Thursday, November 24, 2011

ကလေးတို. သဘက်ခါ (၁၃) (ငါ့သမီးနဲ.ပေးစားမယ်)

ကလေးတို.သဘက်ခါ အတွေးစာစုတွေကဟာ တကယ်တော့ ကျင့်ဝတ်သီလပိုင်းကို ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံက တို.ထိကြည့်နေတယ်လို.ပြောလို.ရပါတယ်။ လူ.လောကကြီးကို အမှန်တကယ်ငြိမ်းချမ်းစေတာဟာ ကျင့်ဝတ်သီလလို. ယုံကြည်လို.ပါ။ အတတ်ပညာနဲ. ကျင့်ဝတ်ကို ယှဉ်ကြည့်ရင် ကျင့်ဝတ်ကိုပဲရွေးပါမယ်။ ဟစ်တလာခေတ်က ဂျူးတွေကို နည်းမျိုးစုံ ရက်ရက်စက်စက် စမ်းသပ်ခဲ့တဲ့ ဆရာဝန်ကြီးတစ်ယောက်ကို သတိရကြပါလေ၊( သူ.နာမည်က မန်းဂလိထင်ပါတယ်။ မသေချာပါ)

++++++++++++

လူငယ်တွေ ကျင့်ဝတ်ပိုင်းအားနည်းလာကြတာက အသုံးမလိုဘူးထင်လို.ပါ။ ရှင်းရှင်းလေးပါ။ အလုပ်တစ်ခုရဖို. ဘွဲ.လက်မှတ်တစ်ခုလိုပါမယ်။ ဒီလက်မှတ်ကို ဘယ်လိုရလာသလဲမမေးပါဘူး။ အစဉ်စဉ် အဆက်ဆက်ခိုးချပြီး အောင်လာသူတစ်ယောက်မှာလည်း ဒီလက်မှတ်ရှိမှာပါပဲ။ ကျောင်းသားတစ်ယောက် ဒီနှစ်မှာ ဒီအတန်းအောင်ဖို. လိုတယ်ထင်ရင် မိဘတွေကလည်း တရားသည်ဖြစ်စေ ၊မတရားသည်ဖြစ်စေ လုပ်ကြတော့ပါတယ်။ ရလာဒ်က ဘွဲ.လက်မှတ်တစ်ခုပဲမြင်ကြတာကိုး။ ကလေးရဲ့ အသိစိတ်ဓာတ် ဆုံးရှုးံသွားတာကိုမှမမြင်ပဲ။

အချို.သောနေရာတွေမှာတော့ ကျင့်ဝတ်အတွက် အင်တာဗျူးတွေထည့်ပေးပြီးမေးတတ်ကြပါတယ်။ အက်တီကျု ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေး လို.ပဲဝေေ၀၀ါးဝါး နာမည်တတ်ထားတာပါပဲ။ ဒါပေမယ့် ကျင့်ဝတ်ကို အဓိကထားပြီး မေးတာကတော့ မရှိသလောက်ပါပဲ။ (အင်မတန်တော်တဲ့ စီအီးအိုတွေကတော့ မေးချင်မေးမှာပေါ့လေ)

++++++++++

ဒါတွေကလည်း လူ.အသိုင်းအ၀ိုင်းမှာ အောင်မြင်တယ်ဆိုတာကိုရှုမြင်သုံးသပ်ပုံ လွဲလာတာကစတာပါပဲလေ။ ပိုက်ဆံရှိတာ အောင်မြင်တာလား။ လှူနိုင်တန်းနိုင်တာ အောင်မြင်တာလား။ အရာရှိကြီးဖြစ်တာ အောင်မြင်တာလား။ လမ်းကြောင်းကို မစဉ်းစားပဲ ရလာဒ်ကိုပဲစဉ်းစားနေသ၍ ဒီလိုပဲဖြစ်နေဦးမှာပါ။

ဟိုး အရင်တုန်းကတော့ ဒိဿာပါမောက္ခဆရာကြီးဆီမှာ သင်ကြတဲ့ တပည့်တွေထဲက အရိုးသားဆုံး၊ ဥာဏ်ရည်အထက်ဆုံး၊ ကိုယ်ကျင့် အကောင်းဆုံး တပည့်တစ်ယောက်ကိုရွေးပြီး ငါ့သမီးနဲ.ပေးစားမယ်၊ ဆရာစားမချန်သင်ပေးမယ် ။ အဲဒီလို လုပ်ရတာပါ။ ကျင့်ဝတ်ရှိသူကို သုံးလေးနှစ်စောင့်ကြည့်ပြီးမှ ပညာကုန်ပေးတာပါ။ မဟုတ်တဲ့သူလက်ထဲ အတတ်ပညာမရောက်အောင် သေချာစိစစ်ရပါတယ်။

အခုတော့စဉ်းစားကြည့်ပါလေ။ ဆရာကြီးသမီးနဲ. ပေးစားဖို. ငါက သင့်တော်ပါရဲ.လား။



(ဆက်ပါမည်)

No comments: