Friday, November 25, 2011

ကလေးတို. သဘက်ခါ (၉)( ဆတော်ကြီးကိုလျောက်မယ်)

တကယ်တော့ ဘုန်းတော်ကြီးတွေဆိုတာ မြန်မာလူမှုရေး အသိုင်းအ၀ိုင်းမှာ ဆစ်ပိုင်းချန်ထားလို.မရအောင် ပါခဲ့တာပါ။ ကိစ္စတစ်ခုခုရှိရင် ဆတော်ကြီးကိုလျောက်ရတာပါ။ ပွဲလမ်းသဘင်၊ရပ်ရေးရွာရေးကစ သူကြီးမနိုင်တဲ့ကိစ္စတွေအဆုံး ဘုန်းတော်ကြီးတွေက ဆုံးဖြတ်ခဲ့ရတာပါ။ ဆုံးဖြတ်ပေမပေါ့။ ခုသူကြီး၊ကာလသား၊ လူမိုက် အကုန်လုံး သူ.ကျောင်းထွက်၊သူ.ကြိမ်ဒဏ်ခံဖူးတဲ့သူတွေ။

ခုနောက်ပိုင်းမှာတော့ ဘုန်းတော်ကြီးတွေ တရွေ.ရွေ.ဆုတ်ခွာခဲ့ရတာပါ။ ဘုရားပွဲမှာ ၀ါးရင်းတုတ်ကိုင်စောင့်တဲ့ ဘုန်းတော်ကြီးတွေနေရာမှာ တခြားအစားထိုးလာပါပြီ။ ဆန်တပြည်၊ ငွေတစ်မတ်နဲ. ဘုန်းတော်ကြီးကျောင်းကို မအပ်ပဲ အတန်းကျောင်းတွေကိုပို.လာပါပြီ။

တကယ်တော့ ဘုန်းတော်ကြီးတွေရဲ. သြဇာကျဆင်းနေတာကြာပါပြီ။ ဒါဟာ ကောင်းတဲ့လက္ခဏာလို. သတ်မှတ်လို.မရပါဘူး။

+++++++

အလုပ်သမားတွေ၊ပညာတတ်တွေ အာရုံကျခဲ့တဲ့ ၀ါဒကြီးခေတ်စားစဉ်ကတော့ ဘာသာရေးကို မှိုင်းလို. ထင်ခဲ့ကြတာပါ။ အခုတော့ ဘာသာတရားဟာ ကျင့်ဝတ်တွေ၊ နှုန်းစံတွေကို ထည့်ပေးတဲ့ မရှိမဖြစ်အရာပါ။ ဥပဒေနဲ. ကွပ်ဆုံးမတာထက် ဘာသာနဲ.ကြိုတားမြစ်လို. မလုပ်ဖြစ်ကြတဲ့ မကောင်းမှုတွေဆိုတာ သက်သေပြလို.မရပေမယ့် အများကြီးဆိုတာမှန်းလို.ရပါတယ်။

ဒီနေ.ကလေးတွေဟာ စူးစမ်းချင်ပါတယ်။ ဘာသာတရားဟာ သူတို.နဲ. အဝေးကြီးမှာ မဟုတ်ပဲ အနီးလေးမှာ ဆိုတာ သိကြပါစေ။

++++++++

အနောက်နိုင်ငံမှာ ဂရိနတ်တွေ အိုလံပတ်တောင်ကို ဆုတ်ခွာခဲ့ရပါတယ်။ နောက်တစ်ခါလည်း ဘုရားသခင်ရဲ့ သြဇာကျဆင်းပြီး သိပ္ပံပညာရဲ.သြဇာ တက်လာခဲ့ပါတယ်။

တိုးတက်မှုတိုင်းမှာ ကောင်းတဲ့ လက္ခဏာရပ်တွေ ရှိပေမယ့် ဘေးထွက်ဆိုးကျိုးတွေရှိစမြဲပါ။ သေနတ်တစ်လက်နဲ. အထက်တန်းကျောင်းထဲကို ၀င်ပစ်တာတွေ၊ အလုပ်ပြုတ်လို.ကိုယ့်ကိုကိုယ်ရော မိသားစုရောပစ်သတ်တာတွေဟာ ရုပ်ပိုင်းတိုးတက်မှုကိုပဲသင်ကြားပေးပြီး စိတ်ဓာတ်ရေးရာ ခိုင်မာမှုကို မေ့ခဲ့ကြလို.ပါ။

ယုံကြည်မှုကလည်း စိတ်ခွန်အားကို ပေးပါတယ်။ ဖြေသိမ့်စရာကိုပေးပါတယ်။

+++++++++

ဘုန်းတော်ကြီးတွေရဲ.နေရာဟာ အစားထိုးလို. မလွယ်ကူတဲ့နေရာပါ။ ဒါပေမယ့် ခေတ်နောက်ပြန်ဆွဲချင်တာလား မေးရင်မဟုတ်ပါဘူး။ ဟိုခေတ်က အားသာချက်တွေကို ဒီဘက်မှာ ဘယ်လို အသုံးချမလဲမေးချင်တာပါ။ စီမံခန်.ခွဲမှုမှာ လောင်ဇူးရဲ. သေဒင်္ဂဗျူဟာတွေ ထည့်လာတာမျိုးပေါ့လေ။

ဘုန်ေးတ်ာကြီးသင်ပညာရေး ကိုပြောတာမျိုးမဟုတ်ပဲ တနိုင်ငံလုံးပြုပြင်ရေးကိုပြောနေတာပါ။ တကျောင်းထဲသင်နေတာမျိုးကို ထည့်သွင်းမတွက်ချက်ချင်ပါဘူး။

(ဆက်ပါမည်)

ကလေးတို. သဘက်ခါ (၇) (ချစ်ပဲချစ်တတ်တဲ့ အလကားလင်မယား)

ကလေးလို. အဓိပ္ပါယ်သတ်မှတ်ချက်တွေက သူရို.နိုင်ငံတွေမှာ အသက်အရွယ်အပိုင်းအခြားခွဲပါတယ်။ ဘယ်အရွယ်ကဖြင့် နို.စို.၊ ဘယ်အရွယ်ကတော့ တောက်တောက်ပြေး၊ ဘယ်အရွယ်ကတော့ ကလေး၊ ဘယ်အရွယ်ကတော့ ဆယ်ကျော်သက် စသည်ဖြင့်ပေါ့။

ကျွန်တော်ကတော့ဖြင့် ဒီစာစုအစဉ်အတွက် သူရို.သတ်မှတ်ချက်တွေကို မသုံးပါဘူး။ ကျွန်တော်ကလေးလို.ရည်ရွယ်ရေးနေတာတွေဟာ ဘွဲ.မရခင်စပ်ကြားလူငယ်တွေအထိပါပါတယ်။ ဘာလို.လဲပြောရင် ကာလ်ချာ သဘောသဘာဝကြောင့်လို.ပဲ ခေါင်းမာစွာဖြေပါတယ်။ ကျွန်တော်တို.ဆီမှာ မိဘနဲ.ခွဲတာရှားပါတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တာ နယ်မြေခြားမှသာ ဆုံးဖြတ်လေ့ရှိပါတယ်။ ရှေးဦးဆုံး ကလေးတို.သဘက်ခါ စာစု အစဉ်အတွက် ကျွန်တော့သတ်မှတ်ချက်ကို ဖေါ်ပြပါတယ်။

++++++

ကလေးကြောင်းပြောရင် ပညာရေးကြောင်းပြောရပါမယ်။ ပညာရေးမှာ လှိုက်စားနေတဲ့ ပိုးထိုးပေါက်ကြီးပြပါဆိုရင် ကျူရှင်ပါ။

ကျွန်တော်တို. ငယ်ငယ်က ကျူရှင်ဆိုရင် အားနည်းတဲ့ဘာသာအတွက်ပဲယူကြပါတယ်။ ကျွန်တော်တို. ကတော့ စပ်ကူးမတ်ကူးကာလပေါ့လေ။ ကျွန်တော်တို. နောက် အတန်းတွေက စလို. ကျူရှင်ဆိုတာ ပညာရေးအတွက် မရှိမဖြစ်လို. ဘယ်သူသတ်မှတ်လိုက်လဲမသိပါဘူး။ မူကြိုကစလို. ကျူရှင်ယူပွဲကြီး ခြိမ့်ခြိမ့်သဲ ၀ှဲချီးကျင်းပတော့တာပါပဲ။

ကျူရှင်ကို သုံးမျိုးပုံပါ့မယ်။ တစ်ပုံကတော့ ကျောင်းက ဆရာများဆွဲခေါ်နေတဲ့ ကျူရှင်ပါ။ မသေချာပေမယ့် ဟိုးအရင် ကိုးဆယ့်ရှစ်ကိုးဆယ့်ကိုထင်ပါတယ်။ ကျောင်းက ဆရာတွေကို လစာနည်းလို. အချိန်ပိုအနေနဲ. ကျောင်းမှာ အခကြေးငွေနည်းနည်းနဲ. စာသင်ခွင့်ပြုလိုက်ပါတယ်။ ဦးတည်ချက်ကတော့ ကျူရှင်ကိုတိုက်ဖျက်ဖို.ပါ။ မှန်တာပြောရင်ပိုဆိုးသွားပါတယ်။ တရားဝင်ခွင့်ပြုချက်ရသလိုဖြစ်သွားတာပါ။ ကလေး စာမေးပွဲအောင်ရေး၊ အဆင့်တက်ရေးမှာပါတဲ့ ဆရာတွေ ကျူရှင်ပေးတာဟာ အန္တရာယ် ကြီးလွန်းပါတယ်။ အမှတ်တွေကလည်းငယ်ငယ်က မကြားဘူးတဲ့ ကြောက်ခမန်းလိလိအမှတ်တွေပါ။ ငါးဘာသာရှိတဲ့နေရာမှာ ၄၉၇မှတ်ကောင်လေးက အဆင့် ၂၇ တို.ဘာတို.ရကုန်ပါတယ်။ ပိုဆိုးတာရှိသေး။ ဘာသာစုံအမှတ်ပြည့်သမားက အဆင့်၇။ ဆရာမဆီကျူရှင်မယူလို. လက်ရေးတို.ဘာတို.နဲ.ဖြုတ်ချခဲ့တာ။

စဉ်ဆက်မပြတ်စောင့်ကြည့် အတန်းတင်စနစ်ဟာ တန်းပိုင်ဆရာတွေကို လုပ်ပိုင်ခွင့်ပေးလိုက်တာဖြစ်သလို. လာဘ်စားဖို. ဖွင့်ပေးလိုက်တဲ့ တံခါးတစ်ချပ်လည်းဖြစ်နေပါတယ်။ ကိုယ့် ကလေး စာတော်ရဲ့သားနဲ. အဆင့်နိမ့်မှာ ကြည့်မနေရက်တဲ့မိဘတွေကတော့ အမှားကို အမှန်ရောက်အောင် နည်းလမ်းရှာပါတယ်။ လွယ်လွယ်ပဲတွေ.ပါတယ်။ ညနေမှာ ဆရာမအိမ် အထုတ်လေးပိုက်ပြီး သွားလိုက်တာပါ။

တကယ်တော့ အဆိပ်ပင်ရေလောင်းလိုက်တာပါ။ ကလေးတွေရဲ. စိတ်ထဲကို ဆရာဆိုတာ ငွေနဲ.ပေးဝယ်လို.ရတယ် လို. ထင်သွားမှာပါ။ အရာရာမှာ ငွေဆိုတဲ့ အတွေးမှားကြီးကို နာကျင်စွာလက်ခံလိုက်ရတာပါ။

+++++

နောက် အပြင်မှာသင်တဲ့ကျူရှင်တွေကလည်း ဘာထူးလဲဆိုတော့ ထူးမခြားနားပါ။ ကလေးပျော်အောင် ဟာသတွေပြော၊ လုပ်ချင်ရာလုပ်ခွင့်ပေးထား။ ပိုဆိုးတာဘော်ဒါတွေပါ။ အရမ်းတင်းကျပ်တဲ့ဘော်ဒါတွေက ကလေးတွေကိ နှိပ်စက်ရာဌာနဖြစ်ပြီး အောင်ချက်ကို ကလေးထက်ဦးစားပေးနေကြတာပါ။ နည်းနည်း အောင်ချက်နည်းတဲ့ဘော်ဒါတွေကတော့ ကလေးပျော်အောင်လုပ်ချင်ရာလုပ်ဆိုပြီး ခွင့်ပြုထားပါတယ်။ ဒါစာ တကယ့် အရှိတရားပါ။ မိတွေဂုဏ်ယူတာက ငါ့သားငါ့သမီး ပိုက်ဆံဘယ်လောက်ကုန်တဲ့ ဘော်ဒါမှာ ထားတာ။ ကလေးအတွက် အကျိုးရှိမရှိဆိုတာ သူတို. မတွေးပါဘူး။ ဘော်ဒါတွေကလည်း မေးခါန်းပါခိုးပေးတယ်ဆိုတဲ့ ဂုဏ်လေးတွေနဲ.ပေါ့။ နာမည်ဆိုးလို. ပြင်ပြောရရင် တိုးတယ်ပေါ့လေ။

++++

နောက်ဆုံးတမျိုးကတော့ ဂိုက်ပေါ့လေ။ ဗီစီဒီကြည့်တဲ့ကလေးဆိုရင်တော့ ဂိုက်ဆရာကိုခိုးချစ်နေတဲ့ ကလေးမလေးတွေရိုက်ထားတာတပုံကြီးကို အမှတ်ရပြီးရင်ခုန်စရာ။ အဟင်း။

ဂိုက်ဆိုတာ အရင်ကတော့ တကယ်ထူးချွန်တဲ့ကျောင်းသားဆယ်တန်းအောင်တွေ ကျောင်းစရိတ်ရှာတာပါ။ နောက် ငွေရလမ်းလွယ်မှန်းလည်းသိရော (အားတော့နာပါတယ်) ချောင်ချိုချောင်ကြားက ဆယ်တန်းဘယ်လို အောင်လာမှန်းမသိတဲ့ကောင်တွေလည်းဂိုက်ဖြစ်၊ ဂိုက်ဆရာမနဲ. ကျောင်းသား၊ဂိုက်ဆရာနဲ. ကျောင်းသူဇာတ်လမ်းတွေလည်း မကြားချင်အဆုံး။ အပြင်မှာ ဆကယ်ဖြစ်နေတာတွေကိုရေးနေတာပါ။ စိတ်ကူးယဉ်နေတာမဟုတ်ပါဘူး။ ကျွန်တော်လည်း ဆယ်နှစ်ကျော်ဂိုက်လုပ်ဘူးပါတယ်။ အဲဒီတုန်းက လူပျိုပါ။ ကိုယ့် ကိုကိုယ်ထိန်းကျောင်းတဲ့ အက်သစ်သာမရှိရင် စိတ်ကူးယဉ်တဲ့ ဆယ်ကျော်သက်လေးတွေဆိုတာ ပုံလို.ပါ။ ညစဉ်ညတိုင်း။ လူရှိတယ်ဆိုပေမယ့် လှမ်းမကြည့်နိုင်တဲ့နေရာ။

နောက် ဂိုက်ဆိုတာ စာကျက်တုန်းထိုင်နေရုံနဲ.မရပါဘူး။ စာမကျက်ရင်တွယ်မယ်ဆိုတာလည်းမဟုတ်ပါဘူး။ ကျောင်းသားကို motivate လုပ်ပေးပြီး သူ.ရဲ. လေ့လာမှု အစဉ်မှာ တစ်ပါတည်းကပ်နေရတာပါ။ ပိုက်ဆံရအောင်ညာနေရုံပဲဆို ကလေးကို (အထူးသဖြင့် ဂုဏ်ထူးသမားကို) ဆွဲနှစ်လိုက်သလိုပါပဲ။

ဒါတွေ အားလုံးရဲ့ အချုပ်ကတော့ ကလေးကို ချစ်ပဲချစ်တတ်ပြီး ဘယ်လိုချစ်ရမှန်းမသိတဲ့ မိဘတစ်စုံကြောင့်ပါပဲ။

(ဆက်ပါမည်)

ကလေးတို. သဘက်ခါ (၈) (နည်းနည်းလေးတော့ကြောက်ကြပါ)

ကလေးတွေကို ကြောက်စိတ် မ၀င်အောင်၊ ရဲရင့်အောင်လုပ်ရမယ် ဆိုတဲ့ အယူအဆကို ဆရာမောင်သစ်မင်းရေးဘူးပါတယ်။ ခြွင်းချက်နဲ.ပဲ လက်ခံပါတယ်။ ကလေးတွေအတွက် ကြောက်စိတ်ဟာ လုံးလုံးမကောင်းဘူးတော့မဟုတ်ပေဘူး။

တကယ်တော့ ရဲတာနဲ.ရိုင်းတာလည်း ခွဲထားဖို.လိုပါမယ်။ မှန်တာကို (မှန်တယ်ထင်တာကို) ပြောရဲဆိုရဲတာလက်ခံပေမယ့် မှားမှားမှန်မှန် ပြန်ခံပြောတာတော့ လက်မခံနိုင်ပါ။ အထူးသဖြင့် အမှန်ကိုသိအောင် လမ်းပြတာကို လက်မခံတာကပိုဆိုးပါမယ်။

+++++++

သူတို. လက်မခံရင် ဇွတ်ပုံသွင်းတာကတော့ ဆရာတွေ ၊ မိဘတွေ အမှားပဲဖြစ်ပါလိမ့်မယ်။ ကလေးတွေဟာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိပါတယ်။ တမင်ဆန်.ကျင်တာ၊ ကလန်ကဆန်လုပ်တာကို သူတို.ရဲ့ ရဲစွမ်းသတ္တိအဖြစ် အယူမှားနေတာလေးလည်းရှိနိုင်ပါတယ်။ သူတို.ရဲ့ အခြေခံ မကျေနပ်စိတ်လေးတွေကို တတ်နိုင်တဲ့နည်းနဲ.ပြတာလို.နားလည်ပြီး ပြဿနာအရင်းအမြစ်ကိုချဉ်းကပ်နိုင်ရင် လွယ်ကူသွားမှာပါ။

+++++++

တကယ်တော့ လောကမှာ အကြောက်တရားဟာလည်းအသုံးဝင်ပါတယ်။ သူ.ရှေ.မှာ မကောင်းမှုဆိုတာလေးထည့်ပေးလိုက်ပါ။ မကောင်းမှုကိုကြောက်ရလိမ့်မယ်။ ရှက်ရလိမ့်မယ်။ မကောင်းမှုဆိုတာကလည်း ဘောင်ကိုချဲ.ကြည့်ရင် မိဘဆရာကို စော်ကားတဲ့သဘောသက်ဝင်တဲ့အပြုအမူပါတယ်ဆိုတာသူတို. အခြေခံကျကျ သိပြီးသားပါ။

တကယ်တော့ အကြောက်နဲ. အရဲထက် အရေးကြီးတာရှိပါတယ်။ ဘာလဲဆိုတော့ အကောင်းအဆိုးခွဲခြားနိုင်တဲ့ ပညာပါ။ အဲဒီပညာရပြီဆိုရင် ကြောက်သင့်တာ ရဲသင့်တာကို အလိုလိုခွဲသိသွားမှာပါ။

ကလေးတွေကိုရဲရင့်ပါစေဆိုတာ အနောက်တိုင်းအတွေးအခေါ်ဆန်လွန်းပါတယ်။ ဆင်ခြင်တုံတရားမပါတဲ့ ရဲရင့်မှုဟာ မိုက်မဲမှုပါပဲ။ အတွေးအခေါ်ဆိုင်ရာရဲရင့်မှုမပါပဲ အကြောက်တရားကိုထည့်သွင်းပေးနေတာဆန်.ကျင်ရမှာဖြစ်သလို အမှားတရားကို မကြောက်ပဲ ရဲရင့်မှုကို ထည့်သွင်းပေးနေတာကိုလည်း ဆန်.ကျင်ရမှာဖြစ်ကြောင်းပါ။

++++++++

နောက်တစ်ပုဒ်မှာတော့ ဘာသာရေးနဲ. ကလေးတွေ ဝေးကွာလာတာကို ဆွေးနွေးဖို. စဉ်းစားထားကြောင်းပါခင်ဗျား။

(ဆက်ပါမည်)

ကလေးတို. သဘက်ခါ (၆) (ရဲဘော် သုံးကျိတ် အလိုရှိသည်)

မနေ.ညက သူငယ်ချင်းဆရာတွေ( သူငယ်ချင်းပြောပေမယ့် အတန်းကြီးကပါ )နဲ. လက်ဘက်ရည်ဆိုင်ထိုင်ကြတော့ ကျောင်းတုန်းက အကြောင်းတွေ ပြန်ပြောလို. ရီနေကြမိပါတယ်။ သူတို.ပြောတာတွေထဲက သူတို. ဆရာတွေ အကြောင်း ပြန်ကြားရပါတယ်။ မန္တလေးဆေးကျောင်းကဌာနမှူးတစ်ယောက်က သူ.ဘာသာမှာ အညံ့ဆုံးကျောင်းသားတွေ ရွေးလိုက်တော့ ငပေငတေ အယောက်သုံးဆယ် ထွက်လာပါသတဲ့။ အဲဒီကောင်တွေကို သူက ရဲဘော်သုံးကျိတ်လို. နာမည်ပေးပြီး သူ.ဘာသာမှာ မကျအောင်ကြိုးစားပါတယ်။

ပထမဆုံးသူက မနက် အစောကြီး စာသင်ပေးဖို. ကျောင်းကို ခေါ်ပါတယ်။ (ကျောင်းကိုပါ၊ကျူရှင်ကို မဟုတ်ပါဘူး) ဟိုကောင်သုံးဆယ်ကလည်း ( အခုတော့ဟိုကောင်လို.သုံးလို.မရတော့ဘူးပေါ့လေ၊ ဆရာဝန် ကြီးတွေ ဖြစ်နေရောပေါ့) အိပ်ရာကကိုမထပါဘူး။

သူကစောင့်နေလို.မှ မလာတဲ့အခါ စက်ဘီးလေးနဲ. အောင်ဆန်းဆောင် ကိုလိုက်လာပါတယ်။ ဆူမလို.မဟုတ်ပါဘူး။ စာလိုက်သင်တာပါ။ တစ်ခန်းချင်းတံခါးခေါက်၊ ဟိုကောင်တွေကလည်း (အိပ်နေရာက ဘယ်သူမှန်းမသိတော့) ဘယ်ကောင်လဲကွ၊ ဘာညာနဲ.ဆဲတဲ့ကောင်ကရှိသေး။ ပြီးမှ ငါကွဆိုတော့မှ ဟာ ဆရာကြီး၊ ကန်တော့ပေါ့။

လူစုံမှ ဘုရားခန်းကိုချော့ခေါ် ၊ အဲဒီမှာ စာချက်ချင်း မသင်သေးပါဘူး။ ဒီကောင်တွေ အိပ်ချင်ပြေအောင်ဟိုပြောဒီပြော ဟေးဝါးလုပ်ပေးရပါသေးတယ်။ ပြီးမှ စာတစ်ပူဒ်လောက်ချော့သင်။ ကြားရတာ မင်္ဂလာရှိလိုက်တာ။

+++++++

နောက်ဆရာ တစ်ယောက်ကျတော့ သူ.ဘာသာမှာ ဘယ်လိုမှ စာမရတဲ့ ကောင်တစ်ယောက်ရှိပါတယ်။ ဗိုင်ဗာ မှာ (နှုတ်မေးမှာပေါ့) မဖြေနိုင်ရင် ဒီဘာသာကိုပဲနောက်တစ်နှစ်ထပ်နေရတာ့မှာပါ။ ကျောင်းသားအတွက် အရမ်းနစ်နာနိုင်တော့ သူက မင်း အချိုမှုန်.ရဲ့ ဓာတုနာမည်ပဲကျက် (မိုနို ဆိုဒီယမ် ဂလူတားမိတ်) ။ ဆိုပြီး သင်ထားပါတယ်။

တခြားကျောင်းက စာစစ်သူတွေ(external examiner) လည်းရှိတော့ ဒီကောင်လည်းဝင်လာရော မင်းထိုင်၊ဟုတ်ကဲ့ ။ မင်း အချိုမှုန်.သိလား၊ ဟုတ်ကဲ့ ၊ အေး အချိုမှုန်.ရဲ့ chemical name ပြောစမ်း။ မိုနိုဆိုဒီယမ် ဂလူတားမိတ်ပါဆရာ။ ဟာ မှန်တာပေါ့၊ (ဘေးက ဆရာတွေကို) တွေ.လား။ဒီကောင် အချိုမှုန်.တောင်သိရင် ကျန်တာတွေ မေးမနေနဲ.တော့ သိမှာပဲ။ သွားသွား၊ သွားတော့။

ကျောင်းသားတစ်ယောက်ကို မနစ်နာစေချင်တဲ့ စေတနာကို လေးစားရကြောင်းပါ။

++++++

တကယ်တော့ ဒါတွေဟာ မဝေးတဲ့ ကာလ ကအဖြစ်အပျက်တွေပါ။ ဒီနေ. ဆရာတွေမှာ ဒီလိုစိတ်တွေ ရှိတဲ့ ဆရာမှာ ရှိနေပါဦးမယ်။ အခြေအနေအရ ကေသရာဇာ ခြင်္သေ့မင်း မြက်စားရကိန်း ကြုံကောင်းကြုံ နေပါလိမ့်မယ်။ ဆရာအောင်သင်းပြောသလိုပါပဲ။ စားပါ။ ဒါပေမယ့် ငိုပြီးတော့စားပါ။ ငိုရမယ့် ကိစ္စလို.သိပါ။ ကေသရာဇာ ခြင်္သေ့မင်းဟာ မြက်စားရိုးမရှိပဲ စားနေရတာ ငိုရမယ့် ကိစ္စပါ။ အားရပါးရ အရသာခံပြီး စားရမယ့် ကိစ္စမဟုတ်ဘူးဆိုတာသိပါ။

အရင်တုန်းက ကလေးတွေမှာ ကိုးကွယ်ဆရာ သူရဲကောင်းရုပ်ထုတွေနဲ.ပါ။ ဖခင်ဖြစ်ချင်ဖြစ်မယ်၊ ဆရာဖြစ်ချင်ဖြစ်မယ်။ သူတို.ကို စံပြုပုဂ္ဂိုလ် အနေနဲ. သူတို.လုပ်တာလိုက်လုပ်မယ်။ တခါတခါ အရပ်ထဲက အကိုကြီးကို အတုယူရင်ယူမယ်။ ဒါက သူ.စိတ်ထဲက ဖြစ်လာတဲ့ ကိစ္စလေ။ ရှပ်ရှင်မင်းသားကို role model ထားချင်လဲထားမှာပေါ့။

ကိုယ့် ဆရာကို စံပြသဘောကျနေတဲ့ ကလေးတစ်ယောက်ယောက်များရှိနေရင်……

မြက်စားတာလည်းစားပါ။ ရဲဘော်သုံးကျိတ်ကိုလည်း တံခါးခေါက်နှိုးပေးပါ။

(ဆက်ပါမည်)

ကလေးတို. သဘက်ခါ (၅) (ပန်းခြံထဲမှာ သားရေပင်ဝါးရင်းပြေးကြ)

အကြည်တော်ဝတ္တုတို တစ်ပုဒ်ထဲမှာ ဗီစီဒီရိုက်တော့ မင်းသားနဲ.မင်းသမီး ပန်းခြံထဲမှာ ပါးစပ်တလှုပ်လှုပ်နဲ.ပြေးနေတာဘာလို.လဲတဲ့။ ပါးစပ်လှုပ်တာ သီချင်းဆိုနေတာနဲ.တူအောင် သားရေပင်ပေးဝါးထားတာ ဆိုပဲ။

ဟုတ်မှာပါပဲ။ သီချင်းစာသားနဲ.မကိုက်၊အကြောင်းအရာမကိုက် ဗီစီဒီတွေ ကြည့်နေရတာ ကလေးတွေကိုယ်စားရင်လေးပါ့။

ပိုဆိုးတာကတော့ မြန်မာဇာတ်ကားတွေပါပဲ။

++++++++++++++

နိုင်ငံခြားကား (တရုပ်၊ကိုရီးယား မပါ)တွေမှာ ဘယ်လောက် အပစ်အခတ်ကားပဲဖြစ်ဖြစ် သူတို.မှာ ပညာပေးတဲ့ သီးမ် (theme) လေးတွေပါပါတယ်။ မတ်ဆေ့ခ်ျတွေပါပါတယ်။ ကလေးကားလို.ပြောရမယ့် ကာတွန်းကားလေးတွေတောင်မှာမှ ပါနေတာတွေ.ရမှာပါ။

မြန်မာကားတွေကြည့်လိုက်တော့ ကာရိုက်တာကမမှန်၊ ပေးချင်တဲ့ မတ်ဆေ့ခ်ျက ဘာမှမရှိ၊ လူငါးယောက်နဲ. တစ်ဇာတ်လုံးပြီး၊ အဲ၊ အဲဒီလောက်ဆိုသည်းခံနိုင်ပါတယ်။ တရုပ်သိုင်းဝတ္တုဖတ်သလိုပေါ့။ ဇာတ်လမ်းဆုံးရင် ဘာမှမကျန်ပေမယ့် ဖတ်ပျော်တယ်၊အပျင်းပြေတယ်။

ပိုဆိုးနေတာက ကာရိုက်တာအမှားတွေကို အတုယူတတ်အောင် ပြနေတာတွေ။ မိဘတွေကိုဗီလိမ်နေရာထားတာတွေ၊ သူ.ဘာသာချစ်သူရွေးထားပြီးကာမှ တကယ်ချစ်တဲ့သူပေါ်လာလို. ဟိုကောင်ကငပေါကြီး ဖြစ်သွားတာမျိုးတွေ၊ အဓိပ္ပါယ်မဲ့မာနပြိုင်ပြတာမျိုးတွေ၊ ဒါတွေက ကလေးတွေ အတွက် ဘာကျန်သလဲ။ မေးချင်တာပါ။ မြန်မာဓလေ့ ၊မြန်မာစရိုက်ဆိုတာ ဒီလိုမျိုးလား။ သူများကိုချောက်ချတာတွေက ဟာသကွက်လား။ ၀နေတာ၊နဖူးပြောင်နေတာ စတဲ့ ပင်ကိုအားနည်းချက်တွေက ဟာသကွက်တွေလား။ မြန်မာကားတွေ ခက်နေပါပြီ။

+++++

သူတို.ဆီမှာလည်း ဆယ်ကျော်သက် အတွက် ဖန်စီကားလေးတွေရှိပါတယ်။ အဲဒါလေးတွေမှာ မိဘနဲ.သားသမီးပြဿနာလေးတွေ၊ လူပျိုပေါက်အပျိုပေါက် ဘ၀မှာ တွေ.ရတဲ့ အရိုင်းဆန်မှုလေးတွေ ကိုရိုက်ပြပါတယ်။ ပြီးရင် နောက်ဆုံးမှာ ပြေလည်မှုလေးတွေပြခြင်းအားဖြင့် နမူနာကောင်းပေးပါတယ်။

ကျွန်တော်တို.ဆီက ဖန်စီကားကျရော။ ကမ်းခြေမှာ မင်းသားအဖွဲ.နဲ. မင်းသမီးအဖွဲ.ဘောက်ကျ။ အနိုင်မခံအရှုံးမပေးပေါကြ။ တကယ်ကို အပေါပြိုင်နေသလိုပါပဲ။ ဇာတ်ရံကလည်း မင်းသားမင်းသမီးမျက်နှာကို အဖေအမေမျက်နှာ ကြည့်သလိုကြည်.ပြီးဖေါ်လိုလိုက်၊ အပြင်မှာ ဘယ်လိုမှမဖြစ်နိုင်တာတွေပြ။

နောက်ဆုံးမှာတော့ ဒီက လူငယ်တွေဟာ ရုပ်ရှင်တွေထဲကလို ပေါကြောင်ကြောင် ဘုဘောက်ဇာတ်လမ်းတွေ ဖန်တီးလာကြတော့မှာပါ။ မိဘတွေ စေတနာကို ပြန်အော်ဟစ်ဖို. တတ်လာကြတော့မှာပါ။

လောလောဆည်တော့ ပန်းခြံထဲမှာ သားရေပင်ဝါး ပြေးကြလေဦးပေါ့လေ။

(ဆက်ပါမည်)

ကလေးတို. သဘက်ခါ (၄) (လက်ကလေးတွေမေးမှာကျဉ်အောင်ထောက်)

ငယ်ငယ်တုန်းက အရပ်ထဲက အစ်ကိုကြီးတွေ မိန်းကလေးကြောင်းပြောတာတွေ ၊ဟိုအတွေ.အကြုံ ဒီအတွေ.အကြုံ ပြောတာတွေကို သိပ်နားထောင်ကောင်းတာပါ။ လက်ကလေးကိုမေးမှာထောက်ပြီး နားထောင်လိုက်ရတာ။ လက်ကျဉ်မှန်းတောင်မသိပါဘူး။ ခုများတော့ ကလေးတွေက သူတို.ကပိုသိ၊ ပိုတတ်။ တကယ်တတ်လားမေးရင်တော့ မထင်လို.ပဲပြောရမယ်။

ကလေးတွေ အတွက်သင်ယူစရာပတ်ဝန်းကျင်ကိုစဉ်းစားလိုက်တော့ (ကျွန်တော့်အလိုအရ) သုံးမျိုးတွေ.ပါတယ်။ ပထမက မိဘဖန်တီးပေးသောပတ်ဝန်းကျင်၊ ဒုတိယက ဆရာဖန်တီးပေးသောဝန်းကျင်၊ နောက်ဆုံးက သူတို.ပျော်ရွှင်စွာရွေးချယ်ယူသောဝန်းကျင်ပေါ့။

+++++++++

ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်ချက်ဟာ ကလေးတွေကို သက်ရောက်တယ်ဆိုတာ ငြင်းပယ်လို.မရပါဘူး။ ကွှန်တော်တို.ကို ငယ်ငယ်က အရပ်ထဲက ကာလသားတွေနဲ.ပေါင်းရင် လူကြီးတွေက မကြိုက်ဘူး။ ပျက်စီးမှာစိုးလို.တဲ့။ ခုများတော့ပိုဆိုးတဲ့ ပတ်ဝန်းကျင်ကို ကလေးတွေ ရွေးချယ်ယူ နေကြပါပြီ။

ဒီနေ.ကလေးတွေ အင်တာနက်သုံးတာ၊ဂိမ်းဆော့တာတွေဟာ တိုးတက်ဖို.ထက်ဆုတ်ယုတ်ဖို.ပိုများနေမှာလား၊ ကျွန်တော်ဒီလိုမေးရင် ကွန်ဆာဗေးတစ်လိ. အမည်တပ်မှာလားတော့မသိ။

ဒါပေမယ့် တကယ့်တကယ်တော့ ကျွန်တော်ပြောတာမလွန်ပါဘူး။ ဂိမ်းတွေမှာ လိင်ကိစ္စ မပါရင်တောင်မှ သူရို.ဆီမှာ ၁၈နှစ် အထက်သတ်မှတ်ရတာတွေရှိပါတယ်။ သွေးထွက်သံယိုတွေ၊ ကြမ်းတမ်းရက်စက်မှုတွေ တပုံကြိးပါနေနိုင်ပါတယ်။ ကွှန်တော်တို.မိဘတွေ ကလေးတွေ အပြင်မထွက်ပြီးရောထားနေရင် ကြမ်းကြုတ်တဲ့ စိတ်ရှိတဲ့ကလေးတွေများ ဖြစ်လာလေမလား။

နောက် ကလေးဆိုတာက စမ်းသပ်ချင်ပါတယ်။ (ကလေးလို.ပြောနေတာက ဆယ်ကျော်သက် အပါအ၀င်လို.နားလည်ပေးပါ) ကလစ်နှိပ်ရုံနဲ. ဘာအတားအဆီးမှမရှိပဲသိချင်တာတွေ မြင်ချင်တာတွေ မြင်သွားနိုင်တဲ့နေရာက အင်တာနက်ပါ။ စွဲလမ်းစေသော အရာများစွာရှိပါတယ်။ လူကြီးသူမကများ သူတို.ကို ရွေးချယ်တတ်စေသောပညာ၊ အကောင်းအဆိုးခွဲခြားသိစေသောပညာပေးမထားရင် သူတို.ဟာ မကောင်းတဲ့ဘက်ကိုပဲသွားမှာပါ။

++++++++++++

ငယ်စဉ်က ကာလသားတွေနဲ.ပေါင်းတဲ့အခါ သူတို.ဆီက လူမှုဆက်ဆံရေးပညာတွေ အားကျရင်းနဲ.ရလာနိုင်ပါသေးတယ်။ သူတို.ပြောရာဆိုတာ အထာညက်တာလေးတွေနဲ. လူပီသနိုင်လာပါသေးတယ်။

ဂိမ်းပဲဆော့နေရင်တော့ လေးလုံးဖက်တီး၊ လူတောမတိုးလေးတွေဖြစ်လာမယ်ထင်ပါရဲ့။

မိဘတွေက ကလေးတွေကို ပတ်ဝန်းကျင်ဖန်တီးပေးရပါမယ်။ဆရာတွေကဖန်တီးပေးရပါမယ်။ ရုပ်နဲ.စိတ် မျှတသော၊ သူတို.ပျော်ရွှင်မွေ.လျော်ဖွယ်ဖြစ်သော ပညာမရရင်တောင် social skill မြင့်စေသောနေရာမှာ လွတ်လပ်စွာကြီးပြင်းရှင်သန်ခွင့်ပေးရပါမယ်။

ဘာအနှစ်သာရမှမရှိတဲ့ မြန်မာဗီစီဒီတွေကို မေးထောက်ငေးနေတဲ့ မိဘတွေရဲ့ ကလေးဖြစ်ရမှာတော့ သေမတတ်ကြောက်မိကြောင်းပါ။

(ဆက်ပါမည်)

ချစ်သောဧရာဝတီ

နှလုံးသွေးကြောမကြီးလို
လိုအပ်တဲ့နေရာမှာလိုအပ်တဲ့ အာဟာရတွေ ဖြန်.ဝေ
ခေတ်အဆက်ဆက်ကို သိမ်းဆည်းခဲ့တဲ့ ကဗျာ
ကျောက်စာတစ်ချပ်လို ကြည့်မှန်တစ်ချပ်လို
သူ.စီးဆင်းခြင်းကပဲ သူ.တည်ငြိမ်ခြင်း
တကယ်တော့ ထာဝရတည်ရမှာ။

ဧရာဝတီကမ်းပါးမှာ ရပ်ကြည့်ဘူးလား
မြစ်ပြင်ကို ဖြတ်တိုက်တဲ့လေညှင်းက
ပါးပြင်ကိုတိုးဝှေ.ပွတ်သပ်တာခံ
ဘူးလား
ကလေးဘ၀က ခံစားချက်
ငါမွေးဖွားခဲ့ရာ ဇာတိမြေကဧရာဝတီ
နှလုံးသားမှာ တိတ်ဆိတ်စွာတည်နေခဲ့တယ်။

မြစ်ကမ်းဘေးမှာ ဘ၀တွေရှိတယ်
မြစ်ပြင်ပေါ်မှာ ၀ိဥာဉ်တွေဝဲနေတယ်
မြစ်ကြမ်းပြင်မှာ ရဲရင့်သူတွေ လဲလျောင်းနေကြတယ်
ကြောက်တတ်သူတွေ အတွက်တော့ မြစ်မှာ သမိုင်းနေရာမရှိလေဘူး။

ဧရာဝတီကိုနားထောင်လိုက်တဲ့အခါ
လေတိုးသံတွေထဲမှာ အခြားအသံတွေတိုးဝှေ.ရောယှက်နေတယ်
လေထဲက တီးတိုးသံတွေက
ရက်စက်သူတို.ရဲ့ရာဇ၀င် ကိုလည်းသိမ်းထားတယ်
ဘယ်သူမှမသိလိုက်တဲ့သစ္စာတရားကိုလည်း မှတ်တမ်းတင်ထားတယ်
သူရဲဘောကြောင်သူတို.ရဲ့ နောက်ကျောကိုထိုးတဲ့ဓားကိုလည်း သံချေးတက်စေခဲ့ဘူးတယ်
သေချာတာက
လေထဲမှာ တီးတိုးစကားသံတွေရှိနေတယ်။


အို....ဧရာဝတီငဲ့
သင်က တို.ကိုရှင်သန်စေပေမယ့်
တို.ကသင့်ကိုမေ့ခဲ့တယ်
တို.သင့်ကို တောင်းပန်နှစ်သိမ့်နိုင်တာတစ်ခုတည်းကတော့
ငါတို. သင့်ကို အမြတ်မထုတ်ခဲ့လေဘူး။ ။

ကလေးတို. သဘက်ခါ (၁၁)(ဆေးဝယ်ရင် ဒီဆူဇာမှာ စိတ်ချရတယ်)

ကျွန်တော်တို. ဘယ်သွားချင်သလဲ။ သွားချင်တဲ့နေရာကိုရောက်ဖို. ကျွန်တော်တို. ဘယ်နေရာကို ရောက်နေသလဲ သိကိုသိရပါ့မယ်။ တခြားနိုင်ငံတွေ တိုးတက်တာ တွေ.တယ်။ ကိုယ်က ရောက်ချင်တယ်။ ကိုယ် ဘယ်နေရာ ဘယ်အဆင့်ကိုရောက်နေသလဲ။ သိရပါ့မယ်။

ဒီနေရာမှာ ဘယ်သူကြောင့် ဘယ်ဝါကြောင့် အပြစ်ပုံချနေတာဟာ အပြုခံစိတ်ဓာတ်ပါ။ ကိုယ်ကိုတိုင်က ဘာမှ မကြိုးစားပဲနဲ. သူတပါးကိုလက်ညိုးထိုးနေရတာမကောင်းပါဘူး။

အနာဂတ်ဟာ ဒီနေ. ကလေးတွေလက်ထဲမှာပါ။ ဒီနေ. ကလေးတွေရဲ့ အနေအထားကိုကြည့်တော့ မနက်ဖန်တိုင်းဟာ ကြေကွဲစရာပါ။ ဘယ်သူကြောင့်ဘယ်ဝါကြောင့် ပြောနေရတာဟာ အပြစ်တင်ဖို.ထက် ဒီလူတွေ အသိရှိလာစေဖို.ပဲရည်ရွယ်ပါတယ်။ ပညာရေးစနစ်မကောင်းဘူးဆိုပြီး အပြစ်တင်မနေပါနဲ.။ တကယ်က စနစ်ထက် လူပါ။ လူဆိုတာက အဝေးကလူတွေထက် အနီးက ဆရာမိဘတွေက ပိုတန်ဖိုးရှိပါတယ်။ ဒီမိုးဒီရေက ကိုယ်ပိုင်တဲ့ အရာမဟုတ်ပါဘူး။ ဒီလူတွေကတော့ ကိုယ်ကစပြုပြင်ရမှာပါ။ ဒီမိုးဒီရေ ဒီလူတွေနဲ. ဒီတိုင်းပြည်ကို တိုးတက်အောင်လုပ်ရမှာပါ။ ဒီထဲမှာ ရှိတဲ့ ဒိလူတွေဟာ အရှိတရားပါ။ ဒီလူတွေထဲမှာ ခင်ဗျားလည်းပါပါတယ်။ မကောင်းတာကို နည်းနည်းမှ မလုပ်ဘူးဘူးလား။ နည်းနည်းမှ မဟုတ်တာ မလုပ်ခဲ့ဘူး။ ငါတို.က အနေသာကြီးဆိုရင် ကလေးတို. မနက်ဖြန်ကို ဆက်ဖတ်မနေပါနဲ.တော့။

++++++

မနက်ဖြန်ဟာ အချိန်မမှီတော့ပါဘူး။ ကလေးတွေ အတွက် ကြေကွဲစရာတွေနဲ. အပြည့်ပါ။ ဒါပေမယ့် မနက်ဖြန်ပြီးရင် သဘက်ခါ ကျန်နေပါသေးတယ်။ သဘက်ခါတော့ အချိန်မှီကောင်းပါရဲ့ ဆိုတဲ့ အတွေးနဲ. ကလေးတို. သဘက်ခါကိုရေးနေပါတယ်။

++++++++++

ဆရာကြီး ဒေါက်တာသန်းထွန်းက ဆေးဝယ်ရင်ဒီဆူဇာမှာ စိတ်ချရတယ်ဆိုတဲ့ ကြော်ငြာကို သိပ်ကြိုက်ပါတယ်တဲ့။ ဘယ်သူလာလာလှီးမှာပဲလို. ပြောင်ပြောင်ပြောနေလို.ဆိုပဲ။

ဒီလိုပါပဲ။ နားမှာ နားကွင်းတစ်ဘက်ထဲဝတ်ထားတဲ့ ကောင်လေးတွေ.ရင် သိပ်သဘောကျပါတယ်။ ငါ က ငတုံးဆိုတာ ပြောနေသလိုပါပဲ။ နားမှာ ၀တ်တာ ဘာဖြစ်လဲမေးရင်ဘာမှမဖြစ်ပါဘူး။ ဟိုတုန်းက မူးကြီးမတ်ရာတွေ နားတောင်းတွေ ၀တ်ခဲ့ကြတာပါ။ မြန်မာ့ယဉ်ကျေးမှုလို.တောင်ပြောလို.ရပါသေးတယ်။ အဟင်း။

အ၀တ် အစားဟာ ကိုယ်ဘာလဲ ဆိုတာ ပုံဖေါ်နေတယ်ဆိုတာမသိသေးရင် ဒီကလေးတွေဟာ ဖက်ရှင်ကို ပြင်မှာ မဟုတ်ပါဘူး။ ဆေးကျောင်းတွေမှာ ကလေးတွေ အ၀တ်ဝတ်ချင်သလိုဝတ်နေပါတယ်။ ဂျင်းဘောင်းဘီအပြဲ။ တီရှပ်နဲ. ဆေးကျောင်းသားတွေကို မြင်ရတာ ရင်ထဲကြေကွဲစရာပါ။ ကျွန်တော်တို. ကျောင်းတက်ခါစက ဆေးကျောင်းသားတွေကို လူထုကချစ်ကြပါတယ်။ သူတို.ကိုကြည့်ရင်လည်း နဖူးမှာ စာကပ်ထားသလိုပါပဲ ။ အရပ်သားလို ၀တ်ထားရင်တောင် အရမ်းသိသာပါတယ်။ ကျွန်တော်တို.ကျောင်းတက်တုန်းက ဆေးကျောင်းသား၊စက်မှုကျောင်းသား၊ တက္ကသိုလ်ကျောင်းသားပုံစံတွေက သီးခြားပုံစံလေးတွေနဲ.ပါ။

အရပ်သားနဲ.ဆေးကျောင်းသားခွဲခြားနေတာလားဆိုရင် တန်ဖိုးခွဲနေတာမဟုတ်ပေမယ့် ခွဲရပါ့မယ်။ သဘောသဘာဝခြင်းမတူတဲ့ အလုပ်( လူ.အသက်ကယ်တဲ့ အလုပ်ပေါ့လေ) ကိုလုပ်တဲ့နေရာမှာ အ၀တ်ကအစ သေသေချာချာဝတ်ရမယ်ဆိုတဲ့ အသိကို သူတို.ကိုရှိစေချင်ပါတယ်။ မင်းတို. တီရှပ်ဝတ်လာရင် အပြစ်ပေးမယ်ဆိုတာလည်းလုပ်ပါ။ သူတို.ရဲ့ အသိထဲကိုငါတို.ဟာ တန်ဖိုးရှိတဲ့လူ၊ တန်ဖိုးနဲ.လိုက်အောင်ဝတ်ရမယ်ဆိုတဲ့ အသိလည်း ထည့်ပေးရမှာပါ။

ဆေးကျောင်းသူ မိန်းကလေးတွေ လူနာစမ်းရင် ဆံပင်ဖားလျားနဲ.စမ်းရင် သူတို. ဆံပင်ကြီးတွေက လူနာ မျက်နှာပေါ် ၀ဲနေရင် ၊ ခွဲပြီးစ အနာပေါ် ၀ဲနေရင်။

အသိလေးတော့ရှိနေရမှာပေါ့။

++++++++

ဆေးကျောင်းသားအမှတ်အသားဟာ အပြောအဆို အမူအယာပေါ်မှာရှိတာပါ။ ဂျူတီကုတ်ဝတ်ပြီး ဈေးချိုထဲလျှောက်သွားနေတဲ့ ရယ်စရာဆေးကျောင်းသားထဲမှာ ခင်ဗျားတို. ပါဘူးပါသလား။

(ဆက်ပါမည်)

ကလေးတို. သဘက်ခါ (၁၀) (ဆွမ်းအုပ်နီနီ အမေရွက်လို. နက်ဖြန်နံနက် ကျောင်းထွက်မယ်)

ကလေးတွေကို ကျောင်းတက်စေချင်တဲ့ အကြောင်းရင်းတစ်ချက်ထုတ်ပြပါဆိုရင် ပညာတတ်ကြီး ဖြစ်စေချင်လို.ဆိုတဲ့ အကြောင်းပြချက်ပဲပေးကြမှာပါ။ တကယ်တော့ လုံးပြောတာပါ။ ဘာပညာလဲမေးရင် ပိုက်ဆံရှာတဲ့ ပညာဆိုရင်သွားရော။

ပညာဆိုတာ ဘာလဲလို. မေးလာရင်ခက်ပါတယ်။ ပညာဘာလဲလို. မမေးကြရင် အကောင်းသား။ မေးမိတော့ ပြဿနာတွေ တက်ပါရော။ ပညာဆိုတာ ဘာလဲဆိုတာ ခဏထားပြီး ကလေးတွေ ကျောင်းတက်စေချင်တဲ့ အကြောင်း ခဏထားပြီး ကျောင်းမှာ သင်နေတာ ပညာလားဆိုတာပဲမေးကြည့်ချင်လို.ပါ။

+++++++++

ကျွန်တော့် သဘောကတော့ တက္ကသိုလ် မရောက်ခင်အထိ ကျောင်းမှာ သင်သမျှကို ပညာရှာရန် လက်နက်များလို.ပဲ သတ်မှတ်ပါတယ်။ ပညာရှာဖို. အတွက် အခြေခံသိသင့်သိထိုက်သော အကြောင်းအရာများသာ ဖြစ်ပါတယ်။ နိုင်ငံသားတစ်ယောက်ဟာ ဒီလောက် အထိတော့ သိရမယ်ဟေ့ဆိုပြီး သင်ပေးလိုက်တာပါ။

နောက်ပိုင်း ကလေးအနေနဲ. ဆက်လက်လေ့လာ သင်ယူမယ်ဆိုရင် အခက်အခဲ မရှိအောင် သင်ကြားပးလိုက်တဲ့ အခြေခံ အသိများသာဖြစ်ပါတယ်။ ဒီ အချက်အထိ သဘော တူပြီ ဆိုရင် ကလေးတွေ ဒီ အခြေခံ လက်နက်တွေ ပြီးစီးအောင် တပ်ဆင် ပြီးသွားပါသလားဆိုတာ တွေးရမှာပါ။

တက္ကသိုလ်ဝင်တန်းအောင်ပြီးတဲ့ ကလေးတစ်ယောက်ဟာ ပညာကို ဘယ်လိုရှာရမယ်ဆိုတာသိပါပြီလား။ သူ.ဘ၀၊သူ.စရိုက်နဲ. ကိုက်ညီတဲ့ သူရှာရမယ့် ပညာဆိုတာ ဘာလဲ သေသေချာချာ ဆုံးဖြတ်နိုင်ပါပြီလား။ လောက အလယ်မှာ အကြောင်းအကျိုး အကောင်းအဆိုးခွဲခြားနိုင်ပါပြီလား။

++++++

မြန်မာ ဓမ္မသတ်မှာ ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်တဲ့ အရွယ်ဟာ ယောက်ျားလေးဆို ၁၆နှစ် မိန်းကလေးဆို ၁၅ နှစ်ဆိုပါတယ်။( ဒေါက်တာသန်းထွန်း၊ သမိုင်းနဲ. စကားပြောခြင်း) ဒါဟာ ဆယ်တန်းအောင်တဲ့ အရွယ်ပါပဲ။ ကလေးတွေကို ၀ါသနာနဲ.ကိုက်တဲ့ အသက်မွေးဝမ်းကြောင်းရှာဖွေဖို. ကျောင်းတွေက အသိလေးသွင်းပေးလိုက်နိုင်ပါပြီလား။ မိဘတွေက သူ.ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို လေးစားစွာ လက်ခံနိုင်ပါပြီလား။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို.ရော လုံလောက်တဲ့ အသိပညာပေးပြီးပါပြီလား။

အတန်းအောင်ဖို. အောင်ဖို. ပထမ ရဖို.ရဖို. ပဲ တွန်းအားပေးနေတဲ့ မိဘတွေကို မေးချင်နေတဲ့ စကားတွေပါ။ မေးလည်း မမေးချင်တော့ပါဘူး။ သူတို.ကိုယ်တိုင်က ဒီလို တွန်းအားပေးခံခဲ့ရတာနေမှာပါ။ မျိုးဆက်တွေ ကြာခဲ့ပြီကော။

ပြန်လည်ပြုပြင်ဖို. ဆိုရင်တော့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်တာက စရမှာပါ။

ကလေးတွေကို ဘာလို. ကျောင်းတက်စေချင်တာလဲ။ မညာတမ်း ဖြေကြည့်ကြပါလေ။

(ဆက်ပါမည်)

Thursday, November 24, 2011

ကလေးတို. သဘက်ခါ (၁၂) (သာပါလိမ့်မယ် ရွှေကျီးညို)

ကျီးကန်းဆိုတဲ့ အမျိုးကလည်း တစ်ကောင်ထိရင် ၀ိုင်းအာတတ်ကြတာကလား။

+++++++

အစွမ်းထက်တဲ့ လက်နက် တစ်ခုကို အသိပညာရှိသူရဲ့လက်ထဲမရောက်ရင်တောင် အသိဥာဏ်မဲ့သူတွေရဲ့ လက်ထဲမရောက်ပါစေနဲ.။ လောကကို အကျိုးမရှိရင်နေပါစေ။ အကျိုးတော့ မယုတ်ပါစေနဲ.။ တခါတခါ စကားလုံးအလှတွေက ဖုံးထားတော့ အမှားကလည်း အမှန်လိုလိုလှပနေတတ်ပါရော။

မီဒီယာကြောင်းပြောချင်လို.ပါလေ။ ဆရာဝန်ကြီးတစ်ယောက်မှားသွားတယ်။ ကလေးမလေးတစ်ယောက်ဆုံးသွားတယ်။ မီဒီယာတွေက ၀ိုင်းဝန်း တိုက်ခိုက်တယ်။(တိုက်ခိုက်ဆိုတဲ့ စကားကို တမင်သုံးပါတယ်) ကလေးမလေးကိုလည်းကိုယ်ချင်းမစာလို.မဟုတ်ပါဘူး။ ဇာတ်က နာစရာပေကိုး။ ဒါပေမယ့် လူ. အသက်ဟာ တန်ဖိုးအတူတူပဲလို. တွေးရင် တောကျေးရွာ တွေမှာ ရမ်းကုတွေ ရမ်းကုလို.ဆုံးသွားသူတွေ အပုံပါလေ။ ဒါမျိုးနောက်မဖြစ်အောင်ဆိုတဲ့ လှပတဲ့စကားလေးအဆုံးမှာတော့ ဆရာဝန်ကြီးတွေဟာ သူတို. တတ်ကျွမ်းတဲ့ ပညာအရ ဒီရောဂါဆိုတာသေချာနေတာတောင်မှ ဓာတ်မှန်ရိုက်၊ သွေးစစ်ဆိုတဲ့ စစ်ဆေးမှုတွေ အားလုံးလုပ်ကြပါတော့တယ်။သူတို. ဘက်က ဆေ့ဖ်ဆိုက်(save side) ယူပါတော့တယ်။ တကယ်တော့ လူနာရှင်တွေ အပိုကုန်ကျမှုတွေပဲပိုလာတာပါ။ ဆေးကုသစရိတ်တွေမြင့်လာတာပါ။

မင်းသမီးလေးကို မမေးသင့်တဲ့ စကားလုံးသွားမေး။ဟိုက မခံနိုင်တော့ ကိုယ်ထိလက်ရောက် တုံ.ပြန်တော့ ၀ိုင်းအာကြ။ ပရိတ်သတ်ကို ကိုယ်စားပြုတယ်ဆိုတဲ့ စကားလုံးကို မသုံးပါနဲ.။ ကွန်မြူနတီခေါ်တဲ့ လူထုကို အသိပညာဆီကို မီဒီယာက ဆွဲခေါ်ရမှာပါ။ ပရိသတ်ကို အ၀ါရောင်သတင်းတွေ ပေးတာက မီဒီယာသမားအလုပ်မဟုတ်ပါဘူး။


အင်ဖေါ်မေးရှင်း၊ အက်ကျူကေးရှင်း၊ အင်တာတိန်းမန်.ဆိုတဲ့ သတင်း၊ပညာ၊ဖျော်ဖြေ သုံးခုမှာ အချိုးပေါင်းစပ်မှုသာကွာရင်ကွာရပါမယ်။ ဒီသုံးမျိုးကိုလုပ်ရပါမယ်။ ခုတော့ အကျိုးရှိတာ ဘာများလုပ်ပြီးပါပြီလဲ။ မေးချင်တာပါ။

+++++++++++++

နိုင်ငံမှာ အားတွေလိုနေပါတယ်။ အမှန်တရားဆီကို ရောက်ဖို.က နိုင်ငံနဲ.ချီပြီးစဉ်းစားရမှာပါ။ ဆန်စင်ရာ ကျည်ပွေ.လိုက်နေတာ မီဒီယာ အလုပ်မဟုတ်ပါဘူး။ ဆရာဝန်တစ်ယောက် ဆေးကုတာမှားတာက လူ.အသက်တစ်ခုပါ။ လူ.ဘ၀တွေများစွာ ကိုကယ်တင်ဖို.၊မျိုးဆက်တွေကို လမ်းမှန်တင်ပေးဖို. မီဒီယာတွေလိုနေပါတယ်။ လုပ်နေကြပါပြီလား။

အဲ၊ မေးခွန်းမှားလို.ပါ။ တွေးကြည့်ကြပါပြီလား။တွေးကြည့် ပြီးကြပါပြီလား။

ရွှေကျီးညိုလေးတွေ သာစေချင်ပါသေးတယ်။

(ဆက်ပါမည်)

ကလေးတို. သဘက်ခါ (၁၃) (ငါ့သမီးနဲ.ပေးစားမယ်)

ကလေးတို.သဘက်ခါ အတွေးစာစုတွေကဟာ တကယ်တော့ ကျင့်ဝတ်သီလပိုင်းကို ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံက တို.ထိကြည့်နေတယ်လို.ပြောလို.ရပါတယ်။ လူ.လောကကြီးကို အမှန်တကယ်ငြိမ်းချမ်းစေတာဟာ ကျင့်ဝတ်သီလလို. ယုံကြည်လို.ပါ။ အတတ်ပညာနဲ. ကျင့်ဝတ်ကို ယှဉ်ကြည့်ရင် ကျင့်ဝတ်ကိုပဲရွေးပါမယ်။ ဟစ်တလာခေတ်က ဂျူးတွေကို နည်းမျိုးစုံ ရက်ရက်စက်စက် စမ်းသပ်ခဲ့တဲ့ ဆရာဝန်ကြီးတစ်ယောက်ကို သတိရကြပါလေ၊( သူ.နာမည်က မန်းဂလိထင်ပါတယ်။ မသေချာပါ)

++++++++++++

လူငယ်တွေ ကျင့်ဝတ်ပိုင်းအားနည်းလာကြတာက အသုံးမလိုဘူးထင်လို.ပါ။ ရှင်းရှင်းလေးပါ။ အလုပ်တစ်ခုရဖို. ဘွဲ.လက်မှတ်တစ်ခုလိုပါမယ်။ ဒီလက်မှတ်ကို ဘယ်လိုရလာသလဲမမေးပါဘူး။ အစဉ်စဉ် အဆက်ဆက်ခိုးချပြီး အောင်လာသူတစ်ယောက်မှာလည်း ဒီလက်မှတ်ရှိမှာပါပဲ။ ကျောင်းသားတစ်ယောက် ဒီနှစ်မှာ ဒီအတန်းအောင်ဖို. လိုတယ်ထင်ရင် မိဘတွေကလည်း တရားသည်ဖြစ်စေ ၊မတရားသည်ဖြစ်စေ လုပ်ကြတော့ပါတယ်။ ရလာဒ်က ဘွဲ.လက်မှတ်တစ်ခုပဲမြင်ကြတာကိုး။ ကလေးရဲ့ အသိစိတ်ဓာတ် ဆုံးရှုးံသွားတာကိုမှမမြင်ပဲ။

အချို.သောနေရာတွေမှာတော့ ကျင့်ဝတ်အတွက် အင်တာဗျူးတွေထည့်ပေးပြီးမေးတတ်ကြပါတယ်။ အက်တီကျု ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေး လို.ပဲဝေေ၀၀ါးဝါး နာမည်တတ်ထားတာပါပဲ။ ဒါပေမယ့် ကျင့်ဝတ်ကို အဓိကထားပြီး မေးတာကတော့ မရှိသလောက်ပါပဲ။ (အင်မတန်တော်တဲ့ စီအီးအိုတွေကတော့ မေးချင်မေးမှာပေါ့လေ)

++++++++++

ဒါတွေကလည်း လူ.အသိုင်းအ၀ိုင်းမှာ အောင်မြင်တယ်ဆိုတာကိုရှုမြင်သုံးသပ်ပုံ လွဲလာတာကစတာပါပဲလေ။ ပိုက်ဆံရှိတာ အောင်မြင်တာလား။ လှူနိုင်တန်းနိုင်တာ အောင်မြင်တာလား။ အရာရှိကြီးဖြစ်တာ အောင်မြင်တာလား။ လမ်းကြောင်းကို မစဉ်းစားပဲ ရလာဒ်ကိုပဲစဉ်းစားနေသ၍ ဒီလိုပဲဖြစ်နေဦးမှာပါ။

ဟိုး အရင်တုန်းကတော့ ဒိဿာပါမောက္ခဆရာကြီးဆီမှာ သင်ကြတဲ့ တပည့်တွေထဲက အရိုးသားဆုံး၊ ဥာဏ်ရည်အထက်ဆုံး၊ ကိုယ်ကျင့် အကောင်းဆုံး တပည့်တစ်ယောက်ကိုရွေးပြီး ငါ့သမီးနဲ.ပေးစားမယ်၊ ဆရာစားမချန်သင်ပေးမယ် ။ အဲဒီလို လုပ်ရတာပါ။ ကျင့်ဝတ်ရှိသူကို သုံးလေးနှစ်စောင့်ကြည့်ပြီးမှ ပညာကုန်ပေးတာပါ။ မဟုတ်တဲ့သူလက်ထဲ အတတ်ပညာမရောက်အောင် သေချာစိစစ်ရပါတယ်။

အခုတော့စဉ်းစားကြည့်ပါလေ။ ဆရာကြီးသမီးနဲ. ပေးစားဖို. ငါက သင့်တော်ပါရဲ.လား။



(ဆက်ပါမည်)

အာဇာနည် မဆိုရ

တစ်နေ.က 5 series မှာ ထူးအိမ်သင် ၇နှစ်ပြည့် အမှတ်တရ အစီအစဉ် ကြည့်ရပါတယ်။ ဘယ်က ကလေးတွေမှန်းလည်းမသိပါဘူး။ ၀င်ပြောနေလိုက်ကြတာ။ နားကလောပါတယ်။ ထူးအိမ်သင်ကိုလည်းလူချင်းမသိ၊ သူ. Work ကိုလည်း မသိပဲ ကိုငှက်၊ကိုငှက်နဲ. ဇွတ်လွမ်းပြနေကြတာပါ။ ကိုငှက်တို.၊ ငှက်ကြီးတို. ခေါ်လိုက်လို.သူတို.နဲ.တန်းတူ၊လယ်ဗယ်တူဖြစ်သွားပြီများမှတ်နေပြီလားမသိ။

သူဆိုတာကိုလည်းကြိုက်ပါတယ်၊ငယ်ငယ်ကတည်းကသူ.သီချင်းတွေနဲ.ကြီးပြင်းလာတာပါ။ ဒါပဲပြောတတ်ကြပါတယ်။သျှပ်မှူးကျော်ကဗျာတွေအကြောင်း၊ စင်သီယာကဗျာတွေအကြောင်းသိကြမယ်လည်းမထင်။ ဒီလိုဆိုရင်လည်းထုတ်လွှင့်မနေပါနဲ.တော့။

++++++

ထူးအိမ်သင်ကို ချစ်တယ်သာပြောနေကြတယ်။သူ.သီချင်းတွေကို အားလုံးပြန်စုစည်းပေးပြီးကြပြီလား။သူရေးခဲ့တဲ့သီချင်းတွေ အားလုံးစုပြီးပါပြီလား။ သူမဆိုပေမယ့်သူရေးခဲ့တဲ့သီချင်းတွေရှာဖွေပြီးခဲ့ပါပြီလား။ ဥပမာ တူးတူးရဲ. ရင်ခွင်အိုသစ်စီးရီးထဲက စမ်းချင်းစမ်းလေ ဆိုတဲ့သီချင်းမျိုး။

နောက်ပြီးတော့ သူဆိုခဲ့တဲ့သီချင်းတွေထဲက ဗားရှင်းမတူတာလေးတွေ ပြန်ရှာဖွေ စုစည်းပေးကြရင်ကောင်းပါမယ်။ လက်လမ်းမှီသူတွေ ပေါင်းလုပ်ရင်ရပါတယ်။ ဥပမာ အမေ့အိမ်ဆိုရင် ဗားရှင်းသုံးမျိုးလောက်ရှိမယ်ထင်ပါတယ်။ လူနဲ.အင်္ကျီ ဆိုရင် ဆိုပေါက် ကအစကွာသွားတာပါ။ နောက်ဝေးသွားတဲ့ အခါသီချင်း၊ အောင်ရင်နဲ.တွဲဆိုခဲ့တဲ့ မဆုံးတဲ့သီချင်း၊စတဲ့သီချင်းတွေမှာ တစ်ပုဒ်နဲ.တစ်ပုဒ် ဆိုပုံလေးတွေပြောင်းထားတာလေးတွေ လေ့လာစရာနားထောင်ချင်စရာတွေပါပဲ။

နောက် အတွဲခွေတွေထဲကသီချင်းလေးတွေ စီးရီးအဖြစ်ပြန်စုစည်းပေးစေချင်လိုက်တာ။ တော်တော်များပါတယ်။ နှစ်ခွေသုံးခွေစာရှိလိမ့်မယ်။ သီချင်းစုံသူတွေက အပင်ပန်းခံစုပေးရမှာပါ။ အထူးသဖြင့် သူ.နာမည်မပါပဲ တစ်ပုဒ်စနှစ်ပုဒ်စ၀င်ဆိုတာတွေပျောက်ပျက်သွားမှာစိုးလို.ပါ။ ဟေမာနေ၀င်းရဲ့ ပိုးဖလံစီးရီးထဲက အချစ်ပြီးတော့ အချစ်ဆိုတဲ့သီချင်းမျိုးပေါ့လေ။ စန္ဒယားလှထွဋ်ရဲ့ ပန်းတွေနဲ.ဝေကိုသူပြန်ဆိုခဲ့တာမျိုး၊ သိမ်းထားရမယ့် ဆိုပုံမျိုးပါ။

အဖြစ်စေချင်ဆုံးက ဂျုးရဲ့ မြရဲ့လ၀တ္တုကိုသူဖတ်ခဲ့တာလေးတွေ၊ စောစောက ပြောခဲ့တဲ့သူ.သီချင်းသူ.အသံအားလုံးရယ်၊ အာလုံးစုပြီး ဒီဗီဒီတစ်ချပ်ထုတ်၊ သူ.ကဗျာတွေပါတဲ့ အမှတ်တရစာအုပ်ရယ် ပေါင်းထုတ်လိုက်။

တစ်ခုတော့ရှိတယ်။ သူ.သီချင်းတွေကို အာဇာနည် ပြန်မဆိုရ။ ဂရေဟမ်ပြန်မဆိုရ။ လေးဖြူပြန်မဆိုရ။

ခုတော့သူကိုချစ်တာတွေက ရှိတော့ရှိနေပါရဲ့။ အရှိမဲ့။ ။

ကလေးတို. သဘက်ခါ (၁၄) (၀ယ်မပေးလို.ကျေးဇူးတင်)

ငယ်ငယ်တုန်းက အဖေအမေက အဆင့်တစ်ရရင် ဘာဝယ်ပေးမယ် ညာဝယ်ပေးမယ်မရှိခဲ့ပါဘူး။ ယုတ်စွအဆုံး သားတော်တယ်လို.တောင်မပြောပါဘူး။ ကျေနပ်ရတာက သူတို.အသိနဲ.တွေ.ရင် ဒီကောင်မဆိုးဘူးကွ။ အပြင်စာတွေဖတ်နေပြီ။ ဒီလောက်ပါပဲ။

သူများသားသမီးတွေ ကတော့ အဆင့် ဘယ်လောက်ရရင် ၀ယ်ပေးမယ့် ပစ္စည်းလေးတွေနဲ.ပေါ့။ အခုမှစဉ်းစားမိတာက ၀ယ်ပေးတာက မိဘနဲ.သားသမီးအကြား အပေးအယူ ဆန်လွန်းနေမလားဆိုတာပါပဲ။

+++++++

ပညာရေး ကိစ္စတွေမှာ ၊ခေါင်းဆောင်မှုကိစ္စတွေမှာ စိတ်အင်အားကို နှိုးဆွခြင်း (Motivation) ဆိုတာရှိပါတယ်။ (ဘာသာပြန်ပုံ နေရာမကျ ပေမယ့် အခြားစကားလုံးရှာမတွေ.လို.ပါ) မိုတီဗိတ်လုပ်ရာမှာ မက်လုံး (Positive Motivation) နဲ. ခြောက်လုံး (Negative Motivation) ဆိုပြီးရှိပါတယ်။ အဆင့်တစ်ရရင် စက်ဘီးဝယ်ပေးမယ် ဆိုတာနဲ. အဆင့်တစ်မရရင် တိုင်မှာ ကြိုးတုတ်ရိုက်မယ် ဆိုတာမျိုးပေါ့။

ခြောက်လုံးကို မသုံးတာကောင်းတယ်ဆိုကြပါတယ်။ သုံးရင်လည်းသတိနဲ.သုံးရမှာပါ။ထားပါ။ ပြောချင်တာက မက်လုံးကိစ္စ။

ကလေးတစ်ယောက် လုပ်ချင်ကိုင်ချင်ကြိုးစားချင်တဲ့ စိတ်ရှိလာအောင် မက်လုံးပေးရာမှာ ချိးကျူးစကားလည်းပါပါတယ်။ တစ်ခါချီုးကျူးမိရင် နောက်တစ်ခါ ဒီလိုမျိုးကြိုးစားအားထုတ်မှုတွေ.ရင် နဲနဲပို ချီးကျူးပေးရပါမယ်။ ဒါမှ ကလေးက တဆင့်ပြီးတဆင့်တိုးကြိုးစားမှာပါ။

ပစ္စည်းပေးတာက အန္တရာယ်ရှိပါတယ်။ စက်ဘီးဝယ်ပေးမယ်ပြောပြီး ပိုက်ဆံ အဆင်မပြေလို. သေနတ်လေးဝယ်ပေးတာက ပြောင်းပြန်ရလာဒ်တွေထွက်လာနိုင်ပါတယ်။ နောက်ထပ်တခါဝယ်မပေးနိုင်ခဲ့ရင်ရော။ ဘယ်လိုလုပ်ကြမှာလဲ။ဒါထက်ပိုဆိုးတာက လောကကြီးက အပေးအယူလောကကြီး လို. ကလေးစိတ်ထဲစွဲသွားမှာကိုပါပဲ။

လောကနေရာတော်တော်များများမှာ အပေးအယူကိစ္စတွေရှင်သန်နေတာ ကောင်းတယ်လို.ပြောလို.မရပါဘူး။ ကလေးမလေးတွေ စပွန်ဆာ ရှာလာတာကောင်းပါသလား။ လုပ်ငန်းခွင်မှာ ကိုယ့် ၀တ္တရားအရလုပ်ပေးစရာကိုလုပ်ပေးတာကို လက်ဆောင်ပေးတာကောင်းသလား။ မိတ်ဆွေအချင်းချင်း ကားလေးနဲ. သွားစရာရှိတဲ့နေရာကို လိုက်ပို.တာကို အအေးဇွတ်တိုက်တာကောင်းသလား။ ဆန်ပေးမှဆီရတယ်ဆိုတာက မိတ်ဆွေကျင့်ဝတ်ထဲမှာစည်းခြားလွန်းပါတယ်။

လောကကျင့်ဝတ်ကိုဆောင်ရွက်ရတဲ့နေရာမှာ အကျိုးကိုမျော်ကိုးတတ်တဲ့ စိတ်တွေ၊ အကျိုးမရှိရင် စေတနာမပါတော့တဲ့ စိတ်တွေ၊ အကျိုးအမြတ်မရရအောင် လုပ်ချင်တဲ့စိတ်တွေကို ကလေးတွေကိုထည့်သွင်းမပေးပဲ နေကြရအောင်လား။

(ဆက်ပါမည်)

ဖြောင့်ယူရမည့် အချက်အလက်များ-၂

ဆေးကျောင်းသားတွေ မတတ်ဘူး၊မတတ်ဘူးနဲ. ဆရာတွေ ညည်းကြတယ်၊ (ဆေးကျောင်းသား တွေကို ငါ တတ်အောင် သင်မပေးနိုင်ဘူး လို.တော့ ညည်းသံ မကြားဘူးပါ။ ဟိဟိ။) အကြောင်းရင်းရှာတော့လည်း ပြောစရာတပုံကြီး။ လူတွေများလို.၊ ပစ္စည်းကိရိယာမစုံလို.၊ သင်ချိန်မလောက်လို.၊ သင်းတို. စိတ်မ၀င်စားလို.၊ကျောင်းမတက်လို.။ အောင်မယ်လေး၊ ဆက်ရေးရင် လက်ညောင်းလို.သေလိမ့်မယ်။
ကျောင်းသားဆိုတာကလည်း ခက်တယ်။ အဲလိုရေရွတ်ရင် သူရို.ကလည်း ဆရာတွေက ခက်တယ်လို.ရွတ်မှာပဲ။ ကျူရှင်မှ ကောင်းကောင်းသင်တာတို.၊ လူမွေးတာတို.၊ ရေရှာတာတို. ပြောစရာတွေ တပုံကြီး။

ငယ်ငယ်ကျောင်းတက်တုန်းကလည်း ကြုံရသပေါ့ကွယ်လို.ပြောရမှာပဲ။ လူနာက တစ်ယောက်၊ ကျောင်းသားက ဆယ်လေးငါးယောက်၊ နာပါတယ်ဆိုနေမှ သူရို.က၀ိုင်းစမ်းကြတာ၊ ဖွတ်ဖွတ်ကြေရောဆိုတာ ရှိတာပါပဲ။ အဲ၊ မစမ်းရင်လည်းဘယ်တတ်မလဲ။ တွေ.ရသမျှတော့ လူနာကို ရှေ.မျက်နှာနောက်ထား ဆွဲလိုက်တဲ့သူချည်းပါပဲ။ ရှေ.မျက်နှာနောက်မထားပဲ ဆွဲလှဲတဲ့သူလည်းကြုံဘူးတာပဲ။

အခုခေတ်မှာ သူရို.ဘယ်လိုစမ်းနေသလဲတော့မသိဘူးလေ။ကျွန်တော်ကတော့ လူနာကိုမှတ်ထား။ ညမှ တိတ်တိတ်လေး ချော့ပြီးစမ်းတာပဲ။ အဆောင်နဲ. ဆေးရုံနဲ.နီးတော့ တော်သေးတယ်။ ကံကောင်းရင် လူနာစောင့်ချောချောလေးတွေတောင်တွေ.ရသေး။

++++++

ပြောရင်းပြောရင်း ကျောင်းမှာ ဆိုးခဲ့တာတွေ အမှတ်တောင်ရလာသေး။ တတ်နိုင်ဘူးလေ။ ကိုယ့်ပေါင်ကိုထောင်းတော့ အညောင်းပြေတာပေါ့။ ကျောင်းမတက်၊ ဒီဘားထိ။ ဆရာတွေ အိမ် နောက်ဖေးပေါက်ကလည်းဝင်ဘူးတာပဲ။ ကောင်းတဲ့ ဆရာတွေလည်းကြုံဘူးတာပဲ။

မေးချင်တာက ကျောင်းသားတွေ မတတ်တာ၊ ကျူရှင် ကိစ္စတွေ၊ ဟိုကိစ္စဒီကိစ္စတွေဟာ ဖြေရှင်းရမယ့်ပြဿနာတစ်ရပ်ဖြစ်လာပြီလား။ ကျောင်းသားကတော့ သူ.ပြဿနာကို နည်းမျိုးစုံ ရှင်းမှာပဲ။ သူ.အဖို.က စာတတ်ရေးထက် တစ်နှစ်ကုန်တစ်တန်းတက်ရရေးက ပိုအရေးကြီးတယ်။ ဟုတ်တယ်လေ။ ကိုယ့်တုန်းကလည်း ဒီလိုပဲ ဖြေရှင်းတာပဲ။

ဆေးကျောင်းသားတစ်ယောက်ဟာ သာမန်ကျောင်းသားနဲ. အတူတူပါပဲ။ ခက်ပုံက ဆေးကျောင်းတက်ရတာကို လက်မထောင်စရာလို.ထင်နေတာပဲ။ သူများထက် ဆယ်တန်းအမှတ်လေးကောင်းတာနဲ. သွေးလေးနားထင်ရောက်တာတော့ သိပ်မကောင်းပေဘူးပေါ့။ ကိုယ်တတ်စရာရှိတာကို တတ်အောင်မသင်ပဲ ကျူရှင်အားကိုး၊ ဟိုဟာအားကိုးနဲ. တစ်တန်းတက်ချင်နေတာတော့ မကောင်းပေဘူးပေါ့။ တစ်နှစ်နာလည်း ဘာဖြစ်လဲ၊ ငါစာတတ်တာပေါ့ဆိုတဲ့ကောင်လေးမျိုးတော့ ကြုံဘူးပေါင်။ အဲမှားလို.၊ ကြုံဘူးပါတယ်ဗျ။ ကျသွားလို.ပြောတာကြုံဘူးတယ်။

လူ.အသက်ကို ကိုင်တွယ်တာမှာ ငယ်ငယ်က သင်လာတဲ့ အစွဲကြီးအတိုင်း အားလုံးဆရာကသင်ပေးဆိုတာမျိုးကတော့ တက္ကသိုလ် အဆင့်မှာ မဖြစ်သင့်ဘူးပေါ့လေ။ ခုများတော့ သင်တန်းမှတ်စု (hand out) တောင်မှ ကုန်အောင်ကျက်ချင်ဘူး။ ဖြစ်ချင်တာကတော့ အထူးကုဆရာဝန်ကြီး။ အတန်းကလည်း သိကြားမင်းချတောင်ကျနိုင်ပါဘူးရှင်ဆိုပြီး အဖေကယ်ပါ၊အမေကယ်ပါ။ ဘဘကြီးကယ်ပါ။

ကုတင်ဘေးသင်ကြားခြင်းမှာလည်း မမြင်ရဘူးဆိုပြီး လစ်နေ၊ ကျောင်းခေါ်ချိန်ကို သူများနဲ.လက်မှတ်ထိုးခိုင်း၊(ငယ်ငယ်က လုပ်ခဲ့တာပြောပါတယ်) ဒီဘားထိတော့မှ မေမေရေ ကယ်ပါဦး။ရေးရင်းရေးရင်း လက်က အရှိန်သတ်မရတော့ အပြုသဘောမဆောင်တာတွေ ဖြစ်တွားရင်ချောတီးပါ။

တကယ်တော့ သင်ယူရေးပတ်ဝန်းကျင်ဆိုတာ ကိုယ့်ဘာသာ ဖန်တည်းယူရင်ရပါတယ်။ သူငယ်ချင်းတွေစု၊ ဒီနေ.လူနာစမ်းလိုက်တာ သိတဲ့သူကသူများကိုပြန်ရှင်းပြ၊ စာစုကျက်၊ တစ်ယောက်နဲ.တစ်ယောက်ညှိနှိုင်း၊ ပျော်စရာဘကီးနေမှာ။ ငယ်ငယ်က တော့ စာအတူတူကျက်ရင်း အတွဲဖြစ်သွားသူတွေ တွေ.ဘူးပါ့။

ဆရာတွေ အကြောင်းတော့ ကြောက်လို. ရေးသေးဘူး။
ဆက်ပါမယ်။

ဖြောင့်ယူရမည့် အချက်အလက်များ-၁

ခေါင်းစဉ်ကို မောင်ချောနွယ်စာသားကိုကိုးကားပါတယ်။ အကြောင်းအရာကိုတော့ စိတ်ထဲမှာ ပြောချင်တဲ့ မျက်နှာစာတစ်ခုလည်းဖြစ်၊ ကိုယ်ကျင်လည်ရာ ဘ၀လည်းဖြစ်တဲ့ ကျန်းမာရေးဆိုင်ရာ လူ.စွမ်းအားစုများ အကြောင်းယူပါတယ်။ (ကျန်းမာရေးလူ.စွမ်းအားစု အရင်းအမြစ်ဆိုတာ သမားစဉ်ပြောလာတဲ့အတိုင်းပြောရတာပေါ့လေ။)

နင်က ဘာကြီးမိုလို.ပြောတာလဲမေးရင် ဘာကြီးမှ မဟုတ်ပေါင်ဗျာလို.ပဲ ဖြေရမှာပဲ။ ဒါဖြင့် ဘာလို. ပြောလဲလို. ဆက်မေးရင် ဆရာကိုတာပြောသလို ယားကျိကျိဖြစ်လာလို.ပါ။ ကျွန်တော့အမြင်ဟာ မှားကောင်းမှားပါလိမ့်မယ်။ အဲ၊ သူယားရှာလို. ကုတ်နေတယ်လို.ပဲမြင်ပါ။ လူရှေ.သူရှေ. မရှောင်နိုင်အောင်ယားလို. ကုတ်နေတယ်ပဲ သဘောထားပေါ့လေ။

+++++++++

မြင်းမိုရ်တောင်ကို ဆီးစေ့နဲ.ပေါက်သလိုနေမှာပဲလို.တွေးမိပါတယ်။ တတ်နိုင်ဘူးလေ။ ပေါက်နေတာကိုပဲ မမြင်ပဲပေါက်ရခြင်း အကြောင်းလေးကိုလှမ်းကြည့်ပြီး ငါလည်းပေါက်မဟေ့ ဆိုတဲ့ လူတွေများသထက်များလာရင် တနေ.နေ.တော့ မြင်းမိုရ်တောင်ပြိုမှာပါပဲ။

ဒီလိုပြောလို. အုပ်ချုပ်သူလူ ကြီးမင်းများ အတင်းတုတ်မယ် မထင်ကြပါနဲ.ဗျာတို.ရေ။မပြောချင်ပါဘူး၊အဲ မပြောရဲပါဘူး။ ဒီစာစုရဲ့ အခြေခံအကျဆုံး အချက်က လူတိုင်းကိုယ့်တာဝန်ကိုယ်ယူရမယ်ဆိုတာပေါ် အခြေခံပါတယ်။ ကိုယ့်တာဝန်ဆိုတာ နည်းနည်း ပြင်းထန်ပါတယ်။ ကိုယ့်အသိနဲ.ကိုယ် ယူတဲ့ တာဝန်သိတတ်မှု (responsibility) ကိုပဲပြောချင်တာပါ။ ငါကတော့ ငါးတန်းသိပဲ၊ငါကတော့မူလတန်းသိပဲ ဆိုရင်တော့ ရွှေသဘောတော်အတိုင်းပါပဲ။

++++++++++

အထက်ကစပြောရမလား၊ အောက်ကစပြောရမလားဆိုတော့ ရိုးရိုးအကြောင်းအရာပြောတာပဲလေ၊ အောက်ကစပြောတာ အန္တရာယ် ကင်းပါတယ်။ကျန်းမာရေးလူ.စွမ်းအားစုမှာ အဓိကကတော့ သိတော်မူကြတဲ့အတိုင်း ချာဝန်ဂျီးများပေါ့လေ။ (ဂျီတော့ပြောတာများလို. ခယေး တွေလို အသံထွက်မိတာ သည်းခံကြ)

ချာဝန်မဖြစ်ခင်ဆေးကျောင်းကိုတက်ရပါသော်ကောဗျာ။ ဆေးကျောင်းမှာသိတဲ့အတိုင်း အနယ်နယ်အရပ်ရပ်က ထိပ်ဆိုသော ပုဂ္ဂိုလ်လေးများရောက်လာကြသပေါ့။ သူရို.ခမျာများလည်း ငယ်တုန်းကသာထိပ်ရတာ၊ ဒီလဲရောက်ရော သူလိုကိုယ်လိုထိပ်တွေကတပုံတပင်။

တည့်တည့်ပြောရရင် အင်မတန် အတ္တကြီးသော၊ သို.တည်းမဟုတ် အတ္တကြီးအောင်ပြုပြင်ခံထားရသော ကလေးများဟာ ရှေ.ဆုံးရောက်ဖို.၊ အတန်းအောင်ဖို. ဘယ်နည်းသုံးရသုံးရသုံးမဟဲ့ ဆိုတာတွေ တစ်နှစ်ထက်တစ်နှစ်များများလာပါတယ်။ ခူးမယူပဲကြွေကျတာ စားကောင်းတယ်ဆိုသူများလည်း ရှိနေဦးမှာပေါ့လေ။ အဲဒီတော့ ကျူရှင်တွေ၊ ၀ိုင်းတွေ ၊တရားသောနည်းတွေ၊ မတရားသောနည်းတွေ အစုံသုံးကြပါလေရော။ မိဘတွေကလည်း ငါ့သားလေး၊ငါ့သမီးလေး ဆေးကျောင်းရောက်ရရှာတာ ချာဝန်ကြီးဖြစ်၊ သူရို.စိတ်ထဲလည်း ဟိုးး အထက်ဆုံးထိပို.ချင်မှာပါ။ နောက်ကပံ့ပိုးမှာပါ။

ငါပြောတာလွန်မလားလို.လည်းပြန်စဉ်းစားရပါသေးတယ်။ ကျောင်းသားများ၊ကျောင်းသားမိဘများက ဆရာတွေ အပေါ်ကောင်းတယ်ဆိုတာ (ဒေါက်တာသန်းထွန်းပြောသလိုပြောရရင်) စေတနာအချောင်းလည်းမမြင်ဘူး၊ အပြားလည်း မမြင်ဘူး ။ပြောရရင် အပေးအယူကိစ္စဆိုတာလည်း လွန်လာရင်မကောင်းဘူး။အထူးသဖြင့် ဆရာပီသသော ဆရာများကျောင်းတွေမှာ ရှိနေဦးမယ်။ သူရို.တွေ စိတ်ဒဏ်ရာရရင် ပုထုဇဉ်ပဲ။ တပည့်ဆိုတဲ့စိတ်မမွေးနိုင်တော့ရင်……….

+++++++

ဆက်ပါမည်။

အချစ်တရား-၂

အချစ်ဆိုတာသိပ်တန်ဖိုးရှိတယ်
ဘာလို.လဲမေးရင် သူကပေးရတာသိပ်လွယ်တာကိုး
လူတိုင်းပေးနိုင်တယ်
လူတိုင်းလည်းရနိုင်တဲ့ရှားပါးပစ္စည်းပဲ။

လေထဲကပဲပေးလို.ရတော့
တကယ်မပေးလည်း ပေးတယ်ပြောလိုက်ပါလေ
အစစ်အမှန်ဆိုတာမျိုးက တိုင်းတာပြလို.မှမရတာ
အချစ်ငတ်သူတွေယုံကြလိမ့်မယ်
မချစ်တတ်သူတွေညာကြလိမ့်မယ်
ညာသူကအပြစ်မရှိဘူး
အညာခံရသူမှာ အပြစ်မရှိဘူး
ဈေးပေါလွန်းနေတဲ့ အချစ်တရားကိုပဲအပြစ်တင်ကြ။

လွယ်လွယ်လေးပေးပြီး
(လေထဲမှာပဲပေးပြီး)
ဈေးကြီးတာတွေ ပြန်ရနိုင်တဲ့အချစ်
ပိုက်ဆံနဲ.၀ယ်မရနိုင်တာတွေ အလွယ်ပြန်ရနိုင်တဲ့အချစ်
အောင်မယ်လေးလေး
ငါလည်းချစ်တတ်ပါတယ်ကွဲ.။

ချစ်တယ်လို.ပြောလိုက်ကြစမ်းပါ
ကမ္ဘာမှာ အချစ်လိုနေတဲ့သူတွေ တောင်လိုပုံလို.
ကမ္ဘာမှာ အချစ်ခံချင်တဲ့မိန်းကလေးတွေရိုက်သတ်မကုန်ဘူး
အဲ……ကမ္ဘာမှာ အညာခံချင်တဲ့မိန်းကလေးတွေ မရေနိုင်ဘူး
ချစ်တယ်ချစ်တယ်ချစ်တယ်……..
ကဲ အဖြေပေးလိုက်ကြစမ်း။

အချစ်ဟာတကယ်တော့ တန်ဖိုးရှာစရာမလိုပါဘူးလေ
အဓိက ချစ်တယ်လို. ပြောလာသူရဲ့ တန်ဖိုးပါ
ယုံကြည်ထိုက်သူကပြောလာတဲ့ အချစ်ကိုပဲယူပါရစေ
လေထဲမှာပေးတဲ့အချစ်ကို
မျက်ရည်ဝဲလောက်အောင်တန်ဖိုးထားမိတာဘာကြောင့်လဲ
သူ.ကိုတန်ဖိုးထားလို.ပေါ့။

ယုံကြည်အပ်သူရဲ့အချစ်ကိုသာယုံကြည်ပါ
ဘယ်လောက်သန်.စင်တဲ့ရေဖြစ်စေ
နောက်ဖေးသုံးတဲ့ခွက်နဲ.ခပ်လာရင်
ငါမသောက်သုံးနိုင်ပါ
ထိုသို.ပင် အချစ်ကိုတန်ဖိုးထားလိုပါ၏။ ။

အသုတ်စုံ

အစ်မရေ ကဗျာတစ်ပွဲလောက်
ချဉ်ငံစပ်လေး
ဘလက်မောင်တိန်ရယ်၊ လန်းဂေ့ရှ်ရယ် ရောသုတ်လိုက်
အလွမ်းလေးရွှဲရွှဲဆမ်းပေး
ရမယ် မောင်လေး
ကာရန်ရောထည့်ဦးမလား
ဟုတ်၊ ဘီလူးရယ်လေးနဲနဲခြေထည့်ပေးပါ
သိင်္ဂါရရောကြိုက်တယ်နော်
မထည့်နဲ.အစ်မ၊
သြော်၊ ဘယာနကလေးတော့ဖြူးပေးအစ်မ
ဟင်းရည်ကရော ဘာဟင်းရည်သောက်မှာလဲမောင်လေး
အိတ်ဇစ်ကြိုက်လား၊ဒါဒါကြိုက်လား၊
အင်ပရက်ရှင်ရမလားအစ်မ
အင်ပရက်ရှင်ကုန်နေတယ်မောင်လေး
အိတ်ဇစ်လေးသောက်ကြည့်ပါလား
မမတို.ဆိုင်က အိတ်ဇစ်ကနာမည်ကြီးလေ
တော်ပြီအစ်မ
ဒါဒါဟင်းရည်ပဲပေးတော့
ရော့၊မောင်လေး
အစပ်အဟပ်လိုရင်ပြောနော်
ကဗျာဆိုတာ လက်ကောင်းမှစားကောင်းတာကွဲ.၊ ဟင်းဟင်း။ ။

ကွန်မြူနီကေးကို ရှင်းသင့်မရှင်းသင့်

သူညားတွေ ကွန်မြူနီကေးချင်းဆိုတော့ အနော်လည်း ကွန်မြူနီကေးချင်းချင်တာနဲ. ထိုင်စဉ်းစားတာ။ ဘာမှလည်းထွက်မလာဘူး။ ဘယ်ထွက်လာမလဲ၊ ခေါင်းထဲမှာက ဗလာပဲ။ ဗလာဆိုတော့ကောင်းတာပေါ့၊ တော်ကြာ အမှားကြီးကို သိနေရင်ဒုက္ခော။

အဲသဟာနဲ. အဲဒီ ကွန်မြူနီကေးချင်း ဆိုတာကြီးက ဘာလဲဆိုတာ ပြန်ရှာကြည့်ရသေးတယ်။ သိမှမသိပဲကိုး၊

Medium by which people share ideas, feelings and information with others

အဲဂလိုတော့တွေ.တာပဲ။အဲဒီတော့မှ မဟာဆန်သူပြဇာတ်ထဲမှာ တသက်လုံးပြောလာတာ စကားပြေတွေပါလားလို. မသိခဲ့တဲ့ဦးရွှေဖီက ငါပါလားပေါ့လေ။ တကယ်တော့ ကွန်မြူနီကေးချင်းဆိုတာ မတ်စိ ပို.တာပါလား။ မတ်စိရောက်သွားရင် အလုပ်ဖြစ်တာပါလားပေါ့လေ။ ဟုတ်မဟုတ်တော့မသိဘူး။ တွေးမိတာလေးပေါ့လေ။

ခက်တာက မတ်စိတော့ရောက်သွားပါရဲ့။ တစ်ဖက်လူက မကျေလည်ဘူးဆိုရင် ကွန်မြူနီကေးချင်းကနေ ကိန်မြူနီကေးချင်း ဖြစ်သွားနိုင်ပါသလားလို.ဆက်တွေးမိတာပါ။ တို.များဘုရားရှင်ကို ပုဏ္ဏား လင်မယားက သမီးနဲ.ပေးစားမယ် ပြောတော့ ဘုရားရှင်က ကျင်ကြီး၊ကျင်ငယ်၊ ချွဲသလိပ်နဲ.ပြည့်နေတယ့် မင်းတို.သမီးကို ငါလက်ဖျားနဲ.တောင်မတို.လိုဘူး လို.ပြန်ပြောတာနဲ. သမီးဖြစ်သူက ရန်ညိုးဖွဲ.ဆိုပဲ။ တို.ဘုရားရှင် ကွန်မြူနီကေးချင်း မကောင်းဘူးလို. မပြောနဲ.နော်၊ ဒီလိုပြောမှာ သတ္တ၀ါတွေ အကျွတ်ရမှာမြင်လို. ပြောရတာ။ အိမ်း၊ နားမလည်တာနဲ. ဆက်ဖတ်တော့မှ Social skills are situation specific တို. The role of the other person is important တို. တွေ.ရတာ။

အဲသဟာနဲ. တို.ဆေးလောက မှာရော ဘယ်သူတွေ ကွန်မြူနီကေးချင်း စကေးတွေလိုမလဲပြန်ရှာတော့

1.For all teachers
2.Some special needs for teachers in clinical setting.
(Basic Educational Science Workshop 1/2010, University of Nursing, Mandalay)

အဲသဟာနဲ. ဥာဏ်ကမမီပဲဖြစ်ပြန်ရော။ တတ်နိုင်ပါဘူးလေဆိုပြီး ဆက်ရှာတော့ ဆရာမကြီး ဒေါ်မြင့်မြင့်ခင်ရဲ့ ကွန်မြူနီကေးရှင်း စကေးစ် ဆိုတာလေး ရှာတွေ.တယ်။ Educational Handbook for Trainers of Health Proffessionals ဆိုတဲ့စာအုပ်လေးထဲမှာ။ ကြာတော့ကြာပြီကော။ ဆေးသိပ္ပံပညာဦးစီးဌာန ကပဲထုတ်တာ။ ၂၀၀၀၄ ပတ်ဝန်းကျင်ကဖြစ်ပါမယ်။ အထုခေတ်နဲ. ကိုက်မကိုက်ကတော့ ပညာချိများ ဆုံးဖြတ်ရမယ့်အရာ။ အနော်တို.လို ခယေးများအရာမဟုတ်။

ဆရာမကြီးက ဒီလိုရေးထားပါတယ်။

As mentioned above, communication as applied to medical pedagogy has two main components.
1) That concerns the individual teacher in the process of imparting knowledge, competencies and skills that are required for training to become a doctor
2) Deals with essential communication skills that are needed when dealing with patients or community, that is to say, the highly complex skills manifest in doctor-patient relation or other forms of one-one or face-to-face communication, a rather difficult and complicated task for most uninitiated persons which will include almost all students and most teachers (clinicians)

most uninitiated persons ဆိုတာကတော့ ဆရာမကြီး ရွဲ.ပြောတာလားတောင်မသိတော့ပါဘူးလေ။ ထားပါလေ။ အနော်သိချင်တာက ဆေးရုံတွေမှာ ကွန်မြူနီကေးချင်းကြီး သင်သင့် မသင်သင့် ဆရာမကြီးများပြောထားလေမလား ပြန်ရှာတော့ ဂလိုတွေ.ပါသဗျ။

One of the limiting factors in teaching and learning of communication skills in the current medical training is that, in the context of Myanmar and many other countries as well, the sole and only venue where the intricacies of patient-doctor relationship are observed, imbibed, absorbed and learned is the hospital. This is not exactly the ideal place for learning such skills as it does not represent the real-life situation, and therefore, there is an urgent need to extend the venue of learning to the community, and other settings such as the general practice.


ဆရာမကြီးကတော့ လက်ရှိဆေးရုံတွေဟာ ကွန်မြူနီကေးချင်းသင်တဲ့ နေရာဖြစ်နေတာတောင် မကြိုက်ချင်သလိုပါပဲ။ ဆရာမကြီးကတော့ ကွန်မြူနတီဖြစ်ဖြစ်၊ တခြားနေရာမှာဖြစ်ဖြစ် သင်ယူမှု ဆန်.ထုတ်ရေးဟာ အားဂျန်.နိဒ် လို.ပြောပါတယ်။ ဆရာမကြီးရဲ့ တွေးဆပုံဟာ အံ့သြလောက်ပါတယ်။ အစွဲအလန်း၊ အယူအစွဲတွေကိုခဏလေးပယ်ချပြီးစဉ်းစားရင် ဆရာမကြီးရဲ့ အယူအဆဟာ ယုတ္တိကျတာ၊ ခေတ်မှီ ဆန်းသစ်တာတွေ.နိုင်ပါတယ်။ (This is not exactly the ideal place for learning such skills as it does not represent the real-life situation)

ဆရာမကြီး ပြောထားတာတစ်ခုတွေ.ပါသေးတယ်။တွေးဆနိုင်ဖို. ကူးချပါတယ်။အဲ၊ ဝေငှပါတယ်။

The patient-doctor relationship is almost a one-way direction with the doctor taking the active part and the patient the grateful recipient of services rendered. The model of acute medicine is usually scientific and technical and the personnel in the hospital are essentially technicians and the social skills required are minimal.

chronic model မှာတော့ ကွန်မြူနီကေးချင်းစကေးလို.ပါတယ်တဲ့ဗျ။သို.ပေမယ့် လိုအပ်တဲ့ ကွန်မြူနီကေးချင်းစကေားကတော့ (ဆရာမကြီး အသုံးအတိုင်းပြောရရင် ) vastly different လို.ပြောပါတယ်ခင်ည။

အနော်လည်း တစ်ခုချင်းတော့ဘ၀င်ကျပေမယ့် ပြန်စဉ်းစားတဲ့အခါ ဘ၀င် မခွေ.ပါဘူးခင်ဗျ။ ဘယ့်နှယ့် ကွန်မြူနီကေးချင်းဟာ ဘ၀တစ်လျှောက်လုံးမှာ သိပ်အရေးကြီးတယ်လို.သိထားတာပါ။ နိုင်ငံတော်ရဲ့ အရေးကြီးစာမျက်နှာမှာရှိနေရမယ့် ကျန်းမာရေးဆိုင်ရာလူ.စွမ်းအားစုများမှာ (ဂလိုဂျီးကျောလို. စိတ်ဆိုးရ၀ူးနော်၊ တဆိတ်ရှိ နိုင်ငံတော်တိုးတက်မှုညွှန်းကိန်းတွေကို ကျန်းမာရေးညွှန်တံတွေနဲ. လာလာတိုင်းနေလွန်းလို.၊ ဂယ်ဆို ဘောလုံးပွဲရလာဒ်နဲ.တိုင်းပါ့လား ) ကွန်မြူနီကေးချင်းကို ဘယ်လိုများရနိုင်မလဲပေါ့။

ဆရာမကြီး အနေနဲ. ဆေးရုံတွေမှာ (ကွန်မြူနီကေးရှင်း သင်ဖို.ရာ limit ဖြစ်နေတဲ့နေရာမှာ) သင်ယူမှုပုံစံဟာ rele-modelling လို.ပြောပါတယ်။ အထူးသဖြင့် Ethics, Humanisn နဲ. Professionalism ကို role-modelling ကနေ ရနိုင်တယ်ပြောပါတယ်။ Hidden of informal curriculum လို.ပြောရင်လည်းရပါတယ် လို.ဆိုပါတယ်။

အဲ၊ လက်စသတ်တော့ ကွန်မြူနီကေးချင်းကို တကယ်တမ်း သင်ယူရမှာက ဆရာကြီးဆရာမကြီးတွေပါလားလို. ပြောရဲပါဘူးဗျာ။ သူတို.ကတတ်ပြီးသား။ ပြောရင်းပြောရင်းကြောက်လာလို.တော်လိုက်တော့မယ်နော်။ အဲ၊ ဆေးရုံတွေမှာ ကွန်မြူနီကေးချင်းသင်သင့် မသင်သင့်ဆုံးဖြတ်ဖို.ကတော့ အနော်တို. အရာဟုတ်ဘူး။

အင်းဝခေတ်က မောင်ဖြူနဲ.မိမဲတူ ပေါင်းလာတာကြာမှ မိမဲတူ အသားမဲလို.ပါဆိုတဲ့ အကြောင်းပြချက်နဲ. မောင်ဖြူက ကွာဖို.ကြီုးစားဆိုပဲ။ အဲဒီတော့ ခုံတောင်မောင်ကျဘမ်းကလျောက်ရတယ်။ ခုမှမမည်း၊ရှေးကမည်းသည်၊မည်းမည်းတူတူ၊ မိမဲတူကို၊ ငဖြူကွာသင့်မကွာသင့် ပေါ့လေ။ ခုမှမည်းတာမဟုတ်ပါဘူး။ အရင်ကတည်းကမည်းတာပါပေါ့။ အခုလည်း အဲလိုပဲလျှောက်ရမယ်။

ရှေးကသင်ပေး၊ခုမှတွေးသည်၊ ကွန်မြူနီကေးကို ရှင်းသင့်မရှင်းသင့်၊ တရားထိုက်သင့်၊ ဆင်ချင်တော်မူပါဘုရား။

မကောင်းစိတ်နဲ.ရေးတဲ့စာ

၁။ ဆရာဝန်များ အချင်းချင်ေးသ်ာလည်းကောင်း၊ မီဒီယာများနှင့်သော်လည်းကောင်း၊ ထွက်ပေါ်လာသော အသံများအရ စိတ်မကောင်းစွာ (အခြားစကားမရှိပါ) ဤစာကိုရေးပါသည်။ အပြုသဘောဆောင်ဖို.ထက် ခံစားချက်ကို ဦးစားပေးလိုပါသည်။ နဂို စိတ်အခံကပင် မကောင်းစိတ်အခံများနေ၍ပင်ဖြစ်ပါမည်။ သည်းခံကြစေလိုပါသည်။

၂။ ဆရာဝန်များနှင့် လူနာများ(လူနာစောင့်များ) အဆင်မပြေကြသည်မှာ အနည်းစုပင်ဖြစ်ပါမည်။ ဆေးရုံသို.တက်လာသောလူနာဦးရေ၊ ဂျီပီသို.ရောက်သောလူနာဦးရေ ၊ အထူးကုဆေးခန်းသို.တက်လာသောလူနာဦးရေ တို.ကို စဉ်းစားစေချင်ပါသည်။ ရေခဲကျွန်းသီဝရီအရမူ အပေါ်ယံ ရှိသော ရေခဲတုံးထက် အောက်မှာ နက်ရှိုင်းစွာ ရှိနေမည်လားတော့ မပြောတတ်ပါ။ မရှိလျှင် ဆက်ဖတ်စရာမလိုပါ။ ရှိနေမည်ဟုယူဆလျှင် ဆက်ပါမည်။

၃။ ဆရာဝန်သည် သာမန်လူသာဖြစ်ပါသည်။ အထူးသဖြင့် ၀န်ဆောင်မှုပေးသော လူသာဖြစ်ပါသည်။ ကောင်းကင်မှမလာပါ။ ပါရမီတော် အထူးများမပါလာပါ။ အစိုးရ၀န်ထမ်းများ အခြားနေရာများတွင် ဆက်ဆံရေး အဆင်မပြေလျှင် ရုံးအပြင်ရောက်လျှင် ဆဲသွားရုံသာရှိပါသည်။ ဆရာဝန်များ နှင့် ဆက်ဆံရေး အဆင်မပြေလျှင် ဆဲရုံမက (ယခုနောက်ပိုင်း) တိုင်မည်တောမည်၊မီဒီယာ ကိုဖွင့်ချမည်ပါဖြစ်လာပါသည်။ အကဲဆတ်သော အမှုကိစ္စများ( လူအသက်နှင့်ဆိုင်သော ကိစ္စများ) ကို ကိုင်တွယ်နေရသောနေရာဖြစ်သောကြောင့်ဟုသာ ကောက်ချက်ဆွဲရပါမည်။

၎။ ဆေးရုံဆိုလျှင် ဆရာဝန်များနှင့်သာ ဆိုင်မည်ဟု တရားသေ ထင်ထားခြင်းများကြောင့်လည်း ဖြစ်နိုင်ပါသည်။ သူနာပြုများ အပေါက်ဆိုးလျှင်လည်းဆရာဝန်၊ တံခါးစောင့်များ လက်ဖက်ရည်ဖိုးတောင်းလည်း ဆရာဝန်၊ တွန်းလှည်းပေါ် ဇွတ်တက်ခိုင်းပြီး ပိုက်ဆံပေးရလည်းဆရာဝန် ကတော့မကောင်းပါ။ ဆရာဝန်သည်တာဝန်အရှိဆုံးဟုမပြောပါနှင့်။ သူရို. ကလန်လျှင် ဆရာဝန် ကိုင်းကန်ပါမည်။

၅။ အထူးကုဆေးခန်းကြီးများသည် အထူးဝန်ဆောင်မှုကိုပေးရန် (ပိုက်ဆံရှာရန် စီးပွားရေးလုပ်ငန်းရှင်များက )ဖွင့်ထားသောနေရာ ဖြစ်ပါသည်။ လူနာလည်းဆုံးရော တိတ်တိတ်ဆင်းပြေးသောလူနာရှင်များ ရှိဘူးပါမည်။ ပိုက်ဆံကြိုတောင်းပါလိမ့်မည်။ ဆရာဝန်ကြီးများကို အပြစ်ပြော၍ မရပါ။ သူရို.လည်းအခစားများသာ ဖြစ်ပါသည်။

၆။ ဆရာဝန်ကြီးများကြီးလာလေ၊ တကယ့် အများစုလူနာများနှင့်ဝေးသွားလေဟုပြောရပါမည်။ ဆေးရုံတက်နိုင်သော လူနာ ဟူသည် အခွင့်ထူးခံ လူတန်းစားဖြစ်နေပါပြီ။ ဆေးရုံတက်နိုင်လျှင်လည်း တ၀က်တပျက်နှင့် ဆင်းပြေးကြပါသည်။ ရောဂါကြီးကိုချစ်၍ အိမ်ပြန်မွေးခြင်းမဟုတ်ပါ။ မည်သို.မှမတတ်နိုင်၍ ဖြစ်လိုရာဖြစ်စေ ဆုတ်ခွာခြင်းသာ ဖြစ်ပါမည်။

၇။ အက်ဖိုစီဟူသည် အများအားဖြင့် ဗွီအိုင်ပီဟူသော အဓိပ္ပါယ်ဖြစ်သွားပါသည်။ အန္တရာယ်ရှိသော ကေ့စ်ဟူသည် ဆင်းရဲမွဲတေသော လူနာများထံမှမလာပါ။ မည်သူ.ကိုမှ အပြစ်မတင်ပါနှင့်။ ကိုယ်တိုင်ကြုံမှ ကရုဏာနှင့် အကြောက်၊ဘယ်သင်းက အားကြီးသည်ကို ခံစားသိပါမည်။ အထက်လူကြီးများက သိချင်မှသိပါမည်။ သိချင်လည်းသိပါမည်။ ထိုကဲ့သို. မဖြစ်ရန်နည်းလမ်းသာရှာရပါမည်။

၈။ အချိန်ရှားပါးသောဆရာဝန်ကြီးများ လူနာကို မတ်ဆေ့ခ်ျ အပေးနည်းပါမည်။ ကွန်မြူနီကေးရှင်း မတတ်၍ မဟုတ်ပါ။ ကွန်မြူနီကေးရှင်းကို အော့ဖ် လုပ်ထားခြင်းပါ။ ဗွီအိုင်ပီ ဆိုလျှင် ကွန်မြူနီကေးရှင်းကို အွန်ပါမည်။ အပြစ်ပြော၍ မရပါ။ သူ.နေရာတွင် ကိုယ်လည်းထိုသို.ပဲလုပ်မည်ဟု ယူဆရပါသည်။ လက်လှုပ်မှ ပါးစပ်လှုပ်ရပါသည်။ ထို အချိန်လေးအတွက် မနည်းရင်းထား၊ အားထုတ်ထားရပါသည်။ သူ.အချိန်ကောင်းကို သူအသုံးချရပါမည်။

၉။ လူနာဟူသည်လည်း စိတ်ခံစားချက်အရ ရုပ်ရှင်ရုံအပျော်လာခြင်းခံစားချက်ရှိမနေပါ။ လူနာသည်လည်းကောင်း၊ လူနာရှင်သည်လည်းကောင်း၊ တန်းရှင်း အပြည့်နှင့် မောင်းတင်လာကြသူများဖြစ်ပါသည်။ ဆရာဝန် ကလည်း လူနာက တစ်ယောက်၊ လူနာစောင့် တပြုံကြီး ၀ိုင်းပြောသည်ကို သည်းခံနိုင်မည်မဟုတ်ပါ။ တကယ်ခံစားရသူက မပြောပဲ ဘေးက ပြောနေသည်ကို နားထောင်ဘူးပါသလား။ မနက်ခင်း ညောင့်စူးတဲ့ဆီရောက်ရန် ကလေးအဖေ မနေ.ညက အရက်သောက်လာတာက အစနားထောင်ရန် အချိန်မရှိပါ။ ( ပိုက်ဆံပေါ၍ အထူးကုဆေးခန်း ရွေးလာသော လူနာများကို မဆိုလိုပါ) စိတ်တင်းအားများနေသော နေရာတွင် ဖြစ်ပေါ်သော ဆက်ဆံရေးသည် အဆင်ပြေရန်ခက်ခဲ့ပါသည်။( တရားရုံးများ၊ရဲစခန်းများ သည်လည်း ထိုသို.ဖြစ်ပါလိမ့်မည်။ သို.သော်ရုံးတော်ကို မထီမဲ့မြင်ပြုမှုရှိပါသည်။ ဆေးရုံတော်ကို မထီမဲ့မြင်ပြုမှုမရှိပါ)

၁၀။ ဝေဒနာကိုလည်းကိုယ်ချင်းစာပါသည်။ စိတ်ဇောနှင့် လောနေမှုကိုလည်းကိုယ်ချင်းစာပါသည်။ သို.သော် ဗိုက်တယ်ဆိုင်း နာရီခြား၍ တိုင်းပေးနေသောဆရာဝန်ကို လူနာကို ဆေးမထိုး၍ ညူစူခြင်းမှာ ပညာရပ်၏ သဘောကို နားမလည်ခြင်းသာဖြစ်သည်။ ဖြစ်ခဲ့သမျှများတွင်လည်း ပညာရပ်သဘောကို နားမလည်မှု အပုံပါပါသည်။

၁၁။ သူတပါးဆီမှ ကောင်းတာတွေယူချင်ပါသည်။ တစ်ဖက်စောင်းနင်းယူ၍မရပါ။ လူနာများဘက်မှ အဆင့် အတန်း၊နားလည်နိုင်စွမ်း မြင့်မားလာမှဖြစ်ပါမည်။ အင်မတန်ခက်ခဲသော ကိစ္စဖြစ်ပါသည်။ ဗိုလ်အောင်ဒင်ပြောသလိုပြောရလျှင် ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ ဖဲချပ်လေးကို ဟောသလို….ဟောသလို…..ဟုသာ ပစ်ပြချင်နေပါသည်။

၁၂။ ကိုယ်ဒေသနှင့်ကို ကုန်း၍ ရုန်းနေသော ဆရာဝန်လေးများကို သနားကြပါခင်ညာ ဟု ဘေးမှအော်ပေးချင်ပါသည်။ နိုင်ငံခြားကို အထင်ကြီးပါသည်။ တောမှာနေသူများကိုလည်း ပို၍ အထင်ကြီးပါသည်။

၁၃။ ထို.ထက်ပို၍ ဆိုရန်မရှိပါ။

အိုဘယ့်ဘယ်……အိုဘယ့် မီဒီယာ

ကျင့်ဝတ်များ

ပျင်းမိသည်ကိုအပြစ်တင်ပါ။ ၀ီကီမှာ ဂျာနယ်လစ် ကျင့်ဝတ်များကို အပျင်းပြေဖတ်မိပါသည်။ မကျေလည်စိတ်လေးများနှင့် အနည်းငယ် မြန်မာမှုပြုပါသည်။

သတင်းကန်.သတ်ထိန်ချန်ခြင်း

ဂျယ်နာလစ် အဲမှားလို.ပါ၊ဂျာနယ်လစ်များ အတွက် ချင့်ချိန်စရာကျင့်ဝတ်များထဲကတစ်ခုမှာ သတင်းကန်.သတ်ထိန်ချန်ခြင်း( News manipulation) ဖြစ်ပါသတဲ့။ တခါတခါသူတို.က ထိတ်ချန်ပြီး တခါတခါကျတော့လည်းသူတို.ကို ထိန်ချန်ကြပါသတဲ့။ အစိုးရတို.၊အဖွဲ.အစည်းများတို.က မီဒီယာကို လက်တလုံးခြားလုပ်ဖို.ကြိုးစားကြပါသတဲ့။ ကြိုးစားပုံနည်းလမ်းကလည်းစုံမှစုံဆိုပဲ။ သိသိသာသာရော မသိမသာရောပါ။ အဲ၊ ကြံ.ကြံ.ခံနေဖိ.ကတော့ ဂျာနယ်လစ်တာဝန်ပါ။ ပြည်သူကိုပေးသင့်တာပေးမလား၊ အကြောက်တရားနဲ.ထိန်ချန်မလား၊ လောဘကြောင့်ထိန်ချန်မလား၊ ကိုယ့် အရေးကိုယ်တွေးကြ။


အမှန်တရား

နောက်တစ်ကျောကတော့ အမှန်တရားဆိုပဲ။ အလိုလေးလေး ဒီခေါင်းစဉ်ကြီးအောက်မှာ သိမ်ငယ်သူဘယ်လောက်များလည်စင်းပေးသွားပါလိမ့်။ သူရို.က အမှန်တရားသည်တန်ဖိုးတစ်ခုပါပဲဟုဆိုပါသည်။ ထိုတန်ဖိုး(value) သည် အခြားသော တန်ဖိုးများနှင့် အလွဲအချော်ရှိတတ်ပါတယ်။ အခြားတန်ဖိုးဆိုတာတွေကတော့

-(လူထုစိတ်ဝင်စားမှု) စစ်ဘက်လျှို.၀ှက်ချက်တို.၊ အစိုးရသတင်းဆိုတာမျိုးကလည်း ပါ့ဘလစ်အင်ထရက်စ်နဲ.ကိုက်ချင်မှ ကိုက်တာကလား။ ဆေးရုံတက်၍ သေဆုံးရသည့် ဆယ်ကျော်သက်ပညာတတ်လေးရင်နင့်ဖွယ်ဖြစ်ရပ်မှန်တို.၊ မင်းသမိးလေးခြေစွယ်ငုတ်၍ ရိုက်ရက်ရွေ.ရတို.ဘာတို.၊အို လူစိတ်ဝင်စားမှုပဲဗျာ၊လူတိုင်းသိ။

-(ပုဂ္ဂလိက လုံခြုံခွင့်) privacy ကလည်း အမှန်တရားနဲ.ထိတ်တိုက်တွေ.နိုင်တဲ့ တန်ဖိုးတစ်ခုပါပဲ။ ဒါဟာ အခြေခံလူ.အခွင့်အရေးလည်းဖြစ်တယ်။ ပါပါရာဇီ ကြောင့် သေဆုံးရတဲ့ ဒိုင်ယာနာ မင်းသမီးကိုသတိရကြပါလေ။

-(အပျော်အပါး) Fantasy ဆိုတာကလည်း ဖျော်ဖြေရေးပေကိုး။ ဂျာနယ်လစ်က အပျော်နဲ. အမှန်တရားကိုရောလွှတ်လို.ရပါတယ်တဲ့။ ဒါပေမယ့် ဖတ်ရတဲ့သူကတော့ ကျင့်ဝတ်ဆိုင်ရာ လွန်ပွဲကြီးထဲရောက်သလို ဘယ်ဟာ ဆုတ်ကိုင်ရမှန်းမသိတော့ဖြစ်တတ်ဆိုပဲ။

-(အာလျာယ) taste ကလည်း အမှန်တရားနဲ. ထိတ်တိုက်တွေ.မယ့်တန်ဖိုးတစ်ခုပါပဲ။

ဥပဒေနှင့် ကန်.လန်.ဖြစ်ခြင်း

ဥပဒေနှင့် ကန်.လန်.ဖြစ်ခြင်း ( conflict with the law) ကလည်း ချင့်ချိန်ရမယ့် ဂျာနယ်လစ်ကျင့်ဝတ် ထဲမှာပါဆိုပဲ။ သတင်းရဖို. ဥပဒေကို ဘယ်လောက်အထိ ကျော်လွန်ရယူရမလဲဆိုတာမျိုး၊ ကိုယ့်ဘာသာကို အစိုးရအရာရှိတစ်ဦးမှပြောပါသည်လုပ်လို.မှမရပဲ၊အဟင်း။

အရိပ်များစွာ

နောက်တော့ ဂျာနယ်လစ်တွေမှည Bias ခေါ်တဲ့ အရိပ်ကပ်တတ်ပါသတဲ့။ ကိုယ့်သဘောအရောက်အမှန်တရားကို မပြောနိုင်အောင်ဖိအားပေးခံရတာ၊ကိုယ်စိတ်ညွှတ်ရာမှာ မျှမျှတတမရှိနိုင်တာတွေပေါ့။ အဲဒါတွေကတော့

Advertising bias, ကြော်ငြာရှင်ရဲ.ဆန္ဒပေါ့လေ။ သူပေးတဲ့သတင်းထည့်ရတာပေါ့။

Corporate bias, ဂျာနယ်တိုက်ပိုင်ရှင်တို.၊အဖွဲ.အစည်းတို.ကပေးတာပေါ့။ ထည့်ရတာပေါ့လေ။ ဟိုတခါ ဟိုကိစ္စမှာတောင်နောက်ကွယ်က ဟိုဟာတွေကြောင့်ဆိုပဲ။ ရှင်းတယ်နော်။

Mainstream bias သူများတွေကဒီလိုအုံပြီးပြောနေတော့ ကိုယ့် သဘောအမှန်ကိုမပြောရဲတာမျိုးပေါ့လေ။

Sensationalism, ထူးထူးခြားခြားလေးမှပြောချင်တာမျိုးပေါ့လေ။

တခြား ဘာသာတရားတို.၊ ကျားမတို.၊ နေရာဒေသတို.ကို ထူးထူးခြားခြားမျက်နှာသာပေးတာ၊တိုက်ခိုက်တာ စတဲ့ biasတွေလည်းရှိတတ်ပါသေးတယ်။

အ၀ါရောင်စာမျက်နှာများ


ရန်ကုန်လမ်းညွှန်ကိုပြောတာမဟုတ်ပါဘူး။ သတင်းတန်ဖိုးနည်းပေမယ့် လူစိတ်ဝင်စားလောက်တာကို ခေါင်းစီးနဲ.၊ မျက်စိကို ဆွဲဆောင်မှုနဲ.ဖမ်းထိန်းလိုက်တဲ့ ဂျာနယ်မျိုးပါ။ ရောင်းအားတက်အောင်များသောအားဖြင့် လုပ်လေ့ရှိပါတယ်။ များသောအားဖြင့် ပရောဖက်ရှင်နယ်လည်းမဟုတ်၊ ကျင့်ဝတ်လည်းမလိုက်နာတဲ့သတင်းသမားတွေလုပ်လေ့ရှိပါတယ်။သူတို.လုပ်လေ့ရှိပုံက

၁။ကြောက်စရာစာလုံးမဲကြီးနဲ.ပြူးပြဲ ရေးတတ်ပါတယ်။

၂။လိုသည်ထက်ပိုတဲ့ပုံသုံးပါတယ်။ စိတ်ကူးယဉ်ပုံတွေဖြစ်တတ်ပါတယ်။

၃။ဖိန်.လုပ်ထားတဲ့အင်တာဗျူးတွေ၊ အဓိပ္ပါယ်ကောက်လွဲနိုင်တဲ့ခေါင်းစဉ်တွေ၊ သိပ္ပွနည်းကျယောင်ယောင် ဆင်လုံးတွေ၊ ဆရာသမားအတုတွေစကားတွေနဲ့တန်ဆာဆင်ပါတယ်။

၎။ အထူးထုတ်မှာထည့်ပါတယ်။

၅။နိမ့်ကျတဲ့ ဘ၀ရှိတဲ့သူတွေကို သနားစရာကောင်းအောင်(မျက်ရည်ချူပြီး) ရေးဖွဲ.ပြတတ်ပါတယ်။ ဇာတ်နာစေတာပေါ့လေ။

ဒီသွင်ပြင်လက္ခဏာတွေကို မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဖြစ်ရပ်တွေမှာ ထည့်သွင်းဆုံးဖြတ်ကြည့်ပါ့လား။ စိတ်ဝင်စားစရာကောင်းမှာပါ။

ကောင်းတဲ့စိတ်နဲ.ရေးတဲ့စာ

၁။ မနေနိုင်၍ လူနာကိုကုန်းရုန်းကုနေရသော ဆရာဝန်ငယ်များအကြောင်းပြောမိပါသည်။ ကွန်မန်.မှာ ရန်ထောင်ပါသည်။ မတ်စိပို.၍ဆဲပါသည်။ သို.ဖြစ်၍ မကောင်းစိတ်နှင့်ရေးသောစာ၏ အဆက် ကောင်းတဲ့စိတ်နှင့်ရေးသောစာကိုရေးပါသည်။

၂။အမှားကြီးကို အမှန်ထင်၍ လာရောက်ဆဲသောအခါ ငါပြန်ပြောမယ်ဟဟု ရှေးဦးစွာတွေးမိပါသည်။ နောက်မှ ဆင်ချင်ကြည့်ရာ သူတို.လည်းတကယ်ခံစားထားရသဖြင့် နာကျည်းချက်ဖြစ်နေသည်လည်း ဖြစ်နိုင်ပါသည်။ ဘေးပတ်ဝန်းကျင်ဝယ်ကြုံထထားသည်လည်းဖြစ်နိုင်ပါသည်။ သို.မဟုတ် အထင်နှင့်ရမ်းတုတ်သော စကားများ အဆင့်ဆင့်ကားသည်လည်း ဖြစ်နိုင်ပါသည်။ မီဒီယာအသံကိုနားယောင်သည်လည်းဖြစ်နိုင်ပါသည်။ ပညာရပ်၏ သဘောသဘာဝကို နားမလည်သဖြင့် အမြင်မှားသည်လည်းဖြစ်နိုင်ပါသည်။ အမျိုးမျိုးဖြစ်နိုင်ပါသည်။ အမျိုးမျိုးအနည်းငယ်စီပေါင်းသွားသည်လည်းဖြစ်နိုင်ပါသည်။


၃။ အထူးကုဆေးခန်းကြီးများနှင့် ဆရာဝန်ကြီးများကို အတူတူတွဲမမြင်စေချင်၍ ပြောမိပါသည်။ အတူတူရော၍ အဆဲခံရပါသည်။ ကွန်မြူနီကေးရှင်းမအောင်မြင်ပါ။ ငါလည်းရှင်းအောင်ရေးမိတာပဲလို.တွေးပါသည်။ ပိုက်ဆံတောင်းသော ဆေးခန်းများတွင် ပိုက်ဆံတောင်းသူနှင့် ဆေးကုသူသတ်သတ်စီပင်ခွဲမမြင်ကြပါလားဟုတွေးမိပါသည်။ ပညာတတ်များဖြစ်မည်ဟုခန်.မှန်းရာ (အထူးကုဆေးခန်းတွင်ကုဘူး၊အင်္ဂလိပ်အသုံးအနှုန်းများပါ) တကယ့်တောနေလူတန်းစား(မြန်မာနိုင်ငံသားအများစု) ဆိုလျှင်ဟုတွေးလျှင်ရင်လေးရပါသည်။ ဆင်းရဲသား များတွင် ပြောကောင်းဆိုကောင်းနားလည်နိုင်စွမ်း ရှိသူများတွေ.ဘူး၍ ဖြေသာပါသည်။

၎။ ဂျော်နသန်စင်ယော်တွင် ပါသောမေးခွန်းကိုကိုယ့်ဘာသာပြန်မေးရပါသည်။ ကိုယ့်အသက်ကိုရန်ရှာသော စင်ယော်များကို ကယ်တင်နိုင်လောက်အောင် ပါရမီ ပြည့်ဝပြီလားဟု မေးမိပါသည်။ ကျန်သော ဆရာဝန်များကိုလည်းမေးချင်မိပါသည်။

၆။ လူနာတစ်ယောက်ကို သုံးမိနစ်ပင်မကြည့်သော ဆရာဝန်ကြီးများရှိပါလိမ့်မည်။ အထူးကုဆေးခန်း လူနာအခန်းဝကရပ်ပြီး ဆရာဝန်ကြီးက နေကောင်းလားမေးသည်ကို လာရောက်ကြည့်ရှုခ တွက်တောင်းသောဆေးခန်းများပင်ကြားဘူးပါသည်။ ကိုယ့်မိသားစုကိုပင် အလေးမပေးနိုင်လောက်အောင် ကိုယ်ပိုင်အချိန်ကိုဖဲ့နေရသောဆရာဝန်လေးများကို မမြင်ချင်ယောင် ဆောင်ကြပါလေဟုပြောချင်ပါသည်။ တစ်ညနှစ်ခါလောက် နာရီသံပတ်ပေး၍ တစ်ပတ်လောက်အိပ်ကြည့်ပါဟု စိတ်ပေါက်ပေါက်နှင့်ပြောမိလျှင် မကောင်းစိတ်နဲ.ရေးတဲ့စာပြန်ဖြစ်သွားတော့မည်။

၇။အင်ဖေါ်မေးရှင်းအမှားကြီးကို လူထုစာမျက်နှာတွင်ကွန်မန်.လာတင်ပါသည်။ မသိသူများက ထပ်၍ ယုန်ထင်ကြောင်ထင်ဖြစ်ပါမည်။ ရှင်းပြချင်ပါသည်။ ဆေးအတွက်ပိုလေးနေပြီလား ဟုပင် စိတ်ငယ်ရပါသည်။ ပညာရပ်ကို နားမလည်၍ ဟုပြောလျှင်လည်းသမားဂုဏ် ထပ်ပြပြန်ပြီဟုထင်ပါလိမ်.ဦးမည်။ (ကွန်မြူနီကေးရှင်းကျွမ်းကျင်သော ဆရာကြီးများလာရှင်းလျှင်ကောင်းပါမည်။ ကွန်မြူနီကေးရှင်းကို သင်မရဟု ဆိုသောဆရာလေးများပျော်ကြပါလေ၊ စကားစပ်၍ ဆိုခြင်းပါ၊ ကွန်မြူနီကေးရှင်းနှင့် မပတ်သက်ပါ)

၈။ သခင်ကိုယ်တော်မှိုင်းပြောခဲ့သည်ဟူသော စကားကိုရှင်းရပါမည်။ တကယ်ပြောမပြော အထောက်အထားမသိပါ။ (ထမင်းတလုတ်အတွက် ထင်းခုတ်စားလည်းဖြစ်ပါတယ်
နားကြပ်ထောက်ပြီး ဓားပြတိုက်တာဟာ အင်မတန် ရွံစရာကောင်းတယ်။)ရောချခြင်းဖြစ်ပါမည်။ ထမင်းတစ်လုပ်အတွက်ထင်းခုတ်အထိဖတ်ဘူးပါသည်။နားကြပ်ထောက်ပြီးဓားပြတိုက်သည်ဟု ဘယ်မှာရေးခဲ့ပါသနည်း။ ပညာရှိများရှာပေးကြရန်တောင်းပန်ပါသည်။


၉။ ဘယ်ဆရာဝန်မှနားကြပ်ထောက် ဓားပြမတိုက်ဘူးပါ။ ငါကုပါရစေဟု၍ ဆွဲလွဲမကုဘူးပါ။ ဆရာဝန်ကျင့်ဝတ်များအတိအကျ ပြဌာန်းပြီးသားရှိပါသည်။ ဆေးကုခဈေးကြီးလျှင် ပြောပါမည်။ လူနာသေလျှင် အသက်က တန်ဖိုးဖြတ်မရတော့ပါ။ တရားကျစရာကောင်းပါသည်။ သနားနေရုံကလွဲ၍ မတတ်နိုင်ပါ။


၁၀။ ဆက်ရေးလျှင် မကောင်းစိတ်များ ပိုဝင်လာတော့မည်ဖြစ်၍ ဤနေရာတွင်ရပ်ပါမည်။ ထို.ထက်ပိုကာဆိုရေးရှိလျှင် ဆိုပါမည်။

ရုပ်ဆိုးတဲ့ကဗျာ

စွန်.လွှတ်ရခြင်းက ကြမ်းတမ်းရုပ်ဆိုးလွန်းတော့
ဒီကဗျာ
လှပအောင် မဖွဲ.နိုင်တော့ပါဘူး အစ်မရယ်။

တမလွန်မှာ
အမေနဲ.တွေ.နေမလား
စိတ်မချနိုင်တဲ့အဖြစ်နဲ.
ဒီအိမ်ဒီမောင်တွေ အနားမှာပဲ
တ၀ဲလည်လည်ဖြစ်နေမလား
မခံစားပါနဲ.တော့အစ်မရယ်။

အပျက်ကို မတွေးရဲတဲ့သူဟာ
အဖြစ်ကိုလည်းမတွေးရဲတော့ဘူး
အဖြစ်အပျက်တို.ရဲ့ အဆုံးက
ဆုံးရှုံးခြင်းကိုလည်း မတွေးရဲဘူး
အဖြစ်အပျက်တို.ရဲ. လွန်မြောက်ရာကိုပဲ
မ၀ံ့မရဲ မျှော်…….ရ………တယ်။

ဝဋ်ဆိုတာ
လည်တတ်တဲ့သဘောရှိရင်တောင်
တို.မောင်နှမတွေ
ဒီလူတွေကို လက်တုံ.မပြန်ပါရစေနဲ.တော့
မိန်းမသားတစ်ယောက်ကို
လုယက်၊သတ်ဖြတ်တဲ့အမှုမျိုး
သံသရာမှာတောင် မကြားပါရစေနဲ.တော့
အဲဒီလို ဆုံးဖြတ်ကြပါစို. အစ်မရေ။

ဘယ်တော့မှ မရှိလာနိုင်တဲ့ခွင့်လွှတ်ခြင်းကို
မောင်လေး (အစ်မအတွက်)
မျက်ရည်အဖြစ် ခေါင်းလောင်းထိုးလိုက်ပါတယ်
သိနိုင် ကြားနိုင်သော အရပ်မှာလည်းရှိပါစေ
သာဓုခေါ်နိုင်သော ကုသိုလ်အထူးလည်းရှိပါစေ
အစ်မရေ…………..
……………………………………….
…………………………………………………………..


(၂၄.၉.၂၀၁၀ တွင်ဆုံးပါးသွားသော အစ်မသို.)

စိတ်တိုသဖြင့် ရေးသည့်စာ

၁။ ဘယ်သူ.ကိုစိတ်တိုသလဲ မပြောချင်ပါ။ အားလုံးကို တိုခြင်းလည်းဖြစ်နိုင်ပါသည်။ ကိုယ့်ကိုကိုယ် တိုခြင်းလည်းဖြစ်နိုင်ပါသည်။ ကိုယ်နဲ.ဘ၀တူဆရာဝန်များကိုတိုခြင်းလည်းဖြစ်နိုင်ပါသည်။ ကိုယ်နှင့် ဘ၀မတူဆရာဝန်များကို တိုခြင်းလည်းဖြစ်နိုင်ပါသည်။ ဘာကိုတိုမှန်းမသိ တိုခြင်းလည်း ဖြစ်နိုင်ပါသည်။ သို.သော် ကိုယ့်ကိုကိုယ် ခွင့်လွှတ်၍ ထုံးစံအတိုင်းသူများကို ပုံချသောစကားဆိုပါသည်။ ငါတို.လည်းဒီလိုပဲဟု သူများကို အပြစ်ပြောတတ်သူများ နားလည်စေချင်ပါသည်။ နားမလည်လျှင်လည်းရှိပါစေ။ စိတ်တို၍ ထွက်ပေါက်ရှာကာ ပွစိပွစိရွတ်နေသူတစ်ဦးဟု ဘေးမဲ့ပေးလိုက်ပါလေ။

၂။ ပေတံက ရှာရန်လွယ်ပါသည်။ ဂျပန်ပေတံ၊အမေရီးကန်ပေတံ၊ ဗလစ်တစ်ပေတံ၊ ကြိုက်သည့်နေရာမှာရှာပါ။ စံနှုန်းတွေ တစ်ပြုံတွေ.ပါမည်။ သို.သော် မြန်မာနိုင်ငံသည်မြန်မာနိုင်ငံသာဖြစ်ပါသည်။ သူများပေတံကို မကြည့်ချင်၍ မဟုတ်ပါ။ ကြည့်ချင်ပြင်ချင်ပါသည်။ သို.သော် ကိုယ့်အနေအထားကိုလုံးလုံးပြန်မကြည့်ပဲ (မျက်မမြင်ပြောသလို အဖြူရောင်ဆိုတာ လက်မောင်းကြီးပါကွာဟုပြောခြင်းမျိုးမဟုတ်ပါ၊ ပညာရပ်ဆိုင်ရာအထောက်အထားနှင့် ပညာရှင်ဆန်စွာ ကြည့်ခြင်းမျိုးပါ) ပေတံတွေ လာလာတိုင်းနေတော့ ငပုမှာ စိတ်ဆိုးရခက်နေပါသည်။ ကိုယ်ဘယ်ရောက်နေသလဲ မသိပဲနှင့် ကိုယ်သွားချင်ရာစွတ်သွားလို.မရပါဟု မန်းနေ.ခ်ျမန်.ဆရာကြီးများငေါက်မည်စိုး၍ သတိပေးပါသည်။

၃။ဆားဗစ်ထဲကလူတိုင်း (ဆရာဝန်များအပါအ၀င်) ၀န်ထမ်းသာဖြစ်ပါသည်။ အခြားဝန်ထမ်းများနည်းတူ ထားရာနေစေရာသွားရမည်သာဖြစ်ပါသည်။ (စေလွှတ်သူများအကြောင်းခဏမေ့ထား၍) ကိုယ်ကိုယ်တိုင် အထက်လမ်းအောက်လမ်း ကင်းပါရဲ့လား စဉ်းစားကြည့်ပါ။ အငယ်များကလည်း ဂျီပီမကောင်းလျှင်မသွားချင်။ လိုချင်သောနေရာရဖို. နည်းပေါင်းစုံသုံး။ အကြီးများကလည်း မိုးရွာတုန်းရေခံ။ တိုင်းပြည်အတွက်ဟု စဉ်းစားသူရာခိုင်နှုန်း မည်မျှရှိပါသနည်း။ နယ်ဆိုလျှင် မိဘမမာ၍၊ ကလေးငယ်သေး၍ အကြောင်းပြချက်မျိုးစုံနှင့် ကြိုးစားကြ၊ အသနားခံစာတင်ကြ၊ အထက်လမ်းအောက်လမ်းသုံးကြ။ နိုင်ငံခြားဆိုလျှင်တော့ အမေကြောင်းလည်းမပြော၊ အဖေကြောင်းလည်းမပြော၊ကလေးကြောင်းလည်းမပြော၊ ကောက်ကောက်သာ ပါတော့သည်ဟုပင်ဆိုရပေမည်။

၎။ ရဟန်းခြောက်ကျိတ်ကို ဘုရားရှင်က တစ်ကြောင်းတည်းသောလမ်းကို နှစ်ပါးမသွားလေနဲ.ဆိုပြီးသာသနာပြုစေလွှတ်သလိုမျိုး ဆရာဝန်တွေကို စေလွှတ်လို.ရရင်ဘယ်လောက်ကောင်းမလဲ။ မြန်မာနိုင်ငံမြေပုံထဲမှာ ဆရာဝန်များပျံ.နှံ.တည်နေပုံကို အစက်လေးတွေချကြည့်ပါ့လား။ ဘယ်နေရာတွေမှာ အစက်တွေခဲနေအောင်ပုံနေမလဲ။ တွေးကြည့်ရုံနှင့် သိသာပါသည်။ နေရာမကောင်း၍ ဂျူတီရီပို.တင်ကာပြန်လာပြီးရန်ကုန်၊ မန္တလေးမှာ နှပ်နေသူများသည် အခွင့်သင့်လျှင် တိုင်းပြည်မကောင်းကြောင်းထိုင်ဆဲသူများသာဖြစ်ပါသည်။ စနစ်မကောင်းကြောင်း ပယ်ပယ်နယ်နယ်တွယ်ပါလိမ့်မည်။

၅။ စနစ်ကိုကောင်းသည်မပြောပါ။ စနစ်ကိုဖေါ်ဆောင်သူများမပြင်မချင်း မည်သည့်စနစ်မှကောင်းလာဖွယ်ရာမမြင်ပါ။ စနစ်ကိုဖေါ်ဆောင်သူများတွင် အောက်ဆုံးမှ အထက်ဆုံးအထိပါပါသည်။ သူများကိုလက်ညိုးထိုးရန်လွယ်ပါသည်။ ကိုယ့်ကိုကိုယ်ကျ ဆင်ခြေတွေ ပေးစရာပုံနေပါသည်။ မည်သူ.မှမပြောပါ။ ကိုယ့်ကိုကိုယ်ကြည့်ပြောလိုက်လျှင်သူများလည်း အတူတူပင်ဖြစ်ပါသည်။

၆။ မန်း၊မန်းနီး၊ မက်တီရီယယ် သုံးမျိုးကို တောင်းရကောင်းမှန်းသိကြပါသည်။ တကယ်လိုအပ်၍ တောင်းခြင်းဖြစ်သလို ကိုယ့် သြဇာအာဏာထူထောင်ရန်လည်း ပါနေပါမည်။ တိုင်းပြည်အတွက်ဟုပြောနေရသည်မှာ ကြီးကျယ်နေပါသည်။ မပြောရဲပါ။ ကိုယ့်တာလေးကိုယ် လုံကြရဲ့လား ဟုသာ မေးရပါမည်။ လုံကြပါတယ်ဟုပြောလျှင် မီဒီယာများ မဖွအောင်နေကြပါဗျာ ဟုပြောမိလျှင်ဝိုင်းဆဲပါလိမ့်မည်။ ဖြစ်ပြီးမှ လိုက်ရှင်းပြရသည်မှာခက်ပါသည်။ မဖြစ်အောင် နေနိုင်လျှင် ကောင်းပါမည်။ ပြည်သူလူထုသည် အဖြူပေါ် အနက်ထင်လျှင်ယုံတတ်သော အသိပညာလောက်သာရှိသူဖြစ်ပါသည်။(အများစုကိုဆိုလိုပါသည်။) ဆရာဝန်စကားထက် ဘေးအိမ်ကစကားကို ပိုယုံနေလျှင် အပြစ်မတင်ပါနှင့်။ ဘေးအိမ်ကလူသည် ဆရာဝန်ထက်စေတနာပါသည်ဟု သူထင်၍ဖြစ်ပါသည်။ ဒေါသမထွက်ပဲ ဆရာဝန်က စေတနာပိုကောင်းရုံမက ပိုတတ်ကြောင်းပြနိုင်ရပါမည်။

၇။ မီဒီယာက အစကတည်းက အကျိုးအမြတ်ရလျှင် လုပ်မည့်သူများဖြစ်ပါသည်။ ဆေးလိပ်၊ အရက် ကြော်ငြာခွင့်လေးသာ ပေးကြည့်ပါဟုပြောချင်ပါသည်။ အမှန်တကယ် ပြည်သူ.အကျိုးလိုလားသော မီဒီယာ နည်းနေသည်မှာ ကြာပါပြီ။ ဆာဆာလူနှင့် သိုးသိုးထမင်းဆိုင်တွေ.လျှင် အရောင်းအ၀ယ်ဖြစ်တတ်ပါသည်။ ကိုယ့်ဘက်က တာ လုံထားစေချင်ပါသည်။ ဆက်ပြောလျှင် စကားတွေကျွံကုန်မည်စိုးရပ်ထားပါမည်။ သူရို. ကိစ္စကို မပြောပဲ ကိုယ့်လူကိုယ်ပဲ ပြောရပါမည်။ ဆရာဝန် အများစု ဒေါသထွက်လည်း မဖြစ်ပါ။ ဆိုးသူများလည်း များစွာရှိနေနိုင်ပါသည်။ အခါများစွာကောင်းလာပြီးမှ တခါလေး အဆင်မပြေချိန် ဟိုးဟိုးလည်းကျော်သွားနိုင်ပါသည်။ အသက်တရာမနေရ၊ အမှုတရာပွေရနိုင်ပါသည်။ သတင်းဟူသည် လူကခွေးကိုကိုက်မှသတင်း ဖြစ်ပါလိမ့်မည်။ ရမ်းကုကြောင့် တောက မထင်မရှား သူရင်းငှားဆုံးသည်နှင့် အထူးကု ဆရာဝန်ကြီးကြောင့် သနားစဖွယ် ဆယ်တန်းအညွန်.အဖူးလေးဆုံးသည်မှာ အသက်တန်ဖိုးတူသည်ထားဦး (မီဒီယာအတွက် ) သတင်းတန်ဖိုးမတူကြောင်း သတိထားတော်မူစေချင်ပါသည်။

၈။ ပိုဆိုးသည်မှာ အချင်းချင်းကပင် အမြင်မှားနေ၍ ဖြစ်ပါသည်။ ဒေ၀ဒတ်မကောင်းသည်နှင့် ဘုရားရှင်၏ အုပ်ချုပ်မှုညံ့ဖျင်း၍ ဟုပြောသလိုမျိုးပြောနေပါသည်။ စနစ်နှင်ဆိုင်သည်လား၊ လူနှင့်ဆိုင်သည်လား။ လက်ဖက်ရည်ဆိုင်တွင်ပြောသည်က အပြစ်ကင်းပါသည်။ အော်ဖစ်ရှယ်လီးပြောသည်ဆိုလျှင် စနစ်တကျပြောနိုင်ရပါမည်။ မြန်မာနိုင်ငံ၏ ဆရာဝန်ဦးရေ မည်မျှ၊ ဖြစ်သောအမှုမည်မျှ၊ ဆရာဝန်ပေါ့ဆမှုမည်မျှ၊ မီဒီယာဖွမှုမည်မျှ၊ ဘာမှမတွေးပဲ မပြေးသော်လည်း ကန်ရာ ရှိလိုက်ကြပါသည်။

၉။အုပ်ချုပ်ရေးနေရာတွင် နေရသူများကိုကိုယ်ချင်းစာကြပါ။( ကိုယ်မပါပါ၊ ) တိုင်းပြည်ကောင်းအောင်လုပ်ဖို.ကိုယ်ရှိနေမှလုပ်နိုင်ပါမည်။ ဟိုဘက်ဒီဘက်မျှအောင်လုပ်နေရသူများဖြစ်ပါသည်။ သူရို.တွင်လည်း အထက်ရှိပါသည်။ ကိုယ့်တိုင်းပြည်အတွက်စွတ်လုပ်တာများ၍ ကိုယ့်နေရာပျောက်လျှင်ဆက်လုပ်နိုင်မည်မဟုတ်ပါ။ ကိုယ့်အတွက်ကိုလည်းလုပ်ပါလိမ့်မည်။ ကိုယ်ကိုယ်တိုင်ရောက်လျှင်ပိုလုပ်လောက်မည်ဟု ကိုယ်ချင်းစာပါ။ ရာနှုန်းဖြင့်ပြောလျှင် တိုင်းပြည်လေးဆယ်၊ကိုယ့်ဖို. လေးဆယ်၊ကြောက်၍ နှစ်ဆယ်ဆိုလျှင် (ကျွန်တော့ အလိုအရ) လက်ခံပါသည်။ ပေါ်လဆီမိတ်ကာလယ်ဗယ် ကိုပြောနေခြင်းပါ။ အငယ်များအတွက် ကိုယ့်အတွက် ခြောက်ဆယ်၊ မပြုတ်ရန်တစ်ဆယ်၊ တိုင်းပြည်သုံးဆယ်ဆိုလျှင်ပင်တော်တော်ကြေနပ်ရပါသည်။

၁၀။ ဘေးမှနေ၍ ဘုပြောနေသူများ မြန်မာနိုင်ငံကျေးလက်ဒေသများတွင် အလုပ်နှင့်သက်သေပြလျှင် အတော်ကောင်းပါမည်။ ပေါ်လစီမိတ်ကာမဟုတ်ပဲ၊ ပေါ်လစီမိတ်ကာတို.၏ အခက်အခဲကို မသိပဲ ဟိုဟာကောင်းဒီဟာကောင်းပြောရသည်မှာလွယ်ပါသည်။ ဆရာကြီးဝန်ကြီး (မခေါ်ဘူးတော့လျှာယားလိုက်တာဗျာ) အစည်းအဝေးများတွင် ခဏခဏပြောသော စကားရှိပါသည်။ အရင်တုန်းကလို စိတ်ဆိုးမှာကြောက်လို.၊ဘာဖြစ်လို.ညာဖြစ်လို. မပြောရဘူးဆိုတာမရှိပါ၊ ပြောစေချင်ပါသည်၊ လာပြောကြပါဟု ဆိုပါသည်။ ပြောကြပါ။ တောင်းကြရန်မဟုတ်ပါ။ ပညာရှိဆန်ဆန်ပြောကြပါ။ အော်ဖစရှယ်လီးပြောရင်တော့ ရမ်းတုတ်တာမဖြစ်စေချင်ပါ။

၁၁။ ဆရာဝန်ဆိုသူများ အတ္တကြီးကြပါသည်။ နိုင်ငံခြားထွက်ရင် လျော်ကြေးတောင်းသည်ပဲ ပြောကြသည်။ ကိုယ်ဘောင်းထိုးထားတာမပြောကြပါ။ သေချာရောဖတ်ပြီး လက်မှတ်ထိုးခဲ့တာမှ ဟုတ်ပါလေစ ဟု အံ့သြရပါသည်။ ခုမှတော့ချော့လာပါနဲ.၊ ငေါ့တော့တော့ဘာဂလိုတိုတိုဟု သီချင်းဆိုပြချင်ပါသည်။ ရုံးက ဆရာမပြောသလို အစကတည်းက မဖတ်ကြဘူးလားမသိဘူးဟုပြောလျှင် အခြားနိုင်ငံများနှင့်ချီပြီးပြောပါလိမ့်မည်။ နိုင်ငံ့တာဝန်ထမ်းဖို. နိုင်ငံတော် အကျိုးအတွက်ဆိုတာလေး ဘယ်ချောင်မှ ကျကျန်ခဲ့သလဲမသိပါ။ အချို.ကလည်း ဆေးကုဖို.ကလွဲပြီး ၀န်ထမ်းကျင့်ဝတ်မသိကြဘူးပဲဟု ခွင့်လွှတ်ရပါသည်။ ၀န်ထမ်းမဟုတ်သောဆရာဝန်များကိုလည်း အော် မသိရှာဘူးလေပဲဟု ခွင့်လွှတ်ရပါသည်။ ကိုယ့်ကိုကိုယ်ကျလည်း အော် နင်မမြင်ချင်ယောင်မှ မဆောင်နိုင်ပဲဟု ခွင့်လွှတ်ချင်ပါသည်။ တောသွားလျှင်လျော်ကြေးမပေးရပါဟု သတင်းပါးပါသည်။

၁၂။ ပြုပြင်ပြောင်းလဲရေးသမားများရှိသည်မှာကောင်းပါသည်။ ပုံပြင်လေးတစ်ပုဒ်ပြောချင်ပါသည်။ သားလုပ်သူက အဖေကို မေးပါသည်။ အဖေ၊ အော်တာနေးတစ်ဆိုတာဘာလဲ။ အဖေကရှင်းပြပါသည်။ သားရေ၊မင်းမှာကြက်ဥလေးတစ်လုံးရှိတယ်၊ အဲဒီကြက်ဥလေးက ပေါက်လာတယ်။ ဆက်ဥတယ်၊ သားကပြုစုစောင့်ရှောက်လို. ကြက်ထောင်ပေါင်းများစွာရှိတဲ့ ကြက်ခြံကြီးဖြစ်လာတယ်။ တစ်နေ.မှာ မိုးတွေရွာ၊ရေတွေကြီးတော့ ကြက်ခြံကြီးရေမြုတ်ပြီး ကြက်တွေအားလုံးသေသွားတယ်။ ကြက်ဆိုတာ ရေမှမကူးတတ်ပဲ။ အဲဒီတော့ သားက အော်တာနေးတစ်အနေနဲ. ဘဲမွေးပါ ဟူသတည်း။



၁၃။ ထို.ထက်ပို၍ ဆိုရန်မရှိပါ။

ပုဆိန်ဖြင့် ထွင်းသည့်စာ

၁။ နတ်ထွင်းသည့် ခံတွင်းများအတွက် ပုဆိန်ဖြင့်ထွင်းရမည်ကိုအားနာပါသည်။ အပ်ပျောက်နေ၍ ပုဆိန်ဖြင့်ထွင်းပါသည်။ ပေါ့စေလို၍ ကြောင်ရုပ်ထိုးခြင်းမျိုးမဟုတ်ပါ။ လေးစေလို၍ ပိဿာလေးရှာပါသည်။ ပိဿာလေးမတွေ.၍ ငါးဆယ်သားလေးဖြင့်ပစ်ရသည်ကိုလည်း အားနာပါသည်။ နံဘေးတည့်တည့်ကို မမှန်ပဲ ခြေဖျားလက်ဖျားလောက်ချော်ချက်ထိလျှင် (လက်မတည့်ခြင်းအတွက်) တောင်းပန်ပါသည်။

၂။ စာရေးသူသည် အဖွဲ.တစ်ခု၊ နေရာတစ်နေရာ၊ ဆိုက်တစ်ဆိုက်ထဲ အတွက် ရည်ရွယ်၍ ရေးခဲပါသည်။ ယခုရေးပါသည်။ ဆေးပညာမိသားစုအတွက်ရေးပါသည်။ ရည်ရွယ်ရေးသောစာသည် မှန်လှပါ၊ကောင်းလှပါစာမျိုး မဖြစ်တော့သဖြင့်အားနာပါသည်။ ရေးပြီးလျှင်လည်း ဂရုမှ ထွက်မည်မဟုတ်ပါ။ထုတ်မှသာထွက်ပါမည်။ မရှက်တတ်၍မဟုတ်ပါ။ ဆေးပညာမိသားစုမျက်နှာကိုကြည့်ပါသည်။ အက်ဒမင်မျက်နှာကိုမကြည့်ပါ။ (စော်ကားခြင်းမဟုတ်ပါလေ) အက်ဒမင်ဆိုသည်မှာရှိသင့် ရှိထိုက်၍ရှိနေသောအဖွဲ.ဖြစ်ပါသည်။ ကိုယ်ရှိနေခြင်းသည် ဆေးပညာမိသားစုအတွက် အကျိုးမဲ့ဖြစ်စေသည်ဟု ယူဆလျှင်ထုတ်ကြပါလိမ့်မည်။ ကိုယ်ကလည်း အကျိုးမမဲ့ပါဟု ယုံကြည်နေသ၍ ဆက်နေပါမည်။ ကိုယ့်စာကိုမှ ဖတ်ချင်ပါသည်ဟူသော လူငါးယောက်လောက်ရှိနေလျှင် ဆက်နေပါမည်။

၃။ မယောင်ရာကို လူးနေသောဆီများကို တွေ.နေရသဖြင့် ဤစာကိုရေးပါသည်။ ကိုယ့်စာကိုယ်တိုင်လည်း မယောင်ရာကိုရောက်သွားလျှင် ပြောနိုင်ပါသည်။

၎။ ဂရုကိစ္စက စ၍ပြောပါမည်။ (စာရေးသူလည်း ဂရုဖွဲ.ပါသည်။ ကဗျာချစ်သူဟုနာမည်ရပါသည်။ လာရောက်လေ့လာနိုင်ပါသည်။ ) ဂရုသည် တူရာကိုစုထားခြင်းသာဖြစ်သည်။ အင်မတန်ပေါ့ပါးပါသည်။ အဖွဲ.အစည်း (organization) ၊ အသင်းအဖွဲ. (team) မဟုတ်ပါ။ ဆိုလိုသည်မှာ ဦးတည်ချက်ထားဆောင်ရွက်ရသော မစ်ရှင်များ၊အော့ဖ်ဂျက်တစ်ဖ်များမလိုပါ။ ထားလျှင်လည်းပြောစရာမရှိပါ။ သို.သော်တူရာဟု ဆိုလျှင် တူမှရပါမည်။ မတူလျှင်ပြောစရာဖြစ်လာပါမည်။

၎-၁။ ဆေးပညာမိသားစုတွင် ဆေးပညာနှင့်နှီးနွယ်သူများသာ ပါဝင်ရမည်ဟု မသတ်မှတ်လျှင်ရပါသည်။ သတ်မှတ်ရင်တော့ ထိုမူအတိုင်းသာဖြစ်ရပါမည်။ မူကိစ္စတွင် ခြွင်းချက်ထားမိ၍ မြန်မာနိုင်ငံ ၀န်ထမ်းလောက၀ယ် အဆင့်ဆင့် ပြင်မရနိုင်အောင်ဖြစ်နေရသည်ကို ပြန်လည်ကြည့်တော်မူစေချင်ပါသည်။ သဘောထားတင်းမာသည်မဟုတ်ပါ။ ဥပမာပြောရလျှင် စင်ပေါ်မှာ ဟိုဘက်သည်ဘက်လူးလှိမ့်နေသော ဆရာဝန်အဆိုတော်တစ်ယောက်ကို အင်မတန်အမြင်ကပ်ပါသည်။ မျက်စိစပါးမွေးစူးရုံမက စပါးတစ်စေ့လုံး မျက်လုံးထဲဝင်နေသလိုပါပင်။ စာရေးသူ၏မူအရ မကြိုက်သော်လည်း သူသာ ဆေးပညာမိသားစုထဲဝင်လာလျှင် လက်ခံရပါမည်။ (စာရေးသူအက်ဒမင် ဖြစ်ခဲ့ရင်ဖြစ်ပါသည်၊ လုပ်လို၍ စကားဦးသန်းခြင်း မဟုတ်ကြောင်းလည်း အလေးအနက်ဆိုပါသည်) သို.သော် ဆေးပညာရှင်မဟုတ်လျှင် ဘီလ်ဂိတ်လာရောက် ၀င်ခွင့်တောင်းလျှင်လည်း လက်ခံဖွယ်ရာမရှိပါ။

၎-၂။ တဆက်ထဲ အက်ဒမင်ကိစ္စဆက်ပါမည်။ အက်ဒမင်ရှိသင့်၊မရှိသင့် ငြင်းရမည့်ကိစ္စမဟုတ်ပါ။ ငြင်းရမည်မှာ အက်ဒမင်များဘာလုပ်သင့်၊ ဘာမလုပ်သင့်ပဲဖြစ်ပါသည်။ အက်ဒမင်ဆိုသူများသည် ဂရုပိုင်ရှင်မဟုတ်ပါ။ အရှင်းဆုံးဆိုလျှင် သည်ဂရုထဲရောက်လာသူများသည် အက်ဒမင်များကိုကြည့်၍ ရောက်လာသည်မဟုတ်ပါ။ ဆေးပညာ မိသားစုဝင်များဖြစ်၍ ရောက်လာသူများဖြစ်ပါသည်။ (ဆရာကြီးများကို အားနာပါသည်။ သို.သော် ဆရာကြီးများကို အက်ဒမင်ထဲ ဆွဲထည့်ထားသည့်ကိစ္စ၊ နောက်မှရှင်းပါမည်။ ရုံးရှေ.က ကံ့ကော်ပင်တွင် ဓားထစ်၍ မှတ်ထားပါသည်။ မိမိတို.ဆိုင်ရာ အိမ်ရှေ. သစ်ပင်များတွင် ဓားထစ်ထားနိုင်ပါသည်၊)

၎-၃။ အက်ဒမင်များကို တိုက်ခိုက်နေသည်ဟု ထင်စရာဖြစ်နေပါသည်။ လုံးဝမဟုတ်ဟု ကြိုတင်ပြောပါသည်။ ဆေးပညာမိသားစုဟု အဖွဲ. ရှိသင့်ရှိထိုက်၍ ပေါ်ပေါက်လာပါသည်။ တစ်ဦးမဖွဲ.တစ်ဦးက ဖွဲ.မည်သာဖြစ်ပါသည်။ အက်ဒမင်များသည်ပိုင်ရှင်မဟုတ်ပါ။ ဂရုအကျိုးအတွက် ပို၍ အားထုတ်ရမည့်သူများသာဖြစ်ပါသည်။ ဂရုကိုပိုချစ်သူများ ဟု လုပ်ပိုင်ခွင့် ပိုယူထား၍ မနာလိုမဖြစ်ပါ။ ဂရုထဲတွင်လည်း ဆေးပညာမိသားစုအကျိုးအတွက် ထပ်တူချစ်သူများရှိနေနိုင်သည်ကို ဂရုပြုတော်မူကြပါဟု တောင်းပန်သမှုပြုရပါမည်။

၎-၄။ ဂရုအက်ဒမင်များထဲတွင် ဆေးလောက အကျိုးကို ချစ်သူများရှိနေသည်မှာ ပြောရန်မလိုပါ။ တခါတရံ စိတ်လိုက်မာန်ပါ အမှုများလုပ်မိသည်လည်းရှိပါမည်။ ပြောချင်သည်မှာ ဂရု အကျိုးအတွက်ဟူသော စကားလုံးနှင့် အကာအကွယ်ယူကာ မလုပ်သင့်မလုပ်ထိုက်သည်တို.ကို အက်ဒမင်ပါဝါသုံးကာ လုပ်မိမည်ကိုစိုးရိမ်စကားဆိုပါသည်။ ပညာရှင်များ( မဟုတ်သည့်တိုင် အိုင်ကျူမြင့်သူများ) စုနေသဖြင့် ပြဿနာပေါ်လျှင်ပို၍ ပြင်းထန်နိုင်ပါသည်။ မှန်ကန်မှုဖြင့် နေသော အက်ဒမင်များကို ဤနေရာမှ တောင်းပန်စကားဆိုခဲ့ပါသည်။

၎-၅။ မဲဆန္ဒဖြင့် အရာရာဆုံးဖြတ်ရမည်ဆိုသည်မှာ ရှက်စရာကောင်းပါသည်။ လုံးဝ ညှိနှိုင်းမရအောင်ကွဲလွဲသောကိစ္စများကိုမပြောလိုပါ။ တစ်ဦးတစ်ယောက်က ကပ်ဖဲ့လုပ်နေလျှင်သိသာပါသည်။ မှန်သည်ဟု ယူဆလျှင် အက်ဒမင်များလုပ်ပိုင်ခွင့်ရှိရပါမည်။ ပုဂ္ဂိုလ်ရေး မပါရန်သာ ဂရုစိုက်စေလိုပါသည်။ အက်ဒမင်များ၏ ဆုံးဖြတ်ရခြင်းအကြောင်းကိုလည်း ပွင့်လင်းစွာပြောလျှင် နားမလည်မည့်သူ နည်းပါးပါမည်။

၎-၆။ တကယ်တော့ ကြောင်းတူ သံကွဲများပြောနေသူများများပါသည်။ ကွဲပြားသော အသံနောက်ကိုမလိုက်စေလိုပါ။ တူညီသောအကြောင်းသည် ဆေးပညာရှင်များကို တန်ဖိုးထားစေချင်ခြင်း၊အမြင်မမှားစေခြင်း၊ တိုးတက်စေချင်ခြင်း ဟုသာ အမြင်ရပါသည်။ တကယ်တော့ ဆေးပညာလောကသည် နှုန်းစံများပြောင်းလဲလာသည့်(တစ်ကမ္ဘာလုံးမှာ ဖြစ်နေသော) ပြဿနာနှင့် ရင်ဆိုင်မိခြင်းသာဖြစ်ပါသည်။

၅။ ဆေးပညာမိသားစုဖြစ်ပါသည်။ ငကြောင်လေးများအဖွဲ.၊ ကွန်မန်.ချစ်သူများ၊ ဟာသကိုယ်တော်များ၊ စသည့် ဂရုများမဟုတ်ပါလေ။ ဆိုလိုသည်မှာ အဆင့်ရှိသည်(ဟု အနည်းဆုံးယူဆနိုင်သော) ပုဂ္ဂိုလ်များဖြင့်ဖွဲ.စည်းထားပါသည်။ (ကျန်ဂရုများအဆင့်မရှိဟုပြောခြင်းမဟုတ်ပါလေ) ကိုယ့်တာဝန်ကိုယ် ယူနိုင်သူများဖြစ်ပါသည်။ ရိုင်းစိုင်းသူများရှိနေနိုင်သော်လည်း အင်မတန်နည်းပါလိမ့်မည်။ အများစုက ရိုင်းနေသည်ဆိုလျှင်တော့ ဂရုသာ ဖျက်လိုက်ပါတော့ဟု ရှက်ရှက်နှင့် ဆိုပါသည်။ ရှိသောအနည်းစုမှာလည်း ကျောင်းပီးကာစ မာန နှင့် ဖောင်းကားနေချိန်လေးသာဖြစ်ပါမည်။ အချိန်တန်တော့ ကြီးသူကိုရိုသေရမှန်းသိသွားပါလိမ့်မည်။

၅-၁။ တစ်ခါတစ်ရံ စေတနာဇောကြီး၍ အနည်းငယ်ကြမ်းတမ်းသွားသော စကားများ ဆိုကြသူများရှိနိုင်ပါသည်။ ကြမ်းသောစကားဖြစ်စေ၊ နုသော စကားဖြစ်စေ၊ အပြုသဘောဆောင်ဖို. အဓိကဖြစ်ပါသည်။ ဆေးလောက အကျိုးကို တကယ်လိုလားသူများဖြစ်မဖြစ်၊ စကားပေါ်က အရေပြားကိုခွာ၍ အနှစ်အသားကို ကြည့်ကာ ခွင့်လွှတ်စေလိုပါသည်။ မကောင်းသည်ကို မကောင်းဘူး ပြောရဲသူများများစွာလိုပါသည်။ ( အပြောရဲရန်ဟုရေးပါသည်။ အပြောရိုင်းရန်မဟုတ်ပါ)

၅-၂။ ဆရာကြီး၊ဆရာမကြီးများနှင့် တိုက်ရိုက်ထိတွေ.နိုင်သောနေရာဖြစ်ပါသည်။ အကျိုးရှိအောင်အသုံးချစေချင်ပါသည်။ သို.သော် ကိုယ့်လိုဘ ကိုသာကြည့်၍ ပြောနေသည်များကိုတော့ ရပ်စေချင်ပါသည်။ အတ္တကြီးသူများဟု လက်ခံပါသည်။ နည်းနည်းလျော့ပါဟုသာဆိုရပါမည်။

၅-၃။ တစ်ဦးချင်းနှင့်သာဆိုင်သောကိစ္စများကို ဆရာဝန်တွေက အစချီ၍ ပြောမည့်သူများရှိနေပါသည်။ ကိုယ့်တာလေးလုံအောင်လုပ်ကြပါဆိုလျှင် လူမသေစေနဲ.ဟု ဆိုလိုရာရောက်သွားပါမည်။ ဒီထက်ပိုပါသည်။ ပြည်သူလူထုက ပြောလာသည်များရှိတော့ နာရသည်။ အပြောခံရအောင်လုပ်ခဲ့သူများရှိနေ၍ ဟု တနည်းတော့မြင်ရမည်။ ထန်းသီးကြွေခိုက်မှာ နင်းမိသောကျီးသည် ကိုယ်မဖြစ်ပါစေနှင့်ဟု ဆုတောင်းခြင်းသည် အဓိက အလုပ်မဟုတ်ပါ။ ပြည်သူ.အမြင်ကို ပြန်ပြောင်းရန်လိုနေပါပြီ။ ဒီကြားထဲက မသွားချင်သည့်နေရာသွားရ၊သွားချင်သည့်နေရာမသွားရ ငိုချင်းများတင်လာသည်များကိုရှက်ရသည်။ အကြီးအကဲ မကောင်း၍ ဟုဆိုလိုချင်လျှင် ကိုယ်တိုင်ကောင်းရဲ့လားဟု မေးပါရစေ။ အဲဒါမှမရှက်တတ်သေးလျှင် အငြိမ်းစားယူသွားသောဆရာကြီးဆရာမကြီးများ (ရာထူးနေရာမပေးနိုင်တော့သောသူများ) ကို ဒီသီတင်းကျွတ်ကန်တော့ပါရဲ့လားဆက်မေးပါမည်။

၅-၄။ ဆေးပညာမိသားစုကို စည်းလုံးစေချင်ပါသည်။ စည်းလုံးဖို.က အကျင့်တူရပါမည်။ အကျင့်တူဖို.က အမြင်တူရပါမည်။ အမြင်မတူလျှင် သူတပါးနေရာကကြည့်တတ်ရပါမည်။ အေအက်စ်များကလည်းဟောက်စ်နေရာမှာကြည့်တတ်ရပါမည်။ ပီဂျီ မမကလည်းအေအက်စ်ဘ၀က လာသည်ကိုမမေ့ရပါ။ အက်ဒမင်ကလည်း မန်ဘာအမြင်ကိုတွေးရပါမည်။ ယခုတော့ အချင်းချင်းတွေ အမြင်ကွဲအတွေးကွဲနှင့် တိုင်းပြည်တာဝန်ဘယ်လိုများထမ်းဆောင်မှာတုံးဟု မေးပါမည်။

၅-၅။ တိုင်းပြည်ကို တိုးတက်စေချင်သည်က လွယ်ပါသည်။ တိုးတက်စေချင်သူများပုံနေပါသည်။ တကယ်တမ်း ကုန်း၍ ရုန်းရမည်ဆိုတော့ လူမရှိပါ။ ဘေးမှ အပြစ်ပြောနေသူများပုံနေပါသည်။ စနစ်မကောင်း၍၊ဘာ၍၊ညာ၍ ။ အပြစ်ကို ရှာမည့်အစား လမ်းကိုရှာသည်က ပိုအကျိုးရှိပါမည်။ အပြစ်က လူတိုင်းပြူးနေအောင်မြင်တတ်ပါသည်။

၆။ မီဒီယာသည် ရန်သူမဟုတ်ပါဟု အလေးအနက်ဆိုပါသည်။ မှားသော အမြင်ကို မြင်နေသူများသည် အ၀ါရောင်ဂျာနယ်လစ်များ၏ မှိုင်းမိနေသူများဖြစ်ပါမည်။ အမှားရှိသူများကိုကြုံဘူးသူများဖြစ်ပါမည်။ သူတို.ကို ခွင့်လွှတ်.ရပါမည်။ ဤဂရုမှ ဆရာဝန်များ၊ ဆေးပညာရှင်များလုပ်စရာပုံနေပါသည်။ စာမရေးတတ်သူက ပြည်သူကို ဆရာဝန်ဆိုတာ ဒီလိုပါလားဟု အနစ်နာခံပြနိုင်ရပါမည်။ စံနမူနာပြနိုင်ရပါမည်။ စာရေးတတ်သူက (ဆရာဝန်ကောင်းကြောင်းပြောခြင်း မဟုတ်ပဲ) ဆရာဝန်တို.သဘောသဘာဝ၊လုပ်ငန်းသဘောသဘာဝကို ပြည်သူကိုတင်ပြနိုင်ရပါမည်။ အဆက်ဆက်မှားလာခဲ့သည်များကို လက်တွေ.ပြခြင်းဖြင့်ပြင်ဆင်ရပါမည်။ လွယ်ကူသောကိစ္စမဟုတ်၍ အားလုံးဝိုင်းရပါမည်။

၆-၁။ ပြောခဲ့သည်များများပါပြီ။ အချုပ်ဆိုပါမည်။ အသစ်ဆိုတိုင်းမကြိုဆိုနိုင်ပါ။ အဟောင်းမှိုင်းမိနေခြင်းလည်းမဟုတ်ပါ။ မှန်သောအသစ်၊ ကောင်းသောအသစ်၊ မြတ်သောအသစ်ကိုသာလိုချင်ပါသည်။ အဟောင်းထဲမှလည်း မှန်သော၊ကောင်းသော၊ မြတ်သော အဟောင်းကို ဆက်လက်နေရာပေးချင်ပါသည်။

၆-၂။ မှန်ခြင်း၊ကောင်းခြင်း၊ မြတ်ခြင်း ဆိုတာ ဘာပါလဲဟု စံညွှန်းလိုချင်သော၊ စကားကပ်ချင်သော ဆရာ့ဆရာများက မေးလာကြပါလိမ့်မည်။ ကာလာမသုတ်ကိုပြန်ညွှန်းရပါမည်။ မှန်ခြင်း၊ကောင်းခြင်း၊မြတ်ခြင်းသည် အဆွေတော် ဆေးပညာရှင်များ၏ နှလုံးအိမ်ဝယ် သိနေပြီး၊ တည်နေပြီးဖြစ်ပါသည်။ အခိုက်အတန်.အားဖြင့် ပညာမာန်၊ပညာမာန၊ အတ္တမာန်၊အတ္တမာနကြောင့် မြူဆိုင်းနေခြင်းမျှသာ။

၆-၄။ ထို.ကြောင့် မာန်၊မာနတို.ကို ဖယ်ခွာ၍ မြတ်သောအကျင့်၊ကောင်းသောအကျင့်၊မှန်သော အကျင့်များသည် အဆွေတော် ဆေးပညာရှင်၏ နှလုံးသည်းပွတ်ဝယ် ထာဝရတည်ပါစေသတည်းဟုသာ ဆုတောင်းစကားဆိုပါသည်။

၇။ ထို.ထက်ပို၍ ဆိုရန်မရှိပါ။ ။

ဆိုရေးရှိက……

ယောမင်းကြီးဦးဘိုးလှိုင် လျှောက်သည့် စာသားကို မမေ့မလျော့ ကျက်ထားဘူးသည်။ 'အစ်မ နှမ၊ သမီးကကို၊ စ၍ဆက်နှင်း ၊လက်ဆောင်သွင်း၍၊ စိုးမင်းချစ်မြတ်၊ ထိုအမတ်သည်၊ ပညာမရှိ၊သတ္တိကင်းကွာ၊ ဘုန်းကြီးလာမူ၊ ပြည်ရွာပျက်ကြောင်းတစ်ပါးတည်း'ဟူ၍ ဖြစ်သည်။ ဘုရင်က လှံကိုကိုင်၍ ငေါက်သောအခါ ထိုးတော်မူပါဘုရားဟု ရင်ကော့ပေးသည်ကိုလည်း စိတ်မှာစွဲနေသည်။ အမတ်ဆိုတာ ဒီလိုမှပေါ့ဟု ငယ်ငယ်ကတွေးမိသည်။ ကြီးလာတော့ ဒီလိုမဟုတ်သည်များတွေ.လျှင် စိတ်ကမကြိုက်ချင်တော့။

နောက် ဆရာတက္ကသိုလ်ဘုန်းနိုင်က အမတ်ကြီး ဦးပေါ်ဦးအကြောင်း ရေးသည်ကိုဖတ်ရသည်။ ဘိုးတော်ဘုရားက မြေးတော်လေးအတွက် ပုခက်ယဉ်သာလုပ်ရန်သဿမဓ အခွန်တော်မှ ငွေရှစ်သိန်း ထုတ်ယူစေသည်။ ဦးပေါ်ဦးကြားသောအခါ ' မင်းကြီးများ၏ ရှင်ဘုရင်သည် ရှင်ဘုရင်ပါးမ၀သေးပါဘူး' ဟုဆိုသည်။ ဘိုးတော်ဘုရားကြားသောအခါ အရာနုတ်စေသည်။ ဤတွင်မှဦးပေါ်ဦးက ကဗျာဖြင့် ဘုရင်ကိုဆုံးမသည်။

ဆုံးမသည်ဟုပဲသုံးရပါမည်။ အမျက်ဖြေခြင်းမဟုတ်ပါ။ သူ.ကဗျာတွင် ကမ္ဘာဦးနတ်၊သူ.ဥက္ခာတ် ဖြစ်သော မဟာသမ္မတမင်းမှစ၍ မင်းတို.သုံးစွဲရသော အခွန်အတုတ် ခွဲတမ်းကိုချပြသည်။ စင်စစ် သဿမေဓအခွန်သည် စစ်ရေးအတွက်အသုံးပြုရသော အခွန် အလွန်အရေးကြီးသော အခွန်ဖြစ်လေသည်။ ဦးပေါ်ဦးသည် ဓားထက်သောဘုရင်ကိုဓားနီးသောစကား အဓိပ္ပါယ်မဲ့မဆို။ ပညာပါစွာပြောခဲ့သည်။ ရှင်ဘုရင်သည်အဘယ်နည်း။ ရှင်ဘုရင်ပါးဝခြင်းသည်အဘယ်နည်း။

သူသည်မနေနိုင်မထိုင်နိုင်အတင်းပြောခြင်းမဟုတ်။ အမတ်အလုပ်ကိုလုပ်ခြင်းဖြစ်သည်။ ရှင်ဘုရင်ဟူသည် (ယခုခေတ်မြင်နေသလို မိန်းမတွေမိဖုရားတွေ ပေါက်လွတ်ပဲစားယူ၊သက်ဦးဆံပိုင်လုပ်နေသည်မဟုတ်) သူ. ကန်.သတ်ချက်နှင့်သူ ရှိနေကြောင်းသတိပေးခြင်းဖြစ်သည်။ ရှင်ဘုရင်သုံးရသော အခွန်သည် လမိုင်းလယ်ယာခေါ် ရိက္ခာတော်ဆက်လယ်နှင့် နယ်စားပယ်စားများမှ ပို.ဆက်လာသော လက်ဆောင်ပဏ္ဏာ များကိုသာသုံးစွဲခွင့်ရှိလေသည်။

ထိုဆုံးမကဗျာကိုဖတ်ရသောအခါ ဘိုးတော်မင်းတြားသည် ဦးပေါ်ဦးကို နဂိုအရာပြန်လည်ချီးမြှောက်လေသည်။ အမတ် စာဆိုလည်းတင့်တယ်သည်။ မင်းလည်းတင့်တယ်သည်။ သမိုင်းလည်းတင့်တယ်သည်။

++++++++++

ဆိုရေးရှိက ဆိုအပ်လှ၏ လို.ဆိုတဲ့အတိုင်းဆိုအပ်တဲ့နေရာမှာ ဘာကိုဆိုမလဲ၊ ဘယ်လိုဆိုမလဲဆိုတာ အရေးကြီးပါတယ်။ ဘာကိုဆိုမလဲဆိုတာကတော့ စာရေးတဲ့သူရဲ့ အတွင်းစေတနာဇောကိုပြောချင်တာပါ။ စေတနာဇော ကမှန်နေရင် ရင်သီးတဲ့စကားဆိုရင်တောင်(ဆဲသည်ပဲထားဦး) လက်ခုပ်တီးပေးကြမှာပါ။ ဗိုလ်ချုပ်က ခင်ဗျားတို.ေ-ာက်ချိုးတွေပြင်ကြတော့ဆိုရင် နားထောင်ရတဲ့သူမှာအရသာရှိနေပါတယ်။ မန်လယ်ဆရာတော်က ရွှေစည်ကြီးတီးလို.ဆုံးမတဲ့အခါ ရင်ထဲမှာပီတိဖြစ်ရပါတယ်။ အချုပ်တန်း ဆရာဖေက ကုလားမြင်သူ.အမေ----တော့မလို ဆိုတာနဲ.ကြက်သီးမွှေးညှင်းထအောင်ဇာတိမာန် တက်လာပါတယ်။ ဘာကိုပြောချင်တာလဲဆိုတော့ စေတနာဇော မှန်နေလို.ပါ။

ဘယ်လိုပြောမလဲဆိုတဲ့နေရာမှာ ဆရာကြီး ရွှေဥဒေါင်းပြောသလို သာယာညှင်းပြောင်းစွာချော ပြောတာ ရှိနေသလို ပိဿလေးနဲ.ဘေးကိုထုလိုက်သလို ငေါက်ဆတ်ဆတ်ပြောတာလည်းရှိပါတယ်။ဒါပေမယ့် ပြောတဲ့နေရာမှာ အတွင်းဇောစေတနာကသာ အရေးကြီးတယ် လို.ဆိုရပါမယ်။

အတွင်းဇောစေတနာမှန်ပြီဆိုရုံနဲ. အလုပ်ဖြစ်ပြီလားမေးတော့ မဖြစ်သေးပါဘူး။ ကိုယ်ပြောလိုသော ပညာရပ်နယ်ပယ်ကို ကျေကျေညက်ညက်သိရပါလိမ့်မယ်။ဒီလိုမှမသိဘူးဆိုရင်တော့ ခါချဉ်ကောင်မာန်ကြီး ပေမယ့်ခါးသေးနေသလိုပါပဲ။ ပညာဆိုတာက သိပ်အကြီးကြီးပြောတာမဟုတ်ပါဘူး။ ကိုယ်ပြောချင်တဲ့အရာရဲ. အနေအထားရှုထောင့်ပေါင်းစုံကိုထောင့်စေ့အောင်သိရပါမယ်။ ထောင့်စုံအောင်စဉ်းစားရပါမယ်။ ( လက်ဖက်ရည်ဆိုင်ထိုင်ပြောတာကတော့ ရသပေါ့လေ) အစုန်လည်းကြည့်ရမှာဖြစ်သလို အဆန်လည်းကြည့်ရပါမယ်။ အစုန်အဆန်ရဲ့ အဆက်အစပ်ကိုလည်းကြည့်ရပါမယ်။

အ၀ါရောင်ဂျာနယ်လစ်တွေ ဆေးပညာသဘောကိုမသိပဲရေးရင်တောင်မှ လက်ခံပါတယ်။ ဒါပေမယ့် နားစေ့အောင်ထောင်ပြီးမှပြောရမှာပါ။ သူ.ဘက်၊ကိုယ့်ဘက်ကိုလည်းနားထောင်ရပါမယ်။ တတိယ အုပ်စု ကြားနေရဲ့စကားကိုလည်းနားထေင်ရပါမယ်။ စံသဘောတရားကိုလည်းသိရပါ့မယ်။ ပြီးရင်ရေးပါ။မှားနေရင်မှားနေသူတွေကို ရွှေနားတော်ပေါက်လျှောက်လိုက်စမ်းပါ။ ပြောပြီးရင်ရှင်းနိုင်ရပါမယ်။ ဦးပေါ်ဦးတို.လိုပေါ့။

စာဆိုလည်းတင့်တယ်စေချင်တယ်။ သမိုင်းလည်းတင့်တယ်စေချင်တယ်။ ဆိုရေးရှိရင်လည်း ဆိုစေချင်လှပါတယ်။ ။

ဂျီပီညနေအိပ်မက်

တစ်ခုသော ညနေချမ်းအခါဝယ် အကျွန်ုပ်သည် လူနာမလာသော ဆေးခန်းဝယ် ပက်လက် ကုလားထိုင် တစ်လုံးနှင့် လူနာမျှော်ဂါထာရွတ်နေစဉ် မျောက်မြည်းအိပ်ပျော်ကာ အောက်ပါအိပ်မက်ဆန်းကိုမြင်မက်လေသည်။

အကျွန်ုပ် ပက်လက်ကုလားထိုင်ပေါ်ထိုင်နေစဉ် အဝေးဆီမှ စောင်းညှင်း ပတ်သာ သံများ၊ တူရိယာပစ္စည်းများ တီးမှုတ်သံများကြားသဖြင့် မျှော်ကြည့်လိုက်ရာ နီသော ၀တ်ရုံများဝတ်ဆင်ထားသည့် လူတစ်စုသည် ဝေါယဉ်တစ်စီကိုထမ်းကာ အတီးအမှုတ်အခြံအရံများနှင့် အကျွန်ုပ်ရှိရာသို.ရောက်လာပြောဆိုသည်မှာ

'အဆွေတော်သမားတော်၊ လူနာပင့်လာပါသည်'
'အသင်တို. မည်သူ နည်း'

အကျွန်ုပ်လည်း အံအားတသင့် မေးမြန်းမိလေသည်။

'ကျွန်ုပ်တို.သည် အာလကီးယားတိုင်းပြည်မှ အာလကီးယားအာကလောင်မျိုးနွယ်စုဖြစ်ပါသည်'
' သင်တို.တိုင်းပြည်ဝယ် သမားတော်မရှိသလော။ အကျွန်ုပ်မှာ သာမန် ဂျီပလီဆရာဝန်မျှသာဖြစ်ပါသည်'

ထိုအခါ အုပ်စု အကြီးအကဲသည် ခေါင်းကိုညွှတ်၍
' ကျွန်ုပ်တို.ပြည်ဝယ် သမားတော် အလွန်ပေါပါသည်။ အဘယ်မျှပေါသနည်းဟု ဆိုသော် ညနက်သန်းခေါင် လူရှင်းချိန် လမ်းသွားစဉ် ဘေးကိုတံတွေး မထွေးရဲပါ။ သမားတော်တစ်ယောက်ယောက်ကိုထွေးမိမည်စိုးရပါသည်'

'အနို.ဖြင့် ဘာလို.အကျွန်ုပ်ကို ပင့်သနည်း'

' လက်ရှိသမားတော်များသည် မအားပါ။ တိုင်းပြည်ရှိ မောင်းတော်သားများနှင့် တိုက်ပွဲဆင်နွဲနေပါသည်။ တိုက်ပွဲတွင် မပါဝင်သူရို.မှာလည်း မောင်းတော်သားများ၏ မောင်းတော်သံကိုကြောက်၍ ဆေးမကုရဲပါ'

'အော်၊ သွေးနဲကြသကိုး၊ရှိစေတော့၊ဒါနဲ. ကျွန်ုပ်က ဘယ်သူ.ကိုကုရမှာလဲ၊ဘာရောဂါလဲ'


'တိုင်းပြည်၏ ဘုရင့်သမီးတော်'မိန်းဝေစုပုံ.လေးတူဂျာအောတက္ကရည်းဂျား' ဖြစ်ပါတယ်။ မျိုးနွယ်စုနာမည် မှတ်ရခက်ရင် မော်နီချစ်ချစ်များလို. အတိုမှတ်လို.ရပါတယ်။ ရောဂါကတော့အဆန်းပါ။ မောင်းတော်သူ သမီးပျိုလေးတွေကို ဆံပင်ဆွဲ ပါးရိုက်ချင်တဲ့ရောဂါပါ'

'အိမ်း၊ ရှိစေတော့၊သို.ဂလိုဖြင့် ဒိုးကြပါစို.ရဲ့'

++++++++

အကျွန်ုပ်လည်း ဝေါပေါ်တက်၍ လိုက်ပါလာခဲ့ရာ လမ်းခရီးတွင်တွေ.ရသောရှုခင်းများအကြောင်းငြီးငွေ.မည်စိုး၍ မရေးတော့ပြီ။ သို.ရာတွင် သူရို.၏ ခေါင်းဆောင် အာလဂါပြိုးဖြည့်နှင့် အာလကီးယားနိုင်ငံအကြောင်းပြောချက်များကိုမူ ထည့်သွင်းဖေါ်ပြလိုပေသည်။

'အာလကီးယားပြည်မှာ ဘယ်လိုတွေ ဆေးကုကြသလဲဗျ'
' အလိုလေး မည်သူမှဆေးမကုကြတော့ပါ။ မောင်းတော်သားများက ဆေးကုတိုင်း မောင်းတီးပါတယ်။ '


'အနို. သမားတော်ချုပ်ကြီးကရော'
' သမားတော်ချုပ်ကြီး ခမျာမှာ သမားတော်ငယ်တွေကိုအုပ်ချုပ်ချင်သော်ငြား အရေးကြီးအစည်းအဝေးများ မအားအောင်တက်နေရပါတယ်'

'အရေးကြီး အစည်းအဝေး ဆိုတာက…..'

'ကြောင်ကိုချူဆွဲသင့်မဆွဲသင့်တို.၊ ကလေးအီးပေါက်လျှင် တိုင်းပြည်အထိတ်တလန်.မဖြစ်ရေးတို.၊ မုန်.ဟင်းခါးစားပြီးလျှင် ဟင်းရည်တောင်းမသောက်ရေး မူဝါဒဆိုင်ရာ အထွေထွေ သဘောထားခံယူပွဲ၊ အို……စုံလို.ပါဗျာ'


'အော်အော်၊ သမားတော်အချင်းချင်းရောတည့်ကြလားဗျ'

'အခြေခံအားဖြင့်တည့်ပါတယ်၊ အဲ၊တစ်ခုရှိတာက စီနီယာသမားတော်များကို သွားသွားစပြီး ဟိုက ဒေါက်ဖိနပ်နဲ.ခုတ်လွှတ်စေချင်တာလေးတွေတော့ရှိပါတယ်။ တစ်ယောက်နဖူးတစ်ယောက် ဒေါက်ဖိနပ်ရာ အနည်းအများ၊ လက်အပြင်းအပျော့ ပြိုင်တာပေါ့လေ'

'အော် ၊ကောင်းလေစွ၊ဒါအပြင်ရော'

'ဒါ့အပြင်ကတော့ နေရာယူချင်တဲ့ရောဂါပါးပါးလေးတွေပါလေ။ တစ်ယောက်ဆို သမားတော်ချုပ်ကြီးနဲ. ရေအိမ်သွားရင်း မျက်နှာချင်းဆိုင်ဆုံမိတော့ သမားတော်ကြီးက နှာခေါင်းလေးပိတ်သွားတာပေါ့လေ။ အဲဒါကိုသူ.ခမျာ သုံးနှစ်သုံးမိုး ဂုဏ်ယူလို.မဆုံးရှာဘူး'

'ဂုဏ်ယူထိုက်ပါပေတယ်ကွယ်၊ '


'ဂုဏ်ယူထိုက်ဆို သမားတော်ချုပ်ကြီးနဲ. မျက်နှာမြင်ဘူးရင်တောင်ငယ်ပေါင်းကြီးဖေါ်လိုပြောနေကြတာပဲဗျာ၊ သူဆိုဘယ်ပြောကောင်းမလဲ၊ ကျန်တဲ့သူတွေကလည်း ကြောက်ရတာပေါ့၊ သမားတော်ချုပ်ကြီးတောင်နှာခေါင်းပိတ်ရတာလွယ်မှတ်လို. '


ရှိစေတော့။သူ.အရပ်နှင့်သူ.ဇာတ် အကျွန်ုပ်မဆွေးနွေးလို။

++++++++

နောက်ဆုံး မင်းသမီးလေးဆီရောက်လေ၏ ။ မင်းသမီးလေး၏ ရောဂါအား ဆေးကုမ္ပဏီမှလက်ဆောင်ရထားသော ဓာတ်လုံးကိုရေစိမ်တိုက်လိုက်ရာ ချက်ချင်းပျောက်လေ၏။ မင်းသမီးလေးမှာကျေးဇူးတင်လွန်း၍ ကျွန်ုပ်ကိုသူ.အား လက်ထပ်ပါရန် ဇွတ်အတင်းတိုက်တွန်းလေသည်။ သို.ရာတွင် ကျွန်ုပ်မှာ အိမ်သူသက်ထားဇနီးမယားမှလွဲလျှင် ကျန်သည်ကိုရေနွေးကြမ်းနှင့်မြည်းရုံမျှသာ သဘောထားလေရာ မင်းသမီးလေးသည်ရောဂါနှင့် မသေပဲ ကျွန်ုပ်အားစွဲလမ်းသောဝေဒနာဖြင့်မာလကီးယားလေသည်။

အကျွန်ုပ်လည်း မင်းသမီးလေး၏ ဂူဗိမ္ပာန်ပြီးသည်အထိစောင့်၍ အာလကီးယားတိုင်းပြည်မှပြန်လာခဲ့လေသည်။ တိုင်းပြည်မှ ပြန်လာ၍ ကျွန်ုပ်၏ ဆေးခန်းရှိရာနှင့်နီးကပ်လာစဉ်……..

++++++++++

'အလို၊ဆန်းကြယ်လှပါလား'

'ဆန်းဆိုဆရာအိပ်နေတုန်း ဆရာအနားမှာလိပ်ပြာလေးဝဲနေတာဆရာ၊ ခဏနေတော့ ပုရွတ်ဆိတ်အုံဘေးသွားနားတာ ပုရွတ်ဆိတ်နီတွေဆွဲပြီး တွင်းထဲသွင်းသွားတာ၊ ကျွန်တော်တောင်လိပ်ပြာလေးသနားပါတယ်တွေးနေသေး၊ ဘယ်ဟုတ်မလဲဆရာရဲ့ဈ ခဏနေတော့ ပုရွတ်ဆိတ်တွင်းထဲကထွက်လာပြီးဆရာ့မျက်နှာနားတောင်ဝဲနေသေး၊ နောက်ဘယ်ရောက်သွားမှန်းတောင်မသိဘူး'

'ကျွန်ုပ်သည် တပည့်ကျော်ပြောသောစကားကိုအံ့အားတသင့်နားထောင်ကာ ပုရွတ်ဆိတ်အုံကိုဖြိုကြည့်လေသည်။ အာလကီးယားပြည်ဝယ် ကျွန်ုပ်သွားလာကျက်စားခဲ့သောနေရာများအတိုင်း ပုရွတ်ဆိတ်တိုင်းပြည်ကိုတွေ.ရလေသည်။ ကျွန်ုပ်လည်း မင်းသမီးလေး၏ ဗိမ္ပာန်နေရာအားရှာရာ နောက်ဆုံးတွင်ရွံ.မံထားသော ပုရွတ်ဆိတ်အသေလေးတစ်ကောင်အားတွေ.ရလေသတည်း။ ။

မှတ်ချက်၊ တရုတ်ပုံပြင်လေးကို ကျောရိုးယူပါတယ်။ ဘယ်သူ.မှထိခိုက်ရန်မရည်ရွယ်ပါ။ စနောက်ခြင်းသာဖြစ်ပါတယ်။

အိတ်ပေါက်သူများ

ဖားတွေ အများကြီးကောက်ခဲ့ကြတဲ့
အိတ်ပေါက်တွေအကြောင်း………..

+++++++++

မဟောသဓာလို
နတ်ဆေးကိုင်ပြီး မွေးခဲ့လည်းအကောင်းသား
ခုတော့တို.ဘ၀က
ကံကြမ္မာဓားခုတ်ရာထဲမှာ
လိုလိုချင်ချင် လက်လျှိုခဲ့ကြသူတွေ။

ရောဂါဖြစ်စေသော အကြောင်းတရားတွေက
ကံ၊စိတ်၊ဥတု၊အာဟာရ
ရောဂါပျောက်စေသော အကြောင်းတရားက
ဆရာဝန်တစ်ယောက်တည်းဆိုရင်
တရားမျှတမှု ရှိပါ့မလား
တကယ်တော့ ဆရာဝန်ဆိုတာ
အကြောင်းလေးပါးကို ပြုပြင်ပေးသူမျှသာ။

အပျက်ကို ပြင်သူတွေထဲမှာ
တို.က နာကျင်မှု အပိုဆုံးပါ
ဝယ်လို.လဲလို.မရတဲ့ ဇီဝရုပ်ဖြစ်ပျက်ခြင်းတွေ
ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်……….တဲ့
ယုံကြည်မှုက ဆေးတစ်ပါးဆိုတာကို မေ့လိုက်ကြပြီထင်ရဲ့။


မြားတွေလိုချိန်ထားတဲ့မျက်လုံးတွေအောက်မှာ
ကိုယ့်ကိုကိုယ် ယုံကြည်မှုက တစ်ဝက်သာသာ
စေတနာကိုစစ်ကူတောင်းထားတာတောင်
ဖောက်ပြန်ပြီးသား ခန္ဓာကြီးက ပြန်ကောင်းမလာရင်
သဲထဲရေသွန် ဂရုစိုက်မှုတွေကို
ငါတို. အမျှဝေလိုက်ရုံပါပဲ။

ဗျာတိနဲ.မရဏကြားမှာ
ချိနဲ.စွာ ရုန်းကန်သူများကို ကူညီပေးနေရင်း
သေမင်းကိုစစ်ခင်းပေးကြသောဆရာဝန်တွေ
ငွေအတွက်သက်သက်ပဲလို. ထင်ရက်လာကြတဲ့အခါ
ရင်နာရုံကလွဲလို.
တုံ.ပြန်စရာမရှိခဲ့ကြပါ။

+++++++++

'ငါဘုရားကို ပြုစုမည့်အစား
သူနာကိုပြုစုကြလော့။'


ဝေဒနာသည်ကို လက်ပိုက်ကြည့်နေနိုင်လောက်အောင်
ငါတို.မရိုင်းစိုင်းခဲ့ဘူး
ကိုယ့်ဒုက္ခကိုယ်ရှာရအောင်လည်း
ငါတို. မရဲဝံ့ပြန်ဘူး
ဒီအစွန်းတို.ကြားက မျှခြေနေရာ
ငါတို.ကိုရှာပေးပါဆိုရင်
ယုံကြည်မှုလေး အားဆေးတိုက်ပါ။

လက်ညိုးထိုးကြတဲ့သူတွေ
လက်ညိုးအထိုးခံကြတဲ့သူတွေ
တိုင်းပြည်အတွက် ကြီးကြီးကျယ်ကျယ်ပြောကြတဲ့သူတွေ
တိုင်းပြည်အတွက် သေးသေးမွှားမွှားလုပ်ကြတဲ့သူတွေ
ငိုချင်ရက်ကိုများ
ငါတို.လက်တို.မိခဲ့သလား
သမုတိအတွက်
င၀က်က ဒဏ်ခံ
အထက်ကအတန်တန်ကို
ရွှေနန်းစံမသိများ ဖြစ်ခဲ့လေသလား
ရွှေဆီးဖြူ သဘောမှာပဲ
စကောနဲ.အလှိမ့်ခံနေရပါတယ်လေ။


တိုင်းပြည်အတွက်ဆိုတဲ့စကားလုံးအောက်
ဇာတ်နာအောင်လုပ်တဲ့ သတင်းတွေအောက်
ငါတို.ဘယ်နှစ်ယောက်စတေးရဦးမှာလဲ
အဆုံးအရှုံးမရှိတဲ့ တိုက်ပွဲဆိုတာရှိသလား
ငါတို.လက်တွေ လူသတ်ခဲ့ဘူးလို.လား
ငါတို.လက်တွေ မတရားမှုပြုခဲ့ဘူးလို.လား
တကယ်တော့ ငါတို.နေရာဟာ မြေနိမ့်ဒေသ
ခင်ဗျားတို. လှံတွေ 'သ' ကြပါတော့။

+++++++++


တကယ်တော့ရိုးရိုးလေးပါ
ကိုယ့်အလုပ်ကိုယ် လုပ်ကြခြင်းသာ
ကိုယ့်တာကို လုံစေချင်တဲ့အခါ
တိုက်ခိုက်မှုဟာ အားလျော့သွားတတ်ပါရဲ့
တို.က ရန်သူမဟုတ်သူတွေကိုမတိုက်ခိုက်ခဲ့ပါ
ရန်သူအစစ်က ရောဂါဝေဒနာ။

စစ်ပွဲတစ်ပွဲမှာ ကြားလူကို ဂရုမစိုက်မိတဲ့အခါကျ
ကြားလူက ရန်သူဘက်ကို ပါတတ်တယ်
တို.အဖြစ်က စစ်အောင်ချင်လို.ရှုံးခဲ့ရတာမျိုး
တို.အရှုံးကလည်း နှစ်ထပ်တိုး အရှုံးမျိုး
ငါတို. တတွေ ရှုံးခဲ့ကြပါတယ်။

လေထဲမှာရမ်းလိုက်တဲ့ဝါးလုံးရှည်တွေကို
ငါတို. သစ္စာနဲ.ပဲကာကြပါစို.
ငါတို.မှန်ကန်မှုကိုပဲငါတို.ရှာကြပါစို.
အမြင်မှားတွေကို
ငါတို. အလုပ်မှန်တွေနဲ.ပဲ ရှင်းကြပါစို.
ဥသျှစ်သီး နှစ်လုံးထုသလို
အချင်းချင်းထုချေကြတဲ့အခါ
တိုးတက်ရေးက 'နာ'တယ်
ငါတို.အိတ်တွေကို ဖာထေးကြရအောင်ပါ။

ရိုင်းစိုင်းတဲ့ အကြံအဖန်နဲ. ငါတို. မယုတ်ခဲ့ဘူး
သမိုင်းရဲ့ တရားခံဟာ ငါတို.မဟုတ်ခဲ့ဘူး
ကြိုးမရှုပ်တဲ့အရုပ်ကို
လက်ခုတ်မတီးချင်နေ
တံတွေးနဲ.မထွေးလေနဲ.။

အသက်ကိုတန်ရာတန်ကြေးမဖြတ်သူများက
ငွေမက်သူများလို.စွပ်စွဲတဲ့အခါ
ဘယ်သင်းက တန်ဖိုးလဲ မေးချင်မိတယ်
မမေးဖြစ်ခဲ့ကြပါဘူး။

အသက်ကို တန်ဖိုးမဖြတ်ချင်ရင်
စေတနာကိုတန်ဖိုးဖြတ်လှည့်ကြပါ
စက်ခလုပ်နှိပ်မျက်နှာ
ခင်ဗျားတို.ရှာနေတယ်ဆိုရင်ပေါ့
နည်းနည်းတော့လွဲနေခဲ့ပြီ။

++++++++

ဒါပါပဲလေ
သမိုင်းတွင်အောင်နိုင်ငံရေးလည်းမလုပ်ခဲ့ကြပါဘူး
တိုင်းပြည်ကိုလည်းမကယ်တင်ခဲ့ကြပါဘူး
တစ်ဦးတစ်ယောက်ချင်းရဲ့ဝေဒနာကို
တတ်စွမ်းသမျှ ဖေးကူနေသူများဟာ
မြေနိမ့်ဒေသမှ အိတ်ပေါက်များဖြစ်နေတယ်
ဖားကောက်ဖို. ကူညီပါ။ ။

ဆရာဝန်မငိုရ

၁။ ဂျပန် မှာ ပန်းကန်ဆေးဆေး
မလေးရှားမှာ ကားရေဆေးဆေး
မန္တလေးမှာ ကဗျာပဲရေးရေး
စင်ကာပူမှာ ကျောင်းပဲတက်တက်
ကိုယ့်သွေး အမျိုးအစား ကိုယ်သိတတ်ရမယ်။

၂။လတ်တလော ကွယ်လွန်သွားသောကဗျာဆရာကြည်မောင်သန်း၏ ကဗျာဖြင့်ပင်စပါမည်။ ထိုကဗျာဖတ်ရင်း အကယ်ဒမီဇာတ်ကားမဟာကြီးမှ ဟိုအထုတ်ပြေးဆွဲ ဒီအထုတ်ပြေးဆွဲ ဆွဲတတ်ပါလေသော ဆရာဝန်လေးကို မြင်လာပါသည်။ ဇာတ်ကားလဲ အကယ်ဒမီရသောအပိုင်းကိုသာကြည့်ဘူးပါသည်။ မြန်မာကားဆို၍ ဟိုင်းဝေးကားပေါ်မှ မဖြစ်မနေနားထောင်ရသောကားများမှလွဲ၍ မကြားလိုမမြင်လိုပါ။ ထို.ထက်ပို၍ ဆိုရသော် ဆရာဝန်ဇာတ်ကားများမကြည့်လိုပါ။ အဟင်း၊ သွေးကြီးသည်ဟုပဲ စွပ်စွဲပါလေ။ ကိုယ့်သွေး အမျိုးအစားတော့ ကိုယ်သိတတ်ရပါမည်။

၃။ ဆရာဝန်သည်ဆရာဝန်အလုပ်လုပ်ရင် မရဘူးလား။ ကူလီလုပ်စရာလိုသလား။ ရုပ်ရှင်ကြည့်လျှင် မြန်မာကားတွေမှာတွေ.ရသော ဖေါ်မျူလာလိုပင်။ ဒေါသထွက်လျှင် ဒီလိုပဲပေါက်ကွဲ။ ဆိုက်ကားသမားဇာတ်ရုပ်မှာလဲဒီလိုပဲပေါက်ကွဲ၊ ပါမောက္ခဇာတ်ရုပ်မှာလည်း ဒီလိုပဲပေါက်ကွဲ၊ ဒီမင်းသား လာလျှင်ဒီလိုပဲပေါက်ကွဲ။ ခက်တော့ခက်ပါသည်။ ဆရာဝန် သဘောကောင်းတာပြဖို. ပွဲရုံဘေးမှာ ဆေးခန်းဖွင့်ပြီး ဆန်အိတ်ပါကူသယ်ရမလိုပင်။ထားပါ။ ပြောချင်သည်မှာ သဟာမဟုတ်ပါ။

၎။ တလောက ကဗျာတစ်ပုဒ်မှာ ဆရာဝန်တွေ ကြိုးစားခဲ့ရပုံ၊ပင်ပန်းပုံကိုဖတ်ရသည်။ ရုတ်တရက်တော့ လက်ခုပ်တီးလိုက်မိသည်။ (ကိုယ်လည်း ဂလိုပင်ရေးဘူးသည်) နောက်မှတစိမ့်စိမ့်တွေးမိသည်။ ကိုယ့်အဖြစ်နဲ.ယှဉ်၍ပါ။ ကိုယ်ဆရာဝန်ဖြစရန်ကြိုးစားနေစဉ်မှာ ပြည်သူ.အတွက်၊ လူနာ့အတွက်ပါပါလေစ။ ကိုယ်ဆရာဝန်ဖြစ်ရေး၊ ဂုဏ်ကြီးမားရေးအတွက်ပဲ လုံးပန်းနေခဲ့တာမဟုတ်ဘူးလား။ ရေးလိုသည်ကို တိတိကျကျမဖေါ်ပြနိုင်လျှင် အပုတ်ချသလိုဖြစ်မည်။ ပြောချင်သည်မှာ ကိုယ်ဖြစ်ရမယ့်နေရာ၊ကိုယ်ရောက်ရမယ့်နေရာကို သူများတွေလည်း ဒီလိုပဲကြိုးစားခဲ့ရသည်ပင်။ သည့်အတွက် (ဆရာဝန်တစ်ယောက်အနေနှင့် ) ထူးဂုဏ်ယူရန်လိုပါမည်လား။

၅။ တကယ်တော့ ဆရာဝန်သည် ဆရာဝန်ပီသနေလျှင် သူ.တန်ဖိုးက လျော့မည်မဟုတ်ပါ။ ညသန်းကောင်လူနာလာနှိုးလျှင် ငြင်းလွှတ်သော ဆရာဝန်သည် ဆေးကျောင်းသားဘ၀က နေ.မအိပ်ညမအိပ် လူနာတွေဖို.ကြိုးစားခဲ့ပါတယ်ပြော၍ မကြည်ညိုနိုင်ပါ။ ကိုယ်တကယ်လုပ်နေသော အလုပ်ကသာ ကိုယ့်တန်ဖိုးကို ဖြတ်ပါမည်။

၆။ အ၀ါရောင်မီဒီယာအချို.က နိမ့်ကျတဲ့ဘ၀ရှိသူတွေဘက်ကနေ မျက်ရည်ချူတတ်ပါတယ်။ သနားစရာ ဓားစားခံဖြစ်ရသော အညွန်.အဖူးလေး။ မှားတယ်မဆိုသာပေမယ့် ကျွန်တော်တို.ဆရာဝန်များကျတော့ ဂလိုမျက်ရည်ချူသင့်သလား။ နိုး။

၇။ ဆရာဝန် ဘ၀တွင်လည်း အားငယ်စရာကိစ္စများစွာတွေ.ရပါမည်။ ပြင်ချင်ပါသလား။ မလွယ်ပါ။ မြန်မာဆရာဝန်လောကတွင် အာဖရိကမှ အနာကြီးသူများဘ၀တွင် ပစ်ဝင်မြုတ်နှံလိုက်သောဆရာဝန်များ (ရှိသည့်တိုင်) အင်မတန်နည်းပါသည်။ လက်ရှိလုပ်နေသူ၊ ခိုကိုးရာမဲ့များအတွက် လုပ်နေသူများကလည်း အခြေအနေပေးလျှင် ထားခဲ့ကာ မြင့်ရာသို.သွားမည့်သူများပါပင်။ သို.တည်းမဟုတ် ငါအနစ်နာခံခဲ့ပြီ။ ငါစံရမယ့် အလှည့်ဟု ဈေးတွက်တွက် အနစ်နာခံသမားများလည်းရှိနေပါသည်။ ကျော်မကောင်းကြားမကောင်းဖြစ်ရသော အသပြာဆရာဝန်များလို ကဲ့ရဲ.စရာမရှိသော်လည်းချီးမွန်းရမည်မှာ အီလည်လည်နိုင်နေပါသည်။

၈။ နောက်ဆုံး (ဆရာဖေမြင့်၏ လူနာဆောင် အမှတ်ခြောက်ထဲမှ ဒေါက်တာရေဂင်လိုပင်) ငါဘာမှ မတတ်နိုင်၊ ဒီလူတွေက ဒီအဖြစ်ဒီစနစ်ရဲ့သားကောင်တွေ။ ငါကယ်လို.မရ။ စနစ်ကိုပဲထိုင်ဆဲရမလို၊ မြင့်ရာကိုပဲ ရောက်အောင်သွားရမလိုနှင့် နောက်ဆုံးတော့ လွယ်ကူရာ ပီဂျီဖြေရင်ဖြေ၊ နိုင်ငံခြား ထွက်ရင်ထွက်နှင့် ကြိုးစားကြပါသည်။ ခေတ်၊စနစ်ကို အပြစ်ပြောသောစကားများကတော့ဘေးထွက်ပစ္စည်းလို အပုံလိုက်ကျန်နေပါမည်။

၉။ ပြောခဲ့သမျှသည် စနစ်နှင့် လူအကြောင်းပင်ဖြစ်ပါသည်။ စနစ်တွေ အဆင့်ဆင့်ပြောင်းသော်လည်း လူ.သဘာဝမပြောင်းလျှင် ကောင်းမလာပါဟု အထပ်ထပ်ဆိုပါသည်။ ကိုယ့်ကိုကိုယ် သနားချင်သောရောဂါနှင့် တို.ပြင်လို.မရပါဆိုလျှင် ပြင်လို.မရပါ။ တို.ပြင်ဖို.ကြိုးစားကြည့်မယ်ဆိုလျှင် ရှေ.တစ်လှမ်းရောက်ပါပြီ။ ဒေါက်တာရွိုက်ဇာတြော့ဖစ်ချင်သည်။ အဆင်သင့်လေးနာမည်ကြီးချင်သည်ဆိုလျှင်တော့ရုပ်ရှင်ရိုက်ပါ။ ကူလီလုပ်ပါဟု အကြံပေးပါသည်။

၁၀။ လူတိုင်းအခက်အခဲ ကြုံရပါသည်။ ဘယ်နေရာမဆို၊ ဘယ်အဆင့်မဆို အခက်အခဲတို.ဖြင့် တွေ.ရတတ်ပါသည်။ ယခုတက်လာသော သမ္မတကြီးလည်း အခက်အခဲ၊ စိမ်ခေါ်မှုများရှိနေပါသည်။ မနေ.က ခန်.လိုက်သော နေ.စားလေးလည်း သူ.စိမ်ခေါ်မှုနှင့်သူ လုံးထွေးနေပါမည်။ တို.အခက်အခဲကမှ အခက်အခဲဟေ့ဆိုလျှင်တော့ ပြောစရာမရှိပါ။

၁၁။ ဆရာဝန်တို. အခက်အခဲသည် လူနာ၊ဆေးရုံ၊အုပ်ချုပ်ရေး ဖြစ်စေချင်ပါသည်။ ပီဂျီမတက်နိုင်သော အခက်အခဲ၊ ဂျီပီမကောင်းသော အခက်အခဲ၊ လူမလေးစားသော အခက်အခဲတို.ဖြစ်နေလျှင် လုပ်ယူထားသော အခက်အခဲဖြစ်ပါမည်။ မျက်ရည်ဗူးသီးလုံးလောက်ကျ၍ မျက်ရည်ချူကြပါတော့ဟုသာဆိုပါမည်။

၁၂။ ကမ္ဘာပေါ်မှာ
မနက်ဖြန်ကို မြင်ရတဲ့နေရာတွေလည်းရှိ
မနက်ဖြန်ကို မမြင်ရတဲ့နေရာတွေလည်းရှိ
ကိုယ်ရောက်နေတဲ့နေရာကို
ကိုယ့်ဟာကိုယ် သိဖို့အရေးကြီးရဲ့။

ပျောက်ဆုံးနေသော ရုပ်ထု

၁။ မြစ်ကြီးနားက ဆရာဝန် ကိုကျော်သူရနှင့်ကျောင်းတက်တုန်းက သူခဏခဏ ပြောပါသည်။ Heroism မရှိတော့ဘူးကွ။ ရမ္ဘိုမရိွေတာ့ဘူးကြ။ အဲဒီတုံးက ပခုံးပဲတွန်.ပြလိုက်သည်။ ရမ်ဘိုမရှိတာဘာဖြစ်လဲ။ ဘာမှမဖြစ်၊ မဖြစ်ရေးချမဖြစ်။

၂။ နောက်တော့ role model ကိစ္စ ဆရာကြီးတွေပြောသံကြားတော့ နည်းနည်းစဉ်းစားလာပြီ။ လူတစ်ယောက်အတွက် ဘ၀ နိမိတ္တ ပုံရိပ်ယောင်သည် ကွယ်ပျောက်သင့်ပါသလော။

၃။ အားကျခြင်းသက်သက်မျှမကသော လေးစားကြည်ညိုစိတ်သည် ဘ၀ကိုပုံဖေါ်နိုင်စွမ်းရှိသည်ဆိုပါလျှင်………….၊ အဘယ်သို.သောသူကို လေးစားပါမည်နည်း၊အားကျပါမည်နည်း။ ဆရာဝန်တစ်ယောက် အတွက် အတုယူစရာ image သည်ဆရာဝန်ပဲဖြစ်ရမည်လား။ အခြားသူဖြစ်ရမည်လား။ အားကျလေးစားမှုဟူသည် လုပ်ယူ၍ ရသည်လား။ သိမ်မွေ.နက်ရှိုင်းသောမေးခွန်းများဖြစ်သလို ပေါ့ပေါ့ဖြေရင်လည်းရသောမေးခွန်းများဖြစ်နေပြန်သည်။

၎။ ကလေးတစ်ယောက် ၊လူငယ်တစ်ယောက်၏ ရင်ထဲမှာဟီးရိုးတစ်ယောက် ရှိသည်ဆိုပါစို.။ ထိုဟီးရိုးသည် ရုတ်တရက် နိမ့်ပါး လျောကျသွားသည်ဆိုပါစို.။ (ပရိသတ်ကြီးခင်ဗျာ၊ ရွှေဘဟာ အခုအချိန်မှာ လူဆိုးတွေနှိပ်စက်ခံနေရပေမယ့် မကြာခင်မှာ အပြတ်အသတ် ပြန်လည်အနိုင်ယူမှာဖြစ်လို. ပိတ်ကားကိုခဲနဲ.မပေါက်ပဲ အေးချမ်းစွာ ရှူစားကြပါခင်ဗျာ)

၅။ Heroism တကယ်ပဲမရှိတော့ပြီလား။ သူရဲကောင်းဟူသည် ပုံပြင်များထဲမှ မဖြစ်နိုင်သော ပုဂ္ဂိုလ်များပေလား။ ငွေနောက်လိုက်နေကြသောဆရာကြီးများ၊ ချစ်၍၊ မုန်း၍၊ ကြောက်၍၊မသိ၍ ၊အဂတိလေးပါးကိုမကျော်လွန်နိုင်သောဆရာကြီးများ၊ သူတပါး၏ အတင်းပြောခံဆရာကြီးများ၊ ကြားနေရသည်မှာ တွေ.နေရသည်မှာ ရင်နာဖွယ်ရာလား၊သ့ဝေဂယူဖွယ်လား။

၆။ အပြောအဆိုခံရသောအခါ ငယ်ရွယ်သူများက မခံချင်ဖြစ်ကြသည်။ အားလုံးမဟုတ်တောင်ရှိနေသည်မှာတော့ အသေအချာဖြစ်နေသည်။ ရေကနောက်ခဲ့ပြီကိုး။ ဖြစ်သော အမှုများမှာ လက်ညိုးဝိုင်းထိုးကြပေမည်။ မဖြစ်သော အမှုများမှာ စုလာသော မကျေနပ်ချက်များဖြင့် တကယ်တမ်း လမ်းမှန်သူ အချို.နာကျင်ခဲ့ရပေပြီ။ မပြေးသော်လည်း ကန်ရာရှိသည့်အခါ ကန်နားလာသူ လက်ညိုးဒဏ်ခံရပေမည်။

၇။ တကယ်တော့ ဟီးရိုးဟူသည်၊ ရိုးမော်ဒယ်သည် တစ်ယောက်ထဲဖြစ်နေရန်မလိုပါ။ တစ်ယောက်ဆီမှ ကောင်းတာလေးစု၊ကျန်တစ်ယောက်ဆီမှ အခြားကောင်းကွက်လေးစုဖြင့် မိမိ စိတ်ကူးပုံရိပ်ယောင်တစ်ယောက်ဖန်ဆင်းကာ ကြိုးစား အတုယူကြခြင်းသာ။ သို.ရာတွင် ငွေရှာနိုင်ခြင်းကို ပဲအတုယူရမည်လား။ ဘွဲ.တွေ တသီကြီး ယူလာခြင်းကိုပဲအတုယူရမည်လား။ ဘုရားပေးတဲ့ ဆာဂျင်လက်ပိုင်သည်ကိုပဲ အတုယူရမည်လား။

၈။ အငယ်တွေ ကေ့စ်ကို ရဖာရယ်လွှဲလိုက်ရင် ဖီဆီရှန်တွေက ပြန်မလွှတ်တာ၊ ဒီဆေးကိုပဲလူနာသိမှာစိုးလို. ဘရန်းပြောင်းပေးတာတွေပြောကြတော့ ဆရာဦးအောင်ကြီးက ကေ့စ်ပြန်ပို.သည့်အကြောင်း မှတ်မှတ်ရရဆိုဖြစ်ကြသည်။ ဆေးပညာမိသားစုမှာလည်း ဆရာဦးဝင်းဖေ ပြည့်ဝသည့်အကြောင်း ပြောနေသံကြားတော့ ဆရာ.အေးချမ်းသောမျက်နှာကိုမြင်မိသည်။ တကယ်တော့ ကျွန်တော်တို. တဖွတရ လွမ်းနေကြသောဆရာများသည် ဘွဲ.၊ ရာထူး၊ဂုဏ်ကြောင့်မဟုတ်ခဲ့ချေ။

၉။ ကျွန်တော်တို.ရင်ထဲကသူရဲကောင်းရုပ်ထုများမပျောက်သေးပါ။ေ၀၀ါးနေကြခြင်းသာ။ ပညာများ၊ ဂုဏ်များ၊ ငွေများ ရှာဖွေနေကြချိန်ဝယ် ၊ ပင်ပန်းနွမ်းနယ်နေကြချိန်ဝယ် မြူဆိုင်းနေသော်လည်း ရင်ထဲမှာ အဆင့်ဆင့် ကြေးသွန်းထုဆစ်အပ်သော သူရဲကောင်းရုပ်ထုများ ကိုယ်ဆီနှင့်။ ။

ရှက်စရာ ဆရာဝန်များ

၁။ Health in Myanmar (2011) မှ အချက်အလက်များကိုပဲ ကိုးကားရပါမည်။ အများကြီးလည်းမပြောလိုပါ။ ၂၀၀၉-၂၀၁၀ တွင် မြန်မာနိုင်ငံလူဦးရေသည် ၅၉.၁၃ သန်းရှိပါသည်။ ၂၀၀၉-၂၀၁၀ တွင် မြန်မာနိုင်ငံ၏ health manpower သည် ဆရာဝန်ဦးရေ (public နှင့် Co-operative & private နှစ်ခုပေါင်း) ၂၄၅၃၆ ရှိပါသည်။ ၂၀၁၀ ဒီဇင်ဘာ စာရင်းအရ ဆေးသိပ္ပံပညာဦးစီးဌာနမှ ဆရာဝန်မွေးထုတ် စုစုပေါင်း ၂၉၀၀၄ ဦးရှိနေပါသည်။ စိတ်ပါဝင်စားလျှင် ဆရာဝန်၊လူဦးရေ အချိုး ချကြည့်နိုင်ပါသည်။ အချိုးသက်သက်သာ ဖြစ်ပါသေးသည်။ တကယ်တမ်း ကိုယ့်တာဝန်ကို အပြည့်ထမ်းဆောင်နေသော၊ ကိုယ့်စွမ်းအင်ကို အပြည့်အ၀ အသုံးချနေသော ဟု နာမ၀ိသေသန မတတ်ရဲသေးပါလေ။

၂။ ခြေဆင်းတစ်ခု ထပ်ဆင်းပါမည်။ (ခြေပဲဆင်းနေရပါသည်။ ၀င်ကချင်သော မင်းသားများ, များနေမလားမသိ။ ဆေးကျောင်းသားများ၊ ဟောက်ဆာဂျင်များပင် ခုနှစ်ထွေအကကလိုက်၊ ဆယ့်နှစ်ကြိုးကလိုက်၊ ဘီလူးက ကလိုက်လုပ်နေသောနေရာတွင် ချောင်ထဲမှနေ၍ ရွှေပြည်အေး'အက'လေး ၊ အောင်မောင်းခြေထိုးလေးဝင်လေ့ကျင့်သည်ကို သည်းခံကြစေချင်ပါသည်။) သင်ယူမှု၊ သင်ကြားမှုဝယ် ချိန်ရွယ်ပစ်ခတ်စရာ (ဦးတည်ချက်ထားစရာ) နယ်ပယ်ကြီးသုံးခုရှိသည်ဆိုပါသည်။ နားရှုပ်စရာနာမည်ကြီးများ မပြောတော့ပါ။ Knowledge, Skill နှင့် Attitude ဟု သမားစဉ်ဆိုခဲ့ကြပါသည်။ ဦးနှောက်၊ လက်နှင့် နှလုံးသားဟုလည်းဆိုကြပါသည်။ ဦးနှောက်သည် အသိဥာဏ်ဆိုင်ရာနယ်ပယ်၊ လက်သည် ကျွမ်းကျင်မှုနယ်ပယ်ဖြစ်ပြီး နှလုံးသားသည် ကိုယ်ရည်ကိုယ်သွေးနယ်ပယ်ဖြစ်ပါသည်။ မည်သည့်နယ်ပယ်သည် သင်ကြားရေး၊သင်ယူရေးအတွက် အခက်ဆုံးဖြစ်မည်ကို ပညာရှိကြီးများအား ရှင်းစရာလိုမည်မထင်ပါလေ။

၃။ အလုပ်မပေးနိုင်ပဲ ဆရာဝန်တွေမွေးထုတ်တယ်။ ထိုစကားသည် ဟုတ်သယောင်ရှိပါသည်။ အင်ဂျင်နီယာများ မြန်မာနိုင်ငံဝယ် ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ.စာမေးပွဲ ၀င်ဖြေရသည်မှာကြာပါပြီ။ အခြားသော ဘွဲ.ရများသည်လည်း ၀င်ရောက်ဖြေဆိုရပါသည်။ ၀န်ထမ်းလောက သတင်းကိုနားထောင်ကြည့်လျှင် ခေါ်မည့်ဦးရေနှင့် ၀င်ဖြေရသည့်အချိုးကို သိနိုင်ပါသည်။ တက်လမ်းတွေ ရောင်းကောင်းနေသည်ကိုကြည့်ပါ။ ဆရာဝန်သည် ပြည်သူ.အတွက်လိုအပ်ချက်နှင့် မွေးထုတ်ရခြင်းဖြစ်ပါသည်။ ၀န်ထမ်းခန်.ထားခြင်းသည် ဖွဲ.စည်းပုံ၊ ဘတ်ဂျက် နှင့် လုပ်ရသော အလုပ်ဖြစ်ပါသည်။ အင်ဂျင်နီယာ၊ သစ်တော၊ ဘူမိစသော အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များသည် မွေးသလောက် မခန်.နိုင်သည်မှာကြာပါပြီ။ ဆရာဝန်လောကသည်လည်း ထိုကဲ့သို. အနှေးနှင့် အမြန်ဖြစ်ရမည်သာ။ မွေးထုတ်များ၍ စောရောက်လာဖြင်းသာဖြစ်ပါသည်။ မွေးထုတ်များခြင်းသည် မှားသည်မှန်သည်ကို ဆွေးနွေးရန်က စောပါသေးသည်။ လက်ရှောင်ခြင်းမဟုတ်ပါ။(ကြောက်၍မဟုတ်ပါ၊ အရဲလွန်နေ၍ ခက်ပါသည်) အစိုးရကိုဖားခြင်းလည်းမဟုတ်ပါ။ ဤအတိုင်းခံစားရ၍ ဤအတိုင်းပြောခြင်းပါ။

၎။ လက်ရှိ ဆရာဝန် လူထုအချိုးကို အမြန်ဆုံး လျော့ချရန် မမွေး မဖြစ်မွေးရသောအခါ အဖိတ်အစင်ရှိပါမည်။ ထို အဖိတ်အစင်သည် အရေအတွက်ဖြစ်မည်ထက် အရည်အချင်းအရ ဖြစ်မည်ကို ဆရာကြီးတော်တော်များများ စိတ်ပူကြပါသည်။ သို.သော်လည်း နည်းပေါင်းစုံစဉ်းစား၍ အားစိုက်ကြပါသည်။ သို.သော် သင်ကြားရေးဟူသည် တစ်လမ်းသွားမဟုတ်ပါလေ။ ကျောင်းသားကိုယ်တိုင် အားအင်စိုက်ထုတ်ရသော ကိစ္စများစွာရှိပါသည်။ အထူးသဖြင့် တက္ကသိုလ်ပညာရေးသည် ဇွန်းဖြင့်ခွန်.သော ပညာရေး မဟုတ်သည်ကို သတိထားရန်( ကျောင်းသားများဘက်ကို) အထူးသတိပေးလိုပါသည်။

၅။ လိုဘ မပြည့်၍ အစိုးရကို ဆဲနေသည်ကိုနားလည်ပါသည်။ နိုင်ငံတော်ကို ချစ်လှ၍ဆဲရပါသည်ဟုတော့ နာမည်မတပ်ပါနှင့်။ အစိုးရ၀န်ထမ်းများသာ ဘွဲ.လွန်ဖြေခွင့်ရှိသည့် 'မူ ' ကြောင့် လုပ်ချင်မှန်းသိပါသည်။ ဒေါက်တာသန်းထွန်း ပြောနည်းကားပြောရလျှင် စေတနာ အချောင်းလည်းမမြင်ပါ၊ အပြားလည်းမမြင်ပါ။ လိုဘမပြည့်သူများက မကောင်းပြောနေခြင်းသာဖြစ်ပါသည်။ ချင်းပြည်နယ်ကို ချင်းလူမျိုး ဆရာဝန်ပင်မသွားချင်ပါ။ ယခု အလုပ်လိုချင်၍ ဆွေ.ဆွေ.ခုန်နေသူများကရော သွားချင်ပါမည်လား။ ပြောရသည်ကိုတော့ အားနာပါသည်။ မှန်ကန်စွာနေကြသော အခြားဆရာဝန်စစ်စစ်လေးများအား (စကားကြမ်းမိ၍ အားနာစွာတောင်းပန်ပါသည်။

၆။ ပြောလက်စနှင့်ဆက်ပြောပါမည်။ ဆရာကိုပြည့်ဖြိုး EC မူများအကြောင်းရေးတင်ပေးသည်။ မူဟူသည်ကို သိသင့်ရန်ရေးတင်ပေးခြင်းဖြစ်သည်။ အင်ဖေါ်မေးရှင်းကို လက်ထဲတွင်ကိုင်ပြီး လုပ်စားနေသူ မဟုတ်၍ ရေးတင်ပေးခြင်းဖြစ်သည်။ လိုဘမပြည့်သူများက ဟိုလိုမရဘူးလား၊ ဒီလိုမရဘူးလားနှင့် မေးသည်။ မူတွင်အရှင်းကြီးရေးပေးထားသည်ကို လာချုပ်သည်။ ရုံးပြင်ကနားဟု ယခင်ကဆိုရိုးရှိသည်။ ဘယ်လောက်ခက်ခဲသည်ကို ဘယ်ရုံးသွားကြည့်ကြည့်သိပါမည်။ စေတနာဖြင့်ရေးပေးသူကို ကိုယ့်ပရောဖက်ရှင်နယ်ထဲက ဒီလို ဗရီးဗယားလုပ်နေသည်မှာ ရှက်စရာကောင်းလှသည်။ မွေးထုတ်ပြီးလျှင် ခန်.ရမည်ဟု ဘယ်အစိုးရမှ ဘောင်းထိုးမထားပါ။ ပညာသင်ပြီး နိုင်ငံတာဝန် အနည်းဆုံးသုံးနှစ်ထမ်းဆောင်ပါမည်ဟု ဘောင်းထိုးစဉ်ကလည်း ကဂျိုးကဂျောင်ပြောသည်မှာ ထိုသို.သော ဆရာဝန်များသာဖြစ်သည်။ နိုင်ငံ့တာဝန်မထမ်းဆောင်လျှင် ဆမ ထုတ်မပေးဆိုစဉ်ကလည်း ကဂျီကဂျာပြောသည်မှာ ထိုသို.သော ဆရာဝန်များပင်ဖြစ်သည်။ ဆမ ကို သင်တန်းလေး တက်ပြီးထုတ်ပေးပြန်တော့လည်း သင်တန်းမတက်ပဲ အီးစီမရဘူးလားဟု မေးသည်မှာ ထိုသို.သောဆရာဝန်များပင်ဖြစ်သည်။

၇။ စေတနာနှင့် ၀င်ပြောသူကို အကြီးအငယ်မှန်းမသိ မင်းနဲ.ငါနဲ.လာသည်။ ငြင်းသည်နှင့် ရှင်းသည်ကွာပါသည်။ ဒေါသ ၊အဒေါသဖြင့်ခွဲလို.ရပါသည်။ တကယ်တော့ အဲသည်လို မေးနေသူများ၊ဆဲနေသူများသည် မွေးထုတ်ပေးလိုက်သော ဆရာဝန်များထဲမှ အဖိတ်အစင်များဖြစ်ပါသည်။ အက်တီကျုပိုင်းတွင် ဆရာဝန်ဖြစ်မလာသူများဖြစ်ပါသည်။

၈။ လူကြီးများစိုးရိမ်သော ကွာလတီတွင် (တက္ကသိုလ် အဆင့်တွင်) မတတ်သည်က စာဖတ်ရင်ရသည်။ မုဆိုးစိုင်သင် လေ့ကျင့်လျှင်ရသည်။ ဦးနှောက်နှင့် လက်သည် အလေ့အကျင့် အတွေ.အထိတွင်မူတည်သည်။ နှလုံးသားသည် ကိုယ့် ခံယူနိုင်မှု၊ အတွင်းသားပြုနိုင်မှု တွင်မူတည်သည်။ နှလုံးသားကွာလတီကို ဘယ်လိုလုပ်ကြမှာတုန်းဟုမေးရမည်။ လူကြီးတွေကိုမဆဲနဲ.။ကျူရှင်ထားပေးတဲ့အဖေအမေ၊ သွားကန်တော့ပေးတဲ့အဖေအမေကို အပြစ်တင်ဟုပြောရမည်။ အရာရာကို ငွေနဲ.၀ယ်ရမည်၊ ငွေရှိလျှင် အဆင်ပြေမည်၊ ဘယ်လို အဆင်ပြေပြေ 'ပြေဖို.ကလိုရင်းပဲ' ဟုသော အက်တီကျုများကို မိဘလုပ်သူများက သွင်းပေးလိုက်ကြသည်။ ကိုယ့်ထက်ကြီးသူများ(အစွမ်းရှိသူများက) ကိုယ့်ကိုကျောသွားတော့ ခံပြင်းခံခက် ဒေါသထွက်ကြသည်။ ယူတတ်ရင် တရားကျစရာ ဆေးလောကမှာရှိပါသည်ဟု ရှက်ရှက်နှင့်ရေးပါသည်။

၉။ ဦးရွှေအောင်၏ စာကို ကိုးကားပါရစေ။ ခွေးသွားစိတ်သည် ခွေးသွားစိတ် အလုပ်ကို လုပ်ခြင်းသည် မြင့်မြတ်သော အလုပ်ကိုလုပ်ခြင်း ဖြစ်သည်။ ခွေးသွားစိတ်သည် စတီယာရင် တာဝန်ကို ထမ်းဆောင်ရန်မလိုပါ။ ထိုသို.ထမ်းဆောင်ခြင်းသည် ယုတ်ညံ့သော အလုပ်ကိုလုပ်ခြင်းဖြစ်သည်။ အလုပ်တစ်ခု မြင့်မြတ်ခြင်း ၊နိမ့်ကျခြင်းသည် အလုပ်တာဝန်ကြီးသည်ငယ်သည်ပေါ်မတည်ပါ။ ကိုယ့်တာဝန်ကျေပွန်အောင် ထမ်းဆောင်ခြင်း တွင်သာ တည်မှီနေပါသည်။ တိုင်းပြည်အတွက်သဲတစ်ပွင့်၊ ဘယ်မှာလဲမေးတော့ ထမင်းပန်းကန်ထဲမှာ ဆိုလျှင် နားကြား၍ မတော်ပါ။

၁၀။ စာမေးပွဲတွင် ဘယ်နည်းနဲ.မဆို (ဂိမ်းကစားသလို) အောင်အောင်လုပ်မည်ဟု ဆိုသူကဆိုလာသည်။ ရှင်းရှင်းပြောရလျှင် ငါယုတ်မာမှာပဲဟု တရားဝင်ထုတ်ပြောခြင်းသာဖြစ်သည်။ ကျောင်းသားဘ၀ ထိုသို.ကြိုးစားခြင်းသည် ကြောက်ရွံ.စိတ်ကြောင့်ဟု ခွင့်လွှတ်၍ ရပါသည်။ သို.သော် ရှက်စရာ ကိစ္စအား ရှက်ရကောင်းမှန်းမသိခြင်းကို ဘယ်လိုပြောရမည်ပင်မသိပါ။ သူတပါးအသက်ကို ကယ်မည့်သူများပါဟု ကျန်းကျိန်၍ ကုရသောခေတ်ကို တွန်းပို.နေသူများသည် ဘယ်သူများပါလဲဟု သတိဝင်တော်မူကြပါ။

၁၁။ အင်တာနက်ကို ကွန်ယက်ဆက်သွယ်ရေးဟု ဆိုကြသည်။ ကွန်ရက်ပင်မကတော့။ အထက်၊အောက်၊၀ဲယာ ဆုံချက်ပွိုင့်တွေက များလှသည်။ ကိုယ်ပြောသောစကားကို ဆရာကြီးများကြားလျှင် ငါတို. မွေးထုတ်ပေးလိုက်တာ ဒီလိုအက်တီကျုလေးတွေပါလားဟု ရင်နာလိမ့်မည်။ ငါးခုံးမ တစ်ကောင်နှစ်ကောင်ကြောင့် တစ်လှေလုံးလည်း အနံ.ထွက်သည်။ ဆန်စင်ရာ ကျည်ပွေ.လိုက်နေရတော့လည်း အပိုပင်ပန်းသည်။ လူတွေခက်သည်ဟုပဲပြောရမည်။ မပြောနဲ.မပြောနဲ.ဆိုတော့ ငြူစူသည်။ ပြောဆိုတော့ တောင်စင်ရေမရလျောက်ပြောသည်။ အဲ ၊တောင်စင်ရေမရပြောလျှင် လက်ခံနိုင်သေးသည်။ လိုချင်အတ္တကို နာမည်ကောင်းတပ်ပြီး လာပြောနေသည်။ ဘယ်သူဘာအကြံနှင့်ပြောသလဲ သိသူများက ရယ်ကြလိမ့်မည်။

၁၂။ ပညာရှိများ သတိမေ့နေမည်ထင်၍ အနည်းငယ်ဆိုပါမည်။ ပညာရေး (Education) ဟူသည် ဦးတည်ချက်ထားသော အမူအကျင့်ပြောင်းလဲခြင်း သာဖြစ်ပါသည်။ way of thinking၊ ပရော်ဖက်ရှင်နယ် အက်တီကျု စသည်တို.အကုန်ပါပါသည်။ အတတ်ပညာတစ်ခုတည်းတတ်ရုံမျှနှင့် ပညာတတ်ပြီဟု၊ ဆရာကြီးများအား ပခုံးချင်းယှဉ်ထိုက်ပြီဟု မမှတ်ယူစေလိုပါ။ ပညာသည် သိ၊ပယ်၊ဆိုက်ဟု ဆိုပါသည်။ သိသင့်သည်ကိုသိသည်နှင့် ပယ်သတ်သင့်သည်ကိုပယ်သတ်၊ဆိုက်ရောက်သင့်သည်ကိုဆိုက်ရောက်ပါသည်။ ပယ်သတ်သင့်သည်ကို မပယ်သတ်ပါက ထိုးထွင်းသိမဖြစ်နိုင်ပါ။ ထိုးထွင်းမသိပါက စာသမားသက်သက်သာ ဖြစ်ပါလိမ့်မည်။စောဒကတုဖက်လာလျှင်၊သူ.ထက်ငါငြင်းတဲ့လူစားမျိုး မဖြစ်စေချင်ပါ။

၁၃။ ကိုယ့်အားဆေးပညာသင်ကြားပေးသော ဆရာများအား မိဘသဖွယ်မှတ်ရမည်ဟု ဟေပိုကရေးတီး သစ္စာတွင်ပါသည်။ဆရာဝန်များ၏ အခြေခံအကျဆုံး အချက်လည်းဖြစ်သည်။ သို.ပါလျက် ရှက်စရာ ကောင်းလောက် အောင်ရေးသူကရေး၍ ကြိုက်သူက ကြိုက်သည်။ ရဟန်းဆိုလျှင် ပါဇိတ်အာပါတ် (မှားလျှင်ပြင်ပေးကြပါ) သင့်မည်။ တရားထူးရမည့်သူမဟုတ်ဟုဆိုရမည်။ သဘောထားကွဲလွဲခွင့် လူတိုင်းတွင်ရှိသည်။ မရိုင်းစိုင်းပဲ ကွဲလွဲ၍ရသည်။ အလွန်ဆုံး တင်းတင်းမာမာပြောလည်းရသည်။ ဘလိုင်းကြီးရိုင်းသည်ကတော့ လွန်သည်။ ယထာဘူဓ ကျကျ သဘောကွဲလွဲကြစေချင်သည်။ ငါနဲ.မတည့်လို. ငါ့အိုးပုတ်ပြန်ပေးဟု 'ကလေးပေါ' ပေါသော ဆရာဝန်ဖြစ်ရမည်ကိုတော့ သေမတတ် ကြောက်မိကြောင်းပါ။

၁၄။ ထို.ထက်ပို၍ ဆိုရန်ရှိလာပါက (အမုန်းခံ၍) ဆိုပါဦးမည်။ ။

'ပညာ' ဘာနဲ. 'ရေး' ပါမယ်-၁ (ခြေသာလျှင်……..ယဉ်)

(ပညာရေး အကြောင်း တို.တိတို.တိ ရေးမည်ဟု ကြံရွယ်ထားပါသည်။ ထုံ.ပိုင်း ထုံ.ပိုင်း စထားသောကိစ္စများများနေပါပြီ။ ဆရာဝန်များ၏ အက်တီကျုကိုဇောင်းပေးရန်ကြံရွယ်ထားသော 'ဖြောင့်ယူရမည့် အချက်များ' လည်း နှစ်ပုဒ်ပဲရေးရသေးပါသည်။ ရေးရင်းနှင့် စိတ်ကုန်လာတာလည်းပါပါသည်။ နင်လည်း ဒီပုတ်ထဲကဒီပဲပါပဲဟု ကိုယ့်ကိုကိုယ် ဆုံးမတာလည်း၊အဟင်း ။ပါပါသည်။ ယခုလည်း စာမေးပွဲတွင် လက်တွေ.ကိုသာ သဘောကျသည်ဟူသော ကွန်မန်.တစ်ခုကြောင့် ပညာရေးနှင့် ပတ်သက်၍ စရေးပါသည်။ ပိုက်ဆံမရ ၊ဆဲခံရသောစာများဘာကြောင့်ရေးပါသနည်းဟု မေးလျှင် ဖြေရခက်ပါသည်။ တာဝန်ယူမှု၊ဘာမှု၊ညာမှု လျောက်ပြောလျှင်ရသော်လည်း အူယား၍ပါဟု (ဆရာကိုတာဖြေသလို) ဖြေပါမည်။)

၁။ သွားရမည့် ခရီးကားဝေးသေးသည်။ ခြေသာလျှင် ယဉ်အဖြစ်ရှိကုန်၏။ (ဝေဿသရာဇာတ်၊ နံရံဆေးရေးပန်းချီမှစာ)

၂။ မြန်မာ အသိဥာဏ်မှ ပညာကိုမဆိုလိုပါ။ မြန်မာအသိမှ မြတ်စွာဘုရားဟောသော ထိုးထွင်းသိသည့် ပညာအကြောင်း ရှုပ်လာမည်စိုး၍ ကြိုပြောထားခြင်းပါ။ ပညာရေး (Education) အကြောင်းသာပြောပါမည်။ အကျယ်အပြန်.မသိ၍ အပြန်.ကျယ်ကျယ်မပြောနိုင်ပါ။ သိသမျှ ပြောရသောကြောင့်အားနာပါသည်။ ဖိုးဆိုချင် ခင်မောင်ညွန်.ဟုသာ နာမည်တပ်ကြပါလေ။

၃။ ဖွင့်ဆိုချက်က စပြောရမည်။ ပညာဆိုသည်မှာ ကာလတစ်ခုအတွင်း သင်ယူသူတစ်ယောက်၏ ရည်စူးထားသော အမူအကျင့်ပြောင်းလဲခြင်း ဖြစ်ပါသည်။ (expected change in the behavior of the learner in the course of a given period) ရည်စူးထားသော ပြောင်းလဲမှု ဖြစ်ပါသည်။ ပြောင်းတော့ပြောင်းတယ်။ မာနတွေပဲကြီးလာတယ်ဆိုလျှင် ပညာရေးဟုတ်မဟုတ် ဆင်ချင်တော်မူကြပါ။

၎။ ရည်စူးထားသော အမူအကျင့်များကို ပညာရေးဦးတည်ချက်များ( educational objectives) များဖြင့် ရှင်းလင်းစွာ ဖေါ်ပြရပါမည်။ သင်ယူသူ ယခင်က မလုပ်နိုင်သည်ကို သင်ကြားမှုအချိန်ကာလတစ်ခုအပြီးတွင်လုပ်နိုင်ရပါမည်။ ယခု တော့ ပညာရေး ဦးတည်ချက်များ သည် အလွန်အရေးကြီးသည်ဟုသာ မှတ်ယူထားစေချင်ပါသည်။

၅။ ယခင်က ပညာသင်ကြားမှု အယူအဆသည် အတွေ.အကြုံပေါ်တွင်အခြေခံပါသည်။ ဆရာက ဘာသင်ရမည်ကို 'သိ' သည်။ နည်းလမ်းရွေးသည်။ သင်သည်။ စာမေးပွဲစစ်သည်။ အောင်၊ကျဆုံးဖြတ်သည်။ ဆရာဗဟိုပြု ကိစ္စဖြစ်သည်။ ကျောင်းသားတစ်ဦးချင်း၏ ကိုယ်ပိုင်စွမ်းရည်၊ ဆရာတစ်ဦးချင်း၏ စွမ်းရည်၊ တိုင်းပြည်လိုအပ်ချက် အရ ဆီိလျော်မှုရှိမရှိ တို.ကို ထည့်သွင်းတွက်ချက်မှု အားနည်းသည်။

၆။ အသိဥာဏ်ဆိုင်ရာ ဖွင့်ထုတ်မှု (knowledge explosion) ဖြစ်စဉ် ပြီးသည့်နောက် ကျောင်းသားဗဟိုပြု ပညာရေးကိုစဉ်းစားလာကြသည်။ ကျောင်းသား (သင်ယူသူ) ကိုယ်တိုင်၊သိသင့်သော၊ သိမှဖြစ်မည်ဖြစ်သော၊သိလျှင်ကောင်းသော အရာများကို ရွေးချယ်ရမည်။ သင်ယူမှု အပြီးတွင် တတ်မြောက်ရမည်ဖြစ်သော ပညာရေးဦးတည်ချက်များ( educational objectives) ကိုလည်း ရှင်းလင်းစွာ ဖေါ်ထုတ်ထားရမည်ဖြစ်သည်။

၇။ ရည်ရွယ်ချက် (aim) နှင့် ဦးတည်ချက် (objective) တို.ကို ခွဲထုတ်သိထားရပါမည်။

၈။ ရည်ရွယ်ချက်သည် ရောက်ရမည့် ပန်းတိုင်ကို အလွန်ယေဘုယျဆန်စွာ ဖေါ်ပြခြင်းသာဖြစ်သည်။ ( general statement of intent, a goal to be reached) ဥပမာ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်လာစေရန်။ သို.သော်ဆရာဝန်ကောင်းဆိုသည်မှာ ဘာလဲ၊ ဘာတွေတတ်ရမည်လဲ။ ဘယ်အထိတတ်ရမည်လဲ။ ဘယ်လိုအမူအကျင့်ရှိရမည်လဲ။ Aim တွင် ဖေါ်ပြရန်ခက်ပါမည်။

၉။ ဦးတည်ချက် (objective) သည်လည်း ရောက်ရမည့်ပန်းတိုင်ပါ။ သို.သော် ပိုမို တိကျသော ဖေါ်ပြချက်များဖြင့် ဖေါ်ပြရပါမည်။ တနည်းပြောလျှင် တိုင်းတာ၍ ရသော မျော်လင့်ထားသည့် အမူအကျင့်များပါဝင်ရပါမည်။(နောက်ပိုင်းတွင် ရှင်းပါမည်)

၁၀။ behavior change of the learner သင်ယူသူ၏ အမူအကျင့်များပြောင်းလဲရေးကို ဦးတည်သဖြင့် သင်ယူမှု ဦးတည်ချက်များ (learning-objectives) ဟု အမည်တပ်ကြပါသည်။ အမူအကျင့်များပြောင်းလဲရေးကို ဦးတည်သဖြင့် အမူအကျင့်ဆိုင်ရာ ဦးတည်ချက်များ ( behavioral objectives) များဟုလည်းခေါ်ကြပါသည်။ ခေတ်သစ်ပညာရေး၏ အရေးကြီးသော အုတ်မြစ်များလည်း ဖြစ်ပါမည်။

(ဆက်ပါမည်)