Wednesday, January 12, 2011

အိပ်မက်တစ်ခို (၀တ္တုရှည် အပိုင်း-၂)

“ဟေ့ကောင်၊ နေထွန်း”
“ကျော်စွာ”

ကျော်စွာ စက်ဘီးကို ခြေဖျားထောက်၍ရပ်သည်။ ကျွန်တော်သူ.စက်ဘီးလက်ကိုင်ပေါ်သို. လက်လှမ်းတင်သည်။ သူမျက်မှောင်ကုတ်သည်။ ထူထဲထဲ မျက်ခုံးသည် တွန်.လျှက်ရှိသည်။

“ရောက်မှ မရောက်သေးဘူး၊ဘယ်လဲ”
“မင်းအိမ်လေ”

သူ.အမေးကို တစ်ဝက်ပြုံးနှင့်ဖြေလိုက်သည်။ အပြုံးပီသ ပါမည်လော။ မသိ။

“ကျော်စွာ”
အိပ်ထောင်ထဲမှ စီးကရက်ဘူးကိုနှိုက်ယူရင်း ကျွန်တော့်ကို သူလှမ်းကြည့်သည်။ ကျွန်တော့မျက်လုံးထဲမှ “တစုံတရာ”ကို သူတွေ.သွားသည်။

“ငါ………….”
လေသံသည် တိုးညင်းပါးလျားသော်လည်း ကြားသာပါမည်။
“ငါ …….၀ါဝါနဲ့ တွေ.ခဲ့တယ်”

အတိတ်သည် လင်းလက်တောက်ပ လာပြီတည်း။
*****************************************************************

“မင်းသူ.ကို စိတ်မနာဘူးလား နေထွန်း”

နှုတ်ခမ်းဆီသို. တေ့ထားသော လက်ဖက်ရည်ပန်းကန်ကို မသောက်သေးပဲ ကျော်စွာကို လှမ်းကြည့်လိုက်သည်။ သူကျွန်တော့ကို မကြည့်။ ဆိုင် အပြင်သို.ငေး နေလေသည်။ဆောင်းဘောက်ခ်စ်မှ သီချင်းသံသဲ့သဲ့ကို မကြားတလှည့်ကြားတလှည့်။ ရင်ထဲမှာထက်ရှမှုန်ရီ။

ရီသံပါးပါးကို ထွက်လေနှင့်ရောထုတ်သည်။ကျော်စွာ လှည့်ကြည့်သည်။

“ဘာဖြစ်လို.စိတ်နာရမှာလဲ ကျော်စွာ၊ ငါနဲ့နီးစပ်ဖို. သူဘယ်လောက်အထိ ကြိုးစားခဲ့တယ် ဆိုတာ မင်းလည်းသိပါတယ်။ အဖိုးကြီးက ခါးခါးသီးသီးဖြစ်နေတာ”

ခေါင်းတစ်ချက်ငြိမ့်သည်။ သက်ပြင်းကိုမျှင်း၍ ချဟန်ရှိသည်။ဆိုင်အပြင်၌ လေပြည်ရှိပုံရသည်။ အလှစိုက်ပန်းပင်ငယ် အရွက်လေးများ ခေါင်းတငဲ့ငဲ့ ခါနေသည်။ သို.သော် ဆိုင်ထဲသို.ကား လေညှင်း ၀င်မလာ။

“ငါတို. သတင်းသဲ့သဲ့ ကြားတာရှိတယ် နေထွန်း”

ကျွန်တော် မျက်ခုံးတစ်ချက် ပင့်လိုက်သည်။ ဘာလဲ ဆိုသည့် သဘော။

“အဲဒီတုန်းက ဦးခင်လှိုင်က မိဝါမင်းကိုသာယူရင် သူ.အသက်သူ သတ်သေမယ်လို. ခြိမ်းခြောက်တယ်တဲ့”

အံ့သြရပြန်သည်။ ဦးခင်လှိုင်။ ၀ါဝါ၏ ဖခင်။ အခက်အခဲများကြားမှ ကြိုးစားခဲ့ရသူ ချစ်သူပါတကား။ ရင်သည်တမြေ့မြေ့ ထက်ရှစွာ နာလာသည်။

“ငါမသိခဲ့ဘူး ကျော်စွာ၊ သူငါ့ကို မပြောပြဘူး၊ အေးလေ….”

စကားဆက်ကို ငံ့လင့်ဟန် ခေါင်းငြိမ့်သည်။ ကျွန်တော် ဖြေးလေးစွာ ဆက်ပြောသည်။

“ငါက သူ.ကို မုန်းသွားအောင်ဆိုပြီး သူ.ကိုသူ စတေးလိုက်တာလည်း ပါမှာပေါ့”

ကျော်စွာ ခေါင်းယမ်းသည်။ ဖြေးလေးတွေဝေစွာ။ ကျွန်တော့ စကားကို ငြင်းပယ်ခြင်းကား မဟုတ်။

“မင်း သူ.ကို ခွင့်လွှတ်လိုက်တော့ သူ တော်တော် အထိနာသွားတယ် နေထွန်း”
“ငါ ရိပ်မိတယ် ကျော်စွာ၊ ဒီလောက်ကြီး အထိ ပြင်းထန်မယ်လို.သာ မထင်တာ၊သူနဲ. မနိုင်တဲ့ ၀န်ကို ရုန်းရမယ်လို.တော့ ငါသိခဲ့တယ်။ မရုန်းနိုင်လို. ခွေကျနေတဲ့သူကို ရှေ.ကနေ ငါလက်ရပ်မခေါ်ရက်ပါဘူးကွာ”

ရင်နာစရာတို. နုသစ်စွာ ဖူးပွင့်လာပြန်ပြီ ထင်သည်။

“မင်းပြောင်းလဲသွားတယ် နေထွန်း၊ ငါအံ့သြတယ်”
“ဘာဖြစ်လို.လဲ”
“အရင်တုန်းက မင်းစိတ်ဓာတ်က မာတယ်၊ထန်တယ်၊ တဇွတ်ထိုးဆန်တယ်၊ အခုလို ဆင်ခြင်တာမျိုး မရှိခဲ့ဘူး မဟုတ်လား”

ကျွန်တော် မဲ့ပြုံး ပြုံးမိသည် ထင်သည်။ တစ်ခုခုပြောရန် အားယူခိုက်

“မင်း တင် မဟုတ်ဘူး နေထွန်း၊ ၀ါဝါလည်း ပြောင်းလဲနေပြီ”
“ဟင်”
“သူ အရင်တုန်းကလို ပျော့ညံ့ညံ့ အရှုံးပေးချင်တဲ့ ၀ါဝါ မဟုတ်တော့ဘူး”
“ဘာဖြစ်လို.လဲ”

“သူ အခု သူ.အဖေ ဦးခင်လှိုင် အိမ်ကို ပြန်ရောက်နေတယ် နေထွန်း။ တင်ဦးမောင်နဲ. မပေါင်းနိုင်ဘူးဆိုပြီး ဆင်းလာတာ ခြောက်လလောက်ရှိသွားပြီ”

********************************************************

ဝါ၀ါ …….
ချစ်ခြင်းပန်းတွေဆိုတာ
ဂုဏ်ပကာသန မှာ မပွင့်ဘူး
ငွေကြေးဓနမှာ မပွင့်ဘူး
နှလုံးသားမှာ ပွင့်တာ


အဲဒါ
မင်းအဖေ ဦးခင်လှိုင်ကို ပြောလိုက်……

*************************************************************

(ဆက်ရန်)

1 comment:

Unknown said...

ခုမှအခန်းတစ်ပီးသေးတာပါ
အများကြီးကျန်ပါသေးတယ်
ဝတ္တုရှည် တစ်အုပ်စာပါ