Tuesday, January 11, 2011

အိပ်မက်တစ်ခို (၀တ္တုရှည် အပိုင်း-၁)

မျက်ရည်မကျပဲ တစ်ယောက်ကိုတစ်ယောက်
စူးစိုက်ကြည့်တဲ့ မျက်ဝန်းတွေထဲမှာ
ဘာရှိမလဲ။

နှစ်ယောက်စလုံး သိပြီး
နှစ်ယောက်စလုံး မေ့ပစ်ရမယ့်
စကားတွေရှိတယ်။

အခန်း(၁)

လောကတစ်ခိုသည် ဝေရီ လင်းမှိန်မှိန်။
မှိုင်းရင့်သောတိမ်တို.သည် နေမင်းကို မည်သည့်နေရာတွင် စုပ်မြိုထားသည်မသိ။အလင်းလဲ့လဲ့သည်သာ မသဲမကွဲ အုပ်မိုးငုံ.ကြည့်နေသည်။

တွေ.ရခဲပါသည်။ဤမြို.ကလေးတွင် ဤသို.သောရာသီဥတုမျိုးကို တွေ.ရခဲပါသည်။နှောင်းလေ့ရှိသောမိုးဦး၏ တစ်ရက်တလေ၌သာ ခဲယဉ်းစွာတွေ.ရလေ့ရှိပါသည်။

ကျွန်တော်လာရာလမ်းဝယ် လူသူသိပ်မရှိ။အေးချမ်းမှုန်ဝေသော နံနက်ခင်းကသာ နေရာတကာကို ခပ်ပါးပါး သုတ်လိမ်းထားသည်။

ရှေ.တည့်တည့်ဝယ် မိန်းမငယ်တစ်ဦး လှမ်းလာနေသည်။ ညာလက်ဝယ် ဆွဲခြင်းတစ်လုံးကို ခပ်ဖွဖွဆွဲ၍နွဲ.ယဉ်သော ခြေလှမ်းနှင့်……..

အို…….
သူလမ်းလျှောက်ပုံ
သူလမ်းလျှောက်ပုံနှင့်တူလှချည်လား။
သူပဲလား။
သူပါပဲ။ဝါ၀ါ။

ဤမြို.ရောက်လျှင်သူနှင့်တွေ.မည်ဟု သိသည်။သိခဲ့သည်။သို.သော် ဤမျှလောက် တိုတောင်းသောအချိန်တွင် တွေ.မည်ဟုမထင်မိခဲ့။

သို.သော်…
အခုတွေ.ပြီ။တွေ.ပြီလေ။မင်းဘာလုပ်မလဲနေထွန်း။ ဖြေချိန်မရလိုက်။

“သြော်…….”
ရှေ.တည့်တည့်တွင် ဘာလုပ်ရမှန်းမသိ၍ ခြေစုံရပ်နေသူကိုမော့ကြည့်သည်။မှတ်မိဟန်သည် မျက်လုံးဝယ်ထင်လာ၏။ဦးစွာအသံပြုမိသည်။ဘယဆက်ရမည်မှန်းမသိ။

ပြည့်တင်းနီထွေးသော နှုတ်ခမ်းအစုံသည် စေ့စေ့တင်းသွားသည်။ မဲ့လိုက်မှာလားဝါ၀ါ။
ပြုံးသည်။မမြင်ရသည်မှာ ကြာခဲ့သောအပြုံး။ တဒင်္ဂမျှ သတိမဲ့သွားသည်။

“ဘယ်တုန်းက ရောက်လဲဟင်”
ဗျက်စောင်းတစ်ရာတို.၏ သာယာသောတို.ခတ်သံ။ငွေစင်ခေါင်းလောင်းတစ်သောင်းကို တစ်ပြိုင်ထဲတီးခတ်သံ။ပြန်ရပြီ။ ပျောက်ကွယ်တင့်မောခဲ့ရသော အပြုံး၊နားစွင့်ရင်းကြားနိုင်စွမ်းမဲ့ခဲ့ရသောအသံတို.ကို ကျွန်တော်ပြန်ရပြီ။

“မနေ.က”
နှုတ်ဖျားမှ ခဲထက်စွာတိုးထွက်သွားသည်။ကြားနိုင်ရုံမျှ။ရှည်လားသောမျက်တောင် သိမ်းရုတ်သည်ကိုတွေ.ရသည်။လှပသော မျက်ဝန်းကိုကွယ်ပိတ်သွားသည်။

“အလည်ပဲလား”
ကြည့်မိသော အကြည့်ကိုဘေးသို.ရွေ.မိသည်။ မကြည့်သင့်ဟုဦးနှောက်က ကွပ်ညှပ်ဆုံးမသည်။နှလုံးသားက ဆတ်ဆတ်တုန်အောင်ငြင်းသည်။

“မဟုတ်ဘူး။ ဒီကိုအပြီး ပြန်ပြောင်းလာတာ”
“သြော်”
မျက်လွှာပင့်သည်။ဝေဒရာသို.ကြည့်ခြင်းပါတကား။
“သွားတော့မယ်”
ခြေနွဲ.စွာကြွသည်။ဘေးသို.တစ်လှမ်းတိမ်းပေးလိုက်သည်။ယဉ်မွေ.မွေ.လှမ်းသည်။ ကျော်တက်သည်။နှုတ်မှစကားတစ်လုံး အမှတ်မထင်ထွက်သွားသည်။ အမှတ်ထင်ထင်ပဲလားတော့မသိ။

“အမျိုးသားရော နေကောင်းလား”
မကြားသည်လားမသိ။မဖြေ။
ငဲ့ကြည့်မိသည်။
ဆံပင်တွေရှည်နေပြီပဲ။အေးလေ။နှစ်ဆယ့်လေးနှစ်ဆိုတဲ့အရွယ်ဟာ အိမ်ရှင်မတစ်ယောက်အဖို. ရင့်ကျက်စွာ လှပဖို.အကောင်းဆုံးအရွယ်ပဲပေါ့။

ကောင်းကင်းပြင်သည် ပို၍မှိုင်းညို.လာသည်ဟုမြင်သည်။ညို.ညို.မှုန်မှုန်။ဝေေ၀ရီရီ။
ငှက်တစ်ကောင် ဦးတည်ရာမဲ့ ပျံသန်းနေသည်။
ဝါ၀ါရယ်……
**********************************************************************

အိပ်မက်ဖြစ်၍
သခင်မေ့ပါ……..
…………………………..
…………………………………….
…………………………………………………..

**********************************************************************

(ဆက်ရန်)

No comments: