Thursday, January 21, 2010

ရေမြေ

နှုတ်ဖျားက မထွက်လေတိုင်း
မပြောဘူးမမှတ်ပါနဲ.
ငါ့မျက်လုံးက အဓိပ္ပါယ်ထောင်သောင်း
မင်းစာလုံးလေးပေါင်းကြည့်စမ်းပါ
အဲဒါ “မြတ်နိုးတယ်” တဲ့။

သစ်ရွက်လေးကြွေတာက အစ
ငါ နမိတ်ကောက် နာကျင်တတ်လေတော့
မင်းမာနက သံမဏိဓားသွား
ငါ့နှလုံးသားက နူးညံ့လွန်းပါတယ်
မင်းတစ်ရက်လောက်
အချိန်ယူစဉ်းစားပါ။

မလွဲပါရစေနဲ.
ဒီတစ်ခါ မမြဲခဲ့ရင်
တစ်သက်လုံးခွဲရတော့မှာ။



မင်းနာမည်ကို
လက်ဖ၀ါးထဲမှာရေးပြီး
လက်သီးလေး ဆုတ်ထားလိုက်တယ်
လွတ်ထွက်သွားလေမလားပေါ့။

တစ်သက်စာ ရည်ရွယ်မှုကို
ငေးငိုင်စွာ ပြန်စဉ်းစား
ဒီတစ်ပင်ထဲစိုက်ကာမှ
ဘာလို.ရေခံမြေခံ မကောင်းတာလဲ။ ။

No comments: