Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, August 16, 2012

တောင်ပံလေးသို.တောင်းပန်ခြင်း



အားလုံးပီးဆုံးခဲ့ပါပြီ
ဆင်ဖြူမျက်နှာ
ဆင်မည်းမကြည့်ဝံ့တော့ပါဘူး။

တောင်ပံလေးကမမှားခဲ့ဘူး
ခြေထောက်တွေကမှားတာ
အခုတော့ ကျော့ကွင်းတွေနဲ.ထွေးရစ်
မင်းကို အရုန်းခိုင်းသင့်သလား။

ကံကြမ္မာကျားကွက်အရွေ.မှာ
ငါဟာ
ငါမုန်းတဲ့လူစားမျိုးဖြစ်နေမှန်းသိလိုက်တယ်။

သိပ်တော့မထူးပေမယ့်ပြောပါရစေ
အဲဒီတုန်းက မညာခဲ့ပါဘူး
ဒါပေမယ့် ညာခဲ့တယ်လို.ပဲ သဘောထားပေးပါ
ဆင်ခြေတွေလည်းမပေးတော့ပါဘူး။

မင်းငါ့ကိုမုန်းပါလေ
ငါ့ကိုငါမုန်းတာကိုတော့ မမှီနိုင်ပါဘူး။    ။

Monday, July 23, 2012

မင်းက ငြိမ်းချမ်းရေး မြတ်နိုးသူ


မင်းအိမ်ကို မီးရှို.မခံရခင်က
မင်းဟာ ငြိမ်းချမ်းရေး မြတ်နိုးသူပဲ
မင်းနှမကို မုဒိမ်းကျင့် မခံရခင်က
မင်းဟာ ရွှေပြည်အေးသမားပဲ
မင်းရပ်ကွက်ကို ဓားတွေနဲ.လာမ၀ိုင်းခင်က
မင်းဟာ တရားသမားပဲ၊
မင်းနေချင်သလို နေခွင့်ရှိတဲ့ကာလဆိုတာ
မင်းငြိမ်းချမ်းနေတဲ့ကာလပါ။
အခုတော့
မင်းမြတ်နိုးတဲ့ငြိမ်းချမ်းရေးကို လည်လှီးလိုက်ကြပြီ
ငြိမ်းချမ်းစွာနေဖို.
မငြိမ်းချမ်းမှုကို တိုက်ဖျက်ရမယ်ဆိုတဲ့အကြောင်း
မီးရှို.ခံ မင်းအိမ်ကသက်သေပြတယ်
မတရားကျင့်ခံ မင်းညီမက သက်သေပြတယ်
နှိပ်စက်ခံ မင်းရပ်ကွက်က သက်သေပြတယ်။
ဘုရားရှင်က
နေပူကြဲကြဲမှာထိုင်ပြီး
ဆွေရိပ်မျိုးရိပ်က အေးမြတယ်လို.ဆိုခဲ့တယ်၊
ဆွေတော်မျိုးတော်တွေကို ကာကွယ်ခဲ့တယ်။
တို.ရပ်ကွက်မှာ
ကြိုက်တဲ့သူနေလို.ရတယ်
ရပ်ကွက်ဖျက်မယ့်သူတော့
နေလို.မရစေရဘူး။  ။

ရခိုင်သာစွ သာစွလေ


အိုကြီးအိုမကျမှ
ဓားကိုင်ပြီး ခြံစပ်က ရပ်စောင့်နေတာ
မင်းအဖွားဆိုတာရော သိလား။

စကားလုံးကြီးတွေနဲ.
မျိုးချစ်ကြောင်းမပြောတတ်ပေမယ့်
မင်းညီ အထွေးဆုံးလောက်ကလေးလေးတွေ
သွေးအလူးလူးကာကွယ်နေတာ
ငါတို.အတွက်ဆိုတာ သိရဲ.လား။

ကလေးလေးတွေက
နောင်လာနောက်သားအတွက်
အသက်နဲ.စိုက်တဲ့သရက်ပင်
ပွင့်ချိန်သီးချိန်မှ မင်းမြင်မှာလား။

သွေးတစ်စက်က
စကားလုံးတစ်သိန်းနဲ.ညီမျှတယ်
တို.အတွက် သွေးမြေကျသူတွေက
တို.အမျိုးတွေ တို.သွေးသားတွေ။

တစ်ရက်ပိုကြာရင် တစ်ရက်ပိုနာမယ်
တစ်ခွန်းပဲပြောမယ်
တရားမျှတမှုအတွက် တိုက်တဲ့စစ်ကို
ဘုရားအလောင်းတောင် မရှောင်ခဲ့ဘူး။

ငြိမ်သက်သော ဇူလိုင်



ဥသြတွေ မဆွဲလည်းရပါတယ်
ဒီအချိန်မှာ ငြိမ်ငြိမ်လေးပဲနေပေးပါ
ငြိမ်ငြိမ်လေးပဲတွေးပေးပါ
လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ မျှတရေးအတွက်
သူတို.မှအစချီတဲ့ သွေးအစက်စက်
ဤမြေထက်မှာ မရေတွက်နိုင်တော့ဘူးဆိုတာ။

ဒီအချိန်မှာ ငြိမ်ငြိမ်လေးပဲနေပေးပါ
တိတ်ဆိတ်မှုနဲ.သူ.ကို ကတိပေးလိုက်ကြပါ
သူမြတ်နိုးတဲ့အရာနဲ. တို.မြတ်နိုးတဲ့အရာ
တစ်ထပ်တည်းပဲ ဆိုတာ။

ငြိမ်ငြိမ်လေး စဉ်းစားကြပါ
ဆိတ်ငြိမ်မှုနောက်မှာ ခွန်အားတွေစုထားတယ်
သားကောင်မဖမ်းခင် ခြင်္သေ့ဟာငြိမ်သွားတယ်
ငြိမ်သက်တဲ့ ပင်လယ်ဟာပိုနက်ရှိုင်းတတ်တယ်
ဘုရားရှင်က ငြိမ်သက်မှုကိုလိုလားတယ်
ဟွန်းတီးပြီး သတိပေးမှ သတိရကြမှာလား
ဥသြဆွဲမှ ခြေစုံရပ်လိုက်ကြမှာလား
တကယ်တော့ ဒီအချိန်ရောက်လာရင်
သွေးကြောထဲကအစ ကျောက်ဖြစ်သွားရမှာ။

ဘာမှမလုပ်ကြရင်တောင်
ဘာမှလုပ်မရရင်တောင်
ဆန်း၏ပညာ၊ဆန်း၏ သမာဓိ
ဆန်း၏ သတ္တိ တွေကိုတွေးပြီး
တိတ်ဆိတ်စွာ ဦးညွတ်လိုက်ကြပါ။

Friday, June 29, 2012

နှစ်ကိုယ်ခွဲ ၂

မော်နီကို ပြန်ခေါ်ပေးပါဆိုလို.
စိတ်ရဲရှေ.မှာရပ်ပြီး အော်ခေါ်ပေးရတယ်
ဒဏ်ရာတွေနဲ.လူတစ်ယောက်
ငါ့ရှေ.ကိုရောက်လာတယ်
စိတ်ထဲမှာမကောင်းတာနဲ.
သူ.အတွက်ဆေးရှာပေးဖို. လှည့်အထွက်
နောက်ကျောကို ဓားချက်တွေကျလာခဲ့
တစ်ချက်၊ (အဲဒါ ငါသင်ယူခဲ့ရတဲ့အချစ်)
နှစ်ချက်၊ (ဒါ ငါသင်ယူခဲ့ရတဲ့ဘ၀)
သုံးချက်၊ (ဒါက ငါသင်ယူခဲ့ရတဲ့ သစ္စာတရား)
လဲကျမသွားခင်
အက်ရှတဲ့ရယ်သံကိုကြားရတယ်
ငါပြန်ထနိုင်ခဲ့ရင်
ဒီဓားသုံးချက်ထိုးနည်း
ငါတတ်မြောက်ပါပြီ ကိုမော်နီ။  ။

လျှို.၀ှက် လိပ်စာ


ရယူပိုင်ဆိုင်မှု သတို.သမီးကို
လက်ထပ်ပြီးစီးသည်နှင့်တပြိုင်နက်
ထိုသတို.သမီးဝယ်
စိုးရိမ်ပူပန်မှုသန္ဓေသား
တည်လေတော့သည်။

(၁)
မင်းလိုချင်နေတာ
အချစ်လား
အချစ်အကြောင်းရေးထားတဲ့ ကဗျာတစ်ပုဒ်လား
ငါ မစဉ်းစားတတ်တော့ပါကွယ်။ 
သမီးရည်းစားဘ၀ဟာ
စိတ်ကူးထဲမှာ ပန်းပွင့်နန်းတော်ကြီးတည်ဆောက်ပေးတာ
အိမ်ထောင်သည်ဘ၀မှာတော့
အိမ်ရှေ.၀ရန်တာမှာ
လက်တွေမှာ မြေဆွေးအပေပေအတေတေနဲ.
နှင်းဆီ ပင်ပေါက်လေးပျိုးပေးတာဖြစ်တယ်။

ရွေသုံးရံ ခြံရံပေးချင်စိတ်လျော့မသွားပေမယ့်
တကယ် လက်တွေ.ကျဖို.ကြိုးစားလာတဲ့အခါ
တည်ဆောက်ပေးနိုင်သောအချစ်ပမာဏဟာ
နှုတ်နဲ.ပြောနိုင်သောပမာဏထက်နည်းလာတာ
သဘာဝတော့ကျလေတယ်
မင်းအတွက်……ဘ၀င်ကျစရာဖြစ်ကောင်းမှဖြစ်မယ်ပေါ့။

သမီးရည်းစားဘ၀မှာ ကတိတွေပေးနိုင်မှုကိုဦီးစားပေးတယ်
အိမ်ထောင်သည်ဘ၀မှာ ကတိတွေတည်နိုင်မှုကိုဦးစားပေးတယ်
အချစ်ကို လေထဲမှာဆောက်ပြဖို.ထက်
အချစ်ကို မင်းလက်ဖ၀ါးလေးထဲတိုက်ရိုက်ထည့်နိုင်ဖို.
ငါကြိုးစားနေချိန်မှာ
မင်း သံသယတွေကိုမျက်ဝန်းမှာမညိုပါစေနဲ.လားကွယ်။

(၂)
ယုံကြည်မှုကို
မင်းနှလုံးသားပေါ်မှာတည်ဆောက်ရတာ
ခက်လှချည်လားလို.မမြင်ပါဘူး
ဝင်သင့်ဝင်ထိုက်သောသံသယတွေကို
ဖြစ်သင့်ဖြစ်ထိုက်သော အချစ်နဲ.ပေးဆပ်နေပါတယ်။

ငိုရင်းအိပ်သွားတဲ့မျက်နှာလေးကိုငေးပြီး
ငါ ၀ဲတက်လာဘူးတဲ့ မျက်ရည်စတွေက
ပြန်ပြောပြစရာမဟုတ်ဘူးလေ
အတိတ်ဟာ ငါ့အသားထဲမှာအောင်းနေတာမျိုးဆိုရင်
ငါ့အသားကိုလှီးဖြတ်ထုတ်ပေးပါတယ်
အတိတ်ဟာ ငါ့လက်ဖျံထဲမှာဆိုရင်
ငါ့လက်ငါဖြတ်ထုတ်ြပစ်ပါတယ်
မင်းကျေနပ်ဖို. ငါအဲလိုလုပ်ပေးချင်လိုက်တာ။

အတိတ်ဟာဖြတ်ထုတ်လို.ရသောကိစ္စဆိုရင်
ငါလုပ်ပေးပြီးခဲ့တာကြပါပြီ
ပိုမိုလွယ်ကူသော ဖယ်ထုတ်မှုသဘော
မင်းမြင်တတ်အောင်ပြောပါရစေ။

အရှိတရားဆိုတာက
အမြင်တရားပေါ်အခြေခံထားတာပါ
မင်းငါ့ကိုကြည့်၊ ငါရှိနေတယ်
မင်းငါ့ကိုမကြည့်ချိန်
ငါမရှိတော့ဘူးပေါ့
ရှိခြင်းမရှိခြင်းက ကိစ္စမရှိ
ကြည့်ခြင်းမကြည့်ခြင်းကသာ ကိစ္စရှိနေလိမ့်မယ်။

မင်းကြည့်နေသ၍
ငါ့အတိတ်ကရှိနေလိမ့်မယ်
ငါကတော့အတိတ်ကိုဘယ်တော့မှပြန်မလှန်ဘူး
နင်နဲ.ငါ ပြေလည်စွာရှေ.ဆက်ရန်
နောက်မှာချန်သင့်တာအားလုံးချန်ခဲ့မယ်။

ငါ့ရင်ထဲမှာ တစ်ယောက်ယောက်များရှိနေသေးတယ်ထင်နေတာလား
ငါဆိုတဲ့ယောကျားက
မချစ်ပဲယူတဲ့ခပ်ညံ့ညံ့ကောင်စားလို. စွပ်စွဲလိုက်သလိုပါပဲ
မင်းကိုချစ်ဖို.ချန်ထားတဲ့နှလုံးသား
မင်းခံစားမကြည့်ပဲ မစော်ကားနဲ.။

အိမ်အလုပ်တွေ မင်းကြုံးရုန်းလုပ်နေချိန်
တခြားသူတစ်ယောက်ကိုတမ်းတလောက်အောင် ငါမမိုက်မဲခဲ့ဘူး
ရေစိုလို.အက်ကွဲလာတဲ့မင်းလက်သည်းလေးတွေထဲကို
ငါ့မေတ္တာနဲ. လှပစေချင်ခဲ့တာ
ပန်းကန်တိုက်အ၀တ်လျော်လို. ကြမ်းလာတဲ့မင်းလက်ဖ၀ါးလေးတွေကို
ငါတန်ဖိုးကြီးကြီး တက်မက်နေခဲ့တာ
မင်းက မင်းမေတ္တာကို ပင်ပန်းစွာသက်သေပြနေချိန်
ငါက ငါ့မေတ္တာကို
မင်းမယုံကြည်တဲ့သစ္စာ တည်ခြင်းနဲ. ပြနိုင်ဖို.ကြိုးစားနေခဲ့တယ်။

(၃)
အချစ်ကို မင်းတောင်းချိန်
သစ္စာကိုငါပေးနေတော့
မင်းသံသယကပိုကြီးလာနိုင်တယ်
အချစ်ကိုပေးအပ်ချိန်မှာငါ့အမှားအယွင်းတွေနဲ.ဆိုတော့
သစ္စာကိုပေးချိန်မှာ မယူရဲတော့တာသဘာဝကျတယ်
ငါမပေးလို. မဖြစ်တဲ့အချိန်ဆိုတာကလည်းသဘာဝကျလေတယ်။

ရည်းစားဘ၀ ဆိုတာ ကတိတွေပေးချိန်ပါ
အိမ်ထောင်သည်ဘ၀က ကတိတွေတည်ချိန်ပါ
ရည်းစားဘ၀မှာ ကတိတွေအများကြီးပေးလည်းရတယ်
ကတိတွေမတည်လည်း ရလေတယ်
အိမ်ထောင်သည်ဘ၀မှာ ကတိတစ်လုံးမှမပေးလည်းရတယ်
ကတိတစ်လုံးတစ်လေမှ ပျက်လို.တော့မရဘူး။

ရည်းစားဘ၀က ကတိတွေမယုံကြည့်ရင် ဘ၀မတည်ဆောက်ရုံပဲ
အိမ်ထောင်သည်ကတိကိုမယုံကြည်ရင်တော့ ဘ၀ပါပျက်လေနိုင်တယ်
ယုံကြည်ထိုက်သူမဟုတ်တောင် ယုံကြည်မှုပေးရမယ့် အခြေအနေပါလေ။
ဘ၀ကို အတူတူဆောက်ခဲ့ပြီးပြီပဲ
မင်းကလှေလှော်ချိန်မှာ ငါကပဲ့ထိန်းလို.
ငါက မြေတူးချိန်မှာ မင်းက အပင်ပျိုးလို.
ငါတို.ရိုးသားစွာ ရဲရင့်ကြမယ်လေ။

မတရားမှုမပါဝင်သော ကိုယ်ချင်းစာစိတ်ကို
မေတ္တာလို.ခေါ်ရမယ်
မတရားမှုမပါဝင်သော မေတ္တာတရားကို
ကရုဏာလို.ခေါ်ရမယ်
ငါ့ကရုဏာတရား မင်းအပေါ်ထားခဲ့တာ
မေတ္တာအပြည့်နဲ.ဆိုတာရော သိပါလေစ။

မေတ္တာဆိုတာ အမဓာတ်ဖြစ်တယ်
ကရုဏာဆိုတာ အဖိုဓာတ်ဖြစ်တယ်
မေတ္တာက တောင်းခံရယူတတ်ပြီး
ကရုဏာက ပေးဆပ်စွန်.ကြဲတတ်တယ်
သေချာတာက
မေတ္တာနဲ.ကရုဏာဆိုတာ
အခုအချိန်မှာ အကြောင်းတရားမျှသာဖြစ်တော့တယ်။

ရည်းစားဘ၀မှာ
လယ်ယာမြေကောင်းအောင်ပြုပြင်သလို
 မေတ္တာကိုတည်ဆောက်ခဲ့ကြတယ်
အိမ်ထောင်သည်ဖြစ်လာတော့
အဲဒီ လယ်ယာမြေမှာ ဘ၀ပျိုးပင်လေးမျိုးအောင်ဖို.
ငါတို.ကရုဏာတွေ ရွာကျရအောင်လားကွယ်။

 (ဇနီးသည်ကို မွေးနေ.လက်ဆောင်ပေးရန်ရည်ရွယ်ရေးခဲ့ပါသည်။ မပြီးသေးပါ၊ မွေးနေ.အမှတ်တရာ တင်ပါသည်)

ဝန်ထမ်းကာလ ကိန်းဂဏန်းများ


အစည်းအဝေးတက်ရမယ့်ရက်က ၁၇ ရက်
ရန်ကုန်သွားမယ့် ကားခကတစ်ယောက် ၆၀၀၀
ရွှေစင်စကြာ ညနေ ၆နာရီ
ဆီဒိုးနားမှာ နံနက် ၉ နာရီ
တက်စီခက အသွား၂၀၀၀ အပြန်၂၀၀၀
အိတ်ထဲပါသွားတာက ၅၀၀၀၀
ဘဏ်ကထုတ်ရတာက ၁၀၀၀၀၀
အသက်က ၃၅
အပေါ်သွေးက ၁၄၀
အောက်သွေးက ၉၀
ကဗျာတစ်ပုဒ်ဖြစ်ပါသလား။

ကွယ်လွန်သူ ရင်ငြိမ်းပွင့် ကောင်းမှု


အသက်ရှင်သန်ရခြင်းမှာ နာကျင်လွန်းလို.
လွတ်မြောက်မှု ၀ိမုတ္တိကို
တိုက်မြင့်မြင့်မှာ ရှာဖွေသွားသူကြီးရေ
အပြောင်မြောက်ဆုံး ဟာသဆိုတာက
ကြေကွဲဖွယ်အကောင်းဆုံး ဇာတ်လမ်းကိုဆိုလိုတယ်။

သစ္စာပျက်သူတွေက လွယ်လွယ်ပျက်ကြတယ်
သူ.ချစ်ခြင်းခွဲသူတွေကလည်း လွယ်လွယ်ခွဲကြတယ်
ကျန်ခဲ့ရသူတွေကတော့ လွယ်လွယ်ကူကူမကျန်ခဲ့ကြဘူး
ဒီလမ်းကို သူများတွေလည်းလျောက်ခဲ့ကြရတယ်
ခင်ဗျားကျမှ အသက်ကို အနိုင်ပိုင်းခဲ့လေခြင်းဗျာ။

သူ.ချစ်ခြင်းလုယူသူနဲ့ သစ္စာပျက်သူကို
ခင်ဗျားရဲ့ လှပတဲ့ ဂုဏ်ပြုပွဲမှာ
ခင်ဗျားမိဘမောင်နှမဆွေမျိုးတွေ
မျက်ရည်နဲ.လက်ခုပ်တီးပေးစေချင်တာလား
ခင်ဗျားသိပ်အောင်မြင်ခဲ့ပါတယ်။

အချစ်ကို သစ္စာမပျက်ဖို.တရားပြသွားသူ
အချစ်ကို မလုယက်ဖို. သွေးနဲ.ရေးသူ
ခင်ဗျား အမျှဝေတဲ့ကောင်းမှုက
အနိုင်ရတယ်ဆိုတောင် လမ်းမှားလေတယ်
ကျွန်တော်တို. သာဓုမခေါ်နိုင်ဘူး။    ။

Thursday, December 8, 2011

တဆက်တည်းဖြစ်သော

အေးချမ်းမှုက အမြင့်ဆုံးဖြစ်မှ
အနူးညံ့ဆုံးသောလောင်ကျွမ်းမှုကိုတွေ.ရမယ်
အခူးခံပန်းပွင့်လေး တဟုန်းဟုန်းလောင်နေတာတွေ.မှာလား
နောက်နေ.မနက်မှာ ပြာနဲ.ခြောက်သွေ.နေမှသာ
နောင်တများစွာ နဲ.နောက်ကျခဲ့ကြ
တို.ဘ၀ဖြစ်စဉ်က ပန်းတွေထက်မြန်တယ်
တို.မှာက လောင်ကျွမ်းစရာတွေလည်းများတယ်
လောင်ကျွမ်းနေတာတွေလည်း များတယ်
ဘယ်အချိန်မှာပြာဖြစ်သွားမှာလဲ
မတွေးလိုက်မိစဉ်မှာပဲ ပြာဖြစ်သွား
ပူလောင်မှုတွေကို လက်နဲ.ယက်ပြီး အာသာငန်းငန်းလုယူနေကြ
တိတ်ဆိတ်မှုနဲ.စောင့်ကြည့်နိုင်ရင်
တို.ကိုယ်ပေါ်မှာ မီးတွေ တဟုန်းဟုန်းလောင်နေတယ်
တို.အတွေးတွေမှာ ပြာစတွေလွင့်ပါ
တို.လိုအပ်နေတာ စောင့်ကြည့်နိုင်မှုပဲ
လောင်နေတဲ့ မျက်တောင်တွေကိုပိတ်လိုက်ပါ
လောင်နေတဲ့ အသက်ရှုတာလေးကို နဲနဲချင်းလျော့
လောင်နေတဲ့ လေပူတွေဝင်လာတာကိုတွေ.လား
လောင်နေတဲ့ အတွေးစတွေက လေတိုက်သလိုလွင့်ပါနေတယ်
အားလုံးက ဖြတ်ကနဲဖြတ်ကနဲရွေ.နေတဲ့ အမြန်ပြကွက်
သေချာတာက အေးမြမှုဆိုတာမရှိဘူး
လောင်နေတာတွေကိုသေချာစိုက်ကြည့်လိုက်မှ
လောင်နေတာတွေက ငါနဲ.မဆိုင်ဘူး
ငါတတ်နိုင်တဲ့အပိုင်းကနေကင်းလွတ်နေတယ်
ငါဆိုတာကရော ဘယ်နေရာမှာလဲ
လောင်နေတာကရောငါသေချာလို.လား
လောင်စာက အတိတ်နဲ.အနာဂတ်မှ ဖြစ်စဉ်များသာ
ပစ္စုပ္ပန်ကာလ၏ ခဏငယ်များမှာ စိတ်ကိုစိုက်ချထားချိန်
လောင်ကျွမ်းမှုသည်ပါးလျလာ
လမ်းဘေးမှရပ်ကြည့်သူ၏ခံစားချက်မျိုး
ငါနဲ့မဆိုင်တော့သောပစ္စည်းများဖြစ်နေမည်လား
သေချာအောင်ပို၍စူးစိုက်ကြည့်
အတိတ်သည် အတိတ်သို. ပြန်သွား
အနာဂတ်သည်အနာဂတ်သို. ဆုတ်ခွာသွား
တဖြတ်ဖြတ်လွင့်နေသောမီးတောက်ငယ်သည်
အပြာရောင်လဲ့လဲ့ဖြစ်လာ
အခြားတပါးသောအသိများကို ၀င်မလာနိုင်အောင်ပိတ်ထား
ဝင်လာခဲ့လျှင်လည်း သူ.သဘောအတိုင်းရှိပါစေ
တို.လိုအပ်တာစူးစိုက်ကြည့်နေဖို.တစ်ခုသာ
လောင်စာများမရှိတော့
တဖြတ်ဖြတ်ပြေးလွားနေသော အရာတစ်ခု
ဖမ်းရခက်သော်လည်း ငြိမ်သက်လာ
အေးမြမှုတစ်ခုကိုတွေ.
ငြိမ်းချမ်းသော ပီတိ
လက်များ၏နေရာခြေများ၏နေရာများကို မတွေးချင်တော့
အသက်ရှူမှုသည်ငါ့အသက်ရှူမှုမဟုတ်တော့
သူ.ဘာသာဖြစ်တည်နေသော သဘောလေး
စက္ကန်.များမရှိ၊ နာရီများမရှိ
အလုံးစုံသောအတွေးများဝင်မလာရန် မတားသော်လည်း
တစ်မျိုးတည်းသာစူးစိုက်မိ၍ ပူလောင်သောအရာများမရှိတော့ခြင်း
နားလည်နိုင်သောသဘောတရားများကိုကျော်၍ ခံစားရသောအတွေ.
စိတ်သက်သက်ဖြင့်သာ ထိကပ်မိသေားအေးချမ်းသည့်နေရာ
ငွေ.ငွေ. …………………………………………………….
…………………………………………………………………………
………………………………………………………………………………………………
………………………………………………………………………………………………………

ပျော်လား

ပျော်လားမေးတော့ ပျော်တယ်ပဲဖြေလိုက်တယ်
အဲဒီတော့ဆက်ပြောတယ်
ကိုယ်ပျော်ဖို. သူများကို မစတေးပါနဲ.တဲ့
ပျော်အောင်စတေးခဲ့တာမဟုတ်ဘူး
စတေးခံဘ၀မှာပျော်အောင်နေရတာလို.
ပြန်မပြောခဲ့ပါဘူး။


ငါကပျော်လားလို. တစ်ယောက်ကို မေးချင်ပေမယ့် မမေးခဲ့ဘူး
အခြားတစ်ယောက်ကပျော်လားမေးတော့ ငါမဖြေရဲခဲ့ဘူး
ဘ၀မှာတချို.ကိစ္စတွေက ပျော်ဖို.လုပ်တာမဟုတ်လေဘူး
ခွင့်လွတ်ရခက်တဲ့ကိစ္စမှာ ဇွတ်ခွင့်လွတ်ဖို.မကျိုးစားပါနဲ.။


ငါနဲ.တွေ.သခိုက်လေးမှာ ပျော်အောင်ထားခဲ့တာက
ငါနဲ.ဝေးချိန်မှာ နာကျည်းဖို. အကြောင်းတရားဖြစ်နေပြီလား
တောင်းပန်ထိုက်သောအကြောင်းမရှိရင်တောင်
တောင်းပန်ဖို.၀န်မလေးခဲ့ဘူး
တစ်ခုပဲ
ပျော်လားလို.နောက်ဘယ်တော့မှ မမေးနဲ.။ ။

ကုန်စိမ်းတန်းကဗျာ

ကဗျာမှာရိုးသားပါဆိုတဲ့ကောင်လေး
ငါမရိုးသားတဲ့အကြောင်းကြမ်းကြမ်းလေးပြောပြမယ်
ကုန်စိမ်းတန်းက“လေ”နဲ.ပြောရမယ်
ကဗျာမှာဆဲခွင့်မရှိဘူးလား
ခွေးကောင်လို. ပြောရင် “ရသ”တွေလျော့သွားပီလား
မိမစစ်ဖမစစ်လို.ဆဲရင် ဂုဏ်တွေ မရှိတော့ဘူးလား
“…………..း” ဆိုရင် ဒေါသ ဘယ်နှပိဿာသင့်သွားလဲ
နင်တို.သိထားဖို.ကကဗျာဆရာလည်းလူပဲကွ
အမြင်မတော်တာရှိရင်ဆဲမှာပဲ
လိမ်ချင်လာရင်လိမ်မှာပဲ
ကဗျာထဲကစကားလုံးတွေအလုပ်က
ကိုယ့်ခံစားချက်အတိအကျကို တစ်ဖက်လူရင်ထဲရောက်ဖို.မဟုတ်ဘူးလား
မင်းက ၃၅ကျပ်သားလွမ်းနေတာကို အတိအကျမရေးတတ်ရင်
ကဗျာဖတ်သူမှာ ၁၅ကျပ်သားပဲရမှာပေါ့ဟ
အဲဒီတော့ သာသာထိုးထိုးလေး ၅၀သားလောက်ရေးလိုက်
နင့်ကဗျာထဲက အရိုးအရိစကားလုံးတွေ ဖယ်မှ ၃၅ကျပ်သားကျန်မှာ
ငါကတော့လိမ်မှာပဲ
ငါ့ရင်ထဲက အဓိပ္ပါယ် အတိအကျကို တဖက်လူရဖို.
ငါဆဲချင်ဆဲမှာပဲ
မင်းတို.ပဲတော်ရင် မင်းတို.ပဲတတ်ရင် မင်းတို.ပဲကဗျာရေးကြ
ငါကလမ်းဘေး နံရံမှာ မှုတ်ဆေးနဲ.စာရေးပြီးဆဲမယ်
အဲဒါကဗျာလို.လည်းမပြောပါဘူး
ဒါပေမယ့် ကဗျာရေးမှအလုပ်ဖြစ်တယ်ထင်နေလား
ကဗျာဆရာမလုပ်ရလည်း လမ်းဘေးထိုင်ဆဲနေလိုက်မယ်
ကမ္ဘာ.ကဗျာနေ.မှာ ငါကဗျာမရေးဘူး
စင်ပေါ်တက်ပီးပွဲမင်းသားလိုမလုပ်ဘူး
ငါ့စိတ်ထဲကမပါတဲ့ကဗျာ
ငါဘယ်တော့မှမရေးဘူး
ဒါပေမယ့်
ငါ့ကဗျာမှာ ငါလိမ်တာ ဘာဖြစ်လဲဟေ့ကောင်။ ။

ကံကောင်းခြင်းလက်ဆောင်

ကံကောင်းသူတွေ လျောက်တဲ့လမ်းကနေ
ကံမကောင်းသူတစ်ယောက်ဆင်းခဲ့တယ်။

ကံကောင်းတယ်ဆိုတာ
သူများတပင်တပန်း စိုက်ပျိုးထားတာကို
အရှက်မရှိရိတ်သိမ်းရဲတာကို ခေါ်တာပေါ့။

ကံကောင်းတယ်ဆိုတာ
ကိုယ့် အတွက် အမုန်းနဲ. သူ.အတွက် နာကျင်မှုကို
ကိုယ်မဟုတ်တဲ့လူတစ်ယောက်က ပေါင်းခံစားလိုက်ရတာပေါ့။

မင်းတို. ကံကောင်းကြပါလေ
သူများရဲ့ မျက်ရည်မြေပြင်မှာ လှံစိုက်ပြီးကံကောင်းကြပါ
ခွင့်လွှတ်တယ်ဆိုတာ
ပုပ်နေတဲ့ နာကျည်းမှု အပိုင်းကို လှီးထုတ်ဖို.
ကောင်းနေတဲ့ အပိုင်းကိုပါ အနာခံဖယ်ထုတ်လိုက်ရတာပါ
ငါခွင့်လွှတ်လိုက်ပါတယ်လေ။

ဝဋ်ဆိုတာလယ်တတ်တယ်
မင်းတို.ကံကောင်းခြင်း ကတော့
အရှက်မရောက်သေးသ၍ လယ်မှာမဟုတ်တော့
ရှက်ရွံ.တတ်သူပြန်ခဲ့တယ်။ ။

မတော်တဆ

နိုင်လွန်ကြိုးရယ်
ထုတ်တန်းရယ်
တံခါးကိုဖွင့်ထွက်သွားဖို.ကလွယ်တယ်။

အင်္ကျီလက်တိုရယ်
ဘလိတ်ဓားရယ်
ပြီးပြည့်စုံခြင်းအတွက် မလွယ်ဘူးလား။

ယောကျားလေးတွေက ချစ်မိသူကို ကောင်းကောင်းသိတယ်
မိန်းကလေးတွေက ချစ်သင့်သူကို ကောင်းကောင်းသိတယ်
အဲဒီမှာပဲ အနိုင်အရှုံးကဖြစ်လာတော့တယ်။

အရှုံးအနိုင်က ပြဿနာမရှိဘူး
အနိုင်လိုစိတ်က ပြဿနာရှိတယ်။

အရှုံးပေးလိုက်ရတာ ချစ်မိသူတွေဖြစ်ပြီး
အနိုင်ယူသွားတာ ရွေးချယ်သူတွေ ဖြစ်တဲ့အခါ
ဝါယာကြိုးရယ် ၊ မီးပလပ်ခေါင်းရယ်က
အသုံးဝင်လာတယ်။

ရွေးချယ်သူကြီးကို သေသေချာချာမှာခဲ့တယ်
နောင်တမရနဲ.
ရွေးချယ်မှုဆိုတာ မတော်တဆ ကိစ္စတစ်ခုပါ။ ။

တာဝန်ယူတတ်သူ

ကေသီပန်သုံးထုပ်နဲ. အဆင်မပြေလို.
ငါးထောင်တန်ခြောက်ရွက်နဲ. ရွာလေးတစ်ရွာ
နဲနဲစောရင်အဆင်ပြေတယ်တဲ့
အုန်းသီးတွေရင့်တော့လည်း မကြွေလွယ်တော့ဘူး
အဖေလည်းရှက်တတ်တယ်
အမေလည်းရှက်တတ်တယ်
မရှက်တတ်သူတစ်ယောက်ကို
လွန်မှရှက်တတ်သူ တစ်ယောက်နဲ. အပြစ်မရှိသူတစ်ယောက်
နှစ်ယောက်ပေါင်းနှုတ်ဆက်ခဲ့တယ်
ဖြတ်လမ်းက ပိုက်ဆံမကုန်ဘူး
နောက်ဆံမငင်ဘူး။ ။

မော်နီ ၊မင်းတို.ရှေ.မှာ ရောက်နေပြီ

ငါ့ကဗျာ မင်းတို.ရှေ.ရောက်ချိန်
လက်တွေလေထဲလည်းမမြှောက်ပါနဲ.
ရုပ်ရှင်က အနုပညာဟုတ်မဟုတ်မသေချာဘူးဆိုတဲ့
ကမ္ဘာကျော်ဒါရိုက်တာကြီးစကား
ငါဖျားသွားဘူးတယ်
ကော်ပီဖြစ်ဖြစ် ကိုယ်ပိုင်ဖြစ်ဖြစ် အားထုတ်မှုက အရေးကြီးတာတဲ့
လေးဖြူကလည်းရဲဝံ့လွန်းတယ်
လိုအပ်ရင်နားရွက်ဖျားလေးက အသံထွက်အောင်ဆိုမတဲ့လားကိုငှက်ရေ
ကဗျာနဲ.တေး ဘယ်အချိန်မှာလမ်းခွဲခဲ့သလဲ
ခင်ဗျားတို.နဲ.ဆိုရင်တော့ပြန်လည်ပေါင်းစည်းချင်တယ်
လူတိုင်းလက်ခုပ်တီးရုံနဲ.တော့ ငါလိုက်မတီးနိုင်ဘူး
လက်ခုပ်သံကတောင်းယူလို.ရမရငါမသိဘူး
ငါသိတာ အနုပညာကို အနုပညာလို သဘောထားတတ်သူတွေကိုငါချစ်တယ်
အဆင်ပြေလား
အဆင်ပြေရင် လက်ခုပ်သံတွေ မကြားချင်ဘူး။ ။

ဖွဲမီး

ပျံကျမိုးလို အပြုံးလေးကို
ကောက်ရိုးတစ်မျှင်လို အားကိုးတကြီးဆွဲကိုင်ခဲ့ဘူးတယ်
အပိုပါပဲလေ
ညတာရှည်တော့အိပ်မက်များတာပေါ့။

ငါနည်းနည်းဈေးကျသွားတဲ့ ဧပရယ်ဖူးလ်နေ.ကကိစ္စ
ဒီနေ.အထိ အဖတ်ဆည်မရသေးဘူး
မင်းမျက်နှာကိုဖြတ်မရိုက်ခဲ့မိတာ
သုံးနှစ်လောက် နောင်တရနေတယ်။

ပြန်ပြောရင်ဒေါသထွက်တာမဟုတ်ဘူး
ဒေါသထွက်ထွက်လာလို. ပြန်ပြောပြောနေရတာ
ကိုယ့်အပူနဲ.ကိုယ်၊ ကိုယ့်ဒုက္ခကိုယ်ရှာတာပေမယ့်လည်း
ပြန်တွေ.ရင် လက်မနှေးအောင်လို.
နာကျည်းမှုကိုကျောသပ်မွေးနေတယ်။ ။

ဘုစုခရုများနှင့် ကဗျာရေးခြင်း

လေထဲမှာလွှင့်၊နာရေးတဲ့ကဗျာဆိုတာ ငါရေးတဲ့ကဗျာလို.ကလေးဂျကားမပီသလိုပြောတာ။ဆရာကြီးများလက်ခုပ်တီးပါ၊ အဆင်မပြေဘူး၊ဒါပေမယ့်လက်ခုပ်သံကြားချင်တယ်၊ပန်းကလေးများပွင့်တော့မည်၊ကလေးလိုဆိုချင်ရင် ကလေးစိတ်မွေးရုံနဲ့ရတယ်၊နီတို.ရေးမှကဗျာ၊ဟုတ်တယ်၊ကိုဟံလင်းရဲ့မိသားစုကြိုက်တယ်၊နီရေးရင်လည်းကဗျာ၊နာရေးရင် အပေါကြီး၊ကာရန်ပါရင်အပေါကြီး၊မင်းသုဝဏ်ကြောင်းပြောမိတာအပေါကြီး၊ ကလေးတွေလာကြ၊ကလေးကဗျာလေးတွေရေးကြစို.၊ သူတို.ဘာသာနေပါစေ၊ဗော်လတဲယားတဲ့၊ဂျွိုက်စ်တဲ့၊နီတို.မတိဘူးလား၊ခုခေတ်က အဲဒါတွေရေးမှကဗျာဆရာ၊ပိုင်းစစိတ်မွှာခြင်းသိလား၊ ဗဟိုချက်များစွာရှိခြင်း၊ဗဟိုချက်ပျောက်နေခြင်း၊ ဟိုကလေးငြိမ်ငြိမ်ထိုင်လေ၊ဖရက်ဂမန်တေးရှင်းသိလား၊ ကျူဗစ်ဇင်း၊ဟင်၊နီဘာလို.ကဗျာရေးသေးလည်း၊ကဗျာဆိုတာဘာလို.ပြောမိတာငပေါလား၊ ငါးတန်းကလေးလည်းသူ.အသိနဲ.သူဒုက္ခသစ္စာကိုသိမှာပဲ၊နဲနဲခွင့်လွှတ်မပေးချင်ဘူးလား၊ တောင်းပန်နေတာပါ၊ဟိဟိ။ပြောရတာ အရသာမရှိဘူး ၊ကလေးကဗျာလေးတွေနဲ.သူတို.ကစတင်တာမဟုတ်ဘူး။ သူတို.ကိုဘုရားသခင်ကကဗျာရေးဖို.လွှတ်လိုက်တာ၊တို.က အပေါကြီး။ တို.ဘာသာတို. ကလေးကဗျာရွတ်ရအောင်၊အားလုံးလိုက်ဆို၊ပန်းကလေးများပွင့်တော့မည်။ ။

တိတ်ဆိတ်သူ

အလှမ်းခက်သူမို.
မနမ်းရက် မျက်လွှာလေးကို
လွမ်းရက်ကဝေ။

အဆင်သင့်ရင်တောင်
ကြင်ခွင့်ကို မယူရက်လို.
ချွေဖျက်သူ ကိုယ်မဟုတ်ပါဘူး
နှုတ်ဆိတ်သူလေ။

တွေ.ရင်တောင် အကြည့်သိမ်းလို.
ယိမ်းနွဲ.သူ ခြေလှမ်းခက်အောင်
မလုပ်ရက်သူပါမေ
ဣနြေ္ဒရှင်ယုံပါလား။

စိုးထိတ်သူက
တိုးတိတ်စွာ နေခဲ့ချင်လည်း
ပဲ့တင်သံ ရင်ခုန်နှုန်းက
ပုန်းရခက်သား။ ။

က=ဗျာ

ဘာ=သာ=စ=ကား။ငါ့ဘာသာစကားဆို။
ငါ့ဘာသာ စ(ပုဒ်ဖြတ်၊သို.မဟုတ် ခေတ္တ/ခဏ ရပ်)ကား၊ စကား၊
ကစား။ကစားမလားနားမလား။(ပုဒ်ထီးချရန် ၊ပုဒ်မချရန်ဝေခွဲမရ)
ကလေးတွေရေးသလိုပဲရေးလိုက်ပါ။ စကားတွေကုလားဖန်ထိုးတဲ့ကဗျာ။ကုလားတွေစကားဖန်ထိုးတဲ့ကဗျာ။
ကဗျာတွေ ကဗျာဖန်ထိုးတဲ့ကဗျာ။ခင်ဗျားတင်မဟုတ်ဘူး။လူတိုင်းသွေးကြောင်ဘူးတယ်။
ကန်.လန်.ကာ။ကန်.လန်.ကန်.လန်.ကာနေတာလား၊ အကန်.အကန်.မို.လန်.လန်.နဲ.ကာနေတာလား။
ကဲ။ခေါင်ရှုပ်အောင်တမင်လုပ်တဲ့ကဗျာ။ခေါင်းရှင်းအောင်တမင်မရေးတဲ့ကဗျာ။

ထမင်းမကျွေးတဲ့ကဗျာ၊မင်းမရေးတဲ့ကဗျာ။မင်းဘာသာမင်းပဲကဗျာ။မင်းဘာသာမင်းပဲ က=ဗျာ။ဗျာ။ဗျာ။ အောင်ကျော်ခေါ်မှထူးမယ့်ဗျာ။ မောင်မောင်ခေါ်ရင်ထီးရိုးရှည်မယ့်ကဗျာ။
ခင်ဗျားကြိုက်တဲ့ကာရန်တွေနဲ. ဆုံးထားသတဲ့ဗျာ။ဗျာ။ဗျာ။
ဗျာ။ဗျာ။ဗျာ။……………………………..ဗျာ။
ခွင့်လွှတ်ပါ။နားမလည်ကြတဲ့အခါ။(ခွင့်လွှတ်ပါဗျာ။နားမလည်ကြတဲ့အခါဗျာ။)
ကဲ။နည်းနဲ ပေါ့ပေါ့ပါးပါးဖြစ်မသွားဘေဘူးလား။
ကဗျာမှာအသံဆို။ခင်ဗျားတို.ဘဲရေးတတ်တာပါ။ကျုပ်မပါဘရစေနဲ.။တော်ဘာဒယ်၊တတ်ပါဒယ်။
ဿည်(၁)တစ်ခါတော့ခွင့်လွှတ်ပါ။(မှတ်ချက်(၁)။ ။အသံထွက်အမှန်ကိုမသိ၍ သနှစ်လုံးထပ်သကြီးဖြင့်ရေးသည်။ အဲ၊ယောင်လို.၊ ရေဿးည်)
ဒီကဗျာအဆုံးသတ်မရဘူး။ဇီဝိနြေ္ဒ မပါတဲ့ကဗျာဆိုတော့။
ဘယ်သူမှတော့သိမှာမဟုတ်လို. (း) )
ဒီအတိုင်းပဲ အဆုံးသတ်လိုက်ပါတယ်။လေး=စား=ပါ=တယ်။

ဧည့်သည်

(ငါသည် အိမ်ရှင်မဖြစ်နိုင်ပြီဆိုလျှင်
ဧည့်သည်ဖြစ်ပါရစေ
ရှေ.သို. ခြေတစ်လှမ်းပင်
မတက်ဝံ့ပြီဆိုလျှင်
ခြေတစ်လှမ်း ဆုတ်ပါရစေ)

စကားဆိုခက်
ကြားလိုလျက်နှင့်
သိုဝှက်မေးခွန်း
အစွန်းရောက်စိတ်
အမှောင်ရိပ်၌
စိတ်မိုက်မှားသောလူဖြစ်မည်။

ပန်းတွေပွင့်ဖူး
ရင်ခွင်ဦးတွင်
ကြည်နူးခဲ့ခြင်း
မှားယွင်းအတိတ်
တံခါးပိတ်၍
တိတ်ဆိတ်ရှောင်ပုန်းရဦးမည်။

မပီဝိုးဝါး
မျက်လုံးများငို
လှုပ်ရှားရင်ခွင်
ပြန်မမြင်လို
ရင်ခွင်အိုမှာ
မြိုလက်စနှင့်မြိုသိပ်မည်။

မြူတွေရစ်သန်း
အမှောင်လွှမ်းသည့်
တောင်တန်းဟိုဘက်
မှုန်ရီပြာသော
ကမ္ဘာပျက်သို.
နှုတ်ဆက်ထွက်ခွာသွားတော့မည်။
ပြန်ဆုံခွင့်လျှင်မရှိပြီ။
နှလုံးသားမဲ့ ခရီးသည်။ ။