Friday, January 7, 2011

အဆုံးအရှုံး

တစ်ယောက်ကိုရွေးချယ်လိုက်တာ
တစ်ယောက်ကို ရှုံးတယ်လို.ပြောလိုက်တာမဟုတ်ပါဘူး။

အချစ်ရေးကိစ္စမှာ
အကောင်းအဆိုး အကျိုးအပြစ်ကိုချင့်ချိန်ရတာလည်း
အန္တရာယ်များလွန်းလှပါတယ်။

အချစ်နဲ.ဘဝ
မျှမျှတတဖြစ်အောင် ငါမရောစပ်တတ်တဲ့အခါ
မင်းမုန်းတာမဆန်းဘူးလို.ပြောရုံကလွဲပြီး
ငါဘာများတတ်နိုင်ဦးမှာလဲ။

မိုးကောင်းကင်တစ်ခုထဲအောက်မှာ
မင်းတစ်ယောက်ရှိနေသေးတာတွေးပြီး
တိတ်တိတ်လေး ကြေကွဲနေရုံကလွဲပြီး
ငါဘာများပြောခွင့်ရှိမှာလဲ။

ပြောပါလေ
အမှားတွေနဲ.လူတစ်ယောက်က
ဘာများအယူခံခွင့်ရှိမှာလဲ။ ။

No comments: