Monday, January 18, 2010

နီတိများ-၂

ငါက
မလာတော့မယ့် တစ်ယောက်ကိုစောင့်တယ်
သူက
မစောင့်မယ့် တစ်ယောက်ဆီ သွားနေတယ်
အချည်းနှီး သုညများ။

မရှိတဲ့ အရာဝတ္တုနှစ်ခုဟာ
ဆန္နရှိသလောက် ဝေးကွာနိုင်တယ်။

မ၀ှက်တဲ့ အရာဝတ္တု တစ်ခုဟာ
ဘယ်တော့မှ ရှာမတွေ.နိုင်ဘူး။

စက်ဝိုင်းပေါ်လျောက်ရတာ
ဝင်္ကဘာထဲ လျောက်ရတာထက် ရှည်လျားတယ်။

ငါ့အချစ်ကို
“ အထက်ပါအတိုင်း ” လို.
တင်စားလိုက်ပါတယ်။ ။

No comments: