Friday, January 7, 2011

အတိတ်

ဆုံးဖြတ်ရတာမခက်ပါဘူး
ဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်တော့မှ
တမြေ့မြေ့ နာလာတာ။

ထားခဲ့ရသူကတောင် ဒီလောက်နာကျင်ရရင်
အထားခံခဲ့ရသူကိုယ်စား
မတွေးရဲခဲ့ပါဘူးကွယ်။

ပြင်မရတော့တဲ့ ဆုံးဖြတ်ချက်များစွာ
အမုန်းနဲ့သတိရနေတာက
အလွမ်းနဲ့အောက်မေ့တာလောက်မဆိုးဝါးလို.
တောင်းပန်စကားတောင်မပြောခဲ့ရဘူး။

ငါ့ကိုမုန်းပါလေ………..

No comments: