Monday, November 28, 2011

ချစ်သောကဗျာ-၁

ကဗျာနဲ.ပတ်သတ်ပြီးပြောရရင် ဘာလို.တုတ်တွေဓားတွေထမ်းရတာလဲမသိ။ကဗျာဆရာတွေကတော့ လွတ်လပ်စွာကွဲလွဲခွင့် ကိုယုံကြည်ကြတယ်။ ငါရေးတဲ့ ကဗျာအမျိုးအစားမှ ကဗျာ ၊ကျန်တာကဗျာမဟုတ်လို.ပြောသူတွေရှိပါလိမ့်မယ်။ သူ.ဘာသာအော်နေပါစေ။သူ.လွတ်လပ်ခွင့်ကိုလေးစားပေးလိုက်ကြရအောင်ပါ။ ကို.ကဗျာ ကိုယ်ရေးကြတာပါပဲ။

+++++++++

အို..ကဗျာ ဆောင်းပါးတွေရေးနေရင်းနဲ. နံပါတ်စဉ်လိုက်မှတ်ရတာရှုပ်မှာစိုးလို. ခေါင်းစဉ်အသစ်ဖွင့်လိုက်တာပါ။ တကယ်တော့သူများတွေပြောပီးတာထဲကကိုယ်သဘောကျတာလေးတွေ ပြန်ပြောတာပါ။ ခဏခဏပြောမိတာက ကြိုက်ရင်ယူပါ၊ မကြိုက်ရင်ပယ်ပါ။

ဒီနေ.တော့ ကဗျာဆရာရဲ့ ဖွင့်ထုတ်၊ပေါက်ကွဲ၊ခံစားချက်တွေအကြောင်းပြောချင်ပါတယ်။

+++++++

ကဗျာမှာတော်တော်များများပြောကြတာက ခံစားချက် တွေကို ဖွင့်ထုတ်တာလို.ပေါ့လေ။

ခံစားချက်မှာ သူတို.စကားလုံးတွေက feeling ရယ် ၊ emotion ရယ်ပေါ့။ emotion ကနည်းနည်းပြင်းထန်တဲ့ အာရုံခံစားမှုပေါ့လေ။ ကဗျာဆရာတွေအကြိုက်ပေါ့။ strong feeling ပေါ့။

ဒါပေမယ့် ပြောချင်တာက အဲဒီပြင်းထန်တဲ့ စိတ်လှုပ်ရှားမှုတိုင်းက ကဗျာကောင်းတွေဖြစ်စေပါသလားဆိုတာပါပဲ။

သာမန်လူတွေကတော့အဲလိုထင်ပါလိမ့်မယ်။ ဒါပေမယ့် ဆရာကြီးဝါ့သ်ဝါ့ဒ် ကတော့ ကဗျာဆိုတာ ခံစားမှုကို ဇက်ကုန်လွှတ်ပေးခြင်းမဟုတ်လို. ပြောပါတယ်။ နောက်တစ်ယောက်(အဲလိယော့ လို.ထင်ပါတယ်၊ မသေချာပါ) ကတော့ တည်ငြိမ်လာပြီဖြစ်တဲ့ သမာဓိနဲ. ပြန်လည် တည်ဆောက်ယူထားသော ပြင်းပြသည့် ဝေဒနာ (emotion ပေါ့လေ) လို.ဆိုပါတယ်။

ကျွန်တော့ရဲ. ဥာဏ်တိမ်တိမ်လေးရယ်၊ ကဗျာရေးသက်နုနုလေးရဲ့ အတွေ.အကြုံနဲ.တွေးကြည့်တော့လဲ သူတို. ဟောတာ ဟုတ်သလိုလိုပါပဲ။ အရမ်းနာကျင်နေတဲ့ အချိန်မှာ၊ အရမ်းခံစားနေတဲ့ အချိန်မှာ ရေးတဲ့ကဗျာတွေဟာ inspiration မ၀င်တာများပါတယ်။

+++++++++

မြန်မာကဗျာတွေမှာလည်း အိနြေ္ဒကြီးတဲ့ကဗျာတွေ အများကြီးရှိပါတယ်။ နမူနာခဏခဏပြနေရလို. အနန္တသူရိယကဗျာကိုမပြတော့ပါဘူး။ ဆရာဇော်ရျီရဲ့ သင်သေသွားသော် ကဗျာကိုပဲနမူနာပြပါ့မယ်။

ဪ်…လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ ၊ သေရဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။


သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။

ဇော်ဂျီ

ပြင်းထန်တဲ့ ခံစားချက်မပါပါဘူး။ကျွန်တော်တော့သိပ်ကြိုက်တယ်။ သင်သေသွားသော် သင်ဖွားသောမြေ၊ သင်တို့မြေသည်၊အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။ ဆိုတဲ့စာသားလေးကိုရွတ်လိုက်ရရင် (တစ်ယောက်နဲ.တစ်ယောက် သဘာဝချင်းမတူလို. မကြိုက်ပဲလည်းနေနိုင်ပါတယ်) တိုင်းပြည် ကြီးပွားရေးကို ကမ္မဌာန်းရှုသလို ရှုထားတဲ့ လူတစ်ယောက်စေတနာကိုသေသေချာချာ ကိုဖမ်းမိလိုက်တာပါ။ ဒါပေမယ့် ခုခေတ်လူတွေ ပြောသလို ဖွင့်ထုတ် ပေါက်ကွဲတော့ မပါလေဘူး။

++++++++++

ကျွန်တော်ပြောနေတာတွေက ပေါက်ကွဲမှုကို ငြင်းဆန်နေတာမဟုတ်ပါဘူး။ ဖေါက်ခွဲမှ၊ဖွင့်ထုတ်မှ ကဗျာဖြစ်မယ်ဆိုတဲ့ အယူအဆမျိုးတွေ တချို.တလေမှာ ၀င်နေသလားလို.ပါ။ ကဗျာမှာ လိုအပ်တယ်ထင်ရင်သုံးခွင့်ရှိပါတယ်။(ဘယ်သူမှလည်းတားလို.မရပါဘူး၊တားလည်းမတားသင့်ပါဘူး) သို.သော်………..

++++++++++

ကဗျာဟာ နာကျင်မှုကိုဖွင့်ထုတ်တာသက်သက်ပဲလား။ကဗျာဟာ ဖတ်သူကို တစ်ခုခုပေးတယ်ဆိုရာမှာ ခံစားချက်ကိုပဲပေးနေတာပဲလား။ ကဗျာဆိုတာ အခြားသောအရာတွေ လုပ်ခွင့်မရှိတော့ဘူးလား။

ကဗျာဆရာရဲ. စေတနာ ဟာ ဝေဒနာကြော်ငြာကမ်းရုံပဲလို. ကျွန်တော်မယုံကြည်ပါ။ ကဗျာ သည် ထို.ထက်ပို ၍ အလုပ်လုပ်ပါလိမ့်မည်။ ဆက်၍ရှင်းရပါလိမ့်မည်။

No comments: