Monday, January 18, 2010

ပြိုင်ပွဲ

ဖြူစင်ရဲရင့်တဲ့ အရှုံးဆိုတာ
အချစ်မှာတော့
မိုက်ရူးရဲဆန်ခြင်း တစ်မျိုးပါပဲ။

အချစ်မှာ မမိုက်မဲချင်လို.
ဘ၀မှာ မိုက်မဲခဲ့ပါတယ်
င့ါရန်သူတွေ ခန္ဓာပေါ်ကဓားရာဟာ
နောက်ကျောမှာရှိမှာ ငါ ရှက်ခဲ့တယ်။

ပြိုင်ပွဲလို. ကြိုတင် မသိခဲ့တော့
တစ်ဖက်လူ ဓားသွားဟာ
ငါ့နောက်ကျောဆီ သပ်ရပ်စွာ ၀င်လာခဲ့ပေါ့။

အနိုင်အရှုံးဟာ
ဆုတံဆိပ်နဲ. သတ်မှတ်သလား
ဒဏ်ရာ အနည်းအများနဲ. သတ်မှတ်သလား
သွေးစက်လက်ဒိုင်းကို ငါမြှောက်ပြချိန်
ချစ်သူက လက်ခုပ်တီးတယ်
ဘယ်သူ.အတွက်ပါလိမ့်။ ။

No comments: