Showing posts with label ဆေးပညာ. Show all posts
Showing posts with label ဆေးပညာ. Show all posts

Monday, July 23, 2012

အော်လ်တာနေးတစ် ပေါ်လစီ-၂


၉။ တိုင်းပြည် ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှားယွင်းခြင်း နှင့် တိုင်းပြည်ကျန်းမာရေး စောင့်ရှောက်မှုစနစ် အကောင်အထည်ဖေါ်ရာတွင် မအောင်မြင်ခြင်းသည် ရလာဒ်အကျိုးတရား တူသည်ထားဦး။ ပြန်လည်ပြင်ဆင် ရမည့် အကြောင်းတရား တူမည်မဟုတ်ပါ။ ထို.အတူ ပြည်သူလူထုက အပြစ်တင်သည်ကို ငြင်းဆန်ရန် ရည်ရွယ်ရင်းမရှိသော်လည်း 'အများညီ၍ ဤကို ကျွဲ' ဖတ်ကြပါများလာသောအခါ နိုင်ငံရေးသမားများ၊ မီဒီယာသမားများကပါ သံယောင်လိုက်၍ စနစ်မှားသည် စနစ်မှားသည်ဟု ပြောလာကြပါတော့မည်။ ကျန်းမာရေး နယ်ပယ်မှ ဆရာမကြီး တစ်ဦး ပြောသော စကားကို ပြန်လည်ကိုးကား ဖေါ်ပြလိုပါသည်။ 'တကယ်တော့ ကျန်းမာရေး ၀န်ကြီးဌာနကလည်း WHO (ကမ္ဘာ. ကျန်းမာရေး အဖွဲ.) ဂိုက်လိုင်းအတိုင်း လုပ်နေတာပဲ' ဟူ၍ ဖြစ်ပါသည်။ ဤအကြောင်းများကို အသေး မစိတ်မီ ခေတ္တ ရပ်နားထားပါဦးမည်။

၁၀။ ဆရာဝန်များသည် အင်မတန် အတ္တကြီးသူများဖြစ်ပါသည်။ အပြစ်တင်ခြင်းမဟုတ်သော်လည်း ဤအတိုင်းပင် ခံစားမိပါသည်။ ဆေးတက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ်ဝင်တန်း အမှတ်ဖြင့် ဖြတ်လိုက်သောအခါ 'ထိပ်' ဆိုသောနေရာမှ ကျောင်းသားများ (ထိပ်ဆိုသော နေရာကို ရောက်အောင် နည်းမျိုးစုံ ကြိုးစားလာကြသူများ) ဆေးကျောင်းတက်လာကြပါတော့သည်။ ထိပ်ရောက်အောင် နည်းမျိုးစုံဖြင့် ပို.ချင်ကြသော မိဘများကလည်း (အဆိပ်ပင် ရေလောင်းသည်မပြောရက်သည့်တိုင်) တရားသည်မတရားသည် မတွေးပဲ သားသမီးဖြစ်သူအတွက် နည်းမျိုးစုံ ကြိုးစားအားထုတ်ပေးကြပါသည်။ အားနာနာနှင့်ပင် ပြောရပါမည်။ ဆရာဝန်ဘွဲ. ရပြီးသည့်တိုင် လူမှုရေးရာတွင်၊ လူ.ပတ်ဝန်းကျင် လူ.အသိုင်းအ၀ိုင်းတွင် လူလားမမြောက်သေးသော ဆရာဝန်လေးပေါင်းများစွာ ရှိနေပါသည်။ ငါသာရှေ.ရောက်ဖို.၊ ငါအထူးကုဆရာဝန်ကြီးဖြစ်ဖို.၊ ငါအောင်မြင်ဖို. ဆိုသည့် စိတ်ဓာတ်များခြင့် ပူလောင်နေကြသူများ များနေပါသည်။ အားနာပါသည်။ များနေပါသည်။ များခဲ့ကြပါသည်။

၁၁။ လုပ်ငန်းခွင် ၀င်ရောက်သည့်အခါတွင် သင်ယူလာခဲ့သော ပညာကို ပြည်သူလူထုအတွက် အသုံးချရန်ထက် နောင်တွင် လျှောက်ရလတ္တံ.သော ခရီးလမ်းဖြောင့်ဖြူးရေး အတွက်သာ ဦးစားပေးရွေးချယ်မည့် ဆရာဝန်များ များလာခြင်းသည် ကောင်းသော လက္ခဏာဖြစ်ပါသလား။ စာသင်ကြားရခြင်းကို ၀ါသနာ လုံးဝမပါသော်လည်း မြို.ကြီးပြကြီးများတွင် နေရခြင်း၊ ညဂျူတီမစောင့်ရခြင်း၊ စနေတနင်္ဂနွေ အားလပ်ရက် ရခြင်း စသည်ဖြင့် စာကျက်ချိန်ရသော ဆေးတက္ကသိုလ်များတွင် ဆရာအဖြစ် အလုပ်ဝင်ခြင်းဖြင့် 'အရိပ်ခို' နေချင်ကြသော ဆရာဝန်လေးများစွာရှိခဲ့ပါပြီ။ ထို.အတူ အထက်လမ်း အောက်လမ်းများစွာ သုံး၍ 'မြို.ကြီးပြကြီး' များတွင် ခိုကပ်နေကြရန် ကြိုးစားခဲ့ကြသော ဆရာဝန်များ ယခင်ကလည်း ရှိခဲ့ပါသည်။ ယခုလည်း ရှိကြပါလိမ့်ဦးမည်။

၁၂။ တစ်ခုတည်းသော အကြောင်းတရား မဟုတ်သည့်တိုင် ဤသို.သော အကြောင်းများဖြင့် နယ်သို. သွားချင်သော ဆရာဝန်များ နည်းပါးပါသည်။ ဆရာဝန် လူဦးရေအချိုးသည် မြို.ပေါ်နှင့် ကျေးလက် မတူညီသလို ရန်ကုန်တိုင်းနှင့် ချင်းပြည်နယ် တူမည်မဟုတ်ပါ။ ဆရာဝန်များ နယ်သို.မသွားချင်ခြင်းကို အပြစ်တင်နေသည်မဟုတ်ပါ။ 'ကုသိုလ်၊ ပညာ၊ ဥစ္စာရရန် သင့်ရာဒေသ' အမြဲနေလိုချင်ကြသူများကို အပြစ်တင်သင့်သည်ဟုလည်း မခံယူပါ။ တိုင်းပြည်အတွက်၊ လူထုအတွက် ဟူသည် ဆိုရှယ်လစ်ခေတ်တွင်သာ ပြော၍ ကောင်းပါသည်။

၁၃။ အခြားသော (ဆရာဝန် မဟုတ်သည့်) ၀န်ထမ်းများ အတွက် နေရာကောင်းခြင်းသည် မြို.ပေါ်နယ်ပေါ်နှင့် မဆိုင်ပဲ 'ခွင်' ကောင်းမကောင်းပေါ်တွင်သာ မူတည်ပါသည်။ အပြင် 'ဂျီပီ' ဖွင့်ရသော ဆရာဝန်များ အနေနှင့် ၀င်ငွေအနည်းအများသည် ခွင်ပေါ်တွင် မူတည်နေခြင်း မဟုတ်ပဲ ကိုယ်ပင်ပန်းမှ ကိုယ်စားရသော ကိစ္စသာဖြစ်သဖြင့် နယ်မသွားလိုခြင်းကို အပြစ်တင်ရန် အကြောင်းမရှိပေ။ ဆေးရုံများတွင် နေ.ဂျူတီ၊ညဂျူတီများဖြင့် ပင်ပန်းရသော ဆရာဝန်သည် မြို.ပေါ်၊နယ် မခြားနားပါ။ (နယ်မှာပင် ပိုပင်ပန်းဖို.များပါသည်)

၁၄။ ကျန်းမာရေး ပေါ်လစီ ကောင်းမကောင်း 'ရောင်ပြန်'ဟပ်သော အရေးကြီးသည့် တစ်ခုတည်းသော ညွှန်းကိန်းမှာ 'ကျန်းမာရေးစွမ်းအားစုများကို လုံလောက်စွာ နေရာချထားခြင်း' allocation of adequate resources ဖြစ်ပါသည်။  စွမ်းအားစုများ မလုံလောက်သည့်အခါ၊ နေရာချထားမှုများ လိုအပ်ချက်ရှိလာသည့်အခါ ကျန်းမာရေး ပေါ်လစီကို မေးခွန်းထုတ်ရတော့မည်ဖြစ်ပါသည်။ မသွားချင်သောသူကို သွားစေရန်အတွက် ဥုံခံသော မန္တန်တော့ ရှိမည်မထင်ပါ။ မတူသော အနေအထား၊ မတူသော ပင်ပန်းဆင်းရဲမှုအတွက် တူညီသော လခဖြင့် စေလွှတ်ခြင်းသည် ပေါ်လစီကောင်းတစ်ခုပင်လား။ စဉ်းစားဖွယ်တော့ ရှိနေပါပြီ။

ဆက်ပါမည်။


အော်လ်တာနေးတစ် ပေါ်လစီ-၁

၁။ သူရဲတစ္ဆေကြောင်းပြောသည့်အခါ မရည်ရွယ်သော်လည်း မုသာဝါဒ ဖြစ်သွားတတ်သည်ဟု ဆိုကြပါသည်။ ထို.အတူ ကျန်းမာရေးကြောင်း ပြောသည့်အချိန်တွင် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ နိုင်ငံရေးအကြောင်းများဝင်လာတတ်ပါသည်။ နိုင်ငံရေးသမားတို.ကလည်း နိုင်ငံတစ်နိုင်ငံ တိုးတက်မှု ဆုတ်ယုတ်မှုတို. အတွက် မက်လုံး ပေးရာတွင် ကျန်းမာရေးနှင့် ပညာရေးကို ချိန်ရွယ် ပစ်ခတ်လေ့ရှိကြသည်။ ကျန်းမာရေးအကြောင်းသည် ပြောရလွယ်သလို ငြင်းရလည်းလွယ်ပါသည်။ သိသလိုလို နှင့် မသိသည်များလည်း တပုံကြီး ရှိနေနိုင်သလို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အာပေါင်အာရင်းသန်ရန်လည်း လွယ်ပါသည်။ သိ၍ တတ်၍ မဟုတ်သော်လည်း ကြားဘူးနားဝ အချို.ကို ပြောပြချင်လာသည်။ ကျန်းမာရေးကြောင်းပါ။ နိုင်ငံရေးကြောင်း မဟုတ်ပါ။

၂။ နိုင်ငံ တစ်နိုင်ငံ တိုးတက်မှု၊ ဆုတ်ယုတ်မှု အကြောင်းကို ပြောသည့်အခါ ဆုံးဆုံးဖြတ်ဖြတ် ဆုံးဖြတ်ချက်ချရန်ခဲယဉ်းပါသည်။ နှိုင်းရတရားဖြင့် ပြောရမည်လား၊ တိုင်းပြည်ဝင်ငွေ ဟုန်းကနည်း တက်သည်ဖြင့် ပြောရမည်လား၊ သဘာဝ သယံဇာတ ကြွယ်ဝမှုဖြင့်ပြောမည်လား၊ ပြည်သူပြည်သားတို. ဘေးကင်းလုံခြုံ ပျော်ရွှင်မှုဖြင့် ပြောမည်လား။ တိုင်းတာ တွက်ချက်ရန် ခက်ခဲသော အခြေအနေ၊ အနေအထားတစ်ရပ်ကို ပြောလိုသည့်အခါ ညွှန်းကိန်း indicators များဖြင့် ပြောကြပါသည်။ သို.သော် ထိုညွှန်းကိန်းများသည် အခြေအနေတစ်ရပ်ကို တိတိပပပြောပြခြင်းဟု မဆိုနိုင်ပဲ အခြေအနေတစ်ရပ်၏ ရောင်ပြန် reflection သာ ဖြစ်သည်ဟူသော အချက်ကို မမေ့ကြရန်လည်း လိုပါသည်။ ထိုညွှန်းကိန်းများသည် အပြောင်းလဲကို ပြညွှန်ပါသည်။ အပြောင်းအလဲ၏ မြန်နှုန်းကို သိနိုင်ပါသည်။

၃။ နိုင်ငံတိုးတက်မှုအပြောင်းအလဲကို ညွှန်ပြကြရာဝယ် တိုက်ရိုက်သိနိုင်သော တိုင်းပြည်ဝင်ငွေ၊ ဂျီဒီပီ၊ ဂျီအန်ပီ စသည်တို.သာမက ကျန်းမာရေးနှင့် ပတ်သက်သော ညွှန်းကိန်းများသည်လည်း အရေးတကြီးပါဝင်လာပါသည်။ အထူးသဖြင့် တိုးတက်မှုသာမအက ဖွံ.ဖြိုးမှုကိုပါ တောင်းဆိုလာသောအချိန်တွင် ကျန်းမာရေးညွှန်းကိန်းများကို စေ့စေ့စပ်စပ် ကြည့်ရပါတော့မည်။ အကျယ်ပြောရန်မရှိပါ။ ထောင်စုနှစ် ဖွံ.ဖြိုးရေး ပန်းတိုင်များ (MDGs) တွင် ကျန်းမာရေးနှင့် ဆက်စပ်သော ညွှန်းကိန်းများ မည်မျှပါသည်ကိုသာ ပြန်လည် လေ့လာစေချင်ပါသည်။

၎။ ထိုသို.ကျန်းမာရေး ညွှန်းကိန်းများ၏ အရေးပါမှုကို သိလာကြသောအခါ ကျန်းမာရေး ဘက်ကို ဦးလှည့်လာကြပါသည်။ စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကျန်းမာရေးးးးးးးးးးးးးး  ဆိုသော စကားကို တဖွတရ ပြောလာကြပါသည်။ မသိသူကလည်း ကျန်းမာရေး၊ သိသူကလည်း ကျန်းမာရေး၊ ပြည်သူကလည်းကျန်းမာရေး၊ နိုင်ငံရေးသမားကလည်း ကျန်းမာရေး။ ထိုသို.ကျန်းမာရေးလာကြသောအခါ ကျန်းမာရေးဟူသော အဓိပ္ပါယ်သည် လူတကာအပြောများလွန်း၍ အပေါစားဖြစ်သွားသော စကားတစ်လုံးဟု မှတ်ယူရပေတော့မလို ဖြစ်နေပါသည်။

၅။ သိတော်မူကြသည့် အတိုင်း နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ ညွှန်းကိန်းများကလည်း (ကျန်းမာရေး အခြေအနေဟု မပြောပါ) အားရဖွယ် အနေအထားကို မရှိသည့်အခါ လွယ်လင့်တကူ ထိုးချင်သော လက်ညိုးများသည် ကျန်းမာရေး=ဆရာဝန်ဟု ကောက်ချက်ချကြပါတော့သည်။ ထို.အတူ မအောင်မြင်သော စရိတ်မျှပေး ကျန်းမာရေး အစီအစဉ်၊ (အစစ အလကားရခဲ့သော ဆိုရှယ်လစ်စနစ်မှ ဆာလာအိတ်နှင့် ငွေထည့်လာရသော အခြေအနေသို. ကူးပြောင်းနေသော) ပုဂ္ဂလိက ဆေးရုံဆေးခန်း၊ ပညာရပ်သဘောတရားကို မသိပဲ လူနာဆုံးပါးသည်ကို ဆရာဝန်ဖြစ်စေ၊ မြန်မာနိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကိုဖြစ်စေ ပုံချလိုသော ဂျာနယ်အချို.၊ စသည်တို.သည် အခြေအနေကို ဆိုးသည်ထက်ဆိုးအောင် ဖန်တီးနေကြသည်။ ဆရာဝန်သည်သာ ဖြစ်သမျှ အခြေအနေ၏ တရားခံ။

၆။ သို.ရာတွင် ပို၍ ဆိုးသော အချို. 'ဆရာသမား' များ ရှိပါသေးသည်။ မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ညံ့ဖျင်းနေ၍ ညွှန်းကိန်းများ တက်မလာခြင်းသာဖြစ်သည်၊ ချာတူးလန်နေသော ကျန်းမာရေး ပေါ်လစီင်္ကြောင့် ပြည်သူလူထု နစ်နာနေရသည်။ အရည်အသွေးညံ့ဖျင်းသော ဆရာဝန်များကို မွေးထုတ်နေ၍ တိုင်းပြည် ဖွံ.ဖြိုးရေး နောက်ကျနေပါသည်။ စသည်၊ စသည်ဖြင့် မှန်သည်မှားသည် ပြောရခက်သော အကြောင်းအရာများကို အာသန်သန်၊လျှာသန်သန်ဖြင့် ပြောကြပါသည်။ မှန်သည်လည်းရှိ၊ မှားသည်လည်းရှိသော အကြောင်းအရာများ၊ အမှန်အမှား အဖြေမထွက်သေးသော ကိစ္စရပ်များကို ရမ်းတုတ်သောအခါ အဟုတ်ထင်သော သူတို.ကထင်ကြပါသည်။ အကောင်းထက် အဆိုးကသာ များမည်ဟု လေးအနက်ဆိုပါသည်။ ထိုရောအခါ လွယ်လွယ်ပေါ့ပေါ့လေး ပြောကြသူများကို ဆိုစရာ စကားများကရှိလာသည်။ အထူးသဖြင့် 'ကိုယ့်လူများ' (ဆရာဝန်များ) ထဲကပင် ထိုသို. လွယ်လင့်တကူ 'အပြစ်တင်ဝေဖန်သမှု'
ပြုလာကြသောအခါ အခြားသော မျက်နှာစာများ ရှိနေပါကြောင်း သတိပေးလိုပါသည်။

၇။ ထိုသို.သောသူများကို အလေးအနက်ဆိုလိုသည်မှာ ကျန်းမာရေးသည် 'ရှုကြည့်စရာ' မှန်ကူကွက်ပေါင်းများစွာ Multidimensional ရှိနေပါသည်။ ထို မှန်ကူကွက်တို.တွင်လည်း များစွာသော နောက်ခံ အကြောင်းချင်းရာတို. ရှိနေပါသည်။ ထိုအကြောင်းချင်းရာတို.ကို အချို.သိရှိပြီး ဖြစ်သော်လည်း အချို.မှာ သိရှိရန် လိုအပ်ဆဲဖြစ်ပါသည်။ ကျန်းမာရေး အကြောင်းကိစ္စရပ်သည် ပရိုဖက်ရှင်နယ်များအတွက်ပင် တိုင်းတာ တွက်ချက်ရန် ရှုပ်ထွေးနေပါသေးသည်ဟု ဆိုကြပါသည်။ ညွှန်းကိန်း အမျိုးအစားတစ်ရပ်ထဲဖြင့် ဖေါ်ပြဆုံးဖြတ်ရန် မဖြစ်နိုင်ကြောင်း သိစေလိုပါသည်။

၈။ ပြောသမျှ၏ အချုပ်သည် နိုင်ငံတော် ကျန်းမာရေး စောင့်ရှောက်မှု စနစ်အကြောင်း လွယ်လွယ်ပေါ့ပေါ့ အပြစ်တင်မစော ရန်သာဖြစ်ပါသည်။ ( ဆန္ဒ မစောစေလိုပါ၊ အပြစ်တင်ထိုက်သော ကိစ္စများကို အပြစ်တင်ပေးပါမည်၊)
ဆက်ပါမည်။

ရီလည်း ဖောင်း၏ မဖောင်း၏


၁။ အစစအရာရာ အပြောင်းအလဲ အတွက် ပြင်ဆင်နေကြသော ဤအချိန်တွင် ပြဿနာ ဖြစ်လာနိုင်သော နယ်ပယ်သည် အစိုးရအဖွဲ.အစည်း၏ ဌာနများ ဖြစ်လာလိမ့်မည်ဟု အကြိမ်ကြိမ် ပြောခဲ့ပါသည်။ ဖူကူယားမားကလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အရေးအကြီးဆုံးသည် အဖွဲ.အစည်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးဖြစ်ကြောင်း သူ၏ နိုင်ငံတည်ဆောက်ရေးစာအုပ်တွင် အထပ်ထပ် ဆိုထားခဲ့သည်။ ယနေ. ဖြစ်ပျက်နေကြသော ပြဿနာ အရပ်ရပ်တွင် ဖြစ်ပေါ်လာသော ပြဿနာ အတိမ်အနက်ထက် တာဝန်ရှိသူ အသီးသီး၏ အပြောမတတ်မှုများကြောင့် ရှိရင်းစွဲ ပြဿနာလေးများ ပိုမိုကြီးထွားလာသည်ကို စိတ်မကောင်းစွာ တွေ.နေရသောအခါ ပြောပြချင်သည်တို.ရှိလာသည်။

၂။ ခရိုနီများဟုလည်းကောင်း၊ ကြိုးနီစနစ်ဟု လည်းကောင်း အချို.က ဆိုကြပါသည်။ ထို.အပြင် အထက်ကပြောင်းနေပြီ၊ အောက်က လိုက်မပြောင်းဟု စကားသံလည်းထွက်လာပါသည်။ Reform ဟူသော အသံကိုလည်း တွင်တွင်ကျယ်ကျယ် ကြားလာရသည်။ ဆိုလိုသည်မှာ လက်ရှိအနေအထားအတိုင်း မဖြစ်တော့သည်ကို သိသူများလာပါသည်။ မည်သို. ပြင်ရမှန်း၊ မည်သည့် နေရာကို ပြင်ရမှန်း သိသူကတော့ နည်းမည်ထင်ပါသည်။

၃။ အမှန်တော့ ကြိုးနီစနစ်ဟူသည် ယခင် အင်္ဂလိပ်လက်ထက်ကတည်းက ဌာနအသီးသီးရှိဖွဲ.စည်းပုံ၊ အုပ်ချုပ်ပုံကို ယူထားခြင်းဖြစ်ပြီး ထိုအခြေခံအပေါ်တွင် အထွတ်အဆင့်ဆင့် တင်တင်လာခဲ့ခြင်းဖြစ်ပါသည်။ ဌာနဆိုင်ရာများ၏ တိကျသေချာစေရန် တစ်ဦးတစ်ယောက်မရှိရုံနှင့် လုပ်ငန်းခွင် မပျက်စေရန် တည်ဆောက်ထားသော ထို အထက်အောက် ဖွဲ.စည်းပုံသည် (ယနေ. အိုင်တီနည်းပညာနယ်ပယ်နှင့် မကိုက်ညီတော့သော်လည်း) အလုပ်ဖြစ် တိကျ သပ်ရပ်သောကြောင့် အစဉ်အဆက် လက်မလွှတ်နိုင်ခဲ့ခြင်း ဖြစ်သလို ဌာနဆိုင်ရာ ဖွဲ.စည်းပုံ ပြင်ဆင်ရေးသည် အလွန်ခက်ခဲသောကိစ္စတစ်ရပ် ဖြစ်သောကြောင့်လည်း နှစ်ပေါင်းများစွာကြာသည့်တိုင် မပြင်မဆင် မပြောင်းမလဲ ရှိနေခဲ့ခြင်းလည်း ဖြစ်ဟန်တူပါသည်။

၎။ ယနေ. ရီဖောင်းဟု ပြောကြသောအခါ အချို. လူကြီးများက လူထပ်တိုးတောင်းရန် ပြင်ကြပါလိမ့်မည်။ အချို. ပညာတတ်တို.က လူလျော့ပစ်ရန် အကြံပြုပါလိမ့်မည်။ အချို.က လူ.စွမ်းအားအရင်းအမြစ်ထောင့်မှကြည့်ပြီး အချို.က သင်တန်းများ၊ ၀ပ်ရှော့များဖြင့် အရည်အချင်း မြှင့်တင်ရန် ရည်ရွယ်ကြသည်။ အမှန်စင်စစ် ရသမျှ လုပ်အားကို ညှစ်ထုတ်ယူနေကြသော အပြင်အဖွဲ.အစည်းများနှင့် လုပ်အားပြုန်းတီးမှု များလွန်းနေသော အစိုးရအဖွဲ.အစည်းများသည် နိုင်ငံအတွက် အကောင်းဟု ပြောရန် ခက်ပါသည်။ ပြင်တော့ ပြင်ကြရပေမည်။

၅။ လူတိုးခြင်း၊ လူလျော့ခြင်းတို.သည် အမှန်စင်စစ် ဖြစ်စဉ်တစ်ရပ်ကို ပုံဖေါ်နေခြင်းသာဖြစ်သည်။ အဘယ်ဖြစ်စဉ်နည်းဟု မေးလာလျှင် လုပ်ငန်းခွင်တစ်ရပ်၏ အကောင်းဆုံးရလာဒ်ကို အနည်းဆုံးသော လူအင်အား၊ အနည်းဆုံးသော ကုန်ကျစရိတ်ဖြင့် အတိုတောင်းဆုံးသော အချိန်တွင် ရရှိစေရန် ပြုပြင်ပြောင်းလဲရမည့်ဖြစ်စဉ်ဟုပင် ဖြေရပါမည်။ လွယ်လှသည်တော့မဟုတ်ပါ။ ထိုဖြစ်စဉ် ဖြစ်လာစေရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားကြသည်။ အချို.က အီးအေ (Enterprise Architecture) ကိုသုံးသည်။ အချို.က ဘီပီအာ (Business Process Reengineering) ကို အသုံးပြုသည်။ နာမည် မည်သို.တတ်ပါစေ။ ယခုပြောနေကြသော ရီဖောင်းကို ဆောင်ရွက်ခြင်းပင်ဖြစ်သည်။

၆။ မည်သည့် နည်းကို သုံးသည်ဖြစ်စေ၊ ရှေးဦးအာရုံစိုက်ရမည့် အရာသည် အဖွဲ.အစည်း၏ ပန်းတိုင် Mission and Vision(ဘာသာမပြန်တတ်၍ ပန်းတိုင်ဟု ခေတ္တ သုံးထားပါသည်၊ အားမရပါ) ပင် ဖြစ်ပါသည်။ ထို မစ်ရှင်ဗီးရှင်းကို လက်ရှိမည်သို. ချီတက်နေသည်ကို သေချာ ပြန်လည် စစ်ဆေးရပါမည်။ လက်ရှိ အလုပ်ဖြစ်စဉ် (Business Process) များ၊ ဒေတာစီးဆင်းမှုများ၊ နည်းဗျူဟာများကို ပုံပေါ်အောင်ကြည့်ရပါသည်။ လက်ရှိလုပ်ဆောင်နေသော မိုဒယ် (As Is Model ဟု ပြောကြပါသည်) အတွင်းရှိ ဖြစ်စဉ်ဖြစ်ရပ်များကို 'စက်စင်အောင်' လက်ကုန်ထုတ် သုံးသပ်လေ့လာရပါသည်။

၇။ ထိုသို. သုံးသပ်ပြီးလျှင် ဖြစ်လိုသော မိုဒယ် (To Be Model) ကို ရေးဆွဲရပါသည်။ သေချာသည်မှာ လက်ရှိ အလုပ်ဖြစ်စဉ်ကို သေချာ မလေ့လာခဲ့ပါက မည်သည့်နေရာကို တိုးမည်၊ မည်သည့်နေရာကို ဒေတာဗေ့စ် အဖြစ်ပြောင်းမည်၊မည်သည့်နေရာကို ကွန်ပျူတာ အကူအညီသုံး computerize လုပ်မည် စသည်ကို အခက်အခဲ တွေ.ရမည်သာဖြစ်သည်။ ထိုမိုဒယ်ရေးဆွဲခြင်းသည်လည်း ရှိရင်းစွဲ မိုဒယ်ကို အနည်းငယ်ပြုပြင်ရုံနှင့် အကောင်းဆုံး အလုပ်စီးဆင်းမှုဖြစ်စဉ်ရအောင် ကြံဆရပါသည်။ အဖွဲ.အစည်း၏ မစ်ရှင်ဗီးရှင်း ကို မလွတ်အောင်လည်း အာရုံစိုက်ရပါသည်။ မဖြစ်နိုင်သော မိုဒယ်ကို စကားလုံးအလှများသုံး၍ ပုံမဖေါ်မိစေရန်လည်း အာရုံထားရပါသည်။

၈။ Reform အတွက် အကျဉ်းမျှပြောမိသောအခါ အင်မတန်လွယ်ပါလားဟု ထင်စရာဖြစ်ပါသည်။ ထင်သလောက်မလွယ်ပါ၊ အင်မတန် ခက်ခဲသော 'ပညာရပ်' ဖြစ်ပါသည်။ တကယ်လုပ်ရသည် မဟုတ်ပဲ စက္ကူပေါ်တွင်ပင် လုပ်ငန်းတစ်ရပ်ကို ခွဲခြမ်း စိတ်ဖြာ ကြည့်ရသည်မှာပင် 'ခက်'နေလျှင် တကယ်လုပ်ချိန်၊ လူများကို စီမံခန်.ခွဲချိန်၊ ဖြစ်စဉ်ကို အကောင်အထည်ဖေါ်ချိန်တွင် အင်မတန်ခက်ပါသည်။ (ဥပမာတစ်ရပ်ပဲ ပြောပါမည်။ လူကိစ္စမဟုတ်ပါ။ လုပ်ငန်းခွင် အချို.နေရာများကို computerize လုပ်မည်ဆိုလျှင် ပြင်ပမှာငှား outsourcing သုံးမည်လား၊ open source သုံးမည်လား၊ အင်မတန် စဉ်းစားရခက်ပါသည်။ ကွန်ပျူတာ သမားများ နားလည်ပါသည်) အပြောင်းအလဲကို လက်ခံချင်သူ၊လက်မခံချင်သူ၊ အစီအစဉ်ဟောင်းတွင် အလုပ်ဖြစ်နေသူ၊ အစီအစဉ်သစ်တွင် အံမ၀င်သူ၊ ဘယ်လိုမှသုံးစားမရသူ၊ စသည်စသည်သော အမျိုးမျိုးဖြစ်သည့် လူများ၊ ဖြစ်စဉ်များကို နေရာချထားရခြင်းသည် အင်မတန်ခက်ပါသည်။

၉။ ထို.ကြောင့်လည်း ရီဖောင်းနာမည်တတ်၍ လူတိုးတောင်းရန်စဉ်းစားကြခြင်းသာ ဖြစ်ပါမည်။ နဂိုလေးလံသော ၀န်ထုတ်ဝန်ပိုးဝယ် ပို၍လေးရန် ထပ်ဆင့်ခြင်းသည် ရီဖောင်းမဟုတ်ပါ။ အသုံးမ၀င်ဟု ထင်ရသော လူတို.ကို ဖယ်ရှားခြင်းသည်လည်း ရီဖောင်းမဟုတ်ပါ။ အထူးသဖြင့် အပြောင်းအလဲကို ဗန်းပြ၍ ကိုယ်ကျိုးထုတ်ရန် စဉ်းစားနေသော အထက်ပိုင်းများရှိနေလျှင် တိုင်းပြည် 'နာ' ပါသည်။ သင်းတို.ခန်.ထားတာမဟုတ်ဘူး၊ ငါ့ကို သင်းတို.ထုတ်လို.မရဘူးဆိုကာ အလုပ်မလုပ်ပဲ နေသော အငယ်ဝန်ထမ်းများရှိလျှင် လုပ်အား'နာ'ပါသည်။ တာဝန်ယူမှု၊တာဝန်ခံမှု၊ ကိုယ်ကျင့်တရား စသည်ဖြင့် မထွန်းကားပဲ ရီဖောင်းကိုသာ စွတ်လုပ်လျှင်လည်း အဆင်မပြေနိုင်ပါ။

၁၀။ ပြောခဲ့သမျှသည် ခက်ခဲသော အလုပ်ကို လွယ်လင့်တကူ မပြောမိ မလုပ်မိစေရန်သာဖြစ်ကြောင်း၊ ခက်ခဲသည်ဟု မလုပ်ပဲနေလျှင်လည်း အဆင်ပြေမည်မဟုတ်ကြောင်းနှင့် 'မင်းတို.ပရိယာယ်၊ ငတင့်တယ်၊ နားဝယ်မလည်ရာ' ဖြစ်၍သာ ပြောမိပါကြောင်း၊ ထို.ထက်ပို၍ ဆိုရန်မရှိပါကြောင်း။

အတ္တများနှင့် ဆရာဝန် -၁


၁။ အသိတစ်ယောက် ရေးသော မှတ်ချက်ကို သဘောကျ၍ စပြောရပါမည်။ 'ဒီစကားပြောလို. အခြားသူများနှင့် အခင်မင်ပျက်ရလည်း ၀မ်းမနည်းပါ' ဟု ဆိုပါသည်။ ဆက်ပြောမည့် အကြောင်းအရာများကိုလည်း 'ထိုသို.ပင်' သဘောထားစေချင်ပါသည်။

၂။ ကျန်းမာရေး ကိစ္စများနှင့် ပတ်သက်၍ ပြောကြဆိုကြသည့်အခါ မည်သူမှ စနစ်တကျ သုတေသန ပြုထားသော ရလာဒ်ကို ပြောကြသည် မဟုတ်ပဲ စိတ်မှန်းနှင့် 'ရမ်းတုတ်' နေကြသည်သာ များပါသည်။ (ကိုယ်ကိုယ်တိုင်လည်း ရမ်းတုတ်ခဲ့ရပါသည်) ရမ်းတုတ်ကြသည်အတူတူ ဖြစ်သော်လည်း ဖြစ်နိုင်သမျှ ထောင့်ပေါင်းစုံမှ အနီးစပ်ဆုံး တွေးစေချင်ပါသည်။ ဥပမာ ဆိုပါမည်။ နောက်ပေါက် ဆရာဝန်လေးများ အရည်အသွေးကျဆင်း လာသည်ဟု ဆိုကြပါသည်။ ကျောင်းသားများစွာကို ဆရာအင်အား မလောက်မငပဲ ရရှိသော အချိန်နည်းနည်းကလေးဝယ် အလျှင်အမြန်မွေးထုတ်ရသဖြင့်ဟုလည်း ဆိုကြပါသည်။ အမှန်စင်စစ်မူ အရည်အသွေးကျဆင်းလာသည်ဆိုသည်ကလည်း စနစ်တကျ တိုင်းတာထားခြင်းမျိုးမဟုတ်။ (ညံ့ဖျင်းသူများ အတွေ.များလာသည် ဆိုသော်လည်း ယခင်ဆရာများလည်း အစဉ်အဆက် ထိုသို.ပြောသံကြားခဲ့ဘူးပါသည်) ဆရာအင်အားကြောင့်၊ အချိန်နည်းနည်းကြောင့် ဘာကြောင့်ညာကြောင့်များသည်လည်း စနစ်တကျ တိုင်းတာတွက်ချက်ထားသည်မဟုတ်ပဲ ဖြစ်နိုင်ချေရှိသော အကြောင်းရင်းများကို အတွေ.အကြုံအရသာ မှန်းဆ၍ထားသော အကြောင်းများ ဖြစ်ပါသည်။ ထိုသို. မှန်းချက်နှင့် ရှာထားသော အကြောင်းရင်းများကို 'အတည်အဖြစ်' ယူဆလိုက်သောအခါ ဆရာဝန်မွေးထုတ်များ၏ အရည်အသွေး ပြည့်ဝစေရန် ပြင်ဆင်မည်ဆိုသောအခါ 'မှန်းဆအကြောင်းရင်းများကို အမှန်အဖြစ် ပြင်ဆင်ရန် အားထုတ်ခြင်း' သည် မှန်ကန်သော အားထုတ်ခြင်း ဖြစ်ပါ၏လော ဆင်ခြင်စေချင်ပါသည်။ သို.သော် မလုပ်သည်ထက် လုပ်သည်က တော်သေးသည်ဟုပဲ ချီးကျူးရပါမည်။

၃။ ယခု ဆက်ပြောမည့် အရာများသည်လည်း စနစ်တကျ သုတေသန ပြုထားသည်မဟုတ်ပဲ 'ထင်လုံး' များသာ ဖြစ်ကြောင်း ၀န်ခံလိုပါသည်။ သူတပါး၏ ထင်လုံးများကို ချေပရန် ထင်လုံးများကို ပြန်လည် အသုံးပြုခြင်းသည် သင့်လျော်လျောက်ပတ်သော အပြုအမူ မဟုတ်ဟု ယူလိုက ယူနိုင်ပါသည်။ သို.ရာတွင် လူ.သဘောသဘာဝကို အခြေခံ၍ ထောင့်စုံနိုင်သမျှ စုံအောင်တွေးတောနိုင်စေရန် အားထုတ်ထားပါသည်။ အထူးသဖြင့် ကိုယ့်ဘက်တစ်ဘက်တည်းကိုသာကြည့်၍ ထင်လုံးများကို အဟုတ်လုပ်၍ 'ငိုတတ်တဲ့ ကလေး မုန်.စားရ' စေရန် အော်နေသော ငရမန်ဆရာဝန်များအတွက် 'ဖြစ်နိုင်ချေ ရှိသော ထင်လုံးများကို အမှန်တကယ်လက်ရှိအနေအထားပေါ် ထင်ဟပ်၍' ပြောပြလိုသည်များ ရှိလာပါသည်။

၎။ ယခင်က ဆရာဝန်မွေးထုတ်မှန်သမျှကို တိုင်းပြည်၏ လိုအပ်သော နေရာတွင် ခန်.ထားရန်နိုင်အတွက် အလုပ်ဝင်မှ ဆေးကုသခွင့် လက်မှတ် 'ဆမ' ထုတ်ပေးခဲ့ပါသည်။ ယခု မွေးသမျှ မခန်.နိုင်တော့ပါ။ ထိုအခါ ဆမအတွက် သင်တန်းတစ်ခုဖြင့် ဆောင်ရွက်ပေးရပါသည်။ ထိုကိစ္စများတွင် မှန်သည်မှားသည် ပြောရန်မရှိပါ။ သို.ရာတွင် အလုပ်လက်မဲ့ဆရာဝန် ဟုပြောကြတိုင်း 'အူထဲကယား' ပါသည်။ ဟိုးရှေးယခင်ကျောင်းသားကြီးများသည် တတိယနှစ်ပြီးသည့်အခါ (ဆရာဝန်များ အလွန်လိုအပ်သော ကာလက ဖြစ်ခဲ့သောကြောင့် တရားဝင်သည် မ၀င်သည်အပထား) ပြင်ပ ဂျီပီ ဖွင့်နိုင်ခဲ့သည်ဟု ပြောသံကြားဘူးပါသည်။ ယခု ဘွဲ.လက်မှတ်၊ ဟောက်စ်ဆာဂျင် ကွန်ပလိရှင်း၊ ဆမ စသည်ဖြင့် လက်နက်ကြီးငယ် အပြည့်အစုံတပ်ဆင်ပေးထားသည့်တိုင် 'နို.သက်ခံ စို. ' ချင်နေသကဲ့သို. အလုပ်လက်မဲ့ဖြစ်ရပါသည်ပြောသောအခါ နားလည်ရန်အတော်ခက်ရပါသည်။ ဆရာဝန်မွေးထုတ်သမျှ အစိုးရက ခန်.အပ်နိုင်သော နိုင်ငံရှိလျှင်ပြောပြစေချင်ပါသည်။ တစ်နိုင်ငံလောက်ကို ရှာလာပြီး လာပြောမည်စိုး၍ ကမ္ဘာပေါ်ရှိ နိုင်ငံမည်မျှ ဆိုသည်ကိုပါ ရှာလာစေချင်ပါသည်။ ကမ္ဘာ. စံနှုန်း တစ်ခုတလေကို ဆွဲဆွဲထုတ်လာပြီး အော်အော်နေသည့်အခါလည်း စိတ်ညစ်ရသော်လည်း ဤကိစ္စကို ခေတ္တချထားခဲ့ပါမည်။

၅။ ယခင်ကိုပဲ ပြန်သွားရပါမည်။ ယခင်ခေတ်က မွေးထုတ်သောဆရာဝန်များသည် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရမည်မှာ အသေအချာဖြစ်၍ အလုပ်မ၀င်လျှင် 'ဆမ' ထုတ်မပေးရေးမူချခဲ့သည်ကို အပြစ်ပြောခဲ့ကြသော်လည်း 'အလကားမတ်တင်း' နှင့် အဆင့်မြင့် ပညာများကို သင်ကြားပေးခဲ့ကြသည်ကိုတော့ 'ရူးချင်ယောင်ဆောင်' နေသကဲ့သို. ယနေ.အထိ အမွေပါလာသည်ကိုလည်း မေ့ချင်ယောင်ဆောင်ကာ ဘောင်းထိုးခဲ့ရသည်ကိုပဲ ထပ်ပြန်တလဲလဲ 'အော်ကြဟစ်ကြ အရေးဆိုကြ' ပါသည်။ ဘောင်းကိစ္စသည် 'မထိုးမဖြစ် အကျပ်ကိုင်၍ ထိုးခဲ့ရသယောင်' ပြောကြပါသည်။ တကယ်တော့ မကျေနပ်လျှင် ဘောင်းမထိုးရုံသာဟု ပြောလျှင် ရွဲ.ပြောသည် ထင်ကြပါမည်။ အကျပ်ကိုင်သည် ဆိုကြပါမည်။ တကယ်တော့ တိုင်းပြည်က အလကားနီးပါး သင်ကြားပေးနေသော ဆရာဝန်ပညာရေးသည် (ယခုအထိ တစ်လရှစ်ရာမျှသာရှိပါသည်) တိုင်းပြည်အတွက် အရှုံးခံ၍ မွေးထုတ်နေရခြင်းသာဖြစ်ပါသည်။ ဆရာဝန်သစ်လွင်တစ်ဦး မွေးထုတ်ရန်မှာ တိုင်းပြည်အတွက် ၁၅သိန်းခန်. ကုန်ကျ၍ လျှော်ကြေးတောင်းလျှင် ၁၀သိန်းသာ ဖြစ်သည်ကို 'ဈေးတွက် တွက်လိုသော အီကောနောမစ် ဆရာဝန်လေးများ' အားပြောလိုပါသည်။ ဘောင်းထိုးစဉ်က 'ပြီးပြီးရော ဖတ်၍ပင်မကြည့်ပဲ' ထိုးခဲ့ကြ၍ လွယ်လင့်တကူပင်မေ့လိုက်ကြပါသည်။ ထိုဘောင်း အသက်ဝင်ချိန် ရောက်လာသောအခါ မတရားပါဟု အော်ကြပါသည်။

၆။ တိုင်းပြည်ကို ချစ်လွန်းလို.ဟု အော်နေရန် အချိန်အခါ မဟုတ်တော့သည်ကို နားလည်ပါသည်။ တိုင်းပြည်အကြောင်း၊ စနစ်အကြောင်း ဆဲနေကြသည်ကို နားစိုက်ကြည့်လျှင် ကိုယ့်ဘက်မှ ရှုထောင့်တစ်ခုတည်းကိုသာ အာရုံစိုက်၍ အခြားသော ဘက်မှ 'ရှုကြည့်' နိုင်ရန် အားထုတ်ကြသည်ကို မတွေ.မိသလောက်ပင်ဖြစ်ပါသည်။ အပေးအယူ ကိစ္စဟု ယူဆလျှင်လည်း 'ကိုယ်ယူခဲ့သည်ကိုတော့' မမေ့ကြစေချင်ပါ။ စနစ်တွင်အားနည်းချက်များ၊ ခေတ်နှင့် မကိုက်ညီသည်များ ရှိသည်ကို ၀န်ခံပါသည်။ အရာရာတိုင်းကို ခေတ်စနစ်အား 'ပုံချ' ရန်တော့ မဖြစ်နိုင်ပါ။ လူတိုင်း၏ လိုအင်နှင့် ကိုက်ညီသော စနစ်ဆိုသည်ဖြင့် မရှိနိုင်ပါ။ အတ္တကို အခြေပြုစဉ်းစားသော ဆရာဝန်အချို.အတွက် ဆရာဝန်အားလုံးကို ၀ါးလုံးရှည်ဖြင့် ယမ်းသလိုဖြစ်မိပါက တောင်းပန်ရပါမည်။ မသက်ဆိုင်သူများကို တောင်းပန်ခြင်း ဖြစ်သော်လည်း သက်ဆိုင်သူများကိုမူ အခင်မင် ပျက်ရလည်း ၀မ်းမနည်းပါဟု ထပ်မံ၍ ဆိုပါမည်။

(ဆက်ပါမည်)

အတ္တများနှင့် ဆရာဝန် -၂


၇။ အမှန်တကယ် ပြောရန်ရည်ရွယ်ထားသည်ကို ကြားဖောက်၍ ပြောရပါမည်။ ဗဟိုချုပ်ထိန်းမှု ဖြေလျှော့ခြင်း Decentralization အကြောင်း ဖြစ်ပါသည်။ သိလွန်း၍ ပြောရသည်မဟုတ်ပါ။ သီအိုရီ မည်သို.ပင်ရှိသည်ဖြစ်စေ၊ 'ရှင်းရှင်းပြတ်ပြတ် စဉ်းစားမှု' ကို ဘေးသို. ဖယ်ထုတ်၍ ကြားဘူးနားဝနှင့် လုံးဝမကြားဘူးသူတို.၏ 'နားကိုရှုပ်တွေးစေရန်' ထင်ယောင်မှား ပြောနေကြခြင်းကို ဆင်ခြင်နိုင်စေရန် ရည်ရွယ်ပါသည်။ သီအိုရီများကို လည်း အခြေခံပါ။ တိုင်းပြည် လက်ရှိအနေအထားကိုလည်း မျက်ကွယ်မပြုပါနှင့်။ ကိုယ်ပိုင်ဆင်ခြင်ဥာဏ်ကိုလည်း အသုံးပြုပါဟု အကြံပေး တိုက်တွန်းလိုပါသည်။

၈။ ဒီစင်ထရယ်လိုက်ဇေးရှင်း ဟု ပြောကြလျှင် အမှန်စင်စစ် Democratic Decentralization ကို ယေဘုယျ ဆိုလိုပါသည်။ ဖွင့်ဆိုချက်ကို အခြေခံ၍ ပြောရလျှင် ဗဟိုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရ တို.အကြား၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရတို.နှင့် ပြည်သူပြည်သားတို.အကြား ဆက်နွယ်မှု အစဉ်တစိုက် ဖွံ.ဖြိုးတိုးတက်မှု ဖြစ်စဉ်ပင်ဖြစ်ပါသည်။ (စာလေးလျှင်လည်း သည်းခံကြပါရန် တောင်းပန်အပ်ပါသည်) 'တိုင်းဒေသကြီး/ပြည်နယ် အစိုးရတို.နှင့် ပြည်သူပြည်သားတို.အကြား' ဆိုသည့် စာသားကို အလေးအနက်ဆိုပါသည်။ ယနေ.အာရုံစိုက်ပြောနေကြခြင်းမှာ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအကြား လုပ်ပိုင်ခွင့်အာဏာ လွှဲပြောင်းရေးကိုသာ အာရုံစိုက်၍ ပြောနေကြခြင်းဖြစ်ပါသည်။ တနည်းပြောလျှင် အာဏာယူမှုကိုသာ မြင်၍ တာဝန်ယူမှုကို မမြင်သည့်သဘောဟု ဆိုချင်ပါသည်။

၉။ ဒီစင်ထရယ်လိုက်ဇေးရှင်းကို ရိုးရိုးရှင်းရှင်း ဖွင့်ဆိုရလျှင် အခွင့်အာဏာ Authority တာဝန်ခံမှု Responsibility နှင့် စာရင်းရှင်းနိုင်စွမ်း Accountability တို.ကို လွှဲပြောင်းပေးအပ်ခြင်းပင်ဖြစ်ပါသည်။ နာမည်တပ်လျှင် သုံးမျိုး ရှိပါသည်။ အုပ်ချုပ်မှုဆိုင်ရာ၊ ဘဏ္ဏာရေးဆိုင်ရာနှင့် စီမံကွပ်ကဲမှုဆိုင်ရာ (Administrative, Financial and Political Decentralizations) တို.ဖြစ်ပါသည်။ အုပ်ချုပ်မှုဆိုင်ရာ ဗဟိုလျော့ခြင်းသည် တာဝန်ခံမှု (Functional Responsibility) ကိုပြောပါသည်။ ဘဏ္ဏာရေးဆိုင်ရာ ဗဟိုလျော့ခြင်းသည် အရင်းအမြစ်များ (access to resources) ကိုပြော၍ စီမံကွပ်ကဲမှုဆိုင်ရာဗဟိုလျော့ခြင်းသည် စာရင်းရှင်းနိုင်စွမ်း (Accountability) ကို ဆိုလိုပါသည်။ အကြမ်းမျှပြော၍ မိမိတို.နှင့် ဆိုင်ရာ ကျန်းမာရေး ကိစ္စကိုသာ ပြောပါမည်။

၁၀။ ကျန်းမာရေးဆိုင်ရာကိစ္စတို.တွင်လည်း အုပ်ချုပ်မှုအာဏာကို အသုံးပြုရသော ကိစ္စတို.ရှိပါသည်။ ဘဏ္ဏာရေးဆိုင်ရာကိစ္စတို.ရှိပါသည်။ စာရင်းဇယားဆိုင်ရာ ကိစ္စများရှိပါသည်။ အကယ်၍ ဒီစင်ထရယ်လိုက်ဇေးရှင်းလုပ်မည်ဆိုလျှင်လည်း ထိုကိစ္စရပ်များသည် ဆေးရုံဆေးခန်းဆိုင်ရာတာဝန်ခံများဆီသို. 'အလုံးစုံ ပုံ၍' ရောက်လာမည်မဟုတ်ပဲ ဒေသဆိုင်ရာ အာဏာပိုင်များမှ တဆင့်သာ ခွဲဝေပေးအပ်ရမည်ဖြစ်ပါသည်။ နောက်မှလာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲမည်ဟု မဆိုချင်သော်လည်း ယနေ. သုံးရပ်သောအာဏာခွဲဝေ ကျင့်သုံးမှုတွင် အသားမကျသေးသော (မျက်စိမှိတ်ငြင်းလိုက ငြင်းပါလေ) အနေအထားတွင် ကျန်းမာရေးဆက်တာအတွက် ရင်လေးရပါသည်။ ဒီစင်ထရယ်လိုက်ဇေးရှင်း၏ အနှစ်သာရမှာ ပြည်သူပြည်သားတို.အတွက် transparency, accountability ရရှိရန် ဗဟိုနှင့် ပြည်သူဝေးကွာနေမှု လျော့နည်းရန်အတွက် ဒေသအာဏာပိုင်တို.၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန်သာဖြစ်ပါသည်။ ဆရာဝန်နှင့် ပြည်သူ citizen တိုက်ရိုက်ထိတွေ.မှုတွင် 'အသားကျနှင့်ပြီးသော ကျန်းမာရေးနယ်ပယ်' တွင်မူ လုပ်ပိုင်ခွင့်အာဏာ၊ ဘဏ္ဏာရပ်ဆိုင်ရာ၊ စာရင်းဇယားဆိုင်ရာတို.တွင် ဒီစင်ထရယ်လိုက်ဇေးရှင်းမှ ထူးခြားသော ဖွံ.ဖြိုးမှု ရနိုင်ပါမည်လော ဆင်ခြင်သင့်ပါသည်။ (ဒီစင်ထရယ်လိုက်လုပ်ခြင်းကို ငြင်းပယ်နေခြင်းမဟုတ်ပဲ ကျန်းမာရေးနယ်ပယ်အတွက် စဉ်းစားနေခြင်းဖြစ်ကြောင်း သတိချပ်ပါလေ)

၁၁။ အထူးသဖြင့် ဒီစင်ထရယ်လိုက်လုပ်ခြင်းသည် ကွဲပြားခြားနားသော ဒေသအသီးသီးရှိ ပုဂ္ဂလိကဆိုင်ရာတို.အတွက် accountability ဖွံ.ဖြိုးစေရန် ရည်ရွယ်ခြင်းသာ ဖြစ်သည်။ ဥပမာဆိုသော် စိုက်ပျိုးရေးဖွံ.ဖြိုးသော ဒေသနှင့် တောင်ပေါ်ဒေသတို.အတွက် မူဝါဒ၊ အခွန် စသည်တို. တူညီနေရန် မဖြစ်နိုင်၍ လိုအပ်သော အခွင့်အာဏာတို.ကို 'သူ.အရပ်နှင့် သူ.ဇာတ်' မျှတစေရန်ခွဲဝေပေးရခြင်းကို 'ဗဟိုချုပ်ကိုင်မှု တင်းကြပ်လွန်းသည်ဟု အော်ဟစ် အပြစ်တင်၍ ကောင်းသည့် စကားလုံးများသုံးကာ' ပြောချင်ရာပြောနေခြင်းသည် အင်မတန်ရှက်စရာကောင်းပါသည်။ ဆရာဝန်သည် ဆေးကုသခွင့် မရှိလျှင်ပြောပါ။ ပိုက်ဆံမရခြင်းသည် ခွဲမပေး၍ မဟုတ်ပါ။ မရှိ၍ မရခြင်းသာဖြစ်သည်။ ကျန်းမာရေးအတွက် ရသမျှဘတ်ဂျက်ကို 'ဆေးများစုပြုံဝယ်ကာ ဆေးကုသရေးအတွက်ပဲသုံးမည်' ဟု ကလေးပေါပေါသည့် အတွေးနှင့် ဒီစင်ထရယ်လိုက်လုပ်မည်ဆိုလျှင်တော့ လူရီပါလိမ့်မည်။ ဆရာဝန်သည် ဆေးကုသရပါမည်။ သို.သော် ဆေးကုသခြင်းသက်သက်သည်သာ ဆရာဝန်အလုပ်မဟုတ်ပါ။ ဖိုင်နယ်ပါ့ဝမ်း ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာတွင်သင်ခဲ့သော တီအမ်အို၏ တာဝန်ဝတ္တရားများကို မေ့ကုန်ကြပြီထင်ပါသည်။ ထိုတာဝန်ဝတ္တရားတို.ကို လုပ်ပိုင်ခွင့်မရှိလျှင်အော်ပါ။ ကျန်းမာရေးဘတ်ဂျက်ကို ပြည်နယ်အရေအတွက်၊ ဆေးရုံအရေအတွက်နှင့်စားကာ 'ဒီငွေတွေ တို.လက်ထဲထည့်ပါ၊ ငါတို.လုပ်ပြပါ့မယ်' ဆိုသည့် စကားမျိုးကိုကြားရသည့်အခါ ဘာပြောရမည်ပင်မသိပါ။ အခွင့်အာဏာ၊ ငွေကြေး စသည်တို.ကို ခဏဘေးဖယ်၍ တာဝန်ခံမှုလေးတစ်ခုလောက်ပဲ ကြိုးစားကြည့်ပါဟု တိုက်တွန်းလိုပါသည်။ ရွဲ.သည်မဟုတ်ပါ။ ဗဟိုသို. တက်လာသော စာရင်အင်းများကိုပင် မည်သို.အပူတပြင်း ဖြည့်ခဲ့သည်ကို ကိုယ့်ဘာသာသိပါသည်။ ကိုယ် ငွေကြေးဆိုင်ရာစာရင်းဇယား မနိုင်တာ ကိုယ်ပဲသိပါသည်။ တို.က ဆရာဝန် ၊ဒါတွေ မဆိုင်ဘူးပြော၍ မရပါ။ ဆရာဝန်တစ်ယောက်သည်အရာရှိဝန်ထမ်းတစ်ယောက်၏ တာဝန်ပါယူရပါမည်။ ဖြေရှင်းနိုင်ပါသလားဟု ရိုးရိုးသားသား တွေးကြည့်စေလိုပါသည်။ ပြီးမှ ဒီစင်ရယ်လိုက်လုပ်ရန်စဉ်းစားပါလေ။

၁၂။ ဒီစင်ထရယ်လိုက်ဇေးရှင်းသည် ပညာရပ်တစ်ခု ဖြစ်ပါသည်။ ဒီဇိုင်းဆင်ရပါသည်။ ပရောဂျက်ဆွဲရပါသည်။ 'ရော့၊ အင့်' ဟု လုပ်၍ မရသည်ကိုသိစေချင်ပါသည်။ လွယ်လွယ်တွေး၊ လွယ်လွယ်ရေးကာ ပြည်သူကို အသိမှားအမြင်မှားပေး၍ ပြောချင်သလိုပြောနေလျှင် လူနာအသက်ဆုံးသည်ထက် ပို၍ နစ်နာပါသည်။ တိုင်းပြည်ကိစ္စဖြစ်ပါသည်။ မသိသည်ကကိစ္စမရှိပါ။ သိအောင်ကြိုးစားလျှင်ရပါသည်။ လွယ်လွယ်ပြောသည်ကိုတော့ မကြိုက်ပါ။ အထူးသဖြင့် ကိုယ်နားမလည်သောကိစ္စရပ်များကို 'လေဖမ်းဒါန်းစီးကာ' ငါသာအသိငါသာအတတ်လုပ်နေသော အတ္တများနှင့် ဆရာဝန် အချို.အား တောင်းပန်လိုက်ရပါသည်။

(ဆက်ပါမည်)

ဆရာဝန် ဘက်က တုတ်ဓား ဆွဲမယ်


၁။ သမုတိ အတွက်
င၀က်က ဒဏ်ခံ
အထက်က အတန်တန်ကို
ရွှေနန်းစံမသိ။
(အချုပ်တန်း ဆရာဖေ)

၂။ ဆရာဝန်များအကြောင်း ရေးပါများလွန်းလာသောအခါ ကိုယ်ကပဲ ရန်စွယ်ငေါငေါ ဖြစ်နေပြီလားမသိ။ အမှန်တော့ အဖြစ်အပျက်၊ သဘောသကန်တို.ကို (လုံးဝ အမှန်ဟု မပြောရဲသည့်တိုင်) အမှန်တရားနှင့် အနီးစပ်ဆုံးတူအောင် အားထုတ်ကြည့်မိခြင်းသာဖြစ်သည်။ သို.တည်းမဟုတ်ပါက ဆရာဝန်များအနေနှင့် 'ဒီခေတ်တွင် မယ်ကြည်အောင် ဆယ်ပြည်ထောင်ချော့တော့ မပြုံး' ဖြစ်နေသည်မှာ ကြာပါပြီ။ မပြုံးရချင်နေပါစေ၊ မမဲ့ကြစေဖို.ရန် ဤစာကို ရေးရပါသည်။

၃။ မိဘများကို အပြစ်တင်လည်းလည်း ငရဲကြီးပါလိမ့်ဦးမည်။ သို.သော် အများစုသော ဆရာဝန်တို.မှာ '၀ါသနာဘာဂီ ဆက်တိုင်းမှီသောကြောင့်' ဆေးကျောင်းသို. တက်လာကြခြင်းမဟုတ်ပါလေ။ မိဘတို.က သားသမီးနောင်ရေး စိတ်အေးစေရန် ပညာအမွေကို ပေးတော်မူကြသော်ကြောင့် ကိုယ့်ဝါသနာ'ဘာ'ဟု မကွဲပြားခင် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ကြီးသို.ရောက်လာ ပစ်ချ ခံရပါသည်။ သို.သော် ၀ါသနာကိစ္စ ကို ပြောလိုရင်းမဟုတ်ပါ။ ဆရာဝန်ဖြစ်လာသည်မှာ 'မေတ္တာတော်အထူး' ပါလာသော ဆူပါ့ဆူပါ လူစွမ်းကောင်းများ၊ အနစ်နာခံသူရဲကောင်းများဟု ထင်နေကြသော အချို.သော လူများ 'သတိထားမိတော်မူစေရန်' နောက်ကြောင်းလှန်ပြရခြင်းဖြစ်ပါသည်။ မေတ္တာတော် အထူးပါမလာသော်လည်း သူတစ်ဖက်သားအား ဘေးဥပါဒ် အန္တရာယ် မဖြစ်စေရန်ကြိုးစား၍ မိမိတာဝန်ကို ကျေပြွန်စေရန် ထိုက်လျောက်သော အားထုတ်သမှု ပြုကြလျှင် ကျေနပ်ကြပါလော့ဟု တောင်းပန်လိုပါသည်။

၎။ သားလေးကြီးရင် ဘာလုပ်မယ် ဟု မေးလျှင် အရွယ်တော်တော်ရောက်လာသောအခါ ဆရာဝန်လုပ်မယ်၊ အင်ဂျင်နီယာလုပ်မယ်ဟု သာဖြေကြပါသည်။ ဈေးသည်လုပ်မည်၊ ဆိုက်ကားနင်းမယ်ဟု မဖြေကြပါ။ မဖြေတတ်၍ မဟုတ်ပါ။ ဖြေမိလျှင် အတီးခံရဘူး၍ သာဖြစ်ပါမည်။ (ဆရာဝန်ထက် 'သာ' တာ လုပ်ပြမယ်ဟူသော ကလေးတစ်ယောက်တွေ.ဘူးပါသည်။ ဘာလဲ ဆိုတော့ ဆူပါမင်းတဲ့။ ဟုတ်တုတ်တုတ်) နောက်တစ်ခေတ်တွင်တော့ ဆရာဝန်လုပ်ခိုင်းသော မိဘနည်းစေချင်ပါသည်။

၅။ ဆရာဝန် ၀န်ထမ်းလုပ်သည့်အခါတွင်လည်း အပိုဝင်ငွေကို (ကိုယ့်အားကိုယ်ကိုး ဂျီပီထိုင်ခြင်းဖြင့်သာ) ရှာရပါသည်။ သူများ အရာရှိအရာခံများဖြစ်လာလျှင် (ဥပမာ အင်ဂျင်နီယာထားပါ) ရာထူးနှင့်အတူ (လုပ်ပိုင်ခွင့်ဟု နာမည်တပ်ထားသော) အခွင့်အလန်းများပါတွဲပါလာပါသည်။ အမှန်စင်စစ် 'ပေး' စားစေခြင်းသာဖြစ်ပါသည်။ ဆရာဝန် နေရာကောင်းရသည်ဆိုခြင်းမှာ ဂျီပီကောင်းသော အရပ်သို. ပို.ခြင်းသာဖြစ်ပါသည်။ အလိုလိုတွဲပါလာသော ၀င်ငွေဟူ၍ မရှိပါ။ (မနာလို၍သော်လည်းကောင်း၊ မကျေနပ်၍ သော်လည်းကောင်းပြောခြင်းမဟုတ်ပါ။ အရှိကို အရှိအတိုင်းပြောခြင်းသာဖြစ်သည်။ သံထွေခဲများကို မြိုခြင်းဟုသာ နာမည်ပေးပါသည်။)

၆။ ၀င်ငွေကြောင်းပြောသည့်အခါ 'ငွေမက်သော ဆရာဝန်များ'ဟု ခေါင်းစဉ်တပ်ပါမည်။ ငွေမမက်သူ ရှိလျှင်ပြောကြစေချင်ပါသည်။ ကြိုးစားအားထုတ်ခဲ့ရသည်နှင့်စာလျှင် နည်းပါသေးသည်ဟု ပြောလျှင် ၀ိုင်းဆဲကြပါမည်။ ကိုယ့်အသက်ကို ကိုယ်ဘယ်လောက် တန်ဖိုးဖြတ်လဲဟု သာ မေးချင်ပါသည်။ ခေါင်းတစ်ချက်ညိမ့်လိုက်လျှင် ငွေတဖြောဖြောဝင်လာသော ပုဂ္ဂိုလ်များအား ဘုရားထူးကာ ကိုယ့်အသက်ရှည်ရေး အတွက် မဖြစ်စလောက်လခလေးနှင့် နေ.မအိပ်ညမအိပ် ဆောင်ရွက်ပေးနေသော ဆရာဝန်များအား 'နင်ပဲငဆ' ပြောနေကြသည်မှာ ဘယ်အငြိုးနှင့်ပါနည်း။

၇။ ဆရာဝန်သည် ၀န်ဆောင်မှု ပေးရသော လူဟု ဆိုကြပါသည်။ အချို.ဆရာဝန်များက နာကြပါသည်။ နာရန်မရှိပါ။ မှန်ပါသည်။ ၀န်ဆောင်မှုပေးရသော လူဖြစ်ပါသည်။ သို.သော် မြန်မာနိုင်ငံအတွက်မူ 'အသက်နှင့် ပတ်သက်သော ၀န်ဆောင်မှု'ကို မတန်ရင်ကာငွေလေးနှင့် လုပ်ပေးနေရသော ကမ္ဘာ့ ရှာမှရှား လူသားများဖြစ်ပါသည်။ ဈေးဆိုင်ဝန်ဆောင်မှု၊ အလုပ်အကိုင်ဝန်ဆောင်မှုကဲ့သို. သဘောထားကာ မကြိုက်လျှင် မလာပါနှင့်။ ကြိုက်ရာနိုင်ငံသွားပါ။ နိုင်ငံခြားက ဘယ်လိုဘယ်ဝါ လာမပြောပါနှင့်။ ၀န်ဆောင်မှုဟု ပြောပြီး ၀န်ဆောင်နိုင်မှုနှင့် 'တန်'အောင် တောင်းတော့ အတင်းတုတ်သည်။ တရားပါ၏လော။

၈။ ဆရာဝန်များ ကျီးလိုအာသည်ဆိုကြပါသည်။ အာပါသည်။ ဘုရားရှင်ကပင် ဆွေမျိုးများအတွက် သစ်ပင်ဝါးပင်ခေါင်းပါးသော နေပူတွင်ထိုင်ကာ ဆွေရိပ်မျိုးရိပ် အေးမြကြောင်း သက်သေ ပြတော်မူခဲ့ပါသည်။ ဆရာဝန်သည် မိမိဆွေမျိုးပင်ဖြစ်ပါသည်။

၉။ ကိုယ့်အလုပ်ကိုယ်လုပ်ရင်ပြီးတာပဲ။ ဥပေက္ခာပြုလိုက်ပါဆိုသော ဆရာဝန်ကြီး အချို.ရှိပါသည်။ သဘောမတူပါ။ အမှားပြောပါများလာသောအခါ အမှန်ထင်၍ ဆေးရုံသို.မလာရဲပဲ အပ်ပုန်းနှင့်ကုကာ သေသွားလျှင် လူနာဒုက္ခရောက်ပါမည်။ တတ်တိုင်၍ ၀က်ခြံကို အနာလုပ်ကာ နိုင်ငံခြားသွားကုရင် တိုင်းပြည်ဝင်ငွေ နာပါသည်။ ဆရာဝန်များ မပြောအဆိုကြောက်၍ မလိုအပ်သော ငွေကုန်များသည် စစ်ဆေးစမ်းသပ်မှုများလုပ်လာလျှင် လူနာစီးပွားရေး ထိခိုက်ပါမည်။ ဥပေက္ခာမပြုနိုင်ပါ။ လိုအပ်လျှင် (ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသူများအား) တုတ်ဓားဆွဲ၍ ရင်ဆိုင်သင့်လျှင် ရင်ဆိုင်ပါမည်။

၁၀။ ဘုရားလောင်းသည် ဆုတောင်းဘ၀မှာပင် နိဗ္ဗာန်သို.၀င်နိုင်သောအသိဥာဏ်ရှိပါလျက် တိရိစ္ဆာန်ဘ၀၊ နိမ့်ကျသော ဘ၀ သို.ရောက်စေသော အကုသိုလ်အမှုများကို ပြုခဲ့ရပါသည်။ လူသတ်ခြင်း၊ ခိုးဝှက်ခြင်းတို.ကို အဘယ်ကြောင့်ပြုခဲ့ပါသနည်း။ လောကတွင် ဓမ္မထက် အဓမ္မတရားအားကြီးသောအခါ ဓမ္မဘက်တော်သားတို.သည် ကိုယ့်အရေးကို အနစ်နာခံကာ တိုက်ပွဲဝင်ရပါသည်။ ဤသည်မှာ အဖြေဖြစ်ပါသည်။ ဓမ္မနှင့် ပုဂ္ဂလ ကြုံလာလျှင် ဓမ္မဘက်က နေသောသူသည် အကုသိုလ်ကိုလည်း ပြုရပါတော့မည်။

၁၁။ လိုအပ်လျှင် ဆရာဝန်ဘက်က တုတ်ဓားဆွဲပါမည်။ ထိုထက်ပို၍ ဆိုရန်မရှိ။

ဆရာဝန်ဘက်က 'စုန်းပြူး' ရွေးမယ်


၁။ တစ်ခုသော သန်းခေါင်ယံအချိန်ဝယ် ဇေတ၀န်ကျောင်းတော်၌ အရှင်အာနန္ဒာမှ ဗုဒ္ဓမြတ်စွာအား 'ပါတိမောက်'ပြတော်မူပါရန် တောင်းပန်လျှောက်ထားရာ ဘုရားရှင်က 'အာနန္ဒာ၊ ပရိသတ် မစင်ကြယ်'ဟု မိန်တော်မူ၍ အကောင်းအဆိုး၊ အကျိုးအပြစ်နှင့်စပ်လျှင်းသော ပါတိမောက်ကို ပြတော်မမူပေ။ အရှင်အာနန္ဒာမှ သုံးကြိမ်တောင်းပန်လျှောက်ထားသော်လည်း ပယ်တော်မူသည်။ ထိုအခါ အရှင်မောဂ္ဂလန်မှ တရားကို မစောင့်သော၊ အကျင့်မစင်ကြယ်သော 'အလဇ္ဇီ' ပုဂ္ဂိုလ်ကို တန်ခိုးဖြင့်ကြည့်၍ 'ငါ့ရှင်၊ထွက်လော့၊ သင့်အား ဘုရားရှင်မြင်တော်မူသည်'ဟု နှင်သော်လည်း ထိုသူသည် မထွက်ပေ။သုံးကြိမ်နှင်သည့်တိုင် မထွက်သောကြောင့် နောက်ဆုံးတွင် လက်မောင်းမှဆွဲကိုင်ကာ နှင်ထုတ်ရလေသည်။ ဘုရားရှင်လည်း 'အာနန္ဒာ၊ မဖြစ်စဖူးဖြစ်ခဲ့သည်၊ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ထိုယောက်ျားသည် လက်မောင်းကို ကိုင်သည့်တိုင်အောင် စောင့်ဆိုင်းဘိသည်'ဟု ပြစ်တင်တော်မူလေသည်။

၂။ ဆရာဝန်တွေ ဘက်က ခုခံကာကွယ် (ခုခံကာကွယ်ရကတည်းက အပြစ်တင်ဖွယ်တစ်ခုခုဖြစ်ခဲ့ပြီလို အောက်မေ့ရပါသည်) သောစကားများ ပြောရသောအခါဝယ် ထိုအဖြစ်အပျက်အား သတိရနေမိခဲ့သည်။ ပြောစရာစကားဖြစ်လာသောအခါ ပြောထိုက်သော အကြောင်းရှိခဲ့လေမလား စဉ်းစားရပါသည်။ ပညာရပ်သဘောကို နားမလည်၍ဟု မကြာခဏ ပြောခဲ့ဘူးသော်လည်း ဖြစ်ပွားခဲ့သော အချို.ကိစ္စများဝယ် ပညာရပ်သဘောထက် လုပ်ရပ်သဘောကို မကျေလည်၍ ဖြစ်ဟန်တူပါသည်။ တခါတရံ လူနာသေခြင်း၊မသေခြင်းထက် လူနာရှင်များအား (အချိန်မလုံလောက်သော ဆရာဝန်များမှ) သေချာစွာ ရှင်းလင်းပြသခဲ့ကြပါ၏လောဟု မေးလိုပါသည်။

၃။ ဆရာဝန်များကို စောင့်ရှောက်ခြင်းသည် ဆရာဝန်တစ်ဦးကို စောင့်ရှောက်ခြင်းမမည်ပါ။ ဆရာဝန်တည်းဟူသော အနွယ်ကို စောင့်ရှောက်ခြင်းကိုသာ ဆိုလိုကြောင်း အလေးအနက်ဆိုပါသည်။ ပြင်ပမှ လာသော ပယောဂများကို ကုရမည်ဖြစ်သကဲ့သို. အတွင်းမှလာသော 'လောက်ကောင်' များကိုလည်း သန်.စင်ရမည်ဖြစ်ပါသည်။

၎။ ဆရာဝန်-လူနာ ဆက်နွယ်မှု(docor-patient relationship) ရှိလာပြီဆိုလျှင် သတင်းအချက်အလက်ပေးမှု (communication) ရှိရပါမည်။ အချိန်အားတော်မမူကြသော ဆရာဝန်အချို.သည် သတင်းအချက်အလက်ကို 'ပိဿလေးနှင့် ဘေးပစ်'ကာ ပေးကြပါသည်။ နဂို ဝေဒနာကြောင့်၊ လူမှုရေးကြောင့်၊ စိမ်းသော ပတ်ဝန်းကျင်ကြောင့် စိတ်တင်းအားများနေသော လူနာများ၊လူနာရှင်များအနေနှင့် 'ကိုယ်ကုသ၍ မဖြစ်နိုင်သော ရောဂါကြောင့်သာ အားမတန်မာန်လျော့ရတယ်။နည်းနည်းမှ မကျေနပ်' ဟု ပြော၍ရလျှင် ပြောကြပါလိမ့်မည်။ လူနာရှင်တစ်ဦးစီကို ငါးမိနစ်စီလောက် အချိန်ပိုပေးလိုက်လျှင် ဖြစ်ပွားနေသော မကျေလည်မှု အတော်များများမှ တစ်ဝက်ခန်.လျော့သွားမည်ဟု ထင်ရပါသည်။

၅။ အချို. ကမူ ဆရာဝန်များကို ယခင်ဒုတိယဘုရားနေရာမှ လျော့သွားသည်ကို မည်သို.လုပ်ရမည်နည်းဟု မေးချင်ဟန်ရှိပါသည်။ ရယ်စရာလည်းကောင်းပါသည်။ အဘယ်ကြောင့် ဒုတိယ ဘုရားနေရာလိုချင်ကြပါသနည်း။ ၀မ်းလားမည်မစိုးကြဘူးလားမေးချင်ပါသည်။ ခဏခဏ ပြောခဲ့ဘူးပါသည်။ ဆရာဝန်သည် ၀န်ဆောင်မှု ပေးသူသာဖြစ်ပါသည်။ (ကုသိုလ်ဖြစ်ဆေးခန်းမှတပါး) ၀န်ထမ်းဆရာဝန်ဖြစ်စေ၊ ဂျီပီဖွင့်သူဖြစ်စေ ၀န်ဆောင်မှု ပေးသောသူသာဖြစ်သည်။ ပြောခဲ့ဘူးသလို အသက်နှင့် စပ်လျှင်းသော ၀န်ဆောင်မှုကို ဂုဏ်ယူနိုင်ပါသည်။ အခြောက်တိုက် ခြိမ်းခြောက်ဟိန်းဟောက်ရန်တော့မလိုပါ။ ကရုဏာဒေါသောဖြင့် ရောမချစေပါ။  လူဟူသည် ကရုဏာဖြင့်ငေါက်သည်လား၊ အလုပ်များ၍ ငေါက်သည်လား၊ သိတတ်သော သဘောရှိပါသည်။ ၀န်ဆောင်မှုကြောင့် ရသောငွေကြေးသည် မတန်ရာမှန်းသိပါသည်။ သို.သော် အသက်နှင့် ပတ်သက်သော ၀န်ဆောင်မှုဖြစ်၍ 'ရရှိသည်မှာ မတန်' ဟု ယူဆလျှင် မလုပ်ပဲနေရုံသာရှိသည်။ ၀န်ဆောင်မှုကို လျော့ချရန် မဖြစ်နိုင်ပါ။ မိမိ'၀န်ဆောင်'နေရသည်မှာ 'လူ.အသက်'ဖြစ်ပါသည်။

၆။ ဆရာဝန်ဟူသည် ပုထုဇဉ် လူသားမျှသာ ဖြစ်ပါသည်။ သို.သော် ပုထုဇဉ်ကို ဇဉ်ပဲ ဇဉ်နိုင်လွန်းတယ် မဖြစ်စေချင်ပါ။ လူမှုရေး ချွတ်ချော်ချက်ရှိသော ဆရာအချို.ကို တွေ.ဘူးပါသည်။ မည်သို.ပင် နာမည်ဆိုးထွက်ထွက် ဆရာဝန်ရှုထောင့်ဘက်ကမူ 'ရွှေသားအတိ' ဖြစ်နေသည်ဟု ပြောချင်ပါသည်။ အချို.ဆရာများမှာ အပြစ်ပေးအရေးယူလောက်သော နာမည်မထွက်ပဲ၊ 'စင်းလုံးချော' ကလေးများဖြစ်သော်လည်း ဆရာဝန်တစ်ယောက်အနေနှင့်မူ လေးစား၍ မရနိုင်သူများကိုလည်း တွေ.ဘူးပါသည်။ မည်သို.ပင်ဆိုစေ၊ ဆရာဝန်သည် လူနာ အတွက်သာ ဖြစ်ရမည်ဟူသော မူဖြင့် သုံးသပ်စေချင်ပါသည်။ အရေးယူလောက်သော ပြစ်မှုရှိမှ ကျင့်ဝန်ပျက်သည်မမည်ပါ။ ဘယ်သူမသိသိ ကိုယ့်ကိုကိုယ် သိကြပါသည်။

၇။ ကျင့်ဝတ်ကိစ္စသည် သိမ်မွေ.ပါသည်။ လက်ညိုးထိုးပြသည်ထက် ကိုယ့်စိတ်ဖြင့်သာ သုံးသပ်၍ ရနိုင်ပါသည်။ ကိုယ့်ဘက်မှ လုံခြုံမှုယူကာ မလိုလားအပ်ပဲစစ်ဆေးခိုင်းခြင်း၊ စစ်ဆေးမှု သဘောတရားကို သေချာစွာရှင်းမပြခြင်း ( နားလည်အောင်ဆေးကျောင်းခြောက်နှစ်တက်မှရမယ်ဟု လွယ်လွယ်ပြောလျှင်တော့ရပါသည်၊ အားလုံးကို ရှင်းပြနေရန်မဟုတ်၊ အကောင်းအဆိုး၊ အကျိုးအပြစ်မျှတော့ လူနာနှင့် လူနာရှင် သိသင့်ပါသည်။ ဆုံးဖြတ်ပိုင်ခွင့်ရှိသင့်ပါသည်။ သူနာပြုတစ်ယောက်ကို အင့် လက်မှတ်ထိုးခိုင်းလိုက်လုပ်၍ မသင့်တော်ပါ)၊ လူနာများကိုသာမက ဆရာဝန်အချင်းချင်း အပုတ်ချခြင်း၊ ဗွီအိုင်ပီမှတပါး လူနာများကို ဟိန်းဟောက်ခြင်း၊ ရောဂါစစ်ဆေးရန် လုံလောက်သော အချိန်မယူခြင်း  စသော ကျင့်ဝတ်များကို စဉ်းစားဆင်ခြင်သင့်ပါပြီ။ ဥပဒေဖြင့် အရေးယူ၍ မဖြစ်သော်လည်း လုပ်အပ်ပါ၏လော မေးလိုပါသည်။

၈။ ဒေ၀ဒတ် မကောင်းခြင်းသည် သံဃာ မကောင်းခြင်းမဟုတ်ပါ။ သို.သော် ဒေ၀ဒတ်လို ပုဂ္ဂိုလ်မျိုးအားလည်း သံဃာအဖွဲ.အစည်းတွင် မထားထိုက်ပါ။ ကိုယ့်ကိုကိုယ် သိစေချင်ပါသည်။ လက်မောင်းကိုကိုင်၍ နှင်ထုတ်သည့်တိုင် စောင့်ဆိုင်းမနေကြပါနှင့်တော့ ဟု သတိပေးလိုက်ရပါသည်။

အလုပ်လျောက်တော့မယ့် ဆရာဝန်လေးများသို.

၁။ မပြောတော့ မပြောချင်ဘူး။ အလုပ်ရှုပ်နေလို.။ ဒါပေမယ့် ဖြေမယ့်သူတွေ အတွက် မှားမှာစိုးလို. ရေးပေးလိုက်တာပါ။ တိုတိုပါပဲ။ ခုတစ်လော တချို.ပို.စ်တွေမှာ ဆရာဝန်အတတ်တွေ သင်ထားပြီးမှ မဆိုင်တာတွေမေးတယ်။ ဒါတွေသိလို. ဆရာဝန်ဆေးကုတာနဲ.ဘာဆိုင်လဲ၊ ဘာလဲညာလဲ တင်နေကြတာ စုံလို.ပါ။

၂။ ဒါတွေပြောရင် တစ်ထောင့်တစ်ညဖြစ်သွားမှာပါ။ တကယ်တော့ ဆရာဝန်ခေါ်တာဖြစ်သလို ၀န်ထမ်းလည်းခေါ်တာဖြစ်ပါတယ်။ ၀န်ထမ်းဟာ ၀န်ထမ်းနဲ.ပတ်သက်သော စည်းကမ်းကို လိုက်မနာလို.မရပါဘူး။ ကုမ္ပဏီဝန်ထမ်းခေါ်လည်း မေးချင်တာမေးတာပါပဲ။ မေးချင်တာဆိုတာက သူရို.လိုချင်သော အချက်နဲ.ကိုက်မကိုက် စမ်းသပ်ကြတာပါ။

၃။ တခါတခါ ဘယ်လိုမှမသိနိုင်သော မေးခွန်းတွေလည်းမေးမှာပါ။ ဒီပေါ်တက်လာတော့ လှေကားဘယ်နှစ်ထစ်လဲတို.ဘာတို.၊ ယဉ်လတ်ရဲ. ဖိနပ်ဆိုက်က ဘာလဲ စသဖြင့်ပေါ့။ တချို.က လူကြီးတွေ ပျင်းလို. လျောက်မေးတယ်ထင်ကြပါတယ်။ ပျင်းလို.ထက် တခါတခါမှာ problem တစ်ခုကို ဘယ်လိုဖြေရှင်းသလဲဆိုတဲ့ (မဖြေရှင်းရင်တောင် မထင်မှတ်တဲ့ပြဿနာကို ဘယ်လိုတုံ.ပြန်သလဲဆိုတဲ့) respond ကို စောင့်ဖမ်းတာ အက်တီကျုကို စောင့်ဖမ်းတာပါ။

၎။ ပြောချင်တာ အဓိကက မဆိုင်တာတွေ မေးနေတယ် အဓိပ္ပါယ်မရှိတဲ့အလုပ်ကို လုပ်နေတယ်လို. ထင်နေတဲ့စိတ်ကို အင်တာဗျူးခန်းထဲသယ်မသွားပါနဲ.။ အဲလိုအတွေးမျိုး အမေးခံနေရစဉ်မှာလုံးဝ မ၀င်ပါနဲ.။ လူကြီးတွေက အင်တာဗျူး နှစ်ပေါင်းများစွာမေးလာတာပါ။ အဲလိုစိတ်လေးဝင်လာပြီဆိုရင် ဖြေတဲ့သူက မသိပေမယ့် ကိုယ်နေဟန်ထား body language က ပြောင်းသွားတာပါ။ သီအက်ရီတွေရှိပါတယ်။ လူတစ်ယောက်က လိမ်နေတယ်၊ စိတ်မပါဘူး စတာတွေကို ဘယ်လိုပဲဖုံးထားထား (ကိုယ်အမူအယာပေါင်း ထောင်ချီနေတဲ့အထဲမှာ) တစ်ချက်တစ်လေတော့လွတ်သွားတတ်ပါတယ်။ သာမန်လူက မသိပေမယ့် လေ့လာထားတဲ့သူဆိုရင်၊ အတွေ.အကြုံများတဲ့လူဆိုရင် 'မိ' တတ်ပါတယ်။ ဒါကြောင့် ကိုယ်မရတဲ့မေးခွန်း မေးရင်တောင် စိတ်ထဲကညိုငြင်မှုလုံးဝမထည့်ပဲ ဖြေနိင်အောင်သာကြိုးစားပါ။

၅။ တကယ်တော့ လူတစ်ယောက်ကို အကဲဖြတ်တာက ပထမ မိနစ်ပိုင်းအတွင်းမှာပါလို. စိတ်ပညာရှင်တွေက ပြောပါတယ်။ မိနစ်ပိုင်းတောင် ရှေ.ပိုင်းက စက္ကန်.တွေပါ။ လုပ်ရမှာတွေ အောက်မှာ အကျဉ်းချုပ်ရေးပေးပါ့မယ်။ ဖတ်ထားတာမဟုတ်တော့ မှတ်မိသမျှပေါ့။

၅-၁။ သတ်သတ်ရပ်ရပ်ဝတ်ပါ။ ဆံပင်ညှပ်ပါ။ မိန်းကလေးတွေစည်းထားပါ။ အနီအ၀ါဆိုးထားတာတွေ အတတ်နိုင်ဆုံး ဖုံးထားပါ။ ဘ၀နဲ.ဆိုင်တဲ့ကိစ္စမှာ ဆံပင်ကြောင့် မပျက်ပါစေနဲ.။ ကွမ်းစားထားတာ၊ ဆေးလိပ်သောက်ထားတာရပ်ထားပါ။ မသောက်တတ်တဲ့သူက အနံ.သိပ်ဆိုးအောင်ရတတ်တယ်။ နှုတ်ခမ်းနီပါးနီရဲနေအောင်မဆိုးပါနဲ.။ အတိုအကြပ်တွေ အကွဲတွေရှောင်ပါ။

၅-၂။ လိုအပ်တဲ့စာရွက်စာတမ်းတွေ ယူသွားပါ။ သူရို.ဆီမှာလည်း ရှိပြီးပါပြီ။ တခါတလေတောင်းတတ်ပါတယ်။ ရေးစရာဘောပင်ပါယူသွားပါ။ ပုံဆွဲခိုင်းတာမျိုးလုပ်လာခဲ့ရင် သူရို.ဆိက မငှားရပါစေနဲ.။

၅-၃။ ၀င်ခွင့်တောင်းပါ။ ထိုင်ခိုင်းမှထိုင်ပါ။ ခေါင်းငုံ.မထားပါနဲ.။ လက်မပိုက်ပါနဲ. (လက်ပိုက်တာက ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေအထားခေါ်ပါတယ်) ဖြစ်နိုင်ရင် လက်တွေကို မြင်အောင်ပြထားပါ။ လက်ချင်းမဆုတ်ပါနဲ.။ စားပွဲပေါ်လည်းသွားမတင်နဲ.။ခါးမတ်မတ်ထားပါ။

၅-၄။ မျက်လုံးချင်းဆုံအောင်ကြည့်ပါ။ တောက်လျောက်တော့ကြည့်မနေရ။ ပြုံးထားနိုင်ရင်ကောင်းတယ်။ စပ်ဖြဲဖြဲတော့မဟုတ်ဘူးပေါ့။ မေးခွန်းဖြေရင် ကြားရအောင်ဖြေ။ မေးသူရဲ. မျက်လုံးနှစ်လုံးနဲ. အပေါ်နှစ်ခမ်းကြားက တြိဂံ ဟာ အလုပ်သဘော စကားပြောသူတွေကြည့်ရမယ့်နယ်မြေပါ။ ဒီအပြင်မရောက်မကြည့်မိစေနဲ.။ မဖြေနိုင်ရင် ရိုးရိုးသားသားပြောလိုက်ပါ။ အချိန်ကုန်မခံနဲ.။

၅-၅။ သွားတော့ဆိုရင်ထမပြေးနဲ.။မတ်တတ်ထ၊ နှုတ်ဆက်ပြီးမှ နောက်ကို သုံးလှမ်းလောက်ဆုတ်ပြီးမှလှည့်ထွက်။

၆။ အဆင်ပြေကြပါစေ။

အတ္တများနှင့် ဆရာဝန် -၃


၁။ ပြောသမျှသည် မှန်ရမည်ဆိုပြီး ပြောမိနေခြင်းထက် 'ဤကဲ့သို. ယူမိတွေးမိပါသည်' ဟု မြင်မိသမျှချပြခြင်းသာဖြစ်ပါသည်။ ငါသာအသိ၊ ငါသာအတတ် ငါသာ အမှန်ဟု မပြောနိုင်ပါ။ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်။ အထူးသဖြင့် အချို.ကိစ္စများတွင် ကိုယ်ချင်းမစာသကဲ့သို.သော အတွေးများပင် ပါမိသည့်အခါ အားနာထိုက်သူတို.ကို အားနာရပါသည်။ သို.သော်လည်း အယူအဆသည် အယူအဆသာဖြစ်ပါသည်။ ရပ်တည်ချက်သည်ရပ်တည်ချက်သာ ဖြစ်ပါသည်။ ပြင်ဆင်ပြောင်းလဲသင့်သော ခံယူချက်အဖြစ် ယုံကြည်လာသော အချိန်မှတပါး နောက်သို.ဆုတ်ရန် မမြင်မိပါဟုပင် ဆိုပါရစေ။

၂။ ယခုလည်း အနုပညာရှင်ဆရာဝန်အချို.၏ 'ဆမကိစ္စ' နှင့် ပတ်သက်သော အတွေးတို.ကို ပြောပြလိုသည်တို. ရှိလာပါသည်။ (မည်သည့်ဌာန၊ အဖွဲ.အစည်း တို.ကို ကိုယ်စားပြု၍ ပြောသည်မဟုတ်သည်ကို မမေ့စေချင်ပါ။ အင်မတန် လက်တွန်.ရသော ကိစ္စဖြစ်၍ အတန်တန်စဉ်းစားရပါသည်) အချို.သော အနုပညာရှင်ဆရာဝန်တို.ကို ဆေးကုသခွင့်လိုင်စင် 'ဆမ' ထုတ်ပေးခြင်းမရှိဟု ဆိုသောအခါ ထောက်ကွက်များစွာရှိလာပါသည်။ စာရေးဆရာဆရာဝန်လည်း အနုပညာရှင်မဟုတ်ပါသလော။ အဆိုတော် အနုပညာရှင်၊ သရုပ်ဆောင်အနုပညာရှင်ကျမှ 'ညစ်ထားခြင်း' ပင်လောဟု တွေးစရာဖြစ်နေပါသည်။ တိုက်ရိုက်ဆိုလျှင် ဂျူးကျတော့ ဆမမသိမ်း၊ ချစ်သုဝေနှင့် ဖြူဖြူကျော်သိန်းကျမှ ဆမထုတ်မပေး ဆိုသည်မှာ မတရားရာကျသည်ဟု တွေးစရာဖြစ်နေပါသည်။

၃။ သို.ပါသော်လည်း အခြားဘက်မှ လှည့်တွေးစရာများစွာလည်း ရှိနေပါသေးသည်။ ရှေးဦးစွာ အနုပညာကိစ္စ ကိုစဉ်းစားရပါမည်။ ယခု တွေးကြည့်မည့် ကိစ္စတွင် 'အလုပ်ဖြစ်စေရန်' အနုပညာရှင်များကို အမျိုးအစားခွဲကြည့်လိုပါသည်။ အခြားကိစ္စအတွက်မဟုတ်ပဲ ဤဆမကိစ္စကို စဉ်းစားဆင်ခြင်ရာတွင် အလုပ်ဖြစ်စေရန် ခွဲခြားရခြင်းဖြစ်ကြောင်း သတိချပ်စေချင်ပါသည်။ (၁) အနုပညာမှန်း သေချာသော အနုပညာများ (၂) အများကြိုက် ပေါ့အနုပညာများ Pop Arts (၃) အသိပညာ၊အတတ်ပညာနှင့် ပေါင်းစပ်ရသော အနုပညာများတို.ဖြစ်ပါသည်။ အမှတ်စဉ်တစ်သည် ပိုက်ဆံရသည်မရသည်ကို ဘေးဖယ်၍ လုပ်ချင်လို.ကို လုပ်နေသော အနုပညာများဖြစ်ပါသည်။ ဆရာနေမျိုးဆေး ပန်းချီဆွဲသည်၊ ဂျူးဝတ္တုရေးသည်။ ခင်မောင်ရင် ပန်းချီဆွဲသည်။ပိုက်ဆံရချင်ရမည်၊ ရချင်မှရမည်။ သေချာသည်က ရောင်းတမ်းအတွက် အလုပ်လုပ်နေခြင်းမဟုတ်။  အမှတ်နှစ်သည် ပြောစရာတော်တော်ရှိပါသည်။ သူကရောင်းတမ်းအတွက်ရည်ရွယ်ချက် အနည်းနှင့်အများပါသည်။ ရုပ်ရှင်ကားကို ဥပမာပြကြသည်။ အနုပညာမည်မျှထည့်ထားထား ရောင်းတမ်းကိစ္စ ပါကိုပါသည်။ အချို.က ပေါ့အနုပညာကို အနုပညာစာရင်း မထည့်ချင်ကြ၊ ကော်ပီသီချင်း၊ ကြော်ငြာ၊ ပြိုးပြိုးပြက်ပြက် ကိစ္စများ၊ ရောင်းတမ်းဝင် ထုတ်လုပ်ခြင်းများ အစုလိုက်အပြုံလိုက် ထုတ်လုပ်ခြင်းများ ပါဝင်သည်။ ရှင်းအောင်ပြောရလျှင် ပင်ကိုယ်ရုပ်ကလေးလှ၍ ဓာတ်ပုံလေး ရိုက်ရသောမော်ဒယ်ကလည်း သမီးကအနုပညာရှင်၊ အလှဖန်တီးရှင်ကလည်း အနုပညာရှင်၊ စင်ပေါ်တွင်ဟိုလျှောက်သည်လျောက် လျောက်ရသော ကလေးမကလည်း အနုပညာရှင် စသည်ဖြင့် ပြောကြနိုင်ပါသည်။ (စံရတီမိုးမြင့် ပြောသောစကားကို အမှတ်ရစေချင်ပါသည်။) တတိယသည် အသိပညာ၊အတတ်ပညာပါမှ အနုပညာအဖြစ် ထုတ်လုပ်၍ ရသော အနုပညာများဖြစ်ပါသည်။ ဆရာမောင်မောင်ညို၏ ကျန်းမာရေး ဆိုင်ရာစာအုပ်များ၊ ကိုယ်ပိုင်သံစဉ် သီချင်းများ စသည်တို.ကို ဥပမာပေးပါမည်။

၎။ အနုပညာရှင်ဆရာဝန်များကို ဆမ မပေးသည့်ကိစ္စများတွင် ပေးနိုင်သည့် အကြောင်းရင်းမှာ ဆရာဝန်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အကြောင်းရင်းကြောင့်ဟုပင် ယူဆရပါသည်။ ဆရာဝန်တည်းဟုသော ဂုဏ်သိက္ခာကို တကယ်ပင်ထိခိုက်စေသလား။ ချစ်သုဝေ သရုပ်ဆောင်ဖြစ်မှုသည် သူ.ဆရာဝန်အတတ်ပညာကို မထိခိုက်စေသည်ကတော့ သေချာပါသည်။ ထိုဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟူသော အနုပညာလုပ်ငန်းသည် စောစောက ခွဲခြားပြထားရသော အနုပညာရှင်များထဲမှ ဒုတိယအမျိုးအစားဖြစ်သော ပေါ့အနုပညာကြောင့်သာ ဖြစ်ပါလိမ့်မည်။ ထက်ထက်မိုးဦး ခေတ်က 'ရွှေရွံ.သနပ်ခါး သမီးအကြိုက်ဆုံးပါပဲရှင်' ဟု ပြောပြီး တစ်မိနစ်မကြာမီ နောက်ကြော်ငြာတွင် 'သမီးအကြိုက်ဆုံးကတော့ ၀ါဝါချေး သနပ်ခါးပါပဲ' ဟု ပြောနိုင်ပါသည်။ သို.သော် ချစ်သုဝေက 'ဒီကိုဂျင်က ပိန်းကြာရွက်ပေါ်ရေမတင်သလို အကောင်းဆုံးပါပဲ' ဟု ပြောလာသည့်အခါ ဆရာဝန်တစ်ဦးနေနှင့် ပြောသည်လား၊ သရုပ်ဆောင်တစ်ဦးအနေနှင့်ပြောသည်လား၊ စဉ်းစားရခက်ပါသည်။ သရုပ်ဆောင်တစ်ဦးအနေနှင့် ပြောသည်ဟု ပြောလျှင်ရသော်လည်း ဆရာဝန်တစ်ယောက်အနေနှင့် ပြောသင့်မပြောသင့် ဆင်ခြင်စေချင်ပါသည်။ (ဆရာဝန်ကြီးများ ဆေးညွှန်းပေးသည်နှင့် မတူပါ)

၅။ ဆိုင်သည်မဆိုင်သည်ထက် ရှေးမြန်မာ ဆန်းကျမ်းဗေဒင်ဆရာကြီးများ အကြောင်း အနည်းငယ်ပြောလိုပါသည်။ သူတို.သည် မြန်မာသမားတော်ကြီးများလည်း ဖြစ်ပါသည်။ ဆန်းဆရာကြီးများသည် ဆန်းကြဉ်သည်ဟု ယူဆရသော အလုပ်များ ကို မလုပ်ပါ။ ကျောက်သင်ပုန်းနှင့် ကျောက်တံကို အသုံးပြုပါသည်။ (စာရွက်၊ခဲတံ မရှိ၍ မဟုတ်ပါ၊ မေးသူအတွက် သင်ပုန်းချေပေးသည့် ယတြာ လုပ်ပေးခြင်းဖြစ်ပါသည်) အမဲသား၊ ကျွဲသားရှောင်ရပါသည်။ ငါးပါးသီလထိန်းရပါသည်။ ယုတ်စွအဆုံး ပုဆိုးကို ခေါင်းပေါ်မှကျော်ချွတ်ခြင်းမျိုးကိုပင်ရှောင်ကြပါသည်။ ပြောလိုသည်မှာ ဆရာအကျင့်သီလ၊ ဆရာစောင့်ထိန်းရမည့် သိက္ခာကို မစွန်းမထင်း မပြောက်မကြားစေရန် အလွန် ဂရုစိုက်ကြရပါသည်။ ကျင့်ဝတ်ပိုင်းဆိုင်ရာတွင် မဖောက်ဖျက်ရုံမျှနှင့် ဆရာဝန်လုပ်ထိုက်ပါ၏လောဆိုသည်မှာလည်း စဉ်းစားစရာ အချက်တွင် ထည့်သွင်းရပါမည်။ သရုပ်ဆောင်တစ်ဦး စင်ပေါ်တွင် ပရိသတ်ကို ဆွဲဆောင်မှုရှိစေရန် လှပစွာ ၀တ်စားဆင်ယင်ရမည်ဖြစ်သော်လည်း ဆရာဝန်တစ်ယောက်အနေနှင်မူ့ ၀တ်ဆင်ရန် မသင့်သော အ၀တ်များဖြစ်နေနိုင်ပါသည်။ သရုပ်ဆောင်တစ်ဦး ဇာတ်ဝင်ခန်းသဘောတရားအရ ကလက်တက်တက် ပြီတီတီ သရုပ်ဆောင်ကွက်ကို မြင်ထားသူ ပရိသတ်တစ်ဦးအနေနှင့် ထိုသရုပ်ဆောင်ကို မိမိအားကုသပေးသော ဆရာဝန်အနေနှင့် မြင်ရသည်မှာလည်း 'အတော်ဂွကျသော ကိစ္စ' ဖြစ်ပါလိမ့်မည်။ ဘာမှမဆိုင်သော ကိစ္စဟု ပြောလျှင်ရသော်လည်း သဘောတရားရေးရာအရသာ ပြော၍ ရပါမည်။ (မိမိတစ်ဦးတည်းအနေနှင့်မူ စင်ပေါ်မှာ ဟိုဘက်ဒီဘက် လူးနေသူတစ်ယောက်ကို ဆရာဝန်တစ်ယောက်အဖြစ် လက်ခံမြင်ကြည့်၍ မရကြောင်း ၀န်ခံပါသည်)

၆။ ဆရာဝန် အနုပညာရှင်အချို. 'ဆမ' မရခြင်းသည်လည်း ပေါ့ကာချာ၏ အများကြိုက်ပေါပေါပြဲပြဲ ထုတ်လုပ်ခြင်း၊ ပေါ့ပျက်ပျက် ဆူလွယ်နပ်လွယ် ပြိုးပြိုးပျက်ပျက်များများနေခြင်း စသည့် 'ဆရာဝန်တို.၏ ပုံရိပ်' ကို ထိပါစေသော အကြောင်းများကြောင့်ဖြစ်ပါလိမ့်မည်။ ပြောလိုသည်မှာ အနုပညာတိုင်းကို မပေးလျှင်လည်း တရားမည်မဟုတ်ပေ။ ဒေါက်တာမောင်မောင်ညို၊ တေးရေး လူမောင်၊ ဂျူးတို. ဆမရပြီး ချစ်သုဝေ၊ ဖြူဖြူကျော်သိန်းတို. ဆမ မရနိုင်ခြင်းကို ဤသို.ပင် တွေးကြည့်ရပါသည်။ ပြဿနာမှာ အနုပညာတိုင်းကို ပိတ်ပင်ခြင်း မဟုတ်ပဲ ဆရာဝန် ပုံရိပ်ကို ထိခိုက်စေသော (အနုပညာဟုတ်မဟုတ် မသေချာသည့်) ပေါ့ကာချာကိုသာ ပိတ်ပင်ခြင်းဖြစ်ဟန်တူသဖြင့် အသံထွက်လာခြင်း ဖြစ်ပါလိမ့်မည်။ ထိုအခါ အနုပညာဟုတ်မဟုတ် မသေချာဆိုသဖြင့် သရုပ်ဆောင်အဆိုတော်တို. ဒေါဖောင်းကြပါလိမ့်မည်။ မတတ်နိုင်ပါ။ ကီးကိုက်အောင်ဆိုနိုင်ခြင်းသည် အနုပညာအဆင့်ထိရောက်သည်ဟု မပြောနိုင်ပါ။ ဘယ်လောက် ဘယ်လောက်ထိက အနုပညာ၊ ဘယ်လောက်ဘယ်လောက်ထိက အနုပညာမဟုတ်ဘူးဟု ဆုံးဆုံးဖြတ်ဖြတ် မပြောနိုင်သည့်အခါ 'ရောင်းတမ်းအဖြစ် အင်အားစိုက်ထုတ်ထားမှု' အနည်းအများ ဖြင့်သာ သတ်မှတ်ရပါလိမ့်မည်။ ပြိုးပြိုးပျက်ပျက် မည်မျှလုပ်ထားသနည်းဆိုသည်ဖြင့်သာ ဆုံးဖြတ်ရပါမည်။ အင်မတန်ခက်ခဲသော ကိစ္စ မဟုတ်သော်လည်း အင်မတန် စောဒက တက်ကောင်းသော အကြောင်းအရာဖြစ်ပါသည်။ ထိုအခါ ကျုပ်တို. အနုပညာရှင်ကို ဆမမပေးပဲ လူ.အခွင့်အရေး ချိုးဖောက်တယ်ဟု ဖြစ်လာပါမည်။ (တကယ်တော့ ဆေးကုမည်ဆိုလျှင် ဆမပေးပါမည်ထင်ပါသည်။ သရုပ်ဆောင်နှင့်တော့ တွဲမလုပ်ပါနှင့်ဟု ဆိုပါသည်)

၇။ မိမိသာ အခွင့်အာဏာရှိသူဆိုလျှင်တော့ အချို.သော သရုပ်ဆောင်ဆရာဝန်၊ အဆိုတော်ဆရာဝန်တို.ကို 'ဆမ' မပေးချင်ပါ။ သို.ရာတွင် ဆမ မပေးရခြင်း အကြောင်းရင်းကို အနုပညာလုပ်သောကြောင့်ဟု အကြောင်းပြမည်မဟုတ်ပါ။ ရောဂါရှိသောကြောင့် 'ဆမ ထုတ်ပေးရန် မသင့်' ဟု မှတ်ချက်ပေးပါမည်။ ရောဂါသည်လည်း ဂုဏ်ငယ်သောရောဂါ မဟုတ်ပါ။ ကမ္ဘာကျော် မင်းသမီးတို.တွင်သာ ဖြစ်လေ့ရှိသော ရောဂါဖြစ်ပါသည်။ ယင်းမှာ 'ကိုယ့်ခန္ဓာကိုယ် အစိတ်အပိုင်းများကို အများမြင်စေရန် ပြသလိုသော ရောဂါကြောင့် ဆမ ထုတ်မပေးရခြင်း' ဖြစ်ပါကြောင်း။

(ဆက်ပါမည်)

Friday, November 25, 2011

ကလေးတို. သဘက်ခါ (၆) (ရဲဘော် သုံးကျိတ် အလိုရှိသည်)

မနေ.ညက သူငယ်ချင်းဆရာတွေ( သူငယ်ချင်းပြောပေမယ့် အတန်းကြီးကပါ )နဲ. လက်ဘက်ရည်ဆိုင်ထိုင်ကြတော့ ကျောင်းတုန်းက အကြောင်းတွေ ပြန်ပြောလို. ရီနေကြမိပါတယ်။ သူတို.ပြောတာတွေထဲက သူတို. ဆရာတွေ အကြောင်း ပြန်ကြားရပါတယ်။ မန္တလေးဆေးကျောင်းကဌာနမှူးတစ်ယောက်က သူ.ဘာသာမှာ အညံ့ဆုံးကျောင်းသားတွေ ရွေးလိုက်တော့ ငပေငတေ အယောက်သုံးဆယ် ထွက်လာပါသတဲ့။ အဲဒီကောင်တွေကို သူက ရဲဘော်သုံးကျိတ်လို. နာမည်ပေးပြီး သူ.ဘာသာမှာ မကျအောင်ကြိုးစားပါတယ်။

ပထမဆုံးသူက မနက် အစောကြီး စာသင်ပေးဖို. ကျောင်းကို ခေါ်ပါတယ်။ (ကျောင်းကိုပါ၊ကျူရှင်ကို မဟုတ်ပါဘူး) ဟိုကောင်သုံးဆယ်ကလည်း ( အခုတော့ဟိုကောင်လို.သုံးလို.မရတော့ဘူးပေါ့လေ၊ ဆရာဝန် ကြီးတွေ ဖြစ်နေရောပေါ့) အိပ်ရာကကိုမထပါဘူး။

သူကစောင့်နေလို.မှ မလာတဲ့အခါ စက်ဘီးလေးနဲ. အောင်ဆန်းဆောင် ကိုလိုက်လာပါတယ်။ ဆူမလို.မဟုတ်ပါဘူး။ စာလိုက်သင်တာပါ။ တစ်ခန်းချင်းတံခါးခေါက်၊ ဟိုကောင်တွေကလည်း (အိပ်နေရာက ဘယ်သူမှန်းမသိတော့) ဘယ်ကောင်လဲကွ၊ ဘာညာနဲ.ဆဲတဲ့ကောင်ကရှိသေး။ ပြီးမှ ငါကွဆိုတော့မှ ဟာ ဆရာကြီး၊ ကန်တော့ပေါ့။

လူစုံမှ ဘုရားခန်းကိုချော့ခေါ် ၊ အဲဒီမှာ စာချက်ချင်း မသင်သေးပါဘူး။ ဒီကောင်တွေ အိပ်ချင်ပြေအောင်ဟိုပြောဒီပြော ဟေးဝါးလုပ်ပေးရပါသေးတယ်။ ပြီးမှ စာတစ်ပူဒ်လောက်ချော့သင်။ ကြားရတာ မင်္ဂလာရှိလိုက်တာ။

+++++++

နောက်ဆရာ တစ်ယောက်ကျတော့ သူ.ဘာသာမှာ ဘယ်လိုမှ စာမရတဲ့ ကောင်တစ်ယောက်ရှိပါတယ်။ ဗိုင်ဗာ မှာ (နှုတ်မေးမှာပေါ့) မဖြေနိုင်ရင် ဒီဘာသာကိုပဲနောက်တစ်နှစ်ထပ်နေရတာ့မှာပါ။ ကျောင်းသားအတွက် အရမ်းနစ်နာနိုင်တော့ သူက မင်း အချိုမှုန်.ရဲ့ ဓာတုနာမည်ပဲကျက် (မိုနို ဆိုဒီယမ် ဂလူတားမိတ်) ။ ဆိုပြီး သင်ထားပါတယ်။

တခြားကျောင်းက စာစစ်သူတွေ(external examiner) လည်းရှိတော့ ဒီကောင်လည်းဝင်လာရော မင်းထိုင်၊ဟုတ်ကဲ့ ။ မင်း အချိုမှုန်.သိလား၊ ဟုတ်ကဲ့ ၊ အေး အချိုမှုန်.ရဲ့ chemical name ပြောစမ်း။ မိုနိုဆိုဒီယမ် ဂလူတားမိတ်ပါဆရာ။ ဟာ မှန်တာပေါ့၊ (ဘေးက ဆရာတွေကို) တွေ.လား။ဒီကောင် အချိုမှုန်.တောင်သိရင် ကျန်တာတွေ မေးမနေနဲ.တော့ သိမှာပဲ။ သွားသွား၊ သွားတော့။

ကျောင်းသားတစ်ယောက်ကို မနစ်နာစေချင်တဲ့ စေတနာကို လေးစားရကြောင်းပါ။

++++++

တကယ်တော့ ဒါတွေဟာ မဝေးတဲ့ ကာလ ကအဖြစ်အပျက်တွေပါ။ ဒီနေ. ဆရာတွေမှာ ဒီလိုစိတ်တွေ ရှိတဲ့ ဆရာမှာ ရှိနေပါဦးမယ်။ အခြေအနေအရ ကေသရာဇာ ခြင်္သေ့မင်း မြက်စားရကိန်း ကြုံကောင်းကြုံ နေပါလိမ့်မယ်။ ဆရာအောင်သင်းပြောသလိုပါပဲ။ စားပါ။ ဒါပေမယ့် ငိုပြီးတော့စားပါ။ ငိုရမယ့် ကိစ္စလို.သိပါ။ ကေသရာဇာ ခြင်္သေ့မင်းဟာ မြက်စားရိုးမရှိပဲ စားနေရတာ ငိုရမယ့် ကိစ္စပါ။ အားရပါးရ အရသာခံပြီး စားရမယ့် ကိစ္စမဟုတ်ဘူးဆိုတာသိပါ။

အရင်တုန်းက ကလေးတွေမှာ ကိုးကွယ်ဆရာ သူရဲကောင်းရုပ်ထုတွေနဲ.ပါ။ ဖခင်ဖြစ်ချင်ဖြစ်မယ်၊ ဆရာဖြစ်ချင်ဖြစ်မယ်။ သူတို.ကို စံပြုပုဂ္ဂိုလ် အနေနဲ. သူတို.လုပ်တာလိုက်လုပ်မယ်။ တခါတခါ အရပ်ထဲက အကိုကြီးကို အတုယူရင်ယူမယ်။ ဒါက သူ.စိတ်ထဲက ဖြစ်လာတဲ့ ကိစ္စလေ။ ရှပ်ရှင်မင်းသားကို role model ထားချင်လဲထားမှာပေါ့။

ကိုယ့် ဆရာကို စံပြသဘောကျနေတဲ့ ကလေးတစ်ယောက်ယောက်များရှိနေရင်……

မြက်စားတာလည်းစားပါ။ ရဲဘော်သုံးကျိတ်ကိုလည်း တံခါးခေါက်နှိုးပေးပါ။

(ဆက်ပါမည်)

ကလေးတို. သဘက်ခါ (၁၁)(ဆေးဝယ်ရင် ဒီဆူဇာမှာ စိတ်ချရတယ်)

ကျွန်တော်တို. ဘယ်သွားချင်သလဲ။ သွားချင်တဲ့နေရာကိုရောက်ဖို. ကျွန်တော်တို. ဘယ်နေရာကို ရောက်နေသလဲ သိကိုသိရပါ့မယ်။ တခြားနိုင်ငံတွေ တိုးတက်တာ တွေ.တယ်။ ကိုယ်က ရောက်ချင်တယ်။ ကိုယ် ဘယ်နေရာ ဘယ်အဆင့်ကိုရောက်နေသလဲ။ သိရပါ့မယ်။

ဒီနေရာမှာ ဘယ်သူကြောင့် ဘယ်ဝါကြောင့် အပြစ်ပုံချနေတာဟာ အပြုခံစိတ်ဓာတ်ပါ။ ကိုယ်ကိုတိုင်က ဘာမှ မကြိုးစားပဲနဲ. သူတပါးကိုလက်ညိုးထိုးနေရတာမကောင်းပါဘူး။

အနာဂတ်ဟာ ဒီနေ. ကလေးတွေလက်ထဲမှာပါ။ ဒီနေ. ကလေးတွေရဲ့ အနေအထားကိုကြည့်တော့ မနက်ဖန်တိုင်းဟာ ကြေကွဲစရာပါ။ ဘယ်သူကြောင့်ဘယ်ဝါကြောင့် ပြောနေရတာဟာ အပြစ်တင်ဖို.ထက် ဒီလူတွေ အသိရှိလာစေဖို.ပဲရည်ရွယ်ပါတယ်။ ပညာရေးစနစ်မကောင်းဘူးဆိုပြီး အပြစ်တင်မနေပါနဲ.။ တကယ်က စနစ်ထက် လူပါ။ လူဆိုတာက အဝေးကလူတွေထက် အနီးက ဆရာမိဘတွေက ပိုတန်ဖိုးရှိပါတယ်။ ဒီမိုးဒီရေက ကိုယ်ပိုင်တဲ့ အရာမဟုတ်ပါဘူး။ ဒီလူတွေကတော့ ကိုယ်ကစပြုပြင်ရမှာပါ။ ဒီမိုးဒီရေ ဒီလူတွေနဲ. ဒီတိုင်းပြည်ကို တိုးတက်အောင်လုပ်ရမှာပါ။ ဒီထဲမှာ ရှိတဲ့ ဒိလူတွေဟာ အရှိတရားပါ။ ဒီလူတွေထဲမှာ ခင်ဗျားလည်းပါပါတယ်။ မကောင်းတာကို နည်းနည်းမှ မလုပ်ဘူးဘူးလား။ နည်းနည်းမှ မဟုတ်တာ မလုပ်ခဲ့ဘူး။ ငါတို.က အနေသာကြီးဆိုရင် ကလေးတို. မနက်ဖြန်ကို ဆက်ဖတ်မနေပါနဲ.တော့။

++++++

မနက်ဖြန်ဟာ အချိန်မမှီတော့ပါဘူး။ ကလေးတွေ အတွက် ကြေကွဲစရာတွေနဲ. အပြည့်ပါ။ ဒါပေမယ့် မနက်ဖြန်ပြီးရင် သဘက်ခါ ကျန်နေပါသေးတယ်။ သဘက်ခါတော့ အချိန်မှီကောင်းပါရဲ့ ဆိုတဲ့ အတွေးနဲ. ကလေးတို. သဘက်ခါကိုရေးနေပါတယ်။

++++++++++

ဆရာကြီး ဒေါက်တာသန်းထွန်းက ဆေးဝယ်ရင်ဒီဆူဇာမှာ စိတ်ချရတယ်ဆိုတဲ့ ကြော်ငြာကို သိပ်ကြိုက်ပါတယ်တဲ့။ ဘယ်သူလာလာလှီးမှာပဲလို. ပြောင်ပြောင်ပြောနေလို.ဆိုပဲ။

ဒီလိုပါပဲ။ နားမှာ နားကွင်းတစ်ဘက်ထဲဝတ်ထားတဲ့ ကောင်လေးတွေ.ရင် သိပ်သဘောကျပါတယ်။ ငါ က ငတုံးဆိုတာ ပြောနေသလိုပါပဲ။ နားမှာ ၀တ်တာ ဘာဖြစ်လဲမေးရင်ဘာမှမဖြစ်ပါဘူး။ ဟိုတုန်းက မူးကြီးမတ်ရာတွေ နားတောင်းတွေ ၀တ်ခဲ့ကြတာပါ။ မြန်မာ့ယဉ်ကျေးမှုလို.တောင်ပြောလို.ရပါသေးတယ်။ အဟင်း။

အ၀တ် အစားဟာ ကိုယ်ဘာလဲ ဆိုတာ ပုံဖေါ်နေတယ်ဆိုတာမသိသေးရင် ဒီကလေးတွေဟာ ဖက်ရှင်ကို ပြင်မှာ မဟုတ်ပါဘူး။ ဆေးကျောင်းတွေမှာ ကလေးတွေ အ၀တ်ဝတ်ချင်သလိုဝတ်နေပါတယ်။ ဂျင်းဘောင်းဘီအပြဲ။ တီရှပ်နဲ. ဆေးကျောင်းသားတွေကို မြင်ရတာ ရင်ထဲကြေကွဲစရာပါ။ ကျွန်တော်တို. ကျောင်းတက်ခါစက ဆေးကျောင်းသားတွေကို လူထုကချစ်ကြပါတယ်။ သူတို.ကိုကြည့်ရင်လည်း နဖူးမှာ စာကပ်ထားသလိုပါပဲ ။ အရပ်သားလို ၀တ်ထားရင်တောင် အရမ်းသိသာပါတယ်။ ကျွန်တော်တို.ကျောင်းတက်တုန်းက ဆေးကျောင်းသား၊စက်မှုကျောင်းသား၊ တက္ကသိုလ်ကျောင်းသားပုံစံတွေက သီးခြားပုံစံလေးတွေနဲ.ပါ။

အရပ်သားနဲ.ဆေးကျောင်းသားခွဲခြားနေတာလားဆိုရင် တန်ဖိုးခွဲနေတာမဟုတ်ပေမယ့် ခွဲရပါ့မယ်။ သဘောသဘာဝခြင်းမတူတဲ့ အလုပ်( လူ.အသက်ကယ်တဲ့ အလုပ်ပေါ့လေ) ကိုလုပ်တဲ့နေရာမှာ အ၀တ်ကအစ သေသေချာချာဝတ်ရမယ်ဆိုတဲ့ အသိကို သူတို.ကိုရှိစေချင်ပါတယ်။ မင်းတို. တီရှပ်ဝတ်လာရင် အပြစ်ပေးမယ်ဆိုတာလည်းလုပ်ပါ။ သူတို.ရဲ့ အသိထဲကိုငါတို.ဟာ တန်ဖိုးရှိတဲ့လူ၊ တန်ဖိုးနဲ.လိုက်အောင်ဝတ်ရမယ်ဆိုတဲ့ အသိလည်း ထည့်ပေးရမှာပါ။

ဆေးကျောင်းသူ မိန်းကလေးတွေ လူနာစမ်းရင် ဆံပင်ဖားလျားနဲ.စမ်းရင် သူတို. ဆံပင်ကြီးတွေက လူနာ မျက်နှာပေါ် ၀ဲနေရင် ၊ ခွဲပြီးစ အနာပေါ် ၀ဲနေရင်။

အသိလေးတော့ရှိနေရမှာပေါ့။

++++++++

ဆေးကျောင်းသားအမှတ်အသားဟာ အပြောအဆို အမူအယာပေါ်မှာရှိတာပါ။ ဂျူတီကုတ်ဝတ်ပြီး ဈေးချိုထဲလျှောက်သွားနေတဲ့ ရယ်စရာဆေးကျောင်းသားထဲမှာ ခင်ဗျားတို. ပါဘူးပါသလား။

(ဆက်ပါမည်)

Thursday, November 24, 2011

ကွန်မြူနီကေးကို ရှင်းသင့်မရှင်းသင့်

သူညားတွေ ကွန်မြူနီကေးချင်းဆိုတော့ အနော်လည်း ကွန်မြူနီကေးချင်းချင်တာနဲ. ထိုင်စဉ်းစားတာ။ ဘာမှလည်းထွက်မလာဘူး။ ဘယ်ထွက်လာမလဲ၊ ခေါင်းထဲမှာက ဗလာပဲ။ ဗလာဆိုတော့ကောင်းတာပေါ့၊ တော်ကြာ အမှားကြီးကို သိနေရင်ဒုက္ခော။

အဲသဟာနဲ. အဲဒီ ကွန်မြူနီကေးချင်း ဆိုတာကြီးက ဘာလဲဆိုတာ ပြန်ရှာကြည့်ရသေးတယ်။ သိမှမသိပဲကိုး၊

Medium by which people share ideas, feelings and information with others

အဲဂလိုတော့တွေ.တာပဲ။အဲဒီတော့မှ မဟာဆန်သူပြဇာတ်ထဲမှာ တသက်လုံးပြောလာတာ စကားပြေတွေပါလားလို. မသိခဲ့တဲ့ဦးရွှေဖီက ငါပါလားပေါ့လေ။ တကယ်တော့ ကွန်မြူနီကေးချင်းဆိုတာ မတ်စိ ပို.တာပါလား။ မတ်စိရောက်သွားရင် အလုပ်ဖြစ်တာပါလားပေါ့လေ။ ဟုတ်မဟုတ်တော့မသိဘူး။ တွေးမိတာလေးပေါ့လေ။

ခက်တာက မတ်စိတော့ရောက်သွားပါရဲ့။ တစ်ဖက်လူက မကျေလည်ဘူးဆိုရင် ကွန်မြူနီကေးချင်းကနေ ကိန်မြူနီကေးချင်း ဖြစ်သွားနိုင်ပါသလားလို.ဆက်တွေးမိတာပါ။ တို.များဘုရားရှင်ကို ပုဏ္ဏား လင်မယားက သမီးနဲ.ပေးစားမယ် ပြောတော့ ဘုရားရှင်က ကျင်ကြီး၊ကျင်ငယ်၊ ချွဲသလိပ်နဲ.ပြည့်နေတယ့် မင်းတို.သမီးကို ငါလက်ဖျားနဲ.တောင်မတို.လိုဘူး လို.ပြန်ပြောတာနဲ. သမီးဖြစ်သူက ရန်ညိုးဖွဲ.ဆိုပဲ။ တို.ဘုရားရှင် ကွန်မြူနီကေးချင်း မကောင်းဘူးလို. မပြောနဲ.နော်၊ ဒီလိုပြောမှာ သတ္တ၀ါတွေ အကျွတ်ရမှာမြင်လို. ပြောရတာ။ အိမ်း၊ နားမလည်တာနဲ. ဆက်ဖတ်တော့မှ Social skills are situation specific တို. The role of the other person is important တို. တွေ.ရတာ။

အဲသဟာနဲ. တို.ဆေးလောက မှာရော ဘယ်သူတွေ ကွန်မြူနီကေးချင်း စကေးတွေလိုမလဲပြန်ရှာတော့

1.For all teachers
2.Some special needs for teachers in clinical setting.
(Basic Educational Science Workshop 1/2010, University of Nursing, Mandalay)

အဲသဟာနဲ. ဥာဏ်ကမမီပဲဖြစ်ပြန်ရော။ တတ်နိုင်ပါဘူးလေဆိုပြီး ဆက်ရှာတော့ ဆရာမကြီး ဒေါ်မြင့်မြင့်ခင်ရဲ့ ကွန်မြူနီကေးရှင်း စကေးစ် ဆိုတာလေး ရှာတွေ.တယ်။ Educational Handbook for Trainers of Health Proffessionals ဆိုတဲ့စာအုပ်လေးထဲမှာ။ ကြာတော့ကြာပြီကော။ ဆေးသိပ္ပံပညာဦးစီးဌာန ကပဲထုတ်တာ။ ၂၀၀၀၄ ပတ်ဝန်းကျင်ကဖြစ်ပါမယ်။ အထုခေတ်နဲ. ကိုက်မကိုက်ကတော့ ပညာချိများ ဆုံးဖြတ်ရမယ့်အရာ။ အနော်တို.လို ခယေးများအရာမဟုတ်။

ဆရာမကြီးက ဒီလိုရေးထားပါတယ်။

As mentioned above, communication as applied to medical pedagogy has two main components.
1) That concerns the individual teacher in the process of imparting knowledge, competencies and skills that are required for training to become a doctor
2) Deals with essential communication skills that are needed when dealing with patients or community, that is to say, the highly complex skills manifest in doctor-patient relation or other forms of one-one or face-to-face communication, a rather difficult and complicated task for most uninitiated persons which will include almost all students and most teachers (clinicians)

most uninitiated persons ဆိုတာကတော့ ဆရာမကြီး ရွဲ.ပြောတာလားတောင်မသိတော့ပါဘူးလေ။ ထားပါလေ။ အနော်သိချင်တာက ဆေးရုံတွေမှာ ကွန်မြူနီကေးချင်းကြီး သင်သင့် မသင်သင့် ဆရာမကြီးများပြောထားလေမလား ပြန်ရှာတော့ ဂလိုတွေ.ပါသဗျ။

One of the limiting factors in teaching and learning of communication skills in the current medical training is that, in the context of Myanmar and many other countries as well, the sole and only venue where the intricacies of patient-doctor relationship are observed, imbibed, absorbed and learned is the hospital. This is not exactly the ideal place for learning such skills as it does not represent the real-life situation, and therefore, there is an urgent need to extend the venue of learning to the community, and other settings such as the general practice.


ဆရာမကြီးကတော့ လက်ရှိဆေးရုံတွေဟာ ကွန်မြူနီကေးချင်းသင်တဲ့ နေရာဖြစ်နေတာတောင် မကြိုက်ချင်သလိုပါပဲ။ ဆရာမကြီးကတော့ ကွန်မြူနတီဖြစ်ဖြစ်၊ တခြားနေရာမှာဖြစ်ဖြစ် သင်ယူမှု ဆန်.ထုတ်ရေးဟာ အားဂျန်.နိဒ် လို.ပြောပါတယ်။ ဆရာမကြီးရဲ့ တွေးဆပုံဟာ အံ့သြလောက်ပါတယ်။ အစွဲအလန်း၊ အယူအစွဲတွေကိုခဏလေးပယ်ချပြီးစဉ်းစားရင် ဆရာမကြီးရဲ့ အယူအဆဟာ ယုတ္တိကျတာ၊ ခေတ်မှီ ဆန်းသစ်တာတွေ.နိုင်ပါတယ်။ (This is not exactly the ideal place for learning such skills as it does not represent the real-life situation)

ဆရာမကြီး ပြောထားတာတစ်ခုတွေ.ပါသေးတယ်။တွေးဆနိုင်ဖို. ကူးချပါတယ်။အဲ၊ ဝေငှပါတယ်။

The patient-doctor relationship is almost a one-way direction with the doctor taking the active part and the patient the grateful recipient of services rendered. The model of acute medicine is usually scientific and technical and the personnel in the hospital are essentially technicians and the social skills required are minimal.

chronic model မှာတော့ ကွန်မြူနီကေးချင်းစကေးလို.ပါတယ်တဲ့ဗျ။သို.ပေမယ့် လိုအပ်တဲ့ ကွန်မြူနီကေးချင်းစကေားကတော့ (ဆရာမကြီး အသုံးအတိုင်းပြောရရင် ) vastly different လို.ပြောပါတယ်ခင်ည။

အနော်လည်း တစ်ခုချင်းတော့ဘ၀င်ကျပေမယ့် ပြန်စဉ်းစားတဲ့အခါ ဘ၀င် မခွေ.ပါဘူးခင်ဗျ။ ဘယ့်နှယ့် ကွန်မြူနီကေးချင်းဟာ ဘ၀တစ်လျှောက်လုံးမှာ သိပ်အရေးကြီးတယ်လို.သိထားတာပါ။ နိုင်ငံတော်ရဲ့ အရေးကြီးစာမျက်နှာမှာရှိနေရမယ့် ကျန်းမာရေးဆိုင်ရာလူ.စွမ်းအားစုများမှာ (ဂလိုဂျီးကျောလို. စိတ်ဆိုးရ၀ူးနော်၊ တဆိတ်ရှိ နိုင်ငံတော်တိုးတက်မှုညွှန်းကိန်းတွေကို ကျန်းမာရေးညွှန်တံတွေနဲ. လာလာတိုင်းနေလွန်းလို.၊ ဂယ်ဆို ဘောလုံးပွဲရလာဒ်နဲ.တိုင်းပါ့လား ) ကွန်မြူနီကေးချင်းကို ဘယ်လိုများရနိုင်မလဲပေါ့။

ဆရာမကြီး အနေနဲ. ဆေးရုံတွေမှာ (ကွန်မြူနီကေးရှင်း သင်ဖို.ရာ limit ဖြစ်နေတဲ့နေရာမှာ) သင်ယူမှုပုံစံဟာ rele-modelling လို.ပြောပါတယ်။ အထူးသဖြင့် Ethics, Humanisn နဲ. Professionalism ကို role-modelling ကနေ ရနိုင်တယ်ပြောပါတယ်။ Hidden of informal curriculum လို.ပြောရင်လည်းရပါတယ် လို.ဆိုပါတယ်။

အဲ၊ လက်စသတ်တော့ ကွန်မြူနီကေးချင်းကို တကယ်တမ်း သင်ယူရမှာက ဆရာကြီးဆရာမကြီးတွေပါလားလို. ပြောရဲပါဘူးဗျာ။ သူတို.ကတတ်ပြီးသား။ ပြောရင်းပြောရင်းကြောက်လာလို.တော်လိုက်တော့မယ်နော်။ အဲ၊ ဆေးရုံတွေမှာ ကွန်မြူနီကေးချင်းသင်သင့် မသင်သင့်ဆုံးဖြတ်ဖို.ကတော့ အနော်တို. အရာဟုတ်ဘူး။

အင်းဝခေတ်က မောင်ဖြူနဲ.မိမဲတူ ပေါင်းလာတာကြာမှ မိမဲတူ အသားမဲလို.ပါဆိုတဲ့ အကြောင်းပြချက်နဲ. မောင်ဖြူက ကွာဖို.ကြီုးစားဆိုပဲ။ အဲဒီတော့ ခုံတောင်မောင်ကျဘမ်းကလျောက်ရတယ်။ ခုမှမမည်း၊ရှေးကမည်းသည်၊မည်းမည်းတူတူ၊ မိမဲတူကို၊ ငဖြူကွာသင့်မကွာသင့် ပေါ့လေ။ ခုမှမည်းတာမဟုတ်ပါဘူး။ အရင်ကတည်းကမည်းတာပါပေါ့။ အခုလည်း အဲလိုပဲလျှောက်ရမယ်။

ရှေးကသင်ပေး၊ခုမှတွေးသည်၊ ကွန်မြူနီကေးကို ရှင်းသင့်မရှင်းသင့်၊ တရားထိုက်သင့်၊ ဆင်ချင်တော်မူပါဘုရား။

မကောင်းစိတ်နဲ.ရေးတဲ့စာ

၁။ ဆရာဝန်များ အချင်းချင်ေးသ်ာလည်းကောင်း၊ မီဒီယာများနှင့်သော်လည်းကောင်း၊ ထွက်ပေါ်လာသော အသံများအရ စိတ်မကောင်းစွာ (အခြားစကားမရှိပါ) ဤစာကိုရေးပါသည်။ အပြုသဘောဆောင်ဖို.ထက် ခံစားချက်ကို ဦးစားပေးလိုပါသည်။ နဂို စိတ်အခံကပင် မကောင်းစိတ်အခံများနေ၍ပင်ဖြစ်ပါမည်။ သည်းခံကြစေလိုပါသည်။

၂။ ဆရာဝန်များနှင့် လူနာများ(လူနာစောင့်များ) အဆင်မပြေကြသည်မှာ အနည်းစုပင်ဖြစ်ပါမည်။ ဆေးရုံသို.တက်လာသောလူနာဦးရေ၊ ဂျီပီသို.ရောက်သောလူနာဦးရေ ၊ အထူးကုဆေးခန်းသို.တက်လာသောလူနာဦးရေ တို.ကို စဉ်းစားစေချင်ပါသည်။ ရေခဲကျွန်းသီဝရီအရမူ အပေါ်ယံ ရှိသော ရေခဲတုံးထက် အောက်မှာ နက်ရှိုင်းစွာ ရှိနေမည်လားတော့ မပြောတတ်ပါ။ မရှိလျှင် ဆက်ဖတ်စရာမလိုပါ။ ရှိနေမည်ဟုယူဆလျှင် ဆက်ပါမည်။

၃။ ဆရာဝန်သည် သာမန်လူသာဖြစ်ပါသည်။ အထူးသဖြင့် ၀န်ဆောင်မှုပေးသော လူသာဖြစ်ပါသည်။ ကောင်းကင်မှမလာပါ။ ပါရမီတော် အထူးများမပါလာပါ။ အစိုးရ၀န်ထမ်းများ အခြားနေရာများတွင် ဆက်ဆံရေး အဆင်မပြေလျှင် ရုံးအပြင်ရောက်လျှင် ဆဲသွားရုံသာရှိပါသည်။ ဆရာဝန်များ နှင့် ဆက်ဆံရေး အဆင်မပြေလျှင် ဆဲရုံမက (ယခုနောက်ပိုင်း) တိုင်မည်တောမည်၊မီဒီယာ ကိုဖွင့်ချမည်ပါဖြစ်လာပါသည်။ အကဲဆတ်သော အမှုကိစ္စများ( လူအသက်နှင့်ဆိုင်သော ကိစ္စများ) ကို ကိုင်တွယ်နေရသောနေရာဖြစ်သောကြောင့်ဟုသာ ကောက်ချက်ဆွဲရပါမည်။

၎။ ဆေးရုံဆိုလျှင် ဆရာဝန်များနှင့်သာ ဆိုင်မည်ဟု တရားသေ ထင်ထားခြင်းများကြောင့်လည်း ဖြစ်နိုင်ပါသည်။ သူနာပြုများ အပေါက်ဆိုးလျှင်လည်းဆရာဝန်၊ တံခါးစောင့်များ လက်ဖက်ရည်ဖိုးတောင်းလည်း ဆရာဝန်၊ တွန်းလှည်းပေါ် ဇွတ်တက်ခိုင်းပြီး ပိုက်ဆံပေးရလည်းဆရာဝန် ကတော့မကောင်းပါ။ ဆရာဝန်သည်တာဝန်အရှိဆုံးဟုမပြောပါနှင့်။ သူရို. ကလန်လျှင် ဆရာဝန် ကိုင်းကန်ပါမည်။

၅။ အထူးကုဆေးခန်းကြီးများသည် အထူးဝန်ဆောင်မှုကိုပေးရန် (ပိုက်ဆံရှာရန် စီးပွားရေးလုပ်ငန်းရှင်များက )ဖွင့်ထားသောနေရာ ဖြစ်ပါသည်။ လူနာလည်းဆုံးရော တိတ်တိတ်ဆင်းပြေးသောလူနာရှင်များ ရှိဘူးပါမည်။ ပိုက်ဆံကြိုတောင်းပါလိမ့်မည်။ ဆရာဝန်ကြီးများကို အပြစ်ပြော၍ မရပါ။ သူရို.လည်းအခစားများသာ ဖြစ်ပါသည်။

၆။ ဆရာဝန်ကြီးများကြီးလာလေ၊ တကယ့် အများစုလူနာများနှင့်ဝေးသွားလေဟုပြောရပါမည်။ ဆေးရုံတက်နိုင်သော လူနာ ဟူသည် အခွင့်ထူးခံ လူတန်းစားဖြစ်နေပါပြီ။ ဆေးရုံတက်နိုင်လျှင်လည်း တ၀က်တပျက်နှင့် ဆင်းပြေးကြပါသည်။ ရောဂါကြီးကိုချစ်၍ အိမ်ပြန်မွေးခြင်းမဟုတ်ပါ။ မည်သို.မှမတတ်နိုင်၍ ဖြစ်လိုရာဖြစ်စေ ဆုတ်ခွာခြင်းသာ ဖြစ်ပါမည်။

၇။ အက်ဖိုစီဟူသည် အများအားဖြင့် ဗွီအိုင်ပီဟူသော အဓိပ္ပါယ်ဖြစ်သွားပါသည်။ အန္တရာယ်ရှိသော ကေ့စ်ဟူသည် ဆင်းရဲမွဲတေသော လူနာများထံမှမလာပါ။ မည်သူ.ကိုမှ အပြစ်မတင်ပါနှင့်။ ကိုယ်တိုင်ကြုံမှ ကရုဏာနှင့် အကြောက်၊ဘယ်သင်းက အားကြီးသည်ကို ခံစားသိပါမည်။ အထက်လူကြီးများက သိချင်မှသိပါမည်။ သိချင်လည်းသိပါမည်။ ထိုကဲ့သို. မဖြစ်ရန်နည်းလမ်းသာရှာရပါမည်။

၈။ အချိန်ရှားပါးသောဆရာဝန်ကြီးများ လူနာကို မတ်ဆေ့ခ်ျ အပေးနည်းပါမည်။ ကွန်မြူနီကေးရှင်း မတတ်၍ မဟုတ်ပါ။ ကွန်မြူနီကေးရှင်းကို အော့ဖ် လုပ်ထားခြင်းပါ။ ဗွီအိုင်ပီ ဆိုလျှင် ကွန်မြူနီကေးရှင်းကို အွန်ပါမည်။ အပြစ်ပြော၍ မရပါ။ သူ.နေရာတွင် ကိုယ်လည်းထိုသို.ပဲလုပ်မည်ဟု ယူဆရပါသည်။ လက်လှုပ်မှ ပါးစပ်လှုပ်ရပါသည်။ ထို အချိန်လေးအတွက် မနည်းရင်းထား၊ အားထုတ်ထားရပါသည်။ သူ.အချိန်ကောင်းကို သူအသုံးချရပါမည်။

၉။ လူနာဟူသည်လည်း စိတ်ခံစားချက်အရ ရုပ်ရှင်ရုံအပျော်လာခြင်းခံစားချက်ရှိမနေပါ။ လူနာသည်လည်းကောင်း၊ လူနာရှင်သည်လည်းကောင်း၊ တန်းရှင်း အပြည့်နှင့် မောင်းတင်လာကြသူများဖြစ်ပါသည်။ ဆရာဝန် ကလည်း လူနာက တစ်ယောက်၊ လူနာစောင့် တပြုံကြီး ၀ိုင်းပြောသည်ကို သည်းခံနိုင်မည်မဟုတ်ပါ။ တကယ်ခံစားရသူက မပြောပဲ ဘေးက ပြောနေသည်ကို နားထောင်ဘူးပါသလား။ မနက်ခင်း ညောင့်စူးတဲ့ဆီရောက်ရန် ကလေးအဖေ မနေ.ညက အရက်သောက်လာတာက အစနားထောင်ရန် အချိန်မရှိပါ။ ( ပိုက်ဆံပေါ၍ အထူးကုဆေးခန်း ရွေးလာသော လူနာများကို မဆိုလိုပါ) စိတ်တင်းအားများနေသော နေရာတွင် ဖြစ်ပေါ်သော ဆက်ဆံရေးသည် အဆင်ပြေရန်ခက်ခဲ့ပါသည်။( တရားရုံးများ၊ရဲစခန်းများ သည်လည်း ထိုသို.ဖြစ်ပါလိမ့်မည်။ သို.သော်ရုံးတော်ကို မထီမဲ့မြင်ပြုမှုရှိပါသည်။ ဆေးရုံတော်ကို မထီမဲ့မြင်ပြုမှုမရှိပါ)

၁၀။ ဝေဒနာကိုလည်းကိုယ်ချင်းစာပါသည်။ စိတ်ဇောနှင့် လောနေမှုကိုလည်းကိုယ်ချင်းစာပါသည်။ သို.သော် ဗိုက်တယ်ဆိုင်း နာရီခြား၍ တိုင်းပေးနေသောဆရာဝန်ကို လူနာကို ဆေးမထိုး၍ ညူစူခြင်းမှာ ပညာရပ်၏ သဘောကို နားမလည်ခြင်းသာဖြစ်သည်။ ဖြစ်ခဲ့သမျှများတွင်လည်း ပညာရပ်သဘောကို နားမလည်မှု အပုံပါပါသည်။

၁၁။ သူတပါးဆီမှ ကောင်းတာတွေယူချင်ပါသည်။ တစ်ဖက်စောင်းနင်းယူ၍မရပါ။ လူနာများဘက်မှ အဆင့် အတန်း၊နားလည်နိုင်စွမ်း မြင့်မားလာမှဖြစ်ပါမည်။ အင်မတန်ခက်ခဲသော ကိစ္စဖြစ်ပါသည်။ ဗိုလ်အောင်ဒင်ပြောသလိုပြောရလျှင် ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ ဖဲချပ်လေးကို ဟောသလို….ဟောသလို…..ဟုသာ ပစ်ပြချင်နေပါသည်။

၁၂။ ကိုယ်ဒေသနှင့်ကို ကုန်း၍ ရုန်းနေသော ဆရာဝန်လေးများကို သနားကြပါခင်ညာ ဟု ဘေးမှအော်ပေးချင်ပါသည်။ နိုင်ငံခြားကို အထင်ကြီးပါသည်။ တောမှာနေသူများကိုလည်း ပို၍ အထင်ကြီးပါသည်။

၁၃။ ထို.ထက်ပို၍ ဆိုရန်မရှိပါ။

ကောင်းတဲ့စိတ်နဲ.ရေးတဲ့စာ

၁။ မနေနိုင်၍ လူနာကိုကုန်းရုန်းကုနေရသော ဆရာဝန်ငယ်များအကြောင်းပြောမိပါသည်။ ကွန်မန်.မှာ ရန်ထောင်ပါသည်။ မတ်စိပို.၍ဆဲပါသည်။ သို.ဖြစ်၍ မကောင်းစိတ်နှင့်ရေးသောစာ၏ အဆက် ကောင်းတဲ့စိတ်နှင့်ရေးသောစာကိုရေးပါသည်။

၂။အမှားကြီးကို အမှန်ထင်၍ လာရောက်ဆဲသောအခါ ငါပြန်ပြောမယ်ဟဟု ရှေးဦးစွာတွေးမိပါသည်။ နောက်မှ ဆင်ချင်ကြည့်ရာ သူတို.လည်းတကယ်ခံစားထားရသဖြင့် နာကျည်းချက်ဖြစ်နေသည်လည်း ဖြစ်နိုင်ပါသည်။ ဘေးပတ်ဝန်းကျင်ဝယ်ကြုံထထားသည်လည်းဖြစ်နိုင်ပါသည်။ သို.မဟုတ် အထင်နှင့်ရမ်းတုတ်သော စကားများ အဆင့်ဆင့်ကားသည်လည်း ဖြစ်နိုင်ပါသည်။ မီဒီယာအသံကိုနားယောင်သည်လည်းဖြစ်နိုင်ပါသည်။ ပညာရပ်၏ သဘောသဘာဝကို နားမလည်သဖြင့် အမြင်မှားသည်လည်းဖြစ်နိုင်ပါသည်။ အမျိုးမျိုးဖြစ်နိုင်ပါသည်။ အမျိုးမျိုးအနည်းငယ်စီပေါင်းသွားသည်လည်းဖြစ်နိုင်ပါသည်။


၃။ အထူးကုဆေးခန်းကြီးများနှင့် ဆရာဝန်ကြီးများကို အတူတူတွဲမမြင်စေချင်၍ ပြောမိပါသည်။ အတူတူရော၍ အဆဲခံရပါသည်။ ကွန်မြူနီကေးရှင်းမအောင်မြင်ပါ။ ငါလည်းရှင်းအောင်ရေးမိတာပဲလို.တွေးပါသည်။ ပိုက်ဆံတောင်းသော ဆေးခန်းများတွင် ပိုက်ဆံတောင်းသူနှင့် ဆေးကုသူသတ်သတ်စီပင်ခွဲမမြင်ကြပါလားဟုတွေးမိပါသည်။ ပညာတတ်များဖြစ်မည်ဟုခန်.မှန်းရာ (အထူးကုဆေးခန်းတွင်ကုဘူး၊အင်္ဂလိပ်အသုံးအနှုန်းများပါ) တကယ့်တောနေလူတန်းစား(မြန်မာနိုင်ငံသားအများစု) ဆိုလျှင်ဟုတွေးလျှင်ရင်လေးရပါသည်။ ဆင်းရဲသား များတွင် ပြောကောင်းဆိုကောင်းနားလည်နိုင်စွမ်း ရှိသူများတွေ.ဘူး၍ ဖြေသာပါသည်။

၎။ ဂျော်နသန်စင်ယော်တွင် ပါသောမေးခွန်းကိုကိုယ့်ဘာသာပြန်မေးရပါသည်။ ကိုယ့်အသက်ကိုရန်ရှာသော စင်ယော်များကို ကယ်တင်နိုင်လောက်အောင် ပါရမီ ပြည့်ဝပြီလားဟု မေးမိပါသည်။ ကျန်သော ဆရာဝန်များကိုလည်းမေးချင်မိပါသည်။

၆။ လူနာတစ်ယောက်ကို သုံးမိနစ်ပင်မကြည့်သော ဆရာဝန်ကြီးများရှိပါလိမ့်မည်။ အထူးကုဆေးခန်း လူနာအခန်းဝကရပ်ပြီး ဆရာဝန်ကြီးက နေကောင်းလားမေးသည်ကို လာရောက်ကြည့်ရှုခ တွက်တောင်းသောဆေးခန်းများပင်ကြားဘူးပါသည်။ ကိုယ့်မိသားစုကိုပင် အလေးမပေးနိုင်လောက်အောင် ကိုယ်ပိုင်အချိန်ကိုဖဲ့နေရသောဆရာဝန်လေးများကို မမြင်ချင်ယောင် ဆောင်ကြပါလေဟုပြောချင်ပါသည်။ တစ်ညနှစ်ခါလောက် နာရီသံပတ်ပေး၍ တစ်ပတ်လောက်အိပ်ကြည့်ပါဟု စိတ်ပေါက်ပေါက်နှင့်ပြောမိလျှင် မကောင်းစိတ်နဲ.ရေးတဲ့စာပြန်ဖြစ်သွားတော့မည်။

၇။အင်ဖေါ်မေးရှင်းအမှားကြီးကို လူထုစာမျက်နှာတွင်ကွန်မန်.လာတင်ပါသည်။ မသိသူများက ထပ်၍ ယုန်ထင်ကြောင်ထင်ဖြစ်ပါမည်။ ရှင်းပြချင်ပါသည်။ ဆေးအတွက်ပိုလေးနေပြီလား ဟုပင် စိတ်ငယ်ရပါသည်။ ပညာရပ်ကို နားမလည်၍ ဟုပြောလျှင်လည်းသမားဂုဏ် ထပ်ပြပြန်ပြီဟုထင်ပါလိမ်.ဦးမည်။ (ကွန်မြူနီကေးရှင်းကျွမ်းကျင်သော ဆရာကြီးများလာရှင်းလျှင်ကောင်းပါမည်။ ကွန်မြူနီကေးရှင်းကို သင်မရဟု ဆိုသောဆရာလေးများပျော်ကြပါလေ၊ စကားစပ်၍ ဆိုခြင်းပါ၊ ကွန်မြူနီကေးရှင်းနှင့် မပတ်သက်ပါ)

၈။ သခင်ကိုယ်တော်မှိုင်းပြောခဲ့သည်ဟူသော စကားကိုရှင်းရပါမည်။ တကယ်ပြောမပြော အထောက်အထားမသိပါ။ (ထမင်းတလုတ်အတွက် ထင်းခုတ်စားလည်းဖြစ်ပါတယ်
နားကြပ်ထောက်ပြီး ဓားပြတိုက်တာဟာ အင်မတန် ရွံစရာကောင်းတယ်။)ရောချခြင်းဖြစ်ပါမည်။ ထမင်းတစ်လုပ်အတွက်ထင်းခုတ်အထိဖတ်ဘူးပါသည်။နားကြပ်ထောက်ပြီးဓားပြတိုက်သည်ဟု ဘယ်မှာရေးခဲ့ပါသနည်း။ ပညာရှိများရှာပေးကြရန်တောင်းပန်ပါသည်။


၉။ ဘယ်ဆရာဝန်မှနားကြပ်ထောက် ဓားပြမတိုက်ဘူးပါ။ ငါကုပါရစေဟု၍ ဆွဲလွဲမကုဘူးပါ။ ဆရာဝန်ကျင့်ဝတ်များအတိအကျ ပြဌာန်းပြီးသားရှိပါသည်။ ဆေးကုခဈေးကြီးလျှင် ပြောပါမည်။ လူနာသေလျှင် အသက်က တန်ဖိုးဖြတ်မရတော့ပါ။ တရားကျစရာကောင်းပါသည်။ သနားနေရုံကလွဲ၍ မတတ်နိုင်ပါ။


၁၀။ ဆက်ရေးလျှင် မကောင်းစိတ်များ ပိုဝင်လာတော့မည်ဖြစ်၍ ဤနေရာတွင်ရပ်ပါမည်။ ထို.ထက်ပိုကာဆိုရေးရှိလျှင် ဆိုပါမည်။

စိတ်တိုသဖြင့် ရေးသည့်စာ

၁။ ဘယ်သူ.ကိုစိတ်တိုသလဲ မပြောချင်ပါ။ အားလုံးကို တိုခြင်းလည်းဖြစ်နိုင်ပါသည်။ ကိုယ့်ကိုကိုယ် တိုခြင်းလည်းဖြစ်နိုင်ပါသည်။ ကိုယ်နဲ.ဘ၀တူဆရာဝန်များကိုတိုခြင်းလည်းဖြစ်နိုင်ပါသည်။ ကိုယ်နှင့် ဘ၀မတူဆရာဝန်များကို တိုခြင်းလည်းဖြစ်နိုင်ပါသည်။ ဘာကိုတိုမှန်းမသိ တိုခြင်းလည်း ဖြစ်နိုင်ပါသည်။ သို.သော် ကိုယ့်ကိုကိုယ် ခွင့်လွှတ်၍ ထုံးစံအတိုင်းသူများကို ပုံချသောစကားဆိုပါသည်။ ငါတို.လည်းဒီလိုပဲဟု သူများကို အပြစ်ပြောတတ်သူများ နားလည်စေချင်ပါသည်။ နားမလည်လျှင်လည်းရှိပါစေ။ စိတ်တို၍ ထွက်ပေါက်ရှာကာ ပွစိပွစိရွတ်နေသူတစ်ဦးဟု ဘေးမဲ့ပေးလိုက်ပါလေ။

၂။ ပေတံက ရှာရန်လွယ်ပါသည်။ ဂျပန်ပေတံ၊အမေရီးကန်ပေတံ၊ ဗလစ်တစ်ပေတံ၊ ကြိုက်သည့်နေရာမှာရှာပါ။ စံနှုန်းတွေ တစ်ပြုံတွေ.ပါမည်။ သို.သော် မြန်မာနိုင်ငံသည်မြန်မာနိုင်ငံသာဖြစ်ပါသည်။ သူများပေတံကို မကြည့်ချင်၍ မဟုတ်ပါ။ ကြည့်ချင်ပြင်ချင်ပါသည်။ သို.သော် ကိုယ့်အနေအထားကိုလုံးလုံးပြန်မကြည့်ပဲ (မျက်မမြင်ပြောသလို အဖြူရောင်ဆိုတာ လက်မောင်းကြီးပါကွာဟုပြောခြင်းမျိုးမဟုတ်ပါ၊ ပညာရပ်ဆိုင်ရာအထောက်အထားနှင့် ပညာရှင်ဆန်စွာ ကြည့်ခြင်းမျိုးပါ) ပေတံတွေ လာလာတိုင်းနေတော့ ငပုမှာ စိတ်ဆိုးရခက်နေပါသည်။ ကိုယ်ဘယ်ရောက်နေသလဲ မသိပဲနှင့် ကိုယ်သွားချင်ရာစွတ်သွားလို.မရပါဟု မန်းနေ.ခ်ျမန်.ဆရာကြီးများငေါက်မည်စိုး၍ သတိပေးပါသည်။

၃။ဆားဗစ်ထဲကလူတိုင်း (ဆရာဝန်များအပါအ၀င်) ၀န်ထမ်းသာဖြစ်ပါသည်။ အခြားဝန်ထမ်းများနည်းတူ ထားရာနေစေရာသွားရမည်သာဖြစ်ပါသည်။ (စေလွှတ်သူများအကြောင်းခဏမေ့ထား၍) ကိုယ်ကိုယ်တိုင် အထက်လမ်းအောက်လမ်း ကင်းပါရဲ့လား စဉ်းစားကြည့်ပါ။ အငယ်များကလည်း ဂျီပီမကောင်းလျှင်မသွားချင်။ လိုချင်သောနေရာရဖို. နည်းပေါင်းစုံသုံး။ အကြီးများကလည်း မိုးရွာတုန်းရေခံ။ တိုင်းပြည်အတွက်ဟု စဉ်းစားသူရာခိုင်နှုန်း မည်မျှရှိပါသနည်း။ နယ်ဆိုလျှင် မိဘမမာ၍၊ ကလေးငယ်သေး၍ အကြောင်းပြချက်မျိုးစုံနှင့် ကြိုးစားကြ၊ အသနားခံစာတင်ကြ၊ အထက်လမ်းအောက်လမ်းသုံးကြ။ နိုင်ငံခြားဆိုလျှင်တော့ အမေကြောင်းလည်းမပြော၊ အဖေကြောင်းလည်းမပြော၊ကလေးကြောင်းလည်းမပြော၊ ကောက်ကောက်သာ ပါတော့သည်ဟုပင်ဆိုရပေမည်။

၎။ ရဟန်းခြောက်ကျိတ်ကို ဘုရားရှင်က တစ်ကြောင်းတည်းသောလမ်းကို နှစ်ပါးမသွားလေနဲ.ဆိုပြီးသာသနာပြုစေလွှတ်သလိုမျိုး ဆရာဝန်တွေကို စေလွှတ်လို.ရရင်ဘယ်လောက်ကောင်းမလဲ။ မြန်မာနိုင်ငံမြေပုံထဲမှာ ဆရာဝန်များပျံ.နှံ.တည်နေပုံကို အစက်လေးတွေချကြည့်ပါ့လား။ ဘယ်နေရာတွေမှာ အစက်တွေခဲနေအောင်ပုံနေမလဲ။ တွေးကြည့်ရုံနှင့် သိသာပါသည်။ နေရာမကောင်း၍ ဂျူတီရီပို.တင်ကာပြန်လာပြီးရန်ကုန်၊ မန္တလေးမှာ နှပ်နေသူများသည် အခွင့်သင့်လျှင် တိုင်းပြည်မကောင်းကြောင်းထိုင်ဆဲသူများသာဖြစ်ပါသည်။ စနစ်မကောင်းကြောင်း ပယ်ပယ်နယ်နယ်တွယ်ပါလိမ့်မည်။

၅။ စနစ်ကိုကောင်းသည်မပြောပါ။ စနစ်ကိုဖေါ်ဆောင်သူများမပြင်မချင်း မည်သည့်စနစ်မှကောင်းလာဖွယ်ရာမမြင်ပါ။ စနစ်ကိုဖေါ်ဆောင်သူများတွင် အောက်ဆုံးမှ အထက်ဆုံးအထိပါပါသည်။ သူများကိုလက်ညိုးထိုးရန်လွယ်ပါသည်။ ကိုယ့်ကိုကိုယ်ကျ ဆင်ခြေတွေ ပေးစရာပုံနေပါသည်။ မည်သူ.မှမပြောပါ။ ကိုယ့်ကိုကိုယ်ကြည့်ပြောလိုက်လျှင်သူများလည်း အတူတူပင်ဖြစ်ပါသည်။

၆။ မန်း၊မန်းနီး၊ မက်တီရီယယ် သုံးမျိုးကို တောင်းရကောင်းမှန်းသိကြပါသည်။ တကယ်လိုအပ်၍ တောင်းခြင်းဖြစ်သလို ကိုယ့် သြဇာအာဏာထူထောင်ရန်လည်း ပါနေပါမည်။ တိုင်းပြည်အတွက်ဟုပြောနေရသည်မှာ ကြီးကျယ်နေပါသည်။ မပြောရဲပါ။ ကိုယ့်တာလေးကိုယ် လုံကြရဲ့လား ဟုသာ မေးရပါမည်။ လုံကြပါတယ်ဟုပြောလျှင် မီဒီယာများ မဖွအောင်နေကြပါဗျာ ဟုပြောမိလျှင်ဝိုင်းဆဲပါလိမ့်မည်။ ဖြစ်ပြီးမှ လိုက်ရှင်းပြရသည်မှာခက်ပါသည်။ မဖြစ်အောင် နေနိုင်လျှင် ကောင်းပါမည်။ ပြည်သူလူထုသည် အဖြူပေါ် အနက်ထင်လျှင်ယုံတတ်သော အသိပညာလောက်သာရှိသူဖြစ်ပါသည်။(အများစုကိုဆိုလိုပါသည်။) ဆရာဝန်စကားထက် ဘေးအိမ်ကစကားကို ပိုယုံနေလျှင် အပြစ်မတင်ပါနှင့်။ ဘေးအိမ်ကလူသည် ဆရာဝန်ထက်စေတနာပါသည်ဟု သူထင်၍ဖြစ်ပါသည်။ ဒေါသမထွက်ပဲ ဆရာဝန်က စေတနာပိုကောင်းရုံမက ပိုတတ်ကြောင်းပြနိုင်ရပါမည်။

၇။ မီဒီယာက အစကတည်းက အကျိုးအမြတ်ရလျှင် လုပ်မည့်သူများဖြစ်ပါသည်။ ဆေးလိပ်၊ အရက် ကြော်ငြာခွင့်လေးသာ ပေးကြည့်ပါဟုပြောချင်ပါသည်။ အမှန်တကယ် ပြည်သူ.အကျိုးလိုလားသော မီဒီယာ နည်းနေသည်မှာ ကြာပါပြီ။ ဆာဆာလူနှင့် သိုးသိုးထမင်းဆိုင်တွေ.လျှင် အရောင်းအ၀ယ်ဖြစ်တတ်ပါသည်။ ကိုယ့်ဘက်က တာ လုံထားစေချင်ပါသည်။ ဆက်ပြောလျှင် စကားတွေကျွံကုန်မည်စိုးရပ်ထားပါမည်။ သူရို. ကိစ္စကို မပြောပဲ ကိုယ့်လူကိုယ်ပဲ ပြောရပါမည်။ ဆရာဝန် အများစု ဒေါသထွက်လည်း မဖြစ်ပါ။ ဆိုးသူများလည်း များစွာရှိနေနိုင်ပါသည်။ အခါများစွာကောင်းလာပြီးမှ တခါလေး အဆင်မပြေချိန် ဟိုးဟိုးလည်းကျော်သွားနိုင်ပါသည်။ အသက်တရာမနေရ၊ အမှုတရာပွေရနိုင်ပါသည်။ သတင်းဟူသည် လူကခွေးကိုကိုက်မှသတင်း ဖြစ်ပါလိမ့်မည်။ ရမ်းကုကြောင့် တောက မထင်မရှား သူရင်းငှားဆုံးသည်နှင့် အထူးကု ဆရာဝန်ကြီးကြောင့် သနားစဖွယ် ဆယ်တန်းအညွန်.အဖူးလေးဆုံးသည်မှာ အသက်တန်ဖိုးတူသည်ထားဦး (မီဒီယာအတွက် ) သတင်းတန်ဖိုးမတူကြောင်း သတိထားတော်မူစေချင်ပါသည်။

၈။ ပိုဆိုးသည်မှာ အချင်းချင်းကပင် အမြင်မှားနေ၍ ဖြစ်ပါသည်။ ဒေ၀ဒတ်မကောင်းသည်နှင့် ဘုရားရှင်၏ အုပ်ချုပ်မှုညံ့ဖျင်း၍ ဟုပြောသလိုမျိုးပြောနေပါသည်။ စနစ်နှင်ဆိုင်သည်လား၊ လူနှင့်ဆိုင်သည်လား။ လက်ဖက်ရည်ဆိုင်တွင်ပြောသည်က အပြစ်ကင်းပါသည်။ အော်ဖစ်ရှယ်လီးပြောသည်ဆိုလျှင် စနစ်တကျပြောနိုင်ရပါမည်။ မြန်မာနိုင်ငံ၏ ဆရာဝန်ဦးရေ မည်မျှ၊ ဖြစ်သောအမှုမည်မျှ၊ ဆရာဝန်ပေါ့ဆမှုမည်မျှ၊ မီဒီယာဖွမှုမည်မျှ၊ ဘာမှမတွေးပဲ မပြေးသော်လည်း ကန်ရာ ရှိလိုက်ကြပါသည်။

၉။အုပ်ချုပ်ရေးနေရာတွင် နေရသူများကိုကိုယ်ချင်းစာကြပါ။( ကိုယ်မပါပါ၊ ) တိုင်းပြည်ကောင်းအောင်လုပ်ဖို.ကိုယ်ရှိနေမှလုပ်နိုင်ပါမည်။ ဟိုဘက်ဒီဘက်မျှအောင်လုပ်နေရသူများဖြစ်ပါသည်။ သူရို.တွင်လည်း အထက်ရှိပါသည်။ ကိုယ့်တိုင်းပြည်အတွက်စွတ်လုပ်တာများ၍ ကိုယ့်နေရာပျောက်လျှင်ဆက်လုပ်နိုင်မည်မဟုတ်ပါ။ ကိုယ့်အတွက်ကိုလည်းလုပ်ပါလိမ့်မည်။ ကိုယ်ကိုယ်တိုင်ရောက်လျှင်ပိုလုပ်လောက်မည်ဟု ကိုယ်ချင်းစာပါ။ ရာနှုန်းဖြင့်ပြောလျှင် တိုင်းပြည်လေးဆယ်၊ကိုယ့်ဖို. လေးဆယ်၊ကြောက်၍ နှစ်ဆယ်ဆိုလျှင် (ကျွန်တော့ အလိုအရ) လက်ခံပါသည်။ ပေါ်လဆီမိတ်ကာလယ်ဗယ် ကိုပြောနေခြင်းပါ။ အငယ်များအတွက် ကိုယ့်အတွက် ခြောက်ဆယ်၊ မပြုတ်ရန်တစ်ဆယ်၊ တိုင်းပြည်သုံးဆယ်ဆိုလျှင်ပင်တော်တော်ကြေနပ်ရပါသည်။

၁၀။ ဘေးမှနေ၍ ဘုပြောနေသူများ မြန်မာနိုင်ငံကျေးလက်ဒေသများတွင် အလုပ်နှင့်သက်သေပြလျှင် အတော်ကောင်းပါမည်။ ပေါ်လစီမိတ်ကာမဟုတ်ပဲ၊ ပေါ်လစီမိတ်ကာတို.၏ အခက်အခဲကို မသိပဲ ဟိုဟာကောင်းဒီဟာကောင်းပြောရသည်မှာလွယ်ပါသည်။ ဆရာကြီးဝန်ကြီး (မခေါ်ဘူးတော့လျှာယားလိုက်တာဗျာ) အစည်းအဝေးများတွင် ခဏခဏပြောသော စကားရှိပါသည်။ အရင်တုန်းကလို စိတ်ဆိုးမှာကြောက်လို.၊ဘာဖြစ်လို.ညာဖြစ်လို. မပြောရဘူးဆိုတာမရှိပါ၊ ပြောစေချင်ပါသည်၊ လာပြောကြပါဟု ဆိုပါသည်။ ပြောကြပါ။ တောင်းကြရန်မဟုတ်ပါ။ ပညာရှိဆန်ဆန်ပြောကြပါ။ အော်ဖစရှယ်လီးပြောရင်တော့ ရမ်းတုတ်တာမဖြစ်စေချင်ပါ။

၁၁။ ဆရာဝန်ဆိုသူများ အတ္တကြီးကြပါသည်။ နိုင်ငံခြားထွက်ရင် လျော်ကြေးတောင်းသည်ပဲ ပြောကြသည်။ ကိုယ်ဘောင်းထိုးထားတာမပြောကြပါ။ သေချာရောဖတ်ပြီး လက်မှတ်ထိုးခဲ့တာမှ ဟုတ်ပါလေစ ဟု အံ့သြရပါသည်။ ခုမှတော့ချော့လာပါနဲ.၊ ငေါ့တော့တော့ဘာဂလိုတိုတိုဟု သီချင်းဆိုပြချင်ပါသည်။ ရုံးက ဆရာမပြောသလို အစကတည်းက မဖတ်ကြဘူးလားမသိဘူးဟုပြောလျှင် အခြားနိုင်ငံများနှင့်ချီပြီးပြောပါလိမ့်မည်။ နိုင်ငံ့တာဝန်ထမ်းဖို. နိုင်ငံတော် အကျိုးအတွက်ဆိုတာလေး ဘယ်ချောင်မှ ကျကျန်ခဲ့သလဲမသိပါ။ အချို.ကလည်း ဆေးကုဖို.ကလွဲပြီး ၀န်ထမ်းကျင့်ဝတ်မသိကြဘူးပဲဟု ခွင့်လွှတ်ရပါသည်။ ၀န်ထမ်းမဟုတ်သောဆရာဝန်များကိုလည်း အော် မသိရှာဘူးလေပဲဟု ခွင့်လွှတ်ရပါသည်။ ကိုယ့်ကိုကိုယ်ကျလည်း အော် နင်မမြင်ချင်ယောင်မှ မဆောင်နိုင်ပဲဟု ခွင့်လွှတ်ချင်ပါသည်။ တောသွားလျှင်လျော်ကြေးမပေးရပါဟု သတင်းပါးပါသည်။

၁၂။ ပြုပြင်ပြောင်းလဲရေးသမားများရှိသည်မှာကောင်းပါသည်။ ပုံပြင်လေးတစ်ပုဒ်ပြောချင်ပါသည်။ သားလုပ်သူက အဖေကို မေးပါသည်။ အဖေ၊ အော်တာနေးတစ်ဆိုတာဘာလဲ။ အဖေကရှင်းပြပါသည်။ သားရေ၊မင်းမှာကြက်ဥလေးတစ်လုံးရှိတယ်၊ အဲဒီကြက်ဥလေးက ပေါက်လာတယ်။ ဆက်ဥတယ်၊ သားကပြုစုစောင့်ရှောက်လို. ကြက်ထောင်ပေါင်းများစွာရှိတဲ့ ကြက်ခြံကြီးဖြစ်လာတယ်။ တစ်နေ.မှာ မိုးတွေရွာ၊ရေတွေကြီးတော့ ကြက်ခြံကြီးရေမြုတ်ပြီး ကြက်တွေအားလုံးသေသွားတယ်။ ကြက်ဆိုတာ ရေမှမကူးတတ်ပဲ။ အဲဒီတော့ သားက အော်တာနေးတစ်အနေနဲ. ဘဲမွေးပါ ဟူသတည်း။



၁၃။ ထို.ထက်ပို၍ ဆိုရန်မရှိပါ။

ပုဆိန်ဖြင့် ထွင်းသည့်စာ

၁။ နတ်ထွင်းသည့် ခံတွင်းများအတွက် ပုဆိန်ဖြင့်ထွင်းရမည်ကိုအားနာပါသည်။ အပ်ပျောက်နေ၍ ပုဆိန်ဖြင့်ထွင်းပါသည်။ ပေါ့စေလို၍ ကြောင်ရုပ်ထိုးခြင်းမျိုးမဟုတ်ပါ။ လေးစေလို၍ ပိဿာလေးရှာပါသည်။ ပိဿာလေးမတွေ.၍ ငါးဆယ်သားလေးဖြင့်ပစ်ရသည်ကိုလည်း အားနာပါသည်။ နံဘေးတည့်တည့်ကို မမှန်ပဲ ခြေဖျားလက်ဖျားလောက်ချော်ချက်ထိလျှင် (လက်မတည့်ခြင်းအတွက်) တောင်းပန်ပါသည်။

၂။ စာရေးသူသည် အဖွဲ.တစ်ခု၊ နေရာတစ်နေရာ၊ ဆိုက်တစ်ဆိုက်ထဲ အတွက် ရည်ရွယ်၍ ရေးခဲပါသည်။ ယခုရေးပါသည်။ ဆေးပညာမိသားစုအတွက်ရေးပါသည်။ ရည်ရွယ်ရေးသောစာသည် မှန်လှပါ၊ကောင်းလှပါစာမျိုး မဖြစ်တော့သဖြင့်အားနာပါသည်။ ရေးပြီးလျှင်လည်း ဂရုမှ ထွက်မည်မဟုတ်ပါ။ထုတ်မှသာထွက်ပါမည်။ မရှက်တတ်၍မဟုတ်ပါ။ ဆေးပညာမိသားစုမျက်နှာကိုကြည့်ပါသည်။ အက်ဒမင်မျက်နှာကိုမကြည့်ပါ။ (စော်ကားခြင်းမဟုတ်ပါလေ) အက်ဒမင်ဆိုသည်မှာရှိသင့် ရှိထိုက်၍ရှိနေသောအဖွဲ.ဖြစ်ပါသည်။ ကိုယ်ရှိနေခြင်းသည် ဆေးပညာမိသားစုအတွက် အကျိုးမဲ့ဖြစ်စေသည်ဟု ယူဆလျှင်ထုတ်ကြပါလိမ့်မည်။ ကိုယ်ကလည်း အကျိုးမမဲ့ပါဟု ယုံကြည်နေသ၍ ဆက်နေပါမည်။ ကိုယ့်စာကိုမှ ဖတ်ချင်ပါသည်ဟူသော လူငါးယောက်လောက်ရှိနေလျှင် ဆက်နေပါမည်။

၃။ မယောင်ရာကို လူးနေသောဆီများကို တွေ.နေရသဖြင့် ဤစာကိုရေးပါသည်။ ကိုယ့်စာကိုယ်တိုင်လည်း မယောင်ရာကိုရောက်သွားလျှင် ပြောနိုင်ပါသည်။

၎။ ဂရုကိစ္စက စ၍ပြောပါမည်။ (စာရေးသူလည်း ဂရုဖွဲ.ပါသည်။ ကဗျာချစ်သူဟုနာမည်ရပါသည်။ လာရောက်လေ့လာနိုင်ပါသည်။ ) ဂရုသည် တူရာကိုစုထားခြင်းသာဖြစ်သည်။ အင်မတန်ပေါ့ပါးပါသည်။ အဖွဲ.အစည်း (organization) ၊ အသင်းအဖွဲ. (team) မဟုတ်ပါ။ ဆိုလိုသည်မှာ ဦးတည်ချက်ထားဆောင်ရွက်ရသော မစ်ရှင်များ၊အော့ဖ်ဂျက်တစ်ဖ်များမလိုပါ။ ထားလျှင်လည်းပြောစရာမရှိပါ။ သို.သော်တူရာဟု ဆိုလျှင် တူမှရပါမည်။ မတူလျှင်ပြောစရာဖြစ်လာပါမည်။

၎-၁။ ဆေးပညာမိသားစုတွင် ဆေးပညာနှင့်နှီးနွယ်သူများသာ ပါဝင်ရမည်ဟု မသတ်မှတ်လျှင်ရပါသည်။ သတ်မှတ်ရင်တော့ ထိုမူအတိုင်းသာဖြစ်ရပါမည်။ မူကိစ္စတွင် ခြွင်းချက်ထားမိ၍ မြန်မာနိုင်ငံ ၀န်ထမ်းလောက၀ယ် အဆင့်ဆင့် ပြင်မရနိုင်အောင်ဖြစ်နေရသည်ကို ပြန်လည်ကြည့်တော်မူစေချင်ပါသည်။ သဘောထားတင်းမာသည်မဟုတ်ပါ။ ဥပမာပြောရလျှင် စင်ပေါ်မှာ ဟိုဘက်သည်ဘက်လူးလှိမ့်နေသော ဆရာဝန်အဆိုတော်တစ်ယောက်ကို အင်မတန်အမြင်ကပ်ပါသည်။ မျက်စိစပါးမွေးစူးရုံမက စပါးတစ်စေ့လုံး မျက်လုံးထဲဝင်နေသလိုပါပင်။ စာရေးသူ၏မူအရ မကြိုက်သော်လည်း သူသာ ဆေးပညာမိသားစုထဲဝင်လာလျှင် လက်ခံရပါမည်။ (စာရေးသူအက်ဒမင် ဖြစ်ခဲ့ရင်ဖြစ်ပါသည်၊ လုပ်လို၍ စကားဦးသန်းခြင်း မဟုတ်ကြောင်းလည်း အလေးအနက်ဆိုပါသည်) သို.သော် ဆေးပညာရှင်မဟုတ်လျှင် ဘီလ်ဂိတ်လာရောက် ၀င်ခွင့်တောင်းလျှင်လည်း လက်ခံဖွယ်ရာမရှိပါ။

၎-၂။ တဆက်ထဲ အက်ဒမင်ကိစ္စဆက်ပါမည်။ အက်ဒမင်ရှိသင့်၊မရှိသင့် ငြင်းရမည့်ကိစ္စမဟုတ်ပါ။ ငြင်းရမည်မှာ အက်ဒမင်များဘာလုပ်သင့်၊ ဘာမလုပ်သင့်ပဲဖြစ်ပါသည်။ အက်ဒမင်ဆိုသူများသည် ဂရုပိုင်ရှင်မဟုတ်ပါ။ အရှင်းဆုံးဆိုလျှင် သည်ဂရုထဲရောက်လာသူများသည် အက်ဒမင်များကိုကြည့်၍ ရောက်လာသည်မဟုတ်ပါ။ ဆေးပညာ မိသားစုဝင်များဖြစ်၍ ရောက်လာသူများဖြစ်ပါသည်။ (ဆရာကြီးများကို အားနာပါသည်။ သို.သော် ဆရာကြီးများကို အက်ဒမင်ထဲ ဆွဲထည့်ထားသည့်ကိစ္စ၊ နောက်မှရှင်းပါမည်။ ရုံးရှေ.က ကံ့ကော်ပင်တွင် ဓားထစ်၍ မှတ်ထားပါသည်။ မိမိတို.ဆိုင်ရာ အိမ်ရှေ. သစ်ပင်များတွင် ဓားထစ်ထားနိုင်ပါသည်၊)

၎-၃။ အက်ဒမင်များကို တိုက်ခိုက်နေသည်ဟု ထင်စရာဖြစ်နေပါသည်။ လုံးဝမဟုတ်ဟု ကြိုတင်ပြောပါသည်။ ဆေးပညာမိသားစုဟု အဖွဲ. ရှိသင့်ရှိထိုက်၍ ပေါ်ပေါက်လာပါသည်။ တစ်ဦးမဖွဲ.တစ်ဦးက ဖွဲ.မည်သာဖြစ်ပါသည်။ အက်ဒမင်များသည်ပိုင်ရှင်မဟုတ်ပါ။ ဂရုအကျိုးအတွက် ပို၍ အားထုတ်ရမည့်သူများသာဖြစ်ပါသည်။ ဂရုကိုပိုချစ်သူများ ဟု လုပ်ပိုင်ခွင့် ပိုယူထား၍ မနာလိုမဖြစ်ပါ။ ဂရုထဲတွင်လည်း ဆေးပညာမိသားစုအကျိုးအတွက် ထပ်တူချစ်သူများရှိနေနိုင်သည်ကို ဂရုပြုတော်မူကြပါဟု တောင်းပန်သမှုပြုရပါမည်။

၎-၄။ ဂရုအက်ဒမင်များထဲတွင် ဆေးလောက အကျိုးကို ချစ်သူများရှိနေသည်မှာ ပြောရန်မလိုပါ။ တခါတရံ စိတ်လိုက်မာန်ပါ အမှုများလုပ်မိသည်လည်းရှိပါမည်။ ပြောချင်သည်မှာ ဂရု အကျိုးအတွက်ဟူသော စကားလုံးနှင့် အကာအကွယ်ယူကာ မလုပ်သင့်မလုပ်ထိုက်သည်တို.ကို အက်ဒမင်ပါဝါသုံးကာ လုပ်မိမည်ကိုစိုးရိမ်စကားဆိုပါသည်။ ပညာရှင်များ( မဟုတ်သည့်တိုင် အိုင်ကျူမြင့်သူများ) စုနေသဖြင့် ပြဿနာပေါ်လျှင်ပို၍ ပြင်းထန်နိုင်ပါသည်။ မှန်ကန်မှုဖြင့် နေသော အက်ဒမင်များကို ဤနေရာမှ တောင်းပန်စကားဆိုခဲ့ပါသည်။

၎-၅။ မဲဆန္ဒဖြင့် အရာရာဆုံးဖြတ်ရမည်ဆိုသည်မှာ ရှက်စရာကောင်းပါသည်။ လုံးဝ ညှိနှိုင်းမရအောင်ကွဲလွဲသောကိစ္စများကိုမပြောလိုပါ။ တစ်ဦးတစ်ယောက်က ကပ်ဖဲ့လုပ်နေလျှင်သိသာပါသည်။ မှန်သည်ဟု ယူဆလျှင် အက်ဒမင်များလုပ်ပိုင်ခွင့်ရှိရပါမည်။ ပုဂ္ဂိုလ်ရေး မပါရန်သာ ဂရုစိုက်စေလိုပါသည်။ အက်ဒမင်များ၏ ဆုံးဖြတ်ရခြင်းအကြောင်းကိုလည်း ပွင့်လင်းစွာပြောလျှင် နားမလည်မည့်သူ နည်းပါးပါမည်။

၎-၆။ တကယ်တော့ ကြောင်းတူ သံကွဲများပြောနေသူများများပါသည်။ ကွဲပြားသော အသံနောက်ကိုမလိုက်စေလိုပါ။ တူညီသောအကြောင်းသည် ဆေးပညာရှင်များကို တန်ဖိုးထားစေချင်ခြင်း၊အမြင်မမှားစေခြင်း၊ တိုးတက်စေချင်ခြင်း ဟုသာ အမြင်ရပါသည်။ တကယ်တော့ ဆေးပညာလောကသည် နှုန်းစံများပြောင်းလဲလာသည့်(တစ်ကမ္ဘာလုံးမှာ ဖြစ်နေသော) ပြဿနာနှင့် ရင်ဆိုင်မိခြင်းသာဖြစ်ပါသည်။

၅။ ဆေးပညာမိသားစုဖြစ်ပါသည်။ ငကြောင်လေးများအဖွဲ.၊ ကွန်မန်.ချစ်သူများ၊ ဟာသကိုယ်တော်များ၊ စသည့် ဂရုများမဟုတ်ပါလေ။ ဆိုလိုသည်မှာ အဆင့်ရှိသည်(ဟု အနည်းဆုံးယူဆနိုင်သော) ပုဂ္ဂိုလ်များဖြင့်ဖွဲ.စည်းထားပါသည်။ (ကျန်ဂရုများအဆင့်မရှိဟုပြောခြင်းမဟုတ်ပါလေ) ကိုယ့်တာဝန်ကိုယ် ယူနိုင်သူများဖြစ်ပါသည်။ ရိုင်းစိုင်းသူများရှိနေနိုင်သော်လည်း အင်မတန်နည်းပါလိမ့်မည်။ အများစုက ရိုင်းနေသည်ဆိုလျှင်တော့ ဂရုသာ ဖျက်လိုက်ပါတော့ဟု ရှက်ရှက်နှင့် ဆိုပါသည်။ ရှိသောအနည်းစုမှာလည်း ကျောင်းပီးကာစ မာန နှင့် ဖောင်းကားနေချိန်လေးသာဖြစ်ပါမည်။ အချိန်တန်တော့ ကြီးသူကိုရိုသေရမှန်းသိသွားပါလိမ့်မည်။

၅-၁။ တစ်ခါတစ်ရံ စေတနာဇောကြီး၍ အနည်းငယ်ကြမ်းတမ်းသွားသော စကားများ ဆိုကြသူများရှိနိုင်ပါသည်။ ကြမ်းသောစကားဖြစ်စေ၊ နုသော စကားဖြစ်စေ၊ အပြုသဘောဆောင်ဖို. အဓိကဖြစ်ပါသည်။ ဆေးလောက အကျိုးကို တကယ်လိုလားသူများဖြစ်မဖြစ်၊ စကားပေါ်က အရေပြားကိုခွာ၍ အနှစ်အသားကို ကြည့်ကာ ခွင့်လွှတ်စေလိုပါသည်။ မကောင်းသည်ကို မကောင်းဘူး ပြောရဲသူများများစွာလိုပါသည်။ ( အပြောရဲရန်ဟုရေးပါသည်။ အပြောရိုင်းရန်မဟုတ်ပါ)

၅-၂။ ဆရာကြီး၊ဆရာမကြီးများနှင့် တိုက်ရိုက်ထိတွေ.နိုင်သောနေရာဖြစ်ပါသည်။ အကျိုးရှိအောင်အသုံးချစေချင်ပါသည်။ သို.သော် ကိုယ့်လိုဘ ကိုသာကြည့်၍ ပြောနေသည်များကိုတော့ ရပ်စေချင်ပါသည်။ အတ္တကြီးသူများဟု လက်ခံပါသည်။ နည်းနည်းလျော့ပါဟုသာဆိုရပါမည်။

၅-၃။ တစ်ဦးချင်းနှင့်သာဆိုင်သောကိစ္စများကို ဆရာဝန်တွေက အစချီ၍ ပြောမည့်သူများရှိနေပါသည်။ ကိုယ့်တာလေးလုံအောင်လုပ်ကြပါဆိုလျှင် လူမသေစေနဲ.ဟု ဆိုလိုရာရောက်သွားပါမည်။ ဒီထက်ပိုပါသည်။ ပြည်သူလူထုက ပြောလာသည်များရှိတော့ နာရသည်။ အပြောခံရအောင်လုပ်ခဲ့သူများရှိနေ၍ ဟု တနည်းတော့မြင်ရမည်။ ထန်းသီးကြွေခိုက်မှာ နင်းမိသောကျီးသည် ကိုယ်မဖြစ်ပါစေနှင့်ဟု ဆုတောင်းခြင်းသည် အဓိက အလုပ်မဟုတ်ပါ။ ပြည်သူ.အမြင်ကို ပြန်ပြောင်းရန်လိုနေပါပြီ။ ဒီကြားထဲက မသွားချင်သည့်နေရာသွားရ၊သွားချင်သည့်နေရာမသွားရ ငိုချင်းများတင်လာသည်များကိုရှက်ရသည်။ အကြီးအကဲ မကောင်း၍ ဟုဆိုလိုချင်လျှင် ကိုယ်တိုင်ကောင်းရဲ့လားဟု မေးပါရစေ။ အဲဒါမှမရှက်တတ်သေးလျှင် အငြိမ်းစားယူသွားသောဆရာကြီးဆရာမကြီးများ (ရာထူးနေရာမပေးနိုင်တော့သောသူများ) ကို ဒီသီတင်းကျွတ်ကန်တော့ပါရဲ့လားဆက်မေးပါမည်။

၅-၄။ ဆေးပညာမိသားစုကို စည်းလုံးစေချင်ပါသည်။ စည်းလုံးဖို.က အကျင့်တူရပါမည်။ အကျင့်တူဖို.က အမြင်တူရပါမည်။ အမြင်မတူလျှင် သူတပါးနေရာကကြည့်တတ်ရပါမည်။ အေအက်စ်များကလည်းဟောက်စ်နေရာမှာကြည့်တတ်ရပါမည်။ ပီဂျီ မမကလည်းအေအက်စ်ဘ၀က လာသည်ကိုမမေ့ရပါ။ အက်ဒမင်ကလည်း မန်ဘာအမြင်ကိုတွေးရပါမည်။ ယခုတော့ အချင်းချင်းတွေ အမြင်ကွဲအတွေးကွဲနှင့် တိုင်းပြည်တာဝန်ဘယ်လိုများထမ်းဆောင်မှာတုံးဟု မေးပါမည်။

၅-၅။ တိုင်းပြည်ကို တိုးတက်စေချင်သည်က လွယ်ပါသည်။ တိုးတက်စေချင်သူများပုံနေပါသည်။ တကယ်တမ်း ကုန်း၍ ရုန်းရမည်ဆိုတော့ လူမရှိပါ။ ဘေးမှ အပြစ်ပြောနေသူများပုံနေပါသည်။ စနစ်မကောင်း၍၊ဘာ၍၊ညာ၍ ။ အပြစ်ကို ရှာမည့်အစား လမ်းကိုရှာသည်က ပိုအကျိုးရှိပါမည်။ အပြစ်က လူတိုင်းပြူးနေအောင်မြင်တတ်ပါသည်။

၆။ မီဒီယာသည် ရန်သူမဟုတ်ပါဟု အလေးအနက်ဆိုပါသည်။ မှားသော အမြင်ကို မြင်နေသူများသည် အ၀ါရောင်ဂျာနယ်လစ်များ၏ မှိုင်းမိနေသူများဖြစ်ပါမည်။ အမှားရှိသူများကိုကြုံဘူးသူများဖြစ်ပါမည်။ သူတို.ကို ခွင့်လွှတ်.ရပါမည်။ ဤဂရုမှ ဆရာဝန်များ၊ ဆေးပညာရှင်များလုပ်စရာပုံနေပါသည်။ စာမရေးတတ်သူက ပြည်သူကို ဆရာဝန်ဆိုတာ ဒီလိုပါလားဟု အနစ်နာခံပြနိုင်ရပါမည်။ စံနမူနာပြနိုင်ရပါမည်။ စာရေးတတ်သူက (ဆရာဝန်ကောင်းကြောင်းပြောခြင်း မဟုတ်ပဲ) ဆရာဝန်တို.သဘောသဘာဝ၊လုပ်ငန်းသဘောသဘာဝကို ပြည်သူကိုတင်ပြနိုင်ရပါမည်။ အဆက်ဆက်မှားလာခဲ့သည်များကို လက်တွေ.ပြခြင်းဖြင့်ပြင်ဆင်ရပါမည်။ လွယ်ကူသောကိစ္စမဟုတ်၍ အားလုံးဝိုင်းရပါမည်။

၆-၁။ ပြောခဲ့သည်များများပါပြီ။ အချုပ်ဆိုပါမည်။ အသစ်ဆိုတိုင်းမကြိုဆိုနိုင်ပါ။ အဟောင်းမှိုင်းမိနေခြင်းလည်းမဟုတ်ပါ။ မှန်သောအသစ်၊ ကောင်းသောအသစ်၊ မြတ်သောအသစ်ကိုသာလိုချင်ပါသည်။ အဟောင်းထဲမှလည်း မှန်သော၊ကောင်းသော၊ မြတ်သော အဟောင်းကို ဆက်လက်နေရာပေးချင်ပါသည်။

၆-၂။ မှန်ခြင်း၊ကောင်းခြင်း၊ မြတ်ခြင်း ဆိုတာ ဘာပါလဲဟု စံညွှန်းလိုချင်သော၊ စကားကပ်ချင်သော ဆရာ့ဆရာများက မေးလာကြပါလိမ့်မည်။ ကာလာမသုတ်ကိုပြန်ညွှန်းရပါမည်။ မှန်ခြင်း၊ကောင်းခြင်း၊မြတ်ခြင်းသည် အဆွေတော် ဆေးပညာရှင်များ၏ နှလုံးအိမ်ဝယ် သိနေပြီး၊ တည်နေပြီးဖြစ်ပါသည်။ အခိုက်အတန်.အားဖြင့် ပညာမာန်၊ပညာမာန၊ အတ္တမာန်၊အတ္တမာနကြောင့် မြူဆိုင်းနေခြင်းမျှသာ။

၆-၄။ ထို.ကြောင့် မာန်၊မာနတို.ကို ဖယ်ခွာ၍ မြတ်သောအကျင့်၊ကောင်းသောအကျင့်၊မှန်သော အကျင့်များသည် အဆွေတော် ဆေးပညာရှင်၏ နှလုံးသည်းပွတ်ဝယ် ထာဝရတည်ပါစေသတည်းဟုသာ ဆုတောင်းစကားဆိုပါသည်။

၇။ ထို.ထက်ပို၍ ဆိုရန်မရှိပါ။ ။

ဂျီပီညနေအိပ်မက်

တစ်ခုသော ညနေချမ်းအခါဝယ် အကျွန်ုပ်သည် လူနာမလာသော ဆေးခန်းဝယ် ပက်လက် ကုလားထိုင် တစ်လုံးနှင့် လူနာမျှော်ဂါထာရွတ်နေစဉ် မျောက်မြည်းအိပ်ပျော်ကာ အောက်ပါအိပ်မက်ဆန်းကိုမြင်မက်လေသည်။

အကျွန်ုပ် ပက်လက်ကုလားထိုင်ပေါ်ထိုင်နေစဉ် အဝေးဆီမှ စောင်းညှင်း ပတ်သာ သံများ၊ တူရိယာပစ္စည်းများ တီးမှုတ်သံများကြားသဖြင့် မျှော်ကြည့်လိုက်ရာ နီသော ၀တ်ရုံများဝတ်ဆင်ထားသည့် လူတစ်စုသည် ဝေါယဉ်တစ်စီကိုထမ်းကာ အတီးအမှုတ်အခြံအရံများနှင့် အကျွန်ုပ်ရှိရာသို.ရောက်လာပြောဆိုသည်မှာ

'အဆွေတော်သမားတော်၊ လူနာပင့်လာပါသည်'
'အသင်တို. မည်သူ နည်း'

အကျွန်ုပ်လည်း အံအားတသင့် မေးမြန်းမိလေသည်။

'ကျွန်ုပ်တို.သည် အာလကီးယားတိုင်းပြည်မှ အာလကီးယားအာကလောင်မျိုးနွယ်စုဖြစ်ပါသည်'
' သင်တို.တိုင်းပြည်ဝယ် သမားတော်မရှိသလော။ အကျွန်ုပ်မှာ သာမန် ဂျီပလီဆရာဝန်မျှသာဖြစ်ပါသည်'

ထိုအခါ အုပ်စု အကြီးအကဲသည် ခေါင်းကိုညွှတ်၍
' ကျွန်ုပ်တို.ပြည်ဝယ် သမားတော် အလွန်ပေါပါသည်။ အဘယ်မျှပေါသနည်းဟု ဆိုသော် ညနက်သန်းခေါင် လူရှင်းချိန် လမ်းသွားစဉ် ဘေးကိုတံတွေး မထွေးရဲပါ။ သမားတော်တစ်ယောက်ယောက်ကိုထွေးမိမည်စိုးရပါသည်'

'အနို.ဖြင့် ဘာလို.အကျွန်ုပ်ကို ပင့်သနည်း'

' လက်ရှိသမားတော်များသည် မအားပါ။ တိုင်းပြည်ရှိ မောင်းတော်သားများနှင့် တိုက်ပွဲဆင်နွဲနေပါသည်။ တိုက်ပွဲတွင် မပါဝင်သူရို.မှာလည်း မောင်းတော်သားများ၏ မောင်းတော်သံကိုကြောက်၍ ဆေးမကုရဲပါ'

'အော်၊ သွေးနဲကြသကိုး၊ရှိစေတော့၊ဒါနဲ. ကျွန်ုပ်က ဘယ်သူ.ကိုကုရမှာလဲ၊ဘာရောဂါလဲ'


'တိုင်းပြည်၏ ဘုရင့်သမီးတော်'မိန်းဝေစုပုံ.လေးတူဂျာအောတက္ကရည်းဂျား' ဖြစ်ပါတယ်။ မျိုးနွယ်စုနာမည် မှတ်ရခက်ရင် မော်နီချစ်ချစ်များလို. အတိုမှတ်လို.ရပါတယ်။ ရောဂါကတော့အဆန်းပါ။ မောင်းတော်သူ သမီးပျိုလေးတွေကို ဆံပင်ဆွဲ ပါးရိုက်ချင်တဲ့ရောဂါပါ'

'အိမ်း၊ ရှိစေတော့၊သို.ဂလိုဖြင့် ဒိုးကြပါစို.ရဲ့'

++++++++

အကျွန်ုပ်လည်း ဝေါပေါ်တက်၍ လိုက်ပါလာခဲ့ရာ လမ်းခရီးတွင်တွေ.ရသောရှုခင်းများအကြောင်းငြီးငွေ.မည်စိုး၍ မရေးတော့ပြီ။ သို.ရာတွင် သူရို.၏ ခေါင်းဆောင် အာလဂါပြိုးဖြည့်နှင့် အာလကီးယားနိုင်ငံအကြောင်းပြောချက်များကိုမူ ထည့်သွင်းဖေါ်ပြလိုပေသည်။

'အာလကီးယားပြည်မှာ ဘယ်လိုတွေ ဆေးကုကြသလဲဗျ'
' အလိုလေး မည်သူမှဆေးမကုကြတော့ပါ။ မောင်းတော်သားများက ဆေးကုတိုင်း မောင်းတီးပါတယ်။ '


'အနို. သမားတော်ချုပ်ကြီးကရော'
' သမားတော်ချုပ်ကြီး ခမျာမှာ သမားတော်ငယ်တွေကိုအုပ်ချုပ်ချင်သော်ငြား အရေးကြီးအစည်းအဝေးများ မအားအောင်တက်နေရပါတယ်'

'အရေးကြီး အစည်းအဝေး ဆိုတာက…..'

'ကြောင်ကိုချူဆွဲသင့်မဆွဲသင့်တို.၊ ကလေးအီးပေါက်လျှင် တိုင်းပြည်အထိတ်တလန်.မဖြစ်ရေးတို.၊ မုန်.ဟင်းခါးစားပြီးလျှင် ဟင်းရည်တောင်းမသောက်ရေး မူဝါဒဆိုင်ရာ အထွေထွေ သဘောထားခံယူပွဲ၊ အို……စုံလို.ပါဗျာ'


'အော်အော်၊ သမားတော်အချင်းချင်းရောတည့်ကြလားဗျ'

'အခြေခံအားဖြင့်တည့်ပါတယ်၊ အဲ၊တစ်ခုရှိတာက စီနီယာသမားတော်များကို သွားသွားစပြီး ဟိုက ဒေါက်ဖိနပ်နဲ.ခုတ်လွှတ်စေချင်တာလေးတွေတော့ရှိပါတယ်။ တစ်ယောက်နဖူးတစ်ယောက် ဒေါက်ဖိနပ်ရာ အနည်းအများ၊ လက်အပြင်းအပျော့ ပြိုင်တာပေါ့လေ'

'အော် ၊ကောင်းလေစွ၊ဒါအပြင်ရော'

'ဒါ့အပြင်ကတော့ နေရာယူချင်တဲ့ရောဂါပါးပါးလေးတွေပါလေ။ တစ်ယောက်ဆို သမားတော်ချုပ်ကြီးနဲ. ရေအိမ်သွားရင်း မျက်နှာချင်းဆိုင်ဆုံမိတော့ သမားတော်ကြီးက နှာခေါင်းလေးပိတ်သွားတာပေါ့လေ။ အဲဒါကိုသူ.ခမျာ သုံးနှစ်သုံးမိုး ဂုဏ်ယူလို.မဆုံးရှာဘူး'

'ဂုဏ်ယူထိုက်ပါပေတယ်ကွယ်၊ '


'ဂုဏ်ယူထိုက်ဆို သမားတော်ချုပ်ကြီးနဲ. မျက်နှာမြင်ဘူးရင်တောင်ငယ်ပေါင်းကြီးဖေါ်လိုပြောနေကြတာပဲဗျာ၊ သူဆိုဘယ်ပြောကောင်းမလဲ၊ ကျန်တဲ့သူတွေကလည်း ကြောက်ရတာပေါ့၊ သမားတော်ချုပ်ကြီးတောင်နှာခေါင်းပိတ်ရတာလွယ်မှတ်လို. '


ရှိစေတော့။သူ.အရပ်နှင့်သူ.ဇာတ် အကျွန်ုပ်မဆွေးနွေးလို။

++++++++

နောက်ဆုံး မင်းသမီးလေးဆီရောက်လေ၏ ။ မင်းသမီးလေး၏ ရောဂါအား ဆေးကုမ္ပဏီမှလက်ဆောင်ရထားသော ဓာတ်လုံးကိုရေစိမ်တိုက်လိုက်ရာ ချက်ချင်းပျောက်လေ၏။ မင်းသမီးလေးမှာကျေးဇူးတင်လွန်း၍ ကျွန်ုပ်ကိုသူ.အား လက်ထပ်ပါရန် ဇွတ်အတင်းတိုက်တွန်းလေသည်။ သို.ရာတွင် ကျွန်ုပ်မှာ အိမ်သူသက်ထားဇနီးမယားမှလွဲလျှင် ကျန်သည်ကိုရေနွေးကြမ်းနှင့်မြည်းရုံမျှသာ သဘောထားလေရာ မင်းသမီးလေးသည်ရောဂါနှင့် မသေပဲ ကျွန်ုပ်အားစွဲလမ်းသောဝေဒနာဖြင့်မာလကီးယားလေသည်။

အကျွန်ုပ်လည်း မင်းသမီးလေး၏ ဂူဗိမ္ပာန်ပြီးသည်အထိစောင့်၍ အာလကီးယားတိုင်းပြည်မှပြန်လာခဲ့လေသည်။ တိုင်းပြည်မှ ပြန်လာ၍ ကျွန်ုပ်၏ ဆေးခန်းရှိရာနှင့်နီးကပ်လာစဉ်……..

++++++++++

'အလို၊ဆန်းကြယ်လှပါလား'

'ဆန်းဆိုဆရာအိပ်နေတုန်း ဆရာအနားမှာလိပ်ပြာလေးဝဲနေတာဆရာ၊ ခဏနေတော့ ပုရွတ်ဆိတ်အုံဘေးသွားနားတာ ပုရွတ်ဆိတ်နီတွေဆွဲပြီး တွင်းထဲသွင်းသွားတာ၊ ကျွန်တော်တောင်လိပ်ပြာလေးသနားပါတယ်တွေးနေသေး၊ ဘယ်ဟုတ်မလဲဆရာရဲ့ဈ ခဏနေတော့ ပုရွတ်ဆိတ်တွင်းထဲကထွက်လာပြီးဆရာ့မျက်နှာနားတောင်ဝဲနေသေး၊ နောက်ဘယ်ရောက်သွားမှန်းတောင်မသိဘူး'

'ကျွန်ုပ်သည် တပည့်ကျော်ပြောသောစကားကိုအံ့အားတသင့်နားထောင်ကာ ပုရွတ်ဆိတ်အုံကိုဖြိုကြည့်လေသည်။ အာလကီးယားပြည်ဝယ် ကျွန်ုပ်သွားလာကျက်စားခဲ့သောနေရာများအတိုင်း ပုရွတ်ဆိတ်တိုင်းပြည်ကိုတွေ.ရလေသည်။ ကျွန်ုပ်လည်း မင်းသမီးလေး၏ ဗိမ္ပာန်နေရာအားရှာရာ နောက်ဆုံးတွင်ရွံ.မံထားသော ပုရွတ်ဆိတ်အသေလေးတစ်ကောင်အားတွေ.ရလေသတည်း။ ။

မှတ်ချက်၊ တရုတ်ပုံပြင်လေးကို ကျောရိုးယူပါတယ်။ ဘယ်သူ.မှထိခိုက်ရန်မရည်ရွယ်ပါ။ စနောက်ခြင်းသာဖြစ်ပါတယ်။

အိတ်ပေါက်သူများ

ဖားတွေ အများကြီးကောက်ခဲ့ကြတဲ့
အိတ်ပေါက်တွေအကြောင်း………..

+++++++++

မဟောသဓာလို
နတ်ဆေးကိုင်ပြီး မွေးခဲ့လည်းအကောင်းသား
ခုတော့တို.ဘ၀က
ကံကြမ္မာဓားခုတ်ရာထဲမှာ
လိုလိုချင်ချင် လက်လျှိုခဲ့ကြသူတွေ။

ရောဂါဖြစ်စေသော အကြောင်းတရားတွေက
ကံ၊စိတ်၊ဥတု၊အာဟာရ
ရောဂါပျောက်စေသော အကြောင်းတရားက
ဆရာဝန်တစ်ယောက်တည်းဆိုရင်
တရားမျှတမှု ရှိပါ့မလား
တကယ်တော့ ဆရာဝန်ဆိုတာ
အကြောင်းလေးပါးကို ပြုပြင်ပေးသူမျှသာ။

အပျက်ကို ပြင်သူတွေထဲမှာ
တို.က နာကျင်မှု အပိုဆုံးပါ
ဝယ်လို.လဲလို.မရတဲ့ ဇီဝရုပ်ဖြစ်ပျက်ခြင်းတွေ
ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်……….တဲ့
ယုံကြည်မှုက ဆေးတစ်ပါးဆိုတာကို မေ့လိုက်ကြပြီထင်ရဲ့။


မြားတွေလိုချိန်ထားတဲ့မျက်လုံးတွေအောက်မှာ
ကိုယ့်ကိုကိုယ် ယုံကြည်မှုက တစ်ဝက်သာသာ
စေတနာကိုစစ်ကူတောင်းထားတာတောင်
ဖောက်ပြန်ပြီးသား ခန္ဓာကြီးက ပြန်ကောင်းမလာရင်
သဲထဲရေသွန် ဂရုစိုက်မှုတွေကို
ငါတို. အမျှဝေလိုက်ရုံပါပဲ။

ဗျာတိနဲ.မရဏကြားမှာ
ချိနဲ.စွာ ရုန်းကန်သူများကို ကူညီပေးနေရင်း
သေမင်းကိုစစ်ခင်းပေးကြသောဆရာဝန်တွေ
ငွေအတွက်သက်သက်ပဲလို. ထင်ရက်လာကြတဲ့အခါ
ရင်နာရုံကလွဲလို.
တုံ.ပြန်စရာမရှိခဲ့ကြပါ။

+++++++++

'ငါဘုရားကို ပြုစုမည့်အစား
သူနာကိုပြုစုကြလော့။'


ဝေဒနာသည်ကို လက်ပိုက်ကြည့်နေနိုင်လောက်အောင်
ငါတို.မရိုင်းစိုင်းခဲ့ဘူး
ကိုယ့်ဒုက္ခကိုယ်ရှာရအောင်လည်း
ငါတို. မရဲဝံ့ပြန်ဘူး
ဒီအစွန်းတို.ကြားက မျှခြေနေရာ
ငါတို.ကိုရှာပေးပါဆိုရင်
ယုံကြည်မှုလေး အားဆေးတိုက်ပါ။

လက်ညိုးထိုးကြတဲ့သူတွေ
လက်ညိုးအထိုးခံကြတဲ့သူတွေ
တိုင်းပြည်အတွက် ကြီးကြီးကျယ်ကျယ်ပြောကြတဲ့သူတွေ
တိုင်းပြည်အတွက် သေးသေးမွှားမွှားလုပ်ကြတဲ့သူတွေ
ငိုချင်ရက်ကိုများ
ငါတို.လက်တို.မိခဲ့သလား
သမုတိအတွက်
င၀က်က ဒဏ်ခံ
အထက်ကအတန်တန်ကို
ရွှေနန်းစံမသိများ ဖြစ်ခဲ့လေသလား
ရွှေဆီးဖြူ သဘောမှာပဲ
စကောနဲ.အလှိမ့်ခံနေရပါတယ်လေ။


တိုင်းပြည်အတွက်ဆိုတဲ့စကားလုံးအောက်
ဇာတ်နာအောင်လုပ်တဲ့ သတင်းတွေအောက်
ငါတို.ဘယ်နှစ်ယောက်စတေးရဦးမှာလဲ
အဆုံးအရှုံးမရှိတဲ့ တိုက်ပွဲဆိုတာရှိသလား
ငါတို.လက်တွေ လူသတ်ခဲ့ဘူးလို.လား
ငါတို.လက်တွေ မတရားမှုပြုခဲ့ဘူးလို.လား
တကယ်တော့ ငါတို.နေရာဟာ မြေနိမ့်ဒေသ
ခင်ဗျားတို. လှံတွေ 'သ' ကြပါတော့။

+++++++++


တကယ်တော့ရိုးရိုးလေးပါ
ကိုယ့်အလုပ်ကိုယ် လုပ်ကြခြင်းသာ
ကိုယ့်တာကို လုံစေချင်တဲ့အခါ
တိုက်ခိုက်မှုဟာ အားလျော့သွားတတ်ပါရဲ့
တို.က ရန်သူမဟုတ်သူတွေကိုမတိုက်ခိုက်ခဲ့ပါ
ရန်သူအစစ်က ရောဂါဝေဒနာ။

စစ်ပွဲတစ်ပွဲမှာ ကြားလူကို ဂရုမစိုက်မိတဲ့အခါကျ
ကြားလူက ရန်သူဘက်ကို ပါတတ်တယ်
တို.အဖြစ်က စစ်အောင်ချင်လို.ရှုံးခဲ့ရတာမျိုး
တို.အရှုံးကလည်း နှစ်ထပ်တိုး အရှုံးမျိုး
ငါတို. တတွေ ရှုံးခဲ့ကြပါတယ်။

လေထဲမှာရမ်းလိုက်တဲ့ဝါးလုံးရှည်တွေကို
ငါတို. သစ္စာနဲ.ပဲကာကြပါစို.
ငါတို.မှန်ကန်မှုကိုပဲငါတို.ရှာကြပါစို.
အမြင်မှားတွေကို
ငါတို. အလုပ်မှန်တွေနဲ.ပဲ ရှင်းကြပါစို.
ဥသျှစ်သီး နှစ်လုံးထုသလို
အချင်းချင်းထုချေကြတဲ့အခါ
တိုးတက်ရေးက 'နာ'တယ်
ငါတို.အိတ်တွေကို ဖာထေးကြရအောင်ပါ။

ရိုင်းစိုင်းတဲ့ အကြံအဖန်နဲ. ငါတို. မယုတ်ခဲ့ဘူး
သမိုင်းရဲ့ တရားခံဟာ ငါတို.မဟုတ်ခဲ့ဘူး
ကြိုးမရှုပ်တဲ့အရုပ်ကို
လက်ခုတ်မတီးချင်နေ
တံတွေးနဲ.မထွေးလေနဲ.။

အသက်ကိုတန်ရာတန်ကြေးမဖြတ်သူများက
ငွေမက်သူများလို.စွပ်စွဲတဲ့အခါ
ဘယ်သင်းက တန်ဖိုးလဲ မေးချင်မိတယ်
မမေးဖြစ်ခဲ့ကြပါဘူး။

အသက်ကို တန်ဖိုးမဖြတ်ချင်ရင်
စေတနာကိုတန်ဖိုးဖြတ်လှည့်ကြပါ
စက်ခလုပ်နှိပ်မျက်နှာ
ခင်ဗျားတို.ရှာနေတယ်ဆိုရင်ပေါ့
နည်းနည်းတော့လွဲနေခဲ့ပြီ။

++++++++

ဒါပါပဲလေ
သမိုင်းတွင်အောင်နိုင်ငံရေးလည်းမလုပ်ခဲ့ကြပါဘူး
တိုင်းပြည်ကိုလည်းမကယ်တင်ခဲ့ကြပါဘူး
တစ်ဦးတစ်ယောက်ချင်းရဲ့ဝေဒနာကို
တတ်စွမ်းသမျှ ဖေးကူနေသူများဟာ
မြေနိမ့်ဒေသမှ အိတ်ပေါက်များဖြစ်နေတယ်
ဖားကောက်ဖို. ကူညီပါ။ ။

ဆရာဝန်မငိုရ

၁။ ဂျပန် မှာ ပန်းကန်ဆေးဆေး
မလေးရှားမှာ ကားရေဆေးဆေး
မန္တလေးမှာ ကဗျာပဲရေးရေး
စင်ကာပူမှာ ကျောင်းပဲတက်တက်
ကိုယ့်သွေး အမျိုးအစား ကိုယ်သိတတ်ရမယ်။

၂။လတ်တလော ကွယ်လွန်သွားသောကဗျာဆရာကြည်မောင်သန်း၏ ကဗျာဖြင့်ပင်စပါမည်။ ထိုကဗျာဖတ်ရင်း အကယ်ဒမီဇာတ်ကားမဟာကြီးမှ ဟိုအထုတ်ပြေးဆွဲ ဒီအထုတ်ပြေးဆွဲ ဆွဲတတ်ပါလေသော ဆရာဝန်လေးကို မြင်လာပါသည်။ ဇာတ်ကားလဲ အကယ်ဒမီရသောအပိုင်းကိုသာကြည့်ဘူးပါသည်။ မြန်မာကားဆို၍ ဟိုင်းဝေးကားပေါ်မှ မဖြစ်မနေနားထောင်ရသောကားများမှလွဲ၍ မကြားလိုမမြင်လိုပါ။ ထို.ထက်ပို၍ ဆိုရသော် ဆရာဝန်ဇာတ်ကားများမကြည့်လိုပါ။ အဟင်း၊ သွေးကြီးသည်ဟုပဲ စွပ်စွဲပါလေ။ ကိုယ့်သွေး အမျိုးအစားတော့ ကိုယ်သိတတ်ရပါမည်။

၃။ ဆရာဝန်သည်ဆရာဝန်အလုပ်လုပ်ရင် မရဘူးလား။ ကူလီလုပ်စရာလိုသလား။ ရုပ်ရှင်ကြည့်လျှင် မြန်မာကားတွေမှာတွေ.ရသော ဖေါ်မျူလာလိုပင်။ ဒေါသထွက်လျှင် ဒီလိုပဲပေါက်ကွဲ။ ဆိုက်ကားသမားဇာတ်ရုပ်မှာလဲဒီလိုပဲပေါက်ကွဲ၊ ပါမောက္ခဇာတ်ရုပ်မှာလည်း ဒီလိုပဲပေါက်ကွဲ၊ ဒီမင်းသား လာလျှင်ဒီလိုပဲပေါက်ကွဲ။ ခက်တော့ခက်ပါသည်။ ဆရာဝန် သဘောကောင်းတာပြဖို. ပွဲရုံဘေးမှာ ဆေးခန်းဖွင့်ပြီး ဆန်အိတ်ပါကူသယ်ရမလိုပင်။ထားပါ။ ပြောချင်သည်မှာ သဟာမဟုတ်ပါ။

၎။ တလောက ကဗျာတစ်ပုဒ်မှာ ဆရာဝန်တွေ ကြိုးစားခဲ့ရပုံ၊ပင်ပန်းပုံကိုဖတ်ရသည်။ ရုတ်တရက်တော့ လက်ခုပ်တီးလိုက်မိသည်။ (ကိုယ်လည်း ဂလိုပင်ရေးဘူးသည်) နောက်မှတစိမ့်စိမ့်တွေးမိသည်။ ကိုယ့်အဖြစ်နဲ.ယှဉ်၍ပါ။ ကိုယ်ဆရာဝန်ဖြစရန်ကြိုးစားနေစဉ်မှာ ပြည်သူ.အတွက်၊ လူနာ့အတွက်ပါပါလေစ။ ကိုယ်ဆရာဝန်ဖြစ်ရေး၊ ဂုဏ်ကြီးမားရေးအတွက်ပဲ လုံးပန်းနေခဲ့တာမဟုတ်ဘူးလား။ ရေးလိုသည်ကို တိတိကျကျမဖေါ်ပြနိုင်လျှင် အပုတ်ချသလိုဖြစ်မည်။ ပြောချင်သည်မှာ ကိုယ်ဖြစ်ရမယ့်နေရာ၊ကိုယ်ရောက်ရမယ့်နေရာကို သူများတွေလည်း ဒီလိုပဲကြိုးစားခဲ့ရသည်ပင်။ သည့်အတွက် (ဆရာဝန်တစ်ယောက်အနေနှင့် ) ထူးဂုဏ်ယူရန်လိုပါမည်လား။

၅။ တကယ်တော့ ဆရာဝန်သည် ဆရာဝန်ပီသနေလျှင် သူ.တန်ဖိုးက လျော့မည်မဟုတ်ပါ။ ညသန်းကောင်လူနာလာနှိုးလျှင် ငြင်းလွှတ်သော ဆရာဝန်သည် ဆေးကျောင်းသားဘ၀က နေ.မအိပ်ညမအိပ် လူနာတွေဖို.ကြိုးစားခဲ့ပါတယ်ပြော၍ မကြည်ညိုနိုင်ပါ။ ကိုယ်တကယ်လုပ်နေသော အလုပ်ကသာ ကိုယ့်တန်ဖိုးကို ဖြတ်ပါမည်။

၆။ အ၀ါရောင်မီဒီယာအချို.က နိမ့်ကျတဲ့ဘ၀ရှိသူတွေဘက်ကနေ မျက်ရည်ချူတတ်ပါတယ်။ သနားစရာ ဓားစားခံဖြစ်ရသော အညွန်.အဖူးလေး။ မှားတယ်မဆိုသာပေမယ့် ကျွန်တော်တို.ဆရာဝန်များကျတော့ ဂလိုမျက်ရည်ချူသင့်သလား။ နိုး။

၇။ ဆရာဝန် ဘ၀တွင်လည်း အားငယ်စရာကိစ္စများစွာတွေ.ရပါမည်။ ပြင်ချင်ပါသလား။ မလွယ်ပါ။ မြန်မာဆရာဝန်လောကတွင် အာဖရိကမှ အနာကြီးသူများဘ၀တွင် ပစ်ဝင်မြုတ်နှံလိုက်သောဆရာဝန်များ (ရှိသည့်တိုင်) အင်မတန်နည်းပါသည်။ လက်ရှိလုပ်နေသူ၊ ခိုကိုးရာမဲ့များအတွက် လုပ်နေသူများကလည်း အခြေအနေပေးလျှင် ထားခဲ့ကာ မြင့်ရာသို.သွားမည့်သူများပါပင်။ သို.တည်းမဟုတ် ငါအနစ်နာခံခဲ့ပြီ။ ငါစံရမယ့် အလှည့်ဟု ဈေးတွက်တွက် အနစ်နာခံသမားများလည်းရှိနေပါသည်။ ကျော်မကောင်းကြားမကောင်းဖြစ်ရသော အသပြာဆရာဝန်များလို ကဲ့ရဲ.စရာမရှိသော်လည်းချီးမွန်းရမည်မှာ အီလည်လည်နိုင်နေပါသည်။

၈။ နောက်ဆုံး (ဆရာဖေမြင့်၏ လူနာဆောင် အမှတ်ခြောက်ထဲမှ ဒေါက်တာရေဂင်လိုပင်) ငါဘာမှ မတတ်နိုင်၊ ဒီလူတွေက ဒီအဖြစ်ဒီစနစ်ရဲ့သားကောင်တွေ။ ငါကယ်လို.မရ။ စနစ်ကိုပဲထိုင်ဆဲရမလို၊ မြင့်ရာကိုပဲ ရောက်အောင်သွားရမလိုနှင့် နောက်ဆုံးတော့ လွယ်ကူရာ ပီဂျီဖြေရင်ဖြေ၊ နိုင်ငံခြား ထွက်ရင်ထွက်နှင့် ကြိုးစားကြပါသည်။ ခေတ်၊စနစ်ကို အပြစ်ပြောသောစကားများကတော့ဘေးထွက်ပစ္စည်းလို အပုံလိုက်ကျန်နေပါမည်။

၉။ ပြောခဲ့သမျှသည် စနစ်နှင့် လူအကြောင်းပင်ဖြစ်ပါသည်။ စနစ်တွေ အဆင့်ဆင့်ပြောင်းသော်လည်း လူ.သဘာဝမပြောင်းလျှင် ကောင်းမလာပါဟု အထပ်ထပ်ဆိုပါသည်။ ကိုယ့်ကိုကိုယ် သနားချင်သောရောဂါနှင့် တို.ပြင်လို.မရပါဆိုလျှင် ပြင်လို.မရပါ။ တို.ပြင်ဖို.ကြိုးစားကြည့်မယ်ဆိုလျှင် ရှေ.တစ်လှမ်းရောက်ပါပြီ။ ဒေါက်တာရွိုက်ဇာတြော့ဖစ်ချင်သည်။ အဆင်သင့်လေးနာမည်ကြီးချင်သည်ဆိုလျှင်တော့ရုပ်ရှင်ရိုက်ပါ။ ကူလီလုပ်ပါဟု အကြံပေးပါသည်။

၁၀။ လူတိုင်းအခက်အခဲ ကြုံရပါသည်။ ဘယ်နေရာမဆို၊ ဘယ်အဆင့်မဆို အခက်အခဲတို.ဖြင့် တွေ.ရတတ်ပါသည်။ ယခုတက်လာသော သမ္မတကြီးလည်း အခက်အခဲ၊ စိမ်ခေါ်မှုများရှိနေပါသည်။ မနေ.က ခန်.လိုက်သော နေ.စားလေးလည်း သူ.စိမ်ခေါ်မှုနှင့်သူ လုံးထွေးနေပါမည်။ တို.အခက်အခဲကမှ အခက်အခဲဟေ့ဆိုလျှင်တော့ ပြောစရာမရှိပါ။

၁၁။ ဆရာဝန်တို. အခက်အခဲသည် လူနာ၊ဆေးရုံ၊အုပ်ချုပ်ရေး ဖြစ်စေချင်ပါသည်။ ပီဂျီမတက်နိုင်သော အခက်အခဲ၊ ဂျီပီမကောင်းသော အခက်အခဲ၊ လူမလေးစားသော အခက်အခဲတို.ဖြစ်နေလျှင် လုပ်ယူထားသော အခက်အခဲဖြစ်ပါမည်။ မျက်ရည်ဗူးသီးလုံးလောက်ကျ၍ မျက်ရည်ချူကြပါတော့ဟုသာဆိုပါမည်။

၁၂။ ကမ္ဘာပေါ်မှာ
မနက်ဖြန်ကို မြင်ရတဲ့နေရာတွေလည်းရှိ
မနက်ဖြန်ကို မမြင်ရတဲ့နေရာတွေလည်းရှိ
ကိုယ်ရောက်နေတဲ့နေရာကို
ကိုယ့်ဟာကိုယ် သိဖို့အရေးကြီးရဲ့။

ပျောက်ဆုံးနေသော ရုပ်ထု

၁။ မြစ်ကြီးနားက ဆရာဝန် ကိုကျော်သူရနှင့်ကျောင်းတက်တုန်းက သူခဏခဏ ပြောပါသည်။ Heroism မရှိတော့ဘူးကွ။ ရမ္ဘိုမရိွေတာ့ဘူးကြ။ အဲဒီတုံးက ပခုံးပဲတွန်.ပြလိုက်သည်။ ရမ်ဘိုမရှိတာဘာဖြစ်လဲ။ ဘာမှမဖြစ်၊ မဖြစ်ရေးချမဖြစ်။

၂။ နောက်တော့ role model ကိစ္စ ဆရာကြီးတွေပြောသံကြားတော့ နည်းနည်းစဉ်းစားလာပြီ။ လူတစ်ယောက်အတွက် ဘ၀ နိမိတ္တ ပုံရိပ်ယောင်သည် ကွယ်ပျောက်သင့်ပါသလော။

၃။ အားကျခြင်းသက်သက်မျှမကသော လေးစားကြည်ညိုစိတ်သည် ဘ၀ကိုပုံဖေါ်နိုင်စွမ်းရှိသည်ဆိုပါလျှင်………….၊ အဘယ်သို.သောသူကို လေးစားပါမည်နည်း၊အားကျပါမည်နည်း။ ဆရာဝန်တစ်ယောက် အတွက် အတုယူစရာ image သည်ဆရာဝန်ပဲဖြစ်ရမည်လား။ အခြားသူဖြစ်ရမည်လား။ အားကျလေးစားမှုဟူသည် လုပ်ယူ၍ ရသည်လား။ သိမ်မွေ.နက်ရှိုင်းသောမေးခွန်းများဖြစ်သလို ပေါ့ပေါ့ဖြေရင်လည်းရသောမေးခွန်းများဖြစ်နေပြန်သည်။

၎။ ကလေးတစ်ယောက် ၊လူငယ်တစ်ယောက်၏ ရင်ထဲမှာဟီးရိုးတစ်ယောက် ရှိသည်ဆိုပါစို.။ ထိုဟီးရိုးသည် ရုတ်တရက် နိမ့်ပါး လျောကျသွားသည်ဆိုပါစို.။ (ပရိသတ်ကြီးခင်ဗျာ၊ ရွှေဘဟာ အခုအချိန်မှာ လူဆိုးတွေနှိပ်စက်ခံနေရပေမယ့် မကြာခင်မှာ အပြတ်အသတ် ပြန်လည်အနိုင်ယူမှာဖြစ်လို. ပိတ်ကားကိုခဲနဲ.မပေါက်ပဲ အေးချမ်းစွာ ရှူစားကြပါခင်ဗျာ)

၅။ Heroism တကယ်ပဲမရှိတော့ပြီလား။ သူရဲကောင်းဟူသည် ပုံပြင်များထဲမှ မဖြစ်နိုင်သော ပုဂ္ဂိုလ်များပေလား။ ငွေနောက်လိုက်နေကြသောဆရာကြီးများ၊ ချစ်၍၊ မုန်း၍၊ ကြောက်၍၊မသိ၍ ၊အဂတိလေးပါးကိုမကျော်လွန်နိုင်သောဆရာကြီးများ၊ သူတပါး၏ အတင်းပြောခံဆရာကြီးများ၊ ကြားနေရသည်မှာ တွေ.နေရသည်မှာ ရင်နာဖွယ်ရာလား၊သ့ဝေဂယူဖွယ်လား။

၆။ အပြောအဆိုခံရသောအခါ ငယ်ရွယ်သူများက မခံချင်ဖြစ်ကြသည်။ အားလုံးမဟုတ်တောင်ရှိနေသည်မှာတော့ အသေအချာဖြစ်နေသည်။ ရေကနောက်ခဲ့ပြီကိုး။ ဖြစ်သော အမှုများမှာ လက်ညိုးဝိုင်းထိုးကြပေမည်။ မဖြစ်သော အမှုများမှာ စုလာသော မကျေနပ်ချက်များဖြင့် တကယ်တမ်း လမ်းမှန်သူ အချို.နာကျင်ခဲ့ရပေပြီ။ မပြေးသော်လည်း ကန်ရာရှိသည့်အခါ ကန်နားလာသူ လက်ညိုးဒဏ်ခံရပေမည်။

၇။ တကယ်တော့ ဟီးရိုးဟူသည်၊ ရိုးမော်ဒယ်သည် တစ်ယောက်ထဲဖြစ်နေရန်မလိုပါ။ တစ်ယောက်ဆီမှ ကောင်းတာလေးစု၊ကျန်တစ်ယောက်ဆီမှ အခြားကောင်းကွက်လေးစုဖြင့် မိမိ စိတ်ကူးပုံရိပ်ယောင်တစ်ယောက်ဖန်ဆင်းကာ ကြိုးစား အတုယူကြခြင်းသာ။ သို.ရာတွင် ငွေရှာနိုင်ခြင်းကို ပဲအတုယူရမည်လား။ ဘွဲ.တွေ တသီကြီး ယူလာခြင်းကိုပဲအတုယူရမည်လား။ ဘုရားပေးတဲ့ ဆာဂျင်လက်ပိုင်သည်ကိုပဲ အတုယူရမည်လား။

၈။ အငယ်တွေ ကေ့စ်ကို ရဖာရယ်လွှဲလိုက်ရင် ဖီဆီရှန်တွေက ပြန်မလွှတ်တာ၊ ဒီဆေးကိုပဲလူနာသိမှာစိုးလို. ဘရန်းပြောင်းပေးတာတွေပြောကြတော့ ဆရာဦးအောင်ကြီးက ကေ့စ်ပြန်ပို.သည့်အကြောင်း မှတ်မှတ်ရရဆိုဖြစ်ကြသည်။ ဆေးပညာမိသားစုမှာလည်း ဆရာဦးဝင်းဖေ ပြည့်ဝသည့်အကြောင်း ပြောနေသံကြားတော့ ဆရာ.အေးချမ်းသောမျက်နှာကိုမြင်မိသည်။ တကယ်တော့ ကျွန်တော်တို. တဖွတရ လွမ်းနေကြသောဆရာများသည် ဘွဲ.၊ ရာထူး၊ဂုဏ်ကြောင့်မဟုတ်ခဲ့ချေ။

၉။ ကျွန်တော်တို.ရင်ထဲကသူရဲကောင်းရုပ်ထုများမပျောက်သေးပါ။ေ၀၀ါးနေကြခြင်းသာ။ ပညာများ၊ ဂုဏ်များ၊ ငွေများ ရှာဖွေနေကြချိန်ဝယ် ၊ ပင်ပန်းနွမ်းနယ်နေကြချိန်ဝယ် မြူဆိုင်းနေသော်လည်း ရင်ထဲမှာ အဆင့်ဆင့် ကြေးသွန်းထုဆစ်အပ်သော သူရဲကောင်းရုပ်ထုများ ကိုယ်ဆီနှင့်။ ။