Friday, June 29, 2012

နှစ်ကိုယ်ခွဲ ၂

မော်နီကို ပြန်ခေါ်ပေးပါဆိုလို.
စိတ်ရဲရှေ.မှာရပ်ပြီး အော်ခေါ်ပေးရတယ်
ဒဏ်ရာတွေနဲ.လူတစ်ယောက်
ငါ့ရှေ.ကိုရောက်လာတယ်
စိတ်ထဲမှာမကောင်းတာနဲ.
သူ.အတွက်ဆေးရှာပေးဖို. လှည့်အထွက်
နောက်ကျောကို ဓားချက်တွေကျလာခဲ့
တစ်ချက်၊ (အဲဒါ ငါသင်ယူခဲ့ရတဲ့အချစ်)
နှစ်ချက်၊ (ဒါ ငါသင်ယူခဲ့ရတဲ့ဘ၀)
သုံးချက်၊ (ဒါက ငါသင်ယူခဲ့ရတဲ့ သစ္စာတရား)
လဲကျမသွားခင်
အက်ရှတဲ့ရယ်သံကိုကြားရတယ်
ငါပြန်ထနိုင်ခဲ့ရင်
ဒီဓားသုံးချက်ထိုးနည်း
ငါတတ်မြောက်ပါပြီ ကိုမော်နီ။  ။

No comments: