Thursday, November 24, 2011

အိုဘယ့်ဘယ်……အိုဘယ့် မီဒီယာ

ကျင့်ဝတ်များ

ပျင်းမိသည်ကိုအပြစ်တင်ပါ။ ၀ီကီမှာ ဂျာနယ်လစ် ကျင့်ဝတ်များကို အပျင်းပြေဖတ်မိပါသည်။ မကျေလည်စိတ်လေးများနှင့် အနည်းငယ် မြန်မာမှုပြုပါသည်။

သတင်းကန်.သတ်ထိန်ချန်ခြင်း

ဂျယ်နာလစ် အဲမှားလို.ပါ၊ဂျာနယ်လစ်များ အတွက် ချင့်ချိန်စရာကျင့်ဝတ်များထဲကတစ်ခုမှာ သတင်းကန်.သတ်ထိန်ချန်ခြင်း( News manipulation) ဖြစ်ပါသတဲ့။ တခါတခါသူတို.က ထိတ်ချန်ပြီး တခါတခါကျတော့လည်းသူတို.ကို ထိန်ချန်ကြပါသတဲ့။ အစိုးရတို.၊အဖွဲ.အစည်းများတို.က မီဒီယာကို လက်တလုံးခြားလုပ်ဖို.ကြိုးစားကြပါသတဲ့။ ကြိုးစားပုံနည်းလမ်းကလည်းစုံမှစုံဆိုပဲ။ သိသိသာသာရော မသိမသာရောပါ။ အဲ၊ ကြံ.ကြံ.ခံနေဖိ.ကတော့ ဂျာနယ်လစ်တာဝန်ပါ။ ပြည်သူကိုပေးသင့်တာပေးမလား၊ အကြောက်တရားနဲ.ထိန်ချန်မလား၊ လောဘကြောင့်ထိန်ချန်မလား၊ ကိုယ့် အရေးကိုယ်တွေးကြ။


အမှန်တရား

နောက်တစ်ကျောကတော့ အမှန်တရားဆိုပဲ။ အလိုလေးလေး ဒီခေါင်းစဉ်ကြီးအောက်မှာ သိမ်ငယ်သူဘယ်လောက်များလည်စင်းပေးသွားပါလိမ့်။ သူရို.က အမှန်တရားသည်တန်ဖိုးတစ်ခုပါပဲဟုဆိုပါသည်။ ထိုတန်ဖိုး(value) သည် အခြားသော တန်ဖိုးများနှင့် အလွဲအချော်ရှိတတ်ပါတယ်။ အခြားတန်ဖိုးဆိုတာတွေကတော့

-(လူထုစိတ်ဝင်စားမှု) စစ်ဘက်လျှို.၀ှက်ချက်တို.၊ အစိုးရသတင်းဆိုတာမျိုးကလည်း ပါ့ဘလစ်အင်ထရက်စ်နဲ.ကိုက်ချင်မှ ကိုက်တာကလား။ ဆေးရုံတက်၍ သေဆုံးရသည့် ဆယ်ကျော်သက်ပညာတတ်လေးရင်နင့်ဖွယ်ဖြစ်ရပ်မှန်တို.၊ မင်းသမိးလေးခြေစွယ်ငုတ်၍ ရိုက်ရက်ရွေ.ရတို.ဘာတို.၊အို လူစိတ်ဝင်စားမှုပဲဗျာ၊လူတိုင်းသိ။

-(ပုဂ္ဂလိက လုံခြုံခွင့်) privacy ကလည်း အမှန်တရားနဲ.ထိတ်တိုက်တွေ.နိုင်တဲ့ တန်ဖိုးတစ်ခုပါပဲ။ ဒါဟာ အခြေခံလူ.အခွင့်အရေးလည်းဖြစ်တယ်။ ပါပါရာဇီ ကြောင့် သေဆုံးရတဲ့ ဒိုင်ယာနာ မင်းသမီးကိုသတိရကြပါလေ။

-(အပျော်အပါး) Fantasy ဆိုတာကလည်း ဖျော်ဖြေရေးပေကိုး။ ဂျာနယ်လစ်က အပျော်နဲ. အမှန်တရားကိုရောလွှတ်လို.ရပါတယ်တဲ့။ ဒါပေမယ့် ဖတ်ရတဲ့သူကတော့ ကျင့်ဝတ်ဆိုင်ရာ လွန်ပွဲကြီးထဲရောက်သလို ဘယ်ဟာ ဆုတ်ကိုင်ရမှန်းမသိတော့ဖြစ်တတ်ဆိုပဲ။

-(အာလျာယ) taste ကလည်း အမှန်တရားနဲ. ထိတ်တိုက်တွေ.မယ့်တန်ဖိုးတစ်ခုပါပဲ။

ဥပဒေနှင့် ကန်.လန်.ဖြစ်ခြင်း

ဥပဒေနှင့် ကန်.လန်.ဖြစ်ခြင်း ( conflict with the law) ကလည်း ချင့်ချိန်ရမယ့် ဂျာနယ်လစ်ကျင့်ဝတ် ထဲမှာပါဆိုပဲ။ သတင်းရဖို. ဥပဒေကို ဘယ်လောက်အထိ ကျော်လွန်ရယူရမလဲဆိုတာမျိုး၊ ကိုယ့်ဘာသာကို အစိုးရအရာရှိတစ်ဦးမှပြောပါသည်လုပ်လို.မှမရပဲ၊အဟင်း။

အရိပ်များစွာ

နောက်တော့ ဂျာနယ်လစ်တွေမှည Bias ခေါ်တဲ့ အရိပ်ကပ်တတ်ပါသတဲ့။ ကိုယ့်သဘောအရောက်အမှန်တရားကို မပြောနိုင်အောင်ဖိအားပေးခံရတာ၊ကိုယ်စိတ်ညွှတ်ရာမှာ မျှမျှတတမရှိနိုင်တာတွေပေါ့။ အဲဒါတွေကတော့

Advertising bias, ကြော်ငြာရှင်ရဲ.ဆန္ဒပေါ့လေ။ သူပေးတဲ့သတင်းထည့်ရတာပေါ့။

Corporate bias, ဂျာနယ်တိုက်ပိုင်ရှင်တို.၊အဖွဲ.အစည်းတို.ကပေးတာပေါ့။ ထည့်ရတာပေါ့လေ။ ဟိုတခါ ဟိုကိစ္စမှာတောင်နောက်ကွယ်က ဟိုဟာတွေကြောင့်ဆိုပဲ။ ရှင်းတယ်နော်။

Mainstream bias သူများတွေကဒီလိုအုံပြီးပြောနေတော့ ကိုယ့် သဘောအမှန်ကိုမပြောရဲတာမျိုးပေါ့လေ။

Sensationalism, ထူးထူးခြားခြားလေးမှပြောချင်တာမျိုးပေါ့လေ။

တခြား ဘာသာတရားတို.၊ ကျားမတို.၊ နေရာဒေသတို.ကို ထူးထူးခြားခြားမျက်နှာသာပေးတာ၊တိုက်ခိုက်တာ စတဲ့ biasတွေလည်းရှိတတ်ပါသေးတယ်။

အ၀ါရောင်စာမျက်နှာများ


ရန်ကုန်လမ်းညွှန်ကိုပြောတာမဟုတ်ပါဘူး။ သတင်းတန်ဖိုးနည်းပေမယ့် လူစိတ်ဝင်စားလောက်တာကို ခေါင်းစီးနဲ.၊ မျက်စိကို ဆွဲဆောင်မှုနဲ.ဖမ်းထိန်းလိုက်တဲ့ ဂျာနယ်မျိုးပါ။ ရောင်းအားတက်အောင်များသောအားဖြင့် လုပ်လေ့ရှိပါတယ်။ များသောအားဖြင့် ပရောဖက်ရှင်နယ်လည်းမဟုတ်၊ ကျင့်ဝတ်လည်းမလိုက်နာတဲ့သတင်းသမားတွေလုပ်လေ့ရှိပါတယ်။သူတို.လုပ်လေ့ရှိပုံက

၁။ကြောက်စရာစာလုံးမဲကြီးနဲ.ပြူးပြဲ ရေးတတ်ပါတယ်။

၂။လိုသည်ထက်ပိုတဲ့ပုံသုံးပါတယ်။ စိတ်ကူးယဉ်ပုံတွေဖြစ်တတ်ပါတယ်။

၃။ဖိန်.လုပ်ထားတဲ့အင်တာဗျူးတွေ၊ အဓိပ္ပါယ်ကောက်လွဲနိုင်တဲ့ခေါင်းစဉ်တွေ၊ သိပ္ပွနည်းကျယောင်ယောင် ဆင်လုံးတွေ၊ ဆရာသမားအတုတွေစကားတွေနဲ့တန်ဆာဆင်ပါတယ်။

၎။ အထူးထုတ်မှာထည့်ပါတယ်။

၅။နိမ့်ကျတဲ့ ဘ၀ရှိတဲ့သူတွေကို သနားစရာကောင်းအောင်(မျက်ရည်ချူပြီး) ရေးဖွဲ.ပြတတ်ပါတယ်။ ဇာတ်နာစေတာပေါ့လေ။

ဒီသွင်ပြင်လက္ခဏာတွေကို မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဖြစ်ရပ်တွေမှာ ထည့်သွင်းဆုံးဖြတ်ကြည့်ပါ့လား။ စိတ်ဝင်စားစရာကောင်းမှာပါ။

No comments: