Monday, July 23, 2012

အရှေ.က နေ၀န်းထွက်သည့်ပမာ


၁။ လူမပြောင်းလျှင် မူမည်မျှပင်ပြောင်းပြောင်း ကောင်းမလာနိုင်ပါဟု ပြောသံသဲ့သဲ့ ကြားမိပါသည်။ လူလည်း မပြောင်းပါ။ ခေတ်ပြောင်းချင်ပြောင်း၊ စနစ်ကလည်း ပြောင်းမည်မထင်ပါ။ ဤခေတ်၊ ဤစနစ်ကို မကောင်းတွင်တွင်ပြော၍ အမှန်တကယ် ပြောင်းလဲမှုကို လက်ခံရန် မ၀ံ့ရဲသော၊ ပြောင်းလဲမှု အတွက် အသင့်မဖြစ်သော လူများအတွက် ဤစာစုကိုရေးမိပါသည်။

၂။ တိုင်းပြည်တစ်ခုအတွက် အရေးအကြီးဆုံးသည် (ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ) အစိုးရ ယန္တရားပင် ဖြစ်ပါသည်။ အစိုးရယန္တရားတွင် ထိုယန္တရားကို လည်ပတ်စေသော ဌာနများသည် အဓိကဖြစ်ပါသည်။ သို.ရာတွင် ထိုဌာနဆိုင်ရာတို. လည်ပတ်နေသော နည်းစနစ်များသည် (အများစုမှာ) အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးရပြီးကာစ အချိန်ကာလမှ နည်းစနစ်များနှင့် ကွာခြားပါ၏လောဟု သံသယ ပွားရပါသည်။ ပြန်လည်တည်ဆောက်ရေးကာလတွင် မည်သည့်စီမံကိန်းကိုပဲ ရပ်ဆိုင်း၍ မည်သည့်စီမံကိန်းကိုပဲ အသစ်ပြန်စစ၊ ထူးခြားလာမည်မဟုတ်ဟု ဆိုရပါမည်။

၃။ စီမံကိန်းများ မအောင်မြင်သည့်အခါတိုင်း၊ လုပ်ငန်းခွင် တိုးတက်မှုမရ၍ စူးစမ်းမေးမြန်းခံရတိုင်း တောင်းဆိုတတ်သော ကိစ္စသုံးရပ် ရှိပါသည်။ သရီးအမ်မ် (3M) ဟုခေါ်ကြသော လူ၊ငွေ၊ပစ္စည်း (Man, Money, Material) ပင်ဖြစ်ပါသည်။ အခါများစွာပင် ဖွဲ.စည်းပုံပြင်ဆင်ရေးဟူသည် အဆိုပါသုံးရပ် တိုးမြှင့်တောင်းခံရေးဖြစ်သွားတတ်ပါသည်။ ထိုအခါ အုပ်ချုပ်ရေးယန္တရား ပြင်ဆင်ရေးသည် ၀န်ပေါ့သွားရမည့်အစား ပို၍ပင် ၀န်ထုတ်ဝန်ပိုးဖြစ်သွားရပါသည်။

၎။ ဖူကူယားမား၏ နိုင်ငံတည်ဆောက်ရေး စာအုပ်တွင် ဈေးကွက်စနစ်ဖေါ်ဆောင်ရေး၊ ပုဂ္ဂလိကပိုင်ပြုရေးထက် အရေးကြီးလေသော အချက်တစ်ခုကို ထပ်တလဲလဲ ဖေါ်ပြခဲ့ပါသည်။ ယင်းမှာ အဖွဲ.အစည်းများ၏ စွမ်းဆောင်ရည် မြင့်မားရေး ပင်ဖြစ်ပါသည်။ အဖွဲ.အစည်းစွမ်းဆောင်ရည် မြင့်မားရေးကို လူတိုးတောင်းရေး၊ ငွေတိုးတောင်းရေး၊ ပစ္စည်းတိုးတောင်းရေးနှင့် မရောထွေးစေချင်ပါ။

၅။ အချို.က ကြိုးနီစနစ်ဟု ပြောကြသော ရုံးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် (ပြောခဲ့ပြီးသလို) လွတ်လပ်ရေးရကာစခေတ်နှင့် မခြားဖြစ်နေပါသေးသည်။ ထို.အပြင် ဌာနဆိုင်ရာ ဖွဲ.စည်းပုံ များသည် ပြင်ဆင်ပြောင်းလဲဖွဲ.စည်းရန် ခက်သည်ကတစ်ကြောင်း၊ မည်သူမှ ဦးနှောက်ခြောက်ခံ စဉ်းစားမနေသည်ကတစ်ကြောင်းကြောင့် ရှိရင်းစွဲအတိုင်းသာ ရောကြိတ်နေကြပါသည်။ မည်သူကမှ ရှိရင်းစွဲ လုပ်ထုံးလုပ်နည်း ဖြစ်စဉ်ကို ပြန်လည်၍ ပိုမို ကောင်းမွန်သက်သာလွယ်ကူသော နည်းကို စဉ်းစားရန်မကြံစည်ကြပါ။ သူရို.ဆီဝယ် ပြန်လည်ပြင်ဆင်ရေးဟူသည် ငွေကြေး၊ အချိန်၊ လူအင်အားလျော့ချရန်အတွက် ခေတ်မှီနည်းစနစ်များ၊ စီမံခန်.ခွဲမှု ပုံစံများကို အသုံးပြုခြင်းသာဖြစ်ပါသည်။

၆။ ခက်သည်က ပေါ်လစီမိတ်ကာလယ်ဗယ်ဖြစ်သော လူတန်းစားသည် ခေတ်မှီ နည်းပညာကို မသိပါ။ စီမံခန်.ခွဲမှုကို မလေ့လာပါ။ လူမှန်နေရာမှန်ကို (ဖွဲ.စည်းပုံအသေဖြစ်၍လည်း ပါပါသည်) မထားရှိပါ။ ပြောရသည်ကိုတော့ အားနာပါသည်။ တိုးတက်ရေးကိစ္စအတွက် ကိုယ့်ဌာန၏ လုပ်ငန်းဆောင်ရွက်ပုံဖြစ်စဉ်ကို ပြန်လည်သုံးသပ်မှု အင်မတန်အားနည်းပါသည်။ သူရို.ဆီဝယ် Enterprise Architecture, Business Process Reengineering စသောမိုဒယ်များဖြင့် စနစ်တကျပြန်လည်သုံးသပ် တည်ဆောက်အပ်သော ဌာနအဖွဲ.အစည်းများစွာ ပေးထွက်လာခဲ့ပါပြီ။ ထိုသို.သော သုံးသပ်မှုမျိုး မြန်မာနိုင်ငံဝယ် အင်မတန်မအားနည်းပါသည်။ ရှိရင်းစွဲလူများ၏ စွမ်းဆောင်ရည်ကို အပြည့်အ၀ အသုံးချနိုင်ခြင်းလည်းမရှိပါ။

၇။ အဖွဲ.အစည်း စွမ်းဆောင်ရည် မြင့်မားလာစေရန် ဒီဇိုင်းပြန်ဆင်မည့် မူဝါဒရေးဆွဲသူများ မရှိသလို ပေးလာမည့်အကြံဥာဏ်ကို နားလည်လက်ခံမည့်သူ မရှိသလောက်ရှားနေသည်ကို ၀မ်းနည်းဖွယ်တွေ.နေရပါသည်။ အုပ်ချုပ်ရေး ယန္တရား အတွင်း ဒီမိုး ဒီရေ ဒီလူတွေဖြင့် ဒီအတိုင်းသွားနေပါက သိကြားမင်း ဆင်းကယ်သည့်တိုင် တိုးတက်ရေးလမ်းစ မမြင်ပါ။

၈။ အရှေ.က နေ၀န်းထွက်သလို တို.ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ။ ထို.အတူ နောက်နှစ်ပေါင်းမည်မျှမှန်းလည်း မသိပါချေ။

No comments: