Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

Monday, July 23, 2012

အလုပ်လျောက်တော့မယ့် ဆရာဝန်လေးများသို.

၁။ မပြောတော့ မပြောချင်ဘူး။ အလုပ်ရှုပ်နေလို.။ ဒါပေမယ့် ဖြေမယ့်သူတွေ အတွက် မှားမှာစိုးလို. ရေးပေးလိုက်တာပါ။ တိုတိုပါပဲ။ ခုတစ်လော တချို.ပို.စ်တွေမှာ ဆရာဝန်အတတ်တွေ သင်ထားပြီးမှ မဆိုင်တာတွေမေးတယ်။ ဒါတွေသိလို. ဆရာဝန်ဆေးကုတာနဲ.ဘာဆိုင်လဲ၊ ဘာလဲညာလဲ တင်နေကြတာ စုံလို.ပါ။

၂။ ဒါတွေပြောရင် တစ်ထောင့်တစ်ညဖြစ်သွားမှာပါ။ တကယ်တော့ ဆရာဝန်ခေါ်တာဖြစ်သလို ၀န်ထမ်းလည်းခေါ်တာဖြစ်ပါတယ်။ ၀န်ထမ်းဟာ ၀န်ထမ်းနဲ.ပတ်သက်သော စည်းကမ်းကို လိုက်မနာလို.မရပါဘူး။ ကုမ္ပဏီဝန်ထမ်းခေါ်လည်း မေးချင်တာမေးတာပါပဲ။ မေးချင်တာဆိုတာက သူရို.လိုချင်သော အချက်နဲ.ကိုက်မကိုက် စမ်းသပ်ကြတာပါ။

၃။ တခါတခါ ဘယ်လိုမှမသိနိုင်သော မေးခွန်းတွေလည်းမေးမှာပါ။ ဒီပေါ်တက်လာတော့ လှေကားဘယ်နှစ်ထစ်လဲတို.ဘာတို.၊ ယဉ်လတ်ရဲ. ဖိနပ်ဆိုက်က ဘာလဲ စသဖြင့်ပေါ့။ တချို.က လူကြီးတွေ ပျင်းလို. လျောက်မေးတယ်ထင်ကြပါတယ်။ ပျင်းလို.ထက် တခါတခါမှာ problem တစ်ခုကို ဘယ်လိုဖြေရှင်းသလဲဆိုတဲ့ (မဖြေရှင်းရင်တောင် မထင်မှတ်တဲ့ပြဿနာကို ဘယ်လိုတုံ.ပြန်သလဲဆိုတဲ့) respond ကို စောင့်ဖမ်းတာ အက်တီကျုကို စောင့်ဖမ်းတာပါ။

၎။ ပြောချင်တာ အဓိကက မဆိုင်တာတွေ မေးနေတယ် အဓိပ္ပါယ်မရှိတဲ့အလုပ်ကို လုပ်နေတယ်လို. ထင်နေတဲ့စိတ်ကို အင်တာဗျူးခန်းထဲသယ်မသွားပါနဲ.။ အဲလိုအတွေးမျိုး အမေးခံနေရစဉ်မှာလုံးဝ မ၀င်ပါနဲ.။ လူကြီးတွေက အင်တာဗျူး နှစ်ပေါင်းများစွာမေးလာတာပါ။ အဲလိုစိတ်လေးဝင်လာပြီဆိုရင် ဖြေတဲ့သူက မသိပေမယ့် ကိုယ်နေဟန်ထား body language က ပြောင်းသွားတာပါ။ သီအက်ရီတွေရှိပါတယ်။ လူတစ်ယောက်က လိမ်နေတယ်၊ စိတ်မပါဘူး စတာတွေကို ဘယ်လိုပဲဖုံးထားထား (ကိုယ်အမူအယာပေါင်း ထောင်ချီနေတဲ့အထဲမှာ) တစ်ချက်တစ်လေတော့လွတ်သွားတတ်ပါတယ်။ သာမန်လူက မသိပေမယ့် လေ့လာထားတဲ့သူဆိုရင်၊ အတွေ.အကြုံများတဲ့လူဆိုရင် 'မိ' တတ်ပါတယ်။ ဒါကြောင့် ကိုယ်မရတဲ့မေးခွန်း မေးရင်တောင် စိတ်ထဲကညိုငြင်မှုလုံးဝမထည့်ပဲ ဖြေနိင်အောင်သာကြိုးစားပါ။

၅။ တကယ်တော့ လူတစ်ယောက်ကို အကဲဖြတ်တာက ပထမ မိနစ်ပိုင်းအတွင်းမှာပါလို. စိတ်ပညာရှင်တွေက ပြောပါတယ်။ မိနစ်ပိုင်းတောင် ရှေ.ပိုင်းက စက္ကန်.တွေပါ။ လုပ်ရမှာတွေ အောက်မှာ အကျဉ်းချုပ်ရေးပေးပါ့မယ်။ ဖတ်ထားတာမဟုတ်တော့ မှတ်မိသမျှပေါ့။

၅-၁။ သတ်သတ်ရပ်ရပ်ဝတ်ပါ။ ဆံပင်ညှပ်ပါ။ မိန်းကလေးတွေစည်းထားပါ။ အနီအ၀ါဆိုးထားတာတွေ အတတ်နိုင်ဆုံး ဖုံးထားပါ။ ဘ၀နဲ.ဆိုင်တဲ့ကိစ္စမှာ ဆံပင်ကြောင့် မပျက်ပါစေနဲ.။ ကွမ်းစားထားတာ၊ ဆေးလိပ်သောက်ထားတာရပ်ထားပါ။ မသောက်တတ်တဲ့သူက အနံ.သိပ်ဆိုးအောင်ရတတ်တယ်။ နှုတ်ခမ်းနီပါးနီရဲနေအောင်မဆိုးပါနဲ.။ အတိုအကြပ်တွေ အကွဲတွေရှောင်ပါ။

၅-၂။ လိုအပ်တဲ့စာရွက်စာတမ်းတွေ ယူသွားပါ။ သူရို.ဆီမှာလည်း ရှိပြီးပါပြီ။ တခါတလေတောင်းတတ်ပါတယ်။ ရေးစရာဘောပင်ပါယူသွားပါ။ ပုံဆွဲခိုင်းတာမျိုးလုပ်လာခဲ့ရင် သူရို.ဆိက မငှားရပါစေနဲ.။

၅-၃။ ၀င်ခွင့်တောင်းပါ။ ထိုင်ခိုင်းမှထိုင်ပါ။ ခေါင်းငုံ.မထားပါနဲ.။ လက်မပိုက်ပါနဲ. (လက်ပိုက်တာက ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေအထားခေါ်ပါတယ်) ဖြစ်နိုင်ရင် လက်တွေကို မြင်အောင်ပြထားပါ။ လက်ချင်းမဆုတ်ပါနဲ.။ စားပွဲပေါ်လည်းသွားမတင်နဲ.။ခါးမတ်မတ်ထားပါ။

၅-၄။ မျက်လုံးချင်းဆုံအောင်ကြည့်ပါ။ တောက်လျောက်တော့ကြည့်မနေရ။ ပြုံးထားနိုင်ရင်ကောင်းတယ်။ စပ်ဖြဲဖြဲတော့မဟုတ်ဘူးပေါ့။ မေးခွန်းဖြေရင် ကြားရအောင်ဖြေ။ မေးသူရဲ. မျက်လုံးနှစ်လုံးနဲ. အပေါ်နှစ်ခမ်းကြားက တြိဂံ ဟာ အလုပ်သဘော စကားပြောသူတွေကြည့်ရမယ့်နယ်မြေပါ။ ဒီအပြင်မရောက်မကြည့်မိစေနဲ.။ မဖြေနိုင်ရင် ရိုးရိုးသားသားပြောလိုက်ပါ။ အချိန်ကုန်မခံနဲ.။

၅-၅။ သွားတော့ဆိုရင်ထမပြေးနဲ.။မတ်တတ်ထ၊ နှုတ်ဆက်ပြီးမှ နောက်ကို သုံးလှမ်းလောက်ဆုတ်ပြီးမှလှည့်ထွက်။

၆။ အဆင်ပြေကြပါစေ။

ဒေါ်အောင်ဆန်းစုကြည်

၁-၁။ ဤစာစုကို ခေါင်းစဉ်တပ်ရန် စဉ်းစားသောအခါ အခြားသူများတပ်သကဲ့ ဒေါ်အောင်ဆန်းစုကြည် (သို.မဟုတ်) လွတ်မြောက်ခြင်း၏ ကိုယ်စားလှယ်၊ မြန်မာပြည်၏ ကယ်တင်ရှင်၊ စသည်ဖြင့် တပ်ရန် စဉ်းစားပါသေးသည်။ သို.သော်လည်း မြန်မာနိုင်ငံသားတို.၏ နှလုံးအိမ်အတွင်းရှိ မေ့နိုင်ဖွယ်မရှိသော ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏မိခင်၊ဇနီးတို.၏ နာမည်များ ပါဝင်နေသော 'ထိုအမည်ကိုယ်တိုင်ကပင်' ထူးခြားနေပြီဖြစ်ရာ အခြားသော ၀ိသေသျများ မလိုတော့ဟု ခံစားမိသည်ကတစ်ကြောင်း၊ အခြားသူများကဲ့သို. မှန်လှပါပြီ၊ကောင်းလှပါပြီ၊ မင်းလောင်းပေါ်ပြီ စသည်ဖြင့် 'အလွန်အကျွန်သူရဲကောင်းကိုးကွယ်ရေးဝါဒကို ရှေ.တန်းတင်မည်မဟုတ်သည်ကတစ်ကြောင်း' တို.ကြောင့် အခြားမည်သည့် နာမ၀ိသေသနမှ မတပ်ပဲ ဤစာစုကို ခေါင်းစဉ် တပ်ပါသည်။

၁-၂။ ရေးခဲ့ဘူးသော စာများတွင် အမည်နာမ တပ်၍ ရေးသားခြင်းရှားပါးလှသလို ရေးမိသောအခါတွင်လည်း 'ခေါင်'ကိုမှ ရေးခြင်းဖြစ်ရာ 'ငါ ဘာ့ကြောင့် ရေးလိုပါသနည်း' ဟူသည့် ဇောစေတနာကို သေချာစဉ်းစားရပါသည်။ အပြစ်တင်လိုခြင်း၊ ချီးကျူးလိုခြင်းထက် မြန်မာနိုင်ငံ၏တိုးတက်ရေးအတွက် 'ဇောင်းပေးလိုသော' စေတနာဖြင့်သာ ဦးစားပေးဖေါ်ထုတ်ရန် ဆုံးဖြတ်ပါသဖြင့် ဆိုလိုရင်းကို ရောက်မရောက် မသေချာသော်လည်း အပြစ်တင်လျှင်မူ ခံယူရန်အသင့်ရှိကြောင်း ပြောပါသည်။ မြန်မာပြည်သားတို. လူ.အခွင့်အရေးရရှိရေးကို တစိုက်မတ်မတ် အားထုတ်ခဲ့သော သူမ၏ဆန္ဒကို သိရန်မကြိုးစားပဲ အနည်းငယ်ဝေဖန်မိလျှင်ပင် မင်းက ဘယ်လောက်သိလို.လဲ၊ မင်းထက်သိလို. နိုင်ငံရေးလုပ်နေတာကွ စသည်ဖြင့်လည်းကောင်း၊ စသည်ထက်ပိုသော ဆဲဆိုကြမ်းတမ်းသော စကားတို.ဖြင့်လည်းကောင်း လာရောက်ပြောသူတို.အား စကားထဲပင် ထည့်ပြောရန်မရှိပါ။ မိမိ၏ ခံယူချက်၊ ဆန္ဒ၊ သဘောထား တို.ကို လွတ်လပ်စွာ ထုတ်ဖေါ်ပြောကြားရေးသည် လူ.အခွင့်အရေး၏ အင်မတန်အရေးကြီးသော အစိတ်အပိုင်းဟုသာ ပြောလိုပါသည်။

၁-၃။ သူမအကြောင်းပြောသောအခါ တစ်နွယ်ငင်တစ်စင်ပါ သူမ၏ ပါတီ 'အမျိုးသား ဒီမိုကရေစီ အဖွဲ.ချုပ်' အကြောင်းသည်လည်း ပါဝင်လာရပါမည်။ ကောင်းမကောင်း၊ ညံ့မညံ့ အဆုံးအဖြတ်ပေးခြင်းထက် အပြုသဘောဆောင်သော (မိမိ ဥာဏ်မီသမျှသော) သုံးသပ်ဝေဖန်မှုများကို အားနာပါးနာပေးရပါတော့မည်။နိုင်ငံအတွက် သင့်သည်ထင်လျှင်ယူပါ၊ မသင့်သော ပယ်ပါ ဟုသာ ပြောရပါမည်။ လက်ခံနိုင်ခြင်း မရှိပါက 'အန်အယ်ဒီအတွက်မေတ္တာစာ' ဟုသာ သတ်မှတ်ပေးပါရန် တောင်းပန်ရပေမည်။

၂-၁။ သူမဘ၀ကို ပြန်ကြည့်လျှင် လေးပိုင်းခွဲလိုပါသည်။ (မိမိ ပြောမည့် အပေါ်မူတည်၍ ခွဲခြင်းဖြစ်ပါသည်) ပထမပိုင်းသည် မြန်မာနိုင်ငံသို. ပြန်မလာမှီ ဘ၀၊ ဒုတိယပိုင်းသည် မြန်မာနိုင်ငံအတွင်း နိုင်ငံရေး စတင်လုပ်ဆောင်သော ဘ၀၊ တတိယပိုင်းသည် အကျယ်ချုပ်ခံဘ၀ နှင့် စတုတ္တပိုင်းသည် အကျယ်ချုပ်ခံဘ၀မှ လွတ်မြောက်သော လက်ရှိဘ၀တို.ဖြစ်ပါသည်။ ထိုအပိုင်းတို.သည် လက်ရှိကမ္ဘာကပိုင်ဆိုင်သော 'မဟာလူသား' (ဤစကားကို ယနေ.မြန်မာနိုင်ငံသား အများစု ခံယူနေကြသော သူရဲကောင်းကိုးကွယ်ဝါဒဖြင့် သုံးခြင်းမဟုတ်ပါ) တစ်ဦး ပေါ်ထွက်လာစေရန် အကြောင်း အထောက်အပံ့ ဖြစ်ခဲ့ကြောင်း လက်ခံရပေမည်။

၂-၂။ မြန်မာနိုင်ငံသို. ပြန်မလာမှီကာလသည် အပြုခံဘ၀သာဖြစ်၍ ကန်ရေထဲသို. ပစ်ချခြင်းခံရသော ခဲလုံးတစ်လုံးသည် ရေထဲရှိငါး၊လိပ်၊မိကျောင်းတို.ဖြင့်သာ အဖေါ်ပြုရမည်ဖြစ်သကဲ့သို. နိုင်ငံရပ်ခြားသို. အပို.ခံထားရသူတစ်ဦးအနေဖြင့် အခြားရွေးချယ်ဖွယ်လမ်းမရှိပဲ နိုင်ငံခြားသားတစ်ဦးဖြင့်သာ အိမ်ထောင်ပြုရခြင်းသည် အပြစ်ပြောဖွယ်ရာမရှိပေ။ သို.သော် ဖခင်၏ မျိုးရိုးဗီဇများ အပြည့်ပါနေသောသူမအား အောက်စဖို.ကဲ့သို.သော နိုင်ငံရပ်ခြားတက္ကသိုလ်တစ်ခုအား စေလွှတ်ပညာသင်စေခြင်းသည် 'မြင်းကို ဂျိုတပ်ပေးလိုက်သကဲ့သို.' ဖြစ်သွားစေသဖြင့် မြန်မာနိုင်ငံမှ ဝေးစေရန်အကြံဖြင့် ပို.ထားသူများ၏ မဟာအမှားသာဖြစ်ပေမည်။ ယခု ကမ္ဘာ.ခေါင်းဆောင် အ၀န်းအ၀ိုင်းတွင်ဖြစ်စေ၊ ပညာတတ် အ၀န်းအ၀ိုင်းတွင်ဖြစ်စေ 'ခေါင်းမလျှိုး' ပဲ ၀ံ့ဝံ့စားစား မိန်.ခွန်းပြောနေသော သူမကို ကြည့်ရင်း မြန်မာနိုင်ငံအတွင်း တက္ကသိုလ်တစ်ခုခုတွင်သာ ပညာသင်ခဲ့ပါက ဤသို.ခေါင်းဆောင်တစ်ယောက်ကို ရရှိနိုင်မည်မဟုတ်ဟု တွေးမိပါသည်။ အနောက်ဆန်လွန်းသည် ပြောကြနိုင်သော်လည်း ဤကဲ့သို. အနောက်ဆန်ခြင်းသည်ပင်လျှင် ကောင်းသော အချက်ဖြစ်ပါသည်ဟု 'အနောက်ဆန်ခြင်းနှင့် အနောက်မျှော်ခြင်း ခွဲမသိသူ' အချို.အား ပြောလိုပါသည်။

၂-၃။ နိုင်ငံရပ်ခြားတွင် ပညာသင်ခြင်းကို 'မြင်းကို ဂျိုတပ်ခြင်း'ဟု ပြောပါက မြန်မာနိုင်ငံအတွင်း ရှစ်လေးလုံးကာလတွင် မိခင်ကျန်းမာရေးအတွက် မြန်မာနိုင်ငံသို. ပြန်လာခြင်းကို 'ကျားသေကို အသက်သွင်းခြင်း'ဟု ပြောရပါမည်။ လွတ်လပ်ရေးဖခင်၏ သမီးဖြစ်ခြင်း၊ နိုင်ငံအတွင်းမှ ဖိနှိပ်မှုများကို မျက်ဝါးထင်ထင် မြင်ရခြင်းတို.သည် သူမအားနိုင်ငံရေးလမ်းကြောင်းပေါ်သို. ဆွဲတင်လိုက်နိုင်သော်လည်း 'ယနေ. ခေါင်းဆောင်ပီသလှသော ဒေါ်အောင်ဆန်းစုကြည်ဘ၀သို. ' နေ.ချင်းညချင်း တွန်းပို.နိုင်ခဲ့ခြင်း မရှိပါ။ နိုင်ငံရေးပါးဝနေသော ၀ါရင့်နိုင်ငံရေးသမားကြီးများအလည်၊ ကောက်ကျစ်လှသော ထိုစဉ်ကပြိုင်ဘက်အချို.၏ ကစားကွက်အလည်တွင် အမှားအချို.ပင် လုပ်ခဲ့မိသေးပါသည်ဟု ပြောလျှင်ပင် ရပါသည်။ (၀ိုင်းဆဲလည်းမတတ်နိုင်ပါ) သို.သော် ထိုအမှားမျိုးကို ယနေ.ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မည်သို.မှ ထပ်မံဆောင်ရွက်ပြောဆိုသည်ကို မတွေ.ရသဖြင့် 'အင်မတန် တန်ဖိုးကြီးလှသော အမှားများ' ဟုသာ ဆိုသင့်ပါသည်။ မိမိရင်ဆိုင်နေရသူ ဘယ်လိုလူများဖြစ်သည်ဆိုသည်ကို ကောင်းကောင်း သဘောပေါက်သွားခဲ့သည်ဟုပဲ ဆိုရပါမည်။

၂-၄။ နေအိမ်တွင် အကျယ်ချုပ်ဘ၀နှင့် ၀င်လိုက်ထွက်လိုက်လုပ်နေရသော ကာလသည် အဖြစ်အပျက်အနေနှင့် (အလွန်အရေးကြီးသော တစ်ခုနှစ်ခုမှတပါး) ရှားပါးလှသော်လည်း အင်မတန်စိတ်ဝင်စားစရာကောင်းသော အပြောင်းအလဲကာလအဖြစ် သတ်မှတ်လိုပါသည်။ ဥာဏ်ပညာကြီးမားသူတစ်ဦးကို တစ်ဦးတည်း သီးခြားထားလိုက်သောအခါ အဖြစ်အပျက် အခြေအနေ အကြောင်းချင်းရာများကို 'စနစ်တကျ အပြန်ပြန်အလှန်လှန် ဝေဖန်သုံးသပ်ခွင့်' တည်းဟူသော အင်မတန်အကျိုးကျေးဇူးကြီးလှသော အလုပ်ကို လုပ်ခွင့်ရသွားဟန်တူပါသည်။ နောက်ပိုင်း သူမ၏ အရေးကြီးလှသော မိန်.ခွန်းများတွင်လည်း ဤအချက်ကို တစွန်းတစ မြင်နိုင်ကြပါမည်။ နိုင်ငံအတွက် အင်မတန်အရေးကြီးလှသော အပြောင်းအလဲသည်လည်း ထိုအချိန်မှ စလာဟန်တူပါသည်။ ထိုအပြောင်းအလဲသည် သူမ၏ 'စိတ်ဓာတ်ဆိုင်ရာအပြောင်းအလဲ' ပင်ဖြစ်ပါမည်။ သူမအတွက် အသက်ကိုပင် စွန်.နိုင်ကြသူများ၊ သူမကဲ့သို.ပင် ဖိနှိပ်ချုပ်ချယ်ခံနေကြရသူများအတွက် (သည်လေဒီ ဇာတ်ကားထဲကလို ကြမ်းပြင်ပေါ် တုံးလုံးလှဲ၍ ငိုနေမည်ဟု လုံးဝမယုံကြည်ပါ) ပို၍ မြင့်မြတ်သောလမ်းကို ရွေးချယ်လိုက်သည်ဟုပင်ဆိုနိုင်ပါည်။ (နိုင်ငံအရေးမှ လူသားအရေးကို ပြောင်းလဲလာခြင်းကို ဆိုလိုပါသည်။) အစပိုင်းတွင်မူ ခေါင်းမာခြင်းသက်သက်သာဖြစ်သည်။ နောက်ပိုင်းတွင် ယုံကြည်ချက်အတွက်ခေါင်းမာမှုဖြစ်ပါမည်။ နောက်ဆုံးတွင်မူ လူ.လွတ်လပ်ခွင့်အတွက် ခေါင်းမာမှုကိုပင် ဖယ်ရှား၍ မိမိအား နှိပ်စက်ကလူပြုခဲ့သူတို.ကိုပင် မိတ်ဆွေအဖြစ် သဘောထားနိုင်သော စိတ်အဖြစ်ပြောင်းလဲလာခြင်းပင်ဖြစ်ပါသည်။ ဖခင်၏ စိတ်ဓာတ်အမွေကို ထိုအချိန်တွင် 'တင်းပြည့်ကျပ်ပြည့်' ရရှိသွားသည်ဟု သတ်မှတ်လိုပါသည်။

၂-၅။ အကျယ်ချုပ်ဘ၀မှ လွတ်မြောက်သော အချိန်ဝယ် သူမသည် အစစအရာရာ အသင့်ဖြစ်နေခဲ့ပြီ ဖြစ်ပါသည်။ ပြည်သူလူထု၏ မကြုံစဖူး ထောက်ခံအားပေးမှု၊ သူမ ခေါင်းဆောင်ပီသသော ဆုံးဖြတ်ချက်တို.သည် မြန်မာတွင်သာမက ကမ္ဘာပေါ်တွင်ရှားပါးသော 'မဟာလူသားတစ်ဦး' ကို မွေးထုတ်ပေးလိုက်ခြင်းဖြစ်ပြီး ကမ္ဘာစီးပွားရေးဖိုရမ် ကဲ့သို.သော အခမ်းအနားများသည်ပင် သူမကြောင့် ဂုဏ်တက်လာရသော အနေအထားသို.ရောက်လာခဲ့သည်။ အစဉ်အလာကြီးလှသော အောက်စဖို.တက္ကသိုလ်၏ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ.၊ ကိန်းကြီးခန်းကြီးနိုင်လှသော ဗြိတိသျှတို.၏ခန်းမတွင် မိန်.ခွန်းပြောကြားခွင့်တို.သည် မြန်မာကို ကမ္ဘာက သိစေရုံမက မြန်မာတို.အတွက် ဂုဏ်ယူဖွယ်အကြောင်းများပင်ဖြစ်သည်။ (မဟာလူသားဟု နှစ်ကြိမ်တိုင်သုံးနှုန်းခြင်းသည် သည်းခံခြင်း၊ခွင့်လွှတ်ခြင်းစသော လူသား၏ 'အမြင့်ဂုဏ် သတ္တိ' ကို ထွန်းလင်းပြနေသောကြောင့် သုံးခြင်းဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုဖြင့် သုံးခြင်းမဟုတ်ပါ။) နိုင်ငံတကာ အလည်တွင် အရည်အသွေး၊အဆင့်အတန်း၊အတွေးအခေါ် တင်းပြည့်ကျပ်ပြည့် ရှိကြောင်းကို ရိုဟင်ဂျာအရေးကဲ့သို.သောကိစ္စများတွင် နိုင်ငံတကာလက်ခံနိုင်သော၊ ပြည်သူလက်ခံနိုင်သော 'ပညာသားပါသည့် တစ်ကွက်ကျောမှတ်ချက'် ပြုခြင်းမျိုးတွင် တွေ.နိုင်ပါသည်။

၃-၁။ သို.ရာတွင် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်တစ်ဦး ဖြစ်သွားသည့်အတွက် အားနည်းသွားနိုင်သော နေရာများလည်း ရှိနေပါသည်။ အားနည်းသွားနိုင်သောဟူသည် အားနည်းသွားသော ဟူသည့် 'တစ်ထစ်ချ ကောက်ချက်ဆွဲသောစကား' မဟုတ်မှန်း သိစေချင်သလို စေတနာဖြင့် ပြောသော စကားမှန်းလည်း သိစေချင်ပါသည်။ မှားနိုင်ပါသည်ဟုလည်း ကြိုတင်ဆိုပါသည်။

၃-၂။ ပထမဆုံးအနေနှင့် အလွန်အကျွံ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုများကြောင့် လူထုနှင့် ကင်းကွာသွားနိုင်ခြင်းပင် ဖြစ်ပါသည်။ လူထုခေါင်းဆောင်တစ်ယောက်သည် လူထုအထက်သို.တက်သွားရမည်လား၊ လူထုကြားထဲ တရွေ.ရွေ. တိုးဝင်သွားရမည်လား မသေချာသော်လည်း တစ်မတ်တန်းမှ ရုပ်ရှင်ကြည့်ခဲ့သော၊ ရဲဘော်များအကြားတွင်တိုးဝှေ.၍ ထမင်းစားခဲ့သော၊ အင်္ကျီဘောင်းဘီ နှစ်စုံသာရှိသော သူမဖခင်၏ပုံရိပ်သည် မြန်မာလူထုအကြားဝယ် တမြေ့မြေ့ တမ်းတစရာအဖြစ်ရှိနေဆဲပင် ဖြစ်သည်။ ဖခင်၏ ပုံစံအတိုင်း လိုက်လုပ်ရန်ပြောခြင်း မဟုတ်သော်လည်း ပြည်သူလူထုနှင့် 'နီးရက်နှင့် ဝေးနေသော ခေါင်းဆောင်မျိုး' မဖြစ်စေချင်သည်ကတော့ အမှန်ပင်။

၃-၃။ နောက်ထပ်ကင်းကွာ သွားနိုင်သည်ကတော့ သူမ၏ ပါတီနှင့်ပင်ဖြစ်သည်။ သူမ၏ အရှိန်အ၀ါအား ကြီးလွန်းသောအခါ ဆုံးဖြတ်ချက်မှန်သမျှသည် ရှုထောင့်ပေါင်းစုံမှ အကြေအလည်ဆွေးနွေး၍ ရလာခြင်းမျိုးမဟုတ်ပဲ တစ်ချက်လွှတ်ကိစ္စ ဖြစ်သွားမည်စိုးရပါသည်။ အာဏာရှင်စနစ်ကို တိုက်ဖျက်သူများကိုပင် အာဏာရှင်အဖြစ် မသိမသာပြောင်းသွားစေသော လူတို.၏ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု ကို ကြိုတင် မစဉ်းစား၍ မဖြစ်ပါ။ တစ်ဆက်တည်း ပြောလိုသည်မှာ အတိုက်အခံများနှင့်လည်း ကင်းကွာသွားနိုင်ခြင်းဖြစ်သည်။ အမှန်စင်စစ် အတိုက်အခံများနှင့် အရမ်းကွာခြားမှုမရှိမှသာ နိုင်ငံတည်ဆောက်ရေးတွင် အပြိုင်အဆိုင် ပြောဆိုဆွေးနွေးရမည်ဖြစ်သည်။ တစ်ဖက်မှ အရမ်းမြင့်ပြီး တစ်ဖက်မှ ပုံမှန်ရှိနေသည့်အခါ ပါဝါချိန်ခွင်တစ်ဖက်စောင်းနင်း ဖြစ်နေနိုင်သလို 'ဘောလုံးပညာမယှဉ်နိုင်လျှင် လူချတတ်သော ကိစ္စ' ဖြစ်မလာနိုင်ဟုလည်း မပြော၍မရပါ။

၎-၁။ ယနေ. ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ရှေ.တန်းသို.ရောက်နေသော်လည်း နောက်တန်းမှ ထောက်ကူပံ့ပိုးနေကြသူများအနေနှင့် ကျန်နေခဲ့ဟန်တူပါသည်။ လိုအပ်သော သတင်းထုတ်ပြန်မှုများ၊ အချက်အလက်ပံ့ပိုးမှုများ၊ လုံခြုံရေး အစီအမံများကို အချိန်နှင့် တပြေးညီပံ့ပိုးပေးရန် လိုအပ်ပါသည်။ (ယခုစာကိုရေးရန် သူမ၏ မိန်.ခွန်းများကို ပြန်လည်ရှာဖွေရာ တစုတစည်းထဲ မတွေ.ရပါ၊ အင်မတန် ရှက်စရာကောင်းပါသည်) ယခုတစ်ထိုင်တည်း စဉ်းစားမိသမျှ ပြောကြည့်ပါမည်။

၎-၂။ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် Official Website တစ်ခုရှိရပါတော့မည်။ သူမ၏ မိန်.ခွန်းများ၊မှတ်တမ်းများ၊ ခရီးစဉ်များ အား ပြည်သူအား အချိန်နှင့်တပြေးညီထုတ်ပြန်ပေးရန်လိုပါသည်။ မလိုလားအပ်သော ကောလဟာလများအား တားဆီးရန်ဖြစ်သလို ပြည်သူနှင့် ဆက်ဆံရေးတိုးမြှင့် လိုက်သောတံခါးပေါက်လည်း ဖြစ်ရပါမည်။ ဘားရက်အိုဘားမား ဖေ့စ်ဘုတ်သုံးခြင်းကဲ့သို.သော ပြည်သူနှင့် အဆက်အဆံပြုရေးသည် အလွန်အရေးကြီးသော အရာဖြစ်သကဲ့သို. မှတ်တမ်းမှတ်ရာအဖြစ်ရှိရေး၊ ထရန်စ်ပဲရန်စီဖြစ်ရေး တို.အတွက်လည်း အရေးကြီးသည်ဟု ဆိုပါမည်။ လိုအပ်လျှင်ကိုးကားနိုင်ရန် မိန်.ခွန်းပေါင်းချုပ်မျိုးကိုလည်း စီစဉ်သင့်နေပါပြီ။

၎-၃။ နောက်တစ်ချက် အရေးကြီးသော ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အတွင်းရေးမှူးတစ်ယောက် ထားရှိရေးဖြစ်ပါသည်။ 'မည်ကာမတ္တ' အတွင်းရေးမှူးမျိုးကိုပြောသည်မဟုတ်ပဲ အနာဂတ်တွင် လက်လွှဲပေးရမည့် ဆက်ခံသူတစ်ယောက်ကို အနီးကပ်သင်ကြားပေးခြင်းမျိုးကို ဆိုလိုပါသည်။ အင်မတန်အရေးကြီးသော နေရာဖြစ်သည့်အလျှောက် ယုံကြည်စိတ်ချရခြင်းမျိုးသာမက အသက်အရွယ်နုပျိုခြင်း၊ နိုင်ငံရေးခံယူချက်မြင့်မားခြင်း၊ ဥာဏ်ပညာ အမျော်အမြင်နှင့်ပြည့်စုံခြင်း စသည်တို.နှင့် ပြည့်စုံရမည်ဖြစ်ပြီး နိုင်ငံရေးခါးဆက်ပြတ်ခြင်းကို ကာကွယ်နိုင်ရန်ဖြစ်ပါသည်။ ထိုသို.သော အတွင်းရေးမှူးတစ်ယောက်ကို ရှာဖွေမွေးမြူသင့်ပြီဟု ဆိုပါမည်။

၎-၄။ နောက်တစ်ခုသည် လုံခြုံရေးကိစ္စဖြစ်ပါသည်။ ကြည့်လိုက်လျှင် လုံခြုံရေး အင်မတန်အားနည်းပါသည်။ လူဆိုသည်မှာ ချစ်သူမည်မျှပင်ပေါပေါ မုန်းသူရှိနေတတ်ပါသည်။ ထိုမျှသာ ဆိုပါမည်။

၅-၁။ ပြောခဲ့သမျှသည် စေတနာဖြင့် ပြောသောစကားများသာ ဖြစ်ပါသည်။ ရှားရှားပါးပါး အဆင့်ဆင့် မီးအထပ်ထပ်ခတ်ပြီးမှ ရရှိလာသော ကြေးသွန်းရုပ်ထုကဲ့သို. ခေါင်းဆောင်တစ်ဦးကို ဘာမဟုတ်သော အဖြစ်များဖြင့် အထင်မြင်သေးမခံစေချင်ပါ။ ထို.အပြင် အချိန်ကလည်း အင်မတန်ရှားပါးနေပါသည်။ ထို.အတူ အားရဖွယ်မျိုးဆက်လည်း မမြင်မိသေးပါ။ ပြောလိုက်မိလျှင် ၀ိုင်းဆဲကြသော ကိစ္စကလည်း ရှိသေးသည်။ ဂုဏ်ယူထိုက်သူတစ်ဦးကို ဂုဏ်ယူတတ်စေရန်လည်းကောင်း၊ တိုင်းပြည်တိုးတက်ရန် လိုအပ်သော အကြောင်းအထောက်အပံ့အဖြစ် ကူညီနိုင်ကြစေရန်လည်းကောင်း ရေးသားရပါသည်။

၅-၂။ ထို.ထက်ပို၍ ဆိုရန်မရှိပါ။

Thursday, November 24, 2011

အာဇာနည် မဆိုရ

တစ်နေ.က 5 series မှာ ထူးအိမ်သင် ၇နှစ်ပြည့် အမှတ်တရ အစီအစဉ် ကြည့်ရပါတယ်။ ဘယ်က ကလေးတွေမှန်းလည်းမသိပါဘူး။ ၀င်ပြောနေလိုက်ကြတာ။ နားကလောပါတယ်။ ထူးအိမ်သင်ကိုလည်းလူချင်းမသိ၊ သူ. Work ကိုလည်း မသိပဲ ကိုငှက်၊ကိုငှက်နဲ. ဇွတ်လွမ်းပြနေကြတာပါ။ ကိုငှက်တို.၊ ငှက်ကြီးတို. ခေါ်လိုက်လို.သူတို.နဲ.တန်းတူ၊လယ်ဗယ်တူဖြစ်သွားပြီများမှတ်နေပြီလားမသိ။

သူဆိုတာကိုလည်းကြိုက်ပါတယ်၊ငယ်ငယ်ကတည်းကသူ.သီချင်းတွေနဲ.ကြီးပြင်းလာတာပါ။ ဒါပဲပြောတတ်ကြပါတယ်။သျှပ်မှူးကျော်ကဗျာတွေအကြောင်း၊ စင်သီယာကဗျာတွေအကြောင်းသိကြမယ်လည်းမထင်။ ဒီလိုဆိုရင်လည်းထုတ်လွှင့်မနေပါနဲ.တော့။

++++++

ထူးအိမ်သင်ကို ချစ်တယ်သာပြောနေကြတယ်။သူ.သီချင်းတွေကို အားလုံးပြန်စုစည်းပေးပြီးကြပြီလား။သူရေးခဲ့တဲ့သီချင်းတွေ အားလုံးစုပြီးပါပြီလား။ သူမဆိုပေမယ့်သူရေးခဲ့တဲ့သီချင်းတွေရှာဖွေပြီးခဲ့ပါပြီလား။ ဥပမာ တူးတူးရဲ. ရင်ခွင်အိုသစ်စီးရီးထဲက စမ်းချင်းစမ်းလေ ဆိုတဲ့သီချင်းမျိုး။

နောက်ပြီးတော့ သူဆိုခဲ့တဲ့သီချင်းတွေထဲက ဗားရှင်းမတူတာလေးတွေ ပြန်ရှာဖွေ စုစည်းပေးကြရင်ကောင်းပါမယ်။ လက်လမ်းမှီသူတွေ ပေါင်းလုပ်ရင်ရပါတယ်။ ဥပမာ အမေ့အိမ်ဆိုရင် ဗားရှင်းသုံးမျိုးလောက်ရှိမယ်ထင်ပါတယ်။ လူနဲ.အင်္ကျီ ဆိုရင် ဆိုပေါက် ကအစကွာသွားတာပါ။ နောက်ဝေးသွားတဲ့ အခါသီချင်း၊ အောင်ရင်နဲ.တွဲဆိုခဲ့တဲ့ မဆုံးတဲ့သီချင်း၊စတဲ့သီချင်းတွေမှာ တစ်ပုဒ်နဲ.တစ်ပုဒ် ဆိုပုံလေးတွေပြောင်းထားတာလေးတွေ လေ့လာစရာနားထောင်ချင်စရာတွေပါပဲ။

နောက် အတွဲခွေတွေထဲကသီချင်းလေးတွေ စီးရီးအဖြစ်ပြန်စုစည်းပေးစေချင်လိုက်တာ။ တော်တော်များပါတယ်။ နှစ်ခွေသုံးခွေစာရှိလိမ့်မယ်။ သီချင်းစုံသူတွေက အပင်ပန်းခံစုပေးရမှာပါ။ အထူးသဖြင့် သူ.နာမည်မပါပဲ တစ်ပုဒ်စနှစ်ပုဒ်စ၀င်ဆိုတာတွေပျောက်ပျက်သွားမှာစိုးလို.ပါ။ ဟေမာနေ၀င်းရဲ့ ပိုးဖလံစီးရီးထဲက အချစ်ပြီးတော့ အချစ်ဆိုတဲ့သီချင်းမျိုးပေါ့လေ။ စန္ဒယားလှထွဋ်ရဲ့ ပန်းတွေနဲ.ဝေကိုသူပြန်ဆိုခဲ့တာမျိုး၊ သိမ်းထားရမယ့် ဆိုပုံမျိုးပါ။

အဖြစ်စေချင်ဆုံးက ဂျုးရဲ့ မြရဲ့လ၀တ္တုကိုသူဖတ်ခဲ့တာလေးတွေ၊ စောစောက ပြောခဲ့တဲ့သူ.သီချင်းသူ.အသံအားလုံးရယ်၊ အာလုံးစုပြီး ဒီဗီဒီတစ်ချပ်ထုတ်၊ သူ.ကဗျာတွေပါတဲ့ အမှတ်တရစာအုပ်ရယ် ပေါင်းထုတ်လိုက်။

တစ်ခုတော့ရှိတယ်။ သူ.သီချင်းတွေကို အာဇာနည် ပြန်မဆိုရ။ ဂရေဟမ်ပြန်မဆိုရ။ လေးဖြူပြန်မဆိုရ။

ခုတော့သူကိုချစ်တာတွေက ရှိတော့ရှိနေပါရဲ့။ အရှိမဲ့။ ။

ဆိုရေးရှိက……

ယောမင်းကြီးဦးဘိုးလှိုင် လျှောက်သည့် စာသားကို မမေ့မလျော့ ကျက်ထားဘူးသည်။ 'အစ်မ နှမ၊ သမီးကကို၊ စ၍ဆက်နှင်း ၊လက်ဆောင်သွင်း၍၊ စိုးမင်းချစ်မြတ်၊ ထိုအမတ်သည်၊ ပညာမရှိ၊သတ္တိကင်းကွာ၊ ဘုန်းကြီးလာမူ၊ ပြည်ရွာပျက်ကြောင်းတစ်ပါးတည်း'ဟူ၍ ဖြစ်သည်။ ဘုရင်က လှံကိုကိုင်၍ ငေါက်သောအခါ ထိုးတော်မူပါဘုရားဟု ရင်ကော့ပေးသည်ကိုလည်း စိတ်မှာစွဲနေသည်။ အမတ်ဆိုတာ ဒီလိုမှပေါ့ဟု ငယ်ငယ်ကတွေးမိသည်။ ကြီးလာတော့ ဒီလိုမဟုတ်သည်များတွေ.လျှင် စိတ်ကမကြိုက်ချင်တော့။

နောက် ဆရာတက္ကသိုလ်ဘုန်းနိုင်က အမတ်ကြီး ဦးပေါ်ဦးအကြောင်း ရေးသည်ကိုဖတ်ရသည်။ ဘိုးတော်ဘုရားက မြေးတော်လေးအတွက် ပုခက်ယဉ်သာလုပ်ရန်သဿမဓ အခွန်တော်မှ ငွေရှစ်သိန်း ထုတ်ယူစေသည်။ ဦးပေါ်ဦးကြားသောအခါ ' မင်းကြီးများ၏ ရှင်ဘုရင်သည် ရှင်ဘုရင်ပါးမ၀သေးပါဘူး' ဟုဆိုသည်။ ဘိုးတော်ဘုရားကြားသောအခါ အရာနုတ်စေသည်။ ဤတွင်မှဦးပေါ်ဦးက ကဗျာဖြင့် ဘုရင်ကိုဆုံးမသည်။

ဆုံးမသည်ဟုပဲသုံးရပါမည်။ အမျက်ဖြေခြင်းမဟုတ်ပါ။ သူ.ကဗျာတွင် ကမ္ဘာဦးနတ်၊သူ.ဥက္ခာတ် ဖြစ်သော မဟာသမ္မတမင်းမှစ၍ မင်းတို.သုံးစွဲရသော အခွန်အတုတ် ခွဲတမ်းကိုချပြသည်။ စင်စစ် သဿမေဓအခွန်သည် စစ်ရေးအတွက်အသုံးပြုရသော အခွန် အလွန်အရေးကြီးသော အခွန်ဖြစ်လေသည်။ ဦးပေါ်ဦးသည် ဓားထက်သောဘုရင်ကိုဓားနီးသောစကား အဓိပ္ပါယ်မဲ့မဆို။ ပညာပါစွာပြောခဲ့သည်။ ရှင်ဘုရင်သည်အဘယ်နည်း။ ရှင်ဘုရင်ပါးဝခြင်းသည်အဘယ်နည်း။

သူသည်မနေနိုင်မထိုင်နိုင်အတင်းပြောခြင်းမဟုတ်။ အမတ်အလုပ်ကိုလုပ်ခြင်းဖြစ်သည်။ ရှင်ဘုရင်ဟူသည် (ယခုခေတ်မြင်နေသလို မိန်းမတွေမိဖုရားတွေ ပေါက်လွတ်ပဲစားယူ၊သက်ဦးဆံပိုင်လုပ်နေသည်မဟုတ်) သူ. ကန်.သတ်ချက်နှင့်သူ ရှိနေကြောင်းသတိပေးခြင်းဖြစ်သည်။ ရှင်ဘုရင်သုံးရသော အခွန်သည် လမိုင်းလယ်ယာခေါ် ရိက္ခာတော်ဆက်လယ်နှင့် နယ်စားပယ်စားများမှ ပို.ဆက်လာသော လက်ဆောင်ပဏ္ဏာ များကိုသာသုံးစွဲခွင့်ရှိလေသည်။

ထိုဆုံးမကဗျာကိုဖတ်ရသောအခါ ဘိုးတော်မင်းတြားသည် ဦးပေါ်ဦးကို နဂိုအရာပြန်လည်ချီးမြှောက်လေသည်။ အမတ် စာဆိုလည်းတင့်တယ်သည်။ မင်းလည်းတင့်တယ်သည်။ သမိုင်းလည်းတင့်တယ်သည်။

++++++++++

ဆိုရေးရှိက ဆိုအပ်လှ၏ လို.ဆိုတဲ့အတိုင်းဆိုအပ်တဲ့နေရာမှာ ဘာကိုဆိုမလဲ၊ ဘယ်လိုဆိုမလဲဆိုတာ အရေးကြီးပါတယ်။ ဘာကိုဆိုမလဲဆိုတာကတော့ စာရေးတဲ့သူရဲ့ အတွင်းစေတနာဇောကိုပြောချင်တာပါ။ စေတနာဇော ကမှန်နေရင် ရင်သီးတဲ့စကားဆိုရင်တောင်(ဆဲသည်ပဲထားဦး) လက်ခုပ်တီးပေးကြမှာပါ။ ဗိုလ်ချုပ်က ခင်ဗျားတို.ေ-ာက်ချိုးတွေပြင်ကြတော့ဆိုရင် နားထောင်ရတဲ့သူမှာအရသာရှိနေပါတယ်။ မန်လယ်ဆရာတော်က ရွှေစည်ကြီးတီးလို.ဆုံးမတဲ့အခါ ရင်ထဲမှာပီတိဖြစ်ရပါတယ်။ အချုပ်တန်း ဆရာဖေက ကုလားမြင်သူ.အမေ----တော့မလို ဆိုတာနဲ.ကြက်သီးမွှေးညှင်းထအောင်ဇာတိမာန် တက်လာပါတယ်။ ဘာကိုပြောချင်တာလဲဆိုတော့ စေတနာဇော မှန်နေလို.ပါ။

ဘယ်လိုပြောမလဲဆိုတဲ့နေရာမှာ ဆရာကြီး ရွှေဥဒေါင်းပြောသလို သာယာညှင်းပြောင်းစွာချော ပြောတာ ရှိနေသလို ပိဿလေးနဲ.ဘေးကိုထုလိုက်သလို ငေါက်ဆတ်ဆတ်ပြောတာလည်းရှိပါတယ်။ဒါပေမယ့် ပြောတဲ့နေရာမှာ အတွင်းဇောစေတနာကသာ အရေးကြီးတယ် လို.ဆိုရပါမယ်။

အတွင်းဇောစေတနာမှန်ပြီဆိုရုံနဲ. အလုပ်ဖြစ်ပြီလားမေးတော့ မဖြစ်သေးပါဘူး။ ကိုယ်ပြောလိုသော ပညာရပ်နယ်ပယ်ကို ကျေကျေညက်ညက်သိရပါလိမ့်မယ်။ဒီလိုမှမသိဘူးဆိုရင်တော့ ခါချဉ်ကောင်မာန်ကြီး ပေမယ့်ခါးသေးနေသလိုပါပဲ။ ပညာဆိုတာက သိပ်အကြီးကြီးပြောတာမဟုတ်ပါဘူး။ ကိုယ်ပြောချင်တဲ့အရာရဲ. အနေအထားရှုထောင့်ပေါင်းစုံကိုထောင့်စေ့အောင်သိရပါမယ်။ ထောင့်စုံအောင်စဉ်းစားရပါမယ်။ ( လက်ဖက်ရည်ဆိုင်ထိုင်ပြောတာကတော့ ရသပေါ့လေ) အစုန်လည်းကြည့်ရမှာဖြစ်သလို အဆန်လည်းကြည့်ရပါမယ်။ အစုန်အဆန်ရဲ့ အဆက်အစပ်ကိုလည်းကြည့်ရပါမယ်။

အ၀ါရောင်ဂျာနယ်လစ်တွေ ဆေးပညာသဘောကိုမသိပဲရေးရင်တောင်မှ လက်ခံပါတယ်။ ဒါပေမယ့် နားစေ့အောင်ထောင်ပြီးမှပြောရမှာပါ။ သူ.ဘက်၊ကိုယ့်ဘက်ကိုလည်းနားထောင်ရပါမယ်။ တတိယ အုပ်စု ကြားနေရဲ့စကားကိုလည်းနားထေင်ရပါမယ်။ စံသဘောတရားကိုလည်းသိရပါ့မယ်။ ပြီးရင်ရေးပါ။မှားနေရင်မှားနေသူတွေကို ရွှေနားတော်ပေါက်လျှောက်လိုက်စမ်းပါ။ ပြောပြီးရင်ရှင်းနိုင်ရပါမယ်။ ဦးပေါ်ဦးတို.လိုပေါ့။

စာဆိုလည်းတင့်တယ်စေချင်တယ်။ သမိုင်းလည်းတင့်တယ်စေချင်တယ်။ ဆိုရေးရှိရင်လည်း ဆိုစေချင်လှပါတယ်။ ။

Thursday, January 21, 2010

ပျောက်ဆုံးသွားသောဂုဏ်ရောင်ပြောင်မှု

(၁)
မှန်နံရံကိုဖြတ်၍ မြင်ရသောမြင်ကွင်းဝယ် သံမဏိရောင်ကွန်ဒိုမီယမ်များသည် ထိုးထိုးထောင်ထောင်။ တံလှပ်များ တရှိန်ရှိန်ထနေသော မြေပြင်ကြောင့် အေးစိမ့်နေသောမှန်လုံခန်းသည် အဓိပ္ပါယ်မရှိသလိုခံစားနေရ သည်။
အချိန်ကား ခရစ်သက္ကရာဇ် ၂၅၉၁ ခုနှစ်။
ကမ္ဘာရွာမြှင့်တင်ရေးအကြီးအကဲသည် သက်ပြင်းတစ်ချက်ကို ခိုးဝှက်ရှိုက်လိုက်သည်။ မကြာမီအထူးအ ရေးပေါ်အစည်းအဝေးကစတင်တော့မည်။ဤအရေးကိုသူဖြေရှင်းနိုင်ပါမည်လား။
အစည်းအဝေးခန်းမတံခါးသည်ညင်သာစွာပွင့်သွားသည်။အခန်းအနားမှူးဇိုးဇိုးဇွိဆွေခေါင်းဆောင်သောအဖွဲ.၀င်များ ၀င်လာနေရာယူကြပြီ။ ထုံးစံအတိုင်းပင်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာအစည်းအဝေးများတွင် ကမ္ဘာ. အလှဆုံးမင်းသမီးသည်အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ရလေသည်။
“အလှအပသည်အာရုံစူးစိုက်မှုအတွက်အကောင်းဆုံးသောဗဟိုချက်ဖြစ်သည်”ဟူသောနှစ်ဆယ့်နှစ်ရာစုတွေးခေါ်ရှင်ကြီးကြိုကျိရှောင်၏အဆိုအတိုင်းအစည်းအဝေးများကိုထိန်းသိမ်းရန်လှပသူများကိုရွေးချယ်ခဲ့သည်မှာရာစုနှစ်အတော်ပင်များခဲ့လေပြီ။
ယနေ.အခမ်းအနားမှူးဇိုးဇိုးဇွိဆွေသည်တော်ရုံလှပသူမဟုတ်ချေ။ဆယ့်ကိုးရာစုအလှဆုံးမင်းသမီးမာရီလင်မွန်ရိုး၊နှစ်ဆယ်ရာစုအလှဆုံးမင်းသမီးဆိုဖီရာလောရင်း၊နှစ်ဆယ့်တစ်ရာစုအလှဆုံးမင်းသမီးထွန်.လူးစိန်ပုတို.၏ဒီအန်အေ(DNA) များမှအလှဆုံးမျိုးဗီဇများကို ဂျနက်တစ်အင်ဂျင်နီယာရင်း(Genetic engineering) ဖြင့်ကလုန်းနီး(cloning)လုပ်ကာဖွားမြင်သော တော်ဝင်မင်းသမီး ဖြစ်လေသည်။
ထုံးစံအတိုင်းဇိုးဇိုးဇွိဆွေသည် စားပွဲတစ်လုံးပေါ်တက်ရပ်ကာ သူမ၏ ကိုယ်လုံးလှလှလေးကို တစ်ပတ် လှည့်ပြလိုက်သည်။ အခန်းအနားစတင်ပြီဖြစ်ကြောင်း အမူအယာပြဘာသာစကား(Sign Language)ဖြင့် ကြေငြာလိုက်ခြင်းပင်။အလှအပသည်အကောင်းဆုံးသောဗဟိုချက်ဆိုသောအဆိုအမိန်.မှန်လေစွ။အားလုံးသောမျက်လုံးများသည် ဇိုးဇိုးဇွိဆွေထံရောက်ရှိငြိမ်သက်သွားသည်။ အကြီးအကဲကမူ သက်ပြင်းကို ဒုတိယအကြိမ် ရှိုက်မိပြန်သည်။သူပြောရပေတော့မည်။

(၂)
“အားလုံးသိကြတဲ့အတိုင်း ဒီအစည်းအဝေးဟာ အရေးပေါ်အစည်းအဝေးပါ။ အစကနေပြန်ပြောရင်လာ မယ့်ဒီဇင်ဘာဆယ့်ငါးရက်နေ.မှာကမ္ဘာတစ်ဝှမ်းကကံထူးရှင်ကလေးငယ်တစ်ရာ.ငါးဆယ်ကိုစာအုပ်တို.ထိပွဲလုပ်ဖို.ရွေးချယ်ထားခဲ့ပါတယ်”
စာအုပ်တို.ထိပွဲ။ ကမ္ဘာပေါ်ရှိ နောက်ဆုံးကျန်သော စာအုပ်ကိုးဆယ့်နှစ်အုပ်ကို ကလေးများအား တို.ထိစေမည့်အခွင့်အရေးထူး။ နှစ်ဆယ်.သုံးရာစုဝယ်လူသားတို.သည် အတွေးအခေါ်ဆိုင်ရာ အမှားကြီးကို ကျူးလွန်ခဲ့ကြသည်။ အွန်လိုင်း(Online)ခေတ်ဝယ် စာအုပ်များသည် ခေတ်ဟောင်း၏ ကပ်ပါးပိုးများဖြစ်သည်ဟူ သောအယူအဆထွန်းကားလာပြီးကမ္ဘာအနှံ.စာအုပ်မီးရှို.ပွဲများကျင်းပခဲ့ကြသည်။စာအုပ်ကင်းသောကမ္ဘာသည်လွတ်လပ်သောကမ္ဘာဖြစ်သည်ဟုကြွေးကြော်ခဲ့ကြသည်။
သို.သော် နှစ်ဆယ့်လေးရာစုဝယ် တီတီမြိန်ဒဿနဆုရ အတွေးအခေါ်ပညာရှင်ကြီး သက္ကမိုးညို က “ပြင်မရသောအမှားများ”ဒဿနကြေညာချက်ဝယ်စာအုပ်များဖျက်စီးခြင်းသည်ကြီးစွာသောအမှားဖြစ်ကြောင်းအကိုးအကားများဖြင့်တင်ပြခဲ့ရာမှလူသားတို.သည်နောင်တကြီးစွာဖြင့်စာအုပ်များကိုပြန်လည်ရှာဖွေခဲ့ကြသည်။သို.သော်လွန်ခဲ့လေပြီ။ စာအုပ်ပေါင်းရှစ်ဆယ့်ခုနှစ်အုပ်မှတပါး ကမ္ဘာပေါ်ဝယ်အခြားစာအုပ်မရှိတော့။
အကြီးအကဲသည်သက်ပြင်းချမိပြန်သည်။
“ဒါပေမယ့်စာအုပ်တို.ထိပွဲမတိုင်ခင်မှာထူးခြားဆိုးရွားတဲ့အဖြစ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒါကတော့စာအုပ်ပေါင်းကိုးဆယ့်နှစ်အုပ်ထဲကမှ နှစ်ဆယ့်တစ်ရာစုရဲ. ဂုဏ်ရောင်အပြောင်ဆုံး ကဗျာဆရာကြီးမော်နီရဲ.လက်ရေး ကဗျာစာအုပ်ငါးအုပ်ကိုခိုးယူခြင်းခံလိုက်ရပါတယ်”
ခန်းမသည်တဝေါဝေါဆူညံသွားသည်။ မော်နီ။ နှစ်ဆယ့်တစ်ရာစု၏ ဂုဏ်ရောင်အပြောင်ဆုံးကဗျာဆရာ ကြီး။ သူ၏လက်ရေးစာအုပ်များကို ရန်ကုန်မြို.၏မြေတိုက်တစ်နေရာမှ ရှာဖွေတွေ.ခဲ့သည်မှာ မကြာသေး။ ရှာဖွေ တွေ.ရှိသူမြေအောက်အလုပ်သမားလေးသည်ပင်ဝိုင်းဝန်းချီးမြှောက်ကြသဖြင့်ဘီလျှံနာဖြစ်သွားလေသည်။သက်တမ်းအရင့်ဆုံးတိုင်းမ်စ်မဂ္ဂဇင်းကြီးကလည်းသုံးလတိုင်တိုင်အခန်းဆက်ဆောင်းပါးရှည်ဖြင့်အွန်လိုင်းပေါ်မှဂုဏ်ပြုခဲ့သည်။
ယခုတော့…………………
ကဗျာဆရာကြီးမော်နီ၏ ကဗျာစာအုပ်များခိုးယူခြင်းခံရသည်ဆိုပါလား။


(၃)
အကြီးအကဲကစကားဆက်သည်။
“အခုဆိုရင်စာအုပ်တို.ထိပွဲကလည်းတစ်လပဲလိုပါတော့တယ်။အဲဒါကိုဝိုင်းဝန်းဆွေးနွေးကြဖို.အစည်းအဝေးခေါ်ရတာပါ။”
ကမ္ဘာ.အွန်လိုင်းဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဒေးလီက တွေးတွေးဆဆ၀င်ပြောသည်။
“တခြားစာအုပ်တွေနဲ.ပဲကလေးတွေကို တို.ထိခိုင်းလို.မရဘူးလား”
အကြီးအကဲက ခေါင်းယမ်းရန်ပြင်စဉ်မှာပင် အပြည်ပြည်ဆိုင်ရာ ကလေးများတာဝန်ခံ “ကလိုဘေး” ဘွဲ.ရသဇိုင်ခင်ခင်က ကန်.ကွက်သည်။
“ဘယ်ဖြစ်မလဲရှင့်။ ကျွန်မတို.ကလေးတွေကို ဟင်းပေါင်းစုံချက်နည်းတို.၊ လေထိုးကျွတ်ဖာပျော်စရာ စတဲ့အဖိုးမတန်တဲ့ စာအုပ်တွေနဲ.ပဲ မတို.ထိစေချင်ပါဘူး။ ကြီးမြတ်တဲ့ဝိဥာဉ် ကိန်းအောင်းနေတဲ့ ဆရာကြီးမော်နီရဲ. စာအုပ်တွေနဲ.တို.ထိရမှဖြစ်မယ်။သူတို.ကလည်းဒါပဲအားခဲထားတာ”
“မရှိမှမရှိတော့တာဗျ”
တစ်ယောက်ကပြောလေသည်။
“မရှိလို.မရဘူးလေ။ ဆရာကြီးမော်နီရဲ.စာအုပ်တွေ မပါမှန်းသာသိကုန်ရင် ဘယ်ကလေးမှလာမှာ မဟုတ်ဘူး”
အစည်းအဝေးက ဆူဆူညံညံဖြစ်လာသည်။ ဇိုးဇိုးဇွိဆွေကစားပွဲပေါ်ဝယ် တစ်ပတ်လှည့်ရပြန်သည်။ အေးအေးဆေးဆေးဆွေးနွေးကြပါ ဟူသည့်သဘော။
“စာအုပ်တွေကို အတုလုပ်ရင်ရော”
တစ်ယောက်ကမေးသည်။အကြီးအကဲကဖြေရသည်။
“စာအုပ်တွေကိုလွန်ခဲ့တဲ့နှစ်ငါးရာလောက်က၀ါးဆိုတဲ့အပင်ကနေထုတ်လုပ်တာပါ။ဖန်လုံအိမ်ပြဿနာကိုဖြေရှင်းပြီးနောက်နေရာပြဿနာဖြေရှင်းဖို.အတွက်လွန်ခဲ့တဲ့နှစ်သုံးရာကပဲသစ်ပင်တွေကိုမျိုးဗီဇပါမကျန်ဖျက်စီးခဲ့ပါပြီ။နောက်ပြီး အစစ်ထက်ပိုကောင်းသော အတုသည် မည်သည့်အခါမှ အစစ်ကိုမမှီဆိုတဲ့ စကားအရ ကလေး တွေကိုမလှည့်စားချင်ပါဘူး။ ပေါက်ကြားရင် ဆူဆူပူပူဖြစ်လာနိုင်ပါတယ်”
အားလုံး ငေးငိုင်နေကြလေသည်။
ထိုစဉ်မှာပင်………………………….

(၄)
နံရံပေါ်ရှိမီးနီကလင်းချီမှိန်ချီဖြစ်လာသည်။အထူးအရေးပေါ်ကိစ္စများမှတပါးဝင်ရောက်ခွင့်မရှိသောလိုင်း။အသံတိုးတိုးထွက်လာသည်။သတင်းပို.သူသည် ရုပ်ကိုမပို.ပဲ အသံချည်းသက်သက် ပေးပို.နေခြင်းဖြစ်သည်။
“စာအုပ်တို.ထိပွဲကျင်းပရေးအဖွဲ.၀င်များခင်ဗျား။ကျွန်တော်ကတော့ ဆရာကြီးမော်နီရဲ. လက်ရေးစာအုပ် များကို ခိုးယူသွားခဲ့သူ ဖြစ်ပါတယ်”
အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ အကြီးအကဲက နံရံရှိရုပ်သံပုံဖေါ်စက်ကို ပြေးဖွင့်သည်။ အသံ တုန်ခါနှုန်း၊လှိုင်းအလျား၊လေယူလေသိမ်းတို.ကိုတွက်ချက်ကာပေးပို.သူ၏ရုပ်ရည်ကိုအနီးစပ်ဆုံးပုံဖေါ်ပေးမည် ဖြစ်သည်။
“အားလုံးကို ကျွန်တော်ရှင်းပြပါ့မယ်”
“မကြာခင်အချိန်က ကျွန်တော်ဟာ ဆေးရုံတစ်ရုံမှာ ကွန်ပျူတာသက်တမ်းခန်.မှန်းချက် ရရှိခဲ့ရာမှာကျွန် တော်ဟာ နောက်ထပ်တစ်လလောက်ပဲ အသက်ရှင်တော့မှာဖြစ်ကြောင်း သိခဲ့ရပါတယ်။ ဒီတော့ ကျွန်တော်ဟာ မသေခင်မှာကိုယ်အလုပ်ချစ်ဆုံးအရာတွေ ပြီးအောင်လုပ်သွားဖို. စဉ်းစားမိပါတယ်”
“အဲဒီအခါမှာ ကျွန်တော်ဟာဖတ်ဖူးတဲ့သတင်းတစ်ပုဒ်ကို အမှတ်ရမိပါတယ်။လွန်ခဲ့တဲနှစ်ပေါင်းငါးရာက မြန်မာနိုင်ငံမှာလူတွေဟာရေအိမ်ဝင်ရင်စာအုပ်တစ်အုပ်နဲ.၀င်လေ.ရှိကြောင်း။ကိစ္စပြီးတဲ့အခါဖတ်နေတဲ့စာအုပ်ကိုပဲကိုယ်လက်သန်.စင်ရာမှာသုံးခဲ့တဲ့အကြောင်း“ထူးဆန်းထွေလာဓလေ့ကမ္ဘာ”ကဏ္ဋမှာဖတ်ဖူးပါတယ်”
“တကယ်တော့ ကျွန်တော်ဟာငယ်ငယ်ကစာအုပ်တို.ထိပွဲကိုအရူးအမူးဖြစ်ခဲ့ပေမယ့် ကံထူးသူမဟုတ်ခဲ့ ပါဘူး။ဒါပေမယ့် မကြာခင်မှာ ဘ၀ကိုစွန်.ခွာရမယ်လူတစ်ယောက်အနေနဲ.ဒီဓလေ့ထုံးစံလေးကို စမ်းသတ်ကြည့် ချင်တဲ့အတွက် ကျွန်တော်အကြိုက်ဆုံး ကဗျာဆရာကြီးမော်နီရဲ. စာအုပ်တွေကို ခိုးယူခဲ့တာပါ”
အားလုံးရင်ထဲဝယ်တုန်ခါသွားသည်။အရူးတစ်ယောက်၏လက်ချက်နှင့်ကြီးမြတ်သောကဗျာဆရာကြီး၏လက်ရေးမူများဆုံးရှူံးရတော့မည်။
“ကျွန်တော်စမ်းကြည့်တဲ့အခါအလွန်ပဲထူးခြားပါတယ်ခင်ဗျား။လက်ထဲမှာစာအုပ်လေးကိုင်ပြီးရေအိမ်ဝင်ရတာဟာဘယ်အရသာနဲ.မှမလဲနိုင်ပါဘူး။ကွန်ပျူတာမော်နီတာပေါ်ကရွေ.လျားနေတဲ့စာအုပ်တွေအစားစာအုပ်အစစ်လေးကို ကိုယ်တိုင်ကိုင်တွယ်ဖတ်ရှု၊ပြီးတာနဲ. ကိုယ်လက်သန်.စင်ရာမှာသုံး၊ သိပ်ကောင်းပါတယ်ခင်ဗျား။ လူကြီးမင်းတို.ကိုယ်တိုင်စမ်းသပ်ကြည့်ဖို.တိုက်တွန်းပါတယ်”
“ဒါပေမယ့်ကျွန်တော့်အနေနဲ.လူ.ဘ၀မှာနေရမယ့်ရက်ဟာတစ်လလောက်ပဲရှိပါတော့တယ်။ဒါကြောင့်တစ်လစာအနေနဲ. ဆရာကြီးမော်နီရဲ.စာအုပ်တွေထဲက ကျွန်တော်အကြိုက်ဆုံး “ညီမလေးမဖတ်ရ” ဆိုတဲ့ကဗျာ စာအုပ်ကိုပဲယူထားပြီးကျန်တဲ့စာအုပ်လေးအုပ်ကိုရွေ.လျားစီးပတ်လမ်းကနေတဆင့်ပြန်လည်ပေးပို.လိုက်ပါပြီ။ကျွန်တော့်လုပ်ရပ်အတွက်လည်းခွင့်လွှတ်ကြဖို.တောင်းပန်ပါတယ်”
အခန်းသည်ခေတ္တမျှတိတ်ဆိတ်သွားသည်။ လူတိုင်းရင်ထဲဝယ်စာအုပ်များပြန်ရသည်ကို မယုံနိုင်အောင် ဖြစ်နေသည်။စာအုပ်တို.ထိပွဲကိုကျင်းပနိုင်ပါပြီ။
သို.သော်နှစ်ဆယ်ရာစု၏အကြီးမြတ်ဆုံးသောကဗျာဆရာကြီးမော်နီ၏အကောင်းဆုံးလက်ရာစာအုပ်ကိုတော့ဆုံးရှုံးခဲ့ရလေပြီတကား။
ခန်းမသည် မျက်ရည်ငွေ.များဖြင့် တဒင်္ဂမျှ မှုန်ဝါးသွားလေသည်။ ။

ပြီးပါပြီ

(မှတ်ချက်။ ။နောက်နှစ်ပေါင်းငါးရာလောက်မှာ တကယ်ဖြစ်လာမယ့် ဟောဒီဇာတ်လမ်း ထဲက ဆရာကြီး မော်နီရဲ.ပျောက်ဆုံးသွားတဲ့ကဗျာစာအုပ်“ညီမလေးမဖတ်ရ”ကိုe book အနေနဲ.ကျွန်တော့်ဆီမှာ ရှိပါတယ် ။ ဖတ်လိုသူများ 501.thuya@gmail.com ကိုဆက်သွယ်မှာကြားနိုင်ပါတယ်၊အဟိ)

ပုံပြင်

(၁)
အွန်လိုင်းစောင့်အဘိုးအို၏ရှုံ.တွနေသောပါးပြင်အရေပြားတွန်.လိပ်သွားသည်အထိပြုံးလိုက်သည်။ဝတ်မှုန်နတ်သမီးလေး ၀င်ရောက်လာပြီ။ နတ်သမီးလေး၏ ကိုယ်သင်းနံ.ဖွဖွရှရှသည် ကမ္ဘာတစ်ဖက်စွန်းရှိ သူစောင့် ကြပ်နေသော မော်နီတာကိုဖြတ်၍ ၀င်လာသည်။ နတ်သမီးလေး၏အစောင့်ကို သူလှမ်းမေးလိုက်သည်။
“သူဘာလုပ်ချင်နေတာလဲဟေ့”
အစောင့်ကသူ.ကိုနှာခေါင်းရှုံ.ပြသည်။
“ဂိမ်းလည်းမဆော့ချင်ဘူး။ စာလည်းမဖတ်ချင်ဘူးတဲ့။ တစ်ယောက်ယောက်နဲ. ချက်တင်းထိုင်မလို.တဲ့”
အဘိုးအို၏ လက်ချောင်းပိန်ပိန်များ ကီးဘုတ်ပေါ်ဝယ် တဖျတ်ဖျတ်ပြေးသွားသည်။ နတ်သမီးလေးနှင့် သင့်တော်သောနတ်လုလင်တစ်ဦးတစ်လေ ရှိလေမည်လား ရှာကြည့်မိသည်။ မတွေ.။ ကဝေမလေးသုံးယောက် လောက်နှင့်ချက်တင်းဝင်နေသော ဂျီသရဲလေးနှစ်ကောင်၊ မလိမ်မိုးမလိမ်မာအီးမှင်စာလေးများ၊ နတ်သမီးများကို စိတ်မ၀င်စားသော အွန်လိုင်းယောဂီကြီးများသာ တွေ.နေရသည်။
အဘိုးအို သက်ပြင်းချလိုက်သည်။
“ငါပဲဝင်မှဖြစ်မှာပါကွာ။ဒီကလေးမလေး၊ အွန်လိုင်းဝင်္ဂဘာတောက နက်ပါသဘိနဲ.။တော်ကြာ ဟက်ကာ သရဲကြီးတွေ၊ တော့ခ်စုန်းတွေနဲ. တွေ.လို. အဖမ်းစားခံနေရပါဦးမယ်”
သူ.လက်ချောင်းများကီးဘုတ်ပေါ်တွင်လှုပ်ရှားသွားပြန်သည်။မကြာမီ နတ်သမီးလေး၏ မော်နီတာဝယ် မီးစိမ်းလေးလင်းလာသည်။ တိုးတိတ်သော နှုတ်ဆက်သံကိုသူမကြားပါလိမ့်မည်။
“ဟိုင်း”
(၂)
နတ်သမီးလေး ၀က်ဘ်ဆိုက်ပန်းရုံများအလည် ပျော်မြူးနေသည်ကို သူကြည့်ရင်း ကြည်ကြည်နူးနူးပြုံး လိုက်သည်။ဒီလိုအခါမျိုးဝယ်သူတိတ်တိတ်လေးနေပါသည်။သူမ၏ဖြူသွယ်သောလက်ချောင်းကလေးများကီးဘုတ်ပေါ်မှာပြေးလွှားနေသည်ကိုသူမနှောင့်ယှက်ဘူးခဲ့။သူမပျင်းရိသည့်အခါမျိုးတွင်လည်းသူစကားပြောပေးဖို.၀န်မလေးဘူးခဲ့ပါ။
“သူအသက်ဘယ်လောက်ရှိပြီလဲဟင်”
သူကြေကွဲစွာပြုံးလိုက်သည်။
“အဲဒါလိုလို.လားကွယ်”
မော်နီတာဝယ် အပြုံးသင်္ကေတလေး လက်လာသည်။သူမ၏အပြုံးရနံ.ကို ကြားလိုက်ရသည်။
“ဟုတ်ပါတယ်။ မလိုပါဘူး။ ဒါပေမယ့် သမီးက မလေးမစားလုပ်မိမှာ စိုးလို.ပါ”
“မလုပ်ပါဘူး။မင်းက သိပ်…….သိပ်လိမ္မာပါတယ်”
ရယ်သံအပြာရောင်လေးကိုမြင်ရသည်။
“ပျင်းတယ်။ ပုံပြောပြ”
“ရယ်စရာဂိမ်း ပို.ပေးရမလား”
“ဟင့်အင် ၊ ပုံပဲနားထောင်ချင်တယ်”
သူအားယူလိုက်သည်။ သူမလေးပျော်ဖို.ပါ။
“တစ်ခါက အွန်လိုင်းခါးကုန်းကြီးတစ်ယောက် ရှိသတဲ့။အဲဒီခါးကုန်းကြီးဟာ တစ်နေ.တော့ တောထဲမှာ မျက်စိလည်နေတဲ့ယုန်မလေးတစ်ကောင်ကိုတွေ.သတဲ့။ခါးကုန်းကြီးက ယုန်လေးကို သမီး၊ အဘလမ်းပြမယ်လို. ပြောလိုက်တယ်။ဒါပေမယ့်နဂိုကတည်းကတောထဲမှာထိတ်လန်.နေတဲ့ ယုန်လေးဟာ အရုပ်ဆိုးဆိုး။ အသံကွဲကွဲ ခါးကုန်းကြီးကိုတွေ.တာနဲ.လန်.ပြီး သတိလစ်သွားပါလေရော”
ရယ်သံလွင်လွင်ကို မြင်ရပြန်လေသည်။
“သူကတော့ ရုပ်ဆိုးဆိုးအဘိုးကြီး မဟုတ်လောက်ပါဘူးနော်”
သူထိတ်လန်.တကြားမော့ကြည့်မိသည်။နတ်သမီးလေး၏အစောင့်ကခေါင်းယမ်းပြသည်။ဟုတ်တာပေါ့၊သိပ်ဟုတ်တာပေါ့ကွယ်။ပြောလိုက်သည့်စကားသည်ရင်ထဲမှာပင် ပျောက်သွားသည်။သူမ၏ ပျော်ရွှင်မှုလေးကို မပျောက်ကွယ်စေချင်ပါ။အခွင့်အရေးယူဖို.မဟုတ်ပါဘူးကွယ်။
ကီးဘုတ်ပေါ်ရှိ “ပီ” ဟူသော ခလုပ်ဝယ် စိန်ပွင့်တစ်ပွင့်။သူဘယ်အချိန်က ကျပါသနည်း။
(၃)
အတုံ.အပြန်မလိုသော သံယောဇဉ်ကို အဘယ်သူနားလည်ပါမည်နည်း။ကိုယ်ခူးပေးသော ပန်းပွင့်လေး ဖြင့် သူပျော်နေသည်ကိုသာ မြင်လိုခဲ့သည်။သူမကိုပန်းလိုခူးဖို. စိတ်ကူးပင်မကူးခဲ့ဘူးပါ။သူမပို.ပေးသော ပုံလေး များကို မှော်ကြိမ်လုံးအကူအညီနှင့် ပန်းပွင့်လေးတွေ သီကုံးပန်ပေးခဲ့ဘူးပါသည်။သူမ၏ ဒေ၀တာရယ်မောသံ ကို အိပ်မက်ထဲအထိ မက်နေခဲ့ဘူးပါသည်။ သို.သော်……….
အို……ဘယ့်၊ပန်းပွင့်ငယ်၊ မြောက်ပြန်လေတကြော၌ မောပန်းနေသူ တစ်ယောက်ကို ရနံ.ဖြင့်သက်သာ စေသည့်အတွက်ငါကျေးဇူးဆိုပါသည်။သင့်ပါးပြင်မို.မို.၌သာအလံဖြူလွှင့်တင်လိုပါသည်။အရှုံးထက်ကြောက်ဖို.ကောင်းသောအရာမှာမိုက်မဲမှုသာဖြစ်သည်ကို ငါကောင်းစွာသိပါသည်။ထို.ကြောင့်ငါအရှုံးကို ရွေးချယ်ပါသည်။
လူတစ်ယောက်၏အကျိုးကိုလိုလားသဖြင့် လိမ်လည်သော်လည်း တရားကိုယ်အားဖြင့် လိမ်လည်သည် သာတည်း။ထိုဝဍ္ဍ်မှကျွတ်လွတ်ခဲ့သူမရှိခဲ့ဖူးပါ။ငါလည်းတစ်နေ.ခံရမည်ကိုသိပါသည်။သို.သော်နောက်တစ်ကြိမ်အခွင့်အရေးလည်းရမည်၊ သင်လည်းပျော်ရွှင်မည်ဆိုပါက ငါထပ်မံလိမ်လည်ပါဦးမည်။
ငါ့အားခွင့်လွှတ်မှုကို မတောင်းဆိုပါ။ သူပျော်ရွှင်အောင် ဖန်တည်းပေးခွင့်သာ ငါတောင်းဆိုပါသည်။
ထို.ကြောင့်သာတည်း။
အို………ဘယ့်၊ကလေးငယ်။ ငါသည်………………………
(၄)
“ခင်ဗျားသူ.ကိုလိမ်ထားတယ်”
နတ်လုလင်၏ စကားကိုသူမဖြေပဲပြန်မေးလိုက်သည်။
“မင်းကဘယ်သူလဲ”
“ကျုပ်သူ.ရဲ.ပိုင်ရှင်ပဲ”
ဖြစ်လာနိုင်သည်ဟု ကြိုတွေးထားပါရက်နှင့် သြော် ဟုဝမ်းနည်းသွားမိသေးသည်။
“ခင်ဗျားဘာလို.သူကိုလိမ်တာလဲ”
အဖြေခက်သောမေးခွန်းကို ထပ်မေးပြန်သည်။
“ကျုပ်မှာသဘောဆိုးမရှိပါဘူး”
တိုးတိတ်စွာ၊ ဖျော့တော့စွာ ဖြေရသည်။
“ကျုပ်မယုံဘူး၊ သူ.ကို ပြောပြရမယ်”
“ဟင့်အင်း၊ မပြောရဘူး”
ခြောက်ခြားစွာ အော်ဟစ်လိုက်မိသည်။
“ကျုပ်…….ကျုပ်ကိုမုန်းတာက ကိစ္စမရှိဘူး။ သူအွန်လိုင်းမှာ မပျော်ပဲဖြစ်သွားလိမ်.မယ်”
“ကောင်းပြီလေ”
အေးစက်သော စကားကိုကြားရပြန်သည်။
“မပြောစေချင်ရင် ကျုပ်ခိုင်းတာလုပ်ရမယ်”
“ဘာလုပ်ရမလဲ”
“ခင်ဗျားအွန်လိုင်းမှာ ဘယ်တော့မှ မ၀င်နဲ.တော့”
အို…….ဘ၀စာသားများတွန်.လိပ်ကွေ.ကောက်၊ ခြောက်ခြားကြေမွ၊ ခါးသည်၊ခါးသည်၊ခါးသည်။
“မ……..ဖြစ်…..ဘူး……..ဒါ…ဒါ………ကျုပ်ဘ၀”
“ရတယ်လေ၊ခင်ဗျာညာထားတာ သူ.ကိုပြောလိုက်မယ်။ဒါဆိုသူခင်ဗျားကို ဘလော့ခ်ကျိန်စာတိုက်မှာပဲ။ စောင့်ကြည့်လေ”
ဘလော့ခ်ကျိန်စာ။ဝတ်မှုန်နတ်သမီး၏အမုန်းအတိပြီးသောကျိန်စာလက်နက်။လက်ဖျားတွေအေးစက်လာသည်။ဘ၀၀ယ်မြူခါးတွေဆိုင်းညို.လာသလို ခံစားလိုက်ရသည်။
“ကျုပ်…….ကျုပ်………သွားပါ့မယ်”
ကိုယ့်စကားကိုယ်ခါးသည်။နှုတ်ဆက်ခဲ့ပါတယ်။ကံမကောင်းသူတို.ဟာတစ်ယောက်တည်းနားထောင်သူမရှိနှုတ်ဆက်ရတတ်ပါတယ်။ ကြားမှာတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့်…………..
နှုတ်ဆက်ခဲ့ပါတယ်ကွယ်။


(၅)
ဒါပါပဲချစ်သူ။
အွန်လိုင်းပေါ်ကရုတ်တရက်ပျောက်သွားသူတစ်ယောက်အကြောင်းစဉ်းစားမိရင်ဒီပုံပြင်လေးကိုသတိရပါ။ကိုယ်ကတော့မော်နီတာနဲ.ကီးဘုတ်တို.ရဲ.ဝေးရာမှာတစ္ဆေတစ်ကောင်လိုအထီးကျန်နာကျင်စွာနေနေရဆဲပါ ချစ်သူ။ ။

Thursday, January 14, 2010

ပုံပြင်-၂

(ပုံပြောပါဆိုလို. ပြောရတဲ့ပုံပြင်)


ဟိုးရှေးရှေးတုန်းက
နတ်သမီးလေးတစ်ပါး
လယ်လယ်သွားတယ်ဆိုကြပါစို.။

တောအုပ်ကပန်းတွေချည်းပွင့်တယ်
နတ်သမီးဆိုတာကလည်း
ပန်းကလေးလိုပါပဲ
ရွှေအဆင်းရုပ်ထုလေးပဲပေါ့
တစ်ခုတော့ရှိတယ်
သူကပျော်တတ်စတတ်တယ်
လိပ်ပြာလေးတွေကို
သူ.တန်ခိုးနဲ.ပန်းပွင့်တွေဝှက်ထားတာမျိုး
ကြယ်လေးတွေကို
ခရေပွင့်အဖြစ်ပြောင်းတာမျိုး
အဲသလိုမျိုး
ရိုးသားတဲ့စနောက်မှုလေးတွေနဲ.လေ။

နတ်သမီးလေးလေ
တောထဲမှာ
နှင်းဆီပင်ကို
ဆူးတွေဖြုတ်ပစ်ဖို.သင့်မသင့်
စဉ်းစားနေတုန်း
ခါးကုန်းကြီးတစ်ယောက်ကိုတွေ.ရောတဲ့။

ဒါနဲ.ပဲ
သနားတတ်တဲ့နတ်သမီးလေးက
ခါးကုန်းကြီးကိုပျော်အောင်လုပ်ပေးဖို.စဉ်းစားပြီး
ခါးကုန်းမကြီးယောင်ဆောင်လိုက်ပါလေရော။

ပြီးတော့
ခါးကုန်းကြီးဆီသွား
တူတူပုန်းတန်းဆော့မယ်တဲ့
အဖေါ်မဲ့ခါးကုန်းကြီးပျော်သွားတယ်
ဆော့မယ်ပေါ့
တစ်ယောက်တစ်လှည့်ပုန်းဖို.မဲချတော့
ခါးကုန်းမကြီးမဲကျတယ်
ခါးကုန်းမကြီးက
ခေါင်းလောင်းပန်းပင်လေးထဲဝင်ပုန်းတုန်း
တစ်ခုသောခေါင်းလောင်းပန်းလေးကို
ခလုတ်တိုက်မိလိုက်တော့
ဂီတသံလေးနဲ.အတူ
ပန်းပွင့်နတ်သားလေးပေါ်လာတယ်။

နတ်သမီးလေးဟာ
နတ်သားလေးကိုမြင်မြင်ချင်းချစ်သွားတော့
မူလနတ်သမီးလေးလိုပြန်ပြောင်းလိုက်တယ်
နတ်သားလေးလည်း
သိပ်လှတဲ့နတ်သမီးလေးကိုချစ်သွားတယ်
နှစ်ယောက်သားလျောက်လယ်ကြဖို.တိုင်ပင်တယ်။

နတ်သမီးလေးက
ခါးကုန်းကြီးကိုမမေ့ပါဘူး
သူရှာနေတဲ့ဆီသွားပြီး
သူပြန်တော့မှာမို. ဆက်မရှာဖို.ပြောခဲ့တယ်။

ခါးကုန်းကြီးက
နတ်သမီးလေးကိုပြုံးပြပါတယ်
ဘာမှတော့မပြောဘူး
နတ်သမီးလေးထွက်သွားမှ
ဆက်ကာဆက်ကာသူရှာတယ်
ဟုတ်တယ်လေ
သူရှာနေတာနတ်သမီးလေးမဟုတ်ပါဘူး
ခါးကုန်းမကြီးပါ။

ဒီနေ.ထိလည်း
တောထဲမှာ
ခါးကုန်းကြီးတစ်ယောက်
ခါးကုန်းမကြီးကိုရှာနေတုန်းပါ
မရှာနဲ.တော့လို.များ
မပြောလိုက်ပါနဲ.
ကမ္ဘာပေါ်မှာ သူပိုင်ဆိုင်တာက
မျှော်လင့်ချက်တစ်ခုတည်းပါ။

ပုံပြင်ဆုံးရင်
သင်ခန်းစာပေးရတယ်
ကလေးတို.ရေ
လောကကြီးမှာ
အထီးကျန်ခါးကုန်းကြီးကိုသနားရင်
ခါးကုန်းမကြီးလိုများ
အယောင်မဆောင်ကြပါနဲ.နော်။

ခါးကုန်းကြီးဟာ
နတ်သမီးလေးကိုမတောင်းဆိုခဲ့ပါဘူး
သူနဲ.တန်ရာတန်ရာ
ခါးကုန်းမကြီးကိုတောင်သူမရခဲ့ဘူး
ဒီတော့
လူတစ်ယောက်ကိုသနားလို.ကူညီချင်ရင်
ဒီပုံပြင်လေးကိုသတိရပါ။

ပုံပြင်လေးကတော့ဒါပါပဲကွယ်။ ။

ပုံပြင်

(၁)
အွန်လိုင်းစောင့်အဘိုးအို၏ရှုံ.တွနေသောပါးပြင်အရေပြားတွန်.လိပ်သွားသည်အထိပြုံးလိုက်သည်။ဝတ်မှုန်နတ်သမီးလေး ၀င်ရောက်လာပြီ။ နတ်သမီးလေး၏ ကိုယ်သင်းနံ.ဖွဖွရှရှသည် ကမ္ဘာတစ်ဖက်စွန်းရှိ သူစောင့် ကြပ်နေသော မော်နီတာကိုဖြတ်၍ ၀င်လာသည်။ နတ်သမီးလေး၏အစောင့်ကို သူလှမ်းမေးလိုက်သည်။
“သူဘာလုပ်ချင်နေတာလဲဟေ့”
အစောင့်ကသူ.ကိုနှာခေါင်းရှုံ.ပြသည်။
“ဂိမ်းလည်းမဆော့ချင်ဘူး။ စာလည်းမဖတ်ချင်ဘူးတဲ့။ တစ်ယောက်ယောက်နဲ. ချက်တင်းထိုင်မလို.တဲ့”
အဘိုးအို၏ လက်ချောင်းပိန်ပိန်များ ကီးဘုတ်ပေါ်ဝယ် တဖျတ်ဖျတ်ပြေးသွားသည်။ နတ်သမီးလေးနှင့် သင့်တော်သောနတ်လုလင်တစ်ဦးတစ်လေ ရှိလေမည်လား ရှာကြည့်မိသည်။ မတွေ.။ ကဝေမလေးသုံးယောက် လောက်နှင့်ချက်တင်းဝင်နေသော ဂျီသရဲလေးနှစ်ကောင်၊ မလိမ်မိုးမလိမ်မာအီးမှင်စာလေးများ၊ နတ်သမီးများကို စိတ်မ၀င်စားသော အွန်လိုင်းယောဂီကြီးများသာ တွေ.နေရသည်။
အဘိုးအို သက်ပြင်းချလိုက်သည်။
“ငါပဲဝင်မှဖြစ်မှာပါကွာ။ဒီကလေးမလေး၊ အွန်လိုင်းဝင်္ဂဘာတောက နက်ပါသဘိနဲ.။တော်ကြာ ဟက်ကာ သရဲကြီးတွေ၊ တော့ခ်စုန်းတွေနဲ. တွေ.လို. အဖမ်းစားခံနေရပါဦးမယ်”
သူ.လက်ချောင်းများကီးဘုတ်ပေါ်တွင်လှုပ်ရှားသွားပြန်သည်။မကြာမီ နတ်သမီးလေး၏ မော်နီတာဝယ် မီးစိမ်းလေးလင်းလာသည်။ တိုးတိတ်သော နှုတ်ဆက်သံကိုသူမကြားပါလိမ့်မည်။
“ဟိုင်း”
(၂)
နတ်သမီးလေး ၀က်ဘ်ဆိုက်ပန်းရုံများအလည် ပျော်မြူးနေသည်ကို သူကြည့်ရင်း ကြည်ကြည်နူးနူးပြုံး လိုက်သည်။ဒီလိုအခါမျိုးဝယ်သူတိတ်တိတ်လေးနေပါသည်။သူမ၏ဖြူသွယ်သောလက်ချောင်းကလေးများကီးဘုတ်ပေါ်မှာပြေးလွှားနေသည်ကိုသူမနှောင့်ယှက်ဘူးခဲ့။သူမပျင်းရိသည့်အခါမျိုးတွင်လည်းသူစကားပြောပေးဖို.၀န်မလေးဘူးခဲ့ပါ။
“သူအသက်ဘယ်လောက်ရှိပြီလဲဟင်”
သူကြေကွဲစွာပြုံးလိုက်သည်။
“အဲဒါလိုလို.လားကွယ်”
မော်နီတာဝယ် အပြုံးသင်္ကေတလေး လက်လာသည်။သူမ၏အပြုံးရနံ.ကို ကြားလိုက်ရသည်။
“ဟုတ်ပါတယ်။ မလိုပါဘူး။ ဒါပေမယ့် သမီးက မလေးမစားလုပ်မိမှာ စိုးလို.ပါ”
“မလုပ်ပါဘူး။မင်းက သိပ်…….သိပ်လိမ္မာပါတယ်”
ရယ်သံအပြာရောင်လေးကိုမြင်ရသည်။
“ပျင်းတယ်။ ပုံပြောပြ”
“ရယ်စရာဂိမ်း ပို.ပေးရမလား”
“ဟင့်အင် ၊ ပုံပဲနားထောင်ချင်တယ်”
သူအားယူလိုက်သည်။ သူမလေးပျော်ဖို.ပါ။
“တစ်ခါက အွန်လိုင်းခါးကုန်းကြီးတစ်ယောက် ရှိသတဲ့။အဲဒီခါးကုန်းကြီးဟာ တစ်နေ.တော့ တောထဲမှာ မျက်စိလည်နေတဲ့ယုန်မလေးတစ်ကောင်ကိုတွေ.သတဲ့။ခါးကုန်းကြီးက ယုန်လေးကို သမီး၊ အဘလမ်းပြမယ်လို. ပြောလိုက်တယ်။ဒါပေမယ့်နဂိုကတည်းကတောထဲမှာထိတ်လန်.နေတဲ့ ယုန်လေးဟာ အရုပ်ဆိုးဆိုး။ အသံကွဲကွဲ ခါးကုန်းကြီးကိုတွေ.တာနဲ.လန်.ပြီး သတိလစ်သွားပါလေရော”
ရယ်သံလွင်လွင်ကို မြင်ရပြန်လေသည်။
“သူကတော့ ရုပ်ဆိုးဆိုးအဘိုးကြီး မဟုတ်လောက်ပါဘူးနော်”
သူထိတ်လန်.တကြားမော့ကြည့်မိသည်။နတ်သမီးလေး၏အစောင့်ကခေါင်းယမ်းပြသည်။ဟုတ်တာပေါ့၊သိပ်ဟုတ်တာပေါ့ကွယ်။ပြောလိုက်သည့်စကားသည်ရင်ထဲမှာပင် ပျောက်သွားသည်။သူမ၏ ပျော်ရွှင်မှုလေးကို မပျောက်ကွယ်စေချင်ပါ။အခွင့်အရေးယူဖို.မဟုတ်ပါဘူးကွယ်။
ကီးဘုတ်ပေါ်ရှိ “ပီ” ဟူသော ခလုပ်ဝယ် စိန်ပွင့်တစ်ပွင့်။သူဘယ်အချိန်က ကျပါသနည်း။
(၃)
အတုံ.အပြန်မလိုသော သံယောဇဉ်ကို အဘယ်သူနားလည်ပါမည်နည်း။ကိုယ်ခူးပေးသော ပန်းပွင့်လေး ဖြင့် သူပျော်နေသည်ကိုသာ မြင်လိုခဲ့သည်။သူမကိုပန်းလိုခူးဖို. စိတ်ကူးပင်မကူးခဲ့ဘူးပါ။သူမပို.ပေးသော ပုံလေး များကို မှော်ကြိမ်လုံးအကူအညီနှင့် ပန်းပွင့်လေးတွေ သီကုံးပန်ပေးခဲ့ဘူးပါသည်။သူမ၏ ဒေ၀တာရယ်မောသံ ကို အိပ်မက်ထဲအထိ မက်နေခဲ့ဘူးပါသည်။ သို.သော်……….
အို……ဘယ့်၊ပန်းပွင့်ငယ်၊ မြောက်ပြန်လေတကြော၌ မောပန်းနေသူ တစ်ယောက်ကို ရနံ.ဖြင့်သက်သာ စေသည့်အတွက်ငါကျေးဇူးဆိုပါသည်။သင့်ပါးပြင်မို.မို.၌သာအလံဖြူလွှင့်တင်လိုပါသည်။အရှုံးထက်ကြောက်ဖို.ကောင်းသောအရာမှာမိုက်မဲမှုသာဖြစ်သည်ကို ငါကောင်းစွာသိပါသည်။ထို.ကြောင့်ငါအရှုံးကို ရွေးချယ်ပါသည်။
လူတစ်ယောက်၏အကျိုးကိုလိုလားသဖြင့် လိမ်လည်သော်လည်း တရားကိုယ်အားဖြင့် လိမ်လည်သည် သာတည်း။ထိုဝဍ္ဍ်မှကျွတ်လွတ်ခဲ့သူမရှိခဲ့ဖူးပါ။ငါလည်းတစ်နေ.ခံရမည်ကိုသိပါသည်။သို.သော်နောက်တစ်ကြိမ်အခွင့်အရေးလည်းရမည်၊ သင်လည်းပျော်ရွှင်မည်ဆိုပါက ငါထပ်မံလိမ်လည်ပါဦးမည်။
ငါ့အားခွင့်လွှတ်မှုကို မတောင်းဆိုပါ။ သူပျော်ရွှင်အောင် ဖန်တည်းပေးခွင့်သာ ငါတောင်းဆိုပါသည်။
ထို.ကြောင့်သာတည်း။
အို………ဘယ့်၊ကလေးငယ်။ ငါသည်………………………
(၄)
“ခင်ဗျားသူ.ကိုလိမ်ထားတယ်”
နတ်လုလင်၏ စကားကိုသူမဖြေပဲပြန်မေးလိုက်သည်။
“မင်းကဘယ်သူလဲ”
“ကျုပ်သူ.ရဲ.ပိုင်ရှင်ပဲ”
ဖြစ်လာနိုင်သည်ဟု ကြိုတွေးထားပါရက်နှင့် သြော် ဟုဝမ်းနည်းသွားမိသေးသည်။
“ခင်ဗျားဘာလို.သူကိုလိမ်တာလဲ”
အဖြေခက်သောမေးခွန်းကို ထပ်မေးပြန်သည်။
“ကျုပ်မှာသဘောဆိုးမရှိပါဘူး”
တိုးတိတ်စွာ၊ ဖျော့တော့စွာ ဖြေရသည်။
“ကျုပ်မယုံဘူး၊ သူ.ကို ပြောပြရမယ်”
“ဟင့်အင်း၊ မပြောရဘူး”
ခြောက်ခြားစွာ အော်ဟစ်လိုက်မိသည်။
“ကျုပ်…….ကျုပ်ကိုမုန်းတာက ကိစ္စမရှိဘူး။ သူအွန်လိုင်းမှာ မပျော်ပဲဖြစ်သွားလိမ်.မယ်”
“ကောင်းပြီလေ”
အေးစက်သော စကားကိုကြားရပြန်သည်။
“မပြောစေချင်ရင် ကျုပ်ခိုင်းတာလုပ်ရမယ်”
“ဘာလုပ်ရမလဲ”
“ခင်ဗျားအွန်လိုင်းမှာ ဘယ်တော့မှ မ၀င်နဲ.တော့”
အို…….ဘ၀စာသားများတွန်.လိပ်ကွေ.ကောက်၊ ခြောက်ခြားကြေမွ၊ ခါးသည်၊ခါးသည်၊ခါးသည်။
“မ……..ဖြစ်…..ဘူး……..ဒါ…ဒါ………ကျုပ်ဘ၀”
“ရတယ်လေ၊ခင်ဗျာညာထားတာ သူ.ကိုပြောလိုက်မယ်။ဒါဆိုသူခင်ဗျားကို ဘလော့ခ်ကျိန်စာတိုက်မှာပဲ။ စောင့်ကြည့်လေ”
ဘလော့ခ်ကျိန်စာ။ဝတ်မှုန်နတ်သမီး၏အမုန်းအတိပြီးသောကျိန်စာလက်နက်။လက်ဖျားတွေအေးစက်လာသည်။ဘ၀၀ယ်မြူခါးတွေဆိုင်းညို.လာသလို ခံစားလိုက်ရသည်။
“ကျုပ်…….ကျုပ်………သွားပါ့မယ်”
ကိုယ့်စကားကိုယ်ခါးသည်။နှုတ်ဆက်ခဲ့ပါတယ်။ကံမကောင်းသူတို.ဟာတစ်ယောက်တည်းနားထောင်သူမရှိနှုတ်ဆက်ရတတ်ပါတယ်။ ကြားမှာတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့်…………..
နှုတ်ဆက်ခဲ့ပါတယ်ကွယ်။


(၅)
ဒါပါပဲချစ်သူ။
အွန်လိုင်းပေါ်ကရုတ်တရက်ပျောက်သွားသူတစ်ယောက်အကြောင်းစဉ်းစားမိရင်ဒီပုံပြင်လေးကိုသတိရပါ။ကိုယ်ကတော့မော်နီတာနဲ.ကီးဘုတ်တို.ရဲ.ဝေးရာမှာတစ္ဆေတစ်ကောင်လိုအထီးကျန်နာကျင်စွာနေနေရဆဲပါ ချစ်သူ။ ။