Friday, January 7, 2011

ရည်းစားများတဲ့ကောင်

ကိုယ်ကြိုက်တာကိုယ် မမှာခင်
မီနူးလေးတော့ကြည့်ခွင့်ရှိတယ်မဟုတ်လား
ငါ့ကို နည်းနည်းလေး နားလည်ပေး။

တစ်သက်လုံးပေါင်းရမယ်သူဆိုတော့
မြင်းတစ်ပြေးအလှတင်မဟုတ်ဘူး
ကွမ်းတစ်ကမ်းအလှမှန်းသေချာအောင်
အနီးကပ် သေးစိတ်လေ့လာမိတာ
နည်းနည်းလေး သည်းခံပေး။

ယောကျားကောင်းမောင်းမတစ်ထောင်တဲ့
ရှေးထုံးလည်းမပယ်နဲ.ဆိုတော့
ငါမပယ်ရဲလို.ပါဟာ
နည်းနည်းလေး ခွင့်လွှတ်ပေး။

ခွင့်လွှတ်တာတွေ၊နားလည်တာတွေ
သည်းခံတာတွေ မကျန်တော့တဲ့အခါ
ဒီကောင့်လက်ကလွတ်ချင်ရင်
ငါ့ကိုနောက်တစ်ယောက်နဲ့ မိတ်ဆက်ပေး။ ။ (ဟိဟိ)

No comments: