Thursday, November 24, 2011

ဝမ်းမြောက်ဝမ်းသာ မရှိရာ (ဆရာဝန် ၀န်ထမ်းခန်.ထားရေးကို မူဝါဒဆိုင်ရာရှုထောင့်မှ သုံးသပ်ခြင်း)

ဝ-၀။ ယခင်ကပို.စ်များကို ခံစားချက်ပေါ်မူတည်၍ ရေးသားခဲ့ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုမပါဟု မိမိကိုယ်မိမိယုံကြည်ပါသည်။ သို.သော် ခံစားချက်ကို ဦးစားပေး ရေးသားထားမိသဖြင့် သူတပါးအားကိုယ်ချင်းမစာ 'ပုတ်ခတ်' သည်ဟု စွပ်စွဲခံရပါသည်။ လိပ်ပြာသန်.စွာရေးခဲ့သည်ဖြစ်၍ (တိုက်ရိုက်နာမည်တပ် ရေးသားလာခြင်း မဟုတ်သည် တကြောင်းကြောင့်) ဖြေရှင်းခြင်း၊ တုံ.ပြန်ခဲ့ခြင်းမရှိသော်လည်း စိတ်မကောင်းဖြစ်ခဲ့ရသည်တော့ အမှန်။

ဝ-၁။ သို.သော်လည်း ရပ်တည်ချက်သည် ရပ်တည်ချက်သာဖြစ်သည်။ (ကိုယ့်ယူဆချက်သည် အငြင်းပွားဖွယ်ရာများ ပြည့်နေသည့်တိုင် ၊ အဆုံးစွန်ပြောရလျှင် သေနတ်နှင့်ချိန်၍ မပြောနဲ.ဟု ခြိမ်းခြောက်၍ နှုတ်ပိတ်သည့်တိုင် စိတ်ထဲက ပြောနေမည်ဖြစ်၍) နောက်ဆုတ်ပေးစရာမရှိပါ။ လူတစ်ယောက်၏ အတွေးအမြင်ပြောင်းလဲခြင်းသည် ပြင်ပ ပယောဂထက် မိမိ၏အတွေးအမြင်ရှုထောင့် ကျယ်ပြန်.လာမှု၊ ရှေးရိုးအတွေးအခေါ်များကိုကျော်လွန်၍ (အပြောင်းအလဲကိုမကြောက်ရွံ.ပဲ) ဖောက်ထွက်၊ဖြန်.ထွက် တွေးခေါ်နိုင်မှု၊ ဆန္ဒစွဲ၊ပုဂ္ဂိုလ်စွဲကင်းစွာ ရှုမြင်နိုင်မှု၊ စသည်တို.ပေါ်တွင်သာ မူတည်နေပါမည်ဟု အလေးအနက်ဆိုပါသည်။

ဝ-၂။ 'မျက်နှာမရ ခြေထောက်ရသောစာ'များကို လူမုန်းခံ၍ ရေးပါသည်။ တာဝန်ယူရမည်ဟု မောင်းတင်ပါသည်။ ကိုယ်ပြောသင့်သည်ဟု အလေးအနက်ယူဆ၍ ရေးပါသည်။ မှားနိုင်ပါသည်။ ထပ်၍ဆိုပါမည်။ မိမိသည်ဘာကောင်မှမဟုတ်ပါ။ ဘာကောင်ဆို ဘာကောင်မှ မဟုတ်ပါ။ ကိုယ့်ထက်တတ်သူများစွာ ရှိနေမှန်း သိပါသည်။ မိမိ၏မောင်းတင်အားသည် စေတနာဇော တစ်ခုသာရှိပါသည်။ 'ကိုယ်ချစ်သောလောက' ကို ကိုယ်ကိုတိုင် စိတ်လိုလက်ရ အပင်ပန်းခံ ဖျက်ဆီးနေကြသူများအား နာကျင်သဖြင့် ရေးသောစာများသာဖြစ်ပါသည်။ (ဤစကားအား ပုတ်ခတ်စကားဟု ယူလိုကယူပါ။ ခံစားချက်အတိုင်းပြောမိပါသည်)

ဝ-၃။ ယခုဆက်ရေးမည့်စာကိုမူ တတ်နိုင်သမျှ 'ပုတ်ခတ်'သည်ဟု ဆိုနိုင်ဖွယ်မရှိစေရန် ရေးပါမည်။ အဖြေပေးခြင်းထက် အဖြေတောင်းခြင်းကို ဦးစားပေးပါမည်။ နောက်လာမည့်စကားများတွင် 'ပုတ်ခတ်'သည်ဟု ယူဆနိုင်ဖွယ်စကားများပါပါက အချိန်မရွေး ညွှန်ပြနိုင်ပါကြောင်း လေးစားသမှုဖြင့် အသိပေးပါသည်။ (မိမိစာကိုလေးစားစွာ ဖတ်ရှုသောသူများကိုလည်း ရှေးက မဖြစ်သင့်စွာဖြစ်ခဲ့ရသော အကြောင်းများကြောင့် မရှည်သင့်စွာ ရှည်သွားခဲ့ရသော နိဒါန်းကို တောင်းပန်ရပါမည်)

၁-၁။ မိမိစာသည် ဘွဲ.ရပြီးစ ဆရာဝန်သစ်လွင်များကို အစိုးရ၀န်ထမ်းအဖြစ် ခန်.ထားရေး အကြောင်းဖြစ်ပါသည်။ စာသားကအစရှင်းရပါမည်။ 'အလုပ်လက်မဲ့ ဆရာဝန်' ဟုမသုံးပါ။ အခြားအလုပ်များ (ဆရာဝန်များသာလုပ်နိုင်သောအလုပ်များ) များစွာရှိပါသည်။ အစိုးရ၀န်ထမ်း အဖြစ်ခန်.အပ်ရေး ဟုသာဆိုရပါမည်။

၁-၂။ ဘွဲ.ရဆရာဝန်တိုင်းအား (ချက်ချဉ်း) ၀န်ထမ်းမခန်. အပ်နိုင်ခြင်းအား စဉ်းစားလျှင် မူဝါဒ (Policy) ပိုင်းအနေဖြင့် ပိုင်းခြားသုံးသပ်ကြည့်ရပါမည်။ ပေါ်လစီဟူသည် 'ပြဿနာတစ်ရပ်ကို ဖြေရှင်းရန်ယေဘုယျ ချဉ်းကပ်မှု' ဟူသည်ကိုတော့ အခြေခံအဖြစ်သိထားရပါမည်။ (Policy: generalized approaches or strategies for solving a particular problem) ထို.ကြောင့် သော့ချက်စကားလုံးရှာလျှင် ပြဿနာနှင့် ချဉ်းကပ်နည်းဟု တွေ.ရပါမည်။ ထို.ကြောင့် ဆရာဝန်များ ၀န်ထမ်းခန်.ထားရေးကို ပြဿနာနေရာတွင်ထား၍ ခွဲခြမ်းစိတ်ဖြာကြည့်ပါမည်။ ထို.နောက်မူဝါဒ ရှုထောင့်မှ ချဉ်းကပ်သုံးသပ်ပါမည်။

၁-၃။ မူဝါဒတစ်ရပ်တွင် အကောင်အထည်ဖေါ်သောအဖွဲ.၊ မူဝါဒ နှင့် ဆက်စပ်ပတ်သက်သူများ၊ မူဝါဒပတ်ဝန်းကျင် ဟူ၍ အပိုင်းသုံးပိုင်းပါပါသည်။ အကယ်၍ ဆရာဝန်မွေးထုတ်သမျှကို ၀န်ထမ်းအဖြစ်မခန်.အပ်နိုင်ခြင်း သည် ပြဿနာတစ်ရပ်ဆိုလျှင် ထိုအပိုင်းသုံးပိုင်းမှနေ၍ ပြဿနာကို ခွဲခြမ်းကြည့်ပါမည်။

၂-၁။ အကောင်အထည်ဖေါ်သောအဖွဲ.ကို ခဏထား၍ (နောက်မှ ရှင်းပါမည်) ဆက်စပ်သူများကို စဉ်းစားပါမည်။ ဆက်စပ်သူများဆိုသည်မှာ ၀န်ထမ်းအဖြစ် (ချက်ချဉ်း) မခန်.အပ်ခံရသော ဆရာဝန်များ ဖြစ်ပါသည်။


၂-၂။ ပြဿနာဟု နာမည်တပ်လျှင် ရှေးဦးစွာ မကျေမနပ်ဖြစ်မှုများကို အကဲဖြတ်ရပါသည်။ ၀န်ထမ်းမဖြစ်ဆရာဝန်ဦးရေသည် တိုင်းတာလျှင်ရသောပမာဏ (ပိုတွက်လျှင် ၃၀၀၀) သာရှိပါသေးသည်။ 'ရေခဲကျွန်းသီဝရီ'အရ အောက်ခြေ၀ယ် မမြင်ရသော မကျေနပ်ချက်များ ရှိနေမည်လား။ မှန်းဆကြည့်ရမည်ဖြစ်သော်လည်း ယခုကိစ္စ၀ယ် အရေးတကြီးတွေးရန်မလိုဟု ဆုံးဖြတ်ပါသည်။ ပြဿနာကြောင့်ထိခိုက်သူဦးရေ ကိုလည်းမှန်းဆ၍ရပါသည်။ အဆက်အစပ်ဝန်းကျင်ကိုကြည့်လျှင် ဆရာဝန်၊လူဦးရေအချိုးသည်လည်းကောင်း၊ နိမ့်ကျနေသော လူထုကျန်းမာရေးအသိသည်လည်းကောင်း တွေးစရာအဖြစ်တွေးထားရပါမည်။


၂-၃။ ထိုပြဿနာ၏ ခွင်ကိုသတ်ကြည့် (framing the problem) လျှင် ထိုဆရာဝန်တစ်ဦးချင်း၏အကျိုးစီးပွားနှင့် လူ.အဖွဲ.အစည်း၏ အကျိုးစီးပွား 'အဟ' ကို ရှာဖွေကြည့်ရပါမည်။ အစိုးရသည် ကွန်မြူနတီတစ်ခုလုံးအတွက် ၀န်ဆောင်မှုပေးရခြင်းဖြစ်ပါသည်။ သက်ဆိုင်ရာအုပ်စုတစ်စု၏ တောင်းဆိုမှုနှင့် တိုင်းပြည်၏ တောင်းဆိုမှု ကိုချိန်ခွင်ဝယ် တင်ကြည့်ရခြင်းမျိုး ဖြစ်ရာ 'ပုတ်ခတ်ရာမရောက်စေရန်' မိမိဖာသာ ပြန်လည် ဆင်ခြင်ကြည့်စေချင်ပါသည်။

၂-၄။ အရေးကြီးပြီး ငုပ်နေတတ်သော အဆင့်သည် ပြဿနာသဘောပုံစံတည်ဆောက် (Problem Modeling) ခြင်းဖြစ်ပါသည်။ ဤနေရာတွင် မူဝါဒကို အကောင်အထည်ဖေါ်သည့် အဖွဲ.၏မစ်ရှင်ခံယူချက်၊ လူထု၏ သဘောထားအမြင်၊ ပဋိပက္ခတွေကို တုံ.ပြန်နိုင်စွမ်းတွေကိုပါ ထည့်သွင်းစဉ်းစားရပါမည်။ တခါတရံတွင် မူဝါဒက မှားနေခြင်းမဟုတ်ပဲ အကောင်အထည်ဖေါ်သည့် အဖွဲ.တွင်ပြဿနာရှိနေတတ်၍ ဖြစ်ပါသည်။ (အစိုးရ၀န်ထမ်းခန်.ထားရေးသည် ကျန်းမာရေးဝန်ကြီးဌာန တစ်ခုတည်း၏ သဘောမဟုတ်သည်ကိုလည်း ထည့်သွင်းစဉ်းစားရပါမည်)

၂-၅။ ယေဘုယျ အဆင့်မှ အနည်းငယ် အသေးစိတ်ကြည့်ပါမည်။ ဆရာဝန်မွေးထုတ်သမျှကို ချက်ချဉ်း မခန်.ထားနိုင်ခြင်းသည် ပြဿနာဆိုလျှင် ဖြစ်ပွားသည့် အချိန်ကာလ (ယခုတစ်နှစ်မျှသာ)။ ပြဿနာပမာဏ၊ အတိုင်းအဆ( အလျားလိုက်အကျယ်နှင့် ထောင်လိုက် အနက်၊ ပြောပလောက်သည်မဟုတ်ဟု သတ်မှတ်ပါသည်။) လူ.အဖွဲ.အစည်းအပေါ် ပြဿနာကသက်ရောက်မှု (ချက်ချဉ်းမရှိဟု သတ်မှတ်သည်) ပြဿနာမှ တိုက်ရိုက်/သွယ်ဝိုက်ပတ်သက်သူများ (ဆရာဝန်သစ်လွင်များ၊ မိဘများ၊ဆွေမျိုးများ) ပြဿနာနှင့်တွဲဆက်နေသော အငြင်းပွားဖွယ်ရာများ ( ဆရာဝန်လူဦးရေအချိုး၊ ပေါ်လီကလင်းနစ်များ၊ လူမှုရေးရာစိတ်ကျဝေဒနာ၊ ဘွဲ.လွန်ဖြေခွင့်ကိစ္စ၊ စဉ်ဆက်မပြတ်လေ့လာရေး၊ နယ်စပ်ဒေသ တာဝန်ထမ်းရေး) အလားတူ ပြဿနာများ (အခြားပရောဖက်ရှင်များတွင်များတွင် အလားတူကြုံရသော်လည်း မကြီးကျယ်ခဲ့)။အခြားတွေးမိသည်များလည်းထည့်သွင်းနိုင်ပါသည်။ 'စာရေးသူ၏ ဆုံးဖြတ်ချက်များ' ဖြစ်ပါသည်။ လွတ်လပ်စွာ ဆုံးဖြတ် တွေးကြည့်ကြ စေချင်ပါသည်။

၃-၁။ ဒုတိယအနေဖြင့် မူဝါဒ ပတ်ဝန်းကျင်ကိုကြည့်ပါမည်။ မူဝါဒ ပတ်ဝန်ကျင်းသည် 'လူ' များသာဖြစ်ပါသည်။ လက်တွေ.ကိစ္စသည် အဆက်အစပ်ဝန်းကျင်ကိုကျော်လွန်၍ လုပ်ကိုင်၍မရပါ။ ပြောရလျှင် 'မူ'ကို 'လူ' က အကောင်အထည်ဖေါ် နေခြင်းသားဖြစ်ပါသည်။

၃-၂။ လူတစ်ဦးချင်းဆီ ကိုယ်ရည်ကိုယ်သွေး ပုံစံ (personality model) အမျိုးမျိုးကွဲပြားကြပါသည်။ ကွဲပြားရကောင်းလား ပြော၍မဖြစ်ပါ။ အဆုံးအဖြတ်ပေးမည့် ပေါ်လစီမိတ်ကာအဆင့်ဝယ် ပျော့ပျောင်းမှုမရှိပဲ ထောင့်ဆန်စွာမာကျောနေပါက လူ.အဖွဲ.အစည်းသည် ပြောင်းလဲမှုတွင် အသားမကျတတ်ပေ။

၃-၃။ ထို.အပြင် ကိုယ်ကိုကိုယ်သိထားမှတ်သားမှု (identity) သည်လည်း မူဝါဒချမှတ်ရေးတွင် သိထားရပါမည်။ ငါဆရာဝန်ပဲ၊ ငါဗုဒ္ဓဘာသာပဲ စသည်ဖြင့်မှတ်သားမှုဖြစ်ပါသည်။ (ဆရာဝန် အသက်မွေးဝမ်းကြောင်းဖြစ်၍ အခြားပရော်ဖက်ရှင်များဖြင့် ယှဉ်တွေးရန်မလို၊ စသောအမြင်များသည် ထို မှတ်ယူအစွဲမှ လာပါသည်)

၃-၄။ အုပ်စု၊အဖွဲ.ဖြစ်သွားသည့်အခါတွင်လည်း အုပ်စုစဉ်းစားပုံအတိုင်း 'မျောပါ' သွားသည်လည်းရှိတတ်ပါသည်။ ခေါင်းဆောင်၏ အရှိန်ကြီးလွန်းသောအခါတွင်လည်း ထိုသို. မျှောလိုက်မိတတ်ပါသည်။ ထိုအခါ အုပ်စုဝယ် သမားရိုးကျ စဉ်းစားပုံများသာ ထွက်လာတတ်ပါသည်။


၎-၁။ တတိယ အဆင့်သည် အင်မတန် အရေးကြီးပါသည်။ ဆရာဝန်သစ်လွန်အားလုံးအား ၀န်ထမ်းအဖြစ်ခန်.ရေးကို 'မူတစ်ရပ်' အနေဖြင့် ချမှတ်မည့် အဖွဲ.အစည်းနေရာမှစဉ်းစားကြည့်ပါမည်။ မူဝါဒတစ်ရပ် ထိရောက်ဖို.ဆိုရင် အသိဥာဏ်မပါသော ဖြစ်စဉ်နှင်.မရပါ။ မူဝါဒကောင်း ဆိုသည်မှာ အသိပညာနှင့် နိုင်ငံရေး ချောမွတ်စွာပေါင်းစပ်ထားခြင်းသာဖြစ်ပါသည်။

၎-၂။ မူဝါဒ ချမှတ်ရာတွင် အဓိကသည် လုပ်ငန်းစဉ်ထဲပါရေး (agenda setting) ဖြစ်သည်။ မိမိအရေးကြီးသည်ဟု ထင်သော်လည်း 'ဆုံးဖြတ်ခွင့်ရှိသ'ူ မထင်လျှင် သဲထဲရေသွန်ဖြစ်ပေမည်။ ယခု ဆရာဝန်များအားလုံးအား ၀န်ထမ်းခန်.ထားရေးသည်လည်း ဆုံးဖြတ်ခွင့်ရှိသူများ၏ အရေးကြီး/အရေးပေါ်နာမည်တပ်ထားသော တံခါးပေါက်ကိုခေါက်မိပါပြီလော။


၎-၃။ မူဝါဒ ဆောက်တည်ခြင်း (policy formulation) အနေနှင့် အုပ်စုအမျိုးမျိုး၏ မတူသော အကျိုးစီးပွားများကို ပေါင်းစပ်၍ မူဝါဒတစ်ရပ် ဖွဲ.စည်းခြင်းဖြစ်ပါသည်။ ၀န်ထမ်းမဖြစ်သေးသော ဆရာဝန်များ၊ နိုင်ငံခြားထွက်ခွာလိုသောဆရာဝန်များ၊ ဘွဲ.လွန်ဖြေဆိုလိုသော ဆရာဝန်များ၊ နယ်စပ်ဒေသ၊ ချွတ်ခြုံကျတောရွာများမှ ပြည်သူလူထု၊ အားလုံးအဆင်အပြေဆုံး၊ အကိုက်ညီနိုင်ဆုံးမူဝါဒကို စဉ်းစားဖေါ်ဆောင်ရပါမည်။ 'တစ်ဘို.တည်း' ကြည့်ကာ အကုန် ခန်.လိုက်ကွာဟု ပြော၍မရသည်ကိုတော့ လူတိုင်းသိပါမည်။

၎-၄။ မူဝါဒ တစ်ရပ် အကောင်အထည်ဖေါ်လျှင် ထိရောက်မှု၊ တွက်ခြေကိုက်မှု၊ သာတူညီမျှဖြစ်မှု၊ လက်တွေ.အကောင်အထည်ဖေါ်ရန် ဖြစ်နိုင်မှု တို.ပေါ်မူတည်တွက်ရပါသည်။ (အမေရိကန်ပြည်ထောင်စုတွင် လူ ၃၈၇ဦး အတွက်ဆရာဝန်တစ်ဦးနုန်းဖြစ်ပါသည်။ ထိုအချိုးခန်.အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ဖွဲ.စည်းပုံကိုစဉ်းစားကြည့်စေလိုပါသည်။ ဖြစ်နိုင်ပါမည်လား။ ခန်.အပ်ရန်နေရာမရှိ၍ ဆေးတက္ကသိုလ်များ သစ်လွင်မွေးထုတ်မှုကို ရပ်တန်.ထားရမည်လား။ ဆရာဝန်မွေးထုတ်ပြီးတိုင်း အစိုးရ၀န်ထမ်း ခန်.ရမည်လော။) အင်မတန်ရိုးရှင်းသောကိစ္စကို (စွတ်စွဲ/ပုတ်ခတ်/ဘက်လိုက်/ကိုယ်ချင်းမစာ ဟူသောစကားများကြောင့်) ရှုပ်ထွေးသော ပညာရပ်ဆိုင်ရာချဉ်းကပ်မှုမှ ဖြေရှင်းနေရပါသည်။

၅-၁။ ပြဿနာကို အဖြေရှာလိုသူများအတွက် ပညာရှင်အချို.၏အဆိုကို (လိုလျှင်သုံးနိုင်ရန်) 'ပံ့သကူ' အဖြစ် ချထားခဲ့ချင်ပါသည်။ 'သိုက်စာ' သဘောမျှသာဖြစ်၍ တူးဖေါ်လိုသူများတူးနိုင်ပါသည်။ မတူးလျှင်လည်း ဘာမှမဖြစ်ပါ။

၅-၂။ အချိန်အခါတစ်ရပ်တွင် 'မူဝါဒ ပြတင်းပွင့်ချိန်' ဟူသော မူဝါဒတစ်ရပ် ချမှတ် အကောင်အထည်ဖေါ်ဖြစ်ရန် အခွင့်အလမ်းပွင့်လာချိန် ရှိတတ်ပါသည်။ ထိုအချိန်ကို အကျိုးရှိအောင် အသုံးမချတတ်ပါက ပြတင်းတံခါး ပြန်ပိတ်သွားတတ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ပြန်ပိတ်တတ်ပါသည်။ တာဝန်ရှိသူများက ပြဿနာကိုမရှင်း ပြီးသေးခင်ရှင်းပြီးပြီ ထင်သောကြောင့်၊ တံခါးပွင့်စေသော အကြောင်းရင်းများ တာရှည်မခံသောကြောင့်၊ ပြဿနာကိုကိုင်တွယ်ချိန်ပင် မရလိုက်ခြင်းကြောင့်၊ မူဝါဒ အကောင်အထည်ဖေါ်သော ပုဂ္ဂိုလ်များ နေရာပြောင်းခြင်းကြောင့် စသည်ဖြင့်များစွာရှိနိုင်ပါသည်။

၅-၃။ သို.ရာတွင် မူဝါဒ အခွင့်အလန်းပွင့်ရန် အတွက်မူ အကြောင်းရင်းသုံးခုသာ ရှိပါသည်။ ပြဿနာ၊ ဖြေရှင်းချက် နှင့် နိုင်ငံရေး ဖြစ်ပါသည်။ တာဝန်ရှိသူများထံသို. ပြဿနာများသည် နိုင်ငံရေးအနေအထားကောင်းချိန်ဝယ် ဖြေရှင်းချက်နှင့်တကွ ရောက်လာပါက မူဝါဒတစ်ရပ် 'အလုပ်ဖြစ်' သွားတတ်ပါသည်။ ထို အခြေအနေသုံးရပ်မဆုံမိပါက မူဝါဒချမှတ်ရန် ခက်ခဲတတ်ပါသည်။ အဆုံးအဖြတ်ပေးမည့်သူ၏ စာရင်းထဲမရောက်ရှိတတ်ပါ။ (နိုင်ငံရေးဟူသည် ဌာန၊အဖွဲ.အစည်းအတွင်း ရှိ နိုင်ငံရေး၊မိုးလေ၀သ အခြေအနေလည်း ဖြစ်နိုင်ပါသည်)

၅-၄။ ကြုံတွေ.ရရှိသည်များမှာ အခြေအနေသုံးရပ်မဆုံမိခြင်းပင်ဖြစ်သည်။ ၁) ပြဿနာတစ်ရပ်ရှိမည်၊ ဖြေရှင်းပုံနည်းလမ်းလည်းရှိမည်၊ နိုင်ငံရေး ကျောထောက်နောက်ခံမရှိ။ ၂) နိုင်ငံရေးအနေအထား ကောင်းမည်။ ဖြေရှင်းပုံ ဆိုပြုချက်လည်းရှိမည်၊ ပြဿနာမှာ မလုပ်မဖြစ် အခြေအနေသို. မရောက်သေး။ ၃) ပြဿနာလည်း အရေးကြီးနေသည်။ နိုင်ငံရေး အနေအထားလည်းကောင်းနေသည်။ သို.သော် မူဝါဒ အဆိုပြုချက်မရှိ။ အထက်ပါအခြေနေများသည် မူဝါဒတစ်ရပ် ချမှတ်ရန် အခက်အခဲများဖြစ်စေပါသည်။

၆-၀။ မေးခွန်းသုံးခုကို (ခံစားချက်လေး ခေတ္တဖယ်၍) ရိုးသားစွာဖြေပေးစေချင်ပါသည်။ ပြောခဲ့သမျှ၏ အချုပ် 'သံခိပ်' လည်းဖြစ်ပါသည်။

၆-၁။ ဆရာဝန်သစ်လွင်များကို ၀န်ထမ်းအဖြစ် (ချက်ချဉ်း) မခန်.ထားနိုင်ခြင်းသည် မလုပ်မဖြစ်အနေအထားကို ဆိုက်ရောက်နေသော 'ပြဿနာ' အစစ်တစ်ရပ် ဖြစ်နေပြီလား။

၆-၂။ ပြဿနာဟု ယူဆနိုင်လျှင်ပင် (အဖွဲ.အစည်းအတွင်း/ ၀န်ကြီးဌာနအတွင်း/ဆုံးဖြတ်ပိုင်ခွင့် ရှိသူများအတွင်း) 'နိုင်ငံရေး အနေအထား' ကောင်းနေပါပြီလော။

၆-၃။ ပြဿနာအဖြစ်ယူဆ၍ နိုင်ငံရေးကောင်းနေပြီဟု ဖြေလာလျှင် ယင်းအတွက် ပြည့်စုံလုံလောက်သော ဖြေရှင်းချက် 'အဆိုပြုပုံ' ရှာဖွေ တင်ပြနိုင်ပါပြီလား။


၇-၁။ မပြောတော့ဟု ဆုံးဖြတ်ထားသောအကြောင်းများကို 'ငါ့စကားနွားရ' ဆိုလာသည့်စကားများကြောင့် ပြောနေရပြန်ပါသည်။ ရပ်တည်ချက်မပြင်နိုင်သောကြောင့် စကားကိုပြင်ရသည့်အတွက် နောင်တမရပါဟုလည်း ဆိုပါမည်။ ရှေ.ဆက်၍ ရေးသင့်သည်ဟု ခံယူမိပါက ရေးပါမည်။

၇-၂။ ထပ်၍ ဆိုပါမည်။ ' နင်ပဲငဆ/လက်လွတ်စပယ်/ပုတ်ခတ်/နှိမ့်ချ/ထိပါး/ဖိနှိပ်/ပြစ်တင်' သော စာသားများပါသည်ဟု ယူဆလျှင် အချိန်မရွေး ဖြေရှင်းနိုင်ပါသည်။ အငယ်ကို နှိမ့်ချခြင်း၊ အကြီးကိုဖားခြင်းကို သက္ကမိုးညို၏ ရာဇ၀င်တွင်မရှိခဲ့ပါဟု ဆိုပါသည်။ ပညာရှင်များအလည်တွင် (တစ်ဦးတစ်ယောက်ကြောင့်) လူမိုက်ပြော ပြောနေရသည်လည်း မိမိကိုယ်ကို ရှက်ရပါသည်။ သက္ကမိုးညို 'ကိုယ့်စကားကို တာဝန်ယူနိုင်သော လူတစ်ယောက်'အဖြစ် နေနေပါသည်။

၇-၃။ ထို.ထက်ပို၍ ဆိုရေးရှိလျှင် ဆိုပါဦးမည်။

No comments: