Friday, November 25, 2011

ကလေးတို. သဘက်ခါ (၈) (နည်းနည်းလေးတော့ကြောက်ကြပါ)

ကလေးတွေကို ကြောက်စိတ် မ၀င်အောင်၊ ရဲရင့်အောင်လုပ်ရမယ် ဆိုတဲ့ အယူအဆကို ဆရာမောင်သစ်မင်းရေးဘူးပါတယ်။ ခြွင်းချက်နဲ.ပဲ လက်ခံပါတယ်။ ကလေးတွေအတွက် ကြောက်စိတ်ဟာ လုံးလုံးမကောင်းဘူးတော့မဟုတ်ပေဘူး။

တကယ်တော့ ရဲတာနဲ.ရိုင်းတာလည်း ခွဲထားဖို.လိုပါမယ်။ မှန်တာကို (မှန်တယ်ထင်တာကို) ပြောရဲဆိုရဲတာလက်ခံပေမယ့် မှားမှားမှန်မှန် ပြန်ခံပြောတာတော့ လက်မခံနိုင်ပါ။ အထူးသဖြင့် အမှန်ကိုသိအောင် လမ်းပြတာကို လက်မခံတာကပိုဆိုးပါမယ်။

+++++++

သူတို. လက်မခံရင် ဇွတ်ပုံသွင်းတာကတော့ ဆရာတွေ ၊ မိဘတွေ အမှားပဲဖြစ်ပါလိမ့်မယ်။ ကလေးတွေဟာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိပါတယ်။ တမင်ဆန်.ကျင်တာ၊ ကလန်ကဆန်လုပ်တာကို သူတို.ရဲ့ ရဲစွမ်းသတ္တိအဖြစ် အယူမှားနေတာလေးလည်းရှိနိုင်ပါတယ်။ သူတို.ရဲ့ အခြေခံ မကျေနပ်စိတ်လေးတွေကို တတ်နိုင်တဲ့နည်းနဲ.ပြတာလို.နားလည်ပြီး ပြဿနာအရင်းအမြစ်ကိုချဉ်းကပ်နိုင်ရင် လွယ်ကူသွားမှာပါ။

+++++++

တကယ်တော့ လောကမှာ အကြောက်တရားဟာလည်းအသုံးဝင်ပါတယ်။ သူ.ရှေ.မှာ မကောင်းမှုဆိုတာလေးထည့်ပေးလိုက်ပါ။ မကောင်းမှုကိုကြောက်ရလိမ့်မယ်။ ရှက်ရလိမ့်မယ်။ မကောင်းမှုဆိုတာကလည်း ဘောင်ကိုချဲ.ကြည့်ရင် မိဘဆရာကို စော်ကားတဲ့သဘောသက်ဝင်တဲ့အပြုအမူပါတယ်ဆိုတာသူတို. အခြေခံကျကျ သိပြီးသားပါ။

တကယ်တော့ အကြောက်နဲ. အရဲထက် အရေးကြီးတာရှိပါတယ်။ ဘာလဲဆိုတော့ အကောင်းအဆိုးခွဲခြားနိုင်တဲ့ ပညာပါ။ အဲဒီပညာရပြီဆိုရင် ကြောက်သင့်တာ ရဲသင့်တာကို အလိုလိုခွဲသိသွားမှာပါ။

ကလေးတွေကိုရဲရင့်ပါစေဆိုတာ အနောက်တိုင်းအတွေးအခေါ်ဆန်လွန်းပါတယ်။ ဆင်ခြင်တုံတရားမပါတဲ့ ရဲရင့်မှုဟာ မိုက်မဲမှုပါပဲ။ အတွေးအခေါ်ဆိုင်ရာရဲရင့်မှုမပါပဲ အကြောက်တရားကိုထည့်သွင်းပေးနေတာဆန်.ကျင်ရမှာဖြစ်သလို အမှားတရားကို မကြောက်ပဲ ရဲရင့်မှုကို ထည့်သွင်းပေးနေတာကိုလည်း ဆန်.ကျင်ရမှာဖြစ်ကြောင်းပါ။

++++++++

နောက်တစ်ပုဒ်မှာတော့ ဘာသာရေးနဲ. ကလေးတွေ ဝေးကွာလာတာကို ဆွေးနွေးဖို. စဉ်းစားထားကြောင်းပါခင်ဗျား။

(ဆက်ပါမည်)

No comments: