Friday, January 7, 2011

ကမ္ဘာကြီးကို ပြားခဲ့ကြသူများ

သမိုင်းတင်ကာစ အချိန်က
ကမ္ဘာကြီးဟာအပြားလို. ထင်ခဲ့ကြတယ်
တစ်နေ.မှာတော့ အဘိုးအိုတစ်ဦးဟာ
သူ.တစ်ဘ၀လုံးလေ့လာခဲ့သမျှတွေ သွန်ချထုတ်ဖေါ်လိုက်တယ်
ကမ္ဘာကြီးဟာ လုံးနေတယ်။

ကျောင်းတော်ကအာဏာပိုင်တွေ ခြောက်ခြား
ကျမ်းစာနဲ.မှမညီညွတ်ပဲ
အဘိုးအိုကို ထောင်သွင်းအကျဉ်းချ
ကမ္ဘာပြားကြောင်း နှိပ်စက်ပြီး ပြောခိုင်းကြတယ်။

စာရွက်ပေါ်မှာ လက်မှတ်ထိုးပါ
ကမ္ဘာဟာပြားနေပါတယ်
အမှန်တရားဟာ စာရွက်ပေါ်က လက်မှတ်တစ်ခုမှမဟုတ်ပဲ
သူတို.ရသွားတာ စာရွက်ပေါ်က လက်မှတ်ပါ
ဒါကိုသူတို.က ကမ္ဘာ အပြားကြီးရပြီဆိုပြီး ကျေနပ်ခဲ့ကြတယ်။

အမှန်တရားပေါ်လျှောက်တဲ့ လမ်းဟာ နဲနဲတော့ကြာတယ်
ဒါပေမယ့် တစ်ခါ ရောက်ပြီးရင်ပြီးသွားပြီ
တစ်နေ.နေမှာ ကမ္ဘာကြီး လုံးနေကြောင်း
သူတို.၀န်ခံရမှာကို မသိကြဘူး။

No comments: