Monday, July 23, 2012

မင်းက ငြိမ်းချမ်းရေး မြတ်နိုးသူ


မင်းအိမ်ကို မီးရှို.မခံရခင်က
မင်းဟာ ငြိမ်းချမ်းရေး မြတ်နိုးသူပဲ
မင်းနှမကို မုဒိမ်းကျင့် မခံရခင်က
မင်းဟာ ရွှေပြည်အေးသမားပဲ
မင်းရပ်ကွက်ကို ဓားတွေနဲ.လာမ၀ိုင်းခင်က
မင်းဟာ တရားသမားပဲ၊
မင်းနေချင်သလို နေခွင့်ရှိတဲ့ကာလဆိုတာ
မင်းငြိမ်းချမ်းနေတဲ့ကာလပါ။
အခုတော့
မင်းမြတ်နိုးတဲ့ငြိမ်းချမ်းရေးကို လည်လှီးလိုက်ကြပြီ
ငြိမ်းချမ်းစွာနေဖို.
မငြိမ်းချမ်းမှုကို တိုက်ဖျက်ရမယ်ဆိုတဲ့အကြောင်း
မီးရှို.ခံ မင်းအိမ်ကသက်သေပြတယ်
မတရားကျင့်ခံ မင်းညီမက သက်သေပြတယ်
နှိပ်စက်ခံ မင်းရပ်ကွက်က သက်သေပြတယ်။
ဘုရားရှင်က
နေပူကြဲကြဲမှာထိုင်ပြီး
ဆွေရိပ်မျိုးရိပ်က အေးမြတယ်လို.ဆိုခဲ့တယ်၊
ဆွေတော်မျိုးတော်တွေကို ကာကွယ်ခဲ့တယ်။
တို.ရပ်ကွက်မှာ
ကြိုက်တဲ့သူနေလို.ရတယ်
ရပ်ကွက်ဖျက်မယ့်သူတော့
နေလို.မရစေရဘူး။  ။

No comments: