Thursday, January 21, 2010

ပျောက်ဆုံးသွားသောဂုဏ်ရောင်ပြောင်မှု

(၁)
မှန်နံရံကိုဖြတ်၍ မြင်ရသောမြင်ကွင်းဝယ် သံမဏိရောင်ကွန်ဒိုမီယမ်များသည် ထိုးထိုးထောင်ထောင်။ တံလှပ်များ တရှိန်ရှိန်ထနေသော မြေပြင်ကြောင့် အေးစိမ့်နေသောမှန်လုံခန်းသည် အဓိပ္ပါယ်မရှိသလိုခံစားနေရ သည်။
အချိန်ကား ခရစ်သက္ကရာဇ် ၂၅၉၁ ခုနှစ်။
ကမ္ဘာရွာမြှင့်တင်ရေးအကြီးအကဲသည် သက်ပြင်းတစ်ချက်ကို ခိုးဝှက်ရှိုက်လိုက်သည်။ မကြာမီအထူးအ ရေးပေါ်အစည်းအဝေးကစတင်တော့မည်။ဤအရေးကိုသူဖြေရှင်းနိုင်ပါမည်လား။
အစည်းအဝေးခန်းမတံခါးသည်ညင်သာစွာပွင့်သွားသည်။အခန်းအနားမှူးဇိုးဇိုးဇွိဆွေခေါင်းဆောင်သောအဖွဲ.၀င်များ ၀င်လာနေရာယူကြပြီ။ ထုံးစံအတိုင်းပင်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာအစည်းအဝေးများတွင် ကမ္ဘာ. အလှဆုံးမင်းသမီးသည်အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ရလေသည်။
“အလှအပသည်အာရုံစူးစိုက်မှုအတွက်အကောင်းဆုံးသောဗဟိုချက်ဖြစ်သည်”ဟူသောနှစ်ဆယ့်နှစ်ရာစုတွေးခေါ်ရှင်ကြီးကြိုကျိရှောင်၏အဆိုအတိုင်းအစည်းအဝေးများကိုထိန်းသိမ်းရန်လှပသူများကိုရွေးချယ်ခဲ့သည်မှာရာစုနှစ်အတော်ပင်များခဲ့လေပြီ။
ယနေ.အခမ်းအနားမှူးဇိုးဇိုးဇွိဆွေသည်တော်ရုံလှပသူမဟုတ်ချေ။ဆယ့်ကိုးရာစုအလှဆုံးမင်းသမီးမာရီလင်မွန်ရိုး၊နှစ်ဆယ်ရာစုအလှဆုံးမင်းသမီးဆိုဖီရာလောရင်း၊နှစ်ဆယ့်တစ်ရာစုအလှဆုံးမင်းသမီးထွန်.လူးစိန်ပုတို.၏ဒီအန်အေ(DNA) များမှအလှဆုံးမျိုးဗီဇများကို ဂျနက်တစ်အင်ဂျင်နီယာရင်း(Genetic engineering) ဖြင့်ကလုန်းနီး(cloning)လုပ်ကာဖွားမြင်သော တော်ဝင်မင်းသမီး ဖြစ်လေသည်။
ထုံးစံအတိုင်းဇိုးဇိုးဇွိဆွေသည် စားပွဲတစ်လုံးပေါ်တက်ရပ်ကာ သူမ၏ ကိုယ်လုံးလှလှလေးကို တစ်ပတ် လှည့်ပြလိုက်သည်။ အခန်းအနားစတင်ပြီဖြစ်ကြောင်း အမူအယာပြဘာသာစကား(Sign Language)ဖြင့် ကြေငြာလိုက်ခြင်းပင်။အလှအပသည်အကောင်းဆုံးသောဗဟိုချက်ဆိုသောအဆိုအမိန်.မှန်လေစွ။အားလုံးသောမျက်လုံးများသည် ဇိုးဇိုးဇွိဆွေထံရောက်ရှိငြိမ်သက်သွားသည်။ အကြီးအကဲကမူ သက်ပြင်းကို ဒုတိယအကြိမ် ရှိုက်မိပြန်သည်။သူပြောရပေတော့မည်။

(၂)
“အားလုံးသိကြတဲ့အတိုင်း ဒီအစည်းအဝေးဟာ အရေးပေါ်အစည်းအဝေးပါ။ အစကနေပြန်ပြောရင်လာ မယ့်ဒီဇင်ဘာဆယ့်ငါးရက်နေ.မှာကမ္ဘာတစ်ဝှမ်းကကံထူးရှင်ကလေးငယ်တစ်ရာ.ငါးဆယ်ကိုစာအုပ်တို.ထိပွဲလုပ်ဖို.ရွေးချယ်ထားခဲ့ပါတယ်”
စာအုပ်တို.ထိပွဲ။ ကမ္ဘာပေါ်ရှိ နောက်ဆုံးကျန်သော စာအုပ်ကိုးဆယ့်နှစ်အုပ်ကို ကလေးများအား တို.ထိစေမည့်အခွင့်အရေးထူး။ နှစ်ဆယ်.သုံးရာစုဝယ်လူသားတို.သည် အတွေးအခေါ်ဆိုင်ရာ အမှားကြီးကို ကျူးလွန်ခဲ့ကြသည်။ အွန်လိုင်း(Online)ခေတ်ဝယ် စာအုပ်များသည် ခေတ်ဟောင်း၏ ကပ်ပါးပိုးများဖြစ်သည်ဟူ သောအယူအဆထွန်းကားလာပြီးကမ္ဘာအနှံ.စာအုပ်မီးရှို.ပွဲများကျင်းပခဲ့ကြသည်။စာအုပ်ကင်းသောကမ္ဘာသည်လွတ်လပ်သောကမ္ဘာဖြစ်သည်ဟုကြွေးကြော်ခဲ့ကြသည်။
သို.သော် နှစ်ဆယ့်လေးရာစုဝယ် တီတီမြိန်ဒဿနဆုရ အတွေးအခေါ်ပညာရှင်ကြီး သက္ကမိုးညို က “ပြင်မရသောအမှားများ”ဒဿနကြေညာချက်ဝယ်စာအုပ်များဖျက်စီးခြင်းသည်ကြီးစွာသောအမှားဖြစ်ကြောင်းအကိုးအကားများဖြင့်တင်ပြခဲ့ရာမှလူသားတို.သည်နောင်တကြီးစွာဖြင့်စာအုပ်များကိုပြန်လည်ရှာဖွေခဲ့ကြသည်။သို.သော်လွန်ခဲ့လေပြီ။ စာအုပ်ပေါင်းရှစ်ဆယ့်ခုနှစ်အုပ်မှတပါး ကမ္ဘာပေါ်ဝယ်အခြားစာအုပ်မရှိတော့။
အကြီးအကဲသည်သက်ပြင်းချမိပြန်သည်။
“ဒါပေမယ့်စာအုပ်တို.ထိပွဲမတိုင်ခင်မှာထူးခြားဆိုးရွားတဲ့အဖြစ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒါကတော့စာအုပ်ပေါင်းကိုးဆယ့်နှစ်အုပ်ထဲကမှ နှစ်ဆယ့်တစ်ရာစုရဲ. ဂုဏ်ရောင်အပြောင်ဆုံး ကဗျာဆရာကြီးမော်နီရဲ.လက်ရေး ကဗျာစာအုပ်ငါးအုပ်ကိုခိုးယူခြင်းခံလိုက်ရပါတယ်”
ခန်းမသည်တဝေါဝေါဆူညံသွားသည်။ မော်နီ။ နှစ်ဆယ့်တစ်ရာစု၏ ဂုဏ်ရောင်အပြောင်ဆုံးကဗျာဆရာ ကြီး။ သူ၏လက်ရေးစာအုပ်များကို ရန်ကုန်မြို.၏မြေတိုက်တစ်နေရာမှ ရှာဖွေတွေ.ခဲ့သည်မှာ မကြာသေး။ ရှာဖွေ တွေ.ရှိသူမြေအောက်အလုပ်သမားလေးသည်ပင်ဝိုင်းဝန်းချီးမြှောက်ကြသဖြင့်ဘီလျှံနာဖြစ်သွားလေသည်။သက်တမ်းအရင့်ဆုံးတိုင်းမ်စ်မဂ္ဂဇင်းကြီးကလည်းသုံးလတိုင်တိုင်အခန်းဆက်ဆောင်းပါးရှည်ဖြင့်အွန်လိုင်းပေါ်မှဂုဏ်ပြုခဲ့သည်။
ယခုတော့…………………
ကဗျာဆရာကြီးမော်နီ၏ ကဗျာစာအုပ်များခိုးယူခြင်းခံရသည်ဆိုပါလား။


(၃)
အကြီးအကဲကစကားဆက်သည်။
“အခုဆိုရင်စာအုပ်တို.ထိပွဲကလည်းတစ်လပဲလိုပါတော့တယ်။အဲဒါကိုဝိုင်းဝန်းဆွေးနွေးကြဖို.အစည်းအဝေးခေါ်ရတာပါ။”
ကမ္ဘာ.အွန်လိုင်းဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဒေးလီက တွေးတွေးဆဆ၀င်ပြောသည်။
“တခြားစာအုပ်တွေနဲ.ပဲကလေးတွေကို တို.ထိခိုင်းလို.မရဘူးလား”
အကြီးအကဲက ခေါင်းယမ်းရန်ပြင်စဉ်မှာပင် အပြည်ပြည်ဆိုင်ရာ ကလေးများတာဝန်ခံ “ကလိုဘေး” ဘွဲ.ရသဇိုင်ခင်ခင်က ကန်.ကွက်သည်။
“ဘယ်ဖြစ်မလဲရှင့်။ ကျွန်မတို.ကလေးတွေကို ဟင်းပေါင်းစုံချက်နည်းတို.၊ လေထိုးကျွတ်ဖာပျော်စရာ စတဲ့အဖိုးမတန်တဲ့ စာအုပ်တွေနဲ.ပဲ မတို.ထိစေချင်ပါဘူး။ ကြီးမြတ်တဲ့ဝိဥာဉ် ကိန်းအောင်းနေတဲ့ ဆရာကြီးမော်နီရဲ. စာအုပ်တွေနဲ.တို.ထိရမှဖြစ်မယ်။သူတို.ကလည်းဒါပဲအားခဲထားတာ”
“မရှိမှမရှိတော့တာဗျ”
တစ်ယောက်ကပြောလေသည်။
“မရှိလို.မရဘူးလေ။ ဆရာကြီးမော်နီရဲ.စာအုပ်တွေ မပါမှန်းသာသိကုန်ရင် ဘယ်ကလေးမှလာမှာ မဟုတ်ဘူး”
အစည်းအဝေးက ဆူဆူညံညံဖြစ်လာသည်။ ဇိုးဇိုးဇွိဆွေကစားပွဲပေါ်ဝယ် တစ်ပတ်လှည့်ရပြန်သည်။ အေးအေးဆေးဆေးဆွေးနွေးကြပါ ဟူသည့်သဘော။
“စာအုပ်တွေကို အတုလုပ်ရင်ရော”
တစ်ယောက်ကမေးသည်။အကြီးအကဲကဖြေရသည်။
“စာအုပ်တွေကိုလွန်ခဲ့တဲ့နှစ်ငါးရာလောက်က၀ါးဆိုတဲ့အပင်ကနေထုတ်လုပ်တာပါ။ဖန်လုံအိမ်ပြဿနာကိုဖြေရှင်းပြီးနောက်နေရာပြဿနာဖြေရှင်းဖို.အတွက်လွန်ခဲ့တဲ့နှစ်သုံးရာကပဲသစ်ပင်တွေကိုမျိုးဗီဇပါမကျန်ဖျက်စီးခဲ့ပါပြီ။နောက်ပြီး အစစ်ထက်ပိုကောင်းသော အတုသည် မည်သည့်အခါမှ အစစ်ကိုမမှီဆိုတဲ့ စကားအရ ကလေး တွေကိုမလှည့်စားချင်ပါဘူး။ ပေါက်ကြားရင် ဆူဆူပူပူဖြစ်လာနိုင်ပါတယ်”
အားလုံး ငေးငိုင်နေကြလေသည်။
ထိုစဉ်မှာပင်………………………….

(၄)
နံရံပေါ်ရှိမီးနီကလင်းချီမှိန်ချီဖြစ်လာသည်။အထူးအရေးပေါ်ကိစ္စများမှတပါးဝင်ရောက်ခွင့်မရှိသောလိုင်း။အသံတိုးတိုးထွက်လာသည်။သတင်းပို.သူသည် ရုပ်ကိုမပို.ပဲ အသံချည်းသက်သက် ပေးပို.နေခြင်းဖြစ်သည်။
“စာအုပ်တို.ထိပွဲကျင်းပရေးအဖွဲ.၀င်များခင်ဗျား။ကျွန်တော်ကတော့ ဆရာကြီးမော်နီရဲ. လက်ရေးစာအုပ် များကို ခိုးယူသွားခဲ့သူ ဖြစ်ပါတယ်”
အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ အကြီးအကဲက နံရံရှိရုပ်သံပုံဖေါ်စက်ကို ပြေးဖွင့်သည်။ အသံ တုန်ခါနှုန်း၊လှိုင်းအလျား၊လေယူလေသိမ်းတို.ကိုတွက်ချက်ကာပေးပို.သူ၏ရုပ်ရည်ကိုအနီးစပ်ဆုံးပုံဖေါ်ပေးမည် ဖြစ်သည်။
“အားလုံးကို ကျွန်တော်ရှင်းပြပါ့မယ်”
“မကြာခင်အချိန်က ကျွန်တော်ဟာ ဆေးရုံတစ်ရုံမှာ ကွန်ပျူတာသက်တမ်းခန်.မှန်းချက် ရရှိခဲ့ရာမှာကျွန် တော်ဟာ နောက်ထပ်တစ်လလောက်ပဲ အသက်ရှင်တော့မှာဖြစ်ကြောင်း သိခဲ့ရပါတယ်။ ဒီတော့ ကျွန်တော်ဟာ မသေခင်မှာကိုယ်အလုပ်ချစ်ဆုံးအရာတွေ ပြီးအောင်လုပ်သွားဖို. စဉ်းစားမိပါတယ်”
“အဲဒီအခါမှာ ကျွန်တော်ဟာဖတ်ဖူးတဲ့သတင်းတစ်ပုဒ်ကို အမှတ်ရမိပါတယ်။လွန်ခဲ့တဲနှစ်ပေါင်းငါးရာက မြန်မာနိုင်ငံမှာလူတွေဟာရေအိမ်ဝင်ရင်စာအုပ်တစ်အုပ်နဲ.၀င်လေ.ရှိကြောင်း။ကိစ္စပြီးတဲ့အခါဖတ်နေတဲ့စာအုပ်ကိုပဲကိုယ်လက်သန်.စင်ရာမှာသုံးခဲ့တဲ့အကြောင်း“ထူးဆန်းထွေလာဓလေ့ကမ္ဘာ”ကဏ္ဋမှာဖတ်ဖူးပါတယ်”
“တကယ်တော့ ကျွန်တော်ဟာငယ်ငယ်ကစာအုပ်တို.ထိပွဲကိုအရူးအမူးဖြစ်ခဲ့ပေမယ့် ကံထူးသူမဟုတ်ခဲ့ ပါဘူး။ဒါပေမယ့် မကြာခင်မှာ ဘ၀ကိုစွန်.ခွာရမယ်လူတစ်ယောက်အနေနဲ.ဒီဓလေ့ထုံးစံလေးကို စမ်းသတ်ကြည့် ချင်တဲ့အတွက် ကျွန်တော်အကြိုက်ဆုံး ကဗျာဆရာကြီးမော်နီရဲ. စာအုပ်တွေကို ခိုးယူခဲ့တာပါ”
အားလုံးရင်ထဲဝယ်တုန်ခါသွားသည်။အရူးတစ်ယောက်၏လက်ချက်နှင့်ကြီးမြတ်သောကဗျာဆရာကြီး၏လက်ရေးမူများဆုံးရှူံးရတော့မည်။
“ကျွန်တော်စမ်းကြည့်တဲ့အခါအလွန်ပဲထူးခြားပါတယ်ခင်ဗျား။လက်ထဲမှာစာအုပ်လေးကိုင်ပြီးရေအိမ်ဝင်ရတာဟာဘယ်အရသာနဲ.မှမလဲနိုင်ပါဘူး။ကွန်ပျူတာမော်နီတာပေါ်ကရွေ.လျားနေတဲ့စာအုပ်တွေအစားစာအုပ်အစစ်လေးကို ကိုယ်တိုင်ကိုင်တွယ်ဖတ်ရှု၊ပြီးတာနဲ. ကိုယ်လက်သန်.စင်ရာမှာသုံး၊ သိပ်ကောင်းပါတယ်ခင်ဗျား။ လူကြီးမင်းတို.ကိုယ်တိုင်စမ်းသပ်ကြည့်ဖို.တိုက်တွန်းပါတယ်”
“ဒါပေမယ့်ကျွန်တော့်အနေနဲ.လူ.ဘ၀မှာနေရမယ့်ရက်ဟာတစ်လလောက်ပဲရှိပါတော့တယ်။ဒါကြောင့်တစ်လစာအနေနဲ. ဆရာကြီးမော်နီရဲ.စာအုပ်တွေထဲက ကျွန်တော်အကြိုက်ဆုံး “ညီမလေးမဖတ်ရ” ဆိုတဲ့ကဗျာ စာအုပ်ကိုပဲယူထားပြီးကျန်တဲ့စာအုပ်လေးအုပ်ကိုရွေ.လျားစီးပတ်လမ်းကနေတဆင့်ပြန်လည်ပေးပို.လိုက်ပါပြီ။ကျွန်တော့်လုပ်ရပ်အတွက်လည်းခွင့်လွှတ်ကြဖို.တောင်းပန်ပါတယ်”
အခန်းသည်ခေတ္တမျှတိတ်ဆိတ်သွားသည်။ လူတိုင်းရင်ထဲဝယ်စာအုပ်များပြန်ရသည်ကို မယုံနိုင်အောင် ဖြစ်နေသည်။စာအုပ်တို.ထိပွဲကိုကျင်းပနိုင်ပါပြီ။
သို.သော်နှစ်ဆယ်ရာစု၏အကြီးမြတ်ဆုံးသောကဗျာဆရာကြီးမော်နီ၏အကောင်းဆုံးလက်ရာစာအုပ်ကိုတော့ဆုံးရှုံးခဲ့ရလေပြီတကား။
ခန်းမသည် မျက်ရည်ငွေ.များဖြင့် တဒင်္ဂမျှ မှုန်ဝါးသွားလေသည်။ ။

ပြီးပါပြီ

(မှတ်ချက်။ ။နောက်နှစ်ပေါင်းငါးရာလောက်မှာ တကယ်ဖြစ်လာမယ့် ဟောဒီဇာတ်လမ်း ထဲက ဆရာကြီး မော်နီရဲ.ပျောက်ဆုံးသွားတဲ့ကဗျာစာအုပ်“ညီမလေးမဖတ်ရ”ကိုe book အနေနဲ.ကျွန်တော့်ဆီမှာ ရှိပါတယ် ။ ဖတ်လိုသူများ 501.thuya@gmail.com ကိုဆက်သွယ်မှာကြားနိုင်ပါတယ်၊အဟိ)

1 comment:

Kaung Kin Ko said...

ပို့ ပေးပါဦးဗျ။း-)