Monday, November 28, 2011

ချစ်သောကဗျာ-၎

ကဗျာကောင်းဟု သတ်မှတ်ကြသောကဗျာများကို ကြည့်လျှင် နှစ်မျိုးတွေ.ရပါသည်။ အချို.ကဗျာများက နားကိုထိခိုက်သည်။ အချို.ကဗျာများက နှလုံးသားကို ထိခိုက်သည်။ နားကိုဖြတ်၍ နှလုံးသားဆီသွားသော ကဗျာများလည်း ရှိနိုင်ပါသည်။ (နောက်ဆုံး ရောက်သောနေရာ ကိုသာယူပါမည်။)

နားကို ထိသောကဗျာများသည် ရံဖန်ရံခါ နှလုံးသားဆီသို.ရောက်ခြင်းမရှိပေ။ ယင်းကဗျာများသည် များသောအားဖြင့် စကားလုံး“ပြောင်”ခြင်းပေါ်တွင်အမှီပြုထားခြင်းဖြစ်ပေသည်။ အချို.ကဗျာများတွင် စာဖတ်သူ(ကဗျာဖတ်သူ) ကို အလန်.တကြားဖြစ်သွားစေသော စကားလုံးများပါနေနိုင်သည်။ ခဏတာမျှ ပဲ့တင်ထပ်နိုင်သော်လည်း ကာလ ဒေသကို မကျော်လွန်နိုင်၊ ကျော်လွန်နိုင်မှုအားနည်းခြင်းများ ရှိနေနိုင်ပေသည်။

နှလုံးသားကို ထိစေသော ကဗျာများကားများသောအားဖြင့် နှစ်မျိုးခွဲနိုင်ပေမည်။ ပထမတစ်မျိုးကား အတွေးပါသောကဗျာများဖြစ်သည်။ အရေးလှခြင်းသည် အတွေးလှခြင်းကလာသည်ဟူသော စကားကို အမှတ်ရစေချင်ပါသည်။

++++++++++

နောက်တမျိုးကတော့ ရှားသည်ဟု ဆိုရပေမည်။ အမြင့်သို. အာရုံနွယ်တက်သောကဗျာမျိုးဖြစ်သည်။ (ပြောခဲ့ပီးပါပြီ) ထပ်ပြောရလျှင် လူသားဟူသည် အမြင့်သို. အာရုံညွန်.တက်သောသဘာဝရှိပါသည်။ အကောင်း၊အမှန်၊ အမြတ်တရားများကို ရှာဖွေတတ်သောသဘောရှိသည်။ ကဗျာတွင် လည်းရှာပါသည်။ (သို.သော် ကဗျာတွင် ရှာခြင်းသည် ခဲတံနီပြာတံဖြင့် မျဉ်းသား၍ ရှာဖွေခြင်းမျိုးမဟုတ်သည်ကို သတိထားတော်မူပါ။ )

ရှေးက ကဗျာသည် တေးနှင့်နွယ်ပါသည်။ နောက်ပိုင်းတေးနှင့်လမ်းခွဲပြီးသည့်နောက်တွင် ကဗျာကိစ္စ သည် စကားပြေက ပြောပြ၍ မရသည်ကို ပြောပြရန်ဖြစ်လာပါသည်။ အတွေးဥာဏ်ဖြင့် သုံးသပ်၍ မရသည်ကိုပြောရန်ပါ။ မောင်ချောနွယ်စကားကထိမိပါသည်။ ရင်ဘတ်ခြင်း ပလပ်ထိုးရန်ဖြစ်ပါသည်။

ထိုသို.ဖြင့် အမြင့်သို. နွယ်တက်သောကဗျာမျိုးတို.သည်နှလုံးသားကို နက်ရှိုင်းစွာထိခတ်ပါသည်။ ပဲ့တင်သံချန်ပါသည်။ ခေတ်အဆက်ဆက်လည်း ပဲ့တင်ထပ်လေ့ရှိပါသည်။


++++++++

စကားလုံးပြောင်သော ကဗျာများကို အပြစ်ပြောရန်မရှိပါ။ ချီးမွန်းရန်သာရှိပါသည်။ အချို.က စကားအသုံးလှသည်၊ လှသည့်စကားလုံးရှာသည်။ အချို.က မိမိ ပြောလိုသော အရာဆီရောက်ရန်ကွက်တိဖြစ်သောစကားကိုရှာသည်။

တာရာမင်းဝေ ပြောဖူးသောစကားကို အမှတ်ရပါသည်။ ပစ်သောမြားအမျိုးအစား မခွဲပါ။ ထိချက်သာလျှင် အရေးကြီးပါသည်။ မော်ဒန်၊ပို.စ်မော်ဒန်၊နီယိုမော်ဒန် ခွဲချင်လည်းခွဲတော်မူကြပါ။ ထိချက် မကောင်းလျှင် စကားလုံးများပြိုးပျက်နေခြင်းသာ အဖတ်တင်ပါမည်။

ဆက်ပါမည်။

No comments: