Thursday, November 24, 2011

ပျောက်ဆုံးနေသော ရုပ်ထု

၁။ မြစ်ကြီးနားက ဆရာဝန် ကိုကျော်သူရနှင့်ကျောင်းတက်တုန်းက သူခဏခဏ ပြောပါသည်။ Heroism မရှိတော့ဘူးကွ။ ရမ္ဘိုမရိွေတာ့ဘူးကြ။ အဲဒီတုံးက ပခုံးပဲတွန်.ပြလိုက်သည်။ ရမ်ဘိုမရှိတာဘာဖြစ်လဲ။ ဘာမှမဖြစ်၊ မဖြစ်ရေးချမဖြစ်။

၂။ နောက်တော့ role model ကိစ္စ ဆရာကြီးတွေပြောသံကြားတော့ နည်းနည်းစဉ်းစားလာပြီ။ လူတစ်ယောက်အတွက် ဘ၀ နိမိတ္တ ပုံရိပ်ယောင်သည် ကွယ်ပျောက်သင့်ပါသလော။

၃။ အားကျခြင်းသက်သက်မျှမကသော လေးစားကြည်ညိုစိတ်သည် ဘ၀ကိုပုံဖေါ်နိုင်စွမ်းရှိသည်ဆိုပါလျှင်………….၊ အဘယ်သို.သောသူကို လေးစားပါမည်နည်း၊အားကျပါမည်နည်း။ ဆရာဝန်တစ်ယောက် အတွက် အတုယူစရာ image သည်ဆရာဝန်ပဲဖြစ်ရမည်လား။ အခြားသူဖြစ်ရမည်လား။ အားကျလေးစားမှုဟူသည် လုပ်ယူ၍ ရသည်လား။ သိမ်မွေ.နက်ရှိုင်းသောမေးခွန်းများဖြစ်သလို ပေါ့ပေါ့ဖြေရင်လည်းရသောမေးခွန်းများဖြစ်နေပြန်သည်။

၎။ ကလေးတစ်ယောက် ၊လူငယ်တစ်ယောက်၏ ရင်ထဲမှာဟီးရိုးတစ်ယောက် ရှိသည်ဆိုပါစို.။ ထိုဟီးရိုးသည် ရုတ်တရက် နိမ့်ပါး လျောကျသွားသည်ဆိုပါစို.။ (ပရိသတ်ကြီးခင်ဗျာ၊ ရွှေဘဟာ အခုအချိန်မှာ လူဆိုးတွေနှိပ်စက်ခံနေရပေမယ့် မကြာခင်မှာ အပြတ်အသတ် ပြန်လည်အနိုင်ယူမှာဖြစ်လို. ပိတ်ကားကိုခဲနဲ.မပေါက်ပဲ အေးချမ်းစွာ ရှူစားကြပါခင်ဗျာ)

၅။ Heroism တကယ်ပဲမရှိတော့ပြီလား။ သူရဲကောင်းဟူသည် ပုံပြင်များထဲမှ မဖြစ်နိုင်သော ပုဂ္ဂိုလ်များပေလား။ ငွေနောက်လိုက်နေကြသောဆရာကြီးများ၊ ချစ်၍၊ မုန်း၍၊ ကြောက်၍၊မသိ၍ ၊အဂတိလေးပါးကိုမကျော်လွန်နိုင်သောဆရာကြီးများ၊ သူတပါး၏ အတင်းပြောခံဆရာကြီးများ၊ ကြားနေရသည်မှာ တွေ.နေရသည်မှာ ရင်နာဖွယ်ရာလား၊သ့ဝေဂယူဖွယ်လား။

၆။ အပြောအဆိုခံရသောအခါ ငယ်ရွယ်သူများက မခံချင်ဖြစ်ကြသည်။ အားလုံးမဟုတ်တောင်ရှိနေသည်မှာတော့ အသေအချာဖြစ်နေသည်။ ရေကနောက်ခဲ့ပြီကိုး။ ဖြစ်သော အမှုများမှာ လက်ညိုးဝိုင်းထိုးကြပေမည်။ မဖြစ်သော အမှုများမှာ စုလာသော မကျေနပ်ချက်များဖြင့် တကယ်တမ်း လမ်းမှန်သူ အချို.နာကျင်ခဲ့ရပေပြီ။ မပြေးသော်လည်း ကန်ရာရှိသည့်အခါ ကန်နားလာသူ လက်ညိုးဒဏ်ခံရပေမည်။

၇။ တကယ်တော့ ဟီးရိုးဟူသည်၊ ရိုးမော်ဒယ်သည် တစ်ယောက်ထဲဖြစ်နေရန်မလိုပါ။ တစ်ယောက်ဆီမှ ကောင်းတာလေးစု၊ကျန်တစ်ယောက်ဆီမှ အခြားကောင်းကွက်လေးစုဖြင့် မိမိ စိတ်ကူးပုံရိပ်ယောင်တစ်ယောက်ဖန်ဆင်းကာ ကြိုးစား အတုယူကြခြင်းသာ။ သို.ရာတွင် ငွေရှာနိုင်ခြင်းကို ပဲအတုယူရမည်လား။ ဘွဲ.တွေ တသီကြီး ယူလာခြင်းကိုပဲအတုယူရမည်လား။ ဘုရားပေးတဲ့ ဆာဂျင်လက်ပိုင်သည်ကိုပဲ အတုယူရမည်လား။

၈။ အငယ်တွေ ကေ့စ်ကို ရဖာရယ်လွှဲလိုက်ရင် ဖီဆီရှန်တွေက ပြန်မလွှတ်တာ၊ ဒီဆေးကိုပဲလူနာသိမှာစိုးလို. ဘရန်းပြောင်းပေးတာတွေပြောကြတော့ ဆရာဦးအောင်ကြီးက ကေ့စ်ပြန်ပို.သည့်အကြောင်း မှတ်မှတ်ရရဆိုဖြစ်ကြသည်။ ဆေးပညာမိသားစုမှာလည်း ဆရာဦးဝင်းဖေ ပြည့်ဝသည့်အကြောင်း ပြောနေသံကြားတော့ ဆရာ.အေးချမ်းသောမျက်နှာကိုမြင်မိသည်။ တကယ်တော့ ကျွန်တော်တို. တဖွတရ လွမ်းနေကြသောဆရာများသည် ဘွဲ.၊ ရာထူး၊ဂုဏ်ကြောင့်မဟုတ်ခဲ့ချေ။

၉။ ကျွန်တော်တို.ရင်ထဲကသူရဲကောင်းရုပ်ထုများမပျောက်သေးပါ။ေ၀၀ါးနေကြခြင်းသာ။ ပညာများ၊ ဂုဏ်များ၊ ငွေများ ရှာဖွေနေကြချိန်ဝယ် ၊ ပင်ပန်းနွမ်းနယ်နေကြချိန်ဝယ် မြူဆိုင်းနေသော်လည်း ရင်ထဲမှာ အဆင့်ဆင့် ကြေးသွန်းထုဆစ်အပ်သော သူရဲကောင်းရုပ်ထုများ ကိုယ်ဆီနှင့်။ ။

No comments: