Friday, January 7, 2011

သုံးဆယ်ကျော်အလွမ်း

မြစ်တစ်စင်းလိုစီးဆင်းတာဆိုရင်
တမံဆောက်ပြီးပိတ်ပစ်လို.ရသေးတယ်
ကျောက်ခက်ကျောက်လက်ကြားကနေ
စိမ့်စမ်းရေတွေ တစ်စက်ချင်း စိမ့်လာသလိုမျိုး
ငါ့အလွမ်းက အရင်းအမြစ်လည်းရှာမရဘူး
တားဆီးလို.လည်းမရဘူး။

ရောက်ဘူးတဲ့နေရာတွေက မပြောင်းလဲဘူး
မင်းနဲ့ငါတော့ အတူတူမရောက်နိုင်တော့ဘူး
အောက်မေ့တသ ခြင်းက
မီးခလုပ်လို အဖွင့်အပိတ်လုပ်လို.ရရင်လည်းအကောင်းသား။

ပိတ်လို.ရလည်း မပိတ်ဖြစ်လောက်ပါဘူး
မင်းနဲ.ပတ်သက်တာမှန်သမျှ
နာကျင်ခြင်းကိုတောင် သိမ်းထားတာဆိုတော့
အလွမ်းလောက်ကတော့ လိုလိုချင်ချင်ပါပဲ။

အသက်သုံးဆယ်ကျော်မှ
အချစ်ကို ကိုးကွယ်တယ်ဆိုပြီးမဟားကြပါနဲ့
အချစ်ကို ကိုးကွယ်တာမဟုတ်ဘူး
ဦးနှောက်ကို အချစ်က အာဏာသိမ်းသွားတာ။ ။

No comments: