Showing posts with label ဝေမှူးချို. Show all posts
Showing posts with label ဝေမှူးချို. Show all posts

Thursday, December 8, 2011

အောင်လက်မှတ်

ကြောက်ရင်ရှူံးတယ်ဆိုလို.
ငါလည်းရဲရင့်လိုက်ပါတယ်
ထပ်ရှူံးတယ်။

မွေးကတည်းကငိုမွေးလာကြတာ
ဘယ်သူမှရယ်မောမွေးမလာဘူး
နာကျင်မှုက သင်ယူစရာမလိုဘူး
ကြည်နူးမှုကိုတော့ သင်ယူရတယ်ညီမရယ်။

ဥပဒေမှာက
တန်ဖိုးသတ်မှတ်ရတာတွေကိုပဲ အလျော်ပေးတယ်
လက်တစ်ဖက်ကို လက်တစ်ဖက်နဲ.လျော်ဆိုတော့
အပြေးသမားလက်အတွက်
စန္ဒယားဆရာလက်ကို လျော်ခိုင်းရတာအားနာဖို.ကောင်းတယ်။

မွေးကတည်းက
လက်ဖ၀ါးမှာ အောင်လက်မှတ်ပါမလာခဲ့သူနှစ်ယောက်
နင်နဲ.ငါ နှစ်ယောက်အပြုံးမှာ
စာလုံးပေါင်းသတ်ပုံမစစ်လည်းရပါတယ်။

စိုက်ပျိုးနည်းကိုတော့ မသင်ချင်ဘူး
ရိတ်သိမ်းနည်းကို လိုလိုချင်ချင်သင်ယူချင်သူတွေထဲမှာ
နင်နဲ.ငါ မပါခဲ့တာ
ဂုဏ်ယူကြရအောင်ပါဝေမှူးချို။ ။

(ဝေမှူးချို ၏ကဗျာများကို ပြန်လည်အင်စပီရေးရှင်းယူထားပါသည်။)