက်ချရပ်နားရုံတင်မကဘူး
ငါ့သင်္ဘောတစ်စင်းလုံး နှစ်မြုပ်နေရာယူပစ်မယ်
အဲဒီလောက်ထိ ချစ်တယ်။

ညီမလေး လိုချင်ရင် ဓူဝံကြယ်ကို ခူးဆွတ်မပေးဘူး
ငါကိုယ်တိုင်မြောက်အရပ်မှာ ထာဝရခြေစုံရပ်ပေးမယ်
ညီမလေးအတွက်ဆို တံတားမဆောက်ဘူး
ငါကိုယ်တိုင် အားလျားမှောက်
ငါ့ကိုယ်ပေါ်မှာ သူ.ကိုဖြတ်လျှောက်ခိုင်းလိုက်မယ်
အဲဒီလောက်ထိ ငါ ချစ်တယ်။

ညီမလေးတီးခတ်ဖို. စောင်းကြိုးလိုရင်
ငါ့ဆံပင်တွေကို ပိုးချည်အဖြစ် ကျစ်ပေးမယ်
အဲဒီလောက်ထိ ငါ ချစ်တယ်။






မိန်မတစ်ယောက်ဟာ ချစ်မိရင်
ရဲရင့်လာတတ်တယ်
ယောက်ျားတစ်ယောက်ဟာ ချစ်မိရင်
သိမ်ငယ်သွားတတ်ပါတယ်
ငါဘယ်လို မြိုသိပ်ခဲ့တယ်ဆိုတဲ့အဖြေဟာ
ဒါပါပဲ။

သေတ္တာကို ငါ အသေပိတ်ခဲ့တယ်
ငါသိမ်းဆည်းခဲ့တာ မိုးလေ လုံရုံတင်မကတော့
ငါ့ အဖြစ်က
သစ်စေ့လေးကို အရိပ်တကြည့်ကြည့်နဲ.
သစ်တောကြီးတစ်ခုကို စိတ်ကူးနဲ.ပျိုးနေတာ။

အဲဒီလိုနဲ.
မြိုသိပ်သိုဝှက်ခြင်းမှာ အကြောသေခဲ့ရ
ငါ့မှာ
တစ်ချက်ခိုးကြည့်ဖို.အရေး
လူမိုက်စိတ်ကို ဇွတ်မွေးခဲ့ရ
မင်းဘာမှ မသိပါလားကွယ်။


ကလေးရယ်
ထီးသုံးနန်းသုံး လက်ဖမိုးလေးကို
ငါ့ရဲ.တေလေပါးပြင်အပ်လို.
တမြတ်တနိုး ငေးချင်လိုက်တာ
ဒါ………ငါ့ရဲ.တစ်သက်စာ ဆန္နပါ။

သူ.ဆံနွယ်တွေကို ဆွဲဖွချင်သေးတယ်
တကယ်ပဲ မချင့်မရဲအတွေးမျိုးနဲ.
ငါသူ.ကိုမြတ်နိုးမိတယ်
အသိအကြား၊ အရှိတရားထက်
ငါ…………အကြည့်စကား ကိုပဲယုံမယ်။

အခုလို သူ.ဓာတ်ပုံလေးမျိုး
ဖြစ်နိုင်ရင် ငါ့မျက်လုံးမှာ
ဆေးမှင်ရည်စုတ်ထိုးထားချင်ပါတယ်
ဘယ်သူပျိုးလို.မှ မပေါက်တဲ့ပန်းတစ်ပင်
အခုတော့……အပွင့်သစ်တွေ……ဆင်။




ညီမလေးရေ
တရှိုက်မက်မက် ငေးမိတာလည်း ပန်းခူးတာပေါ့
တနင့်သက်သက်မှန်းမျှော်ငေးတာလည်း ပန်းခူးတာပဲပေါ့
တို.သိတာထက် သိမ်မွေ.တဲ့ချစ်ခြင်းဟာ
တို.သိတာတွေထက် သိမ်မွေ.တတ်ခဲ့တယ်။

ဆင့်ပါးစပ် နှမ်းပက်သလို အပြုံးလေးကိုပဲ
နှမ်းပင်အောက်ဆင်ရောက်သလိုဇွတ်တွေးခဲ့ပါတယ်
တကယ်တမ်း မင်းနဲ.ပတ်သက်ရင်
မင်းညှပ်ပစ်ခဲ့တဲ့ လက်သည်းစလေးကိုတောင်
ငါက သိမ်းထားချင်တာမျိုး။

ငါ့ပါးစပ်ကိုသော့ခတ်ခဲ့သော အကြည့်လေး
အဲဒီ အကြည့်လေးဟာ ငါ့ဘ၀ပါ
အဲဒီဘ၀ဟာ ညီမလေး အတွက်ပါ။






တောင်ပံမပါပဲပျံသန်းတတ်တာဟာ
အချစ်ဖြစ်တယ်
တောင်ပံသက်သက်နဲ. ပျံသန်းတတ်တာဟာ
အနုပညာဖြစ်တယ်
ညီမလေးဟာ
အချစ်နဲ.အနုပညာတို.ရဲ. “ သံခိပ် ” ဖြစ်တယ်။

ငါ့ညာဘက်လက်ဖျံဟာ အနုပညာဖြစ်ပြီး
ငါ့ဘယ်ဘက်လက်ဖျံဟာ ညီမလေးဖြစ်တယ်
ဘယ်လက်က တစ်ပွင့်တောင်းဆိုရင်
ညာလက်က တစ်ပင်လုံးပွင့်ပေးမယ်။

ဖွင့်ပြောတယ်ဆိုတာ သစ်ကိုင်းကိုဆတ်ကနဲခါလိုက်တာပဲ
အသီးစိမ်းကြွေမလား အသီးမှည့်ကြွေမလား
ဘယ်သူပြောရဲမှာလဲ
မင်းနှုတ်ခမ်းလေးကိုက
စိမ်းတချို. မှည့်တချို. ရက်စွဲတွေ များလွန်းခဲ့။




ငါက
အိုင်တွေ.လို.ဆေးချင်တဲ့ ခြေလည်းမဟုတ်ဘူး
မင်းက
ခြေတွေ.ဖို. စောင့်နေတဲ့ အိုင်လည်းမဟုတ်ဘူး
ငါက
ရေငတ်လို. ပန်းသန်.ရေရှာခဲ့သူ
မင်းက
ရေခပ်ဖို. ပန်းမြတ်ပွင့်ရာ ကန်သာ။

မင်းအတွက်ကလွဲရင်
ဒီအပင်ဟာ နောက်ထပ် ပွင့်လာမှာမဟုတ်ဘူး
မင်းအတွက်ကလွဲရင်
ဒီမုတ်သုန်ဟာ နောက်ထပ်ရွာသွန်းမှာမဟုတ်ဘူး
မင်းအတွက်ကလွဲရင်
ဒီလူဟာ နောက်ထပ် ပါရမီဖြည့်မှာမဟုတ်ဘူး။






နက်ရှိုင်းမြင့်တက်လာတဲ့ အသိမှာ
ညီမလေးကိုငါ ကြည့်စရာမလိုတော့ဘူး
(သူဟာ ငါ့မျက်ဝန်းမျက်ဆံ ဖြစ်တယ် )
ညီမလေးအတွက်ငါ ရင်ခုန်စရာမလိုတော့ဘူး
( သူဟာ ငါ့နှလုံးသည်းပွတ်ဖြစ်တယ် )
ညီမလေးနဲ.ငါ ဝေးကွာစရာမလိုတော့ဘူး
သူဟာငါ့ အသွေးအသား ဖြစ်တယ်။

တိတ်တခိုးကျမ်းတစ်အုပ်နဲ.
ကိုယ့်ကိုကိုယ် လက်ခုပ်တီးခဲ့ရသော ကာလများမှာ
သူပျော်အောင်ထားဖို.
မဖြစ်ညစ်ကျယ်အားတင်း
ပွင့်လင်းမှုကိုငြင်းခဲ့တယ်။

သူသတ်လက်ကို ၀ှက်ထားတဲ့ ကံကြမ္မာ
ငါလည်စင်းပေးလိုက်ပါတယ်
ကွမ်းတစ်ရာရေတစ်မှုတ် အစား
ညီမလေး ဂရုဏာတရားကိုသာ
ပေးသနားတော်မူပါ။


ချစ်သောညီမလေးရေ
ပျင်းရိညည်းငွေ.တဲ့တစ်နွေနွေမှာ
အခါအခွင့်ကြုံကြိုက်ရင်
ငါ့ကဗျာ တစ်ပိုဒ်တစ်လေ
မင်း………သတိရနေလိုက်ပါ။
ငါကတော့
ပုဆိန်ရှေ.က သစ်ပင်လေးလို
ဆုံဆည်းတာနဲ. ပြိုလဲပေးလိုက်ရတဲ့အဖြစ်အား
မြတ်နိုးရိုကျိုးစွာ
ချစ်……သွား……မှာ………ပါ…………

သက်တံ့

ဆံပင်တွေဖြတ်လိုက်ခါမှ
ငါ့သက်တံ့လေး အရောင်ပိုစုံသွားတယ်။

မျက်လုံးဝိုင်းလေးရယ်
ငေးမကြည့်ရက်အောင်ကို မြတ်နိုးတယ်။

မေးခွန်း

အချစ်မှာ
အရာရာ ဖြစ်နိုင်တယ် ဆိုလို.
ဒီကျောက်တုံးလေး
အရွက်အခက်ထွက်လာမလား စောင့်ခဲ့တာ။

ချစ်ခဲ့သလား မချစ်ခဲ့ဘူးလား
အရေးကြီးတဲ့ ဇာတ်သိမ်းကျမှ
မီးက ဖျတ်ကနဲ ပျက်တယ်။

ဒီသေတ္တာကို ငါပိုင်တယ်
ဒါပေမယ့်
သော့က ငါ့ဆီမှာ မဟုတ်ဘူး။

ညီမလေးရယ်
ဆေးကြောင့်
နာကျင်စွာ အသက်ရှင်ရမယ်ဆိုရင်
“အဆိပ်” ကိုပဲပေးပါ။ ။

အမုန်း

ပူလောင်မှုနဲ.
ငါ့ခြေဆုံးခေါင်းဖျား
တဟုန်းဟုန်းလောင်ကျွမ်းစေဦးတော့
ငါ့အမုန်းကို မစွန်.လွှတ်ဘူး။

တစ်လောကလုံးက
ဆိုးဝါးယုတ်မာမှုတွေ
သင်းအပေါ် စုပြုံကျရောက်တောင်
သနားဖို. မပြောနဲ.
ငါ………လိုသေးတယ်ထင်မယ်။

ဒီ အာဃာဓ မဖယ်ရင်
ငါသေဆုံးမယ် ပြောမလား
ငါ အခုပဲလဲသေမယ်။

အရိုးထဲအထိ လှိုက်ပြီး မုန်းတဲ့အမုန်းဟာ
ဘာ့ကြောင့်လဲသိလား
သင်းဟာ
ချစ်သူကိုပူးကပ်ခဲ့တဲ့
တစ္ဆေ ဖြစ်လို.ပဲ။ ။

ပြိုင်ပွဲ

ဖြူစင်ရဲရင့်တဲ့ အရှုံးဆိုတာ
အချစ်မှာတော့
မိုက်ရူးရဲဆန်ခြင်း တစ်မျိုးပါပဲ။

အချစ်မှာ မမိုက်မဲချင်လို.
ဘ၀မှာ မိုက်မဲခဲ့ပါတယ်
င့ါရန်သူတွေ ခန္ဓာပေါ်ကဓားရာဟာ
နောက်ကျောမှာရှိမှာ ငါ ရှက်ခဲ့တယ်။

ပြိုင်ပွဲလို. ကြိုတင် မသိခဲ့တော့
တစ်ဖက်လူ ဓားသွားဟာ
ငါ့နောက်ကျောဆီ သပ်ရပ်စွာ ၀င်လာခဲ့ပေါ့။

အနိုင်အရှုံးဟာ
ဆုတံဆိပ်နဲ. သတ်မှတ်သလား
ဒဏ်ရာ အနည်းအများနဲ. သတ်မှတ်သလား
သွေးစက်လက်ဒိုင်းကို ငါမြှောက်ပြချိန်
ချစ်သူက လက်ခုပ်တီးတယ်
ဘယ်သူ.အတွက်ပါလိမ့်။ ။

နီတိများ-၂

ငါက
မလာတော့မယ့် တစ်ယောက်ကိုစောင့်တယ်
သူက
မစောင့်မယ့် တစ်ယောက်ဆီ သွားနေတယ်
အချည်းနှီး သုညများ။

မရှိတဲ့ အရာဝတ္တုနှစ်ခုဟာ
ဆန္နရှိသလောက် ဝေးကွာနိုင်တယ်။

မ၀ှက်တဲ့ အရာဝတ္တု တစ်ခုဟာ
ဘယ်တော့မှ ရှာမတွေ.နိုင်ဘူး။

စက်ဝိုင်းပေါ်လျောက်ရတာ
ဝင်္ကဘာထဲ လျောက်ရတာထက် ရှည်လျားတယ်။

ငါ့အချစ်ကို
“ အထက်ပါအတိုင်း ” လို.
တင်စားလိုက်ပါတယ်။ ။

နီတိများ

“ကမ်းတဲ့လက်ကို လှမ်းမယူရင်
ကမ်းမိတဲ့လက်
ရှက်စရာပဲပေါ့ ”

“ အနာနဲ.ဆေး မတည့်ရင်
ဘယ်လောက်ကုကု
ဒီရောဂါ မပျောက်ဘူး ”

“ ပေးပြီးမှပြန်ယူတာ
လုံးဝ မပေးခဲ့တာထက်
ပိုပြီး ရက်စက်ရာရောက်တယ် ”

“အချစ်ဟာ
ကံစမ်းမဲမဟုတ်ဘူး
သေတ္တာကို သော့ခတ်ပြီး မပေးပါနဲ.”

“ မင်းက အနိုင်ယူ သွားတာ မဟုတ်ပါဘူး
ငါက အရှုံးယူလိုက်တာပါ ”။ ။

ဇာတ်တော်သစ်

အနှေးပြကွက်ကို ပြန်ကြည့်မှ
ငါ ခံလိုက်ရပုံက ပက်ပက်စက်စက်
ဒါတောင် သူ “ အနီကတ် ” မထိဘူး။

လှည့်စားခြင်းဟာ လေပြည်ပါပဲ
အေးမြတယ် ညင်သာတယ်
အကောင်အထည် မရှိဘူး
ဒါပေမယ့်
တည်ငြိမ်မှုကို ပျက်စေတယ်။

ဘယ်တုန်းက ဆုံးရှုံးသွားတာလဲ လို.ပြောပြဖို.
ဘယ်တုန်းက ရရှိခဲ့တာလဲ လို. မေးလာမလား
ငါ………ရှက်မိတယ်။

ဆဒ္ဒန်ဆင်မင်း မဟုတ်တော့
သည်းခံ ခွင့်လွှတ်ရတာလည်း
အောင့်သက်သက် နိုင်လွန်းခဲ့တယ်
ဒီဇာတ်တော်ကို ပြန်ပြင်ကြစို.
မင်းလည်း နောင်တ မရချင်နဲ.
ငါလည်း မြားမမှန်ချင်ဘူး။ ။

ဇာတ်လမ်း

မေတ္တာပွဲ မှာ
အနီကတ်ပြတဲ့ဒိုင် မရှိတော့
မင်းပဲ တရားလို
မင်းပဲ တရားသူကြီး။

သိဝီရ် ဘုရင်ကို
ဥမ္မာဒဏ္တီ ပန်းကြဲလိုက်တာ
ပါးရိုက်ခံရတာထက်တောင် နာသေး။

ပြဿနာ မရှိဘူး
ယောက်ျားဆိုတာက
သမိုင်း အစဉ်စဉ် အဆက်ဆက်
မိုက်ခဲ့ကြတာပဲ။

ငါလည်းဘာထူးလဲ
မင်း အပြုံးလေးမြင်ချင်လို.
( အချစ်ကို ) အရှုံးနဲ.ပိုင်း ခဲ့တယ်။ ။

ဓားစားခံ

ကျွန်တော်တို.က ဆရာဝန်အသေးလေးတွေ
ဆရာဝန် အကြီးကြီးတွေ “ရောင်း” လှည့်ချိန်
သူနဲ.ကျွန်တော် ခိုးခိုးဆော့ကြတယ်။

သူကခြောက်နှစ်သမီး
လက်သီးဆုပ်လေးနဲ. လိုက်လိုက်ရွယ်လို.
တခစ်ခစ်ရယ်တယ်
ကျွန်တော့်ရယ်သံတွေက ဟန်ချက်ပျက်နေတယ်။

နောက်တစ်နှစ်လား
နှစ် နှစ်လား ၊ သုံးလေးနှစ်လား
သူရှိမှာ မဟုတ်လေတော့။

သူ.အဖေ ၊ သူ.အမေ
ဘယ်သူများ မှားခဲ့သလဲ
ကျန်းမာရေးအသိပဲ နည်းခဲ့သလား
အဲဒီ “ နောက်ဆုံးပေါ်ရောဂါ ”
သူ……နာမည်တောင် သိလိုက်မှာမဟုတ်ဘူး။ ။

လက္ခဏ

ညှို.ကြိုးကို လက်က မလွှတ်သ၍
အနိုင်အရှုံးဟာ
ကိုယ့်လက်ထဲမှာရှိတယ်။

ပစ်မှတ်ကိုမှန်တဲ့ မြားတွေ
ငါတို.မှတ်တမ်း တင်ခဲ့ချိန်
ပစ်မှတ်ကိုမမှန်တဲ့ မြားတွေ ရင်းနှီးခဲ့ရကြောင်း
ငါတို.မေ့နေတတ်ကြတယ်။

ရယူခြင်းမှာ “ အောင်မြင်မှု ” ရှိရင်
စွန်.လွှတ်ခြင်းမှာ
“ ဂုဏ်သိက္ခာ ”ကို တွေ.လိမ့်မယ်။

ဒါပါပဲ ချစ်သူ
ငါမပစ်ခဲ့တဲ့ မြားကို
မမှန်ဘူး လို.တော့ မပြောနဲ.ပေါ့။