Wednesday, January 20, 2010

လွမ်းတတ်သူ

အလွမ်းသန်သူဆိုတော့
အပြုံးကတောင် “ အလွမ်းဆန် ”နေလိမ့်မယ်။

ညာလက်နဲ.
မင်းလက်ဖ၀ါးလေးကို ကိုင်ထားရင်တောင်
ဘယ်လက်က မင်းကိုလွမ်းနေသေးတာ
“ တို.ဝေးခဲ့ရင် ”
ဒီအတွေးလေးအတွက်
ခဏ လွှဲလမ်းက မောင်းရအောင်ပါ။

တကယ်တော့လည်း
အလွမ်းဆိုတာ
ကြည်နူးမှုလေး နည်းနည်းပါတဲ့
“ နာကျင်ခြင်း ” ပါပဲ။

ဒီတော့ နင်က
ငါ့နှုတ်ခမ်းက အပြုံးကိုပဲကြည့်လေ
ငါ့မျက်လုံးမှာတော့
ဟိုးအဝေးဆုံး အနာဂတ်အတွက် အလွမ်းတွေ။ ။

No comments: