Tuesday, February 2, 2010

ယောက်ျားတို.သစ္စာ

ငါမချုပ်နှောင်ခဲ့ပါဘူး
လွတ်သွားမှာစိုးလွန်းလို.
မြဲမြဲကိုင်ထားခဲ့တာပါ
ငါမချုပ်ချယ်ခဲ့ပါဘူး
အနားမှာရှိစေချင်လွန်းလို.
စည်းရိုးလေးခတ်ထားခဲ့တာပါ။

ငါတို.စိုးရိမ်စိတ်တွေကို
မြင်အောင်ကြည့်ဘူးပါသလား
နင့်ဝမ်းနည်းမျက်ရည်တွေက
ငါ့အချစ်ကိုမမြင်နိုင်အောင်ဖုံးကွယ်ခဲ့ပီလား။

ယောက်ျားတွေမှာလည်း
ဝမ်းနည်းကြေကွဲစိတ်မရှိဘူးလို.
ထင်နေတာလား။

ဖွင့်ဟခွင့်မရှိသော နာကျင်စိတ်များစွာ
ဒေါသအဖြစ်ပေါက်ကွဲလာခဲ့ရင်
နင်ခွင့်လွှတ်မှာလား။

မိန်းကလေးဆိုတာက
နာကျင်မှုကို
မျက်ရည်အဖြစ်ဖွင့်ထုတ်ခွင့်ရှိပါတယ်
ယောက်ျားတွေကတော့
ကိုယ့်မာနနဲ.ကိုအကျဉ်းကျရင်း
ဝါးတစ်ပင်လို
အပြင်ကမာကျောပီး
အတွင်းကလစ်ဟာခဲ့ရတယ်။

ချစ်သူ.နဖူးလေးတင်ငိုဖို.
ငါ့ပခုံးတွေသန်မာသေးရဲ့လား
ချစ်သူ.လက်ကိုဆွဲယူဖို.
ငါ့လက်ဖ၀ါးတွေမြဲမြံသေးရဲ.လား
ငါလည်းမသိတော့ပါဘူးကွယ်။

ချစ်သူရယ်
နင့်ကိုနားလည်ဖို.ကြိုးစားရတာ
ငါ့မှာမောလှပါပြီ
ငါ့ကိုနားမလည်လည်းရှိပါစေတော့လို.
ငါပြောမထွက်ပါဘူး။

ငါဘာမှမပြောတော့ပါဘူး
တံခါးလေးဖွင့်ထားလိုက်ပါတယ်
ဝင်ချင်ဝင်ထွက်ချင်ထွက်ပါ
ငါဒီနေရာမှာရှိနေပါတယ်
တခုတော့ရှိတယ်
ငါ့ဆီမှာ
မင်းမျှော်လင့်တာတွေရှိနေမယ်လို.တော့
ငါအာမမခံနိုင်ဘူးချစ်သူ။ ။