Thursday, November 24, 2011

ဖြောင့်ယူရမည့် အချက်အလက်များ-၁

ခေါင်းစဉ်ကို မောင်ချောနွယ်စာသားကိုကိုးကားပါတယ်။ အကြောင်းအရာကိုတော့ စိတ်ထဲမှာ ပြောချင်တဲ့ မျက်နှာစာတစ်ခုလည်းဖြစ်၊ ကိုယ်ကျင်လည်ရာ ဘ၀လည်းဖြစ်တဲ့ ကျန်းမာရေးဆိုင်ရာ လူ.စွမ်းအားစုများ အကြောင်းယူပါတယ်။ (ကျန်းမာရေးလူ.စွမ်းအားစု အရင်းအမြစ်ဆိုတာ သမားစဉ်ပြောလာတဲ့အတိုင်းပြောရတာပေါ့လေ။)

နင်က ဘာကြီးမိုလို.ပြောတာလဲမေးရင် ဘာကြီးမှ မဟုတ်ပေါင်ဗျာလို.ပဲ ဖြေရမှာပဲ။ ဒါဖြင့် ဘာလို. ပြောလဲလို. ဆက်မေးရင် ဆရာကိုတာပြောသလို ယားကျိကျိဖြစ်လာလို.ပါ။ ကျွန်တော့အမြင်ဟာ မှားကောင်းမှားပါလိမ့်မယ်။ အဲ၊ သူယားရှာလို. ကုတ်နေတယ်လို.ပဲမြင်ပါ။ လူရှေ.သူရှေ. မရှောင်နိုင်အောင်ယားလို. ကုတ်နေတယ်ပဲ သဘောထားပေါ့လေ။

+++++++++

မြင်းမိုရ်တောင်ကို ဆီးစေ့နဲ.ပေါက်သလိုနေမှာပဲလို.တွေးမိပါတယ်။ တတ်နိုင်ဘူးလေ။ ပေါက်နေတာကိုပဲ မမြင်ပဲပေါက်ရခြင်း အကြောင်းလေးကိုလှမ်းကြည့်ပြီး ငါလည်းပေါက်မဟေ့ ဆိုတဲ့ လူတွေများသထက်များလာရင် တနေ.နေ.တော့ မြင်းမိုရ်တောင်ပြိုမှာပါပဲ။

ဒီလိုပြောလို. အုပ်ချုပ်သူလူ ကြီးမင်းများ အတင်းတုတ်မယ် မထင်ကြပါနဲ.ဗျာတို.ရေ။မပြောချင်ပါဘူး၊အဲ မပြောရဲပါဘူး။ ဒီစာစုရဲ့ အခြေခံအကျဆုံး အချက်က လူတိုင်းကိုယ့်တာဝန်ကိုယ်ယူရမယ်ဆိုတာပေါ် အခြေခံပါတယ်။ ကိုယ့်တာဝန်ဆိုတာ နည်းနည်း ပြင်းထန်ပါတယ်။ ကိုယ့်အသိနဲ.ကိုယ် ယူတဲ့ တာဝန်သိတတ်မှု (responsibility) ကိုပဲပြောချင်တာပါ။ ငါကတော့ ငါးတန်းသိပဲ၊ငါကတော့မူလတန်းသိပဲ ဆိုရင်တော့ ရွှေသဘောတော်အတိုင်းပါပဲ။

++++++++++

အထက်ကစပြောရမလား၊ အောက်ကစပြောရမလားဆိုတော့ ရိုးရိုးအကြောင်းအရာပြောတာပဲလေ၊ အောက်ကစပြောတာ အန္တရာယ် ကင်းပါတယ်။ကျန်းမာရေးလူ.စွမ်းအားစုမှာ အဓိကကတော့ သိတော်မူကြတဲ့အတိုင်း ချာဝန်ဂျီးများပေါ့လေ။ (ဂျီတော့ပြောတာများလို. ခယေး တွေလို အသံထွက်မိတာ သည်းခံကြ)

ချာဝန်မဖြစ်ခင်ဆေးကျောင်းကိုတက်ရပါသော်ကောဗျာ။ ဆေးကျောင်းမှာသိတဲ့အတိုင်း အနယ်နယ်အရပ်ရပ်က ထိပ်ဆိုသော ပုဂ္ဂိုလ်လေးများရောက်လာကြသပေါ့။ သူရို.ခမျာများလည်း ငယ်တုန်းကသာထိပ်ရတာ၊ ဒီလဲရောက်ရော သူလိုကိုယ်လိုထိပ်တွေကတပုံတပင်။

တည့်တည့်ပြောရရင် အင်မတန် အတ္တကြီးသော၊ သို.တည်းမဟုတ် အတ္တကြီးအောင်ပြုပြင်ခံထားရသော ကလေးများဟာ ရှေ.ဆုံးရောက်ဖို.၊ အတန်းအောင်ဖို. ဘယ်နည်းသုံးရသုံးရသုံးမဟဲ့ ဆိုတာတွေ တစ်နှစ်ထက်တစ်နှစ်များများလာပါတယ်။ ခူးမယူပဲကြွေကျတာ စားကောင်းတယ်ဆိုသူများလည်း ရှိနေဦးမှာပေါ့လေ။ အဲဒီတော့ ကျူရှင်တွေ၊ ၀ိုင်းတွေ ၊တရားသောနည်းတွေ၊ မတရားသောနည်းတွေ အစုံသုံးကြပါလေရော။ မိဘတွေကလည်း ငါ့သားလေး၊ငါ့သမီးလေး ဆေးကျောင်းရောက်ရရှာတာ ချာဝန်ကြီးဖြစ်၊ သူရို.စိတ်ထဲလည်း ဟိုးး အထက်ဆုံးထိပို.ချင်မှာပါ။ နောက်ကပံ့ပိုးမှာပါ။

ငါပြောတာလွန်မလားလို.လည်းပြန်စဉ်းစားရပါသေးတယ်။ ကျောင်းသားများ၊ကျောင်းသားမိဘများက ဆရာတွေ အပေါ်ကောင်းတယ်ဆိုတာ (ဒေါက်တာသန်းထွန်းပြောသလိုပြောရရင်) စေတနာအချောင်းလည်းမမြင်ဘူး၊ အပြားလည်း မမြင်ဘူး ။ပြောရရင် အပေးအယူကိစ္စဆိုတာလည်း လွန်လာရင်မကောင်းဘူး။အထူးသဖြင့် ဆရာပီသသော ဆရာများကျောင်းတွေမှာ ရှိနေဦးမယ်။ သူရို.တွေ စိတ်ဒဏ်ရာရရင် ပုထုဇဉ်ပဲ။ တပည့်ဆိုတဲ့စိတ်မမွေးနိုင်တော့ရင်……….

+++++++

ဆက်ပါမည်။

No comments: