Thursday, November 24, 2011

ခိုနင်းခံရလိမ့်မယ်

၁။ 'အကောင်းတော့ လူတိုင်းကြိုက်တာပေါ့ကွယ် (ကြိုက်တာပေါ့ကွယ်) စိုးရိမ်တယ်ဟေ့ ဆူးလေသိပ်မသွားနဲ. 'ခို' နင်းခံရလိမ့်မယ်။ (စန္ဒီမြင့်လွင်၊ အာဖျံကွီး)

၂။ ငါ့မှာ သူများတွေကို မနာလို မစ္ဆေရစိတ်သိပ်များနေပြီလားဟုတွေးမိသည်။ သူတစ်ပါး အနာဂတ်ပျောက်နေတာကို ကိုယ်ချင်းမစာတတ်ဖြစ်နေပြီလား ဟုလည်းမေးသည်။ ပြဿနာတစ်ရပ်ကို ဘက်မျှမကြည့်တတ်ဖြစ်နေပြီလောဟု ကိုယ်ချင်းစာစိတ်ကို ဇွတ်မွေး၍ ဤစာကို ကြိုးစားရေးပါသည်။ အတ္တနှင့် ပရ ဘယ်ဘက်ကိုလိုက်မည်ဆိုသည်ကို သိသိနှင့်ပင် ပရလေးနည်းနည်းထားပါပြောမိသည့် အပြစ်ရှိပါသည်။ အဟင်း။ လူကြီးတွေကို ကိုယ့်လိုဘအတွက် ၀ိုင်းဖျက်ပြီးမှ လိုရာလည်းရရော ဒီလူကြီးက အဂတိစားတယ် ပြောတတ်သောလူသဘော ကို သိသိနှင့် ပြောနေမိပြီထင်ပါသည်။ ပေါင်မုန်.ကို ထောပတ်သုတ်ထားသောဘက်ကို လူတိုင်းမြင်နိုင်ပါသည်။ သို.ဖြစ်ပါ၍ ဆိုလူးရှင်းလေး ရှာကြည့်ပါသည်။ အထပ်ထပ်ပြောပါမည်။ အယူအဆဟူသည် တူခဲပါသည်။ မှားနေလျှင် ပညာရှိများပြင်ကြပါ။ စိတ်ကူးဖြင့် ကြိုးစားကြည့်သော ကိစ္စဖြစ်ပါသည်။ လူတိုင်းကြိုက်သော ပေါင်မုန်.ထောပတ်သုတ်သည့်ဘက် အတွက် ကိုယ်ချင်းစာစိတ်ဖြင့် ရေးပါသည်။ ကြောက်၍ဖားပါသည်။ (ေိေိ၊ အတည်ရေးနေရင်း ရီချင်လာ၍ ရီမိပါသည်၊ခွင့်လွှတ်တော်မူကြပါခင်ဗျား)

၃။ ဂလိုဘယ်လိုက်ဇေးရှင်းသည် မည်သည့်တိုင်းပြည်၊ မည်သည့်နေရာ၊ မည်သည့် လောက (field) ကိုမှ ချန်မထားပါလေ။ အကြောင်းကိစ္စ ( issues ) များသည်အသစ်အနေနှင့်ပေါ်ပေါက်လာခြင်း၊ ရှည်လျားဆန်.ထွက်လာဖြင်း၊ ရှုပ်ထွေး ပွေလီလာဖြင်းများဖြင့် လူသားတို.ကိုထိခိုက်ပါသည်။ လူဘ၀မျက်နှာစာ၊ ယဉ်ကျေးမှုမျက်နှာစာ၊ စိတ်ခံစားမှု မျက်နှာစာများသာမက နောက်ဆုံး လူသား၏ တကိုယ်ရည်ဖြစ်တည်မှု (personal sense of identity) ကိုပါ အရိပ်ထိုး ပြောင်းလဲစေပါသည်။ ဆေးပညာရပ်တွင်လည်း ပါရာဒိုင်းအရွေ. (paradigm shift) သည် အခြားသော မျက်နှာစာများနည်းတူ ရွေ.ပါသည်။ ( ပါရာဒိုင်းကို စကားလုံးဖလှယ်ပါသည်။ concepts, methods, models,assumptions and vocabulary that serve the explanation and utility of a certain designated field ဟု အဓိပ္ပါယ်ဖွင့်ဆိုပါသည်) ပါရာဒိုင်းအရွေ.ကြောင့် အပြောင်းအလဲများရှိလာပါသည်။ အပြောင်းအလဲများရှိလာသလို 'အပြောင်းအလဲများလုပ်ယူရသည်' လည်းရှိပါသည်။ ချဉ်းကပ်ပုံများ၊ အဖွဲ.အစည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု စီမံကိန်းများ၊ ကာကွယ်ရေးဆေးပညာ နည်းနာများပြောင်းရသလို လူ.အရင်းအမြစ် မွေးထုတ်မှုတွင်လည်းပြောင်းရပါသည်။ ထို.အတူ ကျန်းမာစောင့်ရှောက်မှုစနစ် နှင့် ကျန်းမာရေးစောင့်ရှောက်မှု သည်လည်း ပြောင်းရပါသည်။ အပြန်အလှန်အကျိုးအားဖြင့် သက်ရောက်သည်လည်းရှိပါသည်။

၎။ ဦးနှောက်ယိုစီးမှုသည် ဆင်းရဲသောနိုင်ငံမှ ချမ်းသာသော နိုင်ငံကိုစီးပါသည်။ စီးမြဲ၊စီးလတ္တံ.ပင်ဖြစ်ပါသည်။ တိုင်းပြည်က မွေးထားဗျာ။ ကိုယ့်တိုင်းပြည်ကို မပြစ်ခွာသင့်ပါဘူး ဟုပြောလည်းပြောပြောပဲဖြစ်ပါမည်။ ဈေးကွက်အရ သွားပါမည်။ ယခင်ကတော့ ပိတ်ပါသည်။ မစီးစေချင်ပါ။ ယခုတော့ နိုင်ငံတော်အကြီးအကဲများ( ဖားသည်ပြောကြဦးမည်ေိေိ) မည်သို.ခံယူသဘောထားမည် မသိပါ။ (အီးစီ သည် ထိုစီးမှုကို ပိတ်ထားခြင်းဖြစ်နိုင်ပါသည်။ ယခင်မူများက ဤသို.ရှိသော်လည်း ပြောင်းလဲမှုသည် ပေါ်လစီမိတ်ကာများလက်ဝယ်ရှိသည်ကို ဆင်ချင်ကြပါကုန်) စီးချင်သလို စီးခွင့်မပေးတော့ မြို.ကြီးမှာ အိုင်ထွန်းနေပါသည်။ တောကလူ ရန်ကုန်တက်၊ ရန်ကုန်ကလူ မလေးရှားတက်သည်ကို နားလည်ရန်မခက်လှပါ။ အစိုးရလူကြီးမင်းများ (ဖားပြန်ပါသည်) ပြန်စဉ်းစားလျှင် ထွက်ခွင့် ပေးလိုက်ခြင်းသာအကောင်းဆုံးဖြစ်ပါမည်။ Services Export ပင် ဖြစ်နိုင်ပါသည်။ သို.သော်……….

၅။ ပြောလက်စကို ခဏထား၍ အပြောင်းအလဲအကြောင်း ပြောချင်ပါသေးသည်။ (တောင်ရောက်မြောက်ရောက်ပြောနေခြင်းသည်စကားပြောမတတ်၍ ဟု သဘောထားပါ။) လူအျားစုသည် အလေ့အထ၏သားကောင်ဖြစ်ကာ မူလအနေအထားလေး(status quo) မှာပင်နေချင်ပါသည်။ အပြောင်းအလဲသည် တိုးတက်မည်ဟု သိသည့်တိုင် သက်သက်သာသာရှိသော ဇုန်မှသည် မသိသောနယ်ပယ်သို. မရွှေ.ပြောင်းလိုပါ။ အချို.ကလည်း ပြောင်းလဲလိုပါသည်။ အပြောင်းအလဲကို တောင့်တပါသည်။ သို.ရာတွင် စဉ်းစားရမည့် အချက်မှာ တိုးတက်မှုတိုင်း အပြောင်းအလဲလိုအပ်သော်လည်း ပြောင်းလဲမှုတိုင်းတိုးတက်မှု ရကောင်းမှရမည် ဖြစ်ပါသည်။ ( All improvements require change but not all change will result in improvement) နောက်တစ်ချက်ပြောလိုပါသေးသည်။ ပြောင်းလဲမှုစစ်စစ်အတွက် အတားအဆီးသည် ပြီးပြည့်စုံသော ပြောင်းလဲမှုကို ရှာဖွေနေခြင်းသာ ဖြစ်နေပါသည်။ (The one most inhibitor of real change is the search for perfect change)

၆။ ယခင်က မြန်မာနိုင်ငံမှဆေးပညာဘွဲ.သည် နိုင်ငံတကာတွင် တရားဝင်ပါသည်။ တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့သောတစ်ခေတ်တွင် တရားမ၀င်ဖြစ်သွားသည်။ ရှေ.မှီနောက်မှီ လူကြီးများ ပိုသိပါမည်။ ယခု မြန်မာနိုင်ငံမှ ဆရာဝန်များ နိုင်ငံတကာတွင် ပြန်လည်ဆေးကုသခွင့်ရရေးသည် Accreditation အပေါ် မူတည်နေမည်ထင်ပါသည်။

၇။ Accreditation of Medical Institutions ကို ဆေးတက္ကသိုလ်များ နိုင်ငံတကာဘောင်သွင်းခြင်းဟု ဘာသာပြန်လိုပါသည်။ ယခင်ကတော့ နိုင်ငံတကာစံကိုက် အဆင့်မြှင့်တင်ရေးဟု (မိမိဘာသာ) ပြန်ဘူးပါသည်။ အဆင့်မြှင့်ဟုဆိုသောအခါ အဆင့်နိမ့်နေသည်ဟုခံစားမိတတ်ပါသည်။ အဆင့်မနိမ့်ဟု ယုံကြည်ပါသည်။ ဆေးတက္ကသိုလ်(၁)၏ သက်တမ်းသည် မနည်းပါ။ ဤမြေမှဆရာဝန်များ နိုင်ငံတကာတွင် အဆင့် မနိမ့်ခဲ့ဘူးပါ။ ဆေးကုသခွင့်မရခြင်းသာဖြစ်ပါသည်။ အကယ်၍သာ ဆေးတက္ကသိုလ်များကို နိုင်ငံတကာဘောင်သွင်းပြီးပါက မြန်မာနိုင်ငံမှ ဆရာဝန်များစီးထွက်ချင်ထွက်ပါစေ။ ဂျီဒီပီတိုးတာပေါ့ဟုပင်ပြောရပါမည်။ ဤမြေမှာ အလုပ်မရလျှင်လည်း ဘာဖြစ်လဲ၊ နိုင်ခြံခါးထွက်မည်ဟု ရင်ကော့ပြောနိုင်ပါလိမ့်မည်။ သို.သော် နှစ်တစ်ခုအရဖြတ်လျှင်တော့ မရသည့်နှစ်မှလူများက ခေါင်းလာရိုက်ပါလိမ့်မည်။ စိတ်ကူးနှင့် စဉ်းစားသည့်ကိစ္စမှာပင်ကြောက်နေရပါသည်။

၈။ လွယ်ကူသည်တော့မဟုတ်ပါ။ အာဏာရအဖွဲ.အစည်း၊ နိုင်ငံတကာအဖွဲ.အစည်း၊ ဘတ်ဂျက် ၊ စသည်ဖြင့် ကိစ္စများစွာတော့ရှိလာပါမည်။ သို.သော် မျော်နေမိပါသည်။ တို.ခေတ်ကိုတော့ရောက်ရမည်မှာမလွဲပါ။ ထိုသီချင်းဆိုရင်း စန္ဒီမြင့်လွင်သီချင်းကလည်း ခေါင်းထဲဝင်နေသည်။ အကောင်းတော့လူတိုင်းကြိုက်တာပေါ့ကွယ်။ ။

No comments: