ဝန်ခံရဲပါတယ်
ကို.ဖက်ကိုယ်ကြည့် ဆုံးဖြတ်ခဲ့တာပါ
ဒါမှားမှန်းတော့သိတယ်
မပြင်ချင်တော့တာ။
ကိုယ်မင်းဘက်မှာမှားခဲ့ပါတယ်
တခြားတစ်ယောက်အတွက် မှန်စေဖို.
(အခြား သိမ်ငယ်သူတစ်ယောက်အတွက်ပါ)
သူ.ဘက်မှာတော့ကိုယ် မှန်ပေးခဲ့ပါတယ်။
နိမ့်သူကိုပဲလက်ကမ်းချင်ခဲ့တဲ့
ငါ့ကိုသာ အပြစ်တင်ပါလေ
ငါစိတ်မကောင်းဖြစ်ပေမယ့်
နောင်တတော့မရခဲ့ပါဘူး
နောက်တခါဒီလို ကြုံလည်း
ငါဒီလိုပဲဆုံးဖြတ်မှာဆိုတော့
နောက်ဘ၀အတွက်ပါကြိုမုန်းလိုက်ပါချစ်သူ။ ။
Showing posts with label နောင်တ. Show all posts
Showing posts with label နောင်တ. Show all posts
Friday, January 7, 2011
အတိတ်
ဆုံးဖြတ်ရတာမခက်ပါဘူး
ဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်တော့မှ
တမြေ့မြေ့ နာလာတာ။
ထားခဲ့ရသူကတောင် ဒီလောက်နာကျင်ရရင်
အထားခံခဲ့ရသူကိုယ်စား
မတွေးရဲခဲ့ပါဘူးကွယ်။
ပြင်မရတော့တဲ့ ဆုံးဖြတ်ချက်များစွာ
အမုန်းနဲ့သတိရနေတာက
အလွမ်းနဲ့အောက်မေ့တာလောက်မဆိုးဝါးလို.
တောင်းပန်စကားတောင်မပြောခဲ့ရဘူး။
ငါ့ကိုမုန်းပါလေ………..
ဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်တော့မှ
တမြေ့မြေ့ နာလာတာ။
ထားခဲ့ရသူကတောင် ဒီလောက်နာကျင်ရရင်
အထားခံခဲ့ရသူကိုယ်စား
မတွေးရဲခဲ့ပါဘူးကွယ်။
ပြင်မရတော့တဲ့ ဆုံးဖြတ်ချက်များစွာ
အမုန်းနဲ့သတိရနေတာက
အလွမ်းနဲ့အောက်မေ့တာလောက်မဆိုးဝါးလို.
တောင်းပန်စကားတောင်မပြောခဲ့ရဘူး။
ငါ့ကိုမုန်းပါလေ………..
Subscribe to:
Posts (Atom)