Friday, January 7, 2011

ဝတ်ရုံမည်းနဲ့ ရွှေသရဖူ

ဝတ်ရုံမည်းနဲ့ ရွှေသရဖူ
စနိုးဝှိုက်ပုံပြင်မှတ်မိလား
အမှန်တရားကို ဇွတ်ပြင်ဆင်ချင်ခဲ့တဲ့ စုန်းမကြီးအကြောင်း
ပန်းသီးမှာအဆိပ်ခပ်ခဲ့
ရွှေသရဖူဆိုတာ သြဇာအာဏာရဲ့ အထိမ်းအမှတ်
ဝတ်ရုံအမည်းက မကောင်းမှုဝိဥာဉ်
အာဏာနဲ.မကောင်းစိတ်ပေါင်းရင်
ပန်းသီးမှာအဆိပ်ခပ်ခဲ့

စနိုးဝှိုက်ကို အဆိပ်ခပ်ခဲ့
တနေ.နေ.
သူ.မကောင်းမှုကသူ.ကိုပဲခြောက်လှန်.တော့မှာသူမသိဘူး။

အိပ်ယာဝင်ပုံပြင်နားထောင်ပြီးတိုင်းအဖေ့ကိုမေး
စနှိုးဝှိုက်လေးကမင်းသားလေးနမ်းရုံနဲ.ဘာကြောင့်နိုးလာတာလဲ
အဖေကရီပြီးဖြေဖူးတယ်
နမ်းလိုက်လို. မဟုတ်ဘူး
မေတ္တာဓာတ်ကြောင့် အဆိပ်ပြယ်သွားတာတဲ့။

အဖေပြောတာ ငယ်ငယ်ကနားမလည်ပါဘူး
ကြီးတော့မှ တဖြေးဖြေးသဘောပေါက်လာ
ဝတ်ရုံမည်းနဲ. ရွှေသရဖူကိုမကြောက်တော့ဘူး
တို.မေတ္တာတရားတွေပေါင်းရင်
မင်းသမီးလေးအဆိပ်ပြယ်သွားမယ်။

No comments: