Monday, January 18, 2010

မေးခွန်း

အချစ်မှာ
အရာရာ ဖြစ်နိုင်တယ် ဆိုလို.
ဒီကျောက်တုံးလေး
အရွက်အခက်ထွက်လာမလား စောင့်ခဲ့တာ။

ချစ်ခဲ့သလား မချစ်ခဲ့ဘူးလား
အရေးကြီးတဲ့ ဇာတ်သိမ်းကျမှ
မီးက ဖျတ်ကနဲ ပျက်တယ်။

ဒီသေတ္တာကို ငါပိုင်တယ်
ဒါပေမယ့်
သော့က ငါ့ဆီမှာ မဟုတ်ဘူး။

ညီမလေးရယ်
ဆေးကြောင့်
နာကျင်စွာ အသက်ရှင်ရမယ်ဆိုရင်
“အဆိပ်” ကိုပဲပေးပါ။ ။

No comments: