Wednesday, January 20, 2010

တစ်ခြမ်းပဲ့တနင်္လာ

တနင်္လာရဲ.ခြေဆုံးခေါင်းဖျား
အရာရာတိုင်းမှာ
တစ်ခုခုလိုခဲ့သလို…………………

ညို.တိမ်တွေ
ငြိမ်သက်လွန်း
ရွက်အိုတွေ
တိတ်ဆိတ်လွန်း
ဘာမှမဆိုင်တဲ့
ရာသီဥတုကို ထိုင်ဆဲနေလိုက်တယ်။

မှတ်ဥာဏ်ကို
နှလုံးသားပေါ် ဖြန်.ချလိုက်တော့
ဘယ်ရက်စွဲမှာမှ
ကွက်လပ်မဖြစ်ခဲ့ ပုံရိပ်
ဒီနေ.တော့ လစ်ဟာခဲ့ပြီ။

သူလိုငါလိုလည်း
အချိန်က မကုန်လွယ်ဘူး
ကလေးရယ်
တနင်္လာကို ကိုယ်ဆွဲဖယ်နေရပုံက
ပင်ပန်းလွန်းလှချည့်။ ။

No comments: