Monday, November 28, 2011

ချစ်သောကဗျာ -၇

အနုပညာသည် မီဒီယာတစ်ခုခုကိုသုံးစွဲရလေ့ရှိသည်။ ထိုအထဲတွင် စာ/ကဗျာက ပို၍ထူးခြားသည်။ အခြားအနုပညာများသည် ပရိသတ်နှင့် တိုက်ရိုက် ထိတွေ.ရသည်။ ပန်းချီသည် အရောင်များ၊ပုံရိပ်များနှင့် မျက်စေ့ကိုတိုက်ရိုက်ဆုံပေးသည်။ ဂီတက အသံနှင့်နားကို တိုက်ရိုက်စီးဆင်းစေသည်။ (စာသားပါသောသီချင်းများကို ခေတ္တ ထားပါ) ကဗျာကမူ တိုက်ရိုက်ထိတွေ.၍မရ။ ကြားထဲဝယ် စကားလုံးများခြားနေသည်။ စကားလုံး (text) များဖြစ်သည်။ ဘာသာစကားဟုမပြောပါ။ ဘာသာစကားဝယ် စကားလုံးများချည်းမဟုတ်ပါ။ Communication Process အတွက် အထောက်အကူပြုသောအရာတိုင်းပါဝင်နေပါသည်။ Body Language, Sign Language တို.ကိုသတိရပေးပါ။

စကားလုံးဟူ သည်မှာ အသံထွက် သင်္ကေတများဖြစ်သည်။ ဥပမာ “လူ” ဟူသောစာလုံးသည် အကောက်ကလေးတစ်ခုနှင့် အချောင်းလေးနှစ်ချောင်း သာဖြစ်သည်။ ဤမှာ ပြဿနာက ၀င်လာသည်။

++++++

စကားလုံးများသည် အားလုံးကို ကိုယ်စားမပြုနိုင်။ ဒါကလည်းသေချာပါသည်။ အနီ ဟုပြောလျှင် ဘယ်၍ ဘယ်မျှနီသလဲ။ ကြက်သွေးရောင်အနီ၊ ကတ္တီပါနီ စသည်ဖြင့် ထပ်မံ၍ ညွန်းဆိုရပြန်သည်။ ကြက်သွေးမမြင်ဘူးလျှင် ညွန်းဆိုပွဲကြီး မဆုံးတော့ကြောင်း ထောက်ပြကြပါသည်။

ထို.ထက်ဆုံးသည်မှာ စိတ်ခံစားမှု အခြေအနေများ။ နဂိုကတည်းက ထိတွေ. ဆုတ်ကိုင်မရသော အရာများကို အမည်တပ်ထားခြင်းကို ထပ်မံ၍ ပီသအောင်ဖေါ်ထုတ်ရေးသည် အတော်ပင်ခက်ခဲသော အလုပ်ဖြစ်ပေမည်။

သို.သော် ဘာသာစကားသည်အရှင်ဖြစ်သည်။ရာစုနှစ်များစွာ အတွင်း တရွေ.ရွေ.ဖွံ.ဖြိုးလာခဲ့သည်။ သူ.လမ်းသူရှာဖွေလာခဲ့သည်။ ပြန်ကြည့်လျှင် စကားလုံးများပျောက်ပျက်သွားခြင်း၊ အဓိပ္ပါယ် အသစ်များထွက်လာခြင်း၊တိုးပွားလာခြင်းများဖြင့်ဝေဆာစည်ပင်နေပါသည်။ ထိုသို. ဝေဆာနေမှသာ ခေတ်နှင့်လျှော်ညီသော ၊ အသစ်အသစ်ဖြစ်သော အာရုံများကို ကိုယ်စားပြု စကားများကို ဖေါ်ထုတ်နိုင်ပေမည်။

စကားလုံးမရှိဟု ပြောခဲ့သော်……….

စကားလုံးမရှိဟု စတင်တီထွင်သူများထင်ခဲ့သော်…….

+++++++++

စကားလုံးများကို သိခြင်းဟူသည် သဒ္ဒါနှင့် အနက် နှစ်ခုလုံးကိုသိခြင်းဖြစ်သည်။ ပစ္စည်း တစ်ခုကို မြင်နေပါရက် နာမည်မခေါ်တပ်ခြင်းသည် အနက်ကို သာ သိ၍ သဒ္ဒါ မသိခြင်းဖြစ်သည်။ ပုရိသော ဟု ကြား၍ သဒ္ဒါကို သိသော်လည်း ဘာပြောမှန်းမသိခြင်းသည် အနက်ကို မသိခြင်းဖြစ်သည်။

သဒ္ဒါနှင့် အနက်သည် အမှန်စစ်စစ် သီးခြားတည်ရှိနေသောအရာမဟုတ်ပေ။ သဘာဝတရားတခုပေါ်တွင် မီနေခြင်းသာ။ ပါဠိသံပါပါပြောရလျှင် “နိရုတ္တိ” ဟု ခေါ်ပါသည်။နိရုတ္တိကို ငွေစက္ကူဖြင့် နှိုင်း၍ရပါသည်။ သဒ္ဒါနှင့် အနက်သည် ခေါင်းနှင့်ပန်းပမာသာဖြစ်သည်။ ခေါင်းဖြစ်စေ၊ ပန်းဖြစ်စေမပါသော ငွေစက္ကူသည်သုံးမရသကဲ့သို. သဒ္ဒါနှင့် အနက်မပါသော နိရုတ္တိသည် အစစ်မဟုတ်ပေ။

နိရုတ္တိ အဖြစ်သုံးမရသော သဘာဝတမျိုးသာဖြစ်ပါမည်။ အမှန်စစ်စစ် ဘာသာစကားကို သိခြင်းသည် နိရုတ္တိကို သိခြင်းပင်ဖြစ်ပါသည်။

သဒ္ဒါနှင့် အနက်မပါသော ၊သို.မဟုတ် တမျိုးမျိုးသာပါသော ဘာသာစကားသည် ဘာသာစကားမမည်ပါ။ အသုံးချ၍လည်းရမည်မထင်ပါ။

တကယ်တော့ ကဗျာသည် ဖတ်သူကဖတ်မှသာလျှင် ကဗျာ့တာဝန်ထမ်းပါသည်။ မဖတ်လျှင် စာလုံးဟုခေါ်သောကောက်ကောက်ကွေးကွေး၊အတွန်.အလိမ်များသာ ဖြစ်နေပါမည်။ စက္ကူတစ်ရွက်သာဖြစ်နေပါမည်။ ဆင်ခြင်တော်မူရန်ပါ။

ဆက်ရပါဦးမည်။

No comments: