Monday, July 23, 2012

အော်လ်တာနေးတစ် ပေါ်လစီ-၂


၉။ တိုင်းပြည် ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှားယွင်းခြင်း နှင့် တိုင်းပြည်ကျန်းမာရေး စောင့်ရှောက်မှုစနစ် အကောင်အထည်ဖေါ်ရာတွင် မအောင်မြင်ခြင်းသည် ရလာဒ်အကျိုးတရား တူသည်ထားဦး။ ပြန်လည်ပြင်ဆင် ရမည့် အကြောင်းတရား တူမည်မဟုတ်ပါ။ ထို.အတူ ပြည်သူလူထုက အပြစ်တင်သည်ကို ငြင်းဆန်ရန် ရည်ရွယ်ရင်းမရှိသော်လည်း 'အများညီ၍ ဤကို ကျွဲ' ဖတ်ကြပါများလာသောအခါ နိုင်ငံရေးသမားများ၊ မီဒီယာသမားများကပါ သံယောင်လိုက်၍ စနစ်မှားသည် စနစ်မှားသည်ဟု ပြောလာကြပါတော့မည်။ ကျန်းမာရေး နယ်ပယ်မှ ဆရာမကြီး တစ်ဦး ပြောသော စကားကို ပြန်လည်ကိုးကား ဖေါ်ပြလိုပါသည်။ 'တကယ်တော့ ကျန်းမာရေး ၀န်ကြီးဌာနကလည်း WHO (ကမ္ဘာ. ကျန်းမာရေး အဖွဲ.) ဂိုက်လိုင်းအတိုင်း လုပ်နေတာပဲ' ဟူ၍ ဖြစ်ပါသည်။ ဤအကြောင်းများကို အသေး မစိတ်မီ ခေတ္တ ရပ်နားထားပါဦးမည်။

၁၀။ ဆရာဝန်များသည် အင်မတန် အတ္တကြီးသူများဖြစ်ပါသည်။ အပြစ်တင်ခြင်းမဟုတ်သော်လည်း ဤအတိုင်းပင် ခံစားမိပါသည်။ ဆေးတက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ်ဝင်တန်း အမှတ်ဖြင့် ဖြတ်လိုက်သောအခါ 'ထိပ်' ဆိုသောနေရာမှ ကျောင်းသားများ (ထိပ်ဆိုသော နေရာကို ရောက်အောင် နည်းမျိုးစုံ ကြိုးစားလာကြသူများ) ဆေးကျောင်းတက်လာကြပါတော့သည်။ ထိပ်ရောက်အောင် နည်းမျိုးစုံဖြင့် ပို.ချင်ကြသော မိဘများကလည်း (အဆိပ်ပင် ရေလောင်းသည်မပြောရက်သည့်တိုင်) တရားသည်မတရားသည် မတွေးပဲ သားသမီးဖြစ်သူအတွက် နည်းမျိုးစုံ ကြိုးစားအားထုတ်ပေးကြပါသည်။ အားနာနာနှင့်ပင် ပြောရပါမည်။ ဆရာဝန်ဘွဲ. ရပြီးသည့်တိုင် လူမှုရေးရာတွင်၊ လူ.ပတ်ဝန်းကျင် လူ.အသိုင်းအ၀ိုင်းတွင် လူလားမမြောက်သေးသော ဆရာဝန်လေးပေါင်းများစွာ ရှိနေပါသည်။ ငါသာရှေ.ရောက်ဖို.၊ ငါအထူးကုဆရာဝန်ကြီးဖြစ်ဖို.၊ ငါအောင်မြင်ဖို. ဆိုသည့် စိတ်ဓာတ်များခြင့် ပူလောင်နေကြသူများ များနေပါသည်။ အားနာပါသည်။ များနေပါသည်။ များခဲ့ကြပါသည်။

၁၁။ လုပ်ငန်းခွင် ၀င်ရောက်သည့်အခါတွင် သင်ယူလာခဲ့သော ပညာကို ပြည်သူလူထုအတွက် အသုံးချရန်ထက် နောင်တွင် လျှောက်ရလတ္တံ.သော ခရီးလမ်းဖြောင့်ဖြူးရေး အတွက်သာ ဦးစားပေးရွေးချယ်မည့် ဆရာဝန်များ များလာခြင်းသည် ကောင်းသော လက္ခဏာဖြစ်ပါသလား။ စာသင်ကြားရခြင်းကို ၀ါသနာ လုံးဝမပါသော်လည်း မြို.ကြီးပြကြီးများတွင် နေရခြင်း၊ ညဂျူတီမစောင့်ရခြင်း၊ စနေတနင်္ဂနွေ အားလပ်ရက် ရခြင်း စသည်ဖြင့် စာကျက်ချိန်ရသော ဆေးတက္ကသိုလ်များတွင် ဆရာအဖြစ် အလုပ်ဝင်ခြင်းဖြင့် 'အရိပ်ခို' နေချင်ကြသော ဆရာဝန်လေးများစွာရှိခဲ့ပါပြီ။ ထို.အတူ အထက်လမ်း အောက်လမ်းများစွာ သုံး၍ 'မြို.ကြီးပြကြီး' များတွင် ခိုကပ်နေကြရန် ကြိုးစားခဲ့ကြသော ဆရာဝန်များ ယခင်ကလည်း ရှိခဲ့ပါသည်။ ယခုလည်း ရှိကြပါလိမ့်ဦးမည်။

၁၂။ တစ်ခုတည်းသော အကြောင်းတရား မဟုတ်သည့်တိုင် ဤသို.သော အကြောင်းများဖြင့် နယ်သို. သွားချင်သော ဆရာဝန်များ နည်းပါးပါသည်။ ဆရာဝန် လူဦးရေအချိုးသည် မြို.ပေါ်နှင့် ကျေးလက် မတူညီသလို ရန်ကုန်တိုင်းနှင့် ချင်းပြည်နယ် တူမည်မဟုတ်ပါ။ ဆရာဝန်များ နယ်သို.မသွားချင်ခြင်းကို အပြစ်တင်နေသည်မဟုတ်ပါ။ 'ကုသိုလ်၊ ပညာ၊ ဥစ္စာရရန် သင့်ရာဒေသ' အမြဲနေလိုချင်ကြသူများကို အပြစ်တင်သင့်သည်ဟုလည်း မခံယူပါ။ တိုင်းပြည်အတွက်၊ လူထုအတွက် ဟူသည် ဆိုရှယ်လစ်ခေတ်တွင်သာ ပြော၍ ကောင်းပါသည်။

၁၃။ အခြားသော (ဆရာဝန် မဟုတ်သည့်) ၀န်ထမ်းများ အတွက် နေရာကောင်းခြင်းသည် မြို.ပေါ်နယ်ပေါ်နှင့် မဆိုင်ပဲ 'ခွင်' ကောင်းမကောင်းပေါ်တွင်သာ မူတည်ပါသည်။ အပြင် 'ဂျီပီ' ဖွင့်ရသော ဆရာဝန်များ အနေနှင့် ၀င်ငွေအနည်းအများသည် ခွင်ပေါ်တွင် မူတည်နေခြင်း မဟုတ်ပဲ ကိုယ်ပင်ပန်းမှ ကိုယ်စားရသော ကိစ္စသာဖြစ်သဖြင့် နယ်မသွားလိုခြင်းကို အပြစ်တင်ရန် အကြောင်းမရှိပေ။ ဆေးရုံများတွင် နေ.ဂျူတီ၊ညဂျူတီများဖြင့် ပင်ပန်းရသော ဆရာဝန်သည် မြို.ပေါ်၊နယ် မခြားနားပါ။ (နယ်မှာပင် ပိုပင်ပန်းဖို.များပါသည်)

၁၄။ ကျန်းမာရေး ပေါ်လစီ ကောင်းမကောင်း 'ရောင်ပြန်'ဟပ်သော အရေးကြီးသည့် တစ်ခုတည်းသော ညွှန်းကိန်းမှာ 'ကျန်းမာရေးစွမ်းအားစုများကို လုံလောက်စွာ နေရာချထားခြင်း' allocation of adequate resources ဖြစ်ပါသည်။  စွမ်းအားစုများ မလုံလောက်သည့်အခါ၊ နေရာချထားမှုများ လိုအပ်ချက်ရှိလာသည့်အခါ ကျန်းမာရေး ပေါ်လစီကို မေးခွန်းထုတ်ရတော့မည်ဖြစ်ပါသည်။ မသွားချင်သောသူကို သွားစေရန်အတွက် ဥုံခံသော မန္တန်တော့ ရှိမည်မထင်ပါ။ မတူသော အနေအထား၊ မတူသော ပင်ပန်းဆင်းရဲမှုအတွက် တူညီသော လခဖြင့် စေလွှတ်ခြင်းသည် ပေါ်လစီကောင်းတစ်ခုပင်လား။ စဉ်းစားဖွယ်တော့ ရှိနေပါပြီ။

ဆက်ပါမည်။


No comments: