Showing posts with label ကဗျာအကြောင်း. Show all posts
Showing posts with label ကဗျာအကြောင်း. Show all posts

Thursday, December 8, 2011

အို…ကဗျာ (၀.၀၂) 7

မှဲ.သည်မိန်းကလေး၏ မျက်လုံးအောက်မျက်ရည်ခံမှဲဖြစ်သောအခါ အလှပျက်ယွင်းစေသော်လည်း ပါးမို.မို.ပေါ်တွင်ရှိသောအခါ စံပါယ်တင်မှဲ.အဖြစ် အလှတိုးစေသည်။ ကဗျာပါစကားလုံးများသည် ကဗျာရသကို အနှောက်အယှက်ပြုလျှင် ဒေါသ သင့်စေပြီး ကဗျာရသကို တိုးတက်စေလျှင် ဂုဏ်မြောက် လေသည်။

ရှေးကပညာရှိတို.၏ အဆိုဖြစ်သည်။ ရှေးလူတို.သည် ပြောင်းလွယ်ပြင်လွယ် မြင်ကွင်းကျယ်သူများသာဖြစ်သည်။ ကဗျာဇောစေတနာ အရ ဆဲသော်လည်း ကဗျာရသကို အနှောက်အယှက်မပြုပဲ တိုးတက်စေလျှင် ………..

အချုပ်တန်းဆရာဖေ၏ တေးထပ်ကိုပြန်ညွန်းရပါမည်။ ယခုခေတ်ကဗျာတွင် ညစ်ညမ်းအသုံးများ၊ဆဲဆိုစာများပါသည်ကို မဝေဖန်လိုပါ။ သို.သော် ချိန်စက်ရန်တော့လိုပါသည်။ လိုအပ်၍ ထည့်သူများရှိသလို မလို အပ်ပဲ ထည့်သူများရှိပါမည်။အားမပေးသလို မကန်.ကွက်ပါ။ သို.သော် မိမိရေးသားသောစာ၏ ရသကို ၊ဇောစေတနာကို အထောက်အကူပြုမပြု စဉ်းစားကြစေလိုပါသည်။

++++++++


အချို.ကဗျာ တို.သည် ခေတ်အဆက်ဆက် တင်ကျန်ခဲ့ကြပြီး အချို.ကဗျာတို.သည် ခနတွင်းပျောက်ပျက်ကြလေသည်။ ကဗျာကောင်းတို.၏ သဘောသည် ဘာပါနည်း။ အဘယ်ကဗျာစာဆိုသည် ထိုကဗျာမျိုးကို ဖွဲ.နိုင်ပါသနည်း။

ဓားတစ်ချက်ထစ်ထားပါမည်။ ကန်.သတ်အမြင်ရှိစာဆိုနှင့် ကန်.သတ်မဲ့အမြင်ရှိစာဆိုဖြစ်ပါသည်။ limited Vision နှင့် absolute Vision ဖြစ်ပါသည်။ (ဆရာဘုန်းနိုင်ဘာသာပြန်မှုကို ယူပါသည်။) အချိန်ကာလ၊ဒေသ တို.ကိုလွန်သောစာဆို သည် ပို၍မွန်သော ကဗျာတို.ကိုဖွဲ.နိုင်ပါမည်။ ယခု ဤမျှသာ ဆိုပါမည်။

ယခု ကဗျာကောင်းတို.၌ တွေ.ရသော အမြင့်ဂုဏ် သဘောကို ဆွေးနွေးပါမည်။

+++++++

တရားစခန်းမှပြန်လာသူအချို. ပြန်လာစတွင် အေးချမ်းနေသည်ကိုတွေ.ဖူးပါမည်။ တရားတော်ကောင်းကောင်းနာပြီးခါစတွင် သံဝေဂရသည်ကိုကြုံဖူးပါမည်။ သာမာန်အားဖြင့် မရောက်နိုင်သောအမြင့်ကို တရားအကူဖြင့် ရောက်သွားခြင်းဖြစ်သည်။


အချို.ကဗျာများသည်လည်း ဤသို. အမြင့်သို. အာရုံညွှန်.တက်စေသော သဘောရှိပါသည်။ တရားမှမဟုတ်ပါ။ ကြီးကျယ်ခမ်းနားသောခံစားမှု၊ တည်ငြိမ်စေသော သန္တိသုခစသည်ဖြင့် များစွာရှိပါမည်။

အနန္ဒသူရိယ အမတ်ကြီး၏ မျက်ဖြေလင်္ကာကို ပြန်ညွှန်းပါမည်။ သာမာန်အားဖြင့် စိတ်အင်အား လျော့နည်းသူတို. ဤလင်္ကာကိုဖတ်ပြီးချိန်ဝယ် တည်ငြိမ်သော စိတ်အင်အားကို ရနိုင်ပါသည်။ သူတော်ကောင်းတို.၏ သဘောကို (မသိစိတ်နှင့်ဖြစ်စေ၊သိစိတ်နှင့်ဖြစ်စေ) ရလိုက်ပါသည်။ ထိုသို.မဟုတ်လျှင် ထိုလင်္ကာသည် ခေတ်အဆက်ဆက် ကျန်နေမည်မဟုတ်ပါ။

+++++++

အတန်ငယ်ချဲ.၍ ဆိုပါမည်။ ထိုလင်္ကာသည် ပုဂ္ဂလိကသဘောကိုပြောသော်လည်း ယေဘုယျအကြောင်းဖြစ်နေပါသည်။ ယေဘုယျ အကြောင်းဟုဆိုသော်လည်း ပုဂ္ဂလိက တိုင်းအတွက် ဖြစ်နေပါသည်။

ခေတ်အဆက်ဆက် အနစ်နာခံရသူတိုင်း “သူတည်းတစ်ယောက်၊ကောင်းဖို.ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း”ဟု ရွတ်ဖူးကြပါလိမ့်မည်။

ခေတ်တိုင်း၏ အဖြစ်အပျက်များသည် ဤကဗျာအတွင်းသို.ကျုံ.၀င်သွားကြပါသည်။ အရှေ.တိုင်း၊ အနောက်တိုင်း၊ ဒေသအဆက်ဆက်မှ အဖြစ်အပျက်များကိုကြည့်ပါ။ “သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ခဏတက်သည့်၊ ရေပွက်ပမာ” မင်းများကို တွေ.ရပါမည်။


အချိန်ကိုလွန်သော၊ဒေသကိုလွန်သော ကန်.သတ်မဲ့အမြင်ရှိသည့် ကဗျာစာဆိုဖြစ်ပါသည်။သူတို.ဆီမှာလည်း ထိုသို.စာဆိုမျိုး မများဟုသိရပါသည်။ ရှိတ်စပီးယားနှင့် ဒန်းတီကို ညွှန်းကြပါသည်။

+++++++++++

အတန်ငယ်မြှင့်ပါရစေ။ ကဗျာ.အမြင့်ဂုဏ် ဖြစ်တည်လာစရာ အကြောင်းရင်းငါးချက်ရှိသည်ဟုဆိုပါသည်။

(၁) ခမ်းနားကြီးကျယ် မြင့်မြတ်သော အသိအမြင်ကိုဖြစ်ပေါ်စေသော စွမ်းရည်

(၂)အင်အားကြီးမားသောဇောစေတနာ

(၃)အလင်္ကာ ၌ နိုင်နင်းမှု

(၄)စကားရွေးချယ်တတ်မှု

(၅) ခမ်းနားသောအရေးအသား

သူတို.သတ်မှတ်ချက်ဖြစ်ပါသည်။သိထားရန်ဖြစ်ပါသည်။ လက်ခံရန် မဟုတ်ပါ။ သို.သော် ရှေ.နှစ်ချက်သည် ကဗျာဆရာ၏ပါရမီကိုပြောနေခြင်းလားဟု တွေးဆရပါသည်။

အို……ကဗျာ (၀.၀၀၂) 6

ရှေ.ကိုအနည်းငယ်ပြန်တိုးပါမည်။

ကဗျာဆရာနှင့် ကဗျာဖတ်သူကြား ဖြစ်ပွားသည့် ကိစ္စသုံးရပ်ရှိသည်။ ကဗျာဆရာက ခံစားချက်ကို ထုတ်ဖေါ်( express ) သည်။ ကဗျာဖတ်သူက ဖတ်(communicate) သည်။ထို.နောက် ဖတ်သူလည်း ကူးစက်ခံစား( Infect )သည်။

အောက်ပါအတိုင်းဖြစ်သည်။

ထုတ်ဖေါ်=ဆက်သွယ်=ကူးစက်

ကဗျာဆရာ၏ အလုပ်မှာ ကဗျာတွင်ခံစားချက်ကိုထုတ်ဖေါ်ရန်သာဖြစ်သည်။ သူ.စိတ်ထဲမှ အစိုင်အခဲကို ဖေါက်ချခြင်းသာ။ပြီးလျှင်သူ.ကိစ္စပြီးသည်။ လူကြိုက်များစေရန်ရေးသူတို.ရှိပါလိမ့်မည်။ စာရင်းထဲမထည့်ပါ။ ကဗျာဆရာသည် ရေးနေရလျှင်ကျေနပ်သူများဖြစ်ပါသည်။ ဘယ်သူ.မှမပြပဲကဗျာရေးနေသူတို. အပုံပင်ရှိပါသည်။ ကဗျာဆရာအဖြစ်မှ တပြားမှမလျော့ပါ။

ကဗျာဖတ်သူကဖတ်မှ ဆက်သွယ်ခြင်းကိစ္စ စတင်ပါသည်။ communication ကို ဆက်သွယ်မှုဟုပြန်ပါသည်။ မကြိုက်ပါ။ အခြားစကားလည်းရှာမရပါ။ ယင်းဆက်သွယ်မှုကို ချဲ.သင့်ကချဲ.ရပါမည်။ ယခု ဓားထစ်မှတ်ခဲ့ပါ။

+++++++++

ထို.နောက် ဖတ်သူထံသို. ခံစားမှုကူးစက်သွားသည်။ ဤတွင်အကျယ်ချဲ.ရပါမည်။ ဖတ်သူ၏ ခံစားမှုသည် ကဗျာဆရာ၏ ခံစားမှု (အတိအကျ) ဟုတ်ပါရဲ.လား။ မသေချာပါ။ အရိုးဆုံးပြောရလျှင် (ဥပမာပေးခြင်းပါ၊မည်သူ.မှမနှိမ့်ချပါ) လမ်းလေးဈေးသည်၏ အသိနှင့် တက္ကသိုလ်ဆရာ၏ အသိမတူနိုင်ပါ။ အကြိုက်မတူနိုင်ပါ။ ခံစားပုံမတူနိုင်ပါ။

စာဖတ်နာသူတစ်ယောက်၏ ခံစားမှုနှင့် ခုမှဖတ်သူ၏ ခံစားမှုမတူနိုင်ပါ။ ထိုအခါ ခံစားမှုကူးပြောင်းခြင်းသည် အတိအကျပြောင်းခြင်းမဟုတ်နိုင်တော့ပါ။ ကဗျာကောင်းမကောင်းမှတ်ချက်များမတူနိုင်ပါ။ ဖတ်သူကွာ၍ကွာရခြင်းဖြစ်သော်လည်း ကဗျာ့ကိစ္စပြီးမပြီး တွေးစရာဖြစ်လာပါသည်။

ပြန်စဉ်းစားလျှင် ကဗျာဆရာသည် ဖတ်သူကို ကဗျာမှတစ်ဆင့်ဆက်သွယ်ပါသည်။ ဖတ်သူခံယူမှုမတူ၍ ခံစားချက်မတူနိုင်လျှင် ကဗျာသည် ခံစားချက်ကူးပြောင်းမှု ဟုတ်မဟုတ်စဉ်းစားရန်ဖြစ်ပါသည်။

++++++++

ဖတ်သူများအဆင့်တူသော်လည်း ( ဤသို. ခေတ္တစဉ်းစားခြင်းဖြစ်သည်) ကဗျာဆရာ၏ ခံစားချက်အတိအကျ ဖတ်သူထံမရောက်နိုင်ပါ။ အဘယ်ကြောင့်နည်း။ ဆက်သွယ်မှု ကြားခံ (မီဒီယာ)၏ အားနည်းချက်ဖြစ်သည်။

ဆက်သွယ်မှုဖြစ်စဉ်ကိုပြောမှရပါမည်။ မဖတ်လိုကကျော်သွားပါ။

ဆက်သွယ်မှုသည်

Message=Encoding=Transmitting=Decoding=Action

ကိုပြောလိုသော Message(ခံစားချက်) ကို အသွင်ပြောင်းပေး( encode) ရသည်။ ပြီးလျှင် ကဗျာဖတ်သူထံ transmit ထုတ်လွှင့်သည်။ ဖတ်သူက ကဗျာစာသားများထဲမှ နားလည်မှု (တိုက်ရိုက်နားလည်ဟု မဆိုလိုပါ) ကိုရရှိ decode သည်။ ပြီးလျှင်ခံစား Actionသည်။

ကဗျာဆရာက လွမ်းသော်လည်း ငါလွမ်းသည်ဟုရေးရုံနှင့် ဖတ်သူလွမ်းမလာနိုင်ပါ။ ဖတ်သူ၏ အလွမ်းကို နှိုးဆွမည့် ဘာသာစကားကို encode လုပ်ပေးရသည်။ သို.သော် ဖတ်သူမှာမရှိသော အတွေ.အကြုံဆိုလျှင် နားလည်နိုင်မှု၊ကူးပြောင်းနိုင်မှု decoding ၌ အခက်အခဲရှိလာမည်သာဖြစ်သည်။ အကန်းကို အလင်းအကြောင်းပြော၍မရပါ။

++++++++

ပြောခဲ့သမျှသည် ကဗျာဆရာမှကဗျာဖတ်သူထံ ခံစားချက်ကူးပြောင်းမှု သည် အားနည်းချက်များ၊ဟာကွက်များရှိကြောင်းဖြစ်သည်။ နာမည်မတပ်ခဲ့ပါ။သို.သော် ခံစားမှုသီအိုရီကိုပြောနေခြင်းဖြစ်ပါသည်။

နောက်သီအိုရီတစ်ခုမှာ ရသသီအိုရီဖြစ်သည်။ ရသသည်နှစ်သက်ခြင်းသဘော။ ကဗျာဆရာဖွဲ.သည်(ဥပမာအလွမ်း) ကို ဖတ်သူကမရသော်လည်း နှစ်သက်မှု ရလိုက်သည်။

တကယ်တော့ မိဘဆုံး၍ငိုသည်နှင့် ရုပ်ရှင်ကြည့်၍ ငိုသည်မတူကြောင်းပြောခဲ့ပါသည်။ ရုပ်ရှင်ကြည့်၍ငိုရသည်က ရသကိုခံစားနေခြင်းဖြစ်သည်။ ငိုရသည်ကိုသာယာနေသည်။ ဦးရွှေအောင်၏ ရသစာပေ၏ရသ ကို အကျယ်ဖတ်ရန်ညွှန်းပါသည်။

အို……ကဗျာ (၀.၀၀၁) 5

သိပ်ကျေးဇူးတင်တယ် ကိုမော်နီရေ …

ကျနော် ပြောချင်တာတွေ အချိန်မရတာနဲ့ မပြောနိုင်ဖြစ်နေတာ …. ဒီဘက်တောင် သိပ်မလှည့်ဖြစ်ပါဘူး၊ အခု ဒီအထဲမှာ အတော်များများတွေ့လိုက်ရလို့ အရမ်းကို ဝမ်းသာပါသဗျာ …

အသေအချာ စိတ်ဝင်တစားဖတ်ထားပါတယ် …. အချိန်ရရင်တော့ ဆွေးနွေးပေးချင်ပါသေးတယ် …

မြင်တာလေးတခုတော့ ကမန်းကတန်းပြောလိုက်ပါရစေ

“ပြောလိုရင်းက ကဗျာမှာ အသိမလိုပါ။ ပညာမလိုပါ။” ဆိုတာရယ် “ကဗျာဆရာသည် နှလုံးအိမ်အတွင်းမှ အသိပညာနှင့်သာ ကဗျာဖွဲ.ပါသည်။ ” ဆိုတာနှစ်ခုက တခုနဲ့တခု ဝိရောဓိ ဖြစ်နေတယ်လို့ ထင်ပါတယ်ဗျာ … စကားလုံးတွေ တူနေတာကြောင့်ပါ …


ကျနော် ဆိုလိုတာက ကဗျာမှာ အသိမလိုပါ။ ပညာမလိုပါ ဆိုတာ စည်းမျဉ်းကန့်သတ်ချက်ဘောင်တွေ မလိုဘူးလို့ ဆိုလိုတယ်လို့ သဘောပေါက်ပါတယ် …

“အသိများပညာများသည်တခါတခါ ကဗျာဖွဲ.ရေးဖွဲ.ရာတွင် အကန်.အသတ် ဖြစ်နေတတ်သည်။ ကဗျာနှင့်ပတ်သက်သော အသိများ၊ပညာများကို မေ့ထားသည်ကကောင်းပါသည်။” ဆိုပြီး ဆက်ရေးထားတဲ့ စကားကြောင့်ပါ ….

နှလုံးအိမ်အတွင်းမှ အသိပညာနှင့်သာ ကဗျာဖွဲ.ပါသည် ဆိုတာကတော့ ခံစားချက်ကို စည်းမျဉ်းဘောင်တွေနဲ့ အကန့်အသတ်မခံဘဲ လွတ်လွတ်လပ်လပ်ဖော်ထုတ်ဖွဲ့ဆိုခြင်းကို ဆိုလိုတယ်လို့ သဘောပေါက်ပါတယ်။ ကိုမော်နီ ဖော်ပြထားတဲ့ လေးလုံးစပ် ဥပမာ ဟာ ပေါ်လွင်ပါတယ် … အဲဒီမှာတော့ ကာရန်မနိုင်ခြင်းကလည်း အကြောင်းတချက်ဖြစ်ပါတယ် … ဒါကတော့ ပါရမီနဲ့ဆိုင်ပါလိမ့်မယ် …

နောက်တော့ အချိန်ရရင် ဆက်ဆွေးနွေးပါဦးမယ်ဗျာ …

ခင်မင်လျက်
ဟယ်ရီ


မြန်မာမိသားစုဖိုရမ်မှကိုဟယ်ရီ၏မှတ်ချက်ဖြစ်ပါသည်။ ကဗျာတွင်အသိမလိုပါ။ ပညာမလိုပါဟုပြောခဲ့မိပါသည်။ ထိုစကားသည် တာဝန်ယူရမည့်စကားဖြစ်ပါသည်။ အထူးသဖြင့် ကိုဟယ်ရီတို.လို မြန်မာ ကာရန်ကဗျာဘက်ရော၊ မော်ဒန်ကဗျာဘက်ရော မွှေနှောက်ထားသူအတွက် ရှင်းသင့်ပါသည်။သို.သော်စာရေးသူဘက်မှ စကားကိုမချဲ.ခဲ့မိသည့်အတွက် နားလည်မှုလွဲကုန်နိုင်ပါသည်။

အသိမလို၊ပညာမလိုဟု ပြောခဲ့ပါသည်။ပြောလိုရင်းသည်ကိုဟယ်ရီပြောသလို ကဗျာဘောင်(အများသိထားသလို ကာရန်၊နဘေ ၊စသည်တို. )ထောက်မနေစေရန်ဖြစ်ပါသည်။ သိထားလျှင်ကောင်းပါသည်။ ကဗျာဖွဲ.ချိန်တွင် ထိုအသိ၊ထိုပညာတို.ကကန်.သန်.လိုက်လျှင် ကဗျာ“အ”သွားနိုင်ပါသည်။

ပန်းပု ဆရာပြောသလိုပြောရပါမည်။ ပန်းပုဆရာသည် သစ်သားတုံးအတွင်းမှယမင်းရုပ်လေးကိုကြိုမြင်နေပါသည်။ ပီးမှမလိုသည့် အစများကိုဖဲ့ချပါသည်။ဆောက်ချက်မှား၍ဖြစ်စေ၊ ပဲ့သွား၍ဖြစ်စေ။ ယမင်းရုပ်၊မပေါ်လာလျှင် ပြန်၍ဆက်ကောင်းဆက်မည်၊ ရင်ဘတ်ဟောင်းလောင်းဖြစ်နေသောမော်ဒန် အရုပ်ဆက်ထုချင်ထုပါမည်။

ကဗျာဆရာသည်လည်း စကားလုံးအပုံကြီးမှလိုအပ်သည်ကို ဆွဲ၍ ပန်းပုထုပါသည်။တခါတခါ အတွေးစကခေါ်၍ ကြိုတွေးထားသောကဗျာမဟုတ်ပဲ တခြားကဗျာရချင်ရလာပါသည်။ သို.သော်ကြိုတွေးမှုကရှိနေပါသည်။စကားလုံးအစကိုဆွဲခေါ်ရင်းကာရန်ကဆွဲခေါ်သွားနိုင်ပါသည်၊ စကားအဆက်အစပ်ကဆွဲခေါ်ပါမည်၊နိမိတ်ပုံအသစ်ဖြတ်ကနဲတွေ.ချင်တွေ.ပါမည်။

ဆောက်ချက်တစ်ချက်တစ်ချက်ကြား အန္တရာယ်ရှိနေသလို စကားလုံးတစ်လုံးတစ်လုံးအခေါ်ဝယ်အန္တရာယ်ရှိနေပါသည်။

+++++

ပန်းပုဆရာသည် မီဒီယမ်အဖြစ်သစ်သားကိုသုံးပါသည်။ သစ်သားသည် သူအချိန်အတော်ကြာမှ လေ့လာရသောသဘောရှိပါသည်။ ကဗျာဆရာသည် မွေးကတည်းကဘာသာစကားကိုသုံးစွဲလာပါသည်။ ဘာသာစကားကို ထူး၍လေ့လာလျှင်လည်းရပါသည်။လေ့ကျင့်လျှင်လည်းရပါသည်။သို.သော်လေ့ကျင့်တိုင်း ကဗျာဖွဲ.ချိန်တွင်(ဆီလျော်သော၊အကောင်းဆုံးဖြစ်သော်)စကားလုံးတို.ထွက်လာချင်မှလာပါမည်။

ထိုအခါ ကဗျာ စကားလုံးထက် ၊ ကဗျာဇောစေတနာက ပို၍ အရေးကြီးသည်ဟုထင်မိပါသည်။(စာရေးသူ၏ အယူဖြစ်ပါသည်။ကြိုက်ရင်ယူပါ၊မကြိုက်ရင်ပယ်ပါ)

ကဗျာတွင်ပြောလိုရင်း အကြောင်း၊ပို.လိုရင်းခံစားချက်မပီပြင်ပဲကဗျာဖွဲ.လျှင် သစ်သားကိုရည်ရွယ်ချက်မရှိဆောက်ရိုက်နေသောပန်းပုဆရာဖြစ်ပါမည်။ ကဗျာဇောစေတနာက အားကြီးချှင်ထိုဇောစေတနာကကဗျာ ကိုဖေါ်ဆောင်သွားမည်ဖြစ်ပါသည်။

ရွတ်တွကြီး၊ သက်ကြားအို၊လင်းတငှက်၊ပိန်ခြောက်ခြောက် ဟူသောစကားလုံးများလူတိုင်းသုံးပါသည်။ သို.သော်ထိုစကားလုံးများ နေရာတကျစီစဉ်၍ ပျဉ်းမငုတ်တိုကဗျာပေါ်ပေါက်လာခြင်းသည် ကဗျာဇောစေတနာကြောင့်ဖြစ်သည်။

++++++

ဘာသာစကားကိုမီဒီယမ်အဖြစ်သုံးရ၍ အသိပညာမလိုဟုပြောခဲ့ပါသည်။ အမှန်တရားရောက်ရန်အတွက် ပြန်ပြင်ရပါမည်။ စာရေးသူမှားခြင်းဟုလည်းဝန်ခံပါသည်။

ကဗျာတွင် အသိပညာထက် ဇောစေတနာက ပို၍ ကဗျာကိုပုံဖေါ်နိုင်ပါသည်။

++++++++++

ကဗျာဆရာ၏ ခံစားမှုကိုဖေါ်ထုတ်ခြင်း၊ထိုခံစားမှုကိုမည်သို.မည်ပုံဖေါ်ထုတ်သည်ဆိုသည်ကို လည်းကောင်း၊ထိုဖေါ်ထုတ်မှု အတတ်ပညာကို လည်းကောင်း ဆက်၍ရှင်းရန်ခက်ပါသည်။

စမိလျှင်တော့ ရှင်းရပါလိမ့်မည်။ အလွန်အန္တရာယ်ကြီးပါသည်။ ပလေးတိုး မှစထားသော ပြဿနာဖြစ်ပါသည်။ စာရေးသူလိုပါမွှားကြက်သီးထပါသည်။

ကဗျာဆရာဖြစ်မှုသည်ပါရမီလော၊ အတတ်ပညာလော၊အလေ့အကျင့်လော။

ရာစုအဆက်ဆက်ရှင်းရခက်သော အစထောင်နေခြင်းဖြစ်ပါသည်။

ဆက်ပါမည်။

အို…….ကဗျာ (၀.၀၁)4

ဆရာကကဗျာကို ခုခံကာကွယ်လွန်းနေပြီဟု ဆရာတစ်ယောက်က feedback ပေးပါသည်။ ကဗျာအတွက်ခုခံပေးနေစရာမလိုပါ။ သူ.အသီးနှင့်အပွင့်နှင့်၊သူ.ဝေဆာမှုနှင့်။ တိုက်ခိုက်သူရှိ၍ရေးနေခြင်းလည်းမဟုတ်ပါ။ကဗျာရေးချင်တယ် ၊မရေးတတ်လို.ဟုပြောသူများ ရေးရဲရန်သာဖြစ်ပါသည်။

ထပ်၍ဆိုပါမည်။ကဗျာအတွက်တိုက်ခိုက်သူများ၊ကာကွယ်သူများ၊ သမိုင်းတိုက်စားမှုနောက် ပါသွားကုန်ပါပြီ။ကဗျာသာပန်းပန်ကျန်ရစ်ပါသည်။ ကိုယ်ကခုခံကာကွယ်ပေးရန်မလိုပါ။

++++++

ဖေ့စ်ဘုတ်မှ ကွန်မန်.ဖြစ်ပါသည်။ သဘောတူသည်များရှိပါသည်။ မတူသည်များရှိပါသည်။ဖတ်ကြည့်စေလိုပါသည်။

“Pyei Phyo

ကဗျာသည် ကဗျာသာ ဖြစ်ပါသည်။ ကြိုက်သလိုပြော ကဗျာသည် ကဗျာသာ ဖြစ်သည်။ ထို့ကြောင့် ကဗျာလိုသာ ရေးရပါမည်။ ဘယ်လိုပုံစံရေးရေး.. ကဗျာ ဟုနံမည်တပ်တိုင်းတော့ ကဗျာ မဖြစ်ပါ…။ ကဗျာလို ရေးမှ ကဗျာ ဖြစ်ပါသည်။ ကဗျာလိုရေးဖို့ ကဗျာ့ဘောင်တွေ လိုလာပါသည်။ ဘောင်ကို… ချဲ့သည်။ ရွဲ့သည်။ လိမ်သည်။ ခွေသည်။ ကြိုက်သလိုလုပ်ပါ။ ရံခါမှာတော့ ကိုယ်ချပြတာ ကဗျာဖြစ်ဖို့ တိုက်ဆိုင်ပြသည်။ မတူတာတွေချပြသည်။ သဒ္ဒါကို ငှားသုံးသည်။ တူတာတွေ ယှဉ်ပြသည်။ လုပ်ပါ။ ကိုယ်လုပ်တာ ကဗျာလို့ နံမည်တပ်နိုင်ဖို့ ကြိုက်သလောက်ပြော… ကျသလောက်ရှင်း…။ ထပ်ပြောစရာကတော့ ကဗျာသည် ကဗျာသာဖြစ်သည်။ စကားပြေကို အပိုဒ်ခွဲပြီး စည်းကမ်းနည်းလမ်း တူရာစုပြီး ကဗျာလို့ ခေါ်လဲ ဖြစ်သည်။ ဂန္တဝင် နရီတွေ အစီလိုက် ပိုင်းပြလည်း ကဗျာလို့ နံမည်တပ်ရိုးအတိုင်း ကဗျာလို့ ခေါ်ပါ။ အခေါ်သက်သက် ဖြစ်သည့်အတွက် စာလုံးတွေကို ကဗျာခေါ်လဲ ဖြစ်ပါသည်။ တစ်ချို့ကြတော့ ပန်းကန်ပြားမှာ ကိုင်းတပ်ပြီး ပန်းကန်လုံးကိုမှောက်တင်ထားတာ ကဗျာဟုခေါ်သည်။ ဝေးသွားရင် နီးစပ်တာလေးပြောကြည့်မယ်။ ငှက်ကလေးတွေ တေးသီတာကို ကဗျာဆန်တယ်တဲ့..။ ဒါဆို ကဗျာဆိုတာ ဘာလဲ အရေးကြီးလို့လား… မေးစရာတွေနော်… ဒါကြောင့်ထပ်ပြောမယ်.. ထပ်ပြောပါရစေ…။ ကဗျာသည် ကဗျာသာ ဖြစ်သည်။ ဘာများ အရေးကြီးလို့တုန်း.. နော.. ခုလည်း ကဗျာလို့ ခေါ်ချင်ခေါ်ပေါ့.. ဝေဖန်ရေးလို့ ခေါ်ချင်လည်းခေါ်.. ငြင်းချက်လို့ ခေါ်ချင်လည်းေ ခ်ါလိုက်ပါဦး.. ဒါမှမဟုတ် ပလီစိချောက်ချက်လို့ ပြောမလား.. ရသေးတယ်။ ဒါပေမယ့်.. ဓနုဖြူကျော်သိန်း ဆိုတဲ့ ပလီစိချောက်ချက် ဆရာကြီးကတော့ လုံးဝဝင်မတွတ်ခဲ့ဘူး…။”


အခုလိုပြန်ရှင်းခဲ့ပါသည်။

“သဘောတူပါသည်။ကဗျာရေးသူက ကဗျာဟုနာမည်တတ်ရေးလျှင်ရေးပါစေ။

မဟုတ်ဟုဝင်မပြောရန်ပြောနေခြင်းပါ။ ကဗျာ ဟုမတတ်လည်းရပါသည်။ သူလုပ်ချင်ရာလုပ်နေခြင်းဖြစ်ပါသည်။ မလုပ်နဲ့တားမရပါ။ ကဗျာဆရာသည် တားမြစ်မှုကိုလက်မခံပါ။ ဖတ်သူဖတ်မှလုပ်စရာနှစ်ခုပါရှိပါသည်။ကြိုက်ရင်ဖတ်ပါ။မကြိုက်…ရင်မဖတ်ပါနဲ.။သို.သော်ဒါကဗျာမဟုတ်ဟု မပြောပါနှင့်။ ပြောလျှင်လည်းရပါသည်။ ပြဿနာမရှိပါ။ တခြားသူကို မဖတ်ကြနှင့်မပြောစေလိုပါ။ သူများရွေးချယ်ခွင့်နှင့်ပါ။ အနုပညာရှင်၏လွတ်လပ်ခွင့်ကို ပိတ်ပင်၍မရစကောင်းခဲ့ကြောင်းကို ပြောသမျှ၏ အချုပ်အဖြစ်ဆိုပါသည်။

အဓိကပြဿနာမှာကဗျာ့ဘောင်သည်ဘာလဲ။ဘာပါလဲ။ သမားစဉ်ရှင်းမရခဲ့သောပြဿနာပါ။ကာရန်လား၊နိမိတ်ပုံလား၊ နရီလား။ မသိပါ။”


ဒါကဗျာပါဟု နံမည်တပ်နိုင်ဖို.ကဗျာ့ဘောင်ကိုရှာကြသည်။ ကာရန်ဟုပြောသူများပါသည်။ ဟုတ်သည်ဟုယူလိုကယူပါ။ကာရန်မပါသောကဗျာများကရယ်မောပါလိမ့်မည်။ကာရန်မပါသော်လည်း ကဗျာ့အသက်ရှိသောကဗျာများအပုံဖြစ်ကြောင်း ပြောမနေတော့ပါ။ သူတို.ကာရန်နှင့်သူတို.ပျော်ပါစေ။

ပြန်မေးပါမည်။ ဦးပုည၏ ထီပေါက်တွက်ကိန်း၊နူနာပျောက်နည်းတေးထပ်များသည်ကဗျာလား။ခက်တော့လည်းခက်ပါသည်။

+++++++

ရစ်သမ်ဟုလည်းပြောကြပါသည်။ ကိုယ့်အစွဲနှင့်ကိုပါ။ ရစ်သမ်ဟူသည်ရှိပါလိမ့်မည်။ ပေတံနှင့်တိုင်းတာပြ၍မရပါ။ ဆရာမြဇင်တို.၊မောင်သာနိုးတို.စာအုပ်တွေရှိပါသည်။ ဖတ်လိုကဖတ်ပါ။ပိုရှုပ်သွားပါမည်။တာရာမင်းဝေအင်တာဗျူး တွင်ပါဘူးပါသည်။ ရှာဖတ်ရန်လွယ်ပါသည်။ ယခုမှကဗျာစရေးသူများဖတ်ရန်မလိုပါ။ ကဗျာဆရာများဖတ်ရန်မလိုပါ။ ပပ၀တီကို ဘယ်အရာကလှသလဲသိအောင် မျက်လုံးကော်ထုတ်၊နှားခေါင်းဖြတ်၍ လေ့လာသည်နှင့်တူပါမည်။

အလွယ်ဆုံးကတော့ကဗျာဖတ်ရန်သာဖြစ်ပါမည်။ ဟင်း၏အရသာသည် ဟင်းကိုစားမှသိပါမည်။ ဆားမှာမရှိပါ၊ငရုတ်သီးမှာမရှိပါ။ယင်းအရာများမပါလည်းမဖြစ်ပါ။ကဗျာများများဖတ်ပါ ဟုသာညွှန်းပါသည်။
+++++

ကဗျာအတွက်လျောက်လဲချက်ပေးရန်မလိုပါ။ကဗျာသည်ကဗျာသာဖြစ်ပါသည်။ကိုးကွယ်ရန်လည်းမလိုပါ။နှိမ့်ချရန်လည်းမလိုပါ။ ရေးချင်၍ရေးနေသူတွေ၏လက်ကိုတော့ တုတ်နှင့်လာမရိုက်စေလိုပါ။

ဖတ်လိုလျှင်ဖတ်ပါ။မဖတ်လိုလျှင်မဖတ်ပါနှင့်။ရေးလိုလျှင်ရေးပါ၊ မရေးလိုလျှင်မရေးပါနှင့်။ပြောခဲ့သမျှသည် ယခုလို ကလေးပြောပြောရန်သာ ဖြစ်ပါသည်။

အို…….ကဗျာ (၀.၁) 3

နောက်ကိုပဲ ပြန်ဆုတ်ရပါလိမ့်မည်။ ကဗျာဆိုတာပညာရှိပစ္စည်းဆိုသည်ကိုတော့ မရှင်းတော့ပါ။ မဟုတ်မှန်းလူတိုင်းသိပါသည်။ ပညာရှိပစ္စည်း မဟုတ်သော်လည်း စကားစတစ်ခုတော့ချန်ခဲ့ပါမည်။ ကဗျာ၌ မွေ.လျော်ခြင်းသည် အဆင့်အတန်းမြင့်သော ပျော်ရွှင်မှု ဖြစ်သည်ဟူ၍။

++++++++

ကဗျာဆရာ၏အလုပ်မှာ ကိုယ့်ခံစားမှုကို ဖေါ်ထုတ်ရန်ဟု (အလွန်ယေဘုယျကျစွာ) မှတ်ထားစေလိုပါသည်။ အနုပညာမှန်သမျှ၏ တရားကိုယ်ဖြစ်ပါသည်။ အသုံးပြုသောမီဒီယာ လိုက်၍ ကွဲပြားခြင်းများရှိပါမည်။ ပန်းချီဆရာက ဆေး၊ အဆိုတော်က အသံ၊စသည်ဖြင့်။ (ဆန်.ကျင်ဘက်သီအိုရီများရှိပါသည်။ မကြိုက်၍ မသုံးပါ)

ဖေါ်ထုတ်ရန်ကို ပေးပို.ရန်အထိ သတ်မှတ်လျှင် ပြဿနာများဝင်လာပါသည်။ အနုပညာသည် communication ဟု ( အလွန်ယေဘုယျကျစွာ) ဆရာဘုန်းနိုင်က ပြောဘူးပါသည်။ ဆရာတာရာမင်းဝေက သက်ရောက်မှုကို လွှင့်ထုတ်နေတာဟု ပြိုင်မြင်းတို.ခွာသံတွင်ရေးပါသည်။

ထို.ကြောင့်ဖေါ်ထုတ်ရန်အထိပဲ ခေတ္တထားပါရစေ။ ကဗျာဆရာဖေါ်ထုတ်ထားသည်ကို ကဗျာဖတ်သူက ဖတ်သည်။ နောက်ရသခံစားသည်။

သေချာအောင်ထပ်ပြောပါမည်။ ရသခံစားခြင်းဖြစ်သည်။ ခံစားချက်ကူးပြောင်းခြင်း (လုံးဝ) မဟုတ်ပါ။အကျယ်ရှင်းရပါမည်။

+++++++

ရုပ်ရှင်ဝယ် ၀မ်းနည်းဖွယ်ရာ ပြကွက်ပြသည်။ ကြည့်သူများငိုကြသည်။ ထိုအငိုနှင့် ဆွေမျိုးသားခြင်း ဆုံးပါး၍ ငိုသောအငိုမတူပါ။ ရုပ်ရှင်ကြည့်၍ ငိုသော အငိုဝယ် အရသာ ပါနေသည်။ တနည်းပြောရလျှင် ရသပါနေသည်။

ကဗျာဆရာက ခြောက်ခြားဖွယ် ကိုဖွဲ.သည်။ ဖတ်သူကခြောက်ခြားခြင်း ရသကိုခံစားသည်။ကဗျာက ဟာသကိုဖွဲ.သည်။ ဖတ်သူက ဟာသရသကိုခံစားသည်။

ရှေ.ဆက်ပါမည်။ အချုပ်တန်းဆရာဖေ၏ ကဗျာပါ။ နာမည်ကြီးပါသည်။


မြန်မာတွေစည်းကမ်းဖေါက်လို့၊
ထီးနန်းပျောက်ဖြစ်ပြီ၊
မှီးကွန်းထောက် အသစ်မှီတယ်၊
ညစ်ပလီ လူမျိုး၊
မိပစ်လို့ ဖ ရှောင်သွေသည်၊
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။
မြန်မာများကြွားချင်၊
ဓားပြသွင် လူဆိုး၊
ကုလားမြင် သူ့အမေရိုးတော့မလို၊
ခုမြေလျှိုးပုန်းရှောင်၊
မိုက်ပနော် ပြုမဟေးတို့က၊
သူ့ပထွေးတော့ ခွေးသို့မဟောင်။
ပြောရောဟဲ့ရာဇဝင်ပြောင်အောင်၊
စာဇင်တောင် ဦးချလို့၊
ပလူးရ ပြေးကြို့ခါခါ၊
ခွေးသို့ပမာ၊
တွေးမိတိုင်း အရိုးနာသည်၊
အမျိုးပါ ဆဲချင်ပေါ့လေး။ ။

ဆဲထားပါသည်။ ဒေါသမဖြစ်ပါ။ လက်ခုပ်ပင်တီးချင်ပါသည်။ ဘာကြောင့်နည်း။ ကဗျာမှုမြောက်မမြောက်ထက် အရေးကြီးသော အချက်ကို ပြောရပါမည်။

ကဗျာဇောစေတနာဖြစ်ပါသည်။ အလကားသက်သက်ဆဲခြင်းမဟုတ်ပါ။ အမျိုးသားများအတွက်ရင်ထုမနာဆဲခြင်းဖြစ်ပါသည်။ ဒေါသဖြစ်လို.ကဗျာတွင်ဆဲလိုကဆဲပါ။ ဇောစေတနာကွာ လျှင် ငပေါသာဖြစ်ပါမည်။

ဆဲထားသောကဗျားများစွာ မြန်မာ့သမိုင်းမှာရှိပါသည်။ ဦးကျောက်လုံးဆဲသော ကဗျာထက် ဆရာဖေဆဲသောကဗျာက ပို၍ နာမည်ကြီးပါသည်။ ဦးကျောက်လုံး၏ ကဗျာစေ့တနာက ဆရာဖေ၏ ကဗျာစေတနာလောက် မခမ်းနားပါဟု အကြောင်းရင်းတစ်ချက်ပြလျှင်ရပါသည်။

+++++++++

ကဗျာ ဆရာသည် ဓမ္မကထိကမဟုတ်ပါ။ သူ.ခံစားချက်ကို ပွင့်လင်းစွာဖေါ်ထုတ်ပါသည်။ ၀ိနည်းတော်မလိုပါ။ သူ.ကိုယ်သူ အကန်.သတ်မခံပါ။


အသိများပညာများသည်တခါတခါ ကဗျာဖွဲ.ရေးဖွဲ.ရာတွင် အကန်.အသတ် ဖြစ်နေတတ်သည်။ ကဗျာနှင့်ပတ်သက်သော အသိများ၊ပညာများကို မေ့ထားသည်ကကောင်းပါသည်။



ထပ်ပြောပါမည်။ ကဗျာသည် ဘာသာစကားကိုမီဒီယမ်အဖြစ်သုံးရ၍ဖြစ်ပါသည်။ ပန်းချီတွင်မပြောရဲပါ။ ကဗျာမီဒီယမ်သည် လူတိုင်းပါးစပ်မှမွေးကတည်းက သုံးလာသောမီဒီယမ်ဖြစ်ပါသည်။

ကဗျာဆရာသည် အကန်.အသတ်ဖြင့်ကဗျာမဖွဲ.ပါ။ မော်ဒန်ဖြစ်အောင်ဟူ၍ ဇွတ်မဖွဲ.ပါ။ဖွဲ.သူများရှိပါမည်။ မဝေဖန်လိုပါ။

သို.သာ် ကဗျာတွင် ကဗျာအသိ၊ကဗျာပညာ သည် လုပ်ယူ၍ မရကြောင်းကိုပြောလိုပါသည်။ အသုံးပြုပါများ၍ ပါရမီဖြစ်လာလျှင်တော့ သုံးစွဲကောင်းပါသည်။ အစတစ်ခုထုတ်လိုက်ခြင်းလည်းဖြစ်နိုင်ပါသည်။ ပို၍ရှုပ်ထွေးသောအစဖြစ်ပါသည်။ တက္ကသိုလ်ဘုန်းနိုင်၏ “အမြင့်သို.အာရုံ ညွန်.တက်ခြင်း(သို.မဟုတ်)ကဗျာ”ကို ပြန်ညွှန်းပါမည်။


အသိ ပညာ ဟူသည် ပေတံနှင့်တိုင်းတာ၍မရပါ။ ကဗျာဆရာသည် နှလုံးအိမ်အတွင်းမှ အသိပညာနှင့်သာ ကဗျာဖွဲ.ပါသည်။

အို……..ကဗျာ (၀) 2

ကဗျာဆရာက ကဗျာပဲဖွဲ.ချင်ပါသည်။ ဝေဖန်သူတွေကဝေဖန်မည်။သူ.ဘာသာလှနေသော အကြောင်းတရားဖြစ်သည်။ မဝေဖန်နဲ.ပြော၍မရပါ။

သို.သော် မျက်စိမှိတ်ပြီးပေတံတိုတိုလေးနှင့် မပြောစေချင်၍ ပြောမိသည်။ ဒဿနိကပညာရှင်များ ရှင်း၍မရသော အစကိုဆွဲထုတ်မိသလိုဖြစ်သွားသည်။ အနုပညာဆိုတာဘာလဲ။ ဘာကြောင့်ဖွဲ.ကြ၊ဆွဲကြလဲ။ ကာလကြာမြင့်စွာကရှင်းမရခဲ့သောပြဿနာ။

ရှင်းဖို.ရန်လည်းမရည်ရွယ်ပါ၊ပြောရန်အထိတတ်ကျွမ်းသူလည်းမဟုတ်ပါ။ သို.သော် ဖတ်ထားသည်များမှ ကိုယ်သဘောတူရာများကိုပြန်လည်မျှဝေခြင်းပါ။

လွတ်လပ်စွာကွဲလွဲခွင့်ရှိပါသည်။ကြိုက်ရင်ယူပါ။မကြိုက်ရင်ပယ်ပါ။
++++++++

ကိစ္စတစ်ခုကိုရှင်းရာတွင် နောက်သို.ဆက်၍ရှင်းသွားရန်ထက်ရှေ.က တရားကိုယ်များကို နားမလည် တော့ ဟိုးရှေ.အထိပြန်လှန်နေရသည်။တစ်ပြီးရင် နှစ်ကိုပြောရမည့်အစား သုညပါပြန်ပြောရသည်။ ပညာရှင်များရီမောကြပါလေ။ လေ့လာလိုသူများအတွက်ပါ။

ထပ်ပြောပါမည်။ဆရာကြီးလုပ်ခြင်းမဟုတ်ပါ။မဖတ်လိုလျှင်ယခုကတည်းကမဖတ်၍ရပါသည်။
+++++++++
အနုပညာတန်ဖိုးကစရပါမည်။ အနုပညာသည် အသုံးချတန်ဖိုးမရှိပါ။ ငတ်နေသူကိုသစ်သီးတစ်လုံးပေးက အာဟာရဖြစ်ပါမည်။ ကဗျာတစ်ပုဒ်ပေးကဘာမှလုပ်မရပါ။

သို.သော် အနုပညာသည် သူ.တန်ဖိုးနှင့်သူ၊ သူ.နှုန်းစံနှင့်သူ။ အရှေ.တိုင်းကျမ်းများအလိုဆိုလျှင်လောကလွန်သဘော။ အကျိုးများ မလျောက်နိုင်သော်လည်း လမ်းကတော့ရှိနေပါမည်။နားတော့ခါးပါလိမ့်မည်။ အမှန်တရားဖြစ်ပါသည်။

တန်ဖိုးမရှိပဲနှင့် အနုပညာသည် ပန်းပန်နေမည်မဟုတ်ပါ။ဝေဆာဖွံ.ဖြိုးလာမည်မဟုတ်ပါ။ တန်ဖိုးထားသူများရှိနေ၍သာ အနုပညာများ ဤမြေတလွှား ရှိနေခြင်းဖြစ်ပါသည်။

တန်ဖိုးထားသူများရှိနေသည့်အခါ တန်ဖိုးဖြတ်သူများလည်းရှိလာရပါသည်။
+++++
တန်ဖိုးထားသူသည် စားသုံးသူဖြစ်သည်။ အနုပညာလက်ရာများကို ခံစားသည်။ ကြိုက်လျှင်ကောင်းသည်ပြောမည်။ မကြိုက်လျှင်မကောင်းပြောမည်။ပြောခွင့်ရှိသည်။

တန်ဖိုးဖြတ်သူ ကတော့ သူ.အတွက်မဟုတ်။ သူများတွေခံစားတတ်အောင် ရှင်းပြတာဖြစ်ချင်ဖြစ်မည်။ အနုပညာနဲ့ပတ်သက်၍တွေးဆတာဖြစ်ချင်ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် သူ.အလုပ်သည် ကောင်းသည်မကောင်းဘူး လွယ်လွယ်ပြော၍မရတော့။

သူကိုင်စွဲသောပေတံရှိရမည်။ ဟိုတုန်းကစာတွေနှင့် မတူလို.မကောင်းဘူးဟေ့လို.လုပ်လို.မရ။ ဟိုတုန်းကစာတွေကောင်း သည်ဆိုလျှင်လည်း ဘာကြောင့်ကောင်းသည်။ ဘာကြောင့်ညံ့သည်။ ခွဲခြမ်းစိတ်ဖြာနိုင်ရမည်။

သည်မှာ ပေတံ ပြဿနာဝင်လာသည်။
++++++
သရက်သီးတစ်လုံး ကောင်းလျှင်ဘာကြောင့်ကောင်းသည်ကို အခြား သရက်သီးများနှင့် ယှဉ်ပြောမှရမည်။ ငှက်ပျောသီးနှင့် မတူလို.မကောင်းဆိုလျှင်မသင့်တော်။

ထိုကိစ္စများနှင့်ပင် အစ်ဇမ်တွေ ခွဲရသည်။ မော်ဒန်နစ်ဇမ်၊ဘာအစ်ဇမ်၊ညာအစ်ဇမ်။ အသေအချာပြောပါမည်။ ဝေဖန်ရေးဆရာများထွင်ထားသော စကားလုံးများဖြစ်ပါသည်။ ကဗျာဆရာ(အနုပညာရှင်)ကမူ ထိုသို.ကန်.သတ်မထားပါ။

ပီကာဆိုသည် ကျူဗစ်ဇမ်ဆွဲလိုက်မဟဲ့လို. မရည်ရွယ်ပါ။ စေဇန်းသည် အင်ပရက်ရှင်နစ်ဇမ်လိုက်မယ်ကွာ လို.မပြောပါ။
အနုပညာရှင်ကို ဘာလုပ်ပါညာလုပ်ပါပြောမရပါ။ သူတို.ကို လွတ်လပ်ခွင့်ပေး၍ရော၊ချုပ်နှောင်၍ရောမရပါ။

ကဗျာဆရာသည် ကိုယ့်လွတ်လပ်ခွင့်ကို ကိုယ့်ဘာသာ တည်ဆောက်ကြသူများဖြစ်ပါသည်။
++++++
နောက်ဆက်ရှင်းရမည် တို.ကို ဓားထစ်ထားပါရစေ။ ဖေါ်အဲဗားနှင့် ဖေ့စ်ဘုတ်မှ မှတ်ချက်များဖြစ်ပါသည်။
Pyei Phyo ဗမာမှာလည်း ရှိဖူးသည်။ မကြာသေးသော ကာလများဆီက ကဗျာရွတ်ကြသည်။ အိမ်ရှင် အရက်ဖိုးကုန်သည်။ ပါတ်ဝန်းကျင်နားညည်းသည်။ ကဗျာဆရာကတော့ ရွတ်ချင်လို့ ရွတ်သည်။ နားထောင်သူမရှိသောအခါ ရွတ်ခြင်း အဆုံးသတ်သွားသည်။ ကဗျာဆိုတာ ဖတ်ဖို့ဖွဲ့တာပါ။ ဖတ်သူမရှိလျှင် ကဗျာ မရှိပါ။ ဖွဲ့သူရှိလို့ ရှိသော ကဗျာ ဖတ်သူမရှိသောအခါ ပျောက်ပါသည်။ ထို့ကြောင့် ကဗျာသည် ဖတ်ဖို့ဖြစ်သည်။ မိုနာလီဆာကို နှုတ်ခမ်းမွေးတပ်တော့ နှုတ်ခမ်းမွေး မိုနာလီဆာ သာ ဖြစ်သည်။ ဒါကို ဝါဒ (ဝါ) အစ်ဇင် လို့ နံမည်တပ်တော့ ဝါဒ ကျန်ရစ်သည်။ ဖျက်ဆီးမှုကို အနုပညာဟုနံမည်တပ်လျှင် ပြောင်းလဲမှုကို မနုတနုပညာဟု နံမည်တပ်သင့်သည်။

Thet Ka Moenyo
ကဗျာမှာ အနည်းဆုံးဖတ်သူတစ်၇ှိပါတယ်၊ကဗျာဆရာပါ၊ကဗျာဆရာကကဗျာပျောက်တာကို အမှုမထားပါဘူး.
နောက်ဒါဒါဝါဒကိုမှန်တယ်မပြောပါဘူး၊ဒါပေမယ့် အထင်ကရကျန်ခဲ့တာပါ။
ဇော်ဇော်အောင်က ပို.စ်မော်ဒန်နဲ. ပတ်သက်ရင်စာများစွာ(သုတေသနလုပ်ပီး) ရေးဘူးပါတယ်၊ပြောရေးဆိုခွင့်ရှိသ…ူဆိုတာထင်ရှားပါတယ်ဆရာ

Pyei Phyo
၁ နံပါတ် တီဗီတစ်လုံးကို မလုပ်တတ်လို့ ဝယ်သွင်းသလိုမျိုး ကဗျာ့ ဝါဒတွေ ဝယ်သွင်းလာတာမျိုး ဖြစ်သင့်ပါသလား..။ (၂) နံပါတ် ဂျပန်ကားဟောင်းကို မော်ဒယ်သစ်ဆိုပြီး ညာရောင်းသလို၊ သူများဆီက စမ်းသပ်ဆဲဆေးတွေကို လူနာတွေအတွက် ပွဲတွေ့ဆေးကြီးဆိုပြီး လူတိုင်းကို…ပေးသလို၊ ကာလ၊ဒေသ၊ပယောဂ ညီညီညွတ်ညွတ် စုစည်းမှု တွေကို ဒါတွေဒီလိုရှိတယ် ဆိုချပြတိုင်း အနုပညာဘောင်ခတ်လိုက်တိုင်း.. အနုပညာလို့ လက်ခံဖို့ မဖြစ်နိုင်ပါ။ (၃) တန်ဖိုးဆိုတာနဲ့ ပါတ်သက်လို့ ရေးသူ က ကိုယ့်ကဗျာကိုယ်ပြန်ဖတ်တာ ကိုယ်ရုပ်ကိုယ်မှန်ကြည့်သလိုပါပဲ။ မဆန်းပါဘူး..။ သို့သော် တစ်သိန်းဖတ်ပြီး တစ်ယောက်မှ မလေးစားတဲ့ကဗျာနဲ့.. တစ်ယောက် (ကိုယ်မဟုတ်သော) ဖတ်ပြီး heart ထိသွားတာနဲ့ တန်ဖိုးမတူပါဘူး။ ဒါကြောင့် ကိုယ်မဟုတ်သော ပရိသတ်တစ်ယောက်လိုပါတယ်။ အနုပညာဆိုတာ ပရိသတ်မရှိရင် စမ်းသပ်ချက် အဆင့်မှာပဲရှိပါတယ်။ သိပ္ပံသာသာပါပဲ။ (၄) ကဗျာဆရာဟာ ကဗျာပျောက်တာကို အမှုထားကိုထားရပါမယ်။ သူ့ကဗျာကို သူမှ တန်ဖိုးမထားရင် သူများတန်ဖိုးထားဖို့ မျှော်လင့်စရာ မရှိပါဘူး။ ထပ်ပြောချင်တာကတော့ အနုပညာဆိုတာ ပရိသတ်လိုကိုလိုပါတယ်။ ပရိသတ်မရှိတဲ့ အနုပညာဟာ သေနေတဲ့ အနုပညာ (ဝါ) ဘာတန်ဖိုးမှ မရှိတဲ့ အနုပညာ ဖြစ်ပါတယ်။ လက်ခံသူမရှိတဲ့ အနုပညာလို့ လွယ်လွယ်ပြောလို့ရပါတယ်။ (၅) အနုပညာကို သိပ္ပံပညာလို အကန့်ခွဲ ဘောင်ချပြ လို့ ခေတ်မီချင်မီသွားပါလိမ့်မယ်..။ အနုပညာသမား ဖြစ်မသွားပါဘူး။ အနုပညာသမားစစ်စစ်က တော့ လုပ်ချင်လို့လုပ်လိုက်တာပါပဲ။ အကြောင်းတွေ သိပ်မပြပါနဲ့ဆရာရယ်… အကြောင်းပြတာ သိပ္ပံပညာအလုပ်ပါ.. အနုပညာအလုပ်တွေမှာ ဘာအကြောင်းမှ မရှိပါဘူး။ ဘာကြောင့်တို့.. ညာကြောင့်တို့ ဆိုရင် တန်ဖိုးကျသွားပါတယ်ဆရာရယ်…

Thet Ka Moenyo
ဝါဒတွေ မတင်သွင်းပါဘူး၊ဟိုမှာဖြစ်ခဲ့တဲ့လူမှုရေးရိုက်ချက်တွေက အခုမှဒီမှာ ဖြစ်လာလို.တူသွားတာကိုပြောတာပါ။အနုပညာဟာ ဒီလောက်ဒီလောက်လို.တန်ဖိုးဖြတ်စရာမလိုတဲ့အတွက်(အသုံးချတန်ဖိုးမရှိတဲ့အတွက်) တန်ဖိုးတွက်ခြင်းကိုထည့်မစဉ်းစားပါ။ ဆရာနဲ.ကျွန်တော်ဟာ ကြောင်းတူသံကွဲတွေပြောနေကြသာဖြစ်ပါတယ်၊အဓိကက မျိုးတူစုခွဲပုံမတူတာပါ။ရှုထောင့်မတူတာပါ။ကဗျာဆရာကကဗျာကိုဖွားမြင်ပီးရင်ကျေနပ်ပါတယ်။ဖတ်တာမဖတ်တာက သူ.လက်ထဲမှာမရှိပါ။ မဖတ်လဲသု.ရင်ထဲကအောင်းနေတာကိုဖောက်ခွဲပီးပါပီကျေနပ်ပီးပါပီ။ကိုမဟုတ်သောပရိသတ်ဟာသူနဲ့မဆိုင်ပါဘူး။ကဗျာမှာကျေနပ်သူများကိုသာဆိုလိုပါတယ်။ကဗျာကို ဆရာဖြစ်အောင်လုပ်နေသူများကိုမပြောပါ။

ရုပ်ဆိုး
လေးလုံးစပ်မှာ ပိုတွေ.ဘူးပါသည်။ ကိုပြောချင်တာကတမျိုး၊ကာရန်ကဆွဲခေါ်တာတမျိုးနှင့် ဒုက္ခကြီးပါသည်။ကာရန်ကိုမေ့လိုက်မှ အဆင်ပြေသွားသည်။ ပြောလိုရင်းက ကဗျာမှာ အသိမလိုပါ။ ပညာမလိုပါ။

အရပ်စကားပဲသုံးသုံး၊ပါဠိပဲသုံးသုံး (မောင်ချောနွယ်ပြောသလို) ရင်ဘတ်ချင်းပလပ်ထိုးမိဖို.က အရေးကြီးပါသည်။

ဗဟုသုတအနေနဲ့ဖတ်သွားပါတယ်ဗျာ …. ကဗျာ ဆိုတာ ဘာလဲ လို့ကျွန်တော်လည်းသေချာမပြောတက်ပါဘူး ။ ဝေဖန်ရေးသမားမဟုတ်သလို ကဗျာ ဆရာလည်းမဟုတ်ပါဘူး။ မျက်စိစုံမှိတ်လည်းငြင်းခြင်းမဟုတ်ပါ ။ ဒါပေမဲ့ အပေါ်ကစာသားကိုတော့သိပ် သဘောမကျဘူးဗျာ ။ ကဗျာမှာအသိမလိုပါ ပညာမလိုပါ ဆိုတာကိုပေါ့ ။ ကျတော် သိဖူးတာကတော့ ကဗျာဆိုသည် စာရေးဆရာပညာရှိတို့၏ပစ္စည်းဥစ္စာ ။ ကဗျာလင်္ကာဆိုသည် လူများ နေ့စဉ်ပြောဆိုသုံးစွဲနေသော သာမာန်စကားများကို တေးဂီတပမာ ပြေပြစ်ချောမောစွာနှင့် ချိုသာငြိမ့်ငြောင်းအောင် ရေးဖွဲ့သီကုံးထားသော စာဖြစ်ပါသည်။ လို့ ကျွန်တော် မှတ်သားဖူးပါတယ် ။ ဥပမာတစ်ခုပေါ့ဗျာ

အားလုံးေ=ာက်ရူးပဲ .. လို့ ကျွန်တော်ရေးလိုက်တယ်ဆိုပါတော့ ။ ကျွန်တော်စိတ်ဆိုးစွာ ရေးလိုက်တဲ့စာကို ဖတ်တဲ့လူကလည်း ဖတ်ပီး ဒေါသဖြစ်သွားမှာပါပဲ ။ ဒါကို ကဗျာလို့ ခေါ်ပါသလား ။

ကျေးဇူးတင်ပါသည်။ ဆက်ရပါဦးမည်။

အို……ကဗျာ 1

ကဗျာဆိုတာဘာပါလဲ။ဒီမြေဒီရေမှာသာမဟုတ်။ သူ.မြေသူ.ရေမှာလည်း ဓားထမ်းငြင်းကြသည်။

အဲ။ငြင်းသူကသာငြင်းနေကြသည်။ ကဗျာကတော့ အဆင့်ဆင့်တိုးတက်ဖြစ်ထွန်းလာခဲ့သည်။ ကဗျာနှင့်ဝေဖန်သူ။ရှိရမည်။ ရှိလည်းရှိသင့်သည်။ ဒါကြိုဆိုရမည့်ကိစ္စ။ ခက်သည်က တစ်ခုထဲကိုကိုင်၍ပြောနေခြင်း။ဒါမှကဗျာ။ကျန်တာကဗျာမဟုတ်။

ရီစရာလည်းကောင်းသည်။စိတ်ပျက်စရာလည်းကောင်းသည်။ ကဗျာဆရာအချင်းချင်းဆို ရန်မဖြစ်ကြပါ။ကဗျာဆရာဆိုသည်က လွတ်လပ်စွာကွဲလွဲခွင့်ကို အသွေးအသားထဲမှယုံပီးသား။ သူတို.ကငြိမ်းချမ်းမှုကိုချစ်ကြသည်။

++++++

သီအိုရီကိစ္စကစပြောရပေမည်။ သီအိုရီသည် နောက်မှလာသည်။ သဘောတရားကအရင်။

ကဗျာကိုအရင်ဖွဲ.ကြသည်။ နောက်မှ လေးလုံးစပ်ရဲ့ပုံစံကဘာ၊ လေးချိုးကဘာ၊ မီတာကဘာ၊ စတန်ဇာကဘာ၊ ဒီလိုသီအိုရီထုတ်သည်။

ပြောလည်းပြောခဲ့ပီးကြပါပြီ။ ထပ်ပြောရမည်လားမသိ။ ညောင်ပင်မြိုသလိုပင်။ နောက်မှကဗျာလက်သင်များ ကဗျာဆရာ (အစစ်ဟုတ်မဟုတ်မသိပါ)ဖြစ်လာတော့ သီအိုရီနှင့်မကိုက်လျင် ကဗျာမဟုတ် ဆိုလာကြသည်။ လေးသုံးနှစ်မပြည့်လျှင်၊အချိုးမကိုက်လျှင်၊စသည်ဖြင့်။

သူ.နွယ်ကိုယ့်နွယ်ခွဲရန်လိုလျှင်လည်းခွဲရပါမည်။ မခွဲလည်းရပါသည်။မသုံးလည်းရပါသည်။ မပြောရုံပေါ့။ ကဗျာဆရာတွေက သိလည်းသိပ်မပြော။တမင်မေ့ထားရပါသည်။ သီအိုရီက အနုပညာဖန်တီးမှုကို လာထောက်တတ်၍ဖြစ်သည်။

လေးလုံးစပ်မှာ ပိုတွေ.ဘူးပါသည်။ ကိုပြောချင်တာကတမျိုး၊ကာရန်ကဆွဲခေါ်တာတမျိုးနှင့် ဒုက္ခကြီးပါသည်။ကာရန်ကိုမေ့လိုက်မှ အဆင်ပြေသွားသည်။ ပြောလိုရင်းက ကဗျာမှာ အသိမလိုပါ။ ပညာမလိုပါ။

အရပ်စကားပဲသုံးသုံး၊ပါဠိပဲသုံးသုံး (မောင်ချောနွယ်ပြောသလို) ရင်ဘတ်ချင်းပလပ်ထိုးမိဖို.က အရေးကြီးပါသည်။
+++++++++++++++


ဒါကကဗျာဆရာ အတွက်ပါ။ ဝေဖန်သူအတွက်ကတော့လိုပါသည်။ သူ.နွယ်လည်းသိရမည်၊ ကိုယ့်နွယ်လည်းသိရမည်။ အရင်းကကိုင်ပြောမိလားအဖျားကကိုင်ပြောမိသလားသိရမည်။ မသိလို.မရဘူးလား မမေးပါနှင့်။ မရပါ။ဝေဖန်ရေးလုပ်ရင်တော့သိရပါမည်။

ဘာလို.လဲ မေးလျင်ရှင်းပါသည်။ သူများကိစ္စကို ကိုယ်ကသွားပြောတာဖြစ်သည်။ ဟာအပျော်ရေးတာပဲ။ဆရာကြီးမှမဟုတ်တာလို.ပြောမရပါ။ ဆရာကြီးမဟုတ်လျှင်လည်း ကိုယ်ကမဝေဖန်ပါနှင့်။

လောကကြီးမှာရေးစရာများပါသည်။ သူများကိုသွားဝေဖန်မှစာရေးလို.ရသည်မဟုတ်ပါ။

ကိုယ်ပိုင်ဖန်တီးမှုလေးတွေနှင့်ပျော်နေသူတွေ အများကြီးရှိပါသည်။

+++++++

ကဗျာမှမဟုတ်ပါ။ အနုပညာရှင်ဆိုသည်က အာရုံခံစားမှုအားကောင်းသည်။ sensitivity မြင့်သည်။

ဒီတော့ တချို.နေရာတွေမှာအလွန်အကျွံဖြစ်ကုန်သည်။ ဗန်ဂိုး၊ ရှယ်လီ၊စသည်ဖြင့် သိကြပါမည်။ မပြောတော့ပါ။ အဲ ခံစားသူတွေကလည်းခွင့်လွတ်သည်။ ပိုအက်တစ်လိုင်စင်ပေးသည်။


ခက်သည်ကဝေဖန်သူများ။ ပလေးတိုကစသည်။ (အကျယ်မပြောလိုပါ။ ညွှန်းပါဆိုလျှင် တက္ကသိုလ်ဘုန်းနိုင်၏ ခပ်သိမ်းကလျာ ရှုဖွယ်သာတည်းကို ဖတ်ပါ)

နောက်တော့ဘာဖြစ်သလဲ။ ဝေဖန်သူများ၊ဝေဖန်နည်းများပြောင်းကုန်သည်။ ကဗျာကတော့ ပန်းပန်လျက်ပဲသာ။

ဥပမာပေးရပါမည်။ ဆာရီယယ်လစ်ဇင်၏ဖခင်များသည် ယခင်ကဒါဒါဝါဒ လှုပ်ရှားသူများဖြစ်သည်။

သူတို.ကပို၍ လွန်သည်။ ရေပန်းဆိုပီးအိမ်သာသုံးကြွေခွက်ကြီး (သူတို.ကိုယ်တိုင်လုပ်မဟုတ်)ကိုပြသည်။ မိုနာလီဆာကို နှုတ်ခမ်းမွှေးတတ်ပြသည်။ ဒါအနုပညာလားဟုမေးစရာ။

(အကျယ်ကိုဇော်ဇော်အောင်ဆောင်းပါးများမှာပါပါသည်။ ပျင်းရင်မဖတ်ပါနှင့်။ ပြောချင်လျှင်ဖတ်ပါ။ မသိပဲပြောတော့ရှင်းနေရတာအချိန်ကုန်ပါသည်။)

သူတို.လှုပ်ရှားမှုကလည်း အဓိပ္ပါယ်မဲ့မဟုတ်။ အနုပညာကို ငွေကြေးစသည်တို.ဖြင့်တန်ဖိုးဖြတ်နေခြင်းကို သရော်ခြင်း။

ဒါဒါပွဲကိုခဲနဲ.ပေါက်သူတွေရှိသည်။ ဒါဒါတွေက ပျော်သွားသည်။ ဒါမှ ဒါဒါဝါဒီအစစ်တဲ့။
++++++

ကောင်းကင်ကိုကရေးဖူးသည်။ပွဲတစ်ပွဲကိုမကြိုက်ရင်ဝေဖန်ခွင့်ရှိတယ်။ခဲနဲ့ပေါက်ခွင့်မရှိတဲ့။

လက်မခံပါ။မကြိုက်ချှင်ဗြောင်ခဲနဲ.ပေါက်ပါ။ မသိပဲမဝေဖန်ပါနှင့်။ မသိသူကအပြောခံရသည်မှာ ခဲနဲ.ပေါက်ခံရသည်ထက်နာပါသည်။

+++++++

အားနာနာနှင်ကဗျာတစ်ပုဒ်ပြပါမည်။


ဟံလင်း၏ မိသားစု -၅ ဖြစ်ပါသည်။ တိုပါသည်။

ကျုပ်အမေကို စပ်ယှက်
ကျုပ် လူဖြစ်ခဲ့ရုံနဲ့
ကျုပ်ကို ခင်ဗျား
သား မခေါ်နဲ့ ။


ဗုဒ္ဓဘာသာဝင်အနေနှင့်ခြောက်ခြားရပါသည်။ သို. သော်ကဗျာအနေနှင့်သူ.ရင်ထဲက ခံစားချက်ကို မြင်ရပါသည်။

ထပ်ပြောပါမည်။ “ကဗျာအနေနှင့်” ခံစားရပါသည်။

++++++

ကဗျာကို တံဆိပ် ကပ်ခြင်းသည် ကဗျာဆရာအလုပ်မဟုတ်ပါ။ ဝေဖန်ရေးဆရာအလုပ်ဖြစ်ပါသည်.။

ကဗျာဆရာကတော့ ဘယ်သူမှမဖတ်လည်း ကဗျာတွေဖွဲ.နေပါလိမ့်မည်။

Monday, November 28, 2011

ချစ်သောကဗျာ-၁

ကဗျာနဲ.ပတ်သတ်ပြီးပြောရရင် ဘာလို.တုတ်တွေဓားတွေထမ်းရတာလဲမသိ။ကဗျာဆရာတွေကတော့ လွတ်လပ်စွာကွဲလွဲခွင့် ကိုယုံကြည်ကြတယ်။ ငါရေးတဲ့ ကဗျာအမျိုးအစားမှ ကဗျာ ၊ကျန်တာကဗျာမဟုတ်လို.ပြောသူတွေရှိပါလိမ့်မယ်။ သူ.ဘာသာအော်နေပါစေ။သူ.လွတ်လပ်ခွင့်ကိုလေးစားပေးလိုက်ကြရအောင်ပါ။ ကို.ကဗျာ ကိုယ်ရေးကြတာပါပဲ။

+++++++++

အို..ကဗျာ ဆောင်းပါးတွေရေးနေရင်းနဲ. နံပါတ်စဉ်လိုက်မှတ်ရတာရှုပ်မှာစိုးလို. ခေါင်းစဉ်အသစ်ဖွင့်လိုက်တာပါ။ တကယ်တော့သူများတွေပြောပီးတာထဲကကိုယ်သဘောကျတာလေးတွေ ပြန်ပြောတာပါ။ ခဏခဏပြောမိတာက ကြိုက်ရင်ယူပါ၊ မကြိုက်ရင်ပယ်ပါ။

ဒီနေ.တော့ ကဗျာဆရာရဲ့ ဖွင့်ထုတ်၊ပေါက်ကွဲ၊ခံစားချက်တွေအကြောင်းပြောချင်ပါတယ်။

+++++++

ကဗျာမှာတော်တော်များများပြောကြတာက ခံစားချက် တွေကို ဖွင့်ထုတ်တာလို.ပေါ့လေ။

ခံစားချက်မှာ သူတို.စကားလုံးတွေက feeling ရယ် ၊ emotion ရယ်ပေါ့။ emotion ကနည်းနည်းပြင်းထန်တဲ့ အာရုံခံစားမှုပေါ့လေ။ ကဗျာဆရာတွေအကြိုက်ပေါ့။ strong feeling ပေါ့။

ဒါပေမယ့် ပြောချင်တာက အဲဒီပြင်းထန်တဲ့ စိတ်လှုပ်ရှားမှုတိုင်းက ကဗျာကောင်းတွေဖြစ်စေပါသလားဆိုတာပါပဲ။

သာမန်လူတွေကတော့အဲလိုထင်ပါလိမ့်မယ်။ ဒါပေမယ့် ဆရာကြီးဝါ့သ်ဝါ့ဒ် ကတော့ ကဗျာဆိုတာ ခံစားမှုကို ဇက်ကုန်လွှတ်ပေးခြင်းမဟုတ်လို. ပြောပါတယ်။ နောက်တစ်ယောက်(အဲလိယော့ လို.ထင်ပါတယ်၊ မသေချာပါ) ကတော့ တည်ငြိမ်လာပြီဖြစ်တဲ့ သမာဓိနဲ. ပြန်လည် တည်ဆောက်ယူထားသော ပြင်းပြသည့် ဝေဒနာ (emotion ပေါ့လေ) လို.ဆိုပါတယ်။

ကျွန်တော့ရဲ. ဥာဏ်တိမ်တိမ်လေးရယ်၊ ကဗျာရေးသက်နုနုလေးရဲ့ အတွေ.အကြုံနဲ.တွေးကြည့်တော့လဲ သူတို. ဟောတာ ဟုတ်သလိုလိုပါပဲ။ အရမ်းနာကျင်နေတဲ့ အချိန်မှာ၊ အရမ်းခံစားနေတဲ့ အချိန်မှာ ရေးတဲ့ကဗျာတွေဟာ inspiration မ၀င်တာများပါတယ်။

+++++++++

မြန်မာကဗျာတွေမှာလည်း အိနြေ္ဒကြီးတဲ့ကဗျာတွေ အများကြီးရှိပါတယ်။ နမူနာခဏခဏပြနေရလို. အနန္တသူရိယကဗျာကိုမပြတော့ပါဘူး။ ဆရာဇော်ရျီရဲ့ သင်သေသွားသော် ကဗျာကိုပဲနမူနာပြပါ့မယ်။

ဪ်…လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ ၊ သေရဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။


သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။

ဇော်ဂျီ

ပြင်းထန်တဲ့ ခံစားချက်မပါပါဘူး။ကျွန်တော်တော့သိပ်ကြိုက်တယ်။ သင်သေသွားသော် သင်ဖွားသောမြေ၊ သင်တို့မြေသည်၊အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။ ဆိုတဲ့စာသားလေးကိုရွတ်လိုက်ရရင် (တစ်ယောက်နဲ.တစ်ယောက် သဘာဝချင်းမတူလို. မကြိုက်ပဲလည်းနေနိုင်ပါတယ်) တိုင်းပြည် ကြီးပွားရေးကို ကမ္မဌာန်းရှုသလို ရှုထားတဲ့ လူတစ်ယောက်စေတနာကိုသေသေချာချာ ကိုဖမ်းမိလိုက်တာပါ။ ဒါပေမယ့် ခုခေတ်လူတွေ ပြောသလို ဖွင့်ထုတ် ပေါက်ကွဲတော့ မပါလေဘူး။

++++++++++

ကျွန်တော်ပြောနေတာတွေက ပေါက်ကွဲမှုကို ငြင်းဆန်နေတာမဟုတ်ပါဘူး။ ဖေါက်ခွဲမှ၊ဖွင့်ထုတ်မှ ကဗျာဖြစ်မယ်ဆိုတဲ့ အယူအဆမျိုးတွေ တချို.တလေမှာ ၀င်နေသလားလို.ပါ။ ကဗျာမှာ လိုအပ်တယ်ထင်ရင်သုံးခွင့်ရှိပါတယ်။(ဘယ်သူမှလည်းတားလို.မရပါဘူး၊တားလည်းမတားသင့်ပါဘူး) သို.သော်………..

++++++++++

ကဗျာဟာ နာကျင်မှုကိုဖွင့်ထုတ်တာသက်သက်ပဲလား။ကဗျာဟာ ဖတ်သူကို တစ်ခုခုပေးတယ်ဆိုရာမှာ ခံစားချက်ကိုပဲပေးနေတာပဲလား။ ကဗျာဆိုတာ အခြားသောအရာတွေ လုပ်ခွင့်မရှိတော့ဘူးလား။

ကဗျာဆရာရဲ. စေတနာ ဟာ ဝေဒနာကြော်ငြာကမ်းရုံပဲလို. ကျွန်တော်မယုံကြည်ပါ။ ကဗျာ သည် ထို.ထက်ပို ၍ အလုပ်လုပ်ပါလိမ့်မည်။ ဆက်၍ရှင်းရပါလိမ့်မည်။

ချစ်သောကဗျာ-၂

ကဗျာဆရာသည်သူရောက်ရှိနေသော ခေတ်၏ ရိုက်ခတ်မှုကို ခံရမည်မှာအသေအချာပင်ဖြစ်သည်။ ထို.အတူ ထိုရိုက်ခတ်ချက်ကို သူ၏ တုံ.ပြန်မှုသည် ကဗျာတွင်ပါလာမည်မှာအမှန်ပင်။

သို.သော်လည်း မည်မျှအထိပါဝင်သည်၊မည်သို. အပြုသဘော အဖျက်သဘောဖြင့် တုံ.ပြန်သည် ဆိုသည်မှာ ကဗျာဆရာ၏ ပုဂ္ဂလိက ကိစ္စသာဖြစ်သည်။ကဗျာဆရာ၏ စိတ်အတွင်းဝယ်ရှိသော ရှုထောင့်သာဖြစ်သည်။ ဌင်းတုံ.ပြန်မှုသည် ကဗျာအတွင်းဝယ် ၀င်လာသော အခါ ပုဂ္ဂလိက ကိစ္စ ဟုတ်မဟုတ်သည် စဉ်းစားရန်ဖြစ်လာနိုင်ပါသည်။

ကဗျာ အတွင်းရှိ အနှစ်အသားသည် ကဗျာဖတ်သူကို ရိုက်ခတ်မှုရှိနိုင်မရှိနိုင် စဉ်းစားတော်မူကြစေလိုပါသည်။

++++++++

ဖိုးဝဇီရ၏ ရေထဲကို လက်ချင်းတွဲ ခုန်ချသွားသောချစ်သူနှစ်ဦးအကြောင်း ဖွဲ.ဖွဲ.နွဲ.နွဲ. သတင်းကြောင့် ရေထဲခုန်ချရန်ကြံစည်သူများ ပေါ်ပေါက်လာသည်ဟုကြားဘူးပါသည်။သို.သော် ဖတ်သူတိုင်းခုန်ချမည်လို.တော့မပြောနိုင်ပါ။ စိတ်နုသူများအတွက်တွန်းအားများဖြစ်လေမည်လား၊ စဉ်းစားမိပါသည်။

အစွန်းရောက်ပြောရန်မကြံရွယ်ပါ။ အကျိုးတစ်ခုရဖို. အကြောင်းတရားသည်များစွာရှိပါလိမ့်မည်။ သို.သော် နောက်ဆုံးကောက်ရိုးတစ်မျှင်ကြောင့် ကုလားအုတ်ခါးကျိုးရသောပုံပြင်ကိုလည်း မမေ့စေချင်ပါ။

+++++++

ကဗျာဆရာသည် ကွန်မြူနစ်ဖြစ်ချင်ဖြစ်မည်။ လူသားဝါဒထားသူဖြစ်ချင်ဖြစ်မည်။အိတ်ဇစ်ဖြစ်ချင်ဖြစ်မည်။ သူတို.၏ အတွေးများအကြံများသည် ထို သဘောတရားများ၏ ရိုက်ခတ်ချက်ပါလာပါမည်။ ထပ်ပြောပါမည်။ တားရန်မကြံပါ။ အလေးအနက်ထပ်ပြောပါမည်။ တား၍ မရစကောင်း ၊တားရန် မသင့်ပါ။

ပြောချင်သည်က ထို သဘောထားများ၏ နောက်ရှိကဗျာဆရာ၏ ကဗျာဇောစေတနာကိုပါ။

+++++++

ဂေါ်ကီ၏ အမေသည်လည်းကောင်း၊မြသန်းတင့်၏ ဓားတောင်သည်လည်းကောင်း သဘောတရားတစ်ခု၏ ရိုက်ချက်ပါနေပါသည်။ သို.သော် ဖတ်၍ မရိုးနိုင်သေးပါ။ ထိုစနစ်များ အားပျော့လျော့ရည်းသွားသည်.တိုင် ထိုဝတ္တုများသမိုင်းတွင်နေပါမည်။ (ဓားတောင်ကို ဖတ်ရသည်မှာ ရှစ်တန်းနှစ်ဖြစ်ပါသည်။ စနစ်အကြောင်း မသိပဲကြိုက်ခဲ့ခြင်းဖြစ်ပါသည်။)

သံချောင်းကို အလုပ်သမားလူတန်းစားအနေဖြင့် ကြိုက်ခြင်းမဟုတ်ပဲ အားလျော့ အရှုံးပေးခြင်းမရှိသော လူသားတစ်ယောက်အနေဖြင့် ကြိုက်ခြင်းဖြစ်ပါသည်။ အမေကို အဖိနှိပ်ခံ လူတန်းစားအနေဖြင့်မြင်ခြင်း မဟုတ်ပဲ သားကို ချစ်သော အမေအဖြစ်ကြိုက်ခြင်းဖြစ်ပါသည်။

စာရေးသူ၏ သဘောတရားထက် လူသားတို.၏ မြင့်မြတ် အနစ်နာခံသော ကောင်းကွက်များကို ထည့်သွင်းဌာပနာထားသော ရေးသူ၏ စေတနာပါ။

+++++++

ဝေဖန်ရေးဆရာကြီးတစ်ဦး၏ စကားကို ညွှန်းပါမည်။

“ထာဝရရှင်သန်မှု နှင့်ပြည့်စုံသော၊မြင့်မြတ်သာ တစုံတရာ (ကဗျာ) ကို သိမ်နှုတ်ညံ့ဖျင်းသော စိတ်ရှိသူ သာမန်လူသားတစ်ဦး ဖွဲ.ဆိုနိုင်သည် ဆိုသည်မှာ မဖြစ်စကောင်းပါ”

သူသည် အဘယ်သို.သောကဗျာ မျိုးကို ဆိုလိုနေပါသနည်း။ဆက်၍ ရှင်းရပါမည်။လိုသောစကားကိုလည်း အထပ်ထပ်ပြောပါမည်။ ကြိုက်ရင်ယူပါ။ မကြိုက်ရင်ပယ်ပါ။

ချစ်သောကဗျာ-၃

မိုးရေများဖွေးနေသော ကွင်းပြင်ထဲတွင် လယ်စောင့်တဲလေးရှိသည်။ ကြာဖြူတစ်ပွင့်၊ အနီတစ်ပွင့် ပွင့်နေသည်။ ဆိုလိုရင်းကထိုမျှသာ။ သို.သော် ထိုကဗျာ၏သြဇာကြီးလှပါသည်။ ဆရာ တင်မိုး၏ ကဗျာရေးသူနှင့် ကဗျာမွေ.သူအတွေ.အကြုံ(စာတမ်း၊ခေါင်းစဉ်မသေချာပါ) တွင် ခံစားပြထားသည်။ မောင်သာချိုက ဂျပန်ဟိုက္ကူ ကဗျာနှင့်ယှဉ်၍ ရှင်းထားသည်။


မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ်အဝေးဝေး
လယ်စောင့်ထံလေးခြေတံရှည်
မိုးကုတ်အောက်မှာတည်။

ကြာနီတစ်ပွင့်ဖြူတစ်ပွင့်
တဲနှင့်ပနံတင့်။ ။

မြန်မာတိုင်းခံစားတတ်ပါမည်။(အနုပညာနှင့်ဝေးသူများကိုမဆိုလိုပါ) သို.သော်ခံစားချက်များ၊အလွမ်းအဆွေးများမပါပဲနှင့် လွမ်းလာစေပါသည်။နောက်ကဗျာတစ်ပုဒ်ပြပါမည်။(ဆရာမောင်သာချို၏ အာဘော်ကိုရှင်းနေခြင်းဖြစ်၍ သူ.ဥပမာကိုသုံးနေခြင်းဖြစ်ပါသည်)


အိုင်အိုကြီးတစ်ခု။
ဖားခုန်ချ။
ရေသံ။

ဘာမှမခံစားရပါ။နိပွန်တို.ကတော့ အသေအလဲကြိုက်သည်ပြောပါသည်။ ဆရာမင်းသုဝဏ်ကတော့ မြန်မာနားနှင့်ကိုက်အောင်ပြန်ဘူးပါသည်။

အိုင်အိုကြီးပါလား
အလို ရွှေဖားခုန်ဆင်းသွား
ပလုံရေသံကြား။

နည်းနည်းတော်လာသေးသည်။ထားပါ။ပြောချင်သည်ကို အခုမှပြောမည်။

++++++++++

လယ်စောင့်ထဲကဗျာတွင် စကားပြေကမပေးသည်ကို ကဗျာကပေးသည်။ ကွင်းကျယ် အဝေးမဟုတ်ပါ။ အဝေးဝေး ဟု နှစ်လုံးဆင့်ကာ မြင်ကွင်းကိုနောက်သို.ဆက်နှင်ထားသည်။ (ဆရာကြီးရွှေဥဒေါင်း၏ မျှော်တလင့်လင့်တွင် လင့်နှစ်လုံးထပ်ထား၍ ဆက်ကာဆက်ကာမျှော်နေရပုံ၊မချင့်မရဲဖြစ်နေရသောသဘောပေါ်နေပုံကိုသတိရမိပါသည်။)

ကွင်းပြင်က အလျားလိုက် ၊လယ်စောင့်တဲလေးက ခြေတံရှည်ရှည်နှင့်ထောင်လိုက် ၊မိုးကုတ်စက်ဝိုင်းဝယ် အထီးကျန်သဘောက ပိုထင်ရှားလာသည်။ကြာနီကြာဖြူပွင့်ကတစ်ပွင့်ဆီ၊ မြင်ကွင်းက သက်ငြိမ်ပန်းချီကားတစ်ချပ်လိုလှပလွန်းနေသည်။ ဘာသာစကားအရ ကဗျာကပို၍ကြွတက်လာသည်။

ထိုထက်ပိုသည်က မြန်မာတို.နှလုံးသားဝယ် ချိတ်ထားသောကြိုး။ လယ်စောင့်တဲ ၊ကြာနီကြာဖြူတို.သည် မြန်မာတို.နှလုံးအိမ်ဝယ်ရှိပြီးဖြစ်သည်။ ကဗျာရေးသူက ထိုကြိုးကို ကိုင်လှုပ်ခြင်းဖြစ်သည်။ ရေဖွေးဖွေးကွင်းပြင်သည် မြန်မာတို.၏ နှလုံးအိမ်နိမိတ်ပုံ။

+++++++

ဂျပန်၊တရုတ်တို.၏ (အရှေ.တိုင်းဘာသာတရား)ကွန်ဖြူးရှပ်ဝါဒ၊တာတေအိုချင်ဝါဒ၀ယ် ငြိမ်သက်မှုကို ဦးစားပေးသည်။ ငြိမ်သက်မှုကိုစောင့်ကြည့်သည်။ရေကိုကြည့်၍ သီအိုရီထုတ်သည်။(သက်လုံ၏ စေ့ထားသောတခါးများတွင်အကျယ်ဖတ်ပါ)

သူတို.အတွက် ငြိမ်သက်ခြင်း၊ရေ စသည်တို.သည်သူတို.နှလုံးအိမ်ဝယ် တတ်ဆင်ပြီးသောကြိုးများသာဖြစ်သည်။


ပြခဲ့သောကဗျာနှစ်ပုဒ်သည် ကဗျာကောင်းများဖြစ်ပါသည်။ သို.သော် ကာလ၊ဒေသကိုလွန်မြောက်သောကဗျာများဟုတ်ပါ၏လော။ဆက်ရပါဦးမည်။

ချစ်သောကဗျာ-၎

ကဗျာကောင်းဟု သတ်မှတ်ကြသောကဗျာများကို ကြည့်လျှင် နှစ်မျိုးတွေ.ရပါသည်။ အချို.ကဗျာများက နားကိုထိခိုက်သည်။ အချို.ကဗျာများက နှလုံးသားကို ထိခိုက်သည်။ နားကိုဖြတ်၍ နှလုံးသားဆီသွားသော ကဗျာများလည်း ရှိနိုင်ပါသည်။ (နောက်ဆုံး ရောက်သောနေရာ ကိုသာယူပါမည်။)

နားကို ထိသောကဗျာများသည် ရံဖန်ရံခါ နှလုံးသားဆီသို.ရောက်ခြင်းမရှိပေ။ ယင်းကဗျာများသည် များသောအားဖြင့် စကားလုံး“ပြောင်”ခြင်းပေါ်တွင်အမှီပြုထားခြင်းဖြစ်ပေသည်။ အချို.ကဗျာများတွင် စာဖတ်သူ(ကဗျာဖတ်သူ) ကို အလန်.တကြားဖြစ်သွားစေသော စကားလုံးများပါနေနိုင်သည်။ ခဏတာမျှ ပဲ့တင်ထပ်နိုင်သော်လည်း ကာလ ဒေသကို မကျော်လွန်နိုင်၊ ကျော်လွန်နိုင်မှုအားနည်းခြင်းများ ရှိနေနိုင်ပေသည်။

နှလုံးသားကို ထိစေသော ကဗျာများကားများသောအားဖြင့် နှစ်မျိုးခွဲနိုင်ပေမည်။ ပထမတစ်မျိုးကား အတွေးပါသောကဗျာများဖြစ်သည်။ အရေးလှခြင်းသည် အတွေးလှခြင်းကလာသည်ဟူသော စကားကို အမှတ်ရစေချင်ပါသည်။

++++++++++

နောက်တမျိုးကတော့ ရှားသည်ဟု ဆိုရပေမည်။ အမြင့်သို. အာရုံနွယ်တက်သောကဗျာမျိုးဖြစ်သည်။ (ပြောခဲ့ပီးပါပြီ) ထပ်ပြောရလျှင် လူသားဟူသည် အမြင့်သို. အာရုံညွန်.တက်သောသဘာဝရှိပါသည်။ အကောင်း၊အမှန်၊ အမြတ်တရားများကို ရှာဖွေတတ်သောသဘောရှိသည်။ ကဗျာတွင် လည်းရှာပါသည်။ (သို.သော် ကဗျာတွင် ရှာခြင်းသည် ခဲတံနီပြာတံဖြင့် မျဉ်းသား၍ ရှာဖွေခြင်းမျိုးမဟုတ်သည်ကို သတိထားတော်မူပါ။ )

ရှေးက ကဗျာသည် တေးနှင့်နွယ်ပါသည်။ နောက်ပိုင်းတေးနှင့်လမ်းခွဲပြီးသည့်နောက်တွင် ကဗျာကိစ္စ သည် စကားပြေက ပြောပြ၍ မရသည်ကို ပြောပြရန်ဖြစ်လာပါသည်။ အတွေးဥာဏ်ဖြင့် သုံးသပ်၍ မရသည်ကိုပြောရန်ပါ။ မောင်ချောနွယ်စကားကထိမိပါသည်။ ရင်ဘတ်ခြင်း ပလပ်ထိုးရန်ဖြစ်ပါသည်။

ထိုသို.ဖြင့် အမြင့်သို. နွယ်တက်သောကဗျာမျိုးတို.သည်နှလုံးသားကို နက်ရှိုင်းစွာထိခတ်ပါသည်။ ပဲ့တင်သံချန်ပါသည်။ ခေတ်အဆက်ဆက်လည်း ပဲ့တင်ထပ်လေ့ရှိပါသည်။


++++++++

စကားလုံးပြောင်သော ကဗျာများကို အပြစ်ပြောရန်မရှိပါ။ ချီးမွန်းရန်သာရှိပါသည်။ အချို.က စကားအသုံးလှသည်၊ လှသည့်စကားလုံးရှာသည်။ အချို.က မိမိ ပြောလိုသော အရာဆီရောက်ရန်ကွက်တိဖြစ်သောစကားကိုရှာသည်။

တာရာမင်းဝေ ပြောဖူးသောစကားကို အမှတ်ရပါသည်။ ပစ်သောမြားအမျိုးအစား မခွဲပါ။ ထိချက်သာလျှင် အရေးကြီးပါသည်။ မော်ဒန်၊ပို.စ်မော်ဒန်၊နီယိုမော်ဒန် ခွဲချင်လည်းခွဲတော်မူကြပါ။ ထိချက် မကောင်းလျှင် စကားလုံးများပြိုးပျက်နေခြင်းသာ အဖတ်တင်ပါမည်။

ဆက်ပါမည်။

ချစ်သောကဗျာ-၅

ကြားဖြတ်ရေးရသော စာဖြစ်ပါသည်။ မှတ်ချက်က စ၍ပြောပါမည်။ ယခုရေးခဲ့သမျှတွင် မော်ဒန်၊ ပို.စ်မော်ဒန်၊ ဂန္ထ၀င် ဘာမှခွဲပြောနေခြင်းမရှိပါ။ ကဗျာကောင်းတို.၏ သဘောသည် အတူတူပင်ရှိသည်ဟု (ရိုးသားစွာ) ယုံကြည်ထားပါသည်။ အသုံးပြုသော နည်းလမ်း၊ကိရိယာသာ ကွာခြားပါမည်။ ခွဲပြောရန်လိုအပ်လာပါက ခွဲပြောပါမည်။

ပြောသင့်သော စကားကို အထပ်ထပ်ဆိုရပါမည်။ တတ်၍ ရေးနေခြင်းမဟုတ်ပါ။ ငါသာ အမှန်ဟု တခါမှမယူဆခဲ့ပါ။ ဖတ်ဖူးသော၊မှတ်ဖူးသော စာများထဲမှ အယူအဆတူသည်တို.ကို မျှဝေခြင်းပါ။ ကိုယ်ပိုင်ဥပမာများပါဝင်နိုင်ပါသည်။ ထပ်၍ဆိုပါမည်။ ကြိုက်ရင်ယူပါ၊ မကြိုက်ရင်ပယ်ပါ။ ဝေဖန်၍ရပါသည်။ ဆွေးနွေး၍ရပါသည်။

+++++++++++

ခေတ်အဆက်ဆက်ဝယ် ရိုးသားစွာဖောက်ထွက်သော အနုပညာများရှိခဲ့ပါသည်။ လက်ရှိ အသုံးပြုနေသော အနုပညာနည်းလမ်းများ၊မီဒီယာများ ၏ အားနည်းချက်ကို စွန်.ခွာ၍ အသစ်ကိုရှာဖွေသူများ၊ အောင်မြင်သူများစွာရှိခဲ့ပါသည်။ ထို. အတူ သူတို.နှင့် ကပ်၍ ပေါ်ပင်လိုက်သူများလည်းရှိနေပါသည်။

သူတို.နည်းတူ ယုံကြည်၍ သူတို.လမ်းစဉ်ကို လိုက်သူများကို ပြောရန်မရှိပါ။ အားပေးပါသည်။ သို.သော် သူတို. ၏ နည်းပညာကို အပေါ်ယံ လျှပ်ကြည့်ကာ ပုံတူကူးချသူများကိုကား ပြောရပါလိမ့်မည်။

ပီကာဆိုသည် အာဗီညွန်မိန်းမပျိုများကို ကလေးရေးသော မျက်နှာဖြင့်ရေးပါသည်။ သူ၏နက်ရှိုင်းမှုကို မသိပဲနှင့် သူ.အတိုင်းလိုက်ရေးရုံနှင် ပီကာဆိုဖြစ်မလာပါ။ လွယ်လိုက်တာဆို၍ ကလေးရေးသလိုရေးဖို.မကြိုးစားစေချင်ပါ။ ပီကာဆိုပြောဘူးပါသည်။ စာသား ထပ်တူမဟုတ်တိုင် ထိုသဘောပင် ဖြစ်ပါသည်။ ပုံမှန်ပန်းချီဆရာတွေရေးသလို ရေးဖို.ကလွယ်တယ်။ ကလေးရေးသလို ရေးတတ်ဖို.က ကျုပ် တစ်သက်လုံး ကြိုးစားနေရတယ်ဟုဖြစ်ပါသည်။ ဆင်ချင်ကြည့်စေလိုပါသည်။

++++++

နည်းပညာတစ်ခုကို ရောက်လိုသော ခရီး အတွက် ကိရိယာဖြစ်နေလျှင်သုံးပါ။ ဝေလေလေ အုပ်စုတွင် ပါပါက ဝေလေလေ သာဖြစ်ပါမည်။ ခက်သည်က ထိုသူများက ၀ါးလုံးရှည်နှင့် ရမ်းတတ်သည်။ ငါတို.ရေးသလိုမရေးတတ်လျှင် ငပေါ။

ရိုးသားစွာ အနုပညာကို ဖန်တီးနေကြသူများသည် သူကိုယ်ယုံကြည်ရာကို ကိုယ်လုပ်ပါသည်။ သူတပါးယုံကြည်ရာကို မကန်.ကွက်ပါ။ အနုပညာရှင်သည် လွတ်လပ်မှုကို တန်ဖိုးထားသူများ ဖြစ်ပါသည်။ လွတ်လပ်မှုတွင် ကိုယ့်လွတ်လပ်မှုသာမက သူတပါးလွတ်လပ်မှုပါ ပါဝင်နေသည်ကို သဘောပေါက်ကြပါသည်။

++++++++

ယနေ.ခေတ်သည် ပို.စ်မော်ဒန်ခေတ်ဖြစ်ပါသည်။ ( အခြားသူများ မည်သို. သတ်မှတ်သည်ဖြစ်စေ စာရေးသူကတော့ ထိုသို. သတ်မှတ်ပါသည်။ သတ်မှတ်ရသည့် အကြောင်းရင်းလည်းရှိပါသည်)

ပို.စ်မော်ဒန်ခေတ်ဝယ် ပုဂ္ဂလိက သဘောကို ဦးစားပေးပါသည်။ လုပ်ချင်ရာလုပ်ခွင့်ရသော ပုဂ္ဂလိက သဘောမဟုတ်ပါ။ ကိုယ့်နှုန်းစံများ၊ ကိုယ့်တန်ဖိုးများနှင့်ကိုယ် လွတ်လပ်သော ပုဂ္ဂလိကတရားကိုယ်ဖြစ်ပါသည်။ နောက်ပိုင်းရှင်းရန်ကြံရွယ်ထားသည်များမှ အကြောင်းတစ်ခုကြောင့် ဤနေရာတွင် ဓားထစ်ထားခြင်းဖြစ်ပါသည်။


ဆက်ရပါဦးမည်။

အဆင့်မြင့်ကဗျာများနှင့် အဆင့်နိမ့်ကလေးများ

ထိုသို.ပင်ဖြစ်ခဲ့ရပါသည်။

မောင်ချောနွယ်အင်တာဗျူးမှာ ပြောခဲ့သည်ကိုလည်းအမှတ်ရပါသည်။

“ပိုဆိုးတာက ကဗျာဆရာအချင်းချင်းပဲ။ ကဗျာရေးရတာ လူရွှင်တော်တွေ ပျက်လုံးထုတ်သလိုဖြစ်နေပြီ။ အလကားရတဲ့ မန်ကျည်းရွက် တက်ခူးရောင်းတာတောင် သုံးကျပ်ရှုံးတယ်။ ဟ…ဘာဖြစ်လို.တုန်းဆိုတော့ အောက်ကခုံဖိနပ် လူခိုးသွားလို.တဲ့။ခုတော့ ခိုးရုံတင်မကဘူး။လာလည်းလာ အထင်သေးသေး၊လာ…လာစော်ကားသေးတယ်။ ဒါကလည်းအချင်းချင်းတွေနော်”

မောင်ချောနွယ်လည်း ထိုသို.ပင်နာကျင်ဖူးပါသည်။

++++++++++++++

အရှေ.ရော အနောက်ပါ ကဗျာသည်တရွေ.ရွေ. ရွေ.ခဲ့သည်။ ရွေ.ခဲ့ခြင်းသာဖြစ်သည်။ မြင့်ခဲ့ခြင်းမဟုတ်။နိမ့်ခဲ့ခြင်းလည်းမဟုတ်။ သခင်ကိုယ်တော်မှိုင်းနှင့် တာရာမင်းဝေ၊အချုပ်တိုင်းဆရာဖေနှင့် အောင်ချိမ့် နှိုင်းယှဉ်နေရန်မဟုတ်။ အမျိုးအစားမတူသော နှစ်မျိုးကို မည်သည့်ပေတံဖြင့် အကဲဖြတ်မည်နည်း။ရှိပါစေ။ စံပယ်လည်းလှ၊ နှင်းဆီလည်းလှပါသည်။

ခက်သည်က (ခဏခဏလည်းပြောဘူးပါပြီ) ကိုယ့်ကဗျာမှကဗျာ။ ကျန်ကဗျာတွေကဖွတ်။ အဲသည်တော့ ခက်ပါသည်။

ဥပမာပြောပါမည်။ လောလောဆည် ကနေ.ခေတ်စားနေသော LP (L=A=N=G=U=A=G=E Poetry ) ကို မိမိ မကြိုက်သေးပါ။ မကြိုက်သေး ဟုပြောပါသည်။ ကြိုက်ချင်ကြိုက်လာပါမည်။ ကြိုက်ချင်မှလည်း ကြိုက်ပါမည်။ သို.သော် မကောင်းဟုမပြောပါ။ အဆင့်နိမ့်ဟု မပြောပါ။ သူ.ယုံကြည်ချက်နဲ့သူ၊ သူ.လမ်းနှင့်သူ။

ကဗျာတွင်နေရာယူ၍ နေရာပေး၍မရပါ။ သူ.ဘာသာသူ ဖြစ်ချိန်တန်၍ ဖြစ်သည်ကို ဘာမှတားမရပါ။ အမှတ်ထားမိသလောက် မောင်စိန်ဝင်းပုတီးကုန်း၏ သောကခြေရာရတနာကဗျာစာအုပ်သည် ကဗျာစာအုပ်များထဲတွင် ပုံနှိပ်ကြိမ်ရေအများဆုံးဖြစ်ပါလိမ့်မည်။ ထိုအထဲမှ အများကြိုက်သည်မှာလည်း အချစ်ကဗျာများပင် ဖြစ်ပါမည်။

အသစ်မဟုတ်ဟုပြောလျှင်လည်းရပါသည်။ သတိထားတော်မူစေချင်သည်မှာ အသစ်တိုင်းအကောင်းဟု အဓိပ္ပါယ်မရပါ။ အချစ်ကဗျာ ရေး၍ မောင်စိန်ဝင်းကို မကောင်းဟုပြောလျှင်လည်း ခက်ပါမည်။ မောင်စိန်ဝင်းသည် နေရာတစ်နေရာ၊မှတ်တိုင်တစ်ခု စိုက်ပြီးပါပြီ။

အသစ်ကိုကြိုဆိုချင်သလို အကောင်းကိုလည်းကြိုဆိုချင်ပါသည်။ နားမလည်ရင်လည်း လက်ခံပါသည်။ သို.သော် ငါတို.ကဗျာက အဆင့်မြင့်ကဗျာ၊ နင်တို.ကဗျာက အဆင့်နိမ့်။ ကမ္ဘာမှာ ထိုသို.ပြောသည်ကို မကြားဘူးသော်လည်း မြန်မာမှာ ထိုသို. (ထိုသို. မဟုတ်တောင် ထိုသဘော အတိအကျ သက်ရောက်စွာ) အပြောခံရပါသည်။


သူရို.ဆီဝယ် LP ကို Movement အနေဖြင့်ပြောပါသည်။ LP မှမဟုတ်ပါ။ ကျန်သည်ကိုလည်း လှုပ်ရှားမှု အရွေ. အနေဖြင့်သာပြောပါသည်။ upgrade အဆင့်မြှင့်လိုက်ခြင်းဟု မည်သူမှမပြောပါ။ ( LP ကိုဥပမာပေးခြင်းပါ။တိုက်ခိုက်ခြင်းမဟုတ်ပါ) မြန်မာနိုင်ငံမှာတော့ တွေ.ရပါသည်။ ၀ါရင့် သမ္ဘာရင့်ကိုယ်တိုင်က ဘယ်ကဗျာက မင်းတို.နဲ့တန်တာ၊ဘယ်ကဗျာက မင်းတိုနဲ.မတန်။လေးစားစွာမှတ်သားရပါသည်။

ထိုသို.ပြောသဖြင့် မိန်းမဆန်တာ၊မိန်းမကဗျာဆရာဟုဆိုပြန်ပါလိမ့်မည်။ မိန်းမများကို အထင်သေးသောခေတ် မကုန်သေးဟု ထပ်မံသိကြားမှတ်သားရပြန်ပါသည်။ ဖြစ်နိုင်မည်ဆိုလျှင်တော့ ခရစ္စတီနာရိုဆက်တီ၊ ၀ုဖ်တို.ကဲ့သို. မိန်းမကဗျာဆရာမဖြစ်ရလျှင်ကောင်းပါမည်။

ထိုမှတပါး အခြားဆိုရန်မရှိပါ။ ။

ချစ်သောကဗျာ -၆ (ဘာသာဗေဒအားနည်းချက်နှင့် ကဗျာဆရာ)

အကြောင်းတစ်ခုကြောင့် ကြားဖြတ်ရေးပါသည်။ မရေးတော့ဟု ဆုံးဖြတ်ထားသော ကဗျာအကြောင်းကို ရေးရပြန်ပါသည်။ အမှန်အမှားထက် ကဗျာရေးမည့် လူငယ်လေးများကြိုက်ရာယူပါစေ။ သီအိုရီချပြခြင်းလည်းမဟုတ်ပါ။ လွတ်လပ်စွာကွဲလွဲခွင့်ကို ယုံကြည်စွာရေးနေပါသည်။ အယူအဆဟူသည် တူခဲပါသည်။ မတူသည်ကိုလည်း လက်ခံပါသည်။

သီးခြားအကြောင်းအရာဖြစ်၍ ခေါင်းစဉ်ခွဲတပ်ပါသည်။
++++++++++

စကားလုံးတိုင်းလည်း အနက်ထွက်သည်၊ ၀ါကျတိုင်းလည်း အနက်ထွက်သည်။ သို.သော်စကားလုံးမှထွက်သော အနက်သည် ဂယက်ထသည်။ ၀ါကျမှထွက်သော အနက်သည် ဂယက်မထ။ ဦးတည်ချက်ပါသည်။

ဥပမာပြပါမည်။

“သွား” ဟူသောစကားလုံးကို ကြည့်လျှင် ပါးစပ်တွင်းမှသွားကိုမြင်ချင်မြင်မည်။ လူတစ်ယောက် လမ်းသွားနေသည်ကို မြင်ချင်မြင်မည်။ “သူကျောင်းသွားသည်” ဟူသောဝါကျဝယ် သွားနေခြင်းကိုမြင်သည်။ အဓိပ္ပါယ်ဂယက်မထ။ စကားလုံးတစ်လုံးထဲကိုကြည့်၍ အဓိပ္ပါယ် မပေါ်ခြင်းသည် ဘာသာဗေဒ၏ အားနည်းချက်မဟုတ်၊ နဂိုရှိရင်းစွဲသဘာဝသာဖြစ်သည်။ ဘာသာဗေဒ၏ အားနည်းချက် ရှိသည်ကိုလည်း ဆက်ပါမည်။

+++++++++

ဘာသာစကားဝယ် သဒ္ဒါနက်နှင့် အဓိပ္ပါယ်နက်ထပ်ခွဲပါရစေ။ သဒ္ဒါနက်သည် သူ.ဘာသာရှိနေသော အနက်သာဖြစ်သည်။ အဓိပ္ပါယ်နက်သည် လူ၏ ရင်တွင်းမှာပေါ်သော အနက်ဖြစ်သည်။

သဒ္ဒါနက်သည် စကားလုံးအဖြစ်ရှိနိုင်သော်လည်း အဓိပ္ပါယ်နက်သည် ၀ါကျဖြစ်အောင် အထိသွားပါသည်။ “က” ဟုသောစကားကို မြင်လျှင် ရင်တွင်းဝယ် “ကခုန်ခြင်း/ကခုန်သည်” အထိမြင်ပါသည်။ “လူတစ်ယောက်” ဟူသောစကားကိုမြင်လျှင် အဓိပ္ပါယ်အနက်၌ “လူတစ်ယောက်ရှိခြင်း/လူတစ်ယောက်ဖြစ်ခြင်း” အထိဆက်မြင်ပါသည်။

အင်ပရက်ရှင် ပန်းချီစနစ်ဝယ် Mono Tone ခေါ်တတိယအရောင်ကို မချယ်ပဲခံစားသူ၏ မျက်လုံးအတွင်းဝယ် ရောယှက်ဖြစ်ပေါ်စေသောနည်းကိုသုံးသည့် ပန်းချီဆရာများရှိပါသည်။ အလျှင်အမြန် တဖျတ်ဖျတ်လက်နေသော အရောင်သဘောကို ဖမ်းယူဆုတ်ကိုင်မိရန်သုံးပါသည်။


ဥပမာအနီနှင့် အ၀ါရောလျှင်လိမ္မော်ရောင်ရပါသည်။ သို.သော် အနီရောင် အရာဝတ္တုပေါ်သို. အ၀ါရောင်နေထိုးသည်ကို ပြချင်သောအခါ လိမ္မော်ရောင်ထပ်မံမစပ်တော့ပဲ(ပန်းချီကားတွင် ထည့်သွင်းရေးဆွဲခြင်းမပြုတော့ပဲ) အနီနှင့် အ၀ါကို ဘေးချင်းယှဉ်ဆွဲလိုက်ပါသည်။ လိမ္မော်ရောင်သည် ကြည့်သူ၏ မျက်လုံးထဲဝယ်ပေါ်ပါသည်။ (ကိုယ်တိုင်စမ်းသပ်နိုင်ပါသည်)

ကဗျာတွင်လည်း စကားလုံးများဆက်စပ်လိုက်သော်အခါ သဒ္ဒါနက်အရ (သဒ္ဒါနည်းအရ) ပေါင်းစု ဆက်စပ်သော ပစ္စည်း၊သမ္ဗန္ဓ စသည်တို.မပါသော်လည်း အဓါပ္ပါယ်နက်အရ ရင်တွင်းဝယ် “တစုံတရာ” ထွက်လာပါသည်။ တခါတရံ ဆင်ခြင်ဥာဏ် ထက် အရင် အဓိပ္ပါယ်နက်က အရင်ပေါ်ပါသည်။ သို.သော်…….

++++++++

အချို.စကားလုံးများသည် နေရာကို လိုက်၍ အဓိပ္ပါယ် ကွာခြားမှုရှိသွားပြန်ပါသည်။ မင်းခိုက်စိုးစံ၏ ခေတ်သစ်တစ်ခု၏အစ၊အဓပ္ပါယ်များ၏အဆုံးကို ပြန်ညွှန်းပါမည်။ ဒီကွန်စထရပ်ရှင်း ကိုသူရှင်းထားပါသည်။ လိုအပ်သလောက် ပြောပါမည်။

သူ.ဥပမာကိုပဲယူပါမည်။ ဘကြီးတော်မင်း ဆိုသည်နှင့် ဝေဿန္တရာမင်းဆိုသည်ကို ကြားရပုံခြင်းမတူပါ ( မြန်မာနားတွင်မတူပါ) ဝေဿန္တရာမင်းသည် မြန်မာနှလုံးအိမ်ဝယ် နက်နက်ရှိုင်းရှိုင်းတွယ်ညိနေသောကြိုးဖြစ်ပါသည်။ ထိုကြိုးကို လှုပ်လျှင် နှလုံးအိမ်ကပို လှုပ်ပါမည်။ နိုင်ငံခြားသားတစ်ဦး၏ စိတ်ဝယ်မူ စိတ်တွင်း၌ပေါ်လာသော ခံစားချက် ကွာခြားမည်ဟုမထင်ပါ။

မောင်သာချိုကလည်း သင်္ဘောဆိုက်ကပ်လာပြီး ကိုလံဘတ်ဆင်းလာတယ် ဟူသောစာသားနေရာဝယ် ယောမင်းကြီးဦးဘိုးလှိုင်ဆင်းလာတယ်ဟု ရေး၍မရကြောင်း ပြောခဲ့ပါပြီ။ ဘာသာစကားကို ကိုင်တွယ်ရာဝယ် ဘယ်နိမိတ်ပုံကိုသုံးမည်နည်း။ ထို.ထက်ပိုသည်မှာရှိပါသေးသည်။ ၀ါကျ အတူတူမှာပင် အဓိပ္ပါယ်နက်မတူကြပါလေ။

++++++++++++

“ရှင်က မစားသင့်တာတွေစားတာကိုး ဟုသူမက ညှိုးငယ်စွာပြောလေသည်”


“ရှင်က မစားသင့်တာတွေစားတာကိုးဟု သူမ မဲ့ပြုံးပြုံးရင်းပြောလေသည်”


ဝါကျချင်းတူသော်လည်း မုချအနက် (တိုက်ရိုက်အနက်)သည် ပထမ၀ါကျ၌သာထွက်လေသည်။ ဒုတိယ၀ါကျ ရှိအနက်သည်မစားသင့်တာဟူသည် အစားအစာကိုဆိုလိုရင်းမဟုတ်ကြောင်း သိဆက်အနက်ဖြင့်သိရသည်။ အကယ်၍သာ နောက်ရှိသူမပြောပုံမပါလျှင် အနက်ကဖေါ်သောစကားကို လေသံနားထောင်မှသာလျှင်ရပေမည်။ ခပ်ငေါ့ငေါ့လေသံလား ၊ စိုးရိမ်သောလေသံလား။ ဘာသာစကား၌ လစ်ဟာမှုများများစွာရှိနိုင်ပါသည်။

++++++

ဂျွိုက်စ် ၏ ယူလီဆီး ၀တ္တုဝယ် ဘာသာစကားစမ်းသပ်ချက် များများစွာပါပါသည် (ဟုပြောပါသည် မဖတ်ဘူးပါ။ဝန်ခံပါသည်) သို.သော်စာလုံးပေါင်းအမှားများသည် တမင်တကာပေါင်းသည်ပဲလား၊ မှားသည်ပဲလားမသိပါနေသည်ဟုလည်းဆိုပါသည်။ သို.သော် ဂျွိုက်စ်သည် ဂျွိုက်စ်သာဖြစ်သည်။

ဝတ္တုရှည်တို.ကို ဂျွိုက်စ်က အဆုံးစီရင်ပြစ်သဖြင့် ယခု အစမှပြန်စရတော့မည်ဟု ဆိုသူကဆိုပါသည်။ ဂျွိုက်စ်သည် ဟန်ဆိုင်ရာ အမြင့်ဆုံးအားကိုရပြီးသူဖြစ်ပါသည်။ စု၊တု၊ပြု ကို မလွန်ဆန်နိုင်ကြသော်လည်း မစုပဲ တုနေလျှင်ခက်ပါသည်။ ပိုဆိုးသည်က မတုတတ်ခင်ပြုနေခြင်းပါ။ (စုတုပြုကို ဆရာဇော်ဇော်အောင် ကလည်း ပြောခဲ့ဘူးပါသည်)

+++++++

ကဗျာ ၀ယ်ဘာသာစကားစမ်းသပ်ချက်တို.ပါလျှင်လည်းပါပါစေ။ကန်.ကွက်ရန်မရှိပါ။ ကျန်လျှင်ကျန်မည်၊ကျလျှင်ကျမည်။ ခေတ်ကလက်ခံလျှင်ကျန်ပါမည်။ လက်မခံလျှင် သူ.ဘာသာပျောက်သွားပါမည်။ ဒါဒါဝါဒီတို.၏ အသံကဗျာ (အဓိပ္ပါယ်မပါ၊ အသံ၏အားသက်သက်ကိုယူထားသောကဗျာများ) အကြောင်းတာရာမင်းဝေပြောဘူးပါသည်။ မအောင်မြင်ခဲ့ဟုလည်း သူ အလေးအနက်ပြောထားပါသည်။

ကဗျာဝယ် ဘာသာစကားကို အားအင်ယူသောကဗျာတို.ရှိပါသည်။ ဘာသာစကားကို ဖျက်စီးရန်ထက် ပိုမိုထက်မြက်လာစေရန်ဖြစ်ပါသည်။ စာဖတ်သူမှ အင်အားစိုက်ပါဝင်လာစေရန်ဖြစ်ပါသည်။ ( Language poetry also seeks to involve the reader in the text, placing importance on reader participation in the construction of meaning.)

မည်သို.ပင်ဆိုစေကာမူ ကဗျာကို ကဗျာဓာတ်သွင်းပေးသော ကဗျာဇောစေတနာ ကတော့ပါပါသည်။ ဗဟိုချက်မဲ့ခြင်း၊ မတိကျမရေရာခြင်း၊ ဗဟိုချက်များစွာရှိခြင်း မည်သည့် အိုင်ဒီယာများကိုသုံးသုံး ကဗျာ၏ အသက်ဓာတ်၊ ကဗျာဇိဝိနြေ္ဒကို စောင့်ထိန်းထားကြကြောင်း တွေ.နိုင်ပါသည်။

အားထုတ်မှုကိုကျေးဇူးတင်ရပါသည်။

အကျယ်ပြောလျှင်ပြောသလောက်ထွက်သောအကြောင်းအရာကို အတိုပြောရသည်မှာ အဓိပ္ပါယ်ကောက်လွဲနိုင်ပါသည်။ ဆက်ဖတ်ရန်ညွှန်းပါမည်။ လွတ်လပ်စွာကွဲလွဲခွင့်ရှိကြောင်းလည်း အလေးအနက်ဆိုပါသည်။

၁။တက္ကသိုလ်ဘုန်းနိုင် ခပ်သိမ်းကဗျာရှုဖွယ်သာတည်း
၂။ တက္ကသိုလ်ဘုန်းနိုင် အမြင့်သို.အာရုံညွှန်.တက်ခြင်းသို.မဟုတ် ကဗျာ
၃။ တက္ကသိုလ်ဘုန်းနိုင် ၀တ္တုရှည်ဆိုသည်မှာ စာတမ်း
၎။ ဦးရွှေအောင် ရသစာပေ၏ရသ
၅။ မင်းခိုက်စိုးစံ ခေတ်သစ်တစ်ခု၏အစ၊အဓိပ္ပါယ်များ၏ အဆုံး
၆။မင်းခိုက်စိုးစံ ပို.စ်မော်ဒန်လူငယ်
၇။ဇော်ဇော်အောင် ဆည်းဆာဖြူ
၈။ဇော်ဇော်အောင် ပို.မော်ဒန်မှတ်စုများ
၉။ မောင်သာချို ပင်လယ်ဝသို. လှေကလေးနဲ.ထွက်ခဲ့


ဆက်ပါမည်။

ချစ်သောကဗျာ -၇

အနုပညာသည် မီဒီယာတစ်ခုခုကိုသုံးစွဲရလေ့ရှိသည်။ ထိုအထဲတွင် စာ/ကဗျာက ပို၍ထူးခြားသည်။ အခြားအနုပညာများသည် ပရိသတ်နှင့် တိုက်ရိုက် ထိတွေ.ရသည်။ ပန်းချီသည် အရောင်များ၊ပုံရိပ်များနှင့် မျက်စေ့ကိုတိုက်ရိုက်ဆုံပေးသည်။ ဂီတက အသံနှင့်နားကို တိုက်ရိုက်စီးဆင်းစေသည်။ (စာသားပါသောသီချင်းများကို ခေတ္တ ထားပါ) ကဗျာကမူ တိုက်ရိုက်ထိတွေ.၍မရ။ ကြားထဲဝယ် စကားလုံးများခြားနေသည်။ စကားလုံး (text) များဖြစ်သည်။ ဘာသာစကားဟုမပြောပါ။ ဘာသာစကားဝယ် စကားလုံးများချည်းမဟုတ်ပါ။ Communication Process အတွက် အထောက်အကူပြုသောအရာတိုင်းပါဝင်နေပါသည်။ Body Language, Sign Language တို.ကိုသတိရပေးပါ။

စကားလုံးဟူ သည်မှာ အသံထွက် သင်္ကေတများဖြစ်သည်။ ဥပမာ “လူ” ဟူသောစာလုံးသည် အကောက်ကလေးတစ်ခုနှင့် အချောင်းလေးနှစ်ချောင်း သာဖြစ်သည်။ ဤမှာ ပြဿနာက ၀င်လာသည်။

++++++

စကားလုံးများသည် အားလုံးကို ကိုယ်စားမပြုနိုင်။ ဒါကလည်းသေချာပါသည်။ အနီ ဟုပြောလျှင် ဘယ်၍ ဘယ်မျှနီသလဲ။ ကြက်သွေးရောင်အနီ၊ ကတ္တီပါနီ စသည်ဖြင့် ထပ်မံ၍ ညွန်းဆိုရပြန်သည်။ ကြက်သွေးမမြင်ဘူးလျှင် ညွန်းဆိုပွဲကြီး မဆုံးတော့ကြောင်း ထောက်ပြကြပါသည်။

ထို.ထက်ဆုံးသည်မှာ စိတ်ခံစားမှု အခြေအနေများ။ နဂိုကတည်းက ထိတွေ. ဆုတ်ကိုင်မရသော အရာများကို အမည်တပ်ထားခြင်းကို ထပ်မံ၍ ပီသအောင်ဖေါ်ထုတ်ရေးသည် အတော်ပင်ခက်ခဲသော အလုပ်ဖြစ်ပေမည်။

သို.သော် ဘာသာစကားသည်အရှင်ဖြစ်သည်။ရာစုနှစ်များစွာ အတွင်း တရွေ.ရွေ.ဖွံ.ဖြိုးလာခဲ့သည်။ သူ.လမ်းသူရှာဖွေလာခဲ့သည်။ ပြန်ကြည့်လျှင် စကားလုံးများပျောက်ပျက်သွားခြင်း၊ အဓိပ္ပါယ် အသစ်များထွက်လာခြင်း၊တိုးပွားလာခြင်းများဖြင့်ဝေဆာစည်ပင်နေပါသည်။ ထိုသို. ဝေဆာနေမှသာ ခေတ်နှင့်လျှော်ညီသော ၊ အသစ်အသစ်ဖြစ်သော အာရုံများကို ကိုယ်စားပြု စကားများကို ဖေါ်ထုတ်နိုင်ပေမည်။

စကားလုံးမရှိဟု ပြောခဲ့သော်……….

စကားလုံးမရှိဟု စတင်တီထွင်သူများထင်ခဲ့သော်…….

+++++++++

စကားလုံးများကို သိခြင်းဟူသည် သဒ္ဒါနှင့် အနက် နှစ်ခုလုံးကိုသိခြင်းဖြစ်သည်။ ပစ္စည်း တစ်ခုကို မြင်နေပါရက် နာမည်မခေါ်တပ်ခြင်းသည် အနက်ကို သာ သိ၍ သဒ္ဒါ မသိခြင်းဖြစ်သည်။ ပုရိသော ဟု ကြား၍ သဒ္ဒါကို သိသော်လည်း ဘာပြောမှန်းမသိခြင်းသည် အနက်ကို မသိခြင်းဖြစ်သည်။

သဒ္ဒါနှင့် အနက်သည် အမှန်စစ်စစ် သီးခြားတည်ရှိနေသောအရာမဟုတ်ပေ။ သဘာဝတရားတခုပေါ်တွင် မီနေခြင်းသာ။ ပါဠိသံပါပါပြောရလျှင် “နိရုတ္တိ” ဟု ခေါ်ပါသည်။နိရုတ္တိကို ငွေစက္ကူဖြင့် နှိုင်း၍ရပါသည်။ သဒ္ဒါနှင့် အနက်သည် ခေါင်းနှင့်ပန်းပမာသာဖြစ်သည်။ ခေါင်းဖြစ်စေ၊ ပန်းဖြစ်စေမပါသော ငွေစက္ကူသည်သုံးမရသကဲ့သို. သဒ္ဒါနှင့် အနက်မပါသော နိရုတ္တိသည် အစစ်မဟုတ်ပေ။

နိရုတ္တိ အဖြစ်သုံးမရသော သဘာဝတမျိုးသာဖြစ်ပါမည်။ အမှန်စစ်စစ် ဘာသာစကားကို သိခြင်းသည် နိရုတ္တိကို သိခြင်းပင်ဖြစ်ပါသည်။

သဒ္ဒါနှင့် အနက်မပါသော ၊သို.မဟုတ် တမျိုးမျိုးသာပါသော ဘာသာစကားသည် ဘာသာစကားမမည်ပါ။ အသုံးချ၍လည်းရမည်မထင်ပါ။

တကယ်တော့ ကဗျာသည် ဖတ်သူကဖတ်မှသာလျှင် ကဗျာ့တာဝန်ထမ်းပါသည်။ မဖတ်လျှင် စာလုံးဟုခေါ်သောကောက်ကောက်ကွေးကွေး၊အတွန်.အလိမ်များသာ ဖြစ်နေပါမည်။ စက္ကူတစ်ရွက်သာဖြစ်နေပါမည်။ ဆင်ခြင်တော်မူရန်ပါ။

ဆက်ရပါဦးမည်။

ချစ်သောကဗျာ -၈ (နိဂုံး)

သေတ္တာနက်ဟူသော အသုံးကိုကြားဘူးကြပါမည်။ တစ်ဖက်မှ ပစ္စည်းတစ်ခုကိုထည့်လိုက်၊အခြားတစ်ဖက်မှ ပစ္စည်းအသစ်ထွက်လာမည်။ အထဲမှာ ဘာဖြစ်နေသည်ကိုမသိ။ ရုပ်မြင်သံကြားကို ဥပမာပေးရမည်။ ကြိုးတွေ ၊ပလပ်တွေဆက်။ခလုပ်နှိပ်၊ ဇာတ်ကားကြည့်၍ရပြီ။ အထဲမှာ ဘာဖြစ်နေမှန်းသိစရာမလို။ ရုပ်မြင်သံကြားကြည့်သူအတွက်မလို။

ပြင်သူအတွက်တော့လိုမည်။ ထုတ်လုပ်သူအတွက်တော့လိုမည်။ သူတို.ကတော့ တိတိကျကျသိဖို.လိုသည်။

ကဗျာလည်းသေတ္တာနက်များဖြစ်လေမည်လား။ ခံစားသူတွေ၊စာဖတ်သမားတွေ အတွက် ကဗျာသာလိုပါသည်။ ကဗျာအကြောင်းမလိုပါ။ ကဗျာရေးသူ၊ ဝေဖန်သူ အတွက်တော့ လိုအပ်ပါမည်။ အခြေခံတော့လိုပါမည်။

မည်သူမဆို စု၊တု၊ပြု ကို မကျော်နိုင်ပါ။ သို.သော် တု အဆင့်မှ ပြု အဆင့်သို. မဆက်နိုင်ပဲ တစ်သက်လုံးနေသွားသူများရှိနေနိုင်ပါသည်။ ထို အခါ ကဗျာ နှင့်ဆိုင်သော အသိပညာများကို ပြန်လည်မေ့နိုင်အောင်ကျိုးစားရပါတော့မည်။ ကိုယ်ပိုင်လိုချင်လျှင် အရိပ်ကိုမေ.မှရပါမည်။ ကဗျာတွင် အသိပညာမလိုပါဟူသောစကားစကို ချမိ၍ ဆက်ရှင်းလာရသည်မှာ စာစုများ များလာပါသည်။ တော်သင့်ပြီဟု ကိုယ့်ကိုကိုယ်ဆုံးမရပါသည်။ဤဆောင်းပါးစဉ်သည် ကဗျာရေးစ၊ရေးမည့် လူငယ်များအတွက်ရည်ရွယ်ခဲ့ပါသည်။

ပါရမီသက်ကုန်လျှင် ပညာသက်ဖြင့် ဆက်ရတယ်ဟူသော ခင်ဝမ်း၏ စကားကို မမေ့လျော့စေရန် ရေးပါသည်။

ဆရာကြီးလုပ်၍ ပြောခဲ့ခြင်းမဟုတ်ပါဟု အထပ်ထပ်ဆိုပါသည်။ ဖတ်မိသမျှထဲမှသဘောတူရာ၊ တွေးမိရာကိုပြန်မျှခြင်းဟုလည်းဆိုပါမည်။ လွတ်လပ်စာကွဲလွဲခွင့်ကိုလည်းယုံပါသည်။ ကွဲလွဲကြပါစေ။

++++++++

အချစ်ကြောင့် ကဗျာရေးသူများလည်းရှိပါမည်။ အရှိန်ကုန်လျှင်ရပ်ပါမည်။ သူတို.ကဗျာသည် တန်.သွားပါမည်။ သို.မဟုတ် ကဗျာအရှိန်မသေလျှင် ဘ၀ကဗျာ (လူသာမန်အပြောဖြင့် နာမည်တပ်ပါသည်) ဘက်ကို ကူးပါမည်။ အချိန်ကပေးသော ဝေဒနာ (အချစ်ကဗျာ)ကို ယူကြပါစေ။ကန်.ကွက်ရန်မရှိပါ။

ဝဏ္ဏပဘာမှ သွေးငင်ကြမ္မာကြောင့်စသော ၀ါသနာသည် ပါရမီတော်ခန်းပျို.အထိမတက်ဟု မည်သူမှမပြောနိုင်ပါ။ မိုးကောင်းက်င မိုးရေလေးတစ်စက်ဖြစ်သော မိုးမျိုးစေ့လေးသည် မိုးလုံးပတ်လည် ရွာလာနိုင်ပါသည်။ သစ်စေ့လေးမှစသော အပင်သည် သစ်တောကြီးတစ်ခု ဖြစ်လာနိုင်ပါသည်။

++++++++++

ကဗျာရေးသူများအတွက် ကုန်ကြမ်းရရန်နှစ်နေရာရှိပါသည်. တစ်ခုကတော့ မျက်စိနှင့် နားတို.၏ အားကြီးသောလောကဖြစ်ပါသည်။ ရိုးရိုးလေးပြောလျှင် ခေတ်ပြိုင်ခံစားမှုဖြစ်ပါသည်။ ခေတ်၏ ရိုက်ခတ်ချက်မပါပဲကဗျာရေး၍ မဖြစ်ပါ။

နောက်တစ်ခုကတော့ အတိတ်ကာလမှ အောင်မြင်မှုဆည်ကြီးဖြစ်ပါသည်။ အတိတ်သမိုင်းမှ ကဗျာများစာများကို သမိုင်းပစ္စည်းအဖြစ် ဖုံတက်ခံထားလျှင် ကို. အတွက် ပညာသက်ကို ကိုယ်ဖျက်သည်နှင့်တူနေပါမည်။ အနုပညာပစ္စည်းသည် အချိန်ကာလနှင့် နေရာဒေသကိုလွန်ပါသည်။

မင်းသုဝဏ်ကြောင်းပြောမိ၍ နှာခေါင်းရှံ.ပြသော ကဗျာဆရာပေါက်စလေးတစ်ဦး(လွန်ခဲ့သော ဆယ်စုနှစ်များက)တွေ.ဖူးပါသည်။ မဂ္ဂဇင်းများတွင်ပါနေပါပြီ။လက်အလွန်ကောင်းပါသည်။ ခေတ်ပြိုင်ခံစားမှု အာရုံမြင့်ပါသည်။ ယနေ. မတွေ.မိတော့ပါ။

++++++++

နောက်ဆုံးပြောစရာတစ်ခုရှိပါမည်။ သေတ္တာနက်အတွက် ထုတ်လုပ်သူများသည် ကုန်ကြမ်းသာမက ကိရိယာလည်းလိုပါသည်။ မည်သည့်ကိရိယာကိုသုံးသည်ဖြစ်စေ စားသုံးသူကို ကြည့်ရပါသည်။ ကဗျာဆိုတာ လူအကြိုက်လိုက်ရေးတာ မဟုတ်ဘူးကွဟု ဆိုနိုင်ပါသည်။ ဆိုခွင့်ရှိပါသည်။ အစွန်းမရောက်စေရန်တော့ လိုပါသည်။ ကိုယ့်ဘာသာရေးပြီးသိမ်းထားသော ကဗျာဆရာများရှိပါလိမ့်မည်။ ကဗျာဆရာအဖြစ်မှမလျော့ပါ။

သူငယ်ချင်းကိုပြသည်ဖြစ်စေ၊ တခြားသူကိုပြသည်ဖြစ်စေ၊အွန်လိုင်းမှာ တင်သည်ဖြစ်စေ၊ မဂ္ဂဇင်းတွင် ထည့်သည်ဖြစ်စေ တခုခုလုပ်သည်ရှိသော် အဝေဖန်တော့ခံနိုင်ရပါမည်။ မိမိကဗျာ ကို အဆင့်မြှင့်ထားလိုသော သဘောသည် မော်ဒန် လက္ခဏာရပ်ဖြစ်သည်ဟု ဆရာ ဇော်ဇော်အောင်ပြောခဲ့ဘူးပါသည်။ မတားမြစ်လိုပါ။

ပြောလိုရင်းကို မလွဲစေချင်ပါ။ကြိုက်သည့် ကဗျာ နိဿယကိုသုံးပါ။ အဆင့်မြင့်မမြင့် ဆုံးဖြတ်ချက်သည်ကိုယ့်တွင်မရှိတော့ပါ။ စာဖတ်သူ၊စာဖတ်နာသော ပရိသတ်များ အမှန်တကယ်ရှိကြောင်း အသိပေးလိုပါသည်။ ငါ့ကဗျာကို လူမကြိုက်တာ ငါကမြင့်နေလို.ပဲဆိုရင်တော့ နည်းနည်းလွဲပါပြီ။

မည်သည့် ကဗျာအမျိုးအစားမဆို သဘောပေါက်ခံစားနိုင်သော ပရိသတ်များရှိနေပါကြောင်း ပညာရှိသတိထားတော်မူစေကြရန် တင်ပြပါသည်ခင်ဗျား။ ။

(ဝေဖန် အကြံပေးနိုင်ပါသည်၊ thetkamoenyo7@gmail.com )