Friday, November 25, 2011

ကလေးတို. သဘက်ခါ (၆) (ရဲဘော် သုံးကျိတ် အလိုရှိသည်)

မနေ.ညက သူငယ်ချင်းဆရာတွေ( သူငယ်ချင်းပြောပေမယ့် အတန်းကြီးကပါ )နဲ. လက်ဘက်ရည်ဆိုင်ထိုင်ကြတော့ ကျောင်းတုန်းက အကြောင်းတွေ ပြန်ပြောလို. ရီနေကြမိပါတယ်။ သူတို.ပြောတာတွေထဲက သူတို. ဆရာတွေ အကြောင်း ပြန်ကြားရပါတယ်။ မန္တလေးဆေးကျောင်းကဌာနမှူးတစ်ယောက်က သူ.ဘာသာမှာ အညံ့ဆုံးကျောင်းသားတွေ ရွေးလိုက်တော့ ငပေငတေ အယောက်သုံးဆယ် ထွက်လာပါသတဲ့။ အဲဒီကောင်တွေကို သူက ရဲဘော်သုံးကျိတ်လို. နာမည်ပေးပြီး သူ.ဘာသာမှာ မကျအောင်ကြိုးစားပါတယ်။

ပထမဆုံးသူက မနက် အစောကြီး စာသင်ပေးဖို. ကျောင်းကို ခေါ်ပါတယ်။ (ကျောင်းကိုပါ၊ကျူရှင်ကို မဟုတ်ပါဘူး) ဟိုကောင်သုံးဆယ်ကလည်း ( အခုတော့ဟိုကောင်လို.သုံးလို.မရတော့ဘူးပေါ့လေ၊ ဆရာဝန် ကြီးတွေ ဖြစ်နေရောပေါ့) အိပ်ရာကကိုမထပါဘူး။

သူကစောင့်နေလို.မှ မလာတဲ့အခါ စက်ဘီးလေးနဲ. အောင်ဆန်းဆောင် ကိုလိုက်လာပါတယ်။ ဆူမလို.မဟုတ်ပါဘူး။ စာလိုက်သင်တာပါ။ တစ်ခန်းချင်းတံခါးခေါက်၊ ဟိုကောင်တွေကလည်း (အိပ်နေရာက ဘယ်သူမှန်းမသိတော့) ဘယ်ကောင်လဲကွ၊ ဘာညာနဲ.ဆဲတဲ့ကောင်ကရှိသေး။ ပြီးမှ ငါကွဆိုတော့မှ ဟာ ဆရာကြီး၊ ကန်တော့ပေါ့။

လူစုံမှ ဘုရားခန်းကိုချော့ခေါ် ၊ အဲဒီမှာ စာချက်ချင်း မသင်သေးပါဘူး။ ဒီကောင်တွေ အိပ်ချင်ပြေအောင်ဟိုပြောဒီပြော ဟေးဝါးလုပ်ပေးရပါသေးတယ်။ ပြီးမှ စာတစ်ပူဒ်လောက်ချော့သင်။ ကြားရတာ မင်္ဂလာရှိလိုက်တာ။

+++++++

နောက်ဆရာ တစ်ယောက်ကျတော့ သူ.ဘာသာမှာ ဘယ်လိုမှ စာမရတဲ့ ကောင်တစ်ယောက်ရှိပါတယ်။ ဗိုင်ဗာ မှာ (နှုတ်မေးမှာပေါ့) မဖြေနိုင်ရင် ဒီဘာသာကိုပဲနောက်တစ်နှစ်ထပ်နေရတာ့မှာပါ။ ကျောင်းသားအတွက် အရမ်းနစ်နာနိုင်တော့ သူက မင်း အချိုမှုန်.ရဲ့ ဓာတုနာမည်ပဲကျက် (မိုနို ဆိုဒီယမ် ဂလူတားမိတ်) ။ ဆိုပြီး သင်ထားပါတယ်။

တခြားကျောင်းက စာစစ်သူတွေ(external examiner) လည်းရှိတော့ ဒီကောင်လည်းဝင်လာရော မင်းထိုင်၊ဟုတ်ကဲ့ ။ မင်း အချိုမှုန်.သိလား၊ ဟုတ်ကဲ့ ၊ အေး အချိုမှုန်.ရဲ့ chemical name ပြောစမ်း။ မိုနိုဆိုဒီယမ် ဂလူတားမိတ်ပါဆရာ။ ဟာ မှန်တာပေါ့၊ (ဘေးက ဆရာတွေကို) တွေ.လား။ဒီကောင် အချိုမှုန်.တောင်သိရင် ကျန်တာတွေ မေးမနေနဲ.တော့ သိမှာပဲ။ သွားသွား၊ သွားတော့။

ကျောင်းသားတစ်ယောက်ကို မနစ်နာစေချင်တဲ့ စေတနာကို လေးစားရကြောင်းပါ။

++++++

တကယ်တော့ ဒါတွေဟာ မဝေးတဲ့ ကာလ ကအဖြစ်အပျက်တွေပါ။ ဒီနေ. ဆရာတွေမှာ ဒီလိုစိတ်တွေ ရှိတဲ့ ဆရာမှာ ရှိနေပါဦးမယ်။ အခြေအနေအရ ကေသရာဇာ ခြင်္သေ့မင်း မြက်စားရကိန်း ကြုံကောင်းကြုံ နေပါလိမ့်မယ်။ ဆရာအောင်သင်းပြောသလိုပါပဲ။ စားပါ။ ဒါပေမယ့် ငိုပြီးတော့စားပါ။ ငိုရမယ့် ကိစ္စလို.သိပါ။ ကေသရာဇာ ခြင်္သေ့မင်းဟာ မြက်စားရိုးမရှိပဲ စားနေရတာ ငိုရမယ့် ကိစ္စပါ။ အားရပါးရ အရသာခံပြီး စားရမယ့် ကိစ္စမဟုတ်ဘူးဆိုတာသိပါ။

အရင်တုန်းက ကလေးတွေမှာ ကိုးကွယ်ဆရာ သူရဲကောင်းရုပ်ထုတွေနဲ.ပါ။ ဖခင်ဖြစ်ချင်ဖြစ်မယ်၊ ဆရာဖြစ်ချင်ဖြစ်မယ်။ သူတို.ကို စံပြုပုဂ္ဂိုလ် အနေနဲ. သူတို.လုပ်တာလိုက်လုပ်မယ်။ တခါတခါ အရပ်ထဲက အကိုကြီးကို အတုယူရင်ယူမယ်။ ဒါက သူ.စိတ်ထဲက ဖြစ်လာတဲ့ ကိစ္စလေ။ ရှပ်ရှင်မင်းသားကို role model ထားချင်လဲထားမှာပေါ့။

ကိုယ့် ဆရာကို စံပြသဘောကျနေတဲ့ ကလေးတစ်ယောက်ယောက်များရှိနေရင်……

မြက်စားတာလည်းစားပါ။ ရဲဘော်သုံးကျိတ်ကိုလည်း တံခါးခေါက်နှိုးပေးပါ။

(ဆက်ပါမည်)

No comments: