Thursday, November 24, 2011

ဖြောင့်ယူရမည့် အချက်အလက်များ-၂

ဆေးကျောင်းသားတွေ မတတ်ဘူး၊မတတ်ဘူးနဲ. ဆရာတွေ ညည်းကြတယ်၊ (ဆေးကျောင်းသား တွေကို ငါ တတ်အောင် သင်မပေးနိုင်ဘူး လို.တော့ ညည်းသံ မကြားဘူးပါ။ ဟိဟိ။) အကြောင်းရင်းရှာတော့လည်း ပြောစရာတပုံကြီး။ လူတွေများလို.၊ ပစ္စည်းကိရိယာမစုံလို.၊ သင်ချိန်မလောက်လို.၊ သင်းတို. စိတ်မ၀င်စားလို.၊ကျောင်းမတက်လို.။ အောင်မယ်လေး၊ ဆက်ရေးရင် လက်ညောင်းလို.သေလိမ့်မယ်။
ကျောင်းသားဆိုတာကလည်း ခက်တယ်။ အဲလိုရေရွတ်ရင် သူရို.ကလည်း ဆရာတွေက ခက်တယ်လို.ရွတ်မှာပဲ။ ကျူရှင်မှ ကောင်းကောင်းသင်တာတို.၊ လူမွေးတာတို.၊ ရေရှာတာတို. ပြောစရာတွေ တပုံကြီး။

ငယ်ငယ်ကျောင်းတက်တုန်းကလည်း ကြုံရသပေါ့ကွယ်လို.ပြောရမှာပဲ။ လူနာက တစ်ယောက်၊ ကျောင်းသားက ဆယ်လေးငါးယောက်၊ နာပါတယ်ဆိုနေမှ သူရို.က၀ိုင်းစမ်းကြတာ၊ ဖွတ်ဖွတ်ကြေရောဆိုတာ ရှိတာပါပဲ။ အဲ၊ မစမ်းရင်လည်းဘယ်တတ်မလဲ။ တွေ.ရသမျှတော့ လူနာကို ရှေ.မျက်နှာနောက်ထား ဆွဲလိုက်တဲ့သူချည်းပါပဲ။ ရှေ.မျက်နှာနောက်မထားပဲ ဆွဲလှဲတဲ့သူလည်းကြုံဘူးတာပဲ။

အခုခေတ်မှာ သူရို.ဘယ်လိုစမ်းနေသလဲတော့မသိဘူးလေ။ကျွန်တော်ကတော့ လူနာကိုမှတ်ထား။ ညမှ တိတ်တိတ်လေး ချော့ပြီးစမ်းတာပဲ။ အဆောင်နဲ. ဆေးရုံနဲ.နီးတော့ တော်သေးတယ်။ ကံကောင်းရင် လူနာစောင့်ချောချောလေးတွေတောင်တွေ.ရသေး။

++++++

ပြောရင်းပြောရင်း ကျောင်းမှာ ဆိုးခဲ့တာတွေ အမှတ်တောင်ရလာသေး။ တတ်နိုင်ဘူးလေ။ ကိုယ့်ပေါင်ကိုထောင်းတော့ အညောင်းပြေတာပေါ့။ ကျောင်းမတက်၊ ဒီဘားထိ။ ဆရာတွေ အိမ် နောက်ဖေးပေါက်ကလည်းဝင်ဘူးတာပဲ။ ကောင်းတဲ့ ဆရာတွေလည်းကြုံဘူးတာပဲ။

မေးချင်တာက ကျောင်းသားတွေ မတတ်တာ၊ ကျူရှင် ကိစ္စတွေ၊ ဟိုကိစ္စဒီကိစ္စတွေဟာ ဖြေရှင်းရမယ့်ပြဿနာတစ်ရပ်ဖြစ်လာပြီလား။ ကျောင်းသားကတော့ သူ.ပြဿနာကို နည်းမျိုးစုံ ရှင်းမှာပဲ။ သူ.အဖို.က စာတတ်ရေးထက် တစ်နှစ်ကုန်တစ်တန်းတက်ရရေးက ပိုအရေးကြီးတယ်။ ဟုတ်တယ်လေ။ ကိုယ့်တုန်းကလည်း ဒီလိုပဲ ဖြေရှင်းတာပဲ။

ဆေးကျောင်းသားတစ်ယောက်ဟာ သာမန်ကျောင်းသားနဲ. အတူတူပါပဲ။ ခက်ပုံက ဆေးကျောင်းတက်ရတာကို လက်မထောင်စရာလို.ထင်နေတာပဲ။ သူများထက် ဆယ်တန်းအမှတ်လေးကောင်းတာနဲ. သွေးလေးနားထင်ရောက်တာတော့ သိပ်မကောင်းပေဘူးပေါ့။ ကိုယ်တတ်စရာရှိတာကို တတ်အောင်မသင်ပဲ ကျူရှင်အားကိုး၊ ဟိုဟာအားကိုးနဲ. တစ်တန်းတက်ချင်နေတာတော့ မကောင်းပေဘူးပေါ့။ တစ်နှစ်နာလည်း ဘာဖြစ်လဲ၊ ငါစာတတ်တာပေါ့ဆိုတဲ့ကောင်လေးမျိုးတော့ ကြုံဘူးပေါင်။ အဲမှားလို.၊ ကြုံဘူးပါတယ်ဗျ။ ကျသွားလို.ပြောတာကြုံဘူးတယ်။

လူ.အသက်ကို ကိုင်တွယ်တာမှာ ငယ်ငယ်က သင်လာတဲ့ အစွဲကြီးအတိုင်း အားလုံးဆရာကသင်ပေးဆိုတာမျိုးကတော့ တက္ကသိုလ် အဆင့်မှာ မဖြစ်သင့်ဘူးပေါ့လေ။ ခုများတော့ သင်တန်းမှတ်စု (hand out) တောင်မှ ကုန်အောင်ကျက်ချင်ဘူး။ ဖြစ်ချင်တာကတော့ အထူးကုဆရာဝန်ကြီး။ အတန်းကလည်း သိကြားမင်းချတောင်ကျနိုင်ပါဘူးရှင်ဆိုပြီး အဖေကယ်ပါ၊အမေကယ်ပါ။ ဘဘကြီးကယ်ပါ။

ကုတင်ဘေးသင်ကြားခြင်းမှာလည်း မမြင်ရဘူးဆိုပြီး လစ်နေ၊ ကျောင်းခေါ်ချိန်ကို သူများနဲ.လက်မှတ်ထိုးခိုင်း၊(ငယ်ငယ်က လုပ်ခဲ့တာပြောပါတယ်) ဒီဘားထိတော့မှ မေမေရေ ကယ်ပါဦး။ရေးရင်းရေးရင်း လက်က အရှိန်သတ်မရတော့ အပြုသဘောမဆောင်တာတွေ ဖြစ်တွားရင်ချောတီးပါ။

တကယ်တော့ သင်ယူရေးပတ်ဝန်းကျင်ဆိုတာ ကိုယ့်ဘာသာ ဖန်တည်းယူရင်ရပါတယ်။ သူငယ်ချင်းတွေစု၊ ဒီနေ.လူနာစမ်းလိုက်တာ သိတဲ့သူကသူများကိုပြန်ရှင်းပြ၊ စာစုကျက်၊ တစ်ယောက်နဲ.တစ်ယောက်ညှိနှိုင်း၊ ပျော်စရာဘကီးနေမှာ။ ငယ်ငယ်က တော့ စာအတူတူကျက်ရင်း အတွဲဖြစ်သွားသူတွေ တွေ.ဘူးပါ့။

ဆရာတွေ အကြောင်းတော့ ကြောက်လို. ရေးသေးဘူး။
ဆက်ပါမယ်။

No comments: